Fanfics

37💛

11:39, 7 November 2021

Love and Loyaltyအခ်စ္ နဲ႔ သစၥာ

For ZG😍

ဘာလိုလိုနဲ႔ Lisa နဲ႔ Chae ေတာင္ ေစ့စပ္ၿပီးတာေတာင္ ၁ ပတ္ေက်ာ္လို႔ ၂ ပတ္ျပည့္ေတာ့မယ္။ေစ့စပ္ပြဲၿပီးသြားေပမယ့္Lisa နဲ႔ Chae ရဲ႕ အေျခအေနက ဘာမွထူးျခားမသြားပါဘူး။အရင္တုန္းက ညီအမေတြလို ေနခဲ့သလိုပါပဲ။Chae က ေတာ့Lisa ကို ၁၅၀၀ အခ်စ္နဲ႔ေကာ ၅၂၈ အခ်စ္နဲ႔ပါ ခ်စ္ေပး ဂရုစိုက္ေပးသလို။Lisa ကလည္း Chae ကို ၅၂၈ အခ်စ္နဲ႔ ခ်စ္ေပးၿမဲ ဂရုစိုက္ေပး ၿမဲပါပဲ။ဒါေပမယ့္ အၿမဲ အရိပ္တၾကည့္ၾကည့္နဲ႔ လိုက္ၾကည့္ၿပီး ၿပံဳးစိ ၿပံဳစိ လိုက္လုပ္ေနၾကတဲ့ တပ္ရင္းက လူေတြေၾကာင့္ တခါတေလေတာ့ အေနခက္ အထိုင္ခက္ အစားခက္ ျဖစ္ရပါေသးတယ္။ဒါေၾကာင့္ ဘာထူးျခားေျပာင္းလဲသြားလဲလို႔ ေမးရင္ေတာ့ အၿမဲ ပံုမွန္လိုေနေပမယ့္ တခါတေလတပ္ရင္းက လူေတြေၾကာင့္ လူက ပံုမွန္သိပ္ မဟုတ္ေတာ့ သလိုပဲ လို႔သာ ေျဖရေတာ့မည္ ထင္သည္။

* ေနာက္ ေလးရက္ေနရင္ September 23 ရက္ေန႔။တစ္နည္း ေျပာရရင္ Lili နဲ႔ ကြၽန္မ နဲ႔ ၿပီးေတာ့ Kai နဲ႔ Ruby နဲ႔ လက္ထပ္ ရမဲ့ေန႔။စာအုပ္ေတြထဲမွာ လက္ထက္ျခင္း ဆိုတာ ဘ၀ကို တစ္ဆစ္ခ်ိဳး တစ္မ်ိဳး ေျပာင္းလဲေစတယ္လို႔ ကြၽန္မ ဖတ္ဖူးတယ္။Lili နဲ႔ ကြၽန္မ လက္ထက္လိုက္ လို႔ ကြၽန္မတို႔ ၂ ေယာက္ရဲ႕ ဘ၀ေတြက ဘာေတြ ေျပာင္းလဲ သြားမလဲ ဆိုတာကြၽန္မ မသိေပမယ့္ Lili ေကာ ကြၽန္မပါ လက္ထပ္လိုက္ရလို႔ မေပ်ာ္နိုင္ဘူး ဆိုတာေတာ့ ကြၽန္မသိတယ္။ကြၽန္မဘက္ကျငင္းခ်င္ေပမယ့္ Lili ရဲ႕ စကား တစ္ခြန္းနဲ႔တင္ ကြၽန္မ ဘာမွမတတ္နိုင္ခဲ့။တခါတခါ မဆီမဆိုင္ ေခါင္းထဲေရာက္လာတဲ့ Jiji မ်က္နွာေလးေၾကာင့္ ကြၽန္မ လက္ထပ္ပြဲသတင္းေၾကာင့္ Jiji တေယာက္ ခံမ်ား ခံစားေနရသလားလို႔ ဂရုဏာသက္စြာ ေတြးမိပါ ေသးတယ္။Lili ကေကာ ကြၽန္မနဲ႔ လက္ထပ္လိုက္ ရလို႔ ေပ်ာ္႐ႊင္ပါ့မလားလို႔လည္း ေတြးမိလိုက္ေသးတယ္။ Ruby နဲ႔ Kai ရဲ႕ အခ်စ္မပါတဲ့ အိမ္ေထာင္ေရးကေကာ အဆင္ေျပပါ့ မလားလို႔ စိတ္ပူေနမိျပန္တယ္။ ကြၽန္မကိုယ္တိုင္ကေကာ ကြၽန္မကို မခ်စ္တဲ့ ကြၽန္မခ်စ္တဲ့ သူကို လက္ထပ္ၿပီး တစ္သက္လံုး အနစ္နာခံ ရိုးေျမက် ေပါင္းသင္း နိုင္ပါ့မလားလို႔ ကိုယ့္ကိုယ္ကို အႀကိမ္ႀကိမ္ ျပန္ေမးေနမိ ျပန္တယ္။ ဘယ္ေလာက္ပဲ ေမးေမး အေျဖက တိတိက်က် ထြက္မလာခဲ့ Lili ကို ကြၽန္မ ခ်စ္ပါတယ္ ဆိုတဲ့ တခုသာလ်ွင္ တစ္ခုတည္းေသာ တိတိက်က် ထြက္လာတဲ့ အေျဖ။ဟင္း.....ကြၽန္မ အပါအ၀င္ လူ ၅ ေယာက္ရဲ႕ ကံၾကမၼာက ဘာေတြ ဘယ္လို ဆက္ျဖစ္ၿပီး ဘယ္လိုေျပာင္းလဲ မလဲဆိုတာ ကို သိရဖို႔ အခ်ိန္က ၄ ရက္ပဲ  လိုေတာ့တယ္။ ကြၽန္မမပါခဲ့ ရင္ေတာင္ က်န္တဲ့ ၄ ေယာက္ အတြက္ အေကာင္းဆံုး ရလဒ္ေတြပဲ ျဖစ္ပါေစလို႔ ကြၽန္မ အၿမဲ ဆုေတာင္းေနမိ ပါတယ္*

Mi-ေဆးဗိုလ္ႀကီး က ဒီေရာက္ေနတာကိုး Mi က လိုက္ရွာေနတာ။အေလးျပဳပါတယ္ ေဆးဗိုလ္ႀကီး။

Mina ရဲ႕ ခ်ိဳျမျမ ခပ္ေအးေအး အသံေလးေၾကာင့္ အေတြး ကမာၻထဲကေန လက္ရွိ ပစၥဳပၸန္ ကမာၻထဲက ျပန္ေရာက္လာတဲ့ Chae တေယာက္ အေရွ႕မွာ ရွိတဲ့ စာပြဲ၀ိုင္းေပၚက ေအးစက္သြားၿပီ ျဖစ္တဲ့ ေကာ္ဖီခြက္ေလးကို ၾကည့္ကာ သက္ျပင္းအရွည္ တစ္ခ်က္ကို မႈတ္ထုတ္လိုက္ ေတာ့သည္။

ေပ်ာ္စရာမရွိဘဲ စိတ္ပ်က္စရာေကာင္းတဲ့ အေတြးကမာၻ ထဲကေန Chae ကို ဆြဲထုတ္လိုက္တဲ့ Mina ကိုပဲ Chae ေက်းဇူးတင္ရေတာ့မလို ျဖစ္ေနေတာ့သည္။

Mi-ေဆးဗိုလ္ႀကီး မ်က္နွာလဲ မေကာင္းပါလား။သက္ျပင္းေတြလည္း ခ်လို႔ တခုခုျဖစ္လို႔လားဟင္။

စိတ္ပူစြာ ျပာျပာသလဲ ေမးလာတဲ့ Mina ေၾကာင့္ Chae လည္း ႏူးညံ့စြာ တစ္ခ်က္ၿပံဳးျပလိုက္ၿပီး ေခါင္းေလးကို ေျဖးညႇင္းစြာ ယိမ္းခါကာ.........

Chae-မဟုတ္ပါဘူး Mi ရယ္။Mi စိတ္ထင္လို႔ပါ။

Mi-ေအာ္ မသိပါဘူး Mi က တပ္ရင္းက လူေတြ ေဆးဗိုလ္ႀကီး တို႔ကို အၿမဲ လိုက္ၾကည့္ေနလို႔ ေဆးဗိုလ္ႀကီးေနရထိုင္ရ အဆင္မေျပျဖစ္တာ မွတ္လို႔။တကယ္လို႔ အဲ့လိုျဖစ္တယ္ ဆိုလို႔ရွိရင္ Mi ကို ေျပာေနာ္ သိလား။Mi သူတို႔ကို ေျပာေပးမယ္။

Chae-ရပါတယ္ Mi ရယ္။အစတည္းက တပ္ရင္းက လူေတြက Mi ကိုဆို ေၾကာက္ေနတာ ပိုေၾကာက္ေနၾကအံုးမယ္။

စကားသံ နဲ႔ အတူ ကပ္ပါလာတဲ့ ခပ္လြင္လြင္ Chae ရဲ႕ ရီသံေလးေၾကာင့္ Mi ပါ ပါးစပ္ေလးကို လက္ေလးနဲ႔ အုပ္ကာလိုက္ ရီမိေတာ့သည္။

* Mi က သိပ္အေနေအးတာေလ အၿမဲ ရုပ္တည္ႀကီးနဲ႔ တေန႔လံုး ေနလို႔ စကားကို ၄ လံုးကြဲေအာင္ မေျပာဘူး။ဘာအလုပ္ပဲ လုပ္လုပ္ အၿမဲ တိက် သပ္ရပ္ေနေအာင္ လုပ္တတ္တဲ့သူ။သူမွန္ရင္လည္း ဘယ္သူ႔မွ မေၾကာက္တတ္တဲ့ သူမလို႔ တခါတခါ Lili ေတာင္ Mi ကိုဆို သိပ္မေျပာရဲဘူး။ရုပ္ေလးကလည္း အေတာ္ေခ်ာေတာ့ တပ္ရင္းထဲ လူေတြေကာ အျပင္ေလာက က သူေတြကပါ သိပ္ႀကိဳက္ၾကတာ။ေရခဲ အသည္းနွလံုး Mi ကေတာ့ ဘယ္သူ႔မွကို ဂရုလည္း မစိုက္သလို အဖတ္လည္း မလုပ္။အၿမဲ တလြဲ Son Chae နဲ႔ မွ Mi ဘယ္လို ျဖစ္တယ္မသိ။ေရခဲတုန္းေလး အရည္ေပ်ာ္သြား ေလရဲ႕*

Mi-ေဆးဗိုလ္ႀကီး ဘာေတြ ေတြးၿပီး ၿပံဳးေနတာလဲ။

Chae-ဟင္....ကိုယ္လား။ေအာ္....ကိုယ့္ရဲ႕ ေဆးတပ္ကေရခဲတုန္းေလး ရဲ႕ ေရခဲ အသည္းေလးကို Mi တို႔ ဗိုလ္မွဴးရဲ႕ေဒါင္းတပ္က Son Chae တေယာက္ ဘယ္လိုမ်ား အရည္ေပ်ာ္ ေအာင္ လုပ္လိုက္သလဲ ဆိုတာ စဥ္းစားေနတာ။

Mi-ဟာ....ေဆးဗိုလ္ႀကီး ကလည္း ဘာမွန္းလဲ မသိဘူး။Mi နဲ႔ အဲ့ ကေလးစုတ္ ေလးနဲ႔က ဘာမွမဆိုင္ပါဘူးေနာ္။

Chae-ေအာ္ေဟာ....ကိုယ္ကလည္း ဘာဆိုင္တယ္ ေျပာေနလို႔တုန္း Mi ရဲ႕။

Mi-Mi.....Mi သြားေတာ့မယ္ေနာ္ ေဆးဗိုလ္ႀကီး။အေလးျပဳပါတယ္။

အေလးျပဳၿပီး ထြက္ေျပးဖို႔ ျပင္တဲ့ Mi ကို Chae မွာ အျမန္တားလိုက္ရေသးသည္။

Chae-Mi...ေနအံုးေလ။

ဘယ္ေလာက္ပဲ ေခ်ာပါတယ္ ေျပာေျပာ ဘယ္လိုပဲ မိန္းကေလး ဆန္ပါတယ္ ေျပာေျပာ စစ္သားဟာ စစ္သားပဲမလို႔ အထက္လူႀကီး ျဖစ္တဲ့ Chae ရဲ႕ စကားအသံ ဆံုးတာနဲ႔ တိခနဲ ရပ္သြားၿပီး သတိ အေနအထား ျဖစ္သြားတဲ့ Mi ရဲ႕ ခႏၶာကိုယ္ေလး.........။

Chae-ရွက္ၿပီး ထြက္ေျပးမလို႔ လုပ္ေနတာ နဲ႔ပဲ Chae ကို ဘာကိစၥ နဲ႔ လာရွာတယ္ဆိုတာေလး ေျပာဖို႔ ေမ့သြားတယ္မလား။

Mi-အယ္.....ဟုတ္သား။ေဆးဗိုလ္ႀကီး ဆီ ဧည့္သည္ေရာက္ေနေၾကာင္း လာ သတင္းပို႔တာပါ။ဧည့္ခန္းထဲမွာ ေစာင့္ေနပါတယ္။

Chae-ေအာ္....ဟုတ္လား ဘယ္သူလဲ။

Mi-Mrs,Ruby ပါ ေဆးဗိုလ္ႀကီး။

Chae-ဟင္❗️

~~~~~~~~~~~~~~~~~~~~~~~~Ruby-ေမေမ

Mrs,Ruby-ေျပာေလ သမီးေလး

Ruby-Chae တို႔ဆီ သြားေပးအံုးေနာ္။

Mrs,Ruby-ေမေမ အခုပဲ အက်ီလဲၿပီး သြားေတာ့မလို႔ပါ သမီးရဲ႕။

Ruby-ေအာ္ ဟီး ဟုတ္ကဲ့။

Ruby အတြက္ မဂၤလာ၀တ္စံုကို Kai တို႔ ဘက္က ပို႔လိုက္တာ မလို႔ ဆိုင္သြားၿပီး တကူးတက သြားၿပီး ေ႐ြးစရာ မလိုေပမယ့္ Chae နဲ႔ Lisa ကေတာ့ ဆိုင္သြားေ႐ြးရမယ္ဆိုတာ Ruby သိသည္။မိန္းကေလးျဖစ္ၿပီး အလွအပ မခံစားတတ္တဲ့ Lisa နဲ႔ Lisa စကားဆို တေသြမတိမ္း နားေထာင္တဲ့ Chae တို႔ ၂ ေယာက္သာ အက်ီသြားေ႐ြးရင္ ဘာေတြ၀ယ္လာမလဲ ဆိုတာလည္း Ruby သိသည္။ဒါေၾကာင့္ပဲ Ruby တေယာက္ Mrs,Ruby ကို အက်ီသြား ေ႐ြးေပးဖို႔ အတင္းလႊတ္ေနျခင္းပင္ ျဖစ္သည္။

* လီ ရဲ႕ လက္ထပ္ပြဲမွာ လီ့ကို အလွဆံုး ျဖစ္ေစခ်င္သလို ကြၽန္မ အၿမဲ စိတ္ကူးယဥ္ ခဲ့ရတဲ့ လီ ရဲ႕ လက္ထပ္ပြဲမွာ လီ ရဲ႕ေဘးမွာ ရွိေနမယ့္ လီ ရဲ႕ သတို႔ သမီးေနရာက ကြၽန္မ မဟုတ္တဲ့ Chae ေလး ကိုလည္း အလွဆံုး ျဖစ္ေစခ်င္တာမလို႔ ေမေမ ကို အကူအညီေတာင္းထားရျခင္း ျဖစ္သည္။

Mrs,Ruby-ဘာလို႔ လက္ထပ္ပြဲကို အစတည္းက မျငင္းတာလဲ သမီးေလးရယ္။

Ruby-ရွင္

Mrs,Ruby-သမီး Lisa ေလးကို သမီး ဘယ္ေလာက္ ခ်စ္တယ္ဆိုတာ ေမေမ သိတာေပါ့။

Ruby-မဟုတ္ပါဘူး ေမေမရယ္

Mrs,Ruby-သမီး ေ႐ြးၿပီး ေလ်ွာက္တဲ့ လမ္းမွာ သမီးေလး ေပ်ာ္ပါေစလို႕ ေမေမ အၿမဲ ဆုေတာင္းေပးမယ္ေနာ္။

Ruby-ေက်းဇူးပါ ေမေမ။သမီး ေပ်ာ္မွာပါ။

* လီ ေပ်ာ္ေနရင္ေပါ့ *

~~~~~~~~~~~~~~~~~~~~~~~

Chae-အန္တီ ေစာင့္ေနရတာ ၾကာသြားလား မသိဘူး။Chae ေတာင္းပန္ပါတယ္ေနာ္။

Mina ဆီက Mrs,Ruby လာတယ္လို႔ သတင္းလည္းၾကားေရာ ဧည့္ခန္းရွိရာကို Chae သုတ္ေျခတင္လိုက္ၿပီး ဧည့္ခန္း အထဲေရာက္ေရာ ထိုင္ေစာင့္ေနတဲ့ Mrs,Ruby ကို ကပ်ာကယာ ႏႈတ္ဆက္ၿပီး ေတာင္းပန္စကား ဆိုလိုက္ျခင္းျဖစ္သည္။

Mrs,Ruby-ရပါတယ္ သမီးရဲ႕။အန္တီ ေရာက္ေနတာ မၾကာေသးပါဘူး။

Chae-ဟုတ္ကဲ့ အန္တီ ဒီကိုလာတာ ကိစၥတခုခုမ်ား ရွိလု႔ိလား မသိဘူး။

Mrs,Ruby-အင္း ကိစၥရွိလို႔ ဆိုပါေတာ့။

Chae-ဟုတ္ကဲ့ ဘာကိစၥမ်ား ရွိလို႔လဲ မသိဘူး။

Mrs,Ruby-ဒါနဲ႔ သမီးေလး Lisa ေကာ။

Chae-Lili က ဆိုင္အတြက္ လုိအပ္တာေလးေတြ ၿမိဳ႕ထဲ ထြက္၀ယ္တယ္။

Mrs,Ruby-သမီးတို႔ လက္ထပ္ပြဲအတြက္ အက်ီေကာ ေ႐ြးၿပီးၾကၿပီလား။

Chae-မေ႐ြးရေသးပါဘူး အန္တီ။Lili က သူျပန္လာရင္ သြားေ႐ြးၾကမယ္လို႔ ေျပာပါတယ္။

Mrs,Ruby-သမီးတို႔က ဘယ္လို၀တ္ၾကမွာလဲ။၂ ေယာက္လံုး ဂါ၀န္ေတြနဲ႔ ပဲလား။ဒါမွမဟုတ္ Lisa ေလးကSuit ၀တ္မွာလား ။

Chae-မဟုတ္ဘူး အန္တီ။သမီး ၀တ္တဲ့ Dress နဲ႔ ပံုစံတူ ဆင္တူ dress ကို ၀တ္မွာ အန္တီ။

Mrs,Ruby-ေအာ္ ဒါဆို အဆင္ေျပတာေပါ့။ထ လာ သြားၾကစို႔။

Chae-ရွင္ ဘယ္ကိုလဲဟင္ အန္တီ။

Mrs,Ruby-မဂၤလာ၀တ္စံု ငွားရမ္းတဲ့ ဆိုင္ ကိုေပါ့။

Chae-ရွင္ ဘာလုပ္ဖို႔.....။

Mrs,Ruby-သမီး တို႔ ၂ ေယာက္အတြက္ အက်ီေ႐ြးေပးမလို႔

Chae-အယ္....အန္တီရယ္ မလိုပါဘူး အားနာစရာႀကီး

Mrs,Ruby-ဘာ အားနာစရာရွိလို႔လဲ လာ သြားၾကမယ္အန္တီ့မွာ ကားပါတယ္ တခါတည္း လိုက္ခဲ့။

Mrs,Ruby လည္း  Chae လက္ကိုဆြဲကာ ကားဆီေခၚလာၿပီး ကားထဲ၀င္ထိုင္ခိုင္းကာ ဘူဆန္ၿမိဳ႕ရဲ႕နာမည္ႀကီး မဂၤလာ၀တ္စံု ငွားရမ္းတဲ့ ဆိုင္သို႔ ဦးတည္ လိုက္ၾကေတာ့သည္။

ဘူဆန္ၿမိဳ႕ရဲ႕ အႀကီးမားဆံုးေသာ မဂၤလာ၀တ္စံု ငွားရမ္းတဲ့ဆိုင္။ဆုိင္ထဲ ၀င္တာနဲ႔ အမ်ိဳးမ်ိဳးေသာ မဂၤလာ၀တ္စံုေတြက တစ္ထည္နဲ႔ တစ္ထည္ အလွခ်င္းၿပိဳင္ကာ ေနၾကေလရဲ႕။ဆိုင္တစ္ခုလံုးကို Chae လိုက္ပတ္ၾကည့္ေနေပမယ့္ ခုထိ အႀကိဳက္မေတြ႕ေသးသလို Mrs,Ruby လည္း အႀကိဳက္မေတြ႕ေသးေပ။

ဆိုင္ရဲ႕ ေထာင့္တေနရာ အေရာက္မွာေတာ့ Chae ရဲ႕ ေျခလွမ္းေတြ ရပ္တန္႔သြားၿပီး တျခားတစ္ေနရာသို႔ ဦးတည္ရာေျပာင္းလိုက္ေတာ့သည္။

အ၀တ္ျခင္းေတာင္းတခုထဲမွာ စုၿပံဳထည့္ထားတဲ့ မဂၤလာ ဂါ၀န္အမ်ားအျပားရဲ႕ အေပၚဆုံးမွာ တင္ထားတဲ့ ဆင္စြယ္ေရာင္ ခပ္ေဖ်ာ့ေဖ်ာ့ ဂါ၀န္ေလးကို လွမ္းယူလိုက္ေတာ့သည္။

Chae-အန္တီ သမီးအႀကိဳက္ေတြ႕ၿပီ ထင္တယ္။

Chae ရဲ႕ စကားေၾကာင့္ Mrs,Ruby လည္း သူမၾကည့္ေနတဲ့ ဂါ၀န္ကို ၀န္ထမ္း ေကာင္မေလး လက္ထဲကို ထည့္လိုက္ကာ Chae ရွိရာကို လာခဲ့လိုက္ေတာ့သည္။

Mrs,Ruby-Chae ေလး ဘယ္မွာလဲ သမီး ႀကိဳက္တဲ့ အက်ီ

Chae-ဟိုမွာ အန္တီ။

Mrs,Ruby လည္း Chae လက္ညႇိဳးထိုးျပတဲ့ ဘက္ကို ၾကည့္လိုက္ေတာ့ အေရာင္း၀န္ထမ္း ေကာင္မေလးရဲ႕ လက္ထဲမွာ ျဖန္႔ကာ ကိုင္ထားတဲ့ မဂၤလာ၀တ္စံုေလး.....။

(ဒီ အက်ီေလးလို႔ ျမင္ေပးပါ။ဒီ ဒီဇိုင္းက ဇာတ္အိမ္တည္ထားတဲ့ 1950 ၀န္းက်င္က ေခတ္စားခဲ့တဲ့ ဒီဇိုင္းေတြထဲက တစ္မ်ိဳးျဖစ္ပါတယ္)

Mrs,Ruby-ဟယ္.... လွလိုက္တာ သမီးရယ္။

Chae-ဟုတ္တယ္ အန္တီ တကယ္လွတယ္။Lili နဲ႔ လည္းလိုက္တယ္။

Mrs,Ruby-သမီးေလး နဲ႔ လည္း လိုက္ပါတယ္။ဒါေလးက ေစ်းဘယ္လိုလဲ။

အက်ီကိုင္ထားတဲ့ အေရာင္း၀န္ထမ္း ေကာင္မေလးအား ေမးလိုက္ျခင္းျဖစ္သည္။

Salesgirl-ဒါက မနွစ္က ထြက္ရွိထားတဲ့ ဒီဇိုင္းျဖစ္ၿပီး ေစ်းႀကီးတာေၾကာင့္ အသံုးျပဳတဲ့သူ နည္းပါးပါတယ္။ေစ်းကေတာ့ ၀မ္ ၃ သိန္းခြဲပါ။

Chae-ရွင္

ေသြးတက္ေစေလာက္တဲ့ ေစ်းေၾကာင့္ Chae မငွားဖို႔ ဆံုးျဖတ္လိုက္ေတာ့သည္။အက်ီရဲ႕ ေစ်းက မဂၤလာခန္းမ ျပင္ဆင္တဲ့ စရိတ္ထက္ေတာင္ ပိုမ်ားေနေလရဲ႕။

* လက္ထပ္ပြဲ အတြက္က ကိုယ့္ပိုက္ဆံ ကုန္တာ မဟုတ္ဘူး ဆိုေပမယ့္ အက်ီ တစ္ထည္ကိုေတာ့ ၀မ္ ၃ သိန္းခြဲေပးၿပီး Chae ငွား မ၀တ္နိုင္ပါ။Lili အတြက္ပါ ငွားရင္ ၇ သိန္း မျဖစ္ဘူး မျဖစ္ဘူး တျခားဟာ ေျပာင္းၾကည့္မွ။အဲ့တာေၾကာင့္လည္း ငွားနိုင္တဲ့သူ နည္းတာေနမွာ*

Chae-ေက်းဇူးပါေနာ္ ညီမေလး။အမတို႔ ေနာက္တစ္ထည္ ထပ္ၾကည့္ လိုက္အံုးမယ္။

Chae လည္း ေ႐ႊကြပ္ၿပီး စိန္စီထားသလား မွတ္ရေလာက္ေအာင္ ေစ်းႀကီးတဲ့ အက်ီ နားကေန တျခား ေနရာကို အျမန္ဆံုး ေျပးဖို႔ ႀကံစည္လိုက္ေတာ့သည္။

Mrs,Ruby-သမီး Chae ဒီ အက်ီေလး သြား၀တ္ၾကည့္လိုက္ပါ။

Chae-ရွင္ အန္တီ ဒီအက်ီလား။

Chae လည္း ၃ သိန္းခြဲ တန္ အက်ီႀကီးကို လက္ညႇဳိးထိုးကာမ်က္လံုးေလး ကလယ္ ကလယ္ နဲ႔ ေမးလိုက္ေတာ့သည္။

Mrs,Ruby-အင္းေလ ဒီအက်ီ သမီးေလးနဲ႔ဆို လိုက္မွာ။ေရာ႕ သြား၀တ္ၾကည့္လိုက္။

Mrs,Ruby လည္း ေျပာေျပာဆိုဆို နဲ႔ အေရာင္း၀န္ထမ္း ေကာင္မေလးရဲ႕ လက္က ၃ သိန္းခြဲတန္ အက်ီႀကီးကို ယူကာChae လက္ေပၚ တင္ေပးလိုက္ေတာ့သည္။

Salesgirl-အ၀တ္လဲတဲ့ အခန္းက ဒီဘက္မွာပါရွင့္။

Mrs,Ruby-လိုက္သြားလိုက္ေလ Chae ေလး။

Chae-ဟုတ္ ဟုတ္

Chae လည္း ေၾကာင္အမ္းအမ္းေလးနဲ႔ အေရာင္း၀န္းထမ္းမွေလး ေခၚသြားတဲ့ အ၀တ္လဲခန္း ဆိုသည့္ေနရာသို႔ လိုက္သြားေတာ့ေလသည္။Mrs,Ruby ကလည္း ေနာက္ကေန လိုက္သြားၿပီး Chae ၀င္သြားတဲ့ အ၀တ္လဲခန္းေရွ႕မွာ အေရာင္း၀န္ထမ္း ေကာင္မေလးနဲ႔ အတူတူ ေစာင့္ေနလိုက္ေတာ့သည္။

Mrs,Ruby-ေစာနက ၀တ္စံုနဲ႔ ဆင္တူရွိေသးလား သမီး။

Salesgirl-ဟုတ္ကဲ့ ရွိပါတယ္။ဘယ္သူ႔အတြက္လဲ မသိဘူး။

Mrs,Ruby-အ၀တ္လဲခန္းထဲကို ၀င္သြားတဲ့ တေယာက္ရဲ႕ သတို႔သမီး အတြက္ပါ။

Salesgirl- ရွင္....။ေအာ္ ဟုတ္ကဲ့ အဲ့တေယာက္က ဘယ္မွာလဲ မသိဘူး။

Mrs,Ruby-သူက ပါမလာဘူးကြယ့္

Salesgirl-ေအာ္ ရပါတယ္ ကိစၥမရွိပါဘူး။၀တ္မဲ့ သူရဲ႕ ခါး ဆိုဒ္ကို သိရင္ရပါၿပီ။

Mrs,Ruby-အန္တီေတာ့ မသိဘူး။ဒါေပမယ့္ သိတဲ့ သူကိုေမးေပးမယ္။ခနေလးေစာင့္။

Salesgirl-ဟုတ္ကဲ့ ရပါတယ္ရွင့္

Mrs,Ruby-သမီး Chae ေလးေရ သမီး Lisa ေလး ရဲ႕ခါး ဆိုဒ္က ဘယ္ေလာက္လဲ။

အ၀တ္လဲခန္းထဲတြင္ အက်ီလဲေနေသာ Chae ကို အ၀တ္လဲခန္း အျပင္က Mrs,Ruby က လွမ္းေမးလိုက္ ျခင္းျဖစ္သည္။

Chae- နွစ္ဆယ့္ေလး လက္မ ပါ အန္တီ။စင္တီမီတာ နဲ႔ ေျပာရရင္ ေျခာက္ဆယ္ ဒႆမ ကိုးေျခာက္ စင္တီမီတာပါအန္တီ။

Chae ရဲ႕ တိက်လြန္းလွတဲ့ အေျဖေၾကာင့္ Mrs,Ruby ေရာအေရာင္း၀န္ထမ္း ေကာင္မေလးပါ ၾသခ်လိုက္ရပါေတာ့သည္။

Salesgirl-ေတာ္လိုက္တာ အတိအက်ကို သိတာပဲ။ဒီလို သိရေတာ့ အဆင္ေျပသြားပါၿပီ အက်ီ သြားရွာလိုက္ပါအံုးမယ္

Mrs,Ruby-ေအးေအး ေသခ်ာေလး စီစဥ္ေပးပါအံုးေနာ္။

Salesgirl-ဟုတ္ကဲ့ပါရွင့္။

အေရာင္း၀န္ထမ္းေကာင္မေလး ထြက္သြားေတာ့ Mrs,Ruby တေယာက္သာ Chae ရဲ႕ အ၀တ္လဲခန္းေရွ႕မွာ ေစာင့္ေနစဥ္ အ၀တ္လဲခန္းကေန ေခါင္းေလးျပဴထြက္လာတဲ့Chae ေၾကာင့္ Mrs,Ruby ၿပံဳးမိသြားေတာ့သည္။

Mrs,Ruby-ဘာလို႔ ေခါင္းေလးပဲ ထြက္လာတာလဲ။တစ္ကိုယ္လံုး ထြက္လာမွ အက်ီနဲ႔ လိုက္မလိုက္ ၾကည့္လို႔ရမွာေပါ့။

Chae-ဟိုေလ.....ေစာနက ေကာင္မေလးေရာ။

Mrs,Ruby-သမီး Lisa အတြက္ အက်ီ သြားေ႐ြးတယ္ေလ။ဘာျဖစ္လို႔လဲ။

Chae-ဟိုဟာ ဂါ၀န္က ေနာက္ေက်ာဘက္က ဇစ္ဆြဲရမွာမလို႔Chae မမွီလို႔။

Mrs,Ruby-ဒါမ်ား အန္တီ ဆြဲေပးမယ္။

ေျပာၿပီး အ၀တ္လဲခန္းထဲ ၀င္လာတဲ့ Mrs,Ruby ကို Chae အူေၾကာင္ေၾကာင္ေလး ၾကည့္ေနမိသည္။

Mrs,Ruby-ဘာ ၾကည့္ေနတာလဲ  အန္တီ ဇစ္ဆြဲေပးမယ္ဟိုဘက္လွည့္ေလ။

Chae-ဟုတ္ ဟုတ္။

Mrs,Ruby ဇစ္ဆြဲေပးလို႔ ရေအာင္ မ်က္နွာခ်င္းဆိုင္ေနရာကေန Chae က Mrs,Ruby ကို ေက်ာေပးလိုက္ေတာ့သည္။လည္ဂုတ္နားကေန ခါး စပ္နားေလာက္ထိ ေရာက္တဲ့ ဇစ္အကြဲေၾကာင့္ Chae ရဲ႕ ေက်ာျပင္ ေလးဟာ နို႔နွစ္ေရာင္ ထေနၿပီး ေခ်ာမြတ္ လြန္းလွသည္။Mrs,Ruby လည္း သူမထက္ အရပ္ရွည္တဲ့ Chae ရဲ႕ ေက်ာျပင္ေလးကို ဇစ္ဆြဲေပးဖို႔ ေမာ့ၾကည့္လိုက္ရာ.......။

* ဟင္.....ဒါက*

~~~~~~~~~~~~~~~~~~~~~~~~~~~~

Ji-စကား ခနေျပာၾကမလား Lisa

ရုတ္တရက္ ထြက္ေပၚလာတဲ့ အသံေၾကာင့္  Lisa လည္း အလန္႔တၾကား လွည့္ၾကည့္မိလိုက္သည္။ၿပီးမွ Jisoo ျဖစ္ေနတာေၾကာင့္ Lisa သက္ျပင္း ခ်လိုက္မိေတာ့သည္။

Li-ေျပာစရာရွိလို႔လား  Jiji။

Ji-အင္း ဆိုပါေတာ့။

Li-Ruby အေၾကာင္းက လြဲရင္ က်န္တဲ့ အေၾကာင္းေတြဆိုLisa နားေထာင္ပါ့မယ္။

Ji-ငါ နင့္ကို ေျပာမဲ့ စကားက Ruby အေၾကာင္းအျပင္ တျခားမရွိတာမလို႔ နင္ အဲ့လို ေျပာတာ ငါ့ကို စကားမေျပာနဲ႔ျပန္ေတာ့လို႔ ေျပာလိုက္တာနဲ႔ အတူတူပဲ။အဲ့ေတာ့ ငါျပန္ေတာ့မယ္။

Lisa လည္း Ruby ရဲ႕ အေၾကာင္းကို တကယ္သိခ်င္ေနတာမလို႔ ဆက္မမူေနေတာ့ပဲ Jiji ကို ေျပာခြင့္ေပး လိုက္ေတာ့သည္။

Li-ေရာက္လာမွေတာ့ တန္းၿပီး မျပန္ပါနဲ႔ Lisa ရိုင္းရာက်လိမ့္မယ္။ေျပာပါ ေျပာစရာရွိတာ။

* Lalisa စုတ္ ျပတ္သားနိုင္တာလည္း မဟုတ္ ေနနိုင္တာလည္း မဟုတ္ဘဲနဲ႔ အသည္းမာခ်င္ေယာင္ လာေဆာင္ျပေနတယ္ *

Lisa ဆီက သူမ လိုခ်င္တဲ့ စကားမ်ိဳး ၾကားရတာေၾကာင့္သူမေရွ႕မွာ ဟန္ေဆာင္ေကာင္း ျပေနတဲ့ Lisa ကို ႀကိတ္က်ိန္ဆဲကာ ၿပံဳးေနမိေတာ့သည္။

Ji-လာ အေရွ႕နည္းနည္းတိုး။

Lisa လည္း ဘာမွန္းမသိေပမယ့္ ေရွ႕တိုးလာခိုင္းတဲ့ Jiji ေၾကာင့္ ေရွ႕တိုးေပးလိုက္ေတာ့.......

''ခြပ္👊💢´´

ထြက္ေပၚလာတဲ့ ခပ္အုပ္အုပ္ အသံေလးေၾကာင့္ Lisa အထိုးခံလိုက္ရၿပီ ဆိုတာ ေသခ်ာပါသည္။အားအမ်ားႀကီး မပါေပမယ့္ Jiji ရဲ႕ ေလ့က်င့္ထားတဲ့ လက္ေတြေၾကာင့္ Lisa စပ္ဖ်င္းဖ်င္းေလးေတာ့ ျဖစ္သြားတာ အမွန္ပါ။

Li-ဟ.....jiji ဘာလို႔ လူကို အသားလြတ္ လာထိုးတာလဲ။

Ji-ဘာ....ဘာ ကို အသားလြတ္လဲ ငါထပ္လုပ္ရင္ နင္ေသေတာ့မယ္။ေျပာေတာ့ ဗိုလ္မွဴး Manoban က သတၲိအရမ္းရွိတာ ဂ်ပန္ေတြက သိပ္ေၾကာက္တာတဲ့။ဘာ Manoban လဲဘာ သတၲိရွိတာလဲ။အီးေပါေလာႀကီး ငေၾကာက္ႀကီး သတၲိမရွိတဲ့ ငေၾကာက္ႀကီး။

လူကို အသားလြတ္ ထိုးရံုတင္မကဘူး ထပ္ၿပီး အသားလြတ္အေျခာက္တိုက္ နာမည္ဖ်က္ေနတဲ့ Jiji ကို Lisa တင္းလာၿပီုျဖစ္သည္။

Li-Jiji....စိတ္တိုေအာင္ လာမလုပ္နဲ႔ Lisa က ဘယ္မွာ သတၲိမရွိလုိ႔လဲ ဘယ္မွာ ငေၾကာက္ျဖစ္ေနလို႔လဲ။

Ji-ခ်စ္ေနတာကို ခ်စ္ေနမွန္း မ၀န္ခံရဲတဲ့ ငေၾကာက္။ဘာမွမသိ ဘာမွမတတ္တဲ့ Ruby ေလာက္ေတာင္ သတၱိမရွိတဲ့ ငေၾကာက္။တာ၀န္ နဲ႔ ကိုယ္ေရးကိုယ္တာ ကို ခြဲမလုပ္တတ္တဲ့ အီးေပါေလာ။ငါ့ေလာက္ေတာင္ သတၱိရွိရွိ မခ်စ္ရဲတဲ့ ငေၾကာက္။

Li-....................

Jiji ေျပာတာေတြဟာ အကုန္အမွန္ ျဖစ္ေနတာမလို႔ Jiji ကိုLisa ဘာမွျပန္ မေျပာခဲ့ပါ။ဘာမွျပန္ မေျပာတာထက္ အကုန္မွန္ေနလို႔ ေျပာစရာ စကားမရွိတာ ဆိုလ်ွင္ ပိုမွန္ပါလိမ့္မယ္။

ji-နင့္ဟာနင္ အန္ကယ္ Ruby ကို သတ္ရံုမကလို႔ တစ္မိသားစု လံုးကို သတ္လည္း ငါ စိတ္မ၀င္စားဘူး အဲ့တာနင့္ တာ၀န္။ငါကေတာ့ ငါမ်က္စိေရွ႕မွာ အန္ကယ္ Ruby ကိုသတ္ဖို႔ ႀကိဳးစားရင္ နင္ပဲ ျဖစ္ျဖစ္ Chae ပဲ ျဖစ္ျဖစ္ ငါ တတ္နိုင္သေလာက္ အစြမ္းကုန္ ျပန္ခုခံမွာပဲ ဒါ ငါ့တာ၀န္မလို႔။ဒါေပမယ့္ ငါ Chae ကို ခ်စ္တယ္။Chae နဲ႔ သူေသ ကို္ယ္ေသ တိုက္ခိုက္ေနရရင္ေတာင္ ငါက Chae ကို ခ်စ္ေနအံုးမွာပဲ။ဒါေပမယ့္ ငါ အစြမ္းရွိသမ်ွေတာ့ ျပန္တုိက္မွာပဲအဲ့တာ ငါ Chae ကို မခ်စ္လို႔ မဟုတ္ဘူး။Ruby....Rubyမွာ ဘာအျပစ္ရွိလို႔လဲ။အေဖကို သတ္မဲ့ ေတာ္လွန္ေရးသမားကို မသိဘဲ ခ်စ္မိတာ Ruby အျပစ္မဟုတ္ဘူး။နင္က ကိုရီးယားလူမ်ိဳး ျဖစ္ေနၿပီး Ruby က ဂ်ပန္လူမ်ိဳး ျဖစ္ေနတာလည္း Ruby အျပစ္မဟုတ္ဘူး။ဒါက ကံၾကမၼာက စီမံ ထားတာေတြ။ဒါေပမယ့္ Ruby ခု ခံစားေနရတဲ့ အျပစ္ဒဏ္ေတြကေတာ့ ဆိုးလြန္းပါတယ္ဟာ။နင္ မွ မဟုတ္ရင္ ဘယ္သူ႔ကိုမွ သူ႔ခ်စ္သူပါလို႔ မေျပာခ်င္လို႔ ငါ့ကိုေတာင္ သူ႔ ခ်စ္သူဟန္ေဆာင္ခြင့္မေပးခဲ့ဘူး။သူ႔အေဖ အသတ္အႏၲရာယ္ျဖစ္မွာဆိုးလို႔ သူ မခ်စ္ မနွစ္သက္တဲ့ သူကို လက္ထပ္ဖို႔ သေဘာတူခဲ့တယ္။နင့္ ပေယာဂလည္း မကင္းပါဘူး။ေစာနက နင့္ကို ငါ ဘာလို႔ ထိုးလဲ သိလား။Ruby ရဲ႕ က်ခဲ့ရတဲ့ မ်က္ရည္ေတြအတြက္ပဲ။အရင္ေန႔ေတြက ငါ့ကို ရင္ဖြင့္ၿပီး ငိုတယ္။ေစ့စပ္ပြဲၿပီးတဲ့ ေနာက္ပိုင္းမွာ သူ ငိုရင္ ငါ စိတ္မေကာင္းျဖစ္မွန္း သိလို႔ည အိပ္ခ်ိန္ေတြမွာ ခိုးငိုတယ္ဟ။နင့္ကို ငါ ဒီလို လာေျပာမယ္မွန္းသိလို႔ သူ႔ အနားက ငါ့ကို တစ္ဖဝါးမွ မခြာခိုင္းဘူး။ငါ လာေျပာရင္ နင္ စိတ္ညစ္မွာ ဆိုးလို႔တဲ့။သူ ဘယ္ေလာက္ခံစားေနရလည္း ဆိုရင္ ေစာနက အိပ္ေနတာေတာင္ မ်က္လံုးေထာင့္ကေန မ်က္ရည္ေတြ တလွိမ့္လွိမ့္ က်လာတယ္။ သူ႔ရင္ထဲမွာ ဘယ္ေလာက္ ခံစားေနရမယ္ နင္ထင္လဲ။သူကေတာ့ နင့္ အတြက္ ခ်ည္းပဲ အၿမဲ ေတြးေပးတယ္။နင္ ကေတာ့သူ႔ အေပၚ သိပ္ တစ္ကိုယ္ေကာင္း ဆန္လြန္းတယ္။နင္ အရမ္း အတၲႀကီးလြန္းတယ္။နင္ တစ္ကိုယ္ေကာင္းဆန္ခဲ့တာ Ruby တေယာက္တည္းကို မဟုတ္ဘူး Chae ကိုေရာပဲ။နင့္ကိုသူက သိပ္ခ်စ္တာကို သိလား ငတံုးရဲ႕။နင့္ကို ခ်စ္လြန္းလို႔နင္ ေျပာတာ ဘာကို မဆို ေခါင္းၿငိမ့္ခဲ့တာ။နင္ကေတာ့ မသိဘူး မလား။နင္ သူ႔ ေနရာက နည္းနည္းေလး ၀င္ခံစားၾကည့္စမ္းပါအံုး နင္ ဘယ္သူ႔ အေပၚ ဘယ္လို ခံစားခ်က္ ရွိေနလဲ ဆိုတာ သိသိလ်က္ႀကီးနဲ႔ နင္ နဲ႔ လက္ထပ္ရမဲ့ သူ႔ရင္ထဲက ခံစားခ်က္ကို။ေတာ္ၿပီ Lisa ေနာက္တႀကိမ္ ထပ္ၿပီးရွင္းမျပေတာ့ဘူး မေျပာေတာ့ဘူး ခုေျပာခဲ့တာေတြ နင္ နားလည္မယ္လို႔ ငါ ေမ်ွာ္လင့္ပါတယ္။ေစာနက ငါထိုးတာကိုေက်နပ္ရဲ႕လား မေက်နပ္လည္း မတတ္နိုင္ဘူး။နင့္ ကို ငါ ဒီထက္ ပိုလုပ္ခ်င္တာ Ruby ကို အားနာလို႔။

သူ ေျပာခ်င္တာေတြ ေျပာၿပီး ထြက္သြားတဲ့ Jiji ကို Lisa ဘာမွ မတုန္႔ျပန္ နိုင္ခဲ့ပါ။မတုန္႔ျပန္ နိုင္ေလာက္ေအာင္အထိကိုအမွန္တရားေတြကို ေျပာျပသြားတာေၾကာင့္ပါပဲ။တကယ္ပါLisa က Ruby အေပၚေရာ Chae အေပၚမွာပါ တစ္ကိုယ္ေကာင္း သိပ္ဆန္တဲ့ အတၱသမား ျဖစ္ေနခဲ့တာပါ။

Jiji ေျပာခဲ့တဲ့ စကား တစ္လံုးတိုင္းဆီက နားစည္ကို ေသေလာက္ေအာင္ ရိုက္ခတ္ၿပီး အႀကိမ္ႀကိမ္ ျပန္ၾကားေနရတာေၾကာင့္ Lisa ရဲ႕ နွလံုးသား တစ္ခုလံုး အေတာ္နာက်င္ေနရပါၿပီ။Jiji ရဲ႕ စကားလံုး တစ္လံုးတိုင္းဆီက Lisa ရဲ႕ နွလံုးသားကို ဓား နဲ႔ တစ္ခ်က္ ထိုးသလို ခံစားရပါတယ္။

* ငါ က တကယ္ပဲ အတၲႀကီးတဲ့ တစ္ကိုယ္ေကာင္း သမား ငေၾကာက္တေယာက္ ျဖစ္ခဲ့ တာလား *

❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️

ဒီအပိုင္းေလးလည္း ရွည္မယ္ ထင္ပါတယ္ေနာ္။ေအာက္ဆံုးမွာ Lili ေမးတဲ့ ေမးခြန္းေလးကို ေျဖေပးခဲ့ၾကပါအံုး။ေနာက္တစ္ပိုင္းကေတာ့ အားလံုး ေစာင့္ေမ်ွာ္ေနတဲ့ လက္ထပ္ပြဲ ပါမယ့္ အပိုင္းပဲ ျဖစ္ပါတယ္💃💃

Readers တို႔ကို အရမ္းခ်စ္ပါတယ္Readers တို႔ကို အရမ္းခ်စ္တဲ့Tu Nhai Kha#

.................................................................

Love and Loyaltyအချစ် နဲ့ သစ္စာ

For Uni😘

ဘာလိုလိုနဲ့ Lisa နဲ့ Chae တောင် စေ့စပ်ပြီးတာတောင် ၁ ပတ်ကျော်လို့ ၂ ပတ်ပြည့်တော့မယ်။စေ့စပ်ပွဲပြီးသွားပေမယ့်Lisa နဲ့ Chae ရဲ့ အခြေအနေက ဘာမှထူးခြားမသွားပါဘူး။အရင်တုန်းက ညီအမတွေလို နေခဲ့သလိုပါပဲ။Chae က တော့Lisa ကို ၁၅၀၀ အချစ်နဲ့ကော ၅၂၈ အချစ်နဲ့ပါ ချစ်ပေး ဂရုစိုက်ပေးသလို။Lisa ကလည်း Chae ကို ၅၂၈ အချစ်နဲ့ ချစ်ပေးမြဲ ဂရုစိုက်ပေး မြဲပါပဲ။ဒါပေမယ့် အမြဲ အရိပ်တကြည့်ကြည့်နဲ့ လိုက်ကြည့်ပြီး ပြုံးစိ ပြုံစိ လိုက်လုပ်နေကြတဲ့ တပ်ရင်းက လူတွေကြောင့် တခါတလေတော့ အနေခက် အထိုင်ခက် အစားခက် ဖြစ်ရပါသေးတယ်။ဒါကြောင့် ဘာထူးခြားပြောင်းလဲသွားလဲလို့ မေးရင်တော့ အမြဲ ပုံမှန်လိုနေပေမယ့် တခါတလေတပ်ရင်းက လူတွေကြောင့် လူက ပုံမှန်သိပ် မဟုတ်တော့ သလိုပဲ လို့သာ ဖြေရတော့မည် ထင်သည်။

* နောက် လေးရက်နေရင် September 23 ရက်နေ့။တစ်နည်း ပြောရရင် Lili နဲ့ ကျွန်မ နဲ့ ပြီးတော့ Kai နဲ့ Ruby နဲ့ လက်ထပ် ရမဲ့နေ့။စာအုပ်တွေထဲမှာ လက်ထက်ခြင်း ဆိုတာ ဘဝကို တစ်ဆစ်ချိုး တစ်မျိုး ပြောင်းလဲစေတယ်လို့ ကျွန်မ ဖတ်ဖူးတယ်။Lili နဲ့ ကျွန်မ လက်ထက်လိုက် လို့ ကျွန်မတို့ ၂ ယောက်ရဲ့ ဘဝတွေက ဘာတွေ ပြောင်းလဲ သွားမလဲ ဆိုတာကျွန်မ မသိပေမယ့် Lili ကော ကျွန်မပါ လက်ထပ်လိုက်ရလို့ မပျော်နိုင်ဘူး ဆိုတာတော့ ကျွန်မသိတယ်။ကျွန်မဘက်ကငြင်းချင်ပေမယ့် Lili ရဲ့ စကား တစ်ခွန်းနဲ့တင် ကျွန်မ ဘာမှမတတ်နိုင်ခဲ့။တခါတခါ မဆီမဆိုင် ခေါင်းထဲရောက်လာတဲ့ Jiji မျက်နှာလေးကြောင့် ကျွန်မ လက်ထပ်ပွဲသတင်းကြောင့် Jiji တယောက် ခံများ ခံစားနေရသလားလို့ ဂရုဏာသက်စွာ တွေးမိပါ သေးတယ်။Lili ကကော ကျွန်မနဲ့ လက်ထပ်လိုက် ရလို့ ပျော်ရွှင်ပါ့မလားလို့လည်း တွေးမိလိုက်သေးတယ်။ Ruby နဲ့ Kai ရဲ့ အချစ်မပါတဲ့ အိမ်ထောင်ရေးကကော အဆင်ပြေပါ့ မလားလို့ စိတ်ပူနေမိပြန်တယ်။ ကျွန်မကိုယ်တိုင်ကကော ကျွန်မကို မချစ်တဲ့ ကျွန်မချစ်တဲ့ သူကို လက်ထပ်ပြီး တစ်သက်လုံး အနစ်နာခံ ရိုးမြေကျ ပေါင်းသင်း နိုင်ပါ့မလားလို့ ကိုယ့်ကိုယ်ကို အကြိမ်ကြိမ် ပြန်မေးနေမိ ပြန်တယ်။ ဘယ်လောက်ပဲ မေးမေး အဖြေက တိတိကျကျ ထွက်မလာခဲ့ Lili ကို ကျွန်မ ချစ်ပါတယ် ဆိုတဲ့ တခုသာလျှင် တစ်ခုတည်းသော တိတိကျကျ ထွက်လာတဲ့ အဖြေ။ဟင်း.....ကျွန်မ အပါအဝင် လူ ၅ ယောက်ရဲ့ ကံကြမ္မာက ဘာတွေ ဘယ်လို ဆက်ဖြစ်ပြီး ဘယ်လိုပြောင်းလဲ မလဲဆိုတာ ကို သိရဖို့ အချိန်က ၄ ရက်ပဲ  လိုတော့တယ်။ ကျွန်မမပါခဲ့ ရင်တောင် ကျန်တဲ့ ၄ ယောက် အတွက် အကောင်းဆုံး ရလဒ်တွေပဲ ဖြစ်ပါစေလို့ ကျွန်မ အမြဲ ဆုတောင်းနေမိ ပါတယ်*

Mi-ဆေးဗိုလ်ကြီး က ဒီရောက်နေတာကိုး Mi က လိုက်ရှာနေတာ။အလေးပြုပါတယ် ဆေးဗိုလ်ကြီး။

Mina ရဲ့ ချိုမြမြ ခပ်အေးအေး အသံလေးကြောင့် အတွေး ကမ္ဘာထဲကနေ လက်ရှိ ပစ္စုပ္ပန် ကမ္ဘာထဲက ပြန်ရောက်လာတဲ့ Chae တယောက် အရှေ့မှာ ရှိတဲ့ စာပွဲဝိုင်းပေါ်က အေးစက်သွားပြီ ဖြစ်တဲ့ ကော်ဖီခွက်လေးကို ကြည့်ကာ သက်ပြင်းအရှည် တစ်ချက်ကို မှုတ်ထုတ်လိုက် တော့သည်။

ပျော်စရာမရှိဘဲ စိတ်ပျက်စရာကောင်းတဲ့ အတွေးကမ္ဘာ ထဲကနေ Chae ကို ဆွဲထုတ်လိုက်တဲ့ Mina ကိုပဲ Chae ကျေးဇူးတင်ရတော့မလို ဖြစ်နေတော့သည်။

Mi-ဆေးဗိုလ်ကြီး မျက်နှာလဲ မကောင်းပါလား။သက်ပြင်းတွေလည်း ချလို့ တခုခုဖြစ်လို့လားဟင်။

စိတ်ပူစွာ ပြာပြာသလဲ မေးလာတဲ့ Mina ကြောင့် Chae လည်း နူးညံ့စွာ တစ်ချက်ပြုံးပြလိုက်ပြီး ခေါင်းလေးကို ဖြေးညှင်းစွာ ယိမ်းခါကာ.........

Chae-မဟုတ်ပါဘူး Mi ရယ်။Mi စိတ်ထင်လို့ပါ။

Mi-အော် မသိပါဘူး Mi က တပ်ရင်းက လူတွေ ဆေးဗိုလ်ကြီး တို့ကို အမြဲ လိုက်ကြည့်နေလို့ ဆေးဗိုလ်ကြီးနေရထိုင်ရ အဆင်မပြေဖြစ်တာ မှတ်လို့။တကယ်လို့ အဲ့လိုဖြစ်တယ် ဆိုလို့ရှိရင် Mi ကို ပြောနော် သိလား။Mi သူတို့ကို ပြောပေးမယ်။

Chae-ရပါတယ် Mi ရယ်။အစတည်းက တပ်ရင်းက လူတွေက Mi ကိုဆို ကြောက်နေတာ ပိုကြောက်နေကြအုံးမယ်။

စကားသံ နဲ့ အတူ ကပ်ပါလာတဲ့ ခပ်လွင်လွင် Chae ရဲ့ ရီသံလေးကြောင့် Mi ပါ ပါးစပ်လေးကို လက်လေးနဲ့ အုပ်ကာလိုက် ရီမိတော့သည်။

* Mi က သိပ်အနေအေးတာလေ အမြဲ ရုပ်တည်ကြီးနဲ့ တနေ့လုံး နေလို့ စကားကို ၄ လုံးကွဲအောင် မပြောဘူး။ဘာအလုပ်ပဲ လုပ်လုပ် အမြဲ တိကျ သပ်ရပ်နေအောင် လုပ်တတ်တဲ့သူ။သူမှန်ရင်လည်း ဘယ်သူ့မှ မကြောက်တတ်တဲ့ သူမလို့ တခါတခါ Lili တောင် Mi ကိုဆို သိပ်မပြောရဲဘူး။ရုပ်လေးကလည်း အတော်ချောတော့ တပ်ရင်းထဲ လူတွေကော အပြင်လောက က သူတွေကပါ သိပ်ကြိုက်ကြတာ။ရေခဲ အသည်းနှလုံး Mi ကတော့ ဘယ်သူ့မှကို ဂရုလည်း မစိုက်သလို အဖတ်လည်း မလုပ်။အမြဲ တလွဲ Son Chae နဲ့ မှ Mi ဘယ်လို ဖြစ်တယ်မသိ။ရေခဲတုန်းလေး အရည်ပျော်သွား လေရဲ့*

Mi-ဆေးဗိုလ်ကြီး ဘာတွေ တွေးပြီး ပြုံးနေတာလဲ။

Chae-ဟင်....ကိုယ်လား။အော်....ကိုယ့်ရဲ့ ဆေးတပ်ကရေခဲတုန်းလေး ရဲ့ ရေခဲ အသည်းလေးကို Mi တို့ ဗိုလ်မှူးရဲ့ဒေါင်းတပ်က Son Chae တယောက် ဘယ်လိုများ အရည်ပျော် အောင် လုပ်လိုက်သလဲ ဆိုတာ စဉ်းစားနေတာ။

Mi-ဟာ....ဆေးဗိုလ်ကြီး ကလည်း ဘာမှန်းလဲ မသိဘူး။Mi နဲ့ အဲ့ ကလေးစုတ် လေးနဲ့က ဘာမှမဆိုင်ပါဘူးနော်။

Chae-အော်ဟော....ကိုယ်ကလည်း ဘာဆိုင်တယ် ပြောနေလို့တုန်း Mi ရဲ့။

Mi-Mi.....Mi သွားတော့မယ်နော် ဆေးဗိုလ်ကြီး။အလေးပြုပါတယ်။

အလေးပြုပြီး ထွက်ပြေးဖို့ ပြင်တဲ့ Mi ကို Chae မှာ အမြန်တားလိုက်ရသေးသည်။

Chae-Mi...နေအုံးလေ။

ဘယ်လောက်ပဲ ချောပါတယ် ပြောပြော ဘယ်လိုပဲ မိန်းကလေး ဆန်ပါတယ် ပြောပြော စစ်သားဟာ စစ်သားပဲမလို့ အထက်လူကြီး ဖြစ်တဲ့ Chae ရဲ့ စကားအသံ ဆုံးတာနဲ့ တိခနဲ ရပ်သွားပြီး သတိ အနေအထား ဖြစ်သွားတဲ့ Mi ရဲ့ ခန္ဓာကိုယ်လေး.........။

Chae-ရှက်ပြီး ထွက်ပြေးမလို့ လုပ်နေတာ နဲ့ပဲ Chae ကို ဘာကိစ္စ နဲ့ လာရှာတယ်ဆိုတာလေး ပြောဖို့ မေ့သွားတယ်မလား။

Mi-အယ်.....ဟုတ်သား။ဆေးဗိုလ်ကြီး ဆီ ဧည့်သည်ရောက်နေကြောင်း လာ သတင်းပို့တာပါ။ဧည့်ခန်းထဲမှာ စောင့်နေပါတယ်။

Chae-အော်....ဟုတ်လား ဘယ်သူလဲ။

Mi-Mrs,Ruby ပါ ဆေးဗိုလ်ကြီး။

Chae-ဟင်❗️

~~~~~~~~~~~~~~~~~~~~~~~~Ruby-မေမေ

Mrs,Ruby-ပြောလေ သမီးလေး

Ruby-Chae တို့ဆီ သွားပေးအုံးနော်။

Mrs,Ruby-မေမေ အခုပဲ အကျီလဲပြီး သွားတော့မလို့ပါ သမီးရဲ့။

Ruby-အော် ဟီး ဟုတ်ကဲ့။

Ruby အတွက် မင်္ဂလာဝတ်စုံကို Kai တို့ ဘက်က ပို့လိုက်တာ မလို့ ဆိုင်သွားပြီး တကူးတက သွားပြီး ရွေးစရာ မလိုပေမယ့် Chae နဲ့ Lisa ကတော့ ဆိုင်သွားရွေးရမယ်ဆိုတာ Ruby သိသည်။မိန်းကလေးဖြစ်ပြီး အလှအပ မခံစားတတ်တဲ့ Lisa နဲ့ Lisa စကားဆို တသွေမတိမ်း နားထောင်တဲ့ Chae တို့ ၂ ယောက်သာ အကျီသွားရွေးရင် ဘာတွေဝယ်လာမလဲ ဆိုတာလည်း Ruby သိသည်။ဒါကြောင့်ပဲ Ruby တယောက် Mrs,Ruby ကို အကျီသွား ရွေးပေးဖို့ အတင်းလွှတ်နေခြင်းပင် ဖြစ်သည်။

* လီ ရဲ့ လက်ထပ်ပွဲမှာ လီ့ကို အလှဆုံး ဖြစ်စေချင်သလို ကျွန်မ အမြဲ စိတ်ကူးယဉ် ခဲ့ရတဲ့ လီ ရဲ့ လက်ထပ်ပွဲမှာ လီ ရဲ့ဘေးမှာ ရှိနေမယ့် လီ ရဲ့ သတို့ သမီးနေရာက ကျွန်မ မဟုတ်တဲ့ Chae လေး ကိုလည်း အလှဆုံး ဖြစ်စေချင်တာမလို့ မေမေ ကို အကူအညီတောင်းထားရခြင်း ဖြစ်သည်။

Mrs,Ruby-ဘာလို့ လက်ထပ်ပွဲကို အစတည်းက မငြင်းတာလဲ သမီးလေးရယ်။

Ruby-ရှင်

Mrs,Ruby-သမီး Lisa လေးကို သမီး ဘယ်လောက် ချစ်တယ်ဆိုတာ မေမေ သိတာပေါ့။

Ruby-မဟုတ်ပါဘူး မေမေရယ်

Mrs,Ruby-သမီး ရွေးပြီး လျှောက်တဲ့ လမ်းမှာ သမီးလေး ပျော်ပါစေလို့ မေမေ အမြဲ ဆုတောင်းပေးမယ်နော်။

Ruby-ကျေးဇူးပါ မေမေ။သမီး ပျော်မှာပါ။

* လီ ပျော်နေရင်ပေါ့ *

~~~~~~~~~~~~~~~~~~~~~~~

Chae-အန်တီ စောင့်နေရတာ ကြာသွားလား မသိဘူး။Chae တောင်းပန်ပါတယ်နော်။

Mina ဆီက Mrs,Ruby လာတယ်လို့ သတင်းလည်းကြားရော ဧည့်ခန်းရှိရာကို Chae သုတ်ခြေတင်လိုက်ပြီး ဧည့်ခန်း အထဲရောက်ရော ထိုင်စောင့်နေတဲ့ Mrs,Ruby ကို ကပျာကယာ နှုတ်ဆက်ပြီး တောင်းပန်စကား ဆိုလိုက်ခြင်းဖြစ်သည်။

Mrs,Ruby-ရပါတယ် သမီးရဲ့။အန်တီ ရောက်နေတာ မကြာသေးပါဘူး။

Chae-ဟုတ်ကဲ့ အန်တီ ဒီကိုလာတာ ကိစ္စတခုခုများ ရှိလု့ိလား မသိဘူး။

Mrs,Ruby-အင်း ကိစ္စရှိလို့ ဆိုပါတော့။

Chae-ဟုတ်ကဲ့ ဘာကိစ္စများ ရှိလို့လဲ မသိဘူး။

Mrs,Ruby-ဒါနဲ့ သမီးလေး Lisa ကော။

Chae-Lili က ဆိုင်အတွက် လိုအပ်တာလေးတွေ မြို့ထဲ ထွက်ဝယ်တယ်။

Mrs,Ruby-သမီးတို့ လက်ထပ်ပွဲအတွက် အကျီကော ရွေးပြီးကြပြီလား။

Chae-မရွေးရသေးပါဘူး အန်တီ။Lili က သူပြန်လာရင် သွားရွေးကြမယ်လို့ ပြောပါတယ်။

Mrs,Ruby-သမီးတို့က ဘယ်လိုဝတ်ကြမှာလဲ။၂ ယောက်လုံး ဂါဝန်တွေနဲ့ ပဲလား။ဒါမှမဟုတ် Lisa လေးကSuit ဝတ်မှာလား ။

Chae-မဟုတ်ဘူး အန်တီ။သမီး ဝတ်တဲ့ Dress နဲ့ ပုံစံတူ ဆင်တူ dress ကို ဝတ်မှာ အန်တီ။

Mrs,Ruby-အော် ဒါဆို အဆင်ပြေတာပေါ့။ထ လာ သွားကြစို့။

Chae-ရှင် ဘယ်ကိုလဲဟင် အန်တီ။

Mrs,Ruby-မင်္ဂလာဝတ်စုံ ငှားရမ်းတဲ့ ဆိုင် ကိုပေါ့။

Chae-ရှင် ဘာလုပ်ဖို့.....။

Mrs,Ruby-သမီး တို့ ၂ ယောက်အတွက် အကျီရွေးပေးမလို့

Chae-အယ်....အန်တီရယ် မလိုပါဘူး အားနာစရာကြီး

Mrs,Ruby-ဘာ အားနာစရာရှိလို့လဲ လာ သွားကြမယ်အန်တီ့မှာ ကားပါတယ် တခါတည်း လိုက်ခဲ့။

Mrs,Ruby လည်း  Chae လက်ကိုဆွဲကာ ကားဆီခေါ်လာပြီး ကားထဲဝင်ထိုင်ခိုင်းကာ ဘူဆန်မြို့ရဲ့နာမည်ကြီး မင်္ဂလာဝတ်စုံ ငှားရမ်းတဲ့ ဆိုင်သို့ ဦးတည် လိုက်ကြတော့သည်။

ဘူဆန်မြို့ရဲ့ အကြီးမားဆုံးသော မင်္ဂလာဝတ်စုံ ငှားရမ်းတဲ့ဆိုင်။ဆိုင်ထဲ ဝင်တာနဲ့ အမျိုးမျိုးသော မင်္ဂလာဝတ်စုံတွေက တစ်ထည်နဲ့ တစ်ထည် အလှချင်းပြိုင်ကာ နေကြလေရဲ့။ဆိုင်တစ်ခုလုံးကို Chae လိုက်ပတ်ကြည့်နေပေမယ့် ခုထိ အကြိုက်မတွေ့သေးသလို Mrs,Ruby လည်း အကြိုက်မတွေ့သေးပေ။

ဆိုင်ရဲ့ ထောင့်တနေရာ အရောက်မှာတော့ Chae ရဲ့ ခြေလှမ်းတွေ ရပ်တန့်သွားပြီး တခြားတစ်နေရာသို့ ဦးတည်ရာပြောင်းလိုက်တော့သည်။

အဝတ်ခြင်းတောင်းတခုထဲမှာ စုပြုံထည့်ထားတဲ့ မင်္ဂလာ ဂါဝန်အများအပြားရဲ့ အပေါ်ဆုံးမှာ တင်ထားတဲ့ ဆင်စွယ်ရောင် ခပ်ဖျော့ဖျော့ ဂါဝန်လေးကို လှမ်းယူလိုက်တော့သည်။

Chae-အန်တီ သမီးအကြိုက်တွေ့ပြီ ထင်တယ်။

Chae ရဲ့ စကားကြောင့် Mrs,Ruby လည်း သူမကြည့်နေတဲ့ ဂါဝန်ကို ဝန်ထမ်း ကောင်မလေး လက်ထဲကို ထည့်လိုက်ကာ Chae ရှိရာကို လာခဲ့လိုက်တော့သည်။

Mrs,Ruby-Chae လေး ဘယ်မှာလဲ သမီး ကြိုက်တဲ့ အကျီ

Chae-ဟိုမှာ အန်တီ။

Mrs,Ruby လည်း Chae လက်ညှိုးထိုးပြတဲ့ ဘက်ကို ကြည့်လိုက်တော့ အရောင်းဝန်ထမ်း ကောင်မလေးရဲ့ လက်ထဲမှာ ဖြန့်ကာ ကိုင်ထားတဲ့ မင်္ဂလာဝတ်စုံလေး.....။

(ဒီ အကျီလေးလို့ မြင်ပေးပါ။ဒီ ဒီဇိုင်းက ဇာတ်အိမ်တည်ထားတဲ့ 1950 ဝန်းကျင်က ခေတ်စားခဲ့တဲ့ ဒီဇိုင်းတွေထဲက တစ်မျိုးဖြစ်ပါတယ်)

Mrs,Ruby-ဟယ်.... လှလိုက်တာ သမီးရယ်။

Chae-ဟုတ်တယ် အန်တီ တကယ်လှတယ်။Lili နဲ့ လည်းလိုက်တယ်။

Mrs,Ruby-သမီးလေး နဲ့ လည်း လိုက်ပါတယ်။ဒါလေးက ဈေးဘယ်လိုလဲ။

အကျီကိုင်ထားတဲ့ အရောင်းဝန်ထမ်း ကောင်မလေးအား မေးလိုက်ခြင်းဖြစ်သည်။

Salesgirl-ဒါက မနှစ်က ထွက်ရှိထားတဲ့ ဒီဇိုင်းဖြစ်ပြီး ဈေးကြီးတာကြောင့် အသုံးပြုတဲ့သူ နည်းပါးပါတယ်။ဈေးကတော့ ဝမ် ၃ သိန်းခွဲပါ။

Chae-ရှင်

သွေးတက်စေလောက်တဲ့ ဈေးကြောင့် Chae မငှားဖို့ ဆုံးဖြတ်လိုက်တော့သည်။အကျီရဲ့ ဈေးက မင်္ဂလာခန်းမ ပြင်ဆင်တဲ့ စရိတ်ထက်တောင် ပိုများနေလေရဲ့။

* လက်ထပ်ပွဲ အတွက်က ကိုယ့်ပိုက်ဆံ ကုန်တာ မဟုတ်ဘူး ဆိုပေမယ့် အကျီ တစ်ထည်ကိုတော့ ဝမ် ၃ သိန်းခွဲပေးပြီး Chae ငှား မဝတ်နိုင်ပါ။Lili အတွက်ပါ ငှားရင် ၇ သိန်း မဖြစ်ဘူး မဖြစ်ဘူး တခြားဟာ ပြောင်းကြည့်မှ။အဲ့တာကြောင့်လည်း ငှားနိုင်တဲ့သူ နည်းတာနေမှာ*

Chae-ကျေးဇူးပါနော် ညီမလေး။အမတို့ နောက်တစ်ထည် ထပ်ကြည့် လိုက်အုံးမယ်။

Chae လည်း ရွှေကွပ်ပြီး စိန်စီထားသလား မှတ်ရလောက်အောင် ဈေးကြီးတဲ့ အကျီ နားကနေ တခြား နေရာကို အမြန်ဆုံး ပြေးဖို့ ကြံစည်လိုက်တော့သည်။

Mrs,Ruby-သမီး Chae ဒီ အကျီလေး သွားဝတ်ကြည့်လိုက်ပါ။

Chae-ရှင် အန်တီ ဒီအကျီလား။

Chae လည်း ၃ သိန်းခွဲ တန် အကျီကြီးကို လက်ညှိုးထိုးကာမျက်လုံးလေး ကလယ် ကလယ် နဲ့ မေးလိုက်တော့သည်။

Mrs,Ruby-အင်းလေ ဒီအကျီ သမီးလေးနဲ့ဆို လိုက်မှာ။ရော့ သွားဝတ်ကြည့်လိုက်။

Mrs,Ruby လည်း ပြောပြောဆိုဆို နဲ့ အရောင်းဝန်ထမ်း ကောင်မလေးရဲ့ လက်က ၃ သိန်းခွဲတန် အကျီကြီးကို ယူကာChae လက်ပေါ် တင်ပေးလိုက်တော့သည်။

Salesgirl-အဝတ်လဲတဲ့ အခန်းက ဒီဘက်မှာပါရှင့်။

Mrs,Ruby-လိုက်သွားလိုက်လေ Chae လေး။

Chae-ဟုတ် ဟုတ်

Chae လည်း ကြောင်အမ်းအမ်းလေးနဲ့ အရောင်းဝန်းထမ်းမှလေး ခေါ်သွားတဲ့ အဝတ်လဲခန်း ဆိုသည့်နေရာသို့ လိုက်သွားတော့လေသည်။Mrs,Ruby ကလည်း နောက်ကနေ လိုက်သွားပြီး Chae ဝင်သွားတဲ့ အဝတ်လဲခန်းရှေ့မှာ အရောင်းဝန်ထမ်း ကောင်မလေးနဲ့ အတူတူ စောင့်နေလိုက်တော့သည်။

Mrs,Ruby-စောနက ဝတ်စုံနဲ့ ဆင်တူရှိသေးလား သမီး။

Salesgirl-ဟုတ်ကဲ့ ရှိပါတယ်။ဘယ်သူ့အတွက်လဲ မသိဘူး။

Mrs,Ruby-အဝတ်လဲခန်းထဲကို ဝင်သွားတဲ့ တယောက်ရဲ့ သတို့သမီး အတွက်ပါ။

Salesgirl- ရှင်....။အော် ဟုတ်ကဲ့ အဲ့တယောက်က ဘယ်မှာလဲ မသိဘူး။

Mrs,Ruby-သူက ပါမလာဘူးကွယ့်

Salesgirl-အော် ရပါတယ် ကိစ္စမရှိပါဘူး။ဝတ်မဲ့ သူရဲ့ ခါး ဆိုဒ်ကို သိရင်ရပါပြီ။

Mrs,Ruby-အန်တီတော့ မသိဘူး။ဒါပေမယ့် သိတဲ့ သူကိုမေးပေးမယ်။ခနလေးစောင့်။

Salesgirl-ဟုတ်ကဲ့ ရပါတယ်ရှင့်

Mrs,Ruby-သမီး Chae လေးရေ သမီး Lisa လေး ရဲ့ခါး ဆိုဒ်က ဘယ်လောက်လဲ။

အဝတ်လဲခန်းထဲတွင် အကျီလဲနေသော Chae ကို အဝတ်လဲခန်း အပြင်က Mrs,Ruby က လှမ်းမေးလိုက် ခြင်းဖြစ်သည်။

Chae- နှစ်ဆယ့်လေး လက်မ ပါ အန်တီ။စင်တီမီတာ နဲ့ ပြောရရင် ခြောက်ဆယ် ဒဿမ ကိုးခြောက် စင်တီမီတာပါအန်တီ။

Chae ရဲ့ တိကျလွန်းလှတဲ့ အဖြေကြောင့် Mrs,Ruby ရောအရောင်းဝန်ထမ်း ကောင်မလေးပါ သြချလိုက်ရပါတော့သည်။

Salesgirl-တော်လိုက်တာ အတိအကျကို သိတာပဲ။ဒီလို သိရတော့ အဆင်ပြေသွားပါပြီ အကျီ သွားရှာလိုက်ပါအုံးမယ်

Mrs,Ruby-အေးအေး သေချာလေး စီစဉ်ပေးပါအုံးနော်။

Salesgirl-ဟုတ်ကဲ့ပါရှင့်။

အရောင်းဝန်ထမ်းကောင်မလေး ထွက်သွားတော့ Mrs,Ruby တယောက်သာ Chae ရဲ့ အဝတ်လဲခန်းရှေ့မှာ စောင့်နေစဉ် အဝတ်လဲခန်းကနေ ခေါင်းလေးပြူထွက်လာတဲ့Chae ကြောင့် Mrs,Ruby ပြုံးမိသွားတော့သည်။

Mrs,Ruby-ဘာလို့ ခေါင်းလေးပဲ ထွက်လာတာလဲ။တစ်ကိုယ်လုံး ထွက်လာမှ အကျီနဲ့ လိုက်မလိုက် ကြည့်လို့ရမှာပေါ့။

Chae-ဟိုလေ.....စောနက ကောင်မလေးရော။

Mrs,Ruby-သမီး Lisa အတွက် အကျီ သွားရွေးတယ်လေ။ဘာဖြစ်လို့လဲ။

Chae-ဟိုဟာ ဂါဝန်က နောက်ကျောဘက်က ဇစ်ဆွဲရမှာမလို့Chae မမှီလို့။

Mrs,Ruby-ဒါများ အန်တီ ဆွဲပေးမယ်။

ပြောပြီး အဝတ်လဲခန်းထဲ ဝင်လာတဲ့ Mrs,Ruby ကို Chae အူကြောင်ကြောင်လေး ကြည့်နေမိသည်။

Mrs,Ruby-ဘာ ကြည့်နေတာလဲ  အန်တီ ဇစ်ဆွဲပေးမယ်ဟိုဘက်လှည့်လေ။

Chae-ဟုတ် ဟုတ်။

Mrs,Ruby ဇစ်ဆွဲပေးလို့ ရအောင် မျက်နှာချင်းဆိုင်နေရာကနေ Chae က Mrs,Ruby ကို ကျောပေးလိုက်တော့သည်။လည်ဂုတ်နားကနေ ခါး စပ်နားလောက်ထိ ရောက်တဲ့ ဇစ်အကွဲကြောင့် Chae ရဲ့ ကျောပြင် လေးဟာ နို့နှစ်ရောင် ထနေပြီး ချောမွတ် လွန်းလှသည်။Mrs,Ruby လည်း သူမထက် အရပ်ရှည်တဲ့ Chae ရဲ့ ကျောပြင်လေးကို ဇစ်ဆွဲပေးဖို့ မော့ကြည့်လိုက်ရာ.......။

* ဟင်.....ဒါက*

~~~~~~~~~~~~~~~~~~~~~~~~~~~~

Ji-စကား ခနပြောကြမလား Lisa

ရုတ်တရက် ထွက်ပေါ်လာတဲ့ အသံကြောင့်  Lisa လည်း အလန့်တကြား လှည့်ကြည့်မိလိုက်သည်။ပြီးမှ Jisoo ဖြစ်နေတာကြောင့် Lisa သက်ပြင်း ချလိုက်မိတော့သည်။

Li-ပြောစရာရှိလို့လား  Jiji။

Ji-အင်း ဆိုပါတော့။

Li-Ruby အကြောင်းက လွဲရင် ကျန်တဲ့ အကြောင်းတွေဆိုLisa နားထောင်ပါ့မယ်။

Ji-ငါ နင့်ကို ပြောမဲ့ စကားက Ruby အကြောင်းအပြင် တခြားမရှိတာမလို့ နင် အဲ့လို ပြောတာ ငါ့ကို စကားမပြောနဲ့ပြန်တော့လို့ ပြောလိုက်တာနဲ့ အတူတူပဲ။အဲ့တော့ ငါပြန်တော့မယ်။

Lisa လည်း Ruby ရဲ့ အကြောင်းကို တကယ်သိချင်နေတာမလို့ ဆက်မမူနေတော့ပဲ Jiji ကို ပြောခွင့်ပေး လိုက်တော့သည်။

Li-ရောက်လာမှတော့ တန်းပြီး မပြန်ပါနဲ့ Lisa ရိုင်းရာကျလိမ့်မယ်။ပြောပါ ပြောစရာရှိတာ။

* Lalisa စုတ် ပြတ်သားနိုင်တာလည်း မဟုတ် နေနိုင်တာလည်း မဟုတ်ဘဲနဲ့ အသည်းမာချင်ယောင် လာဆောင်ပြနေတယ် *

Lisa ဆီက သူမ လိုချင်တဲ့ စကားမျိုး ကြားရတာကြောင့်သူမရှေ့မှာ ဟန်ဆောင်ကောင်း ပြနေတဲ့ Lisa ကို ကြိတ်ကျိန်ဆဲကာ ပြုံးနေမိတော့သည်။

Ji-လာ အရှေ့နည်းနည်းတိုး။

Lisa လည်း ဘာမှန်းမသိပေမယ့် ရှေ့တိုးလာခိုင်းတဲ့ Jiji ကြောင့် ရှေ့တိုးပေးလိုက်တော့.......

''ခွပ်👊💢´´

ထွက်ပေါ်လာတဲ့ ခပ်အုပ်အုပ် အသံလေးကြောင့် Lisa အထိုးခံလိုက်ရပြီ ဆိုတာ သေချာပါသည်။အားအများကြီး မပါပေမယ့် Jiji ရဲ့ လေ့ကျင့်ထားတဲ့ လက်တွေကြောင့် Lisa စပ်ဖျင်းဖျင်းလေးတော့ ဖြစ်သွားတာ အမှန်ပါ။

Li-ဟ.....jiji ဘာလို့ လူကို အသားလွတ် လာထိုးတာလဲ။

Ji-ဘာ....ဘာ ကို အသားလွတ်လဲ ငါထပ်လုပ်ရင် နင်သေတော့မယ်။ပြောတော့ ဗိုလ်မှူး Manoban က သတ္တိအရမ်းရှိတာ ဂျပန်တွေက သိပ်ကြောက်တာတဲ့။ဘာ Manoban လဲဘာ သတ္တိရှိတာလဲ။အီးပေါလောကြီး ငကြောက်ကြီး သတ္တိမရှိတဲ့ ငကြောက်ကြီး။

လူကို အသားလွတ် ထိုးရုံတင်မကဘူး ထပ်ပြီး အသားလွတ်အခြောက်တိုက် နာမည်ဖျက်နေတဲ့ Jiji ကို Lisa တင်းလာပြီုဖြစ်သည်။

Li-Jiji....စိတ်တိုအောင် လာမလုပ်နဲ့ Lisa က ဘယ်မှာ သတ္တိမရှိလို့လဲ ဘယ်မှာ ငကြောက်ဖြစ်နေလို့လဲ။

Ji-ချစ်နေတာကို ချစ်နေမှန်း မဝန်ခံရဲတဲ့ ငကြောက်။ဘာမှမသိ ဘာမှမတတ်တဲ့ Ruby လောက်တောင် သတ္တိမရှိတဲ့ ငကြောက်။တာဝန် နဲ့ ကိုယ်ရေးကိုယ်တာ ကို ခွဲမလုပ်တတ်တဲ့ အီးပေါလော။ငါ့လောက်တောင် သတ္တိရှိရှိ မချစ်ရဲတဲ့ ငကြောက်။

Li-....................

Jiji ပြောတာတွေဟာ အကုန်အမှန် ဖြစ်နေတာမလို့ Jiji ကိုLisa ဘာမှပြန် မပြောခဲ့ပါ။ဘာမှပြန် မပြောတာထက် အကုန်မှန်နေလို့ ပြောစရာ စကားမရှိတာ ဆိုလျှင် ပိုမှန်ပါလိမ့်မယ်။

ji-နင့်ဟာနင် အန်ကယ် Ruby ကို သတ်ရုံမကလို့ တစ်မိသားစု လုံးကို သတ်လည်း ငါ စိတ်မဝင်စားဘူး အဲ့တာနင့် တာဝန်။ငါကတော့ ငါမျက်စိရှေ့မှာ အန်ကယ် Ruby ကိုသတ်ဖို့ ကြိုးစားရင် နင်ပဲ ဖြစ်ဖြစ် Chae ပဲ ဖြစ်ဖြစ် ငါ တတ်နိုင်သလောက် အစွမ်းကုန် ပြန်ခုခံမှာပဲ ဒါ ငါ့တာဝန်မလို့။ဒါပေမယ့် ငါ Chae ကို ချစ်တယ်။Chae နဲ့ သူသေ ကိုယ်သေ တိုက်ခိုက်နေရရင်တောင် ငါက Chae ကို ချစ်နေအုံးမှာပဲ။ဒါပေမယ့် ငါ အစွမ်းရှိသမျှတော့ ပြန်တိုက်မှာပဲအဲ့တာ ငါ Chae ကို မချစ်လို့ မဟုတ်ဘူး။Ruby....Rubyမှာ ဘာအပြစ်ရှိလို့လဲ။အဖေကို သတ်မဲ့ တော်လှန်ရေးသမားကို မသိဘဲ ချစ်မိတာ Ruby အပြစ်မဟုတ်ဘူး။နင်က ကိုရီးယားလူမျိုး ဖြစ်နေပြီး Ruby က ဂျပန်လူမျိုး ဖြစ်နေတာလည်း Ruby အပြစ်မဟုတ်ဘူး။ဒါက ကံကြမ္မာက စီမံ ထားတာတွေ။ဒါပေမယ့် Ruby ခု ခံစားနေရတဲ့ အပြစ်ဒဏ်တွေကတော့ ဆိုးလွန်းပါတယ်ဟာ။နင် မှ မဟုတ်ရင် ဘယ်သူ့ကိုမှ သူ့ချစ်သူပါလို့ မပြောချင်လို့ ငါ့ကိုတောင် သူ့ ချစ်သူဟန်ဆောင်ခွင့်မပေးခဲ့ဘူး။သူ့အဖေ အသတ်အန္တရာယ်ဖြစ်မှာဆိုးလို့ သူ မချစ် မနှစ်သက်တဲ့ သူကို လက်ထပ်ဖို့ သဘောတူခဲ့တယ်။နင့် ပယောဂလည်း မကင်းပါဘူး။စောနက နင့်ကို ငါ ဘာလို့ ထိုးလဲ သိလား။Ruby ရဲ့ ကျခဲ့ရတဲ့ မျက်ရည်တွေအတွက်ပဲ။အရင်နေ့တွေက ငါ့ကို ရင်ဖွင့်ပြီး ငိုတယ်။စေ့စပ်ပွဲပြီးတဲ့ နောက်ပိုင်းမှာ သူ ငိုရင် ငါ စိတ်မကောင်းဖြစ်မှန်း သိလို့ည အိပ်ချိန်တွေမှာ ခိုးငိုတယ်ဟ။နင့်ကို ငါ ဒီလို လာပြောမယ်မှန်းသိလို့ သူ့ အနားက ငါ့ကို တစ်ဖဝါးမှ မခွာခိုင်းဘူး။ငါ လာပြောရင် နင် စိတ်ညစ်မှာ ဆိုးလို့တဲ့။သူ ဘယ်လောက်ခံစားနေရလည်း ဆိုရင် စောနက အိပ်နေတာတောင် မျက်လုံးထောင့်ကနေ မျက်ရည်တွေ တလှိမ့်လှိမ့် ကျလာတယ်။ သူ့ရင်ထဲမှာ ဘယ်လောက် ခံစားနေရမယ် နင်ထင်လဲ။သူကတော့ နင့် အတွက် ချည်းပဲ အမြဲ တွေးပေးတယ်။နင် ကတော့သူ့ အပေါ် သိပ် တစ်ကိုယ်ကောင်း ဆန်လွန်းတယ်။နင် အရမ်း အတ္တကြီးလွန်းတယ်။နင် တစ်ကိုယ်ကောင်းဆန်ခဲ့တာ Ruby တယောက်တည်းကို မဟုတ်ဘူး Chae ကိုရောပဲ။နင့်ကိုသူက သိပ်ချစ်တာကို သိလား ငတုံးရဲ့။နင့်ကို ချစ်လွန်းလို့နင် ပြောတာ ဘာကို မဆို ခေါင်းငြိမ့်ခဲ့တာ။နင်ကတော့ မသိဘူး မလား။နင် သူ့ နေရာက နည်းနည်းလေး ဝင်ခံစားကြည့်စမ်းပါအုံး နင် ဘယ်သူ့ အပေါ် ဘယ်လို ခံစားချက် ရှိနေလဲ ဆိုတာ သိသိလျက်ကြီးနဲ့ နင် နဲ့ လက်ထပ်ရမဲ့ သူ့ရင်ထဲက ခံစားချက်ကို။တော်ပြီ Lisa နောက်တကြိမ် ထပ်ပြီးရှင်းမပြတော့ဘူး မပြောတော့ဘူး ခုပြောခဲ့တာတွေ နင် နားလည်မယ်လို့ ငါ မျှော်လင့်ပါတယ်။စောနက ငါထိုးတာကိုကျေနပ်ရဲ့လား မကျေနပ်လည်း မတတ်နိုင်ဘူး။နင့် ကို ငါ ဒီထက် ပိုလုပ်ချင်တာ Ruby ကို အားနာလို့။

သူ ပြောချင်တာတွေ ပြောပြီး ထွက်သွားတဲ့ Jiji ကို Lisa ဘာမှ မတုန့်ပြန် နိုင်ခဲ့ပါ။မတုန့်ပြန် နိုင်လောက်အောင်အထိကိုအမှန်တရားတွေကို ပြောပြသွားတာကြောင့်ပါပဲ။တကယ်ပါLisa က Ruby အပေါ်ရော Chae အပေါ်မှာပါ တစ်ကိုယ်ကောင်း သိပ်ဆန်တဲ့ အတ္တသမား ဖြစ်နေခဲ့တာပါ။

Jiji ပြောခဲ့တဲ့ စကား တစ်လုံးတိုင်းဆီက နားစည်ကို သေလောက်အောင် ရိုက်ခတ်ပြီး အကြိမ်ကြိမ် ပြန်ကြားနေရတာကြောင့် Lisa ရဲ့ နှလုံးသား တစ်ခုလုံး အတော်နာကျင်နေရပါပြီ။Jiji ရဲ့ စကားလုံး တစ်လုံးတိုင်းဆီက Lisa ရဲ့ နှလုံးသားကို ဓား နဲ့ တစ်ချက် ထိုးသလို ခံစားရပါတယ်။

* ငါ က တကယ်ပဲ အတ္တကြီးတဲ့ တစ်ကိုယ်ကောင်း သမား ငကြောက်တယောက် ဖြစ်ခဲ့ တာလား *

❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️

ဒီအပိုင်းလေးလည်း ရှည်မယ် ထင်ပါတယ်နော်။အောက်ဆုံးမှာ Lili မေးတဲ့ မေးခွန်းလေးကို ဖြေပေးခဲ့ကြပါအုံး။နောက်တစ်ပိုင်းကတော့ အားလုံး စောင့်မျှော်နေတဲ့ လက်ထပ်ပွဲ ပါမယ့် အပိုင်းပဲ ဖြစ်ပါတယ်💃💃

Readers တို့ကို အရမ်းချစ်ပါတယ်Readers တို့ကို အရမ်းချစ်တဲ့Tu Nhai Kha#

.................................................................

There are no comments yet. Log in to be the first to leave a review!

Similar stories