Fanfics

39💛

16:07, 4 November 2021

Love and Loyaltyအခ်စ္ နဲ႔ သစၥာ

For ZG😍

ငယ္ငယ္တုန္းက ဆိုရင္ေလ ကိုယ္လုပ္ခ်င္ေပမယ့္ လူႀကီးေတြ မႀကိဳက္လို႔ မလုပ္ရတဲ့ အရာကို ခိုးလုပ္တာပဲ ျဖစ္ျဖစ္ တစ္နည္းနည္း နဲ႔ မျဖစ္ျဖစ္ေအာင္ လုပ္လိုက္ရရင္ ေပ်ာ္တယ္မလား။ဒါေပမယ့္ လူႀကီးေတြက သိသြားၿပီး ဆူဖို႔ ဆံုးမဖို႔သူတို႔ ေရွ႕ကို ေခၚရင္ သူတို႔ ေရွ႕ကို သြားၿပီး မ်က္နွာငယ္ေလးနဲ႔ ေခါင္းေလး ငိုက္ဆိုက္ က်ၿပီး ေနဖူးတယ္မလား။

အခုလည္း Mr,Ruby နဲ႔ Mrs,Ruby တို႔ ေရွ႕တည့္တည့္က မွန္ စားပြဲရွည္ေလး တခုပဲ ျခားတဲ့ armchair အရွည္ေပၚမွာ တေယာက္လက္ကို တေယာက္ တင္းၾကပ္စြာ ဆုပ္ကိုင္ထားကာ ေခါင္းေလးေတြ ကိုယ္စီ ငံုကာ ထိုင္ေနၾကေတာ့သည္။Jiji နဲ႔ Chae ကေတာ့ သူတို႔ေဘးက ေနာက္ထပ္armchair အရွည္ တခု ေပၚမွာ ထိုင္ေနေလရဲ႕။Jiji နဲ႔ Chae တို႔ေနာက္မွာ Lisa နဲ႔ Chae တို႔ အတူ ပါလာတဲ့Tzuyu နဲ႔ Sana က မတ္တပ္ရပ္ေနၾကေတာ့သည္။

လူ ၈ ေယာက္ေတာင္ ရွိေသာ ဧည့္ခန္းေလးသည္ အပ္က်သံပင္ မၾကားရေလာက္ေအာင္ ၿငိမ္သက္ေနေလရဲ႕။ဘယ္သူမွလည္း စကား မဟရဲ က်သလို ဘယ္သူစကား စေျပာမလဲ ကိုသာ ေစာင့္ေနၾကေတာ့သည္။

ေတာ္ေတာ္ၾကာၾကာ ေစာင့္ေနေသာ္လည္း ဘာသံမွ မၾကားရတာေၾကာင့္ အားလံုးရဲ႕ စိုးရိမ္စိတ္က အတိုင္းထက္ အလြန္ ျဖစ္ေနၿပီ ျဖစ္သည္။တိတ္ဆိတ္ၿငိမ္သက္လြန္း တာေၾကာင့္ အခန္းထဲက သူေတြမွာ ေက်ာရိုးထဲကပင္ စိမ့္စိမ့္ တက္လာကာ ခ်မ္းလာသည္ဟုပင္ ထင္ေနရေတာ့သည္။ေနာက္မွ မတ္တပ္ရပ္ေနတဲ့ Sana နဲ႔ Tzuyu ကေတာ့ အေတာ္ ေညာင္းေနၿပီ ျဖစ္ေသာ္လည္း စိုးရိမ္စိတ္ နဲ႔ ေၾကာက္စိတ္ေၾကာင့္ နည္းနည္းေလးပင္ မလႈပ္ရဲၾက။

Mr,Ruby-ဘယ္လိုျဖစ္ၾက တာလဲ။

ခ်မ္းစိမ့္စိမ့္ ျဖစ္ေနတဲ့ လြန္စြာမွ တိတ္ဆိတ္ၿငိမ္သက္ ေနတဲ့ အခန္း ထဲတြင္ Mr,Ruby ရဲ႕ ေအးစက္ မာေက်ာေသာ ေမးခြန္းသံေၾကာင့္ ပိုလို႔ပင္ တိတ္ဆိတ္ ေျခာက္ေသြ႕ၿပီး ေအးစက္ လာေတာ့သည္။ဘယ္သူမွလည္း Mr,Ruby ေမးတာကို မေျဖရဲၾက ဘယ္သူ ေျဖမလဲသာ တေယာက္ကို တေယာက္ ေစာင့္ေနၾကေတာ့သည္။

Mr,Ruby-ဟ....ငါေမးတာကို ေျဖၾကပါအံုးဟ။မဂၤလာပြဲ ကို လာ တား တုန္းက သမီး ဒီလိုမဟုတ္ဘူးေနာ္ Lisa။Lisaအေပၚ ေျပးခုန္တက္သြား တုန္းကလည္း သမီး ဒီလို ေခါင္းႀကီး ငံု႔ၿပီး ဘာမွ မေျပာဘဲ ေနတာ မဟုတ္ဘူးေနာ္ Ruby။ၿပီးေတာ့ သမီး Sana သမီး Jiji သမီး တို႔ ၂ ေယာက္လည္း လက္ခုပ္ေတြ တီး လက္ေခါက္ေတြ မႈတ္ ေပ်ာ္႐ႊင္လို႔ပါ။ဟုတ္တယ္မလား။

တေယာက္မက်န္ ပတ္ေျပာေနတဲ့ Mr,Ruby ေၾကာင့္ Lisa ရွင္းျပဖို႔ပဲ ဆံုးျဖတ္လိုက္ေတာ့သည္။ဟုတ္တယ္....သူမ Ruby အတြက္ သတၲိရွိရမယ္။

Li-ဒီလိုပါ အန္ကယ္.....။

အားလံုး ဘယ္သူမွ ေခါင္းေတာင္ မေမာ့ရဲတဲ့ အခ်ိန္ Mr,Ruby ကို ေျဖရွင္းခ်က္ ေပးဖို႔ Lisa က စကား အစခ်ီ လိုက္ေတာ့ အားလံုးရဲ႕ attention က Lisa ဆီသို႔ က်ေရာက္သြားေတာ့သည္။

* Flash back

Chae ကို မိတ္ကပ္ျပင္ေပးၿပီးေတာ့ ဆံပင္ ျပင္ဖို႔ က်န္ေသးတဲ့ Lisa က မိတ္ကပ္ဆရာ ရဲ႕ အလိုက် ဆံပင္ျပင္တဲ့ ခံုေပၚမွာ ထိုင္ေနေလရဲ႕။မ်က္နွာကေတာ့ မသိမသာ ပ်က္ယြင္းေနတာေၾကာင့္ သိပ္မသိသာေပမယ့္ Lisa မ်က္နွာကို အရိပ္တၾကည့္ၾကည့္ နဲ႔ ၾကည့္တတ္တဲ့ Chae ကေတာ့ ေကာင္းေကာင္းကို သတိထားမိသည္။ငူငူငိုင္ငိုင္ႀကီး ထိုင္ေနတဲ့ ပံုကမသိရင္ မလိုခ်င္တဲ့သူက အိမ္က အတင္းေပးစားလို႔ ယူလိုက္ရတဲ့ ဆယ္ေက်ာ္သက္ ေကာင္မေလး လိုပင္။

ဒီလိုႀကီး ငူငူငိုင္ငိုင္ ႀကီး ျဖစ္ေနၿပီး မ်က္နွာ မေကာင္းတာကူဒီေန႔မွ မဟုတ္ဘဲ လြန္ခဲ့တဲ့ ေလးယာက္ေလာက္ ကတည္းက ျဖစ္ေတာ့သည္ တိတိ က်က် ေျပာရရင္ Chae နဲ႔ Mrs,Ruby တို႔ အက်ီ ဆိုင္ကျပန္လာ ကတည္းကေပါ့။Chae လည္း မဂၤလာပြဲကိစၥ နဲ႔ ေရာ တပ္ရင္းမွာ ၃ ေယာက္ေလာက္အထက္လန္ေအာက္ေလ်ာ ျဖစ္တာေၾကာင့္ပါ အလုပ္ေတြ ရႈပ္ေနလို႔ Lisa ကို စကား ေကာင္းေကာင္း မေျပာျဖစ္ မေမးျဖစ္ခဲ့ပါ။ခုေတာ့ ဆံပင္ျပင္ေနတဲ့ Lisa ရဲ႕ မ်က္နွာကိုျမင္ေနရတာ ဘယ္လိုမွ အဆင္မေျပေတာ့တာမလို႔ နီးစပ္ရာခံု တစ္ခံုကို ဆြဲကာ Lisa ေရွ႕မွာ ထိုင္လိုက္ေတာ့သည္။

Chae-မာမီ....သမီး Lili နဲ႔ စကား ခန ေျပာခ်င္လို႔။

Make up artist-ေအးေအး သမီးေျပာ။မာမီ ဟိုဘက္မွာရွိေနမယ္ ၿပီးရင္ ေခၚလိုက္။

Chae-ဟုတ္ ေက်းဇူး မာမီ။

Chae လည္း မိက္ကပ္ဆရာ မာမီႀကီးကို ၿပံဳးျပလိုက္ၿပီး မာမီႀကီး ထြက္သြားမွ Lisa ရဲ႕ လက္တစ္စံုကို သူ႔လက္တစ္စံုနဲ႔ ႏူးညံ့စြာ အၾကင္နာ အျပည့္နဲ႔ အေပၚကေန အုပ္မိုး ကိုင္လိုက္ ေတာ့သည္။

Chae က လက္ကို ကိုင္လိုက္မွ Lisa လည္း ဆက္ခနဲ တုန္တက္သြားၿပီး ခုမွ အသိ၀င္လာတဲ့ သူလို သူ႔ေရွ႕မွာ ထိုင္ေနတဲ့Chae ကို အ့ံၾသစြာ မ်က္လံုးေလးျပဴး ၿပီး ၾကည့္လိုက္ေတာ့သည္။ၾကည့္ရတာ ေစာနကအထိ Chae သူ႔အေရွ႕ကို ေရာက္ေနတာ Lisa မသိဘူး ထင္ပါရဲ႕။

Chae-နင္ ဘာေတြ ျဖစ္ေနတာလဲ Lili။နင့္ စိတ္ေတြ ဘယ္ကို ေရာက္ေနတာလဲ Lili။

Chae လည္း စကားသံကို အတက္နိုင္ဆံုး ေလ်ာ့ၿပီး အႏူးညံ့ဆံုး ျဖစ္ေအာင္ အၾကင္နာ အျပည့္နဲ႔ ေမးလိုက္ေတာ့သည္။

Li-ဘာ....ဘာမွမျဖစ္ ပါဘူး Chae ရဲ႕။

Chae လည္း Lisa ရဲ႕ စကားေၾကာင့္ သက္ျပင္းတစ္ခ်က္ ကိုေျဖးညႇင္းစြာ ခ် လိုက္ၿပီး စကားဆက္ေျပာေလရဲ႕။

Chae-ဟုတ္တယ္မလား Lili လက္ထပ္ပြဲေၾကာင့္ မလား။နင္ ဘာလို႔ ကိုယ့္ကိုယ္ကို ညႇဥ္းဆဲေနရတာလဲ Lili ရယ္။လက္ထပ္ပြဲကို ဖ်က္လိုက္စမ္းပါ။တစ္ဘေလာက္ေတာင္ မရွိတဲ့ နင့္ရဲ႕ ဟိုဘက္ျခမ္းမွာ နင္ ခ်စ္ရတဲ့ Ruby ရွိတယ္ေလသတၲိ ရွိရွိ နဲ႔ သြားလိုက္ စမ္းပါ။

Li-မျဖစ္နိုင္တာကို မေျပာနဲ႔ Chae။ဒီေန႔က နင့္ နဲ႔ ငါ ရဲ႕ လက္ထပ္ပြဲ နင္ကလြဲလို႔ ဘယ္သူ႔ဆီကို မွ ငါမသြားဘူး။နင္ငါ့ကို ဘယ္ေလာက္ အနစ္နာခံနိုင္တယ္ ေျပာေျပာ နင့္မွာလည္း အရွက္ နဲ႔ သိကၡာ ရွိေသးတယ္ ဆိုတာ ငါသိတယ္

Chae-Ruby ကို ျငင္းခဲ့တာ Ruby ဟာ Minatozaki Ruby ရဲ႕ သမီး တေယာက္ျဖစ္ေနလို႔ ဆိုတဲ့ အခ်က္ေၾကာင့္လား Lili။

Li-Chae......ငါ.....။

Chae-နင္ ငါ့ကို အေလးထားရင္ ဒါေလးေတာ့ အမွန္အတိုင္း ေျဖေပးပါ။

Li-ဟူး....ဟုတ္တယ္ Chae။အဲ့တာေၾကာင့္ပဲ။

Chae-နင္ မတရားလိုက္တာ နင့္အတြက္ နင္ေကာ သူ႔အတြက္ေကာ။

Li-ဒါေတြ မေျပာဘဲ ေနရေအာင္လား Chae။မာမီ ေရ လာလို႔ ရၿပီ Lisa ကို ဆက္ျပင္ေပးေတာ့။

Make up artist-ေအးေအး လာၿပီ သမီးေရ။

Chae လည္း သူေျပာေနတာကို နားမေထာင္ေတာ့ဘဲ စကားလမ္းေၾကာင္း လႊဲသြားတဲ့ Lisa ကို ၾကည့္ရင္း သက္ျပင္းအရွည္ႀကီး တစ္ခ်က္သာ ခ်မိလိုက္ေတာ့သည္။

~~~~~~~~~~~~~~~~~~~~~~

မဂၤလာ အခ်ိန္ နီးလာၿပီမလို႔ Lisa က ဘုရားေက်ာင္းထဲ အရင္၀င္သြားကာ စင္ေပၚကို တက္လာၿပီး ေနာက္ထပ္၀င္လာမဲ့Chae ကို ဖာသာ နဲ႔ အတူ စင္ေပၚမွာ ေစာင့္ေနေလရဲ႕။

မၾကာမွီ အခ်ိန္ အတြင္း ဆာဂ်င္ Chanyeol လက္ကို ခ်ိတ္ကာ ဘုရားေက်ာင္းအတြင္း မဂၤလာ၀တ္စံုေလး နဲ႔ ၀င္လာတဲ့ Chae က တကယ္ နတ္သမီး ရႈံးေလာက္ေအာင္ လွတယ္ဆိုတာ ဘယ္သူမွ မျငင္းနိုင္တဲ့ အမွန္တရားတခုပင္ ျဖစ္ေတာ့သည္။

Lisa ေရာ Chae ကပါ မိဘ မဲ့ေတြ ျဖစ္ၾကတဲ့ အတြက္ သတို႔သမီး အပ္ဖို႔ရာ Lisa တို႔ရဲ႕ အကိုအရင္း လို ျဖစ္ေနတဲ့ဆာဂ်င္ Yeol ကို ပဲ အကူအညီေတာင္း ၾကရေတာ့သည္။ပထမေတာ့ ဆာဂ်င္က ျငင္းေပမယ့္ ေနာက္ဆံုးေတာ့ Lisa တို႔ အတင္း ၀ိုင္းေျပာတာေၾကာင့္ ၾကည္ႏူးစြာ လက္ခံလိုက္ေတာ့သည္။

Yeol-ဗိုလ္မွဴး....ကြၽန္ေတာ့္ ညီမေလး ေဆးဗိုလ္ႀကီးကို ေပ်ာ္ေအာင္ ထားပါေနာ္။

အနားေလးကို တိုးတိုးေလး ကပ္ေျပာတဲ့ ဆာဂ်င္ Yeol ရဲ႕ စကားေၾကာင့္ Lisa လည္း တစ္ခ်က္ၿပံဳးလိုက္ကာ.......

Li-ဟုတ္ကဲ့ပါ Lisa ကတိေပးပါတယ္။Chae ကို Lisa ေပ်ာ္ေအာင္ ထားမွာပါ။

Yeol-ေက်းဇူးပါ

နွစ္နွစ္ကာကာ ၿပံဳးျပကာ ေက်းဇူးတင္စကား ဆိုလာတဲ့ ဆာဂ်င္Yeol ကို Lisa လည္း လႈိက္လႈိက္လွဲလွဲ ျပန္ၿပံဳးျပလိုက္ ေတာ့သည္။

ဆာဂ်င္ Yeol က စင္ေအာက္ကို ျပန္ဆင္းသြားေတာ့ ဖာသာ က မဂၤလာ က်မ္းသိစၥာ က်ိန္ဆို မႈကို စတင္ေတာ့သည္။

ဖာသာ-သတို႔သမီး Lalisa သည္ ဇနီးေလာင္း ျဖစ္သူ Park Chae Young အေပၚ ဆင္းရဲသည္ ျဖစ္ေစ ခ်မ္းသာသည္ ျဖစ္ေစ က်န္းမာသည္ ျဖစ္ေစ မက်န္းမာသည္ ျဖစ္ေစ သန္စြမ္းသည္ ျဖစ္ေစ မသန္စြမ္းသည္ ျဖစ္ေစ သစၥာရွိစြာ ရိုးေျမက်ေပါင္းသင္းနိုင္ပါ မည္ေလာ။

ဖာသာရဲ႕ အေမးေၾကာင့္ Lisa ရဲ႕ ေခါင္းထဲမွာ ပထမဆံုး ၀င္လာတဲ့ အေတြးက သူက Unnie လို႔ ေခၚလိုက္လို႔ အရမ္းေပ်ာ္ကာ ခပ္လြင္လြင္ ရီေနတဲ့ Ruby ရဲ႕ မ်က္နွာေလး။

Lisa လည္း ၀င္လာတဲ့ အေတြးေတြကို ေခါင္းကို မသိမသာ ခပ္ဆတ္ဆတ္ေလး ခါကာ ေမာင္းထုတ္လိုက္ၿပီး ဖာသာ ရဲ႕အေမးကို ျပန္ေျဖဖို႔သာ ႀကိဳးပမ္း လိုက္ေတာ့သည္။

Li-ဟုတ္ကဲ့ ေပါင္းသင္းနိုင္ပါတယ္။

ဖာသာ-သတို႔သမီး Park Chae Young သည္ ဇနီးေလာင္း ျဖစ္သူ Lalisa အေပၚ ခ်မ္းသာ သည္ျဖစ္ေစ ဆင္းရဲသည္ ျဖစ္ေစ။က်န္းမာသည္ ျဖစ္ေစ မက်န္းမာသည္ျဖစ္ေစ။သန္စြမ္းသည္ ျဖစ္ေစ မသန္စြမ္းသည္ ျဖစ္ေစ သစၥာရွိစြာ ရိုးေျမက် ေပါင္းသင္း နိုင္ပါမည္ေလာ။

Chae က ဖာသာ အေမးကို မေျဖေသးဘဲ Lisa  ဆီကို ေနာက္ထပ္ ေျခ၂ လွမ္းေလာက္ တိုးကပ္သြားကာ Lisa တေယာက္ တည္းသာ ၾကားနိုင္ေလာက္ေတာ့ ေလသံ ခပ္ေအးေအး ေလးျဖင့္........။

Chae-ခုခ်ိန္ဆို Ruby ကို လည္း Ruby တို႔ မဂၤလာပြဲ မွာရွိ တဲ့ ဖာသာ က Ruby ကို ငါ့ကိုေမးသလိုမ်ိဴးပဲ Kai နဲ႔ ေပါင္းနိုင္မလားလို႔ ေမးေနေလာက္ၿပီ ထင္တယ္။

Chae ရဲ႕ စကားေၾကာင့္ Lisa ေခါင္းထဲ ဒိန္းခနဲ ျဖစ္သြားေတာ့သည္။

* Ruby ကို အဲ့လိုေမးရင္ Ruby က ဘယ္လို ျပန္ေျဖမွာလဲေပါင္းသင္း နိုင္ပါတယ္ လို႔ ေျဖမွာလား။ဟာ.....သူမွ Kai ကိုမခ်စ္တာ ဘယ္ေျဖမလဲ။ဒါေပမယ့္ လက္ခံလို႔ပဲ မဂၤလာပြဲက ျဖစ္လာတာမလား။မသိေတာ့ဘူးဟာ.....Lalisa စိတ္ေလ်ာ့ခု Chae နဲ႔ လက္ထပ္ပြဲကို ပဲ အာရံုစိုက္*

Lisa လည္း ေခါင္းထဲ က အေတြးေတြ အားလံုးကို အျမန္ဆံုးရွင္းထုတ္ ျပစ္လိုက္ကာ.......

Li-ငါ့ကို စ မေနဘဲ ဖာသာ ေမးတာကိုသာ ျပန္ေျဖ လိုက္စမ္းပါ။

ေ၀ခြဲမရတဲ့ ပံု နဲ႔ သိသိသာသာ ပ်က္ယြင္းေနတဲ့ Lisa ပံုစံကို ၾကည့္ၿပီး Chae ၿပံဳးလိုက္မိသည္။ၿပီးကာမွ.......

Chae-ဟုတ္ကဲ့ ေပါင္းသင္းနိုင္ပါတယ္။

ဖာသာ-သတို႔သမီး Lalisa သည္ ဇနီးေလာင္း Park ChaeYoung ကို ဇနီးမယား အျဖစ္ လက္ခံပါသလား။

Li-ဟုတ္ကဲ့ လက္ခံပါတယ္။

Lisa လည္း မ်က္စိ စံုမႈိတ္ခ်ကာ လက္ခံေၾကာင္း ျပန္ေျဖ လိုက္ေတာ့သည္။

ဖာသာ-သတို႔သမီး Park Chae Young သည္ ဇနီးေလာင္း Lalisa ကို ဇနီးမယား အျဖစ္ လက္ခံပါသလား။

Chae-လက္မခံပါဘူး။

Chae အေျဖေၾကာင့္ ဧည့္သည္ေတြေရာ တပ္ရင္းက လူေတြအပါအ၀င္ Lisa နဲ႔ ဖာသာ ပါ အံ့ၾသ သြားေတာ့သည္။

Li-နင္ ဘယ္လို ေျဖလိုက္တာလဲ Chae။ဒါ ေနာက္စရာ မဟုတ္ဘူးေနာ္။

Lisa လည္း ခပ္အုပ္ အသံျဖင့္ အံႀကိတ္ကာ Chae ၾကား နိုင္ေလာက္တဲ့ အသံအေနအထား နဲ႔ Chae ကို ေျပာလိုက္ေတာ့သည္။

Chae- ငါ ေနာက္ေနတဲ့ ပံု ေပါက္ေနလို႔လား။နင္ စဥ္းစားၾကည့္ ငါ့ကို နင္ မခ်စ္ဘဲ လက္ထပ္ရမွာ မလို႔ နင္ ေပ်ာ္မေနဘူး မလား။ဒါေတာင္ ငါက နင္နဲ႔ ရင္းနွီးတဲ့ နင့္ အမ နင့္ သူငယ္ခ်င္း။Ruby လက္ထပ္ရမဲ့ သူက Kai ။Ruby မခ်စ္တဲ့သူ ဘယ္လိုမွ ၾကည့္မရတဲ့ သူ နင္ သူ႔ေနရာက ၀င္စဥ္းစားၾကည့္စမ္း။ဒီေန႔ ၿပီးရင္ ညဘက္က် သူ႔ဘ၀ ဘယ္လို ျဖစ္မလဲ နင္ စဥ္းစားၾကည့္စမ္း။ခုခ်ိန္ေလာက္ဆို သူတို႔လည္း မဂၤလာက်မ္းသစၥာ က်ိန္ဆိုေနေလာက္ၿပီ သြားပါ Lili ရယ္ Ruby ဆီသြားပါ။ခုခ်ိန္ဆိုရင္ နင္ မွီပါေသးတယ္။Minatozaki ျဖစ္ေနတာ Ruby ရဲ႕ အျပစ္ မဟုတ္ပါဘူးဟယ္။သြားပါ နင့္ဘ၀ မွာ အႀကီးဆံုး ေနာင္တမရခင္ နင္ သြားပါ။Ruby ဆီ သြားပါ တခါေလာက္ နွလံုးသားေလးက ေ႐ြးခ်ယ္တာကို လက္ခံ လိုက္စမ္းပါ။

Lisa လည္း Chae စကားေၾကာင့္ Chae ကို ဆြဲဖက္ လိုက္သည္။Chae နား နားကိုကပ္ကာ.........

Li-ေက်းဇူးတင္ပါတယ္ Chae ရယ္။ငါ့ကို အျမင္မွန္ရေအာင္ကူညီေပးခဲ့လို႔။

ေျပာၿပီး Chae ရဲ႕ ပါးေလးကုိ နမ္းကာ စင္ေအာက္ကို ေျပးဆင္းသြားၿပီး ဘုရားေက်ာင္း အျပင္ကို ေျပးထြက္သြားေတာ့သည္။တပ္ရင္းက ဆာဂ်င္ Yeol အပါအ၀င္ က်န္တဲ့ အရာရွိေတြက လိုက္တားဖို႔ ျပင္ေပမယ့္ Chae ရဲ႕ စကားေၾကာင့္ လိုက္မတား ၾကေတာ့ေပ။

Chae-လိုက္မသြားၾကနဲ႔ Chae လႊတ္လိုက္တာ သူ႔ လြတ္လြတ္ လပ္လပ္ ပ်ံသန္းပါေစ။

ဘုရားေက်ာင္း က စ ထြက္ေျပးလာကတည္းက စီးထားတဲ့ေဒါက္ဖိနပ္က သူ႔ကို အေတာ္ ဒုကၡေပးေနေပမယ့္ ဂရုမစိုက္အားပဲ Ruby ဆီကို သာ အေျပးလာ ေနမိေတာ့သည္။သို႔ေသာ္ ဖိနပ္ႀကိဳး နဲ႔ ေျခခံုနဲ႔ ခနခန ပြတ္တိုက္မိတာ ေၾကာင့္ပြန္းၿပီး စပ္လာတာေရာ ေဒါက္ေၾကာင့္ ျမန္ျမန္ေျပးမရတာေၾကာင့္ပါ ဖိနပ္ကို ခြၽတ္လိုက္ၿပီး လက္ကကိုင္ လိုက္ေတာ့သည္။ၿပီးေတာ့ Bodyfit မဟုတ္ေပမယ့္ Bodyfit နီးပါးၾကပ္တဲ့ ဂါ၀န္စ ကို မ ကာ Ruby ရွိရာသို႔ ဆက္ေျပးေနေလရဲ႕ သူ႔ပံုစံက ၾကည့္ရတာ ဘယ္လို ၾကည့္ ၾကည့္ ကိုးယို႔ကားယား နိုင္တာ သိေပမယ့္ ဘာကိုမွ အေလးမထားနိုင္ေတာ့ဘဲ Ruby ရွိရာကိုသာ ဦးတည္ ေျပးလိုက္မိေတာ့သည္။

* Flash End

Mr,Ruby-အဲ့တာနဲ႔ပဲ မဂၤလာေဆာင္ကို ေရာက္လာၿပီး ကန္႔ကြက္လိုက္တယ္ ဆိုပါေတာ့

Li-ဟုတ္ပါတယ္ အန္ကယ္

Mr,Ruby-အဲ့တာဆို သမီး Ruby ခ်စ္ရတဲ့ သူဆိုတာ သမီးLisa ေပါ့ ဟုတ္လား။

Ruby-ဟုတ္ပါတယ္ ေဖေဖ

Mr,Ruby-ဒါဆို အရင္တုန္းက သမီး Ruby ကို ျငင္းခဲ့ရတာလဲ။

Li-အဲ့တာက ေစာနက သမီး ရွင္းျပတုန္းက ပါခဲ့သလိုပဲ Ruby ေကာ သမီးပါ မိန္းကေလးေတြ ျဖစ္ေနလို႔ပါ။

* Mr,Ruby ကို အမွန္တိုင္း ရွင္းျပခဲ့ေပမယ့္ Chae ေျပာခဲ့တဲ့ Ruby ကို လက္မခံတာက Minatozaki ျဖစ္ေနလို႔လား ဆိုတဲ့ စကားနဲ႔ Minatozaki ျဖစ္ေနတာ Ruby အျပစ္ မဟုတ္ပါဘူးဟယ္ ဆို တဲ့ စကားေတြကိုေတာ့ Ruby က မိန္းကေလး ျဖစ္ေနလို႔လား နဲ႔ မိန္းကေလးျဖစ္တာ အျပစ္မဟုတ္ပါဘူး ဆိုၿပီး Lisa ေျပာင္းၿပီး ေျပာျပလိုက္တာပါ*

Mr,Ruby-ေနာက္ဆံုးေတာ့ သမီး Chae ရဲ႕ ေကာင္းမႈေၾကာင့္ ရင္ထဲက အခ်စ္ေတြ မခံနိုင္ေတာ့ဘဲ ပြင့္အံထြက္လာတယ္ ဆိုပါေတာ့။

Li-ဟုတ္ပါတယ္ အန္ကယ္။

Mr,Ruby-Ruby ေလး ဒီလိုျဖစ္သြားေတာ့ သမီးေလး ေပ်ာ္ရဲ႕လား။

Ruby-ဟုတ္ကဲ့ တကယ္ေပ်ာ္ပါတယ္။

Mr,Ruby-အင္း ေပ်ာ္ရင္ရၿပီ သမီးေလး ေပ်ာ္ရင္ ရၿပီ။ေမာင္ရင္ Kai တို႔ဘက္က ကိစၥကိုေတာ့ ေဖေဖပဲ ၾကည့္ရွင္းလိုက္ပါ့မယ္ အေရးႀကီတာ ေဖေဖ့ သမီးေလး ေပ်ာ္ဖို႔။

Ruby-ဟုတ္ကဲ့ ပါ ေဖေဖ ေက်းဇူးတင္ပါတယ္။

Ruby လည္း ေျပာၿပီး ေနရာကေန ထၿပီး မ်က္ရည္ စမ္းစမ္း စမ္းစမ္း နဲ႔ Mr,Ruby ကို ေျပးဖက္ေလရဲ႕။

Mrs,Ruby-ရွင္ တို႔ သားအဖပဲ ဖက္ေနတာ ကြၽန္မ က် မေခၚဘူးေပါ့။

Mrs,Ruby က မ်က္ေစာင္းထိုးကာ စိတ္ေကာက္ခ်င္ေယာင္ေဆာင္ျပေတာ့ Mr,Ruby နဲ႔ Ruby က ရီကာ Mrs,Ruby ကို သူတို႔ ၂ ေယာက္ၾကား ဆြဲသြင္းကာ ဖက္ထား လိုက္ေတာ့သည္။

Sa-ေဟး.....ေဟး Sa လည္း ပါမယ္ေလ။အဲ့လို ခြဲျခား ခြဲျခားမလုပ္နဲ႔။

ေျပာၿပီး Sana ကပါ ေျပး၀င္လာေတာ့ Sana ရဲ႕ ေခါင္းကိုRuby ကို ခပ္ဖြဖြေလး ပြတ္လိုက္ၿပီး Ruby က Mr,Ruby ရဲ႕ ရင္ခြင္ထဲ ၀င္ကာ Mrs,Ruby ရဲ႕ ရင္ခြင္ထဲကို Sana က၀င္လိုက္ေတာ့သည္။Mrs,Ruby ရဲ႕ ပခံုးေလးကို Mr,Ruby ကလည္း ခပ္တင္းတင္းေလး ဖက္ထား လိုက္တာေၾကာင့္ မိသားစုေလး ကို ျမင္ေနရတဲ့ ျမင္ကြင္းက သိပ္ၾကည္ႏူးစရာ ေကာင္းလြန္းပါတယ္။

Ji-သူတို႔ေတာင္ ဖက္ေသးတာပဲ လာ တို႔ေတြလည္း ဖက္ၾကမယ္ လာ။

ေျပာၿပီး မတ္တပ္ထရပ္ကာ Chae နဲ႔ Tzuyu ကို လက္ကဆြဲၿပီး ဟိုဘက္ တစ္ဖက္ ဒီဘက္ တစ္ဖက္ ပခံုးကို မမွီမကန္း လွမ္း ဖက္ေလရဲ႕။

အရွည္ႀကီး ၂ ေယာက္ၾကား jiji တေယာက္ မမွီမကန္း ျဖစ္ေနတာက တကယ္ရီစရာ ေကာင္းတာေၾကာင့္ က်န္တဲ့ သူေတြကတခိခိ နဲ႔ ရီေနၾကေလရဲ႕။

Ji-Lalisa ငါ ထိုးတာ ခနခန ခံရတဲ့ တေယာက္ လာ ရီမေနနဲ႔ဖက္မယ္ လာခဲ့။

Jiji က ေခၚတာေၾကာင့္ Lisa လည္း ၿပံဳးၿပီး သြားကာ ဖက္လိုက္ေတာ့သည္။ထို႔ေနာက္ Lisa က Tzuyu နဲ႔ Chae ကို မ်က္စ တစ္ခ်က္ ပစ္လိုက္တာေၾကာင့္ က်န္တဲ့ ၂ ေယာက္က အထာေပါက္ၿပီး Jiji ကို ဟိုဘက္ က တစ္ဖက္ ဒီဘက္ က တစ္ဖက္ ဆြဲမလိုက္ေလရဲ႕။

ဟို ၂ ေယာက္ ဆြဲမလိုက္တာေၾကာင့္ Jiji မွာ ေျခေထာက္ နဲ႔ေျမႀကီး မထိပဲ ယက္ကန္ ယက္ကန္ ျဖစ္ေနေလရဲ႕။Lisa က ယက္ကန္ ယက္ကန္ ျဖစ္ေနတဲ့ jiji ရဲ႕ ေျခေထာက္ကို မ လိုက္ကာ ၿခံထဲကို ဦးတည္လိုက္ေတာ့သည္။

Li+Chae+Tzuyu- ေတာင္းပန္ပါတယ္ အရမ္းခ်စ္တယ္ေနာ္ Jiji Unnie ေရ။

၃ေယာက္သား ၿပိဳင္တူ ေအာ္ၿပီး Jiji ကို ၿခံထဲမွာ ရွိတဲ့ ေရကန္ထဲကို ပစ္ခ်လိုက္ေတာ့သည္။

Ji-Yarrr Lalisa နင့္ကို ငါသတ္မယ္

ေရေတြစိုၿပီး ႂကြက္စုတ္ ျဖစ္ေနတဲ့ Jiji က Lisa ကို ႀကိမ္းေနတာ ကို ၾကည့္ၿပီး Ruby တို႔ မိသားစု ေရာ Lisa , Chae နဲ႔ Tzuyu ပါ တခစ္ခစ္ နဲ႔ ရီေနၾကေတာ့သည္။

Ji-ရီၾကပါ ရီၾကပါ သူမ်ား ျဖစ္ေနတာကို ရီရတာမလား။

All-ဟား....ဟား....ဟား

Jiji က မ်က္ေစာင္းထိုးကာ ေျပာေတာ့မွ အကုန္လံုးရဲ႕ ရီသံေတြဟာ ပိုလို႔ပင္ က်ယ္ေလာင္သြားေတာ့သည္။

~~~~~~~~~~~~~~~~~~~~~~~~~~~~

Ji-ထိုင္ေနတာ ၾကာၿပီလား

Mr,Ruby တို႔ အိမ္ေရွ႕က ဒန္းေပၚမွာ ထိုင္ေနတဲ့ Chae ကိုjiji ေဘးမွာ ၀င္ထိုင္ၿပီး ေမးလိုက္ျခင္းျဖစ္သည္။

Chae-သိပ္မၾကာေသးပါဘူး။ေရကန္ထဲ ျပစ္ခ်တာကို စိတ္မဆိုး နဲ႔ေနာ္။ဆံပင္ေတြက ေရေျခာက္ၿပီလား။

Ji-ရပါတယ္ Chae ရဲ႕ jiji က Chae ကို စိတ္မဆိုး တတ္ပါဘူး။ဆံပင္က ေရေျခာက္ေနပါၿပီ။

Chae-ဟီးဟီး အင္းပါ။

Ji-ဘာလို႔ Lisa ကို Ruby ဆီေရာက္ေအာင္ အတင္းႀကိဳးစားခဲ့တာလဲ။

Chae-Lili ကို ေပ်ာ္ေစခ်င္လို႔ပါ။

Ji-တျခား အေၾကာင္းျပခ်က္ေကာ ရွိေသးလား။

Chae-Jiji ဘယ္လိုထင္လဲ

Ji-. . . . . . . . . အဲ့ ကိစၥ ေၾကာင့္ေကာ မပါဘူးလား။

jiji ေမးလိုက္တဲ့ စကားတစ္ခြန္းေၾကာင့္ Chae တစ္ျခား ဘက္ကို ၾကည့္ေနရာကေန Jiji ဘက္ကို အံ့ၾသစြာ လွည့္ၾကည့္ လိုက္မိေတာ့သည္။

❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️

Up ေပးလိုက္ပါၿပီေနာ္။ဥထားနဲ႔ ေဒါက္တာ အန္တီ ကို ဖတ္ေနလို႔ တစ္ရက္ ေနာက္က်သြားတာ မီယားနဲပါ။ေနာက္Fic အသစ္ေတြေရးလို႔ေလ BlackPink မဟုတ္ရင္ေရာ အားေပးၾကမွာလားဟင္။Feedback ေလး ေရးသြားေပးၾကပါအံုးရွင့္💚

Readers တို႔ကို အရမ္းခ်စ္ပါတယ္Readers ေတြကို အရမ္းခ်စ္တဲ့Tu Nhai Kha#💚

. . . . . . . . . . . . . . . . . . . . . . . . . .. . . . . . . . . . .

Love and Loyaltyအချစ် နဲ့ သစ္စာp

For Uni😘

ငယ်ငယ်တုန်းက ဆိုရင်လေ ကိုယ်လုပ်ချင်ပေမယ့် လူကြီးတွေ မကြိုက်လို့ မလုပ်ရတဲ့ အရာကို ခိုးလုပ်တာပဲ ဖြစ်ဖြစ် တစ်နည်းနည်း နဲ့ မဖြစ်ဖြစ်အောင် လုပ်လိုက်ရရင် ပျော်တယ်မလား။ဒါပေမယ့် လူကြီးတွေက သိသွားပြီး ဆူဖို့ ဆုံးမဖို့သူတို့ ရှေ့ကို ခေါ်ရင် သူတို့ ရှေ့ကို သွားပြီး မျက်နှာငယ်လေးနဲ့ ခေါင်းလေး ငိုက်ဆိုက် ကျပြီး နေဖူးတယ်မလား။

အခုလည်း Mr,Ruby နဲ့ Mrs,Ruby တို့ ရှေ့တည့်တည့်က မှန် စားပွဲရှည်လေး တခုပဲ ခြားတဲ့ armchair အရှည်ပေါ်မှာ တယောက်လက်ကို တယောက် တင်းကြပ်စွာ ဆုပ်ကိုင်ထားကာ ခေါင်းလေးတွေ ကိုယ်စီ ငုံကာ ထိုင်နေကြတော့သည်။Jiji နဲ့ Chae ကတော့ သူတို့ဘေးက နောက်ထပ်armchair အရှည် တခု ပေါ်မှာ ထိုင်နေလေရဲ့။Jiji နဲ့ Chae တို့နောက်မှာ Lisa နဲ့ Chae တို့ အတူ ပါလာတဲ့Tzuyu နဲ့ Sana က မတ်တပ်ရပ်နေကြတော့သည်။

လူ ၈ ယောက်တောင် ရှိသော ဧည့်ခန်းလေးသည် အပ်ကျသံပင် မကြားရလောက်အောင် ငြိမ်သက်နေလေရဲ့။ဘယ်သူမှလည်း စကား မဟရဲ ကျသလို ဘယ်သူစကား စပြောမလဲ ကိုသာ စောင့်နေကြတော့သည်။

တော်တော်ကြာကြာ စောင့်နေသော်လည်း ဘာသံမှ မကြားရတာကြောင့် အားလုံးရဲ့ စိုးရိမ်စိတ်က အတိုင်းထက် အလွန် ဖြစ်နေပြီ ဖြစ်သည်။တိတ်ဆိတ်ငြိမ်သက်လွန်း တာကြောင့် အခန်းထဲက သူတွေမှာ ကျောရိုးထဲကပင် စိမ့်စိမ့် တက်လာကာ ချမ်းလာသည်ဟုပင် ထင်နေရတော့သည်။နောက်မှ မတ်တပ်ရပ်နေတဲ့ Sana နဲ့ Tzuyu ကတော့ အတော် ညောင်းနေပြီ ဖြစ်သော်လည်း စိုးရိမ်စိတ် နဲ့ ကြောက်စိတ်ကြောင့် နည်းနည်းလေးပင် မလှုပ်ရဲကြ။

Mr,Ruby-ဘယ်လိုဖြစ်ကြ တာလဲ။

ချမ်းစိမ့်စိမ့် ဖြစ်နေတဲ့ လွန်စွာမှ တိတ်ဆိတ်ငြိမ်သက် နေတဲ့ အခန်း ထဲတွင် Mr,Ruby ရဲ့ အေးစက် မာကျောသော မေးခွန်းသံကြောင့် ပိုလို့ပင် တိတ်ဆိတ် ခြောက်သွေ့ပြီး အေးစက် လာတော့သည်။ဘယ်သူမှလည်း Mr,Ruby မေးတာကို မဖြေရဲကြ ဘယ်သူ ဖြေမလဲသာ တယောက်ကို တယောက် စောင့်နေကြတော့သည်။

Mr,Ruby-ဟ....ငါမေးတာကို ဖြေကြပါအုံးဟ။မင်္ဂလာပွဲ ကို လာ တား တုန်းက သမီး ဒီလိုမဟုတ်ဘူးနော် Lisa။Lisaအပေါ် ပြေးခုန်တက်သွား တုန်းကလည်း သမီး ဒီလို ခေါင်းကြီး ငုံ့ပြီး ဘာမှ မပြောဘဲ နေတာ မဟုတ်ဘူးနော် Ruby။ပြီးတော့ သမီး Sana သမီး Jiji သမီး တို့ ၂ ယောက်လည်း လက်ခုပ်တွေ တီး လက်ခေါက်တွေ မှုတ် ပျော်ရွှင်လို့ပါ။ဟုတ်တယ်မလား။

တယောက်မကျန် ပတ်ပြောနေတဲ့ Mr,Ruby ကြောင့် Lisa ရှင်းပြဖို့ပဲ ဆုံးဖြတ်လိုက်တော့သည်။ဟုတ်တယ်....သူမ Ruby အတွက် သတ္တိရှိရမယ်။

Li-ဒီလိုပါ အန်ကယ်.....။

အားလုံး ဘယ်သူမှ ခေါင်းတောင် မမော့ရဲတဲ့ အချိန် Mr,Ruby ကို ဖြေရှင်းချက် ပေးဖို့ Lisa က စကား အစချီ လိုက်တော့ အားလုံးရဲ့ attention က Lisa ဆီသို့ ကျရောက်သွားတော့သည်။

* Flash back

Chae ကို မိတ်ကပ်ပြင်ပေးပြီးတော့ ဆံပင် ပြင်ဖို့ ကျန်သေးတဲ့ Lisa က မိတ်ကပ်ဆရာ ရဲ့ အလိုကျ ဆံပင်ပြင်တဲ့ ခုံပေါ်မှာ ထိုင်နေလေရဲ့။မျက်နှာကတော့ မသိမသာ ပျက်ယွင်းနေတာကြောင့် သိပ်မသိသာပေမယ့် Lisa မျက်နှာကို အရိပ်တကြည့်ကြည့် နဲ့ ကြည့်တတ်တဲ့ Chae ကတော့ ကောင်းကောင်းကို သတိထားမိသည်။ငူငူငိုင်ငိုင်ကြီး ထိုင်နေတဲ့ ပုံကမသိရင် မလိုချင်တဲ့သူက အိမ်က အတင်းပေးစားလို့ ယူလိုက်ရတဲ့ ဆယ်ကျော်သက် ကောင်မလေး လိုပင်။

ဒီလိုကြီး ငူငူငိုင်ငိုင် ကြီး ဖြစ်နေပြီး မျက်နှာ မကောင်းတာကူဒီနေ့မှ မဟုတ်ဘဲ လွန်ခဲ့တဲ့ လေးယာက်လောက် ကတည်းက ဖြစ်တော့သည် တိတိ ကျကျ ပြောရရင် Chae နဲ့ Mrs,Ruby တို့ အကျီ ဆိုင်ကပြန်လာ ကတည်းကပေါ့။Chae လည်း မင်္ဂလာပွဲကိစ္စ နဲ့ ရော တပ်ရင်းမှာ ၃ ယောက်လောက်အထက်လန်အောက်လျော ဖြစ်တာကြောင့်ပါ အလုပ်တွေ ရှုပ်နေလို့ Lisa ကို စကား ကောင်းကောင်း မပြောဖြစ် မမေးဖြစ်ခဲ့ပါ။ခုတော့ ဆံပင်ပြင်နေတဲ့ Lisa ရဲ့ မျက်နှာကိုမြင်နေရတာ ဘယ်လိုမှ အဆင်မပြေတော့တာမလို့ နီးစပ်ရာခုံ တစ်ခုံကို ဆွဲကာ Lisa ရှေ့မှာ ထိုင်လိုက်တော့သည်။

Chae-မာမီ....သမီး Lili နဲ့ စကား ခန ပြောချင်လို့။

Make up artist-အေးအေး သမီးပြော။မာမီ ဟိုဘက်မှာရှိနေမယ် ပြီးရင် ခေါ်လိုက်။

Chae-ဟုတ် ကျေးဇူး မာမီ။

Chae လည်း မိက်ကပ်ဆရာ မာမီကြီးကို ပြုံးပြလိုက်ပြီး မာမီကြီး ထွက်သွားမှ Lisa ရဲ့ လက်တစ်စုံကို သူ့လက်တစ်စုံနဲ့ နူးညံ့စွာ အကြင်နာ အပြည့်နဲ့ အပေါ်ကနေ အုပ်မိုး ကိုင်လိုက် တော့သည်။

Chae က လက်ကို ကိုင်လိုက်မှ Lisa လည်း ဆက်ခနဲ တုန်တက်သွားပြီး ခုမှ အသိဝင်လာတဲ့ သူလို သူ့ရှေ့မှာ ထိုင်နေတဲ့Chae ကို အံ့သြစွာ မျက်လုံးလေးပြူး ပြီး ကြည့်လိုက်တော့သည်။ကြည့်ရတာ စောနကအထိ Chae သူ့အရှေ့ကို ရောက်နေတာ Lisa မသိဘူး ထင်ပါရဲ့။

Chae-နင် ဘာတွေ ဖြစ်နေတာလဲ Lili။နင့် စိတ်တွေ ဘယ်ကို ရောက်နေတာလဲ Lili။

Chae လည်း စကားသံကို အတက်နိုင်ဆုံး လျော့ပြီး အနူးညံ့ဆုံး ဖြစ်အောင် အကြင်နာ အပြည့်နဲ့ မေးလိုက်တော့သည်။

Li-ဘာ....ဘာမှမဖြစ် ပါဘူး Chae ရဲ့။

Chae လည်း Lisa ရဲ့ စကားကြောင့် သက်ပြင်းတစ်ချက် ကိုဖြေးညှင်းစွာ ချ လိုက်ပြီး စကားဆက်ပြောလေရဲ့။

Chae-ဟုတ်တယ်မလား Lili လက်ထပ်ပွဲကြောင့် မလား။နင် ဘာလို့ ကိုယ့်ကိုယ်ကို ညှဉ်းဆဲနေရတာလဲ Lili ရယ်။လက်ထပ်ပွဲကို ဖျက်လိုက်စမ်းပါ။တစ်ဘလောက်တောင် မရှိတဲ့ နင့်ရဲ့ ဟိုဘက်ခြမ်းမှာ နင် ချစ်ရတဲ့ Ruby ရှိတယ်လေသတ္တိ ရှိရှိ နဲ့ သွားလိုက် စမ်းပါ။

Li-မဖြစ်နိုင်တာကို မပြောနဲ့ Chae။ဒီနေ့က နင့် နဲ့ ငါ ရဲ့ လက်ထပ်ပွဲ နင်ကလွဲလို့ ဘယ်သူ့ဆီကို မှ ငါမသွားဘူး။နင်ငါ့ကို ဘယ်လောက် အနစ်နာခံနိုင်တယ် ပြောပြော နင့်မှာလည်း အရှက် နဲ့ သိက္ခာ ရှိသေးတယ် ဆိုတာ ငါသိတယ်

Chae-Ruby ကို ငြင်းခဲ့တာ Ruby ဟာ Minatozaki Ruby ရဲ့ သမီး တယောက်ဖြစ်နေလို့ ဆိုတဲ့ အချက်ကြောင့်လား Lili။

Li-Chae......ငါ.....။

Chae-နင် ငါ့ကို အလေးထားရင် ဒါလေးတော့ အမှန်အတိုင်း ဖြေပေးပါ။

Li-ဟူး....ဟုတ်တယ် Chae။အဲ့တာကြောင့်ပဲ။

Chae-နင် မတရားလိုက်တာ နင့်အတွက် နင်ကော သူ့အတွက်ကော။

Li-ဒါတွေ မပြောဘဲ နေရအောင်လား Chae။မာမီ ရေ လာလို့ ရပြီ Lisa ကို ဆက်ပြင်ပေးတော့။

Make up artist-အေးအေး လာပြီ သမီးရေ။

Chae လည်း သူပြောနေတာကို နားမထောင်တော့ဘဲ စကားလမ်းကြောင်း လွှဲသွားတဲ့ Lisa ကို ကြည့်ရင်း သက်ပြင်းအရှည်ကြီး တစ်ချက်သာ ချမိလိုက်တော့သည်။

~~~~~~~~~~~~~~~~~~~~~~

မင်္ဂလာ အချိန် နီးလာပြီမလို့ Lisa က ဘုရားကျောင်းထဲ အရင်ဝင်သွားကာ စင်ပေါ်ကို တက်လာပြီး နောက်ထပ်ဝင်လာမဲ့Chae ကို ဖာသာ နဲ့ အတူ စင်ပေါ်မှာ စောင့်နေလေရဲ့။

မကြာမှီ အချိန် အတွင်း ဆာဂျင် Chanyeol လက်ကို ချိတ်ကာ ဘုရားကျောင်းအတွင်း မင်္ဂလာဝတ်စုံလေး နဲ့ ဝင်လာတဲ့ Chae က တကယ် နတ်သမီး ရှုံးလောက်အောင် လှတယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်တဲ့ အမှန်တရားတခုပင် ဖြစ်တော့သည်။

Lisa ရော Chae ကပါ မိဘ မဲ့တွေ ဖြစ်ကြတဲ့ အတွက် သတို့သမီး အပ်ဖို့ရာ Lisa တို့ရဲ့ အကိုအရင်း လို ဖြစ်နေတဲ့ဆာဂျင် Yeol ကို ပဲ အကူအညီတောင်း ကြရတော့သည်။ပထမတော့ ဆာဂျင်က ငြင်းပေမယ့် နောက်ဆုံးတော့ Lisa တို့ အတင်း ဝိုင်းပြောတာကြောင့် ကြည်နူးစွာ လက်ခံလိုက်တော့သည်။

Yeol-ဗိုလ်မှူး....ကျွန်တော့် ညီမလေး ဆေးဗိုလ်ကြီးကို ပျော်အောင် ထားပါနော်။

အနားလေးကို တိုးတိုးလေး ကပ်ပြောတဲ့ ဆာဂျင် Yeol ရဲ့ စကားကြောင့် Lisa လည်း တစ်ချက်ပြုံးလိုက်ကာ.......

Li-ဟုတ်ကဲ့ပါ Lisa ကတိပေးပါတယ်။Chae ကို Lisa ပျော်အောင် ထားမှာပါ။

Yeol-ကျေးဇူးပါ

နှစ်နှစ်ကာကာ ပြုံးပြကာ ကျေးဇူးတင်စကား ဆိုလာတဲ့ ဆာဂျင်Yeol ကို Lisa လည်း လှိုက်လှိုက်လှဲလှဲ ပြန်ပြုံးပြလိုက် တော့သည်။

ဆာဂျင် Yeol က စင်အောက်ကို ပြန်ဆင်းသွားတော့ ဖာသာ က မင်္ဂလာ ကျမ်းသိစ္စာ ကျိန်ဆို မှုကို စတင်တော့သည်။

ဖာသာ-သတို့သမီး Lalisa သည် ဇနီးလောင်း ဖြစ်သူ Park Chae Young အပေါ် ဆင်းရဲသည် ဖြစ်စေ ချမ်းသာသည် ဖြစ်စေ ကျန်းမာသည် ဖြစ်စေ မကျန်းမာသည် ဖြစ်စေ သန်စွမ်းသည် ဖြစ်စေ မသန်စွမ်းသည် ဖြစ်စေ သစ္စာရှိစွာ ရိုးမြေကျပေါင်းသင်းနိုင်ပါ မည်လော။

ဖာသာရဲ့ အမေးကြောင့် Lisa ရဲ့ ခေါင်းထဲမှာ ပထမဆုံး ဝင်လာတဲ့ အတွေးက သူက Unnie လို့ ခေါ်လိုက်လို့ အရမ်းပျော်ကာ ခပ်လွင်လွင် ရီနေတဲ့ Ruby ရဲ့ မျက်နှာလေး။

Lisa လည်း ဝင်လာတဲ့ အတွေးတွေကို ခေါင်းကို မသိမသာ ခပ်ဆတ်ဆတ်လေး ခါကာ မောင်းထုတ်လိုက်ပြီး ဖာသာ ရဲ့အမေးကို ပြန်ဖြေဖို့သာ ကြိုးပမ်း လိုက်တော့သည်။

Li-ဟုတ်ကဲ့ ပေါင်းသင်းနိုင်ပါတယ်။

ဖာသာ-သတို့သမီး Park Chae Young သည် ဇနီးလောင်း ဖြစ်သူ Lalisa အပေါ် ချမ်းသာ သည်ဖြစ်စေ ဆင်းရဲသည် ဖြစ်စေ။ကျန်းမာသည် ဖြစ်စေ မကျန်းမာသည်ဖြစ်စေ။သန်စွမ်းသည် ဖြစ်စေ မသန်စွမ်းသည် ဖြစ်စေ သစ္စာရှိစွာ ရိုးမြေကျ ပေါင်းသင်း နိုင်ပါမည်လော။

Chae က ဖာသာ အမေးကို မဖြေသေးဘဲ Lisa  ဆီကို နောက်ထပ် ခြေ၂ လှမ်းလောက် တိုးကပ်သွားကာ Lisa တယောက် တည်းသာ ကြားနိုင်လောက်တော့ လေသံ ခပ်အေးအေး လေးဖြင့်........။

Chae-ခုချိန်ဆို Ruby ကို လည်း Ruby တို့ မင်္ဂလာပွဲ မှာရှိ တဲ့ ဖာသာ က Ruby ကို ငါ့ကိုမေးသလိုမျိူးပဲ Kai နဲ့ ပေါင်းနိုင်မလားလို့ မေးနေလောက်ပြီ ထင်တယ်။

Chae ရဲ့ စကားကြောင့် Lisa ခေါင်းထဲ ဒိန်းခနဲ ဖြစ်သွားတော့သည်။

* Ruby ကို အဲ့လိုမေးရင် Ruby က ဘယ်လို ပြန်ဖြေမှာလဲပေါင်းသင်း နိုင်ပါတယ် လို့ ဖြေမှာလား။ဟာ.....သူမှ Kai ကိုမချစ်တာ ဘယ်ဖြေမလဲ။ဒါပေမယ့် လက်ခံလို့ပဲ မင်္ဂလာပွဲက ဖြစ်လာတာမလား။မသိတော့ဘူးဟာ.....Lalisa စိတ်လျော့ခု Chae နဲ့ လက်ထပ်ပွဲကို ပဲ အာရုံစိုက်*

Lisa လည်း ခေါင်းထဲ က အတွေးတွေ အားလုံးကို အမြန်ဆုံးရှင်းထုတ် ပြစ်လိုက်ကာ.......

Li-ငါ့ကို စ မနေဘဲ ဖာသာ မေးတာကိုသာ ပြန်ဖြေ လိုက်စမ်းပါ။

ဝေခွဲမရတဲ့ ပုံ နဲ့ သိသိသာသာ ပျက်ယွင်းနေတဲ့ Lisa ပုံစံကို ကြည့်ပြီး Chae ပြုံးလိုက်မိသည်။ပြီးကာမှ.......

Chae-ဟုတ်ကဲ့ ပေါင်းသင်းနိုင်ပါတယ်။

ဖာသာ-သတို့သမီး Lalisa သည် ဇနီးလောင်း Park ChaeYoung ကို ဇနီးမယား အဖြစ် လက်ခံပါသလား။

Li-ဟုတ်ကဲ့ လက်ခံပါတယ်။

Lisa လည်း မျက်စိ စုံမှိုတ်ချကာ လက်ခံကြောင်း ပြန်ဖြေ လိုက်တော့သည်။

ဖာသာ-သတို့သမီး Park Chae Young သည် ဇနီးလောင်း Lalisa ကို ဇနီးမယား အဖြစ် လက်ခံပါသလား။

Chae-လက်မခံပါဘူး။

Chae အဖြေကြောင့် ဧည့်သည်တွေရော တပ်ရင်းက လူတွေအပါအဝင် Lisa နဲ့ ဖာသာ ပါ အံ့သြ သွားတော့သည်။

Li-နင် ဘယ်လို ဖြေလိုက်တာလဲ Chae။ဒါ နောက်စရာ မဟုတ်ဘူးနော်။

Lisa လည်း ခပ်အုပ် အသံဖြင့် အံကြိတ်ကာ Chae ကြား နိုင်လောက်တဲ့ အသံအနေအထား နဲ့ Chae ကို ပြောလိုက်တော့သည်။

Chae- ငါ နောက်နေတဲ့ ပုံ ပေါက်နေလို့လား။နင် စဉ်းစားကြည့် ငါ့ကို နင် မချစ်ဘဲ လက်ထပ်ရမှာ မလို့ နင် ပျော်မနေဘူး မလား။ဒါတောင် ငါက နင်နဲ့ ရင်းနှီးတဲ့ နင့် အမ နင့် သူငယ်ချင်း။Ruby လက်ထပ်ရမဲ့ သူက Kai ။Ruby မချစ်တဲ့သူ ဘယ်လိုမှ ကြည့်မရတဲ့ သူ နင် သူ့နေရာက ဝင်စဉ်းစားကြည့်စမ်း။ဒီနေ့ ပြီးရင် ညဘက်ကျ သူ့ဘ၀ ဘယ်လို ဖြစ်မလဲ နင် စဉ်းစားကြည့်စမ်း။ခုချိန်လောက်ဆို သူတို့လည်း မင်္ဂလာကျမ်းသစ္စာ ကျိန်ဆိုနေလောက်ပြီ သွားပါ Lili ရယ် Ruby ဆီသွားပါ။ခုချိန်ဆိုရင် နင် မှီပါသေးတယ်။Minatozaki ဖြစ်နေတာ Ruby ရဲ့ အပြစ် မဟုတ်ပါဘူးဟယ်။သွားပါ နင့်ဘ၀ မှာ အကြီးဆုံး နောင်တမရခင် နင် သွားပါ။Ruby ဆီ သွားပါ တခါလောက် နှလုံးသားလေးက ရွေးချယ်တာကို လက်ခံ လိုက်စမ်းပါ။

Lisa လည်း Chae စကားကြောင့် Chae ကို ဆွဲဖက် လိုက်သည်။Chae နား နားကိုကပ်ကာ.........

Li-ကျေးဇူးတင်ပါတယ် Chae ရယ်။ငါ့ကို အမြင်မှန်ရအောင်ကူညီပေးခဲ့လို့။

ပြောပြီး Chae ရဲ့ ပါးလေးကို နမ်းကာ စင်အောက်ကို ပြေးဆင်းသွားပြီး ဘုရားကျောင်း အပြင်ကို ပြေးထွက်သွားတော့သည်။တပ်ရင်းက ဆာဂျင် Yeol အပါအဝင် ကျန်တဲ့ အရာရှိတွေက လိုက်တားဖို့ ပြင်ပေမယ့် Chae ရဲ့ စကားကြောင့် လိုက်မတား ကြတော့ပေ။

Chae-လိုက်မသွားကြနဲ့ Chae လွှတ်လိုက်တာ သူ့ လွတ်လွတ် လပ်လပ် ပျံသန်းပါစေ။

ဘုရားကျောင်း က စ ထွက်ပြေးလာကတည်းက စီးထားတဲ့ဒေါက်ဖိနပ်က သူ့ကို အတော် ဒုက္ခပေးနေပေမယ့် ဂရုမစိုက်အားပဲ Ruby ဆီကို သာ အပြေးလာ နေမိတော့သည်။သို့သော် ဖိနပ်ကြိုး နဲ့ ခြေခုံနဲ့ ခနခန ပွတ်တိုက်မိတာ ကြောင့်ပွန်းပြီး စပ်လာတာရော ဒေါက်ကြောင့် မြန်မြန်ပြေးမရတာကြောင့်ပါ ဖိနပ်ကို ချွတ်လိုက်ပြီး လက်ကကိုင် လိုက်တော့သည်။ပြီးတော့ Bodyfit မဟုတ်ပေမယ့် Bodyfit နီးပါးကြပ်တဲ့ ဂါဝန်စ ကို မ ကာ Ruby ရှိရာသို့ ဆက်ပြေးနေလေရဲ့ သူ့ပုံစံက ကြည့်ရတာ ဘယ်လို ကြည့် ကြည့် ကိုးယို့ကားယား နိုင်တာ သိပေမယ့် ဘာကိုမှ အလေးမထားနိုင်တော့ဘဲ Ruby ရှိရာကိုသာ ဦးတည် ပြေးလိုက်မိတော့သည်။

* Flash End

Mr,Ruby-အဲ့တာနဲ့ပဲ မင်္ဂလာဆောင်ကို ရောက်လာပြီး ကန့်ကွက်လိုက်တယ် ဆိုပါတော့

Li-ဟုတ်ပါတယ် အန်ကယ်

Mr,Ruby-အဲ့တာဆို သမီး Ruby ချစ်ရတဲ့ သူဆိုတာ သမီးLisa ပေါ့ ဟုတ်လား။

Ruby-ဟုတ်ပါတယ် ဖေဖေ

Mr,Ruby-ဒါဆို အရင်တုန်းက သမီး Ruby ကို ငြင်းခဲ့ရတာလဲ။

Li-အဲ့တာက စောနက သမီး ရှင်းပြတုန်းက ပါခဲ့သလိုပဲ Ruby ကော သမီးပါ မိန်းကလေးတွေ ဖြစ်နေလို့ပါ။

* Mr,Ruby ကို အမှန်တိုင်း ရှင်းပြခဲ့ပေမယ့် Chae ပြောခဲ့တဲ့ Ruby ကို လက်မခံတာက Minatozaki ဖြစ်နေလို့လား ဆိုတဲ့ စကားနဲ့ Minatozaki ဖြစ်နေတာ Ruby အပြစ် မဟုတ်ပါဘူးဟယ် ဆို တဲ့ စကားတွေကိုတော့ Ruby က မိန်းကလေး ဖြစ်နေလို့လား နဲ့ မိန်းကလေးဖြစ်တာ အပြစ်မဟုတ်ပါဘူး ဆိုပြီး Lisa ပြောင်းပြီး ပြောပြလိုက်တာပါ*

Mr,Ruby-နောက်ဆုံးတော့ သမီး Chae ရဲ့ ကောင်းမှုကြောင့် ရင်ထဲက အချစ်တွေ မခံနိုင်တော့ဘဲ ပွင့်အံထွက်လာတယ် ဆိုပါတော့။

Li-ဟုတ်ပါတယ် အန်ကယ်။

Mr,Ruby-Ruby လေး ဒီလိုဖြစ်သွားတော့ သမီးလေး ပျော်ရဲ့လား။

Ruby-ဟုတ်ကဲ့ တကယ်ပျော်ပါတယ်။

Mr,Ruby-အင်း ပျော်ရင်ရပြီ သမီးလေး ပျော်ရင် ရပြီ။မောင်ရင် Kai တို့ဘက်က ကိစ္စကိုတော့ ဖေဖေပဲ ကြည့်ရှင်းလိုက်ပါ့မယ် အရေးကြီတာ ဖေဖေ့ သမီးလေး ပျော်ဖို့။

Ruby-ဟုတ်ကဲ့ ပါ ဖေဖေ ကျေးဇူးတင်ပါတယ်။

Ruby လည်း ပြောပြီး နေရာကနေ ထပြီး မျက်ရည် စမ်းစမ်း စမ်းစမ်း နဲ့ Mr,Ruby ကို ပြေးဖက်လေရဲ့။

Mrs,Ruby-ရှင် တို့ သားအဖပဲ ဖက်နေတာ ကျွန်မ ကျ မခေါ်ဘူးပေါ့။

Mrs,Ruby က မျက်စောင်းထိုးကာ စိတ်ကောက်ချင်ယောင်ဆောင်ပြတော့ Mr,Ruby နဲ့ Ruby က ရီကာ Mrs,Ruby ကို သူတို့ ၂ ယောက်ကြား ဆွဲသွင်းကာ ဖက်ထား လိုက်တော့သည်။

Sa-ဟေး.....ဟေး Sa လည်း ပါမယ်လေ။အဲ့လို ခွဲခြား ခွဲခြားမလုပ်နဲ့။

ပြောပြီး Sana ကပါ ပြေးဝင်လာတော့ Sana ရဲ့ ခေါင်းကိုRuby ကို ခပ်ဖွဖွလေး ပွတ်လိုက်ပြီး Ruby က Mr,Ruby ရဲ့ ရင်ခွင်ထဲ ဝင်ကာ Mrs,Ruby ရဲ့ ရင်ခွင်ထဲကို Sana ကဝင်လိုက်တော့သည်။Mrs,Ruby ရဲ့ ပခုံးလေးကို Mr,Ruby ကလည်း ခပ်တင်းတင်းလေး ဖက်ထား လိုက်တာကြောင့် မိသားစုလေး ကို မြင်နေရတဲ့ မြင်ကွင်းက သိပ်ကြည်နူးစရာ ကောင်းလွန်းပါတယ်။

Ji-သူတို့တောင် ဖက်သေးတာပဲ လာ တို့တွေလည်း ဖက်ကြမယ် လာ။

ပြောပြီး မတ်တပ်ထရပ်ကာ Chae နဲ့ Tzuyu ကို လက်ကဆွဲပြီး ဟိုဘက် တစ်ဖက် ဒီဘက် တစ်ဖက် ပခုံးကို မမှီမကန်း လှမ်း ဖက်လေရဲ့။

အရှည်ကြီး ၂ ယောက်ကြား jiji တယောက် မမှီမကန်း ဖြစ်နေတာက တကယ်ရီစရာ ကောင်းတာကြောင့် ကျန်တဲ့ သူတွေကတခိခိ နဲ့ ရီနေကြလေရဲ့။

Ji-Lalisa ငါ ထိုးတာ ခနခန ခံရတဲ့ တယောက် လာ ရီမနေနဲ့ဖက်မယ် လာခဲ့။

Jiji က ခေါ်တာကြောင့် Lisa လည်း ပြုံးပြီး သွားကာ ဖက်လိုက်တော့သည်။ထို့နောက် Lisa က Tzuyu နဲ့ Chae ကို မျက်စ တစ်ချက် ပစ်လိုက်တာကြောင့် ကျန်တဲ့ ၂ ယောက်က အထာပေါက်ပြီး Jiji ကို ဟိုဘက် က တစ်ဖက် ဒီဘက် က တစ်ဖက် ဆွဲမလိုက်လေရဲ့။

ဟို ၂ ယောက် ဆွဲမလိုက်တာကြောင့် Jiji မှာ ခြေထောက် နဲ့မြေကြီး မထိပဲ ယက်ကန် ယက်ကန် ဖြစ်နေလေရဲ့။Lisa က ယက်ကန် ယက်ကန် ဖြစ်နေတဲ့ jiji ရဲ့ ခြေထောက်ကို မ လိုက်ကာ ခြံထဲကို ဦးတည်လိုက်တော့သည်။

Li+Chae+Tzuyu- တောင်းပန်ပါတယ် အရမ်းချစ်တယ်နော် Jiji Unnie ရေ။

၃ယောက်သား ပြိုင်တူ အော်ပြီး Jiji ကို ခြံထဲမှာ ရှိတဲ့ ရေကန်ထဲကို ပစ်ချလိုက်တော့သည်။

Ji-Yarrr Lalisa နင့်ကို ငါသတ်မယ်

ရေတွေစိုပြီး ကြွက်စုတ် ဖြစ်နေတဲ့ Jiji က Lisa ကို ကြိမ်းနေတာ ကို ကြည့်ပြီး Ruby တို့ မိသားစု ရော Lisa , Chae နဲ့ Tzuyu ပါ တခစ်ခစ် နဲ့ ရီနေကြတော့သည်။

Ji-ရီကြပါ ရီကြပါ သူများ ဖြစ်နေတာကို ရီရတာမလား။

All-ဟား....ဟား....ဟား

Jiji က မျက်စောင်းထိုးကာ ပြောတော့မှ အကုန်လုံးရဲ့ ရီသံတွေဟာ ပိုလို့ပင် ကျယ်လောင်သွားတော့သည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~

Ji-ထိုင်နေတာ ကြာပြီလား

Mr,Ruby တို့ အိမ်ရှေ့က ဒန်းပေါ်မှာ ထိုင်နေတဲ့ Chae ကိုjiji ဘေးမှာ ဝင်ထိုင်ပြီး မေးလိုက်ခြင်းဖြစ်သည်။

Chae-သိပ်မကြာသေးပါဘူး။ရေကန်ထဲ ပြစ်ချတာကို စိတ်မဆိုး နဲ့နော်။ဆံပင်တွေက ရေခြောက်ပြီလား။

Ji-ရပါတယ် Chae ရဲ့ jiji က Chae ကို စိတ်မဆိုး တတ်ပါဘူး။ဆံပင်က ရေခြောက်နေပါပြီ။

Chae-ဟီးဟီး အင်းပါ။

Ji-ဘာလို့ Lisa ကို Ruby ဆီရောက်အောင် အတင်းကြိုးစားခဲ့တာလဲ။

Chae-Lili ကို ပျော်စေချင်လို့ပါ။

Ji-တခြား အကြောင်းပြချက်ကော ရှိသေးလား။

Chae-Jiji ဘယ်လိုထင်လဲ

Ji-. . . . . . . . . အဲ့ ကိစ္စ ကြောင့်ကော မပါဘူးလား။

jiji မေးလိုက်တဲ့ စကားတစ်ခွန်းကြောင့် Chae တစ်ခြား ဘက်ကို ကြည့်နေရာကနေ Jiji ဘက်ကို အံ့သြစွာ လှည့်ကြည့် လိုက်မိတော့သည်။

❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️

Up ပေးလိုက်ပါပြီနော်။ဥထားနဲ့ ဒေါက်တာ အန်တီ ကို ဖတ်နေလို့ တစ်ရက် နောက်ကျသွားတာ မီယားနဲပါ။နောက်Fic အသစ်တွေရေးလို့လေ BlackPink မဟုတ်ရင်ရော အားပေးကြမှာလားဟင်။Feedback လေး ရေးသွားပေးကြပါအုံးရှင့်💚

Readers တို့ကို အရမ်းချစ်ပါတယ်Readers တွေကို အရမ်းချစ်တဲ့Tu Nhai Kha#💚

. . . . . . . . . . . . . . . . . . . . . . . . . .. . . . . . . . . . .

There are no comments yet. Log in to be the first to leave a review!

Similar stories