Fasten 19
11:18, 31 October 2025အိမ်မပြန်တာသုံးရက်မြောက်နေ့မှာပဲ မာမားကသူ့ကိုဖုန်းဆက်လာပြီးအကျိုးအကြောင်းလှမ်းမေးတယ်။perthဘာမှမဖြစ်ဘူးပြောလိုက်ပေမယ့် ရိပ်မိတဲ့မာမားက အိမ်လာခဲ့ဖို့ထပ်ပြောတာကြောင့် ငြင်းမရတော့တာမို့အိမ်ကကလေးကိုခေါ်ပြီးပဲသွားလိုက်တယ်။ရက်ပိုင်းအတွင်းဘယ်အပြင်မှမသွားတော့တဲ့လူက ကားပေါ်တစ်လျှောက်လုံးလည်း ဘာစကားမှမပြောဘဲကားမှန်ဘက်ကိုသာမျက်နှာလွှဲထားတယ်။perthမပြောရင် အဆုံးထိစကားမပြောဖို့တွေးထားတဲ့ပုံပဲ။တစ်လမ်းလုံးတိတ်ဆိတ်နေပြီး အိမ်ရောက်တော့လည်း မာမားအနားမှာသွားထိုင်တယ်။perthမျက်နှာချင်းဆိုင်မှာထိုင်လိုက်တော့ စာကြည့်ခန်းထဲကထွက်လာတဲ့ပါပါးက သူ့ဘေးမှာဝင်ထိုင်လာတယ်။တစ်ယောက်မှမပြောပေမယ့် စကားများထားတယ်ဆိုတာကိုသိတဲ့ပုံပဲ။
"နှစ်ယောက်လုံးနေ့လည်စာစားခဲ့ပြီလား မာမားပြင်လိုက်မယ်လေ"
"နေပါစေ စားခဲ့ပြီးပြီမာမား"
ရှေ့ကလူကိုမကြည့်ဘဲဖြေတဲ့santaကို မာမားကခါးကိုဖက်ရင်းပြောတယ်။
"နေရတာအဆင်ပြေရဲ့လား စားချင်တာရှိရင်ကြီးကြီးကိုအားမနာဘဲလုပ်ခိုင်းနော် ဖြစ်နိုင်ရင်မာမားတို့နဲ့ပဲနေစေချင်တာ သားတို့ကပြောမရလို့သာ ။ဘယ်လိုလဲအိမ်မှာပြောင်းနေချင်လား"
"............"
Santaမဖြေဘဲရှေ့ကလူကိုကြည့်လိုက်တယ်။ယူပြီးကတည်းက သူ့အိမ်မှာပဲသီးသန့်နေချင်တယ်လို့ပြောခဲ့တာကြောင့် santaဘာမှအထွတ်မတက်ပဲလက်ခံခဲ့တာ ။ လူကြီးတွေနဲ့နေရင် မလွတ်လပ်တာလဲပါတယ်။
"မဖြစ်ဘူးမာမား ကျွန်တော့်အိမ်ကအလုပ်နဲ့လည်းပိုနီးတယ် ။ သူလည်းသဘောတူထားပြီးသား"
"ရတယ် Taတကယ်အဆင်ပြေပါတယ် ကြီးကြီးကလည်းဂရုစိုက်ပေးပါတယ်"
"အင်းပါ ဒီနေ့တော့ဒီမှာပဲအိပ်ရင်အိပ်သွားကြလေ သားလည်းဒီရက်ပိုင်းအလုပ်များနေရတယ်မလား ။ နားချင်ရင်နားလိုက်ပါလား"
နှစ်ယောက်သားကိုအကဲခတ်နေတဲ့မာမားက အဆင်ပြေအောင်လုပ်ပေးချင်ပုံပေါ်တယ်။နှစ်ယောက်လုံးပြိုင်တူငြင်းလိုက်ကြတော့ဘာမှပြောမလာတော့ဘဲ မာမားကsantaကို အသစ်စိုက်ထားတဲ့အပင်တွေအကြောင်းပြောပြရင်း အပြင်ကိုခေါ်သွားတာမို့ ပါပါးနဲ့သူပဲကျန်ခဲ့တယ်။ဘေးမှာထိုင်နေတဲ့ပါပါးက မျက်နှာချင်းဆိုင်ကိုပြောင်းထိုင်ပြီး perthကိုမေးလာတယ်။
"ရန်ဖြစ်ထားကြတာမလား"
"ဟုတ်တယ်"
သက်ပြင်းချပြီးဖြေတော့ ပါပါးကသူ့ကိုပြုံးကြည့်လာတယ်။
"အိမ်ထောင်သည်တွေပီသလာတာပဲ ။ ဘာပြသနာလဲ မင်းမှားတာတော့မဟုတ်ဘူးမလား"
"ဒီတိုင်းစကားများရုံပါ ။ ကျွန်တော်လည်းပြောတာနည်းနည်းလွန်သွားတယ်ဆိုပေမယ့် သူကပိုလွန်လို့ စကားမပြောကြတော့တာ"
"အဲ့ဒါနဲ့ပြီးသွားရောပေါ့ ။ ပြန်ခေါ်ဖို့စိတ်ကူးတော့ရှိလား"
"မသိဘူးပါပါးရာ ။ စကားပြောချင်စိတ်လည်းရှိမနေဘူး မှတ်လောက်အောင်ပစ်ထားဦးမှာ"
ဆံပင်တွေဖွပစ်ပြီးပြောနေတဲ့သားက အလျှော့ပေးချင်ပေမယ့်မာနကြောင့်တင်းခံထားတဲ့ပုံစံမို့ ခေါင်းညိမ့်မိလိုက်တယ်။ဘယ်သူ့ကိုမှအလျှော့မပေးဖူးတဲ့ သားတစ်ယောက်လမ်းပျောက်နေတဲ့ပုံပါပဲ။
"ဘာပဲဖြစ်ဖြစ် ကိုယ်ကအကြီး အလျှော့ပေးသင့်တာရှိရင်အလျှော့ပေးရမှာပဲ ။ မိဘတွေတိုက်တွန်းမှုကြောင့်ဆိုပေမယ့် မင်းကိုယုံကြည်လို့အပ်ပေးထားတာကို ပစ်ပယ်ထားလို့တော့မရဘူးလေ ။ ကိုယ့်အိမ်မှာလိုက်နေနေတာကို မင်းကမကြည်ဖြူရင် သူလည်းနေရခက်နေမှာပဲ အဲ့ဒါကိုလည်းထည့်စဉ်းစားဦး"
"ကျွန်တော်သိပါတယ်".....မာမားအိမ်ကပြန်ရောက်တာနဲ့santaကို အိမ်ဝင်ပို့ပေးခဲ့ပြီး ဘာမှမပြောဘဲထွက်သွားပြန်တယ်။အိမ်ပေါက်မှာရပ်ကျန်နေခဲ့တဲ့သူက ဘာမှပြောချိန်မရလိုက်ဘဲ လျစ်လျူရှုခံထားရတာမို့သိမ်ငယ်သလိုလာခံစားရတယ်။နှစ်ယောက်တည်းရှိတဲ့အိမ်မှာ သူတစ်ယောက်တည်းယောင်လည်လည်ဖြစ်နေတဲ့ခံစားချက်က ဆိုးရွားပါတယ်။ဒီလောက်ထိမခေါ်မပြောဖြစ်နေစရာ လိုလို့လား။အရင်ကလည်းရန်ဖြစ်နေကျကိုဘာလို့ဒီကိစ္စကိုမှ မကျေနပ်နိုင်ဖြစ်နေတာလဲ။အသက်ပြင်းပြင်းရှူထုတ်လိုက်မိပြီး အခန်းဝင်ပြီးလှဲအိပ်လိုက်တယ်။ဗလာနတ္တိဖြစ်နေတဲ့အခန်းမှာအရင်ကလိုရန်ဖြစ်သံတွေမရှိဘဲ တိတ်ဆိတ်နေတယ်။ညနေ6နာရီရှိပြီမို့အိပ်မပျော်ပေမယ့်ခေါင်းတစ်ခုလုံးရှုပ်ထွေးနေတာကြောင့် မျက်လုံးစုံမှိတ်ပြီးအိပ်ပျော်အောင်ကြိုးစားလိုက်တယ်။
တစ်ရေးနိုးတဲ့အချိန်မှာ တင်းတင်းကျပ်ကျပ်ပွေ့ဖက်ခံထားရတဲ့ခံစားချက်နဲ့အတူ နောက်ကိုခေါင်းလှည့်ကြည့်လိုက်မိတယ် ။ အလှည့်မခံတဲ့လူက သူ့ကုပ်ပိုးမှာခေါင်းအပ်ပြီးပိုတိုးဝေ့လာတဲ့အထိအတွေ့နဲ့အတူ ခပ်တိုးတိုးစကားသံ ။
"ကိုယ်ပါ ပြန်အိပ်တော့"
"အင့်~လွှတ်ပေးဦး"
"မရုန်းနဲ့ကွာ ငြိမ်ငြိမ်နေ"
"..........."
လည်ပင်းကိုရိုက်ခတ်နေတဲ့အသက်ရှူသံက ပုံမှန်မဟုတ်တဲ့အပြင် ချွေးနဲ့လုံးနေတဲ့ပြင်းရှရှအနံ့ကအရက်သောက်ထားမှန်းသိသာနေတယ်။သူ့ခါးကိုပွေ့ဖက်ထားတဲ့လက်တွေကလည်းတင်းကျပ်နေပြီး လွတ်ထွက်သွားမှာဆိုးတဲ့အတိုင်းပဲမို့ santaမရုန်းတော့ဘဲငြိမ်နေပေးလိုက်တယ်။အခုချိန်ထိသူအခြေအနေကိုအမှီမလိုက်နိုင်သေးဘူး။ပြန်လာချင်တဲ့ပုံလုံးဝမပေါ်တဲ့လူက ပြန်လာတော့လည်းဘာမှမဖြစ်တဲ့အတိုင်းပဲသူ့ကိုတင်းတင်းကျပ်ကျပ်ပွေ့ဖက်ထားပြန်တယ်။သူ့ကိုစိတ်မဆိုးတော့တာလား။
"ဘာလို့ပြန်လာတာလဲ"
"ပြန်မလာရဘူးလား ကိုယ့်ကိုမမြင်ချင်တော့လို့လား"
"ပြောတော့...နေချင်သလိုနေမှာဆို ။ ဘာလို့ပြန်လာနေသေးလဲ"
"ခုလည်းနေချင်သလိုနေနေတာပဲလေ ။ တစ်ချိန်လုံးဒီလိုနေချင်နေတဲ့စိတ်ကိုဘယ်လိုထိန်းချုပ်ထားရတယ်ထင်လို့လဲ"
"............."
နူးညံ့တယ် ။ သူ့ကိုသိမ်းဖက်ထားရင်းပြောနေပုံက နူးနူးညံ့ညံ့ပါပဲ ။ တစ်လျှောက်လုံးsantaကိုယ်တိုင်ကပဲ ကြမ်းတမ်းစေခဲ့သလားလို့တွေးမိတော့ အပြစ်မကင်းသလိုခံစားလာရတယ် ။ သူကအတူတူအဆင်ပြေပြေနေဖို့အတင်းလုပ်ယူပြီးကြိုးစားနေချိန်မှာ santaကသာတစ်လျှောက်လုံးပြသနာရှာခဲ့သလိုဖြစ်နေတာများလား ။ တင်းကျပ်လာတဲ့ခံစားချက်နဲ့အတူခေါင်းအုံးပေါ်ကိုစီးကျသွားတဲ့ မျက်ရည်စတွေကတောင်းပန်ကြောင်းဖွင့်ဟချင်ပုံပေါ်တယ် ။နောက်ဆုံးလက်ကျန်မာနလေးက ဒီလိုပဲနူးညံ့တဲ့အထိအတွေ့မှာ အတုံးအရုံးလဲပြိုတယ်။
"ဟင့်! Taကို...မုန်းသွားပြီထင်နေတာ.."
".........."
"Taက..Taကပဲ အမြဲပြသနာရှာနေခဲ့လို့..စိတ်ပျက်သွားပြီထင်နေတာ...ဟင့်!"
"မဟုတ်တာကိုကွာ"
ဗလုံးဗထွေးရှိုက်ငိုပြီးပြောနေတဲ့သူ့ကိုမျက်နှာချင်းဆိုင်ဆွဲလှည့်တယ်။မရပ်တမ်းစီးကျနေတဲ့မျက်ရည်တွေကို လက်မနဲ့ဖိသုတ်ပေးရင်း မျက်ခမ်းစကို ခပ်ဖွဖွအနမ်းခြွေတယ်။ချော့ခံရတဲ့ကလေး ပိုငိုတယ်ဆိုသလိုပဲ ပိုကျယ်လာတဲ့ရှိုက်ကြီးတငင်ငိုသံတွေမှာ တောင်းပန်တိုးလျှိုးမှုတွေနဲ့ လျစ်လျူရှုခံရလို့ ဝမ်းနည်းမှုတွေပါဝင်ကြောင်း ထိုလူသိရင်ကောင်းမယ်။
"မုန်းစရာလားကွာ မုန်းရက်ပါ့မလား ။ချစ်ဖို့တောင်သေချာမကြိုးစားရသေးခင်မှာ ကိုယ်ကမင်းကိုမုန်းရက်ပါ့မလား ။ ဟင်"
"အင့်~! Taက..အဲ့လိုမပြောလိုက်သင့်ဘူး တောင်းပန်ပါတယ်"
"မငိုနဲ့တော့"
မျက်ရည်စတွေကိုသုတ်ပေးလာပြီး နစ်ဝင်မတတ်စိုက်ကြည့်လာတဲ့ မျက်ဝန်းတွေမှာ အရိပ်ယောင်တစ်ချို့ဖြတ်ပြေးသွားတယ်။santaနားလည်ဖို့ခက်ခဲတဲ့ ဘာသာမပြန်တတ်တဲ့အကြည့်တွေမှာ ရူးမိုက်စွာနစ်ဝင်မသွားမိဖို့ကိုယ့်ကိုယ်ကိုယ်သတိပေးလိုက်မိတယ် ။
ချစ်မိရင်ရှုံးတတ်တယ်တဲ့ ။ အဲဒါထက် အရင်ဆုံးချစ်မိတဲ့လူက ပိုရှုံးရတတ်တယ် ။ သူမရှုံးချင်ဘူး။ မထင်မှတ်ဘဲချည်နှောင်မိခဲ့တဲ့ ဒီကြိုးစကလေးကို အရင်ဆွဲထားမိတဲ့လူက သူကိုယ်တိုင်မဖြစ်ချင်ဘူး။ သူမချစ်မိချင်ပါဘူး။
"ကိုယ်လည်းတောင်းပန်ပါတယ် ။ မင်းမကြိုက်တာကိုအော်မိသွားတယ် ။ နောက်ထပ်မဖြစ်စေရဘူး"
"............"
"ပြန်အိပ်ချင်သေးလား ။ တစ်ခုခုစားမလားကိုယ်လုပ်ပေးမယ်"
"သောက်ထားတာလား"
မျက်လွှာပင့်ကြည့်ပြီးမေးတော့ သူ့ဆံပင်စတွေကိုလက်နဲ့ဖွပြီး ခပ်တိုးတိုးဖြေတယ်။
"အင်း စိတ်နည်းနည်းရှုပ်နေလို့ သောက်မိလိုက်တာ ။ အရမ်းနံနေလို့လား"
"ဟင့်အင်း"
ခေါင်းရမ်းပြလိုက်ပြီး အတန်ကြာအောင်ထိတွေ့ခွင့်မရခဲ့တဲ့ ရင်ခွင်ထဲကိုတိုးဝင်ပြီးမျက်နှာအပ်ထားလိုက်တယ် ။ ဒီလူ့ဆီကရတဲ့အနံ့တွေကို သိသိသာသာနေသားကျလာတဲ့သူက မသိမသာပဲ စွဲလမ်းနေမိတာကို ဝင်မခံချင်ဘူး ။ ပိုတိုးဖက်ပေးလာတဲ့လူက သူ့မျက်နှာကိုလက်နဲ့ပင့်ပြီးခွင့်တောင်းသလိုကြည့်လာတာမို့ အောက်နှုတ်ခမ်းကို ဖိကိုက်လိုက်မိတယ်။
"နမ်းချင်တယ်...ခွင့်ပြုမလား"
"............"
ပြွတ်စ်!
အဖြေစကားမလာဘဲ မော့နမ်းလိုက်တဲ့သူ့ခေါင်းကို ဖိကိုင်လာပြီး အရှိန်ပြင်းပြင်းဆွဲစုပ်နမ်းရှိုက်တယ်။မျက်နှာချင်းဆိုင်အနေအထားမှာ အနမ်းတွေကိုအမှီလိုက်နေတဲ့လူက အနည်းငယ်မောဟိုက်လာတာနဲ့ ထိုလူကသူ့ကိုဆွဲပွေ့ပြီး အုပ်မိုးလာတယ်။မျက်လုံးတွေမို့အစ်နေတဲ့လူကလိုလိုလားလားနဲ့ပဲ အနမ်းတွေကိုပြန်ခရီးဆက်လိုက်တဲ့အခါ ခံတွင်းထဲထိတိုးဝင်လာတဲ့လျှာက နေရာလပ်မကျန်မွှေနှောက်ပစ်တယ်။လွတ်နေတဲ့santaလက်တွေက တစ်ဖက်လူရဲ့လည်ပင်းကိုဖက်တွယ်လိုက်တဲ့နောက် အနမ်းတွေကိုဖယ်ခွာပြီး သူ့ကိုစူးစူးစိုက်စိုက်ကြည့်လာခဲ့တယ် ။ တစ်ဆက်တည်း santaလည်တိုင်တွေဆီခေါင်းအပ်လိုက်တဲ့လူက တစ်ခါတစ်ခါနားရွက်ဖျားတွေကိုပါ ခပ်ကျိတ်ကျိတ်ဆွဲကိုက်ပစ်တတ်တယ်။
"မင်းက ကိုယ့်အပိုင် ။ Santa Pongsapakက ကိုယ်တစ်ယောက်တည်းရဲ့အပိုင်ပဲ ။ ဘယ်ကိုမှထွက်သွားခွင့်မရှိဘူး။ ကိုယ့်အနားမှာပဲ တစ်သက်လုံးနေရမယ် ။ ကိုယ်ကမင်းပျော်ရွှင်အောင်ဖြည့်ဆီးပေးမှာမို့ မင်းကတော့ကိုယ့်အနားမှာပဲ ရှိနေပေးမှရမယ်"
"အင်း..Taက ခင်ဗျားအပိုင်~"
ခပ်တိုးတိုးပြောလာတဲ့အသံနောက်မှာ အနမ်းနုနုတွေက တစ်ဖန်ပြန်လည်ကြမ်းတမ်းသွားပြန်တယ် ။ ပိုကြီးမားလာတဲ့ပိုင်ဆိုင်လိုစိတ်နဲ့အတူ အကြိမ်ကြိမ်တိုးဝင်မိတဲ့အခါတိုင်းလိုလိုလားလားလက်ခံပေးလာပြီး သူနဲ့အတူလွင့်မျောပေးနေတဲ့ သက်ရှိဖြစ်တည်မှုအလှတရားလေးက သိပ်ကိုဆွဲဆောင်နိုင်အားပြင်းပြတယ် ။ ပိုလောဘတက်မိလေလေ ပိုပိုင်ဆိုင်ချင်လာလေလေပဲမို့ အပိုင်ဖြစ်ကြောင်းအကြိမ်ကြိမ်ဖွင့်ဟမိတိုင်း သူ့အောက်ကအလှလေးက အတူတူလိုက်ပါစီးမျောတယ်။ ထိန်းချုပ်နိုင်စွမ်းတွေကင်းမဲ့သွားတဲ့နောက်မှာ ငိုယိုတောင်းပန်သံလေးတွေက ပိုကြမ်းတမ်းချင်တဲ့အသိစိတ်ကိုလှုံ့ဆော်တယ်။လွမ်းမောခဲ့ရတဲ့ အထိအတွေ့တွေက စီးကျနေတဲ့ မျက်ရည်စလေးကအစ ရူးသွပ်သွားစေဖို့လုံလောက်ပါတယ်။
ဒီလူသားဟာ သူ့အပိုင်ပါလို့ပိုသေချာလာတဲ့ နေ့ရက်တွေမှာ တစ်ဆတစ်ဆတိုးလာတဲ့ရင်ခုံသံတွေက ချည်နှောင်ရမဲ့ချစ်ခြင်းမေတ္တာအတွက်ယုံကြည်ချက်တွေပိုတိုးလာစေခဲ့တယ်။
ဒီလျော့ရဲရဲကြိုးစကလေးကို သက်ဆုံးထိတိုင်ခိုင်မြဲစေချင်တာဟာ မှန်သောသစ္စာပါ ။ .....အချိန်အားဖြင့်မနက်8နာရီရှိပြီဖြစ်ပြီး အလုပ်သွားချိန်နောက်ကျနေပေမယ့် perthအိပ်ယာကခုထိမထရသေးဘူး ။ ရင်ခွင်ထဲတိုးဝင်ပြီးသူ့ကိုလွတ်ထွက်မတက်ပွေ့ဖက်ထားသူကြောင့် ပြန်ဖက်ပေးထားရင်းငြိမ်ပေးနေရတယ် ။ ပုံမှန်ဆိုသူ့ကိုမတွယ်ကပ်တတ်တဲ့သူက ဒီနေ့ကျမှမလွတ်တမ်းဖက်ထားတာကြောင်ပေါက်လေးတစ်ကောင်လိုပဲ ။ မသွားချင်တဲ့စိတ်ကများနေကာမှ ဆွဲထားတဲ့လူကြောင့်ထဖို့ခက်နေတဲ့အဖြစ် ။
"Santa.."
"ဟင်"
အသားမကျသေးတဲ့အခေါ်ဝေါ်က အဖျားစွတ်ပြီးတုန်ရီသွားတယ် ။ အိပ်ချင်မူးတူးပြန်ထူးနေတဲ့လူက မျက်လုံးတွေကိုမှိတ်ထားဆဲဖြစ်တယ် ။ ဒီလိုအချိန်လေးတွေဖန်တီးဖို့ ကြိုးစားနေကာမှမပြီးပြတ်သေးတဲ့အလုပ်တွေကြောင့် မထလို့မရတော့ဘူး ။ နှစ်သစ်ကူးမှာအတူရှိချင်တာကြောင့်နှစ်ကုန်ခါနီးအလုပ်ပြီးအောင်ဖြတ်မှဖြစ်မယ်။
"ထတော့မလား"
"အိပ်ချင်တယ်"
"ဘယ်လိုနေလို့လဲ"
နဖူးပေါ်စမ်းလိုက်တဲ့သူ့လက်ကိုဖယ်ချပြီး လည်ပင်းကိုသိုင်းဖက်စေတာကြောင့် ဖက်လျက်သားပြန်ဖြစ်သွားတာမို့ သူပြုံးလိုက်မိတယ်။
ဘယ်လိုတောင် ကပ်ချွဲနေတာလဲကွာ ။
"ကိုယ်ထတော့မယ်"
"............"
"ကိုယ်အလုပ်သွားရဦးမှာ santa"
"အင်း သွားလေ"
အိပ်ချင်မူးတူးသံဆိုပေမယ့် ဒီတစ်ခါခပ်ပြတ်ပြတ်ထွက်လာတဲ့စကားသံနောက် ဖက်ထားရာကရုန်းပြီး သူ့ကိုကျောပေးပြီးပြန်အိပ်သွားတယ် ။ perthသက်ပြင်းချလိုက်မိတယ် ။စိတ်ဆိုးသွားတာလား။
စောင်ပုံထဲလုံးနေပြီးကျောပေးထားတဲ့လူရဲ့လက်မောင်းတွေပေါ်မေးတင်လိုက်တယ်။အဝတ်မကပ်သေးတဲ့လက်မောင်းသားဖြူဖြူလေးတွေရဲ့အေးစက်စက်အထိအတွေ့က နစ်ဝင်မတက်နူးညံ့တယ်။နီးကပ်သွားတဲ့ပါးပြင်လေးက ရေပြင်လိုပဲကြည်လင်နေတာ ဘုရားပေးတဲ့ဆုဖြစ်မယ်။Perthမနေနိုင်ဘဲ ရှေ့ကိုတိုးပြီး နစ်ဝင်မတက်ဖိကပ်နမ်းလိုက်မိတယ် ။ အချိန်ကြာကြာဖိကပ်လိုက်တဲ့ပါးပြင်လေးက အိစက်နူးညံ့နေပြီး ချိုစိမ့်စိမ့်အနံ့လေးရတယ် ။ နောက်ကသိုင်းဖက်နမ်းနေတဲ့သူ့ကို တွန်းဖယ်လာမှလွှတ်ပေးတော့မျက်ခုံးတန်းတွေတွန့်ချိုးပြီးကြည့်လာတယ် ။
"မနမ်းနဲ့"
"ဘာဖြစ်လဲ နမ်းချင်လို့နမ်းတာ"
"မကြိုက်ဘူး"
"ယောင်္ကျားနမ်းရင်ခံရမယ်လို့ မင်းမာမားကပြောမထားဘူးလား"
"ခင်ဗျားအမေကိုသွားပြောလေ"
ချက်ချင်းပြန်စွာတဲ့လူဆိုးကောင်လေးက သူ့ကိုပါအကြည့်စူးစူးနဲ့ခေါင်းလှည့်ကြည့်လာတယ် ။ perthမနေနိုင်ဘဲ ထပ်စလိုက်မိတယ် ။
"ကိုယ့်မာမားကအဲ့လိုမျိုးမရှိဘူး ပါပါးနမ်းရင်ငြိမ်နေပေးတာ ။ မင်းကသာကိုယ့်ကိုဆိုကလန်ကဆန်အမြဲလုပ်တာ"
"လာမနမ်းနဲ့ Taကခင်ဗျားမာမားမဟုတ်ဘူး ။လုပ်ချင်တိုင်းတွေလာမလုပ်နဲ့"
"ဟက်! စွာလိုက်တာကွာ ပြောရင်းနမ်းချင်လာပြီဘယ်လိုလုပ်မလဲ"
"Perth Tanapon"
"ဟုတ်ပြီ ဟုတ်ပြီ မစတော့ဘူး ။ ဒီဘက်တိုးဦးပြုတ်ကျမယ်"
ကုတင်စွန်းဘက်ထိအတင်းတိုးသွားတဲ့လူကိုပြန်ဆွဲလိုက်မျက်နှာချင်းဆိုင်စေလိုက်တယ်။ပြန်မော့ကြည့်လာတဲ့မျက်လုံးအစ်အစ်လေးတွေကအကြည့်မလွှဲချင်စရာကောင်းအောင် ညှို့အားပြင်းလွန်းတယ်။
"နှစ်ကုန်ခါနီးကျရင် honey moonလိုက်ပို့မယ်ဘယ်ကိုသွားချင်လဲ"
လက်ထပ်ပြီးတာသုံးလပြည့်တော့မှာဖြစ်ပေမယ့် ဘယ်သူမှခရီးအတွက်စကားမစဖြစ်ခဲ့ကြဘဲ ကတောက်ကစဖြစ်နေတာကများတယ် ။ perthကိုယ်တိုင်ကလည်း မိသားစုနှစ်ခုပေါင်းရဲ့အလုပ်တွေဝင်ကူရတာမို့ မအားလပ်တာလည်းပါတယ်။ အခုတော့ တစ်စုံယောက်ဆီကရုန်းမထွက်နိုင်တော့တဲ့perthကပဲ အမှတ်တရလေးတွေဖန်တီးချင်တယ်။ငဂျစ်ကလေးရဲ့အနားမှာကပ်နေချင်ပြီး စိတ်တိုအောင်စနောက်ချင်တယ်။
"ပင်လယ်"
"ပင်လယ်ဘက်ကိုလား"
"အင်း"
"အိုကေ ရက်ရှည်ခရီးပို့ပေးမယ် ခုတော့အလုပ်ပြီးအောင်ဖြတ်ရမှာမို့ ထတော့မယ်နော်"
"အင်း"
"အတူတူသွားမလား လိုက်ခဲ့ချင်လား"
အတန်ကြာအောင်စဉ်းစားပြီးမှခေါင်းငြိမ့်လာတယ် ။ အဖြေရပြီးတာနဲ့ perth စောင်ထဲလုံးနေတဲ့လူကိုပွေ့ချီဖို့ပြင်လိုက်တယ် ။ ချက်ချင်းရုန်းလာတဲ့လူက မျက်လုံးပြူးလေးနဲ့မော့ကြည့်လာပြန်တယ် ။
"ဘာဖြစ်လို့လဲ"
"အဝတ်..မဝတ်ရသေးဘူး"
"အင်း ဘာဖြစ်လဲ"
"Taဘာသာ..လုပ်လို့ရတယ် ။ ခင်ဗျားအပြင်ထွက်ပေး"
မျက်နှာတစ်ပြင်လုံးနီရဲနေအောင်ရှက်နေတဲ့လူကိုကြည့်ပြီး perthရှေ့ကိုအနည်းငယ်ကိုင်းလိုက်ပြီး လည်တိုင်ရဲရဲလေးကိုခပ်ဖွဖွဆွဲစုပ်လိုက်တယ် ။ ချက်ချင်းတွန့်သွားတဲ့ကလေးကသူ့ရင်ဘက်ကိုလက်နှစ်ဖက်နဲ့တွန်းထားပြန်တယ် ။
"ကိုယ့်ကိုရှက်တာလား....ဟင်"
"..........."
"အတူနေပြီးတာဘယ်နှခါရှိပြီလဲ ။ မင်းခန္ဒာကိုယ်အစိတ်အပိုင်းတိုင်းကို ကိုယ်အလွတ်ရတယ် ။ရှက်စရာမလိုဘူး"
"မပြောနဲ့တော့!"
"အဲဒါဆို ငြိမ်ငြိမ်လေးနေပြီး ကိုယ်ချီတာကိုလက်ခံ"
ဘာမှပြန်ပြောမလာတော့ဘဲ စောင်ထဲတိုးဝင်လျက်ငြိမ်နေတာမို့ စောင်နဲ့လုံးပြီးပွေ့ချီပေးလိုက်တယ် ။ မဟုတ်ရင် လူဆိုးကောင်လေးရှက်နေပုံနဲ့ သူအလုပ်ကိုရောက်တော့မှာမဟုတ်ဘူး ။
TBC**
ကိုယ့်သဘောနဲ့ကိုယ် အိမ်ပေါ်ကဆင်းပြီး ကိုယ့်ခြေထောက်နဲ့ကိုယ်ပြန်တက်လာရတဲ့ထနပွန်ပါရှင်🤭 သဲသဲလေးလိုက်ခေါ်ရင်ပင်ပန်းနေမာဆိုးလို့ပါတဲ့🥹
စာကြွင်း*TaTaလေးအတွက် YOUTH CHOICE AWARDvoteလေးပေးပေးကြဖို့တောင်းဆိုချင်တာလေးရှိပါတယ်နော်။ နောက်ပြီးXမှာလည်းတင်ထားတဲ့TaTaပုံနဲ့YCA postလေးကိုrepostလုပ်ပေးဖို့လည်းအကူအညီတောင်းချင်ပါတယ်ရှင်။
ကလေးငယ်အတွက် မွေးနေ့လက်ဆောင်လို့ပဲဖြစ်ဖြစ်သတ်မှတ်ပြီးကြိုးစားကြရအောင်ပါနော်
There are no comments yet. Log in to be the first to leave a review!
![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)




