Fasten 18
06:54, 29 January 2026"ဟင် p'perth"
အသိစိတ်လွတ်နေတဲ့santaကိုဝင်ဆွဲရင်း သူတို့ဆီခြေလှမ်းကျဲတွေနဲ့ မေးကျောတွေတင်းတဲ့အထိဒေါသတကြီးလျှောက်လာတဲ့လူကိုကြည့်ပြီး phuwinခေါင်းနပန်းကြီးသွားတယ်။ သေပြီ ။မင်းတော့ သေပြီပဲ santa pongsapakရေ!
"Pongsapak!"
ကားလမ်းပေါ်တစ်လှည့်စီလုံးထွေးသတ်ပုတ်နေတဲ့နှစ်ယောက်ကိုဆွဲခွာလိုက်ပြီး santaကိုဒေါသတကြီးကြည့်နေပုံက ကျောချမ်းစရာကောင်းတယ်။အခုထိအသိမဝင်သေးတဲ့santaကတစ်ဖက်ကကောင်ကို ပြန်လုံးတာမို့ ခါးကဆွဲထိန်းလိုက်ပြီး ပွေ့ချီလိုက်ပေမယ့် ခြေထောက်တွေနဲ့မှီရာလှမ်းကန်ပြန်တယ်။ထိန်းချုပ်ရခက်နေတဲ့လူက မြင်မြင်သမျှဆွဲရမ်းနေပြီး ဆွဲပွေ့ထားတဲ့လက်ကိုပါအတင်းဖယ်ချတယ်။
"ဒီနေ့မင်းကိုသေအောင်သတ်ပြမယ်! ခွေးလိုကောင်!!"
"တော်တော့ pongsapak! ပြောနေတာကြားလား!"
ပြောသမျှနားမဝင်တဲ့လူက တစ်ဖက်ကိုသေမတတ်ထိုးကျိတ်နေတာမို့ လက်မောင်းကိုစောင့်ဆွဲလိုက်ပြီးအော်လိုက်မှငြိမ်ကျသွားတယ်။perthမှန်းသိတော့ မျက်လုံးတွေပြူးကျယ်သွားပေမယ့် ခဏသာဖြစ်ပြီးအတင်းရုန်းကန်လာပြန်တယ်။တစ်ဖက်ကတစ်ယောက်ကမထနိုင်တော့တဲ့အထိလဲနေတာဖြစ်ပြီး perthဝင်ထိုးပေးစရာတောင်မလိုဘဲ သတိမေ့မတတ်ဖြစ်နေပြီမို့ ထိန်းရခက်နေတဲ့လူဆိုးကောင်ကို ဆောင့်ဆွဲပြီးခေါ်သွားလိုက်တယ်။
ဒေါသတကြီးဆွဲခေါ်သွားတဲ့လူနောက်ယက်ကန်ယက်ကန်ပါသွားတဲ့သူငယ်ချင်းဖြစ်သူကိုကြည့်ပြီး phuwin ဘုရားတလိုက်မိတယ်။ဘာမှတော့မဖြစ်လောက်ဘူးမလား။
_______________
"ဘာလို့အတင်းဆွဲနေတာလဲ! လွှတ်!"
တစ်လမ်းလုံးရုန်းကန်လာတဲ့လူကို အိမ်ထဲဆောင့်တွန်းပြီး တံခါးဆွဲပိတ်ပစ်လိုက်တယ်။ဆိုဖာပေါ်လဲကျသွားတဲ့လူက perthကိုပါ စူးစူးရဲရဲစိုက်ကြည့်နေပြီး မေးကျောတွေတင်းတဲ့အထိအံကျိတ်ရင်းပြန်ထတယ်။
"ငါမင်းကိုဘာပြောထားလဲ ဟမ်!"
"........."
"ဒီလောက် အပြင်မသွားဖို့အတန်တန်ပြောနေတဲ့ကြားက ငါမသိအောင်ခိုးထွက်ရဲတဲ့အထိသတ္တိတွေရှိနေတယ်ပေါ့လေ! ဟုတ်လား!"
".........."
"မေးနေရင်ဖြေ! ခုမှလာပြီး ရေငုံနှုတ်ပိတ်လာလုပ်မနေနဲ့! Pongsapak!"
"သွားတော့ဘာဖြစ်လဲ"
"ဘာ!"
"ဘယ်သွားသွားခင်ဗျားကိုပြောပြနေရအောင်Taကထောင်ကျနေတဲ့လူလား! ခင်ဗျားခွင့်ပြုချက်ယူရအောင် ခင်ဗျားကဘာမို့လို့လဲ!"
"ဘာပြောတယ် မင်း!"
တစ်ခွန်းမကျန်ပြန်အော်နေတဲ့လူရဲ့ပါးကို လက်နှစ်ဖက်နဲ့ညှစ်ပစ်လိုက်ပြီး မေးတော့ perthလက်တွေကိုစောင့်တွန်းပစ်တယ်။
"Taကိုနေရာတကာလိုက်မချုပ်ချယ်နဲ့!"
"လိုက်မချုပ်ချယ်စေချင်ရင် စောက်ချိုးပြေအောင်နေလေ! မင်းအိမ်ကအချိုးမျိုးငါ့ဆီမှာလာမချိုးနဲ့! ငါ့အိမ်မှာနေရင်ငါ့စည်းကမ်းအတိုင်းပဲနေ! ခိုးထွက်သွားရအောင်ထိ မင်းစောက်လုပ်ကဘာစောက်ရေးပါနေလို့တုန်း!"
"ဘာစောက်ရေးပါပါ ခင်ဗျားအလုပ်မဟုတ်ဘူး!Taစိတ်ကြိုက်နေချင်သလိုနေမှာ ဘာမှလာပြောနေစရာမလိုဘူး ။ လက်ထပ်လိုက်တာတစ်ခုတည်းနဲ့ Taဘဝတစ်ခုလုံးကိုပိုင်တယ်လို့လာမသတ်မှတ်နဲ့! မကျေနပ်ရင်ကွာရှင်းလိုက်!ခင်ဗျားလိုလူမျိုးနဲ့ မနေရလေကောင်းလေပဲ!!"
"တောက်! အဲ့စကားကိုပြန်ပြောစမ်း pongsapak!"
Santaဝတ်ထားတဲ့ အပေါ်ထပ်ကော်လံကိုဆွဲကိုင်ပြီး နံရံကိုအားနဲ့ဆောင်းတွန်းပစ်တာက ကျောပြင်တစ်ခုလုံးအောင့်တက်သွားတဲ့အထိကြမ်းတမ်းတယ်။စူးရဲနေတဲ့မျက်လုံးတွေနဲ့အပြိုင် ရဲတက်လာတဲ့မျက်ခမ်းစပ်တွေက ရှေ့ကလူကို အတင့်ရဲစွာပြန်မော့ကြည့်တယ်။မျက်နှာတစ်ပြင်လုံးနီဆွေးနေပြီး သွေးစတွေအပြည့်ဖြစ်နေတာတောင် မာန်မလျှော့မိတာက ဟိုကောင့်စကားတွေကိုပြန်ကြားမိတိုင်းမြင်သမျှအသေသတ်ပစ်ချင်နေတဲ့စိတ်ကြောင့်ပဲ ။ ဒီလူ့ရဲ့စိတ်ကြိုက်ခြယ်လှယ်မှုတွေကြောင့်ဘဲ သူ့သိက္ခာတွေအကြိမ်ကြိမ်တန်ဖိုးမဲ့နေတာ!
"မဟုတ်လို့လား! မိဘတွေသဘောတူလို့ပဲယူလိုက်ရတဲ့ Taနဲ့ခင်ဗျားကြားမှာ ဘာပတ်သတ်မှုမှမရှိဘူး! အချိန်တန်ရင်ကွာရှင်းရမှာပဲ အဲ့ဒါကြောင့် Taဘဝကိုလိုက်မစွက်ဖက်နဲ့!!ခင်ဗျားမှာဘာစောက်အခွင့်အရေးမှ ရှိမနေဘူး!"
"တောက်! မင်းတော့ကွာ!!"
ဒုန်း! ဒုန်း! ဒုန်း!
လူကိုနံရံနဲ့သူ့ကြားမှာညှပ်ပြီး ခေါင်းနားကနံရံကိုလက်သီးနဲ့ဆင့်ထိုးနေတာတာကြောင့်လန့်ပြီးမျက်လုံးစုံမှိတ်ပစ်လိုက်မိတယ်။သွေးစွန်းတဲ့အထိအားနဲ့ထိုးနေတာမို့ လက်ကိုခပ်တင်းတင်းဆုပ်ပြီး မျက်နှာလွှဲပစ်လိုက်တယ်။နံရံကိုသာအပစ်ပုံချနေတဲ့လူက စိတ်ကြိုက်ထိုးပြီးမှ santaကိုဒေါသတကြီးပြန်ငုံ့ကြည့်တယ်။
"မြဲမြဲမှတ်ထားလိုက် သေရင်တောင်ကွာမပေးဘူး! ငါ့အနားမှာနေတာ မပျော်ဘူးဆိုရင်တောင်တစ်သက်လုံးစိတ်ဆင်းရဲပြီးနေသွားဖို့ပြင်ထား!"
မျက်လုံးတွေကိုတည့်တည့်ကြည့်ပြီး ပြောလာတဲ့နောက် ဆိုဖာကိုဆောင့်ကန်ပြီးထွက်သွားတဲ့လူကိုကြည့်ပြီး စို့နင့်လာတဲ့ခံစားချက်နဲ့အတူ နေရာမမှာတင်ရုပ်ကြိုးပြတ်ထိုင်ချလိုက်မိတယ်။ရန်ပွဲမှာကတည်းက အစိုးမရတဲ့ဒေါသက ထိုလူနဲ့တွေ့မှ ပိုမွန်းကျပ်လာပြီး စိတ်ထဲရှိတဲ့အတိုင်းအော်ပစ်လိုက်မိတာ။လွန်သွားလားမတွေးနိုင်ဘဲ အမှားတစ်ခုလုပ်မိသလို ခံစားချက်က တော်တော်ဆိုးဆိုးဝါးဝါးအနိုင်ယူနေတာမို့ ကြမ်းပြင်ကိုနှစ်ချက်ဆင့်ထိုးလိုက်မိတယ်။
ဒေါသထွက်ရင် ဘာမှမတွေးတော့တဲ့လူမို့ သူလွန်သွားတာသိတယ်။စိတ်ပျက်လက်ပျက်ကြည့်လာတဲ့အကြည့်တွေက သူ့ကိုတကယ်မုန်းသွားတာတော့မဟုတ်ဘူးမလား။santaခေါင်းတစ်ခုလုံး ပြည့်ကျပ်နေပြီး ဘာမှမတွေးနိုင်တော့ဘဲ မျက်လုံးတွေမှိတ်ချလိုက်မိတော့တယ်။
____________
တစ်နာရီကျော်လောက်အထိနံရံမှာမှီထိုင်နေပြီးမှ အပေါ်တက်ပြီးစိတ်ကြည်သွားအောင်ရေချိုးလိုက်တယ်။ပြီးစီးတာနဲ့အဝတ်လဲပြီး တိတ်ဆိတ်နေတဲ့အခန်းထဲ တစ်ချက်ဝေ့ဝဲကြည့်ပြီး ကုတင်ပေါ်လှဲချလိုက်တယ်။မှောင်မဲနေတဲ့အခန်းထဲ လေတိုးဝေ့သံသာရှိပြီး အရင်လိုရန်ဖြစ်သံတွေမရှိတော့တဲ့အခန်းက တိတ်ဆိတ်ခြောက်ကပ်နေတယ်။စိတ်ဆိုးပြီးထွက်သွားတဲ့လူက ည11ခွဲအထိပြန်မလာသေးတာမို့ ပူပန်မိသွားတာတော့အမှန်ပဲ။ပြီးမှ ကိုယ့်စိတ်ကိုယ်ထိန်းရင်း မတွေးမိအောင်နေလိုက်တယ်။
Santaကလွန်သွားတယ်ဆိုပေမယ့် သူလည်းအပြည့်အဝမှန်မနေဘူး။လက်ထပ်ထားတယ်ဆိုတာနဲ့ပဲ ဘယ်အတိုင်းအတာထိ သူ့ကိုလွှမ်းမိုးချုပ်ကိုင်ချင်နေတာလဲ။တစ်လျှောက်လုံးကြမ်းတမ်းနေတာလည်းသူပဲမဟုတ်ဘူးလား။
ဒွီ***
တစ်ယောက်တည်းအတွေးများနေတုန်း ဝင်လာတဲ့ဖုန်းကို ချက်ချင်းယူကြည့်လိုက်မိတယ်။ထင်သလိုမဟုတ်ဘဲ ခေါ်တဲ့လူကphuwinဖြစ်နေတာမို့ သက်ပြင်းချပြီးကိုင်လိုက်တယ်။
"အင်း"
'ဘယ်လိုဖြစ်သွားပြီလဲ အဆင်ပြေရဲ့လား'
"ပြေတယ် ဘာမှမဖြစ်ဘူး"
'မင်းတို့စကားမများကြဘူးလား'
".........."
'p'ohmကလည်းလှမ်းမေးနေတယ် သူစီစဉ်လို့ဖြစ်တာဆိုပြီး စိတ်မကောင်းဖြစ်နေတဲ့ပုံပဲ'
"မဆိုင်ပါဘူး ငါ့စိတ်နဲ့ငါပဲ နဂိုကတည်းကအဲ့ကောင်နဲ့အကြောမတည့်တာ ။ ဘာပဲဖြစ်ဖြစ် သေအောင်ထိုးလိုက်ရလို့ကျေနပ်တယ်"
'p'perth နဲ့ရန်ဖြစ်သေးတယ်မလား'
"အင်း"
'သူအိမ်မှာရှိတယ်လား'
"မရှိဘူး"
'စိတ်ဆိုးသွားတာထင်တယ် ငါတို့လာခဲ့ဖို့လိုသေးလား တစ်ယောက်တည်းဆို လာခဲ့ပေးမယ်လေ'
"မလိုဘူး ရတယ် ခဏနေအိပ်တော့မှာစိတ်မပူနဲ့"
'အင်းပါ'
ဖုန်းချသွားတာနဲ့ ဘေးစားပွဲပေါ်ပစ်တင်လိုက်ပြီးမျက်လုံးတွေမှိတ်ချလိုက်တယ် ။ မွန်းကျပ်နေတဲ့ရင်ဘက်နေရာက ဘယ်အရာကိုမှအလိုမကျဖြစ်နေတာမို့ စိတ်ကိုငြိမ်အောင်ထားပြီး အသက်ပြင်းပြင်းရှူထုတ်လိုက်တယ် ။ ပွင့်လာမလားစောင့်နေတဲ့တံခါးချပ်ကို အတန်ကြာအောင်ငေးကြည့်နေပေမယ့် ထင်သလိုစောင့်နေတဲ့လူပြန်မလာခဲ့ဘူး။အဲဒီညက သူတစ်မှေးမှအိပ်မပျော်ခဲ့ဘဲ ညတာဟာထင်တာထက်ပိုရှည်လျားခဲ့တယ်။.....လင်းပိုင်းမှအိပ်ပျော်သွားတာကြောင့် ခေါင်းနည်းနည်းကိုက်နေတာမို့ ရေတစ်ခါတည်းချိုးပြီး အောက်ကိုဆင်းလာလိုက်တယ် ။ မနက်စာဝိုင်းမှာ အသံကြားတာမို့ ခြေလှမ်းတွေပိုသွက်မိရင်းကြည့်မိတော့ ကြီးကြီးတစ်ယောက်တည်းမနက်စာပြင်နေတာတွေ့ရတယ် ။
"သခင်ငယ်လေး မနက်စာအဆင်သင့်ဖြစ်ပြီနော်"
စားပွဲမှာဝင်ထိုင်တော့ ကော်ဖီတစ်ခွက်ငှဲ့ပေးတဲ့ ကြီးကြီးကဘာမှသိပုံမပေါ်တာကြောင့်santaမေးလိုက်မိတယ်။
"ဟိုလူ့ကိုတွေ့မိလား ကြီးကြီး"
"သခင်လေးလား"
"အင်း ဟုတ်တယ်"
"ဒီရက်ပိုင်းသိပ်မတွေ့မိဘူး ။ ကြီးကြီးကအလုပ်ကိုစောသွားတယ်ပဲထင်နေတာ ဘာဖြစ်လို့လဲ"
"ဘာမှမဖြစ်ပါဘူး"
တကယ်ပြန်မလာတာပဲ ။ santaသက်ပျင်းချလိုက်ပြီး ဘာမှဆက်မပြောမိတော့ဘူး။ညနေလောက်မှာပဲ မာမားကဖုန်းဆက်လာပြီး အလည်လာခဲ့ဖို့ပြောတာမို့ အဆင်ပြေသလိုကြည့်ပြောလိုက်ပြီး နောက်ရက်မှလာခဲ့ဖို့ပြောလိုက်တယ်။
ဘယ်သွားမှန်းမသိတဲ့လူက အိမ်ပြန်မလာတာနှစ်ရက်ရှိပြီမို့ သူစိတ်မဖြောင့်နိုင်တော့ဘူး။လက်ထပ်ပြီးကတည်းက ဘယ်လောက်ပဲနောက်ကျကျအိမ်ရောက်အောင်ပြန်လာတတ်တဲ့လူကအရိပ်အယောင်တောင်ပေါ်မလာခဲ့ဘူး။ဧည့်ခန်းမှာထိုင်ရင်း အပေါ်ထပ်ကိုသန့်ရှင်းပေးနေတဲ့ကြီးကြီးက ခဏခဏလှည့်ကြည့်ပြီးအကဲခတ်နေတာမို့ santaဘာမှမဖြစ်သလိုပဲနေလိုက်တယ်။အကြိမ်ကြိမ်ဖွင့်ကြည့်မိတဲ့ ဖုန်းcontactတစ်ခုကိုဆက်ရမလိုမဆက်ရဘူးလိုနဲ့ နောက်ဆုံးဖုန်းစက်ပိတ်ပစ်လိုက်တဲ့အထိ လက်ကျန်မာနလေးကဦးနှောက်ကိုတားမြစ်တယ်။
ပြန်လာချင်လာမလာချင်နေ ငါ့အလုပ်မဟုတ်ဘူး!
ခုံမှာထိုင်နေရင်း ခြံထဲဝင်လာတဲ့ကားသံကြောင့် ခေါင်းလှည့်ကြည့်လိုက်မိတယ်။shirtအဖြူရောင်ကိုကြယ်သီးသုံးလုံးဖြုတ်ဝတ်ထားပုံကcompanyလာတဲ့ပုံပေါ်နေတာမို့ ချက်ချင်းအကြည့်လွှဲပစ်ပြီးမသိသလိုနေလိုက်တယ်။ရုံးမှာထိ ဒီလိုပုံစံမျိုးဝတ်ပြီး ဘယ်သူ့ကိုရှိုးပြချင်နေတာတဲ့လဲ။မလာခင်က မသိမသာစောင့်နေမိပေမယ့် တကယ်တမ်းရောက်လာတော့လည်းစကားပြောချင်စိတ်မရှိဘူး။
ဧည့်ခန်းမှာထိုင်နေတဲ့သူ့ကို မမြင်ချင်ယောင်ဆောင်ပြီးအပေါ်ထပ်အခန်းထဲထိတက်သွားတဲ့လူက မျက်နှာကျောတင်းတင်းနဲ့ fileတစ်ခုယူပြီးပြန်ဆင်းလာတယ်။လှေကားနားမှာရှိတဲ့ကြီးကြီးကိုတောင် ဘာစကားမှမပြောဘဲ ချက်ချင်းပြန်ထွက်သွားတဲ့လူကြောင့် santaဒေါသဖြစ်ပြီးထွက်သွားတဲ့လူနောက် လိုက်သွားလိုက်တယ်။ဒီလောက်ထိမခေါ်မပြောနိုင်ဖြစ်နေစရာလိုလို့လား!
"နေဦး"
ကားတံခါးဖွင့်နေပြီဖြစ်တဲ့လူက santaခပ်ပြတ်ပြတ်လှမ်းခေါ်တော့ မဝင်သေးဘဲဘာလဲဆိုတဲ့ပုံစံနဲ့ပြန်ကြည့်တယ်။အနားထိလျှောက်သွားလိုက်ပြီး အကွာအဝေးတစ်ခုမှာရပ်ရင်းမျက်နှာကြောတင်းတင်းနဲ့ပြန်ကြည့်လိုက်တယ်။
ဘယ်လိုပဲဖြစ်ဖြစ် santaက အရင်မှားတာမို့စကားပြောဖို့လိုတယ်။
"မာမားက အိမ်လာခဲ့ဖို့ဖုန်းဆက်တယ်"
"မအားဘူးလို့ပြောလိုက် နောက်နေ့မှသွား"
ပြောပြီးကားထဲဝင်ဖို့လုပ်နေတဲ့လူကြောင့် ကျစ်တစ်ချက်စုတ်လိုက်ရင်း ရှေ့ကိုပိုတိုးသွားလိုက်တယ်။
"အိမ်ပြန်မလာနိုင်တဲ့အထိ ဘာအလုပ်တွေက အဲ့လောက်ရှုပ်နေတာလဲ"
"ဘာဖြစ်လို့လဲ အလေသွားလိုက်နေတယ်ထင်လို့လား ။ မင်းလည်းမင်းစိတ်ကြိုက်မင်းနေနေတာမလား ။ ငါလည်းငါနေချင်သလိုနေတာ ဘာပြသနာရှိလို့လဲ"
"Taကိုလာမရွဲ့နဲ့ နေချင်သလိုနေတာခင်ဗျားကိစ္စ။ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျားပြောသလိုဒါခင်ဗျားအိမ်ပဲ ။ Taကြောင့်နဲ့အိမ်ပြန်မလာဘူးဆိုတဲ့ပုံစံမျိုးလာမလုပ်နဲ့ ။ ပြန်လာချင်လာမလာချင်နေစိတ်မဝင်စားဘူး"
ပြောချင်ရာပြောပြီးထွက်သွားတဲ့လူကိုကြည့်ပြီးperth အသက်ပြင်းပြင်းရှူထုတ်ရင်း ထွက်လာခဲ့လိုက်တယ်။နှစ်ကုန်ခါနီးအလုပ်ရှုပ်နေတာရော အိမ်ပြန်လာရင်သေချာပေါက်စကားများရမှာမို့လို့ ပြန်မလာဘဲနေနေတာ။လုပ်ချင်တာလုပ်ပြီး တစ်ထစ်မှမလျော့တဲ့ ဒေါသအိုးကperthစိတ်ကိုအဆုံးထိလောင်မြိုက်အောင်လုပ်နိုင်လွန်းတယ်။
အဲဒီညကထူးထူးဆန်းဆန်း messageပို့လာတဲ့လူကြောင့် စိတ်ကျေနပ်သွားရပေမယ့် မသင်္ကာတဲ့စိတ်နဲ့ ဖုန်းပြန်ဖွင့်ကြည့်မိတာနဲ့ အိမ်မှာမရှိတော့တဲ့လူကြောင့်ဒေါသထွက်သွားခဲ့တာ။အရင်ပြသနာပြီးကတည်းက ဖုန်းမှာGPSချိတ်ထားတာမို့ မြို့အပြင်ရောက်နေမှန်းသိရတော့ ချက်ချင်းလိုက်သွားခဲ့မိတာ ။ ဖုန်းဆက်တာလည်းမကိုင်တော့တဲဲ့ငဂျစ်က ထင်တဲ့အတိုင်းပြသနာရှာနေပြန်တာမို့ ဒေါသမထွက်မိအောင်ထိန်းနေပေမယ့် တစ်ခွန်းမကျန်ပြန်ပြောလာတဲ့စကားတွေက ရင့်သီးလွန်းစွာပဲ နားထဲမှာပြန်ကြားနေမိတုန်း။အဲဒီကလေးခေါင်းထဲမှာ perthကို သူ့ယောင်္ကျားလို့တော့တွေးထားရဲ့လားမသိဘူး။တစ်ချိန်လုံးကွာရှင်းဖို့ပဲတွေးနေခဲ့တာလားဆိုတဲ့အတွေးက ပြန်တွေးတိုင်းအကြိမ်ကြိမ်ဒေါသထွက်ရတယ်။
TBC*
အိမ်ပေါ်ကဆင်းသွားတဲ့ ကိုကို့ကိုလိုက်ချော့ပေးကြပါဦးရှင်😌
There are no comments yet. Log in to be the first to leave a review!
![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)




