Fanfics

Fasten 17

12:34, 30 October 2025

လိုက်ကာဖွင့်ထားတာမို့လင်းနေတဲ့အခန်းကြောင့် santaမျက်ခုံး‌တွေတွန့်ချိုးပြီး ထထိုင်လိုက်တယ်။တရားခံက တံခါးမှန်တွေကိုပါတွန်းဖွင့်ပြီး အင်္ကျီကြယ်သီးတပ်ရင်း လူအ‌နားကိုပြန်လျှောက်လာတယ်။santa ကျစ်တစ်ချက်စုတ်လိုက်ပြီး ‌စောင်ပုံထဲပြန်ဝင်လိုက်ပြီး မျက်လုံးတွေပြန်မှိတ်ပစ်လိုက်တယ်။

"ထတော့ လင်းနေပြီ"

".........."

"Pongsapak"

"အိပ်ချင်သေးတယ်~"

စောင်ပုံထဲကဗလုံးဗထွေးပြောနေတဲ့လူကိုကြည့်ပြီး နောက်ဆုံးကြယ်သီးတစ်လုံးကိုတပ်ရင်း ဘေးမှာဝင်ထိုင်လိုက်တယ်။ခေါင်းထိခြုံထားတဲ့စောင်ကိုဆွဲဖယ်တော့ အတင်းပြန်ဆွဲထားပြီး ဘေးကိုလှည့်သွားပြန်တယ်။perthစောင်ပုံထဲကလူကိုကြည့်ပြီးအသည်းယားလာတာကြောင့် မထမချင်းစဖို့ ဆုံးဖြတ်လိုက်တယ်။

"ဘယ်ချိန်ရှိနေပြီထင်လို့လဲ ဟမ်နေ့ခင်းမှပြန်အိပ်တော့ ခေါင်းကိုက်လိမ့်မယ်"

"............"

"ထပါဆိုကွာ တော်တော်ပြောရဆိုရခက်ပါလား"

"ဖယ်...မထဘူး"

"ကိုယ်အလုပ်သွားရတော့မှာ"

"သွားပါလား ဘာလို့လာနှိုးနေတာလဲ"

"မလိုက်ချင်ဘူးလား အစ်မကမင်းကိုမတွေ့တာကြာလို့ မေးနေတာ"

"မလိုက်ဘူး အပြင်ထွက်ခွင့်ပိတ်ခံထားရလို့ဘယ်မှမသွားတာလို့ပြောလိုက်"

"ကိုယ့်ကိုရွဲ့နေတာလား"

"သိရင်ပြီးရော ခင်ဗျားသိဖို့ပဲလိုတာ"

"အဟွန်း အရင်ထဦး မကျေနပ်တာတွေပြီးမှပြော"

"မထဘူး..လို့! အင့်!"

ထိုင်နေရက်နဲ့ အိပ်နေတဲ့လူရဲ့လက်နှစ်ဖက်ကိုဆွဲထူလိုက်တော့ အားနဲ့ပြန်ရုန်းလိုက်တာကြောင့် perthအိပ်နေတဲ့လူပေါ်ထပ်လျက်သားကျသွားတယ်။ထိတိုက်သွားမိတဲ့နှာခေါင်းလုံးလေးက ဒီတစ်ခါမျက်နှာလွှဲမသွားပဲ သူ့ကိုမျက်လုံးပြူးလေးနဲ့ပြန်ကြည့်လာတယ်။perthတမင်ဖယ်မပေးဘဲ ပိုတိုးကပ်သွားမိတာနဲ့ မျက်လုံးတွေစုံမှိတ်ပစ်တာက ကြောင်ပေါက်ကလေးလို ကြောက်လန့်တကြားမို့ ပြုံးလိုက်မိတယ်။

"ချစ်ဖို့ကောင်းတယ်"

"ဟင်"

"..........."

ပြွတ်စ်*

"ထတော့ ကြီးကြီးကိုမနက်စာပြင်ခိုင်းထားတယ်မြန်မြန်ဆင်းခဲ့ စောင့်နေမယ်"

ပီပီသသကြားလိုက်ရတဲ့စကားကြောင့် ကြောင်နေတုန်းမှာပဲနှာခေါင်းကိုဖိကပ်နမ်းသွားတဲ့လူကြောင့် santaဘာမှပြန်မပြောနိုင်တော့ဘဲ ပက်လက်အနေအထားအတိုင်းကျန်ခဲ့တယ်။မူမမှန်တဲ့ နှလုံးခုန်သံနဲ့အတူ မျက်နှာကျက်ကိုစိုက်ကြည့်မိနေရာမှ ရင်ဘက်ကိုတင်းတင်းဆုပ်ကိုင်လိုက်မိပြီး ခေါင်းကိုခါထုတ်လိုက်မိတယ်။

ဘာလို့အဲ့လောက်ခုန်နေတာလဲကွာ။

Perth Tanaponကရော ဘာဖြစ်ချင်နေတာလဲ!

.....မျက်နှာသစ်ပြီးဆင်းခဲ့တော့ စားပွဲမှာထိုင်နေတဲ့လူက ဖုန်းပြောနေတာမို့ santa ဘေးခုံကိုငြိမ်ငြိမ်လေးဝင်ထိုင်လိုက်တယ်။မျက်ခုံးတွေတွန့်ချိုးနေပြီး သက်ပြင်းချလိုက် တောက်ခေါက်လိုက်လုပ်နေပြီး ခဏအကြာမှဖုန်းကိုစားပွဲပေါ်ပစ်ချပစ်တယ်။santaကော်ဖီသောက်နေရင်း မသိသလိုနေလိုက်ပြီး တက်သမျှသတင်းတွေအပေါ်ဆွဲလိုက်အောက်ဆွဲလိုက်လျှောက်ကြည့်နေလိုက်တယ်။ပုံမှန်အချိန်‌တွေမှာသာ တစ်ခွန်းမကျန်ပြန်ပြောရဲပေမယ့် မေးကျောတွေထင်းနေအောင်ဒေါသထွက်နေချိန်ဆိုရင်santaတကယ်ထိုလူ့ကိုရှိန်တယ်။

"မစားဘူးလား ဘာမကြိုက်လို့လဲ"

"မဟုတ်ပါဘူး သိပ်မစာလို့"

"တစ်ခုခုစားချင်တာရှိရင် ကြီးကြီးကိုခေါ်ပြီးလုပ်ခိုင်းလိုက် မလုပ်တတ်ဘဲတစ်ယောက်တည်းလျှောက်မလုပ်နဲ့ ခိုက်မိနေမယ်"

"အင်း"

လွန်ခဲ့တဲ့နှစ်‌ရက်လောက်က santaကိုယ့်ဘာသာyoutubeကဟင်းချက်နည်းကြည့်ပြီးလျှောက်လုပ်ထားတာ‌တွေ့သွားတာကြောင့်ပြောတာဖြစ်မယ်။ကြက်ဥလိပ်ပုံဖော်တဲ့ဟင်းက စိတ်ကြိုက်မရခဲ့တာမို့ santaပန်းကန်လိုက်လွှတ်ပစ်လိုက်ပြီးကတည်းက ဘာမှလုပ်ကြည့်ချင်စိတ်မရှိတော့တာ။

"သွားချင်တဲ့နေရာရှိလား နေ့လည်အားရင်လိုက်ပို့မယ်"

"အလုပ်သွားမှာမဟုတ်ဘူးလား"

"သွားမှာ နေ့ခင်းပိုင်းအားတယ် ညဘက်dinnerရှိတာမို့နောက်ကျမှာ"

"မရှိဘူး ပြန်မလာလည်းရတယ်"

အလုပ်ပင်ပန်းနေမှာစိုးတာကြောင့်သွားလိုက်ပြန်လိုက်မလုပ်စေချင်လို့ ငြင်းလိုက်တယ်။တကယ်လည်းဘယ်မှသွားချင်တာမရှိဘဲ အိမ်ထဲနေတာကြာလာတော့အပြင်ထွက်ချင်စိတ်သိပ်မရှိတော့ဘူး။

"အင်း သွားတော့မယ် တစ်ယောက်တည်းဘယ်မှလျှောက်မသွားနဲ့"

"သိပါတယ်"

ပေစောင်းစောင်းကြည့်လိုက်ပြီးပြောတော့ santaဆံပင်တွေကိုဖွပြီးထွက်သွားတော့တယ်။အံကျိတ်ရင်းကျန်ခဲ့တဲ့လူက မပြုံးမိအောင်မျက်နှာတည်ထားရတာမှန်း ထိုလူမသိတာတော်သေးတယ်။သိသိသာသာနူးညံ့တတ်လာတဲ့လူကြောင့် အရင်လိုသိပ်စကားမများရတော့ဘဲ နေ့ရက်တွေက အဆင်ပြေချောမွေ့နေတတ်တယ်။ကတိအတိုင်း အလိုလိုက်ပေးဖို့ကြိုးစားနေတာဖြစ်မယ်။

သွားစရာမရှိဘူးဆိုပြီးပြောထားခဲ့ပေမယ့် ညနေလောက်မှာပဲ ဟိုနှစ်ကောင်ကsantaဆီဖုန်းဆက်ပြီးလာခဲ့ဖို့ခေါ်တယ်။ဆိုဖာပေါ်အိပ်နေရင်း စဉ်းစားလိုက်မိတာက မသိဘဲသွားရင်အဆင်ပြေပါ့မလား။

"ဘာလုပ်ကြမှာလဲ"

'ဆော့မလို့ ပြင်းလို့မင်းကိုခေါ်တာ'

"ခွေးကောင် အကောင်းမပြောဘူး"

'p'ohmပြန်ရောက်နေပြီ'

"ဟမ်"

Phuwinနဲ့ရန်သတ်နေတုန်း ဖြတ်ပြောလာတဲ့fourthစကားကြောင့် အံ့ဩပြီး ထထိုင်လိုက်မိတယ်။

"ဘယ်နေ့ကလဲ"

'မနေ့ကတဲ့ ငါတို့လည်းမနက်ကမှသိတာ အဲ့ဒါသူ့clubကပွဲရှိလို့ လာခဲ့ဖို့လှမ်းခေါ်တာ'

"club  အသစ်လား"

'အေး သွားမလား '

"ငါဝင်ဖို့လိုလို့လား ကြည့်ရုံပဲမဟုတ်ဘူးလား"

'အဲ့ဒါတော့သေချာမသိဘူးဟ အရင်ကညိခဲ့တဲ့ကောင်တွေနဲ့ပဲမို့ မင်းကိုလှမ်းခေါ်တာဖြစ်မယ်'

တစ်ဖက်ကစကားကြောင့် santaစိတ်ဝင်တစားနားထောင်ပြီး တွေဝေသွားတယ်။မလုပ်ဖြစ်တာကြာပြီးဖြစ်တဲ့အလုပ်အတွက် သူယုံကြည်မှုသိပ်မရှိတာတော့အမှန်ပဲ။

သုံးယောက်သားတိုင်ပင်နေတုန်းမှာပဲ ဝင်လာတဲ့ဖုန်းကြောင့် ဖုန်းချပြီးချက်ချင်းကိုင်လိုက်တယ်။

"p'ohm!"

'‌ဗျာ...သခင်ငယ်လေး'

"ပြန်ရောက်နေတာကိုမပြောဘူး အရမ်းနေနိုင်တာပဲနော်"

'တမင်မပြောတာမဟုတ်ပါဘူးဗျာ ကျွန်တော်မျိုးအိမ်ပြောင်းရရွှေ့ရနဲ့မို့မဆက်ဖြစ်တာပါ ခင်ဗျားလေးကသာ Sukumpantanasanမျိုးရိုးဖြစ်သွားတာကိုလျှိုထားတာမလား'

"မလျှိုပါဘူးနော် မလာနိုင်တာသိလို့သေချာမပြောတာပါ"

'ဟုတ်ပါပြီ ဒါနဲ့ ဟိုနှစ်ကောင်လှမ်းပြောတယ်မလား'

"ပြောတယ် အရင်ကကောင်တွေပဲဆို သူတို့လည်းပြန်ရောက်နေတာလား"

'မဟုတ်ဘူး အလည်လာတာထင်တယ် ကြုံလို့culbအသစ်ဖွင့်တာနဲ့ ပွဲချိန်းတာဖြစ်မယ် ။ စိတ်ဝင်စားလား'

"p'ohmကဘာလို့တုန်း'

'ရောက်ရောက်ချင်းကြီးစိတ်မပါလို့လေ TaTaစိတ်ဝင်စားမယ်ထင်လို့ သူတို့ကလည်းမင်းကိုပဲ by nameတပ်စိန်ခေါ်တာ ငါမခံနိုင်လို့ချိန်းပေးလိုက်တာ'

"ဘယ်ချိန်လဲ"

'ည7နာရီ'

"လာခဲ့မယ် စောင့်နေလို့ပြောလိုက်"

'ဟုတ်ပြီ လာခေါ်ရမလား'

"ရတယ် fourthကိုပဲဝင်ခေါ်ခိုင်းလိုက်မယ်"

ပွဲဆိုတာနဲ့ထကြွလာတဲ့စိတ်ကြောင့် ဘာမှမစဉ်းစားတော့ဘဲသွားဖို့ဆုံးဖြတ်လိုက်တယ်။UKကတည်းကငြိခဲ့တဲ့ကောင်တွေက သူ့ကိုပဲငြှိုးပြီးစိန်ခေါ်တာမို့ ရှောင်နေလိုက်ရင်pongsapakရာဇဝင်ရိုင်းသွားမှာပေါ့။

ဖုန်းချပြီးတာနဲ့ နာရီကိုကြည့်လိုက်တော့ ညနေ6နာရီရှိပြီမို့ သက်ပြင်းချရင်း တစ်ခါမှမပို့ဖူးတဲ့ message boxကိုဖွင့်ပြီးစာတစ်ချို့ရိုက်ပို့လိုက်တယ်။

'ဘယ်ချိန်ပြန်လာမှာလဲ'

တင်!

'8နာရီခွဲလောက်မှပြီးမယ်ထင်တယ် ဘာဖြစ်လို့လဲ'

ချက်ချင်းပြန်လာတဲ့replyကိုကြည့်ပြီးစိတ်ကျေနပ်သွားတယ်။တစ်နာရီခွဲအချိန်ရတယ်။မြန်မြန်ဖြတ် မြန်မြန်ပြန်လာဖို့အချိန်လောက်တယ်။Okပြီ။

'ဘာမှမဖြစ်ဘူး မေးကြည့်တာ ညစာစားဖို့စောင့်မလို့'

'မစောင့်နဲ့ စားနှင့်လိုက် နောက်ကျမှာ'

'အင်း'

အဆုံးသတ်သွားတဲ့ conversationကိုကြည့်ပြီးအောင်နိုင်သူလိုပြုံးရင်းထရပ်လိုက်တယ်။ဟိုနှစ်ကောင်ကိုပါ ဝင်ခေါ်ဖို့ပြောလိုက်ပြီး ရေချိပြီးပြင်ဆင်ရင်းစောင့်နေလိုက်တယ်။ပါပါးအိမ်မှာဆိုခိုးထွက်ဖို့လွယ်ပေမယ့် ခြံထဲမှာတပ်ထားတဲ့CCTVအလုံးပေါင်းသောင်းခြောက်ထောင်ကြောင့် ဘယ်လိုမှလွတ်လမ်းမရှိတာမို့မသွားဘဲနေနေရတာ ။ ခုချိန် Perth Tanaponကညစာစားပွဲမှာဆိုတော့ သူ့ကိုစောင့်ကြည့်နိုင်မှာမဟုတ်ဘူး။သူပြန်မရောက်ခင်ပြန်မလာနိုင်ရင်ရပြီ။

ရေချိုးပြီးတော့ဆယ့်ငါးမိနစ်လောက်ထိုင်စောင့်မေပြီးမှ ‌လမ်းမှာရောက်‌နေပြီဖြစ်ကြောင်းဖုန်းဆက်လာတာမို့ မြန်မြန်ပြေးသွားပြီးမောင်းသွားခိုင်းလိုက်တယ်။ Perth Tanapon မသိဘူးဆိုပေမယ့် တစ်ဖက်ခြံမှာကြီးကြီးရှိတာကြောင့် ပြန်တိုင်မှာသေချာတယ်။

"မင်းဟာကလည်း ဆရာမမသိအောင်ကျောင်းလစ်ရတာထက်ပိုဆိုးနေသလိုပဲ"

"ပါးစပ်ပိတ်စမ်းပါ"

"ဘယ်တုန်းက လင်ကြောက်တတ်သွားတာလဲ"

"ကြောက်တာမဟုတ်ဘူးကွ စကားမများချင်လို့"

"ကိုကိုနဲ့ချစ်ချစ်ခင်ခင်နေချင်တယ်ပေါ့"

"သေလိုက်လေ မင်အဖေကို ကိုကိုလား"

"ဟားဟား"

ဝိုင်းစနေတဲ့နှစ်ယောက်ကြောင့် santa မျက်နှာရှုံ့မဲ့ပြီး ပြန်ဆဲလိုက်တယ်။လက်ထပ်တာနဲ့ မလွတ်လပ်တော့တာမဟုတ်ဘူးလို့ပြောခဲ့တာ သူတို့မဟုတ်တဲ့အတိုင်းပဲ ။ santaကိုမြှောက်ပေးတုန်းကပေးပြီး ခုမှလာလှောင်နေကြတာ။

ချိန်းထားတဲ့ကွင်းကိုရောက်တာနဲ့ p'ohmက ကားကိုနောက်မှီပြီး ရပ်စောင့်နေတယ်။santa p'ohmဘေးမှာရပ်ထားတဲ့ကားကိုတွေ့ပြီး ပြေးသွားလိုက်မိတယ်။

"ကလေးလေး လွမ်းလိုက်တာကွာ"

Santaစီးနေကျနဲ့အကြိုက်ဆုံးဖြစ်တဲ့ sportကားအနီရောင်လေးက အရောင်တလဲ့လဲ့နဲ့ သခင်ကိုကြိုဆိုနေပုံပေါက်တယ်။

မစီးရတာဘယ်လောက်တောင်ကြာနေပြီလဲ။

"ဟဟ ဘယ်လိုလဲ ယုံကြည်မှုကရှိသွားပြီလား"

"hundred percentပဲ ဘယ်မှာလဲအဲ့ကောင်‌တွေက"

"ဟိုမှာ လာနေပြီ"

သူတို့ရပ်နေတဲ့အနားကို sportကား နှစ်စီးထိုးရပ်လာပြီး မထီမဲ့မြင်ပုံစံနဲ့ဆင်းလာတဲ့လူသုံးယောက်က santaအနားကိုလာရပ်တယ် ။

"မတွေ့ရတာကြာပြီနော်"

"ဟက်! တွေ့ချင်လွန်းလို့ချိန်းလိုက်တာပဲမဟုတ်ဘူးလား"

"ဟွန်းး Santa Pongsapakက အခုထိရိုးရာမပြတ်ပါပဲလား"

"sorry မင်းနဲ့ဆိုအကျင့်ဖြစ်နေလို့"

အေးစက်စက်စကားတွေကို ဘေးကရပ်နေတဲ့လူတွေကလည်းဂရုတစိုက်နားထောင်နေရတယ်။တွေ့ရာအရပ်မှာ ရန်ဖြစ်တတ်တဲ့နှစ်ယောက်သားက စကားအေးဆေးပြောနေကြပြီဆိုကြောက်ရတယ် ။

"ပွဲကပျော်ဖို့တော့ကောင်းမှာပဲ လောင်းကြေးကဘာလဲ"

"သဘောဘဲ မင်းဘက်ကစတာဆိုတော့ စိတ်ကြိုက်သတ်မှတ်လို့ရတယ်"

"ကြိုက်ပြီ Santa Pongsapakနဲ့ဘဲပြိုင်မယ် ဘေးလူဝင်ခွင့်မရှိဘူး ။ ငါရှုံးရင်မင်းစိတ်ကြိုက်လုပ်လို့ရတယ် ။ မင်းရှုံးခဲ့ရင် မင်းမျက်ခွက်ကိုစုတ်ပြတ်သတ်အောင်ထိုးမှာ ဘယ်လိုလဲ"

"သဘောတူတယ်"

"စည်းမျဉ်းအတိုင်းပဲပြိုင်ရမယ် လွန်တဲ့ဘက်ကသေချာပေါက်အရှုံးပဲ"

ကြားကဝင်ပြောတဲ့ p'ohmစကားကို နှစ်ယောက်လုံးလက်ခံလိုက်ကြတယ်။ဘေးကလူတွေက ကွင်းပြင်ထွက်ပေးပြီး လုံခြုံရေးအင်္ကျီဝတ်ပြီးတာနဲ့ crash-helmetဆောင်းပေးတဲ့ p'ohmကသတိပေးသလိုကြည့်လာတာမို့ ခေါင်းငြိမ့်ပြလိုက်တယ်။တစ်သက်လုံး လမ်းမတိုင်းမှာကားပတ်မောင်း‌‌နေပြီး ပွဲတကာဝင်ပြိုင်နေကျဖြစ်တာမို့ ကားကသူအကြိုက်ဆုံးဝါသနာနဲ့ အလုပ်ဖြစ်ဆုံးပဲ ။ UKမှာနေ့တိုင်းနီးပါးပြိုင်လေ့ရှိပေမယ့် ပြန်ရောက်ပြီးကတည်းကပါပါးက ခွင့်မပြုတာမို့ငြိမ်နေရတာ။အနည်းငယ်စိမ်းနေမိ‌တယ်ဆိုပေမယ့် ကားထဲဝင်ဝင်ချင်းစီယာတိုင်ပေါ်လက်တင်လိုက်တာနဲ့ အသားကျသွားတဲ့စိတ်တွေက ပြိုင်ဆိုင်လိုစိတ်သာကြီးစိုးနေတော့တယ်။

အသက်ပြင်းပြင်းရှုလိုက်ရင်း ရှေ့ကိုဦးတည်ထားတဲ့မျက်လုံးတွေကစူးရဲနေတယ်။ကွင်းပြင်က အချက်ပေးအလံပြလိုက်တာနဲ့ တရှိန်ထိုးလှစ်ကနဲမောင်းထွက်သွားတဲ့ကားနှစ်စီးက ဘေးချင်းယှဉ်လျက်အနေအထားနဲ့ တန်းတူဖြစ်‌နေတယ်။တစ်ဖက်မှန်ကမြက်နေရတဲ့ကောင်က santaဘက်ကိုလှမ်းကြည့်ပြီး လက်ခလယ်ထောင်ပြတာမို့ စိတ်ထဲကကျိန်ဆဲလိုက်ပြီး အရှိန်တင်လိုက်တယ်။

ကွင်းတစ်လျှောက်မလျော့တဲ့အရှိန်နဲ့ပြေးနေတဲ့ကားနှစ်စီးမှာ အနီရောင်sportကားက တစ်ကျော့သာသွားပြီး ရှေ့ကိုပိုရောက်သွားတယ်။အဆုံးထိမြင်ရစေဖို့ အပေါ်ဆုံးကလှမ်းကြည့်နေတဲ့ သုံးယောက်လုံးမျက်နှာမှာ ဂုဏ်ယူတဲ့အပြုံးတွေထင်ဟက်နေတယ်။

pongsapakကတကယ်pongsapakပီသနေတုန်းပဲ။

သတ်မှတ်speedရဲ့ ဂိတ်ဆုံးထိ ထိနေပြီဖြစ်တဲ့အရှိန်က သိသိသာသာပဲတစ်ဖက်ကားကို ရှင်းရှင်းလင်းလင်းကျော်တက်သွားတယ်။နောက်ကလိုက်လာတဲ့ကားက လမ်းကြောင်းပြောင်းပြီး အမြင့်ဆုံးအရှိန်ထိတင်လိုက်ပြီး အနီရောင်ကားရှေ့ပိတ်မောင်းသလိုဖြစ်သွားတယ်။

သို့သော် အကွေ့တစ်နေရာမှာပဲ sportအနီကားက driftဆွဲလိုက်ပြီးအရင်ဦးအောင်ကွေ့ပစ်တာမို့ တစ်ဖက်ကားကလမ်းကြောင်းပေါ်ရှောင်ပြီးနောက်ကျန်သွားပြန်တယ်။အရှိန်ပြန်ထည့်ပြီး အမီလိုက်တဲ့တစ်ဖက်ကားက ရှေ့ကပြေးနေတဲ့ကားအမှီးကို ဝင်ဆောင့်ပစ်တာကြောင့် ဟန်ချက်ပြတ်သွားပြီး အရှိန်ပြန်တင်တယ်။တစ်ဆက်တည်း ပွဲအခြေအနေပြောင်းသွားပြီူးsantaကားဘေးမှာ ယှဉ်မောင်းလာတဲ့ကားက ဘေးချင်းပစ်တိုက်လာတယ်။santaမျက်ခုံးတွေတွန့်ချိုးပြီး လမ်းကြောင့်လွှဲပစ်လိုက်ပေမယ့် အမှီပြန်လိုက်တဲ့ကားက နောက်မှီးကို‌‌ရွေ့သွားတဲ့အထိအရှိန်နဲ့ပစ်တိုက်လိုက်တာမို့ အရှိန်ထိန်းလိုက်ပြီးရပ်လိုက်ပေမယ့် စီယာတိုင်နဲ့ခေါင်းနဲ့စောင့်မိတဲ့အထိအားကပြင်းတယ်။

ပြင်းထန်သွားတဲ့ပြိုင်ပွဲကြောင့် ရပ်လိုက်ဖို့အချက်ပြလိုက်ပေမယ့် sportအနီရောင်လွင့်ထွက်မသွားမချင်းပစ်တိုက်ဖို့ကြံစည်နေတဲ့အလား santaကားကို စောင့်တိုက်လာတယ်။

အသေသတ်ဖို့ကြံနေတာလား။

Santaကားကိုအရှိန်ပြန်တင်လိုက်ပြီး တစ်ဖက်ကားကိုနောက်ပြန်စောင့်တိုက်ပစ်လိုက်တော့မှရပ်သွားပြီး လမ်းဘေးကိုရောက်သွားတယ်။တစ်ဆက်တည်း helmetကိုဆွဲချွတ်လိုက်ပြီး စူးရဲနေတဲ့မျက်လုံးတွေက တစ်ဖက်ကားထဲကလူကိုအားနဲ့ဆွဲထုတ်ပစ်လိုက်တယ်။ helmetကိုင်ထားတဲ့ကောင်ကသူ့ကိုမထီတထီကြည့်လာပြီး စိန်ခေါ်နေတဲ့ပုံကြောင့် အားနဲ့ဆွဲထိုးပစ်လိုက်တယ်။အငိုက်မိသွားတဲ့လူက သွေးစို့သွားတဲ့နှုတ်ခမ်းကိုဖိကိုင်ပြီး ပြန်ထိုးတာကြောင့် ဘေးကိုယိုင်သွားပေမယ့် ကမ်းကုန်နေပြီဖြစ်တဲ့ဒေါသတွေကအလုံးအရင်းဝင်လာပြီး မလျော့တဲ့အားနဲ့လဲကျတဲ့အထိထိုးပစ်လိုက်တယ်။

"ဘာစောက်ချိုးချိူးတာလဲ ဟေ့ရောင် ဟမ်!စည်းကမ်းမချိုးဖောက်ဘူးလို့မင်းစောက်ပါးစပ်ကပြောတာအဟုတ်ဘူးလား!"

"အဲ့တော့ဘာဖြစ်လဲ! သူရဲဘောကြောင်ပြီးရှောင်ပြေးတာမရှက်ဘူးလား သတ္တိရှိရင် ငါနဲ့ယှဉ်တိုက်လေ ဘာလို့ရှောင်ထွက်တာလဲ"

"အေး ! သတ္တိရှိတဲ့ကောင်ကို ငါကအသေသတ်ပြမယ်!"

တစ်ယောက်တစ်ချက်ထိုးနေပေမယ့် အသားစီးရသွားပြန်တဲ့santaက တစ်ဖက်လူအပေါ်ခွတက်ပြီး အားနဲ့ဆင့်ထိုးတယ် ။ လုံးထွေးသတ်ပုတ်နေတဲ့ နှစ်ယောက်ကို ဆွဲဖို့ပြေးလာတဲ့ fourthတို့သုံးယောက်ကို တစ်ဖက်ကောင်တွေက ထိုးကျိတ်လာတာမို့ ကွင်းတစ်ဖက်မှာရမ်ပွဲတစ်ခုဖြစ်သွားပြန်တယ်။ကွင်းထဲကနှစ်ယောက် သူသေကိုယ်သေထိုးကျိတ်‌နေကြပြီး ပိုခံရတဲ့တစ်ဖက်ကောင်က အပေါ်ကခွထားတဲ့santaကိုတွန်းလွှတ်ပြီး ‌အင်္ကျီကိုဆောင့်ဆွဲကိုင်လာတယ်။

"ရွံစရာကောင်းအောင် ယောင်္ကျားတစ်ယောက်နားမှာကပ်နေရင်းမိုက်နေတဲ့မင်းလိုကောင်ကို စောက်ထင်မကြီးဘူး နားလည်လား!"

"ဘာ!"

"ဟက်! Sukumpantanasanမျိုးရိုးကြောင့်ဇောင်းကြွနေတာမလုံဘူးလား ငါတော့မင်းလိုအခြောက်ကောင်ကို ရွံတယ်"

ခွပ်!*

"တောက်! ခြောက်မခြောက်သိရအောင်မင်းဖင်လာခံကြည့်လိုက်လေ!! အေး! Pongsapak ဆိုတဲ့ကောင်က မင်းမမွေးခင်ကတည်းကဇောင်းကြွလာတာ မသိသေးရင်သွားစုံစမ်းကြည့်လိုက်ဦး!! ‌ခွေးသူတောင်းစား!!"

"santa တော်တော့ ပြသနာပိုကြီးသွားမယ်!"

အဆက်မပြတ်ထိုးကျိတ်နေတဲ့santaကို ဝင်ဆွဲတဲ့phuwinကိုယ်တိုင်လည်း ဒဏ်ရာအပြည့်နဲ့ဖြစ်တယ်။ဘယ်လောက်ဆွဲဆွဲမရပ်တဲ့လူက ဒေါသတွေဂိတ်ဆုံးနေပြီး မျက်လုံးထဲဘာမှမမြင်တော့ဘူး ။ အောက်ကကောင်ကိုအသေသတ်ပစ်ချင်တဲ့စိတ်ပဲ သူ့ခေါင်းထဲမှာကြီးစိုးနေတယ်။

"ဟင် p'perth"

TBC**

There are no comments yet. Log in to be the first to leave a review!

Similar stories