Fanfics

Fasten 9

04:15, 19 October 2025

Colaမသောက်ရလို့ မကျေမချမ်းဖြစ်နေတဲ့သူက စားပွဲ့ရှေ့လာချပေးတဲ့ ဟင်း‌ပွဲတွေမှာ အာရုံပြောင်းသွားပုံရပြီး ခေါင်းမဖော်တမ်းစားတော့တယ်။Perthမှာပေးထားတဲ့juiceကလည်းခွက်ထဲမှာတစ်စက်မှမရှိတော့တာကြည့်ပြီး ခေါင်းရမ်းလိုက်မိတယ်။သောက်ချင်တာဆိုတာထက် သူ့ကိုရွဲ့နေတာသိသာလွန်းနေပြီမဟုတ်ဘူးလား။

"မစားဘဲဘာကြည့်နေတာလဲ"

ပလုတ်ပလောင်းနဲ့perthကိုမော့ကြည့်ပြီးမေးလာတယ်။ဘေးကတစ်ရှူးတစ်ရွက်ကိုဆွဲနှုတ်လိုက်ပြီး ပေနေတဲ့နှုတ်ခမ်းကိုလှမ်းသုတ်ပေးလိုက်တယ်။ရှေ့ကိုပိုကိုင်းပေးလာပုံက ကိုယ့်ကိုသူ့အစ်ကိုနဲ့များမှားနေသလားထင်ရတယ်။အလိုလိုက်ခံချင်တာလည်းနှစ်ယောက်မရှိဘူး။ပြောစကားကျရင်လည်း နားထောင်ရကောင်းမှန်းမသိဘူး။

"မဆာတော့ဘူး မင်းပဲဝအောင်စား"

မျက်လုံးတွေထောင့်ကပ်သွားပြီးဘာမှပြောမလာတော့။perthတကယ်ပင် အစာလွန်သွားပြီမို့ ထပ်စားလိုက်ရင်နေလို့ကောင်းမှာမဟုတ်တော့ဘူး။နေ့လည်စာစားချိန်နောက်ကျတိုင်း ဗိုက်အောင့်တတ်တာအကျင့်တစ်ခုလိုဖြစ်နေတာကြောင့် အစ်မကအချိန်ဇယားအမြဲညှိပေးရပေမယ့် ဒီနေ့မှအချေအတင်ဖြစ်ခဲ့ရတဲ့အလုပ်အပြင် ရှေ့ကဟာလေးနဲ့ပါစကားများခဲ့ရသေးတာမို့ အဆာလွန်သွားခဲ့တာ။

ရှေ့ကငဂျစ်ကို perthလက်ပိုက်ပြီးထိုင်စောင့်နေလိုက်တယ်။စားပြီးသွားပြီဆိုမှ အတူတူပြန်ခဲ့ကြတယ်။ဗိုက်ပြည့်သွားတဲ့ဂျစ်တူးက ဘာစကားမှမပြောတော့ဘဲငြိမ်ငြိမ်လေးလိုက်လာတယ်။

"Perth?"

ဆိုင်အပြင်ထွက်ပြီးမှနောက်ကခေါ်လိုက်တဲ့အသံကြောင့် perthလှည့်ကြည့်လိုက်မိတယ်။‌

"ကျွန်မကိုမှတ်မိသေးရဲ့လား"

"Mai?"

"အိုး တော်သေးတာပေါ့ ။ ကျွန်မကိုမေ့သွားပြီတောင်ထင်နေတာ"

"အင်း ပြောစရာရှိလို့လား"

"ဟုတ်တယ် ။ နောက်နှစ်လလောက်နေရင် အိမ်ကdaddyတို့ anniရှိတယ်လေ။အဲ့ဒါdaddyနဲ့ mommyက ကြိုဖိတ်ခိုင်းထားလို့ မဟုတ်ရင်တောင် အိမ်ကိုလာတော့မလို့ဘဲ။အိမ်ကိုလာရင် perthကိုမတွေ့မှာဆိုးလို့။  လိုသေးတယ်ဆိုပေမယ့် တွေ့တုန်းမို့ကြိုပြောထားတာ"

တမင်လုပ်ယူထားတဲ့လေသံနဲ့ တရဆက်ပြောသွားတဲ့ရှေ့ကမိန်းမကို ကြည့်ပြီးsantaနှုတ်ခမ်းတွေမသိမသာမဲ့မိသွားတယ်။အဲ့လိုကြီး ပြောနေစရာလိုလို့လား။ပုံမှန်းအတိုင်းပဲပြောလို့မရဘူးလားအစ်မ လို့တောင်မေးချင်မိသွားတယ်။Santaဆက်မနေနိုင်တော့ဘဲ ကားထဲမှာပဲသွားစောင့်ဖို့ပြင်လိုက်တယ်။ဒါပေမယ့် ကျောပေးရပ်နေတဲ့လူက သူ့အကြံကိုသိတဲ့အတိုင်း လက်ကိုဆွဲကိုင်လာတယ်။

"မာမားဆီပို့ထားလည်းရတယ် ။ သူအိမ်မှာအမြဲရှိတယ်"

"အန်တီ့ကို daddyတို့ကဖိတ်မှာလေ။တို့ကperthကို သီးသန့်ဖိတ်တဲ့သဘောမျိုးမို့ လာခဲ့မယ်မဟုတ်လား"

"အချိန်ရရင်လာခဲ့မယ်။ ခုတော့ ခွင့်ပြုပါဦး"

"ကောင်းပါပြီ"

Santaလက်ကိုဆွဲပြီးထွက်သွားတဲ့လူနောက် အမှီလိုက်ရတယ်။ဒီလောက်ထိ တိုပြတ်ပြတ်‌ပြန်ပြောနေပုံထောက်ရင် အရင်ရည်းစားဟောင်းတွေထဲကတစ်ယောက်ဖြစ်မှာသေချာတယ်။exမို့ ဒီလောက်စိမ်းကား‌နေတာနေတာမှာပေါ့။ဟိုအစ်မကလည်း မိန်းကလေးဖြစ်ပြီး ဂရုမစိုက်တော့တဲ့လူကို တစ်perthတည်းperthနေတာမမောဘူးလားမသိဘူး။

"မာမားမိတ်ဆွေရဲ့သမီး"

"ဟမ်"

"ခုဏက တစ်ယောက်ကိုပြောတာ။တွေးချင်ရာတွေတွေးပြီး ထင်ချင်ရာတွေထင်နေမှာဆိုးလို့ ပြောပြတာ"

"ဘာထင်နေလို့လဲ မထင်ပါဘူး"

သူ့‌အတွေးတွေကိုသိနေတဲ့အလားပြောနေတာမို့ santaဗြောင်ငြင်းလိုက်မိတယ်။ရည်းစားဟောင်းလို့ပဲထင်နေတာ ။ မဟုတ်ဘူးလား။အဲဒါထက် သူကဘာလို့santaကိုအရေးလုပ်ပြီးလာပြောပြနေတာလဲ။....

"ဒီရက်ပိုင်း p'perthနဲ့အဆင်ပြေနေတယ်လို့ကြားတယ်။ ဘယ်လိုလဲ p'perthကသဘောကောင်းတယ်မဟုတ်လား"

"ထင်တာပဲ"

မရေမရာဖြေနေတဲ့သူ့ကို မားက မနိုင်ဘူးဆိုတဲ့ပုံစံနဲ့ကြည့်လာတယ်။အဆင်ပြေနေတာ တစ်ခြားမဟုတ်ဘဲ သူလည်းဒီရက်တွေမှာအလုပ်ရှုပ်နေတာနဲ့santaနဲ့သိပ်စကားမများဖြစ်ကြတော့တာဆို ပိုမှန်တယ်။တစ်ခါတစ်လေအလိုလိုက်ပေးတတ်တာတွေကြောင့် santaကလည်းသူ့ကိုဘာပြသနာမရှာနေတာမို့ အဆင်ပြေနေကြတာ။

"ဟုတ်ပါပြီ မင်္ဂလာပွဲလေးဖြစ်လာဖို့ ဒီမာမားကမျှော်လင့်လို့ရတယ်မဟုတ်လား"

"မားကလည်း အရမ်းစောနေသေးတယ်လေ။Taတို့သဘောတူထားပြီးသားနော်။လက်ခံထားတာမဟုတ်ဘူး"

"အမလေး ဟုတ်ကဲ့ပါရှင် ။ သားငယ်လေးသာကတိမဖျက်‌ကြေးပဲနော်။ အဆင်ပြေနေရင်စီစဉ်ဖို့လုပ်ရတော့မှာ"

"အဆင်ပြေမှာမဟုတ်ဘူး"

သားအမိနှစ်ယောက်စကားစစ်ထိုးနေကြတုန်း Perth Tanaponရောက်လာတာမို့ santaမလိုက်ချင်လိုက်ချင်လိုက်သွားရပြန်တယ်။

"ဟယ်လို"

'Ai Ta အိမ်မှာလား'

"မဟုတ်ဘူး အလုပ်မှာ"

'အမလေး မသိရင်သူဝင်လုပ်နေတဲ့အတိုင်းပဲ'

"အ့ဆိုသေမလို့မေးနေတာလား"

နောက်ကဝင်ပြောနေတဲ့phuwinကိုဆဲလွှတ်လိုက်တယ်။တစ်ယောက်နဲ့တစ်ရောက်နှပ်ဖို့ပဲကြံနေတဲ့ ခွေးနှစ်ကောင်ကိုfotကဝင်ဆဲတော့မှ ရပ်သွားကြတယ်။

"ဘာကိစ္စရှိလို့တုန်း"

'ညကျ တွေ့ဆုံပွဲရှိတယ်။စီနီယာwattက ဖိတ်တဲ့ပွဲ။ မင်းကိုရောခေါ်ခဲ့ဖို့ပြောတယ်။ဘယ်လိုလဲ'

"ဘယ်ချိန်လဲ"

'ညနေ 3နာရီလောက်ကစမှာ ။ pertyသဘောမျိုးဘဲလေ။ ကျောင်းသားဟောင်းတွေရော အကုန်လာကြမှာတဲ့'

"........"

Santa‌ ထိုင်နေရာမှ ဘေးကအလုပ်စားပွဲမှာအလုပ်ရှုပ်နေတဲ့လူကို ကြည့်လိုက်တယ်။သူ့အလုပ်မှာဆိုတော့ မပြောဘဲသွားရင်ကောင်းပါ့မလား။

'ပြန်ဖြေဦးဟ'

"အေး လာခဲ့မယ်"

'Ok ဝင်ခေါ်ရမှာလား'

"အေး ဟိုလူ့အလုပ်ကိုဘဲလာခဲ့လိုက်"

အနားကလူမကြားအောင် ခပ်တိုးတိုးပြောလိုက်မိတယ်။စကားပြောတိုင်း Perth Tanaponလို့ခေါ်နေကျမို့ မာမားခေါ်ခိုင်းတဲ့P'perthဆိုတဲ့နာမည်ကို အသားမကျဘူး။...

ချိန်းထားတဲ့အချိန်နဲ့ကွက်တိ fot နဲ့ phuwinကရှေ့မှာရောက်နေကြောင်း ဖုန်းဆက်လာတယ်။santaထိုင်နေရာမှ ဆက်ကနဲထရပ်လိုက်တော့ ရှေ့ကfileတစ်ခုကိုအာရုံရောက်နေတဲ့လူက santaကိုမျက်လုံးလှန်ကြည့်လာတယ်။Santaဖုန်းကို ဘောင်းဘီကပ်ထဲထည့်လိုက်ပြီး ရှေ့ကလူရှေ့သွားရပ်လိုက်တယ်။

"ဒီနေ့ အရင်ပြန်နှင့်တော့မယ်။သွားစရာရှိလို့"

သူ့အလုပ်ခွင်မှာရောက်နေတာမို့အသိပေးသင့်တယ်ထင်လို့santaသေချာပြောလိုက်တယ်။ဒါပေမယ့်ရှေ့ကလူကတော့ သူ့ကိုမျက်မှောင်ကျုံ့ပြီးကြည့်လာတယ်။

"ဘယ်သွားမှာလဲ"

"သူငယ်ချင်းတွေနဲ့"

"ဘယ်ကိုလဲမေးနေတာ"

"Taဘာသာဘယ်ပဲသွားသွားပေါ့"

"မသွားရဘူး"

"သွားမှာပဲ။ပြောပြသင့်တယ်ထင်လို့ပြောပြတာ လွှတ်တာမလွှတ်တာခင်‌‌ဗျားကိစ္စ"

"Pongsapak ပြန်လာစမ်း! မလွှတ်ဘူးလို့ပြောထားပြီးသားနော် အလုပ်ဆင်းမှမင်းဘာသာမင်းဘယ်သွားသွား"

သူ့အဖေက အလေလိုက်နေလို့ကိုယ်နဲ့ထည့်ပေးလိုက်ကာမှ သွားချင်ရာသွားနေရင်ကိုယ့်အပြစ်မကင်းဖြစ်နေမှာ။pongsapakက ဘယ်ဆိုညာရောက်တတ်တဲ့ဟာလေးမို့ တစ်ခုခုဖြစ်သွားရင်ကိုယ်ပဲမထိန်းသိမ်းနိုင်ရာကျမှာ။

"မလာဘူး Taကသွားမှာ  ပါးကိုကိုယ့်ဘာသာပဲကြည့်ပြောလိုက်မယ် ခင်ဗျားစိတ်ပူနေစရာမလိုဘူး။ Taဘာသာရှင်းမယ်"

ပြောချင်ရာပြောပြီးဇွတ်ထွက်သွားတဲ့လူကိုperthလိုက်မခေါ်ဖြစ်တော့ဘူး။စကားများရုံကလွဲရင် ပြောလည်းနားထောင်နေမယ့်အမျိုးအစားမဟုတ်တာသူအသိဆုံး။

"Pongsapakတက်သွားတဲ့ကားနောက်ကိုလိုက်သွား။မသိသာစေနဲ့ ပြီးရင်ဘယ်သွားလဲပြန်ဖုန်း‌ဆက်ပေး"

'ဟုတ်ကဲ့'

ဘယ်လိုပဲဖြစ်ဖြစ်မျက်နှာလွဲခဲပစ်မလုပ်နိုင်တဲ့perthကပဲ ရှေ့မှာစောင့်နေတဲ့လူယုံကို အမိန့်ပေးလိုက်တယ်။ကိုယ့်ကိုယ်ကိုယ်တောင် ကောင်းကောင်းမစောင့်ရှောက်နိုင်တဲ့လူက perthကိုဆိုအမြဲကလန်ကဆန်လုပ်ဖို့ပဲ နားလည်တာ။ပြီးရင် သူကပဲမစောင့်ရှောက်နိုင်ဘူးဆိုတဲ့အပြစ်က ယောက္ခမတွေထက်perthမိဘတွေကအရင်လာတင်မှာ ကျိန်းသေပဲ။.....

ဟိုတယ်ရှေ့မျက်နှာစာမှာလုပ်တဲ့ပွဲမို့ အပြင်အဆင်တွေက ပေါ့ပေါ့ပါးပါးနဲ့လူငယ်ဆန်တယ်။သူတို့ရောက်တော့ ပွဲကအားလုံးပြင်ဆင်ပြီးဖြစ်ကာ စကားပြောရင်း ‌ရယ်မောနေကြတယ်။အမှန်ဆို တော်ရုံပွဲမျိုးကိုမလာဖြစ်ပေမယ့် p'wattကိုယ်တိုင်သေချာဖထတ်ထားတာမို့ငြင်းလို့မကောင်းဘူး။p'wattက အထက်တန်းတုန်းကsantaစီနီယာဖြစ်တာတစ်ကြောင်း မိဘအချင်းချင်းလည်းသူငယ်ချင်းတွေမို့ ပါပါးမဆူလောက်ဘူးထင်တာပဲ။

"ဟေ့ Santa ရောက်ပြီလား ဒီဘက်ကိုလာခဲ့ကြလေ"

"ဟုတ် အစ်ကို"

P'wattလှမ်းခေါ်တဲ့ထောင့်ကျကျစားပွဲဝိုင်းမှာပဲသွားထိုင်လိုက်ကြတယ်။santaထိုင်ပြီးတာနဲ့ staffတစ်ယောက်က ရှန်ပိန်သုံးခွက်လာချပေးတယ်။

"ငါ့ညီလေးတွေတောင် တော်တော်ချောလာကြပီပဲ။ဘယ်လိုလဲ သုံးယောက်ပေါင်းလောင်းကျော်နေတုန်းပဲလား"

"ဟဲဟဲ ဒီလိုပါပဲ p'wattရာ ။ ကျွန်တော်တို့ပေါင်းမိရင် ဘယ်သူမှဖမ်းမမိတော့ဘူး"

"Santaနဲ့fotကပြန်ရောက်တာမကြာသေးဘူးဆို။သတင်းမကြားဘာမကြားနဲ့ပြန်လာကြတာ အစ်မတို့တောင်မသိလိုက်ရဘူးနော်"

P'watt ရည်းစားဖြစ်တဲ့ အစ်မဖစ်က သူတို့သုံးယောက်ကို စီနီယာထက်ပင်ပိုဂရုစိုက်ပဲခဲ့တဲ့သူမို့ ရင်းနှီးတယ်လို့ပြောလို့ရတယ်။ကျောင်းကတည်းကတွဲခဲ့ကြတဲ့အတွဲမို့ တစ်ယောက်အကြောင်းတစ်ယောက်သိနေကြတာ။

"ဟုတ်တယ် အစ်မဖစ် ။ အိမ်ကပြန်ခေါ်နေတာနဲ့ အစီအစဉ်မရှိဘဲ ပြန်ခဲ့ကြတာမို့ အသိမပေးလိုက်ရဘူးဖြစ်သွားတာ"

"စိတ်မဆိုးပါနဲ့ မာမား ‌နောက်နေ့မှသားတို့သီးသန့်အလည်လာခဲ့မယ်နော်"

ရွှတ်နောက်နောက်နဲ့fotက အစ်မဖစ်ကိုခေါ်နေကြအတိုင်းခေါ်ပြီး လက်အုပ်ချီပြီးပြောတာမို့ santaကပါ လက်အုပ်လိုက်ချီပြီး မျက်နှာချိုသွေးတယ်။အစ်မဖစ်က မနိုင်ဘူးဆိုတဲ့သဘောနဲ့ခေါင်းရမ်းပြီး

"Phuphuအခုထိ ဒီနှစ်ကောင်အနားမှာနေနိုင်နေတာ အစ်မလေးစားတယ်နော် သိလား"

"မပူပါနဲ့ အစ်မရာ မလိမ္မာရင်နှစ်ကောင်လုံးကိုမြောင်းထဲဆွဲပစ်မယ်လို့ပြောထားပြီးသား"

"မင်းသာအပြန်ဂရုစိုက်။ ငါတို့ကနှစ်ယောက်နော် ဟင်းဟင်းး"

ရောက်ရာအရပ်မှာရန်သတ်တဲ့သုံးယောက်ကိုကြည့်ပြီး နှစ်ယောက်လုံးရယ်မိကြတော့တယ်။ခုထိကလေးစိတ်မကုန်သေးတဲ့ဟာလေးတွေပဲ။

"P'watt"

"Ai mark  လာ သူငယ်ချင်း ဒီမှာ fourthတို့တောင်ရောက်နေပြီ။ အေးဆေးနေကြဦးနော် ပွဲကစတော့မှာ။မှောင်လေပျော်စရာကောင်းလေပဲမို့မပြန်ကြနဲ့ဦး"

သူတို့ကိုနှုတ်ဆက်ပြီး p'watt က markကိုခေါ်ပြီးထွက်သွားတယ်။နောက်ကလိုက်သွားတဲ့markက santaကိုသေချာစိုက်ကြည့်သွားသေးတာမို့ ကျောမတ်မိသွားတယ်။လာမိတာမှားပြီလားလို့တောင်တွေးမိသွားတယ်။သူ့ပုံစံက santaကိုမကျေနပ်သလိုဘဲ။

"အဲ့ကောင်ကဘာလာလုပ်တာလဲ"

"သူ့ကိုလည်းဖိတ်လို့နောမှာပေါ့ကွ။နေပါစေ ထားလိုက်ပါ ဒီလိုပွဲမျိုးမှာတော့ သူဘာမှမလုပ်ရဲလောက်ပါဘူး"

Fourthစကားကိုလက်ခံလိုက်ကြပြီး ပျော်ပျော်ပဲနေလိုက်ကြတယ်။မမှောင်ခင်ပြန်ဖို့ကိုတော့တွေးထားလိုက်တယ်။santaစိတ်ထဲတစ်ခုခုလေးနေသလိုပဲ။

ည‌နက်လေ အစီအစဉ်တွေပိုများလာပြီး ပျော်စရာကောင်းလေမို့ စောစောပြန်မယ်ဆိုတဲ့စိတ်ကူးက ဘယ်ရောက်သွားမှန်းမသိတော့။သူငယ်ချင်းဟောင်းတွေနဲ့လည်းပြန်တွေ့ရတာမို့ ရှေးဟောင်းနှောင်းဖြစ်တွေပြန်ပြောရင်း သောက်ကြတယ်။မှောက်တဲ့လူတွေက မှောက်ကုန်ကြပြီး စကားပြောနေတဲ့လူတွေ သီချင်းဆိုနေကြတဲ့လူတွေနဲ့ဆူညံနေတယ်။

"ပြန်ကြတော့မလား"

"ငါမေမေ့ကိုအိမ်ပြန်နောက်ကျမယ်လို့တော့ပြောထားတယ်"

မပြန်ချင်သေးပုံပေါ်တဲ့ fotနဲ့ စကားကောင်းနေဆဲphuwinကြောင့်ပြန်ဖို့စကားမစဖြစ်တော့ဘူး။7နာရီခွဲသာရှိသေးတာမို့ နောက်မကျသေးပါဘူး။

"ငါအပြင်ခဏထွက်ဦးမယ်။မားကိုဖုန်းဆက်မလို့"

"အေးအေး လိုက်ခဲ့ရဦးမလား"

"ရတယ် ခဏပဲ"

နှစ်ယောက်လုံးကိုထားခဲ့ပြီး ဟိုတယ်အနောက်ဘက်ကိုထွက်လာခဲ့လိုက်တယ်။ဖုန်းမဆက်ရင်စိတ်ပူနေမှာဆိုးတာနဲ့ p'boomကိုပဲဆက်လိုက်ဖို့ဆုံးဖြတ်လိုက်တယ်။

"ပြန်တွေ့ကြပြီနော် အလှလေး"

"ဟင်"

ဖုန်းဖွင့်နေတုန်းနောက်ကအသံကြောင့် လှည့်ကြည့်လိုက်မိတယ်။မျက်လုံးတွေထိနီဆွေးနေတဲ့ markက မူးနေပုံရပြီး နောက်ကနှစ်ယောက်ကတော့ santaကိုသတ်တော့မဲ့အတိုင်းကြည့်နေတယ်။santaလက်ထဲကဖုန်းကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုလိုက်ပြီး markကိုပြန်မော့ကြည့်လိုက်တယ်။

TBC**

တိုသွားတယ်😌နောက်chapterကနှစ်ပိုင်းဆက်တင်ပေးမှာမို့ပါရှင်☺️😚

There are no comments yet. Log in to be the first to leave a review!

Similar stories