Ending
13:39, 23 August 2023Unicode_________
"ခင်ဗျား ကျုပ်နောက်ကို ဘာကိစ္စလိုက်လာတာလဲ"
ဂျောင်ကု မျက်လုံးတွေက ဆော့ဂျင်ကို ကြည့်မနေ။ဖျတ်ကနဲ တစ်ချက်သာ ကြည့်ပြီး မျက်နှာပြန်လွှဲသွားသည်။ဆော့ဂျင်ဖြေမည့် အဖြေစကားကိုလည်း မစောင့်ဘဲ ဂရုမစိုက်ဟန်ဖြင့် ရှေ့ကိုသာ ဆက်လျှောက်သွားသည်။
" ဂျောင် ကု "
သူ ေနာက်ထပ် တစ်ခေါက်ခေါ်လိုက်တော့ ဂျောင်ကုက အေးစက်စက်မျက်လုံးများဖြင့် တကယ်ပင် သံယောဇဉ် ကုန်ခမ်းသွားလေဟန် ဖြင့် လှည့်ကြည့်လာသည်။
"ဆက်လိုက်မလာနဲ့"
ဟင့်အင်း။ ငါက ဒီလောက်နဲ့ အလျှော့ပေးမယ်လို့ ထင်နေလား။ လုံးဝပဲ။
"လိုက်မှာပဲ"
ပြောပြီး ဂျောင်ကု ခြေလှမ်းတွေနောက်ကို သူအမီလိုက်သည်။သိပ်မကြာခင် ဂျောင်ကုနံဘေးသို့ သူရောက်သွားသည်။သူ လိုက်မမီအောင် ခပ်သွက်သွက် လမ်းလျှောက်နေတဲ့ ကောင်လေးကို ကျော်တက်လိုက်ပြီး ရှေ့ကနေ ပိတ်ရပ်လိုက်သည်။ထိုအခါ တည်တင်းနေသော မျက်နှာ၊ တင်းတင်းစေ့ထားသော နှုတ်ခမ်းပါးများဖြင့် မျက်မှောင်ကြုတ်ကာ သူ့ကိုစိုက်ကြည့်လာသည်။
"ဘာဖြစ်နေလဲ ခင်ဗျား"
"ဘာမှ မဖြစ်ပါဘူး"
ဆော့ဂျင်က တမင်သက်သက် မအူမလည်ပုံဖမ်းကာ ပါးစပ်ထဲက အငွေ့တွေကို မှုတ်ထုတ်လိုက်သည်။လက်နှစ်ဖက်ကို တင်းတင်းပိုက်ပြီး မျက်တောင်တွေကို ပုတ်ခတ်,ပုတ်ခတ်လုပ်လိုက်သည်။
ထိုအခါ ကောင်လေးမျက်နှာက အရောင်တစ်မျိုးပြောင်းသွားသည်။ခုနကလောက် တင်းမာမနေတော့ဘဲ ပါးစောင်ကို လျှာဖြင့်ထိုးကာ ဂျစ်ကန်ကန် စိုက်ကြည့်သည်။ကလေးဆိုးကို ပြောမရလို့ လွှတ်ထားလိုက်သည့် ပုံစံဖြင့်။
"ကျုပ်ရှေ့က ဖယ်ပေး"
"မဖယ်ဘူး"
"ကင် ဆော့ ဂျင် "
ဂျောင်ကု အသံမာမာနဲ့ အော်လိုက်ပေမယ့် ဆော့ဂျင်က နည်းနည်းလေးတောင် ဖြုံမသွား။အရင်က ဒီလိုလေသံမျိုးနဲ့သာဆို သူ ဒီကောင်လေးကို နှစ်ချက်လောက် ထုလိုက်မိမှာ။ယခုတော့ ဆော့ဂျင်က ဒေါသထွက်ဟန်လည်းမပြ။မျက်လုံးများတွင် ရယ်မြူးရိပ်များ သန်းနေသည်။
"ကျစ်! ခင်ဗျားက ကလေးလား။ ပြောလို့ မကောင်းလိုက်တာ"
"ဂျွန်ဂျောင်ကုရဲ့ ကလေးပဲလေ"
ဆော့ဂျင်လေသံက အရင်လို မာဆတ်ဆတ် မဟုတ်ဘဲ နူးညံ့မှုတွေ ပျော်ဝင်နေသည်။ဂျောင်ကု စိတ်ပျက်သလို မျက်နှာလွှဲလိုက်ပေမယ့် ြပုံးချင်သွားသည်။သို့သော် ထိုအမူအရာကို အလျင်အမြန်ထိန်းကာ မူလအတိုင်း ရှုတည်တည်ဖြင့် ကြည့်သည်။
"သွား တော့"
နဖူးကို လက်နှင့်တွန်းပြီး လမ်းဖယ်ခိုင်းတော့ ဆော့ဂျင်က မကျေနပ်။ စူပုပ်ပုပ်လုပ်ကာ မျက်လုံးလှန်ကြည့်သည်။မဖယ်ချင်,ဖယ်ချင်ပုံစံဖြင့် ပေကပ်ကပ်ရပ်နေသေးသည်။ဂျောင်ကု ဘာမှမပြောတော့ဘဲ တစ်ချက်စိုက်ကြည့်တော့မှ သူ ဘေးသို့ရှောင်ပေးလိုက်သည်။
မင်း ငါ့ကို တကယ် စိတ်နာသွားပြီလား ဂျောင်ကုရယ်။
𖧷 . 𖧷 . 𖧷
"ဂိုအွန်းလေး အဲ့ဒီ ပန်းအိုးလေး ဒီနားသယ်ခဲ့ "
"ဆယ်ယွန်းက အငယ်လေးတွေကို ဂရုစိုက်လိုက်ဦး။ ခြေထောက်ပေါ် ပန်းအိုးပြုတ်ကျဦးမယ်"
သာယာသော နံနက်ခင်းလေးတွင် ဂျောင်ကုနှင့် ကလေးတစ်သိုက်၏ အသံတွေက ဆူညံသွားသည်။မြို့နှင့် အဝေးဆုံးနေရာ။ဆိုးလ်မြို့ အစွန်ဆုံးဟုပြောလို့ရသည့် ထိုနေရာလေး။ဖခင်ဖြစ်သူ ထောင်ကျသွားကတည်းက ဂျောင်ကု မြို့ပေါ်က အိမ်ကို တစ်ခေါက်မှမသွားတော့။အရာအားလုံးကို စွန့်လွှတ်ပြီး သူ့ဘဝဇာတ်မြှုပ်နေခဲ့သည်။ မိဘမဲ့ဂေဟာ တစ်ခုကို တည်ထောင်ခဲ့ပြီး ကိုယ်တိုင်လည်း ကလေးတွေ ကြားထဲမှာ အချိန်တွေကို ကုန်ဆုံးပစ်ခဲ့သည်။
ဒီဂေဟာလေးကပဲ သူ ရခဲ့သမျှ စိတ်အနာတရတွေကို အတော်အတန် ကုစားပေးနိုင်ခဲ့သည်။ကလေးတွေနဲ့ ကစားလိုက်၊ စာသင်ပေးလိုက်နဲ့ သူ့ကိုယ်သူ မရူးအောင် မနည်းကြိုးစားခဲ့ရသည်။တစ်ဆစ်ချိုးပြောင်းလဲသွားသော လောကဓံ၏ ရိုက်ချက်က အဆမတန် ပြင်းလွန်းခဲ့၏။
တစ်ဦးတည်းသော သူငယ်ချင်းက ဖခင်ဖြစ်သူကြောင့် အသက်ဆုံးရှုံးခဲ့ရပြီး ဖခင်ဖြစ်သူလည်း ထောင်ကျ။ပြီးတော့ အချစ်ရဆုံး သူ၏ အမုန်း၊စွန့်ပစ်မှုတို့ကို ခါးစည်းခံခဲ့ရသော သူ့ကမ္ဘာသည် တစ်စစီပြိုလဲသွားခဲ့သည်။
အရာရာကို မေ့ပစ်နိုင်ဖို့၊ ပုံမှန်အတိုင်း ပြန်လည် ရှင်သန်နိုင်ဖို့ ဘယ်လောက်ထိ ကြိုးစားခဲ့ရလဲဆိုတာ ကိုယ့်ကိုယ်ကိုသာ အသိဆုံး။
အချစ်ဆုံးသူက ပေးတဲ့ ဝေဒနာမို့ ဝဋ်ကြွေး လို့တောင် နာမည်မတပ်ရက်ဘူး။ကိုယ်မရှိမှ ပျော်နိုင်မယ့် တစ်စုံတစ်ယောက်အတွက် ရင်အကွဲခံပြီး ကျောခိုင်းခဲ့ရတယ်။
ရယူခြင်း၊ ပိုင်ဆိုင်ခြင်းတရားတွေထက် သူ ကျွန်တော့်ကို ချစ်ခဲ့ဖူးတယ် ဆိုတဲ့အသိနဲ့တင် တစ်ဘဝစာကျေနပ်ပစ်ရတယ်။
မဖျက်ပစ်နိုင်ခဲ့တဲ့ ကြိုးတွေမို့ ချစ်ခြင်းမေတ္တာတွေနဲ့ အထပ်ထပ်ချည်နှောင်ခဲ့ပေမယ့် ရေစက်ကုန်တဲ့အခါ ဒီလိုပဲဝေးကြရပါတယ်။
ကျွန်တော်တို့ နှစ်ယောက်ရဲ့ ရေစက်ကလည်း ဒီဘဝမှာ ဒီလောက်ပဲထင်ပါတယ်။
" တိုတို ဂျောင်ကု "
" ဗျာ"
အနားရောက်လာသော ကလေးလေး၏ မပီကလာ ပီကလာ ခေါ်သံလေးကြောင့် ဂျောင်ကု အတွေးစတို့ပြတ်တောက်သွားသည်။မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ ကလေးလေး၏ ပါးဖောင်းဖောင်း နှစ်ဖက်တွင် မြေမှုန်စလေးတွေ ကပ်နေသည်။ထို ပေတလူးလေးကို ဂျောင်ကု အသည်းယားစွာဖြင့် ပါးနှစ်ဖက်ကို ဆွဲဖျစ်လိုက်သည်။
"တိုတို့ကို လူတစ်ယောက်က တွေ့ချင်လို့တဲ့"
"ဘယ်သူက တွေ့ချင်တာတုန်းဗျ "
"နှုတ်ခမ်းလှလှလေးရှိတဲ့ တိုတိုတစ်ယောက် "
ကလေးလေး၏ အဖြေကြောင့် သူမျက်မှောင်ကြုတ်သွားသည်။
ဘယ်သူလဲ..။နှုတ်ခမ်းလှလှလေးရှိတဲ့ တစ်ယောက်ဆိုတော့ မဟုတ်မှလွဲရော..။
"အင်း..ကိုကို သွားကြည်လိုက်မယ်နော် "
"ဟုတ် "
ခေါင်းငြိမ့်ပြပြီး ခုန်ပေါက်ထွက်သွားတဲ့ ကလေးလေး၏ နောက်ကျောပြင်ကို ကြည့်ပြီး ဂျောင်ကုပြုံးလိုက်မိသည်။
ခင်ဗျား နှုတ်ခမ်းလေးတွေ လှတာ ကလေးကတောင် သတိထားမိတယ်။
𖧷 . 𖧷 . 𖧷
" လွတ်အောင် ပြေးထားနော်။ လိုက်ပြီ..1,..2..,.3.."
တိုင်ပင်ခေါ်သံနှင့်အတူ မျက်လုံးကို အဝတ်စည်းထားပြီး ကလေးတွေကြားထဲ ဝင်ကစားနေသည့် သူ။လက်ထဲမှာ အကျီစကို ကိုင်ပြီး မမြင်မစမ်းနဲ့ ကလေးတွေကို ထိအောင်လိုက်ဖမ်းသည်။မျောက်မူးလဲအောင် ဆော့ကစားလေ့ရှိသော ကလေးများမှာ ထိုကစားနည်းကို အတော်ပျော်နေဟန်တူသည်။ရယ်သံစာစာလေးတွေ ထွက်လာသည်။
"သားတို့က ဒီဘက်မှာ"
"မီးမီးတို့က ဒီဘက်မှာ"
ဆော့ဂျင်က အသံကြားရာဘက်သို့ လက်နှစ်ဖက်ကို ဆန့်တန်းကာ ရွေ့ရွေ့, ရွေ့ရွေ့နဲ့ လိုက်စမ်းသည်။အချိန်အတော်ကြာသည်အထိ တစ်ယောက်မှ မမိသေး။
ခဏကြာတော့ တစ်ခုခုကို သွားစမ်းမိသွားသည်။ဆော့ဂျင် ကလေးတစ်ယောက်ကို မိပြီအထင်နဲ့ ဝမ်းသာလုံးဆို့သွားသည်။
"ကဲ..မိပြီကွ"
အတန်ကြာသည်အထိ ဖမ်းမိသော ကလေးထံမှ မည်သည့်တုံ့ပြန်သံမှ ထွက်မလာ။ကလေးများ၏ ရယ်မောသံ စကားပြောသံတို့က နောက်ဘက်ခပ်ဝေးဝေး ကျန်ခဲ့ပြီဖြစ်သည်။မသက်ာသည့် စိတ်ဖြင့် လက်ဖြင့်ထိမိထားသော နေရာကို နောက်တစ်ခေါက် ကိုင်ကြည့်မိသော မာတောင့်တောင့် အထိအတွေ့ကိုရသည်။လက်ကလေးနဲ့ ဟိုစမ်း,ဒီစမ်း လုပ်လိုက်သောအခါ ကျယ်ပြန့်သော ရင်ဘတ်ကြွက်သားတွေ။
ဘုရားရေ..ဒါ ကလေးမှမဟုတ်တာ။
"sorry..တောင်းပန်ပါတယ် "
ရှက်စိတ်ကြောင့်ရော၊ အားနာသည့်စိတ်ကြောင့်ရော ဆော့ဂျင် နောက်ကြောင်းကို ပြန်မယ်လုပ်တော့ ထိုသူက လက်တစ်ဖက်ကို ဆွဲထားသည်။
" ငြိမ်ငြိမ်နေ"
ရင်းနှီးပြီးသား ထိုအသံက နားထဲ တိုးဝင်လာသည်။သူ့ရင်ထဲ လှပ်ကနဲ ဖြစ်သွား၏။
ထို့နောက် မျက်လုံးပေါ်က စည်းထားသော အဝတ်ကိုခွာချပေးသည့် လက်တစ်စုံ။အနေအထားက လိုအပ်သည်ထက် ပိုနီးကပ်နေတာမို့ ထိုသူ့ဆီက အသက်ရှုငွေ့နွေးနွေးကိုတောင် ခံစားရသည်။
ဖြည်းဖြည်းချင်း ကွာကျသွားသည့် အဝတ်စကြောင့် အပြောင်လှန်တင်ထားသော နဖူးပေါ်က တစ်စွန်းတစ်စ ကျနေသော ဆံပင်တစ်ချောင်းစ နှစ်ချောင်းစကို အရင်မြင်ရသည်။ထို့နောက် နက်မှောင်နေသော မျက်ခုံးတန်းနှင့်အတူ မျက်လုံးဝိုင်းဝိုင်းတွေ၊ အနည်းငယ်လုံးနေသော နှာခေါင်းထိပ်အောက်က ပါးလျသော နှုတ်ခမ်းတစ်စုံ၊ထိုနှုတ်ခမ်းအောက်တွင် ဖြစ်တည်နေသော မှဲ့နက်ကလေး။
ပင့်တက်လာသော မျက်တောင်ဖျားအောက်က ဆော့ဂျင် မျက်လုံးများက ေရှ့က ရပ်နေသူကို မြင်တော့ ပြုံးယောင်သန်းသွားသည်။
" ဂျောင် ကု "
" ဘာလာလုပ်တာလဲ..ကင်ဆော့ဂျင်"
ဟင့်အင်း..မင်း ငါ့ကို အဲ့လို မခေါ်ပါနဲ့။အရင်လို 'အစ်ကို' လို့ မခေါ်တော့ဘူးလား။ မင်းတစ်ယောက် တည်းကိုပဲ အပိုင်ပေးထားတဲ့ နာမ်စားလေးလေ။
"ငါ... "
သူ အသက်ဝဝတစ်ချက် ရှုသွင်းကာ အားယူလိုက်သည်။
"ဂေျာင်ကု..ငါတို့ စကားနည်းနည်းလောက် ပြောရအောင် "
"ကျွန်တော်တို့ နှစ်ယောက်ကြားမှာ ဘာတွေများ ပြောစရာရှိဦးမှာလဲ။ ထပ်ပြီးတော့ ကျွန်တော့်ကိုမုန်းတဲ့အကြောင်း၊ ကျွန်တော်အဝေးကို ထွက်သွားမှ ပျော်နိုင်မယ့် အကြောင်းတွေလား"
ဂျောင်ကု၏ စကားလုံးတစ်လုံးချင်းစီက သူ့ နှလုံးသားကို လှိုက်ဟာစွာ နာကျင်လာစေသည်။မျက်လုံးချင်း ဆုံမိလိုက်ချိန်တွင် သူ့တစ်ကိုယ်လုံး အပူခံထိထားသည့် ဖယောင်းသားလိုမျိုး။
"စည်းခြားတတ်တဲ့ အကျင့်က အစ်ကို အကျွမ်းကျင်ဆုံး အလုပ်မဟုတ်လား"
" ဟင့်အင်း..မဟုတ်ဘူး ဂျောင်ကု"
ဂျောင်ကု၏ မျက်လုံးဝိုင်းတွေထဲ အရည်ကြည်တွေ ရစ်သိုင်းလာသည်။ထိန်းချုပ်နေသည့် ကြားက ခုန်ပေါက်စီးဆင်းလာသော မျက်ရည်တစ်စက်ကို လက်ဖနောင့်နဲ့ခပ်ကြမ်းကြမ်း သုတ်ပစ်လိုက်ကာ ဆော့ဂျင် နှင့် မျက်လုံးချင်းမဆိုင်မိဖို့ ကြိုးစားသည်။
"ကျွန်တော်က အစ်ကို မလိုချင်လို့ စွန့်ပစ်ခံထားရတဲ့ အရုပ်တစ်ရုပ်ပါ။လိုအပ်တဲ့အချိန်ကျ ပြန်ကောက်လိုက်၊ မလိုတော့ရင် စွန့်ပစ်လိုက်နဲ့ မကစားပါနဲ့တော့"
"ကျွန်တော် ဘယ်လောက်ပြိုလဲခဲ့ရလဲ။ ကျွန်တော်ဘယ်လောက် နာကျင်ခဲ့ရလဲ အစ်ကိုသိလား။မလိုချင်တော့လို့ စွန့်ပစ်ခဲ့သူကို ဘယ်အချိန်များ လက်လှမ်းခေါ်မလဲလို့ စောင့်နေခဲ့ရတဲ့ ကောင်ပါဗျာ။မျက်နှာလေး မြင်ချင်လွန်းလို့ ဝေးဝေးကနေပဲ တိတ်တိတ်လေး ခိုးကြည့်ခဲ့ရတဲ့ကောင်၊ ခင်ဗျားကို သတိရလွန်းလို့ ရူးမတတ် ဖြစ်ခဲ့ရတဲ့ကောင်"
"ကျွန်တော် ဇွတ်တရွတ် လာတွေ့လို့ရတယ် ဆိုတာသိတယ်။ဒါပေမယ့် အစ်ကိုနာကျင်သွားမှာကို ကြည့် ရမှာ ကျွန်တော်မခံစားနိုင်ဘူး"
"ကျွန်တော့်နှလုံးသားကို တစ်ခါလေးတောင်မှ မြင်အောင် မကြည့်ဖူးဘူးလားဟင်"
"အစ်ကို့အနားမှာ နေခွင့်လေးပေးဖို့ပဲ ကျွန်တော်တောင်းဆိုခဲ့မိတာပါ။အရမ်းကြီး ခက်ခဲတာကိုများ တောင်းဆိုခဲ့မိလို့လားဟင်။ ကျွန်တော် အရမ်း လောဘကြီးမိခဲ့လား"
အသည်းနှလုံးတွေထဲက နာကျင်စွာ ပေါက်ကွဲထွက်လာသော ထိုစကားလုံးများတွင် ရင်ကွဲသံ အက်ရှရှများ ပါဝင်နေခဲ့သည်။ဂျောင်ကု ဆက်ပြီး ထိန်းမထားနိုင်တော့။နှုတ်ခမ်းလေးတွေ တဆတ်ဆတ်တုန်ကာ တစ်ခုခုပြောဖို့ ကြိုးစားနေသူကို အတင်းကျပ်ဆုံး ဆွဲဖက်လိုက်မိသည်။နောက်ထပ်တစ်ကြိမ် ပျောက်ကွယ်သွားမှာ စိုးသည့်အလား လက်နှစ်ဖက်ကို ထပ်ပိုက်လိုက်တော့ တိမ်းညွှတ်ပါလာသော ကိုယ်လုံးက ဂျောင်ကုရင်ခွင်ထဲ နစ်မြှုပ်လုလု။
"ချစ်တယ်..ခင်ဗျားကို အရမ်းချစ်တယ် ကင်ဆော့ဂျင်ရဲ့ "
ရင်ခွင်ထဲတွင် ငြိမ်သက်သွားသော ဆော့ဂျင်က အတန်ကြာမှ အင့်ကနဲ ရှိုက်သံတစ်ချက်ထွက်လာကာ ဂျောင်ကု ကျောပြင်ကျယ်ကို မမှီမကမ်းဖြင့် ပြန်ဖက်သည်။ဝမ်းနည်းစိတ်၊ လွမ်းစိတ်များက မထွေးနိုင် မအန်နိုင် တနင့်တပိုးကြီး ပွင့်ထွက်လာကာ လှိုက်လှိုက်လှဲလှဲ ငိုချင်လာသည်။
"ငါ့အနားမှာ မင်းရှိရင် မပျော်နိုင်ဘူး လို့ ထင်ခဲ့တာ။မှားတယ်။ ငါ မှားသွားတယ်။ ထပ်မဝေးကြရအောင်။ အရမ်းချစ်တယ် ဂျောင်ကု"
လွမ်းခဲ့ရသမျှ အတိုးချပြီး တစ်ယောက်ကို တစ်ယောက်လွတ်ထွက်သွားမှာ စိုးသည့်စိတ်ဖြင့် ရင်ခွင်ထဲမှာ နစ်ဝင်သွားသည်အထိ ပွေ့ဖက်ထားမိကြသည်။
"ကိုယ့်အသက်လေး ကင်ဆော့ဂျင် "
နူးညံ့တိုးတိတ်ေသာ ထိုစကားသံအဆုံးတွင် ဆော့ဂျင်နှလုံးခုန်သံတွေ ကစဥ့်ကလျား လွင့်စင်သွားကြသည်။နဖူးပေါ်သို့ စွန်းထင်းလာသော ရှိန်းမြမြအနမ်းတစ်ပွင့်ကြောင့် သူ့မျက်လုံးတွေ မှိတ်ကျသွားပြီး ဂျောင်ကု ကျောပြင်ကို တင်းကနဲနေအောင် ဆုပ်လိုက်မိသည်။
ကိုယ့်ကို နာကျင်စေရင်တောင် ခင်ဗျားတစ်ယောက်ကိုတော့ ရင်နာလေ ပိုချစ်လာလေ။ အငြိုးအတေး မရှိ၊ နောင်တ တရားလည်းမရှိ။
အမှတ်သည်းခြေ မရှိတဲ့ ဒီအသည်းနှလုံးဟာ မင်းအတွက်ဆို နှစ်ခါပြန်သေရလည်း အဆင်သင့်ပဲ။
မင်းကို ကိုယ်က အဲ့ဒီလောက်ထိ ချစ်တာပါ။
𖧷 . 𖧷 . 𖧷
မီးခိုးရောင် ကောင်းကင်ကို နောက်ခံပြု၍ မှေးစက်ကွယ်ဝင် သွားသော နေမင်းသည် မှိုင်းညို့ရီဝေနေသော မြူအချို့ကိုတော့ မဖောက်ထွင်းနိုင်။ပတ်ဝန်းကျင်တွင် အလင်းရောင် ခပ်ဖျော့ဖျော့သာ ရှိတော့သည်။
"ပြန်တော့လေ ကိုကို"ဂျောင်ကုက လက်ဖဝါးပြင်ထဲက လက်ကလေးနှစ်ဖက်ကို မလွှတ်နိုင်အောင် ဆုပ်ကိုင်ထားဆဲဖြစ်သည်။အမှန်အတိုင်းပြောရရင်တော့ အစ်ကိုနဲ့သူ မခွဲချင်သေး။ဆုပ်ထားသော လက်ကလေးတစ်ဖက်ကို ယူကာ အသာအယာနမ်းလိုက်တော့ အစ်ကိုက မျက်လွှာချထားရာမှ ပင့်မော့လာသည်။
"မင်းနဲ့ပဲ နေချင်တာကို"
"မနက်မှ လာခဲ့မယ်လေနော်"
နဖူးပေါ်က ဆံပင်တွေကို သပ်တင်ပြီး ချော့မြူသလိုပြောတော့ အစ်ကိုက သူ့လက်ကို လွှတ်မပေးတဲ့အပြင် အတင်းဆွဲယူပြီး လက်မောင်းတစ်ဖက်ပေါ်ကိုပါ ခေါင်းမှီထားသည်။
"ဟင့်အင်း..မခွဲချင်ပါဘူးဆို"
ဒီလိုပုံစံမျိုးကို ဘယ်သောအခါမှ ထုတ်မပြတတ်တဲ့ အစ်ကိုက သူ့လက်မောင်းတစ်ဖက်ကို မှီတွဲကာ အပီအပြင်ကို ဂျစ်တိုက်နေသည်။စ, ချစ်မိသူက သူပဲမို့ အစ်ကို ဘယ်လိုပင်ဆိုးဆိုး အပြစ်မမြင်ရက်နိုင်။အသည်းယားလွန်းလို့ ဆွဲပွေ့ပစ်လိုက်ချင်စိတ်ကို ဂျောင်ကု မနည်းထိန်းထားရသည်။
"ကင် ဆော့ ဂျင်..ခင်ဗျား တကယ်ပဲ "
စိတ်မရှည်သလို လေသံခပ်မာမာနဲ့ ပြောလိုက်တော့ အစ်ကိုက ချက်ချင်း ေမာ့ကြည့်လာသည်။'ငြိုငြင်တာလား' ဟူသည့် ပုံစံဖြင့် စူပူပ်ပုပ်လုပ်ပြတော့ ဂျောင်ကုဆက်ပြီး ထိန်းမထားနိုင်တော့။
"အဲ့ဒါဆို မင်းက အိမ်ပြန် မလိုက်ဘူးလား"
"လိုက်မှာပေါ့"
ပါးတစ်ဖက်ကို ရွှတ်ကနဲ ငုံ့နမ်းပြီး ရယ်ကျဲကျဲနဲ့ သူဆိုလိုက်တော့ အစ်ကိုက သူ့ရင်ဘတ်ကို မနာအောင်ထုပြီး နှစ်ကိုယ်ကြား တိုးတိုးလေး ဆိုသည်။
"အရူးကောင်..ဒါများ အိုက်တင်ခံနေသေးတယ်"
ရယ်မောသွားသော သူတို့နှစ်ယောက်သည် တစ်ယောက်လက်ကို တစ်ယောက်တွဲကာ အတ္တများ၊ မာနများကင်းစင်သော အချစ်တို့ဖြင့် နောက်ထပ်တစ်ကြိမ် ဘဝသစ်တစ်ခုကို စတင်ဖို့ အတွက် ပထမဆုံး ခြေလှမ်းကို အတူလှမ်းခဲ့ကြသည်။
𖧷 . 𖧷 . 𖧷
အပြာနုရောင် ဆေးသုတ်ထားသော အိမ်ကလေးသည် အရင်အတိုင်း ဘာမှမပြောင်းလဲ။ရင်နာနာနဲ့ ကျောခိုင်းခဲ့တဲ့ အိမ်ကလေး။သိပ်ကို ပြန်လာချင်ခဲ့ပေမယ့် လှည့်မကြည့်မိအောင် ထိန်းချုပ်ခဲ့ရတဲ့ သူတို့နှစ်ယောက်ရဲ့ အသိုက်အမြုံလေး။
ဧည့်ခန်းထဲက သူတို့နှစ်ဦး ရုပ်ရှင်ကြည့်နေကျ ဆိုဖာခုံလေးလည်း လက်ရာမပျက်ရှိတုန်းပင်။အစ်ကိုကတော့ သူ့ကိုအာရုံမထားအားသေး။ညနေစာ စားဖို့ ချက်ပြုတ်ပြင်ဆင်နေသည်။
"ကျွီ...."
ေဂျာင်ကု အိပ်ခန်းတံခါးကို အသာဖွင့်ကြည့်လိုက်သည်။လက်ထပ်စဥ်ကအတိုင်း အိပ်ရာခင်း အပြာရောင်က သူ့ကိုဒိတ်ကနဲ ရင်ခုန်သွားစေသည်။ရှင်းလင်း သပ်ရပ်နေသော အိပ်ရာထက်တွင် အပြာရောင် ခေါင်းအုံးလေးနှစ်လုံးက သူရှိစဥ်က အတိုင်း လက်ရာခြေရာမပျက် ရှိနေဆဲ။
သူ့လက်တွေ ရုတ်တရက် အင်အားဆုတ်ယုတ်သွားသည်။သူထင်ခဲ့တာ အစ်ကို သူ့ကို မုန်းသွားပြီး သူနဲ့ပတ်သက်သမျှ အရာအားလုံးကို အစအနမကျန်အောင် မေ့ဖျောက်ပစ်လိုက်သည်ဟူ၍။
"ဂေျာင်ကု... ထမင်းစား..."
ညနေစာစားဖို့ လာခေါ်နေသော အစ်ကို့ကို သူမပြောမဆိုနဲ့ ရင်ခွင်ထဲ ဆွဲပွေ့ကာ တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်မိသည်။ရိပ်မိပုံမရသော အစ်ကိုက သူ့ရင်ခွင်ထဲမှာ တောင့်တောင့်လေးရပ်နေသည်။
"အစ်ကိုရာ..."
ဆံပင်တွေထဲ တိုးဝှေ့နမ်းရှိုက်ပြီး မချိတင်ကဲ ရေရွတ်တော့ အစ်ကိုက သူ့ရင်ဘတ်ကို မသိမသာတွန်းလွှတ်သည်။ဂျောင်ကု အလျော့မပေးမိ။အရင်ကထက် စူးနစ်တင်းကျပ်သော ဖက်တွယ်မှုမျိုးဖြင့် ရင်ခွင်ထဲက အစ်ကို့ကို ပျောက်ကွယ် နစ်မြူပ်သွား မတတ်ဖက်ထားလိုက်သည်။
ခဏကြာတော့ အစ်ကိုက အသက်ရှုဖို့ ခက်လာသည်ထင်။အင့်ကနဲ အသံထွက်ကာ သူ့ရင်ဘတ်ကြီးကို တွန်းသည်။
"ဘာဖြစ်လို့လဲဟင်..ဂျောင်ကု"
မသိနားမလည်သည့် မျက်လုံးတွေနဲ့ အစ်ကိုက သူ့ကို မော့ကြည့်လာသည်။မီးရောင်အောက်မှာ အစ်ကို့မျက်လုံးတွေက ရွှန်းရွှန်းပပ။
"အစ်ကို့ ကျွန်တော့်ကို မုန်းခဲ့ဖူးလား"
"ဟင့်အင်း...နေ့တိုင်း သတိရနေတာ"
"ဒါနဲ့များ ဘာလို့ ကျွန်တော့်ကို နည်းနည်းလေးတောင် မဆက်သွယ်ခဲ့ရလဲဗျာ"
ဆော့ဂျင် အသံက ပိုတိုးသွားသည်။ခေါင်းအောက်ငုံ့သွားကာ ဂျောင်ကုမျက်နှာကို မကြည့်။
"မင်း ငါ့ကို စိတ်နာသွားပြီထင်လို့"
ထိုအဖြေစကားကြောင့် ဂျောင်ကု ဘယ်လိုနည်းနဲ့မှ တောင့်မခံနိုင်တော့ဘဲ အစ်ကို့မျက်နှာကို လက်ဖဝါးထဲ ဆွဲယူကာ နှုတ်ခမ်းလေးကို တရှိုက်မက်မက် နမ်းလိုက်သည်။အိကနဲ ပါလာသော ချိုမြိန်လွန်းသည့် အရသာကို ဂျောင်ကု လွှတ်မပေးမိတော့ဘဲ လွမ်းခဲ့ရသမျှ အတိုးရော အရင်းပါပေါင်းပြီး ယူသည်။
"အွန့်...တော် တော့ "
မလူးသာ မလွန့်သာနဲ့ ဂျောင်ကု ပြုသမျှ အမှီလိုက်နေရသော ဆော့ဂျင်မှာ အချိန်ကြာလာသည်နှင့်အမျှ အတင်းရုန်းကာ ပါးစပ်လေးကိုဟပြီး အသက်ကိုမနည်းရှုနေရသည်။ မခံနိုင်တဲ့အဆုံး ရင်ဘတ်ကို တစ်ချက်ဆောင့်တွန်းလိုက်တော့မှ ဂျောင်ကုက ရပ်ပေးတော့သည်။
" မပြောမဆိုနဲ့.. ဘာလို့ အတင်းနမ်းတာလဲ "
"အပြစ်ပေးတာလေ "
"ဘာလို့လဲ "
"စိတ်နာသွားပြီဆိုပြီး တစ်ယောက်တည်း ဇွတ်တွေး၊ ပြီးတော့ ခေါင်းအုံးလေးကို ဘေးမှာထားပြီး ညတိုင်းလွမ်းနေခဲ့တဲ့ ကောင်လေးကို အပြစ်ပေးတာ"
အနမ်း၏ သကေ်တများဖြင့် စိုလဲ့နေသော သူ့နှုတ်ခမ်းလွှာတွေကို လက်မနဲ့ ဖွဖွပွတ်ဆွဲပြီး ဒူးအောက်ကနေ ပွေ့ချီသည်။
"ဘယ်ကိုလဲ "
ဂျောင်ကု နှုတ်ခမ်းပါးများက ကွေးတက်သွားကာ ပွေ့ချီခံထားရသော သူ့ကို ရီဝေဝေနဲ့ကြည့်လာသည်။
"ညနေစာ စားရအောင်"
𖧷 . 𖧷 . 𖧷
ဆော့ဂျင် အိမ်ရှေ့ဝရန်တာမှာ မှီရပ်ရင်း ကော်ဖီပူပူတစ်ခွက်ကို အရသာခံသောက်နေမိသည်။ဆောင်းဝင်လာစအချိန်မို့ အေးစက်စက် ရာသီဥတုကို ကော်ဖီပူပူတစ်ခွက်နှင့် အန်တုသည်။ဂျောင်ကုကတော့ ဂေဟာတစ်ဖက်၊ ကုမ္ပဏီတစ်ဖက်နှင့် ဒီရက်ပိုင်း သူတို့ နှစ်ယောက် အေးအေးဆေးဆေး တောင်စကားမပြောအား။သူကလည်း မိုးလင်းတာနဲ့ ဆိုင်ကိုတန်းသွားတော့ နံနက်စာ စားချိန်လောက်သာ မျက်နှာချင်းဆိုင်ဖြစ်သည်။
"မောင့် ကို ရေသုတ်ပေးဦး"
တဘက်တစ်ထည်ကို ကိုင်ကာ အနားလာရပ်သူကြောင့် ဆော့ဂျင် လက်ထဲက ကော်ဖီခွက်ကို ခဏချထားလိုက်သည်။
အခုနောက်ပိုင်း ဂျောင်ကုတစ်ယောက် သူ့ကိုယ်သူ 'ကိုယ်'လို့သုံးလိုက်၊ 'မောင်' လို့ပြောလိုက်နှင့် ဆော့ဂျင်ကိုလည်း 'မောင်' လို့ခေါ်စေချင်သည်။ဆော့ဂျင်ကလည်း တမင်ပင် မသိဟန်ဆောင်ကာ ခေါ်နေကျအတိုင်းပဲ ခေါ်သည်။
ေဂျာင်ကုက ခါးပေါ်မှာ bathrobe တစ်ထည်ပဲရှိတာမို့ ရေသီးရေပေါက်များ တွဲခိုနေသော အပေါ်ရင်အုပ်ပိုင်းက ကြွက်သားအဖုအထစ်များနှင့်။တအားဖောင်းကြွမနေသော်လည်း အဆီပိုမရှိနေဘဲ ပခုံးကကားပြီး ခန္ဓာကိုယ်က ခါးဘက်နားထိ သွယ်ရှုးသွားသည်။တဘတ်ပတ်ထားသည့်ပုံစံက ခါးအောက်နည်းနည်းလျောကျနေတာမို့ ထိုပုံစံကပင် အလွန်ကြည့်ကောင်းနေသည်။
ဆော့ဂျင် ခြေဖျားနည်းနည်းထောက်ပြီး သူ့ဆံပင်တွေကို တဘတ်နဲ့သုတ်ပေးလိုက်သည်။ဂျောင်ကုက အငြိမ်မနေ။ခန္ဓာကိုယ်ချင်း နီးကပ်အောင် ဆွဲဖက်လိုက်ရင်း ဆော့ဂျင်ရင်ဘတ်တွေ၊ လည်ပင်းတွေကို တရှုံ့ရှုံ့နမ်းသည်။
"ဘာဖြစ်နေတာလဲ။ ငြိမ်ငြိမ်နေစမ်း ဂျွန်ဂျောင်ကုရဲ့ "
လက်တွေကလည်း အငြိမ်မနေဘဲ ဆော့ဂျင်ဝတ်ထားသည့် ရှပ်အကျီအဖြူလေးအောက်ကို လျှိုဝင်ကာ မထိတထိ ပွတ်သပ်ကျီစယ်နေလျှင် သုတ်လက်စ တဘတ်ကို ပစ်ချလိုက်ရင်း သူ့ရင်ဘတ်ကြီးကို စိတ်တိုတိုနဲ့ တွန်းပစ်လိုက်သည်။
"ဘာဖြစ်နေမှန်းကို မသိဘူး "
" အခု မောင့်ကို စိတ်တိုသွားတာလား "
ဂျောင်ကုက နည်းနည်းလေးတောင် မျက်နှာညှိုးနွမ်းမသွား။ပြုံးစစဖြင့် ဆော့ဂျင် ခါးနောက်ကနေ သိုင်းဖက်လာကာ လည်ပင်းကို ငုံ့နမ်းလာပြန်သည်။ပြီးတော့ နားရွက်ဖျားကို တတိတိကိုက်နေတာကြောင့် ဆော့ဂျင် မနေတတ်တော့။ထိုနေရာက သူ့အားနည်းချက်။
"အ့...ဂျွန် ဂျောင် ကု.. တော် တော့"
"အဲ့ဒါဆို မောင် လို့ခေါ်လေ"
"မခေါ်ဘူး"
"အစ်ကိုက ကပ်စေးနဲတာကွာ။ ဒါလေး ခေါ်ရမှာကို"
"မခေါ်ချင်ပါဘူး။ လျှာယားလို့"
"အဲ့ဒါဆို လျှာထုတ်လိုက်။ မယားအောင် လုပ်ပေးမယ်"
"ရားးး ဂျွန် ဂျောင် ကု"
ဂျောင်ကုက တကယ်နမ်းတော့မည့် ပုံစံနှင့်မျက်နှာကြီး ရှေ့တိုးလာလျှင် သူ့မျက်နှာကို ဆော့ဂျင်က လက်နဲ့ ပိတ်ကာထားသည်။
ဂျောင်ကုက ထိုအမူအရာကို သဘောတကျနဲ့ တဟားဟား အော်ရယ်သည်။ဆော့ဂျင် အမြင်ကပ်ကပ်နဲ့ မျက်စောင်းထိုးကြည့်ပစ်လိုက်သည်။လူကသာ မကြည်သည့်အကြည့်နဲ့ ကြည့်လိုက်ပေမယ့် သူ့တစ်ကိုယ်လုံးကတော့ ဂျောင်ကုရင်ခွင်ထဲရောက်နေပြီဖြစ်သည်။
ထို ကလူကျီစယ်နေကြသော အတွဲသည် ညနေစောင်းလျှင် ရန်ဖြစ်တမ်း ကစားကြတာဖြစ်သည်။ပြီးလျှင် မထိရမနေနိုင်၊ မစရ,မနေနိုင်နဲ့ မခေါ်ဘဲနေနိုင်တာလည်း မဟုတ်။
"ေမွှးလိုက်တာဗျာ"
ဂျောင်ကုက ရင်ခွင်ထဲက ဆော့ဂျင်ရဲ့ လည်ပင်းကို ခေါင်းစောင်းပြီး နမ်းလိုက်၊ကိုက်လိုက် လုပ်နေပြန်သည်။ဆော့ဂျင် ထိုကလေးဆိုးကို ဘာမှမပြောလိုတော့။
"အကျီသွားဝတ်ဦးလေ။ အအေးပတ်ဦးမယ်"
"အင်း "
ဒီေတာ့မှ ခါးပေါ်က လက်တွေကို ဖယ်ခွာသွားပြီး ရှပ်လက်ရှည်တစ်ထည် ယူလာသည်။
" အစ်ကို ဝတ်ပေး "
" မင်းမှာ ခြေတွေ လက်တွေ မရှိတာကျနေတာပဲ "
ဆော့ဂျင် ပါးစပ်ကသာ တဖွဖွ ဆူနေပေမယ့် လက်တွေကတော့ ေဂျာင်ကုအကျီက ကြယ်သီးစေ့တွေပေါ် ရောက်သွားပြီဖြစ်သည်။
"ကျွန်တော့်မှာ ကုမ္ပဏီလည်း သွားရ၊ ဂေဟာလည်းသွားရနဲ့ တစ်ချိန်လုံး လူကြီးလုပ်နေရတာကို..ကိုယ့်အမျိုးသားလေးနဲ့ တွေ့ချိန်ကျမှ ဆိုးရတာပါဗျာ"
"တစ်နေ့ တစ်နေ့ အဲ့ဒီအပြောတွေနဲ့ပဲ ချွဲနေ"
ကလေးတွေကို ချီးကျူးသည့်အနေနဲ့ ခေါင်းလေးကိုဖွဖွပုတ်ပေးသလိုမျိုး ပြုမူနေတဲ့ ဆော့ဂျင်ကို ဂျောင်ကုအသည်းယားစွာဖြင့် ခါးကနေဆွဲဖက်လိုက်သည်။ထိုအခါ အရှိန်လွန်ပြီး ယိုင်သွားသော ဆော့ဂျင်ကိုယ်က ဂျောင်ကုပေါင်ပေါ် ထိုင်လျက် ကျသွားသည်။
ထို့နောက် ရှပ်အကျီအောက်က အနည်းငယ် ပေါ်နေသော ဆော့ဂျင် လည်ဂုတ်သားဖွေးဖွေးကို ဂျောင်ကုက တရွှတ်ရွှတ်နမ်းပြီး ပခုံးပေါ် မေးတင်ထားကာ ပါးချင်းကပ်ထားသည်။
" ဂျောင် ကု "
" ဗျာ "
"လက်ထပ် လက်စွပ်ရော"
ဆော့ဂျင်က ဂျောင်ကု လက်ချောင်းတွေကို ချိုးလိုက်၊ဆိတ်လိုက်လုပ်ကာ ဆော့နေရင်းမှ လစ်ဟာနေသော လက်သူကြွယ်ကို ကြည့်ကာမေးသည်။ဆော့ဂျင်မှာလည်း လက်စွပ်ရှိပါသေးသည်။အရင်တစ်ခေါက်က လွှင့်ပစ်ပြီးမှ အသည်းအသန်ပြန်ရှာထားတာဖြစ်သည်။
" ဟင်! "
ထိုအခိုက်တွင် လက်သူကြွယ် လက်ချောင်းပေါ်က တစ်စုံတစ်ခုက မီးအလင်းရောင်အောက်မှာ မသဲမကွဲရှိနေသည်မို့ ဂျောင်ကုလက်ချောင်းတွေကို မီးရောင်အောက် ဆွဲကြည့်လိုက်သည်။
သူ မြင်လိုက်ရသည်က 'J ' ဟု ရေးထိုးထားသော တက်တူးတစ်ခု။ထိုတက်တူးကို ကြည့်နေရင်းမှ သူ့မျက်လုံးတေွ စပ်ဖျဥ်းဖျဥ်း ဖြစ်လာသည်။ဆို့တက်လာသော ရင်ထဲက ဝေဒနာကို ကျိတ်မှိတ်မျိုချလိုက်ရင်း ဂျောင်ကုရင်ဘတ်ကို တစ်ချက်ရိုက်လိုက်သည်။
" အရူးကောင်! ဘာလို့ တက်တူးတွေ လျှောက်ထိုးနေတာလဲ..မနာဘူးလား"
" မနာပါဘူး..အစ်ကို စွန့်ပစ်ခဲ့တုန်းက အနာနဲ့စာရင် ဒီအနာက ဘာမှမဟုတ်ဘူး "
"မပြောနဲ့ "
"ဟာ...ဘာလို့ မျက်ရည်တွေကျနေတာလဲ။ ကျွန်တော် တကယ်မနာပါဘူး အစ်ကိုရ။ချစ်တဲ့သူရဲ့ နာမည်လေးကို ကိုယ့်ခန္ဓာပေါ်မှာ ရေးထိုးထား ချင်လို့ ။ပို ပြီး အဓိပ္ပာယ် ရှိသွားအောင် လက်ထပ်လက်စွပ်ဝတ်တဲ့ လက်သူကြွယ်မှာ ထိုးလိုက်တာ။လက်စွပ်က ရှိတယ်။တက်တူး ထိုးထားလို့ ခဏချွတ်သိမ်းထားတာ"
"အဲ့ဒါ ဘာအဓိပ္ပါယ်လဲ သိလား အစ်ကို"
"ကင်ဆော့ဂျင် ဆိုတဲ့ သူက ကိုယ့်အပိုင်ပဲလို့ ပြောတာ"
နား,နားကပ်ပြီး တိုးတိုးလေး ပြောလာသော ဂျောင်ကုကြောင့် ဆော့ဂျင် ကြက်သီးမွှေးညင်းလေးတွေ ထသွားသည်။
"ဂျောင်ကု"
"ဗျ "
"ငါ့ကို မထားခဲ့တော့ဘူးမလား"
"အစ်ကိုသာ ထွက်မသွားခိုင်းနဲ့ "
"ဟင့်အင်း...ငါမင်းကိုရော မင်းရဲ့ဝိဉာဥ်ကိုရော တစ်ခါတည်းအပိုင်ချုပ်ထားလိုက်ပြီ။ဘယ်ကိုမှ ထွက်သွားလို့မရတော့ဘူး"
"အင်းပါ..ဒါနဲ့ မနက်ဖြန်ကျရင် ရုံးပိတ်ရက်မို့ ဘာလုပ်ချင်လဲ "
ဂျောင်ကုက သူ့နှာခေါင်းထိပ်လေးကို လက်ညှိုးနှင့်ထောက်ကာ ေမးတော့ သူကလည်း ရွှတ်နောက်နောက်ပြန်ဖြေသည်။
"မင်းကိုပဲ ချစ်နေချင်တယ်"
"အား! ကိုယ့်အမျိုးသားလေးက စကားတတ်လိုက်တာကွာ"
ဂျောင်ကု အဆမတန် အသည်းယားသွားကာ ဆော့ဂျင် နှာခေါင်းထိပ်လေးကို ဖွဖွလေး ကိုက်လိုက်သည်။ထို့နောက် ဖောင်းနေသော ပါးနှစ်ဖက်ကိုလည်းကိုက်ချပစ်လိုက်သည်။အကွင်းလိုက်အရာထင်သွားသော ထိုပါးလေးကို နှုတ်ခမ်းဖြင့်ငုံရင်း ဒူးအောက်ကနေ အထုပ်လိုက်ပွေ့ချီတော့ ဆော့ဂျင်ကမျက်လုံးဝိုင်းတွေနဲ့မော့ကြည့်သည်။
"အခန်းထဲ သွားရအောင် "
" ဟင့်အင်း...မသွားဘူး.."
ဆော့ဂျင် အသည်းအသန်ငြင်းနေလျှင် ထိုနှုတ်ခမ်းလေးတွေကို ပိတ်ကျသွားအောင် ဂျောင်ကုက ပြုစားသည်။ထိုအခါ အပြင်းအထန်အော်ဟစ်နေသော အသံက တိတ်သွားသလို ရုန်းကန်နေသော လက်လေးတွေကလည်း ဂျောင်ကု လည်ပင်းကို ဖက်တွယ်လာသည်။
ထို့အတူ ည၏လရောင်အောက်က အိမ်ကလေးသည်လည်း ထိုလူသားနှစ်ဦး ချစ်ခြင်းတရားအငွေ့အသက်များကြားတွင် ငြိမ်သက်သွားသည်။
တစ်ချို့မေးခွန်းတွေက အဖြေမရှိဘူး အစ်ကို။ဥပမာ ..အစ်ကို့ကို ဘယ်လောက်ချစ်ကြောင်း၊ ဘာလို့ချစ်ကြောင်း ေမးရင်ပေါ့။
အစ်ကို့အနားကနေ ဘယ်တော့မှ ထွက်မသွားကြောင်းကိုတော့ ကျွန်တော့်နှလုံးသားမှာ တစ်ဘဝစာအတွက် ထိုးခဲ့တဲ့ 'ချစ်ခြင်းတရား' လို့အမည်ပေးထားတဲ့ တက်တူးလေးက သက်သေပါ။
~~~~~~~~~~ THE END ~~~~~~~~~~....
ပြီးပါပြီ။
1.1.2021 ကနေ စခဲ့တဲ့ ဒီ fic လေးက 6.10.2021 ကျမှပဲ ပြီးတော့တယ်။ဒီအတောအတွင်း နိုင်ငံရေးအခြေအနေတွေကြောင့်ရော.. ကိုယ်ရေးကိုယ်တာ ကိစ္စတွေကြောင့် တော်တော်လေးလည်း ကြာသွားတယ်ပေါ့။
Intro ကတည်းက ဝန်ခံပြီးခဲ့သားပါ။ဒီ fic လေးက ရိုးရိုးရှင်းရှင်း ေပါ့ပေါ့ပါးပါးလေးပါပဲ။ထူးထူးခြားခြား ဆွဲဆောင်မှုမရှိတဲ့ ficလေးကို အစကနေ အဆုံးထိလိုက်ပါ ခံစားပေးခဲ့တဲ့ စာဖတ်သူတစ်ယောက်ချင်းစီကို ကျေးဇူး တင်ပါတယ်။ပင်ပန်းလာတိုင်း၊စိတ်ညစ်လာတိုင်း စာဖတ်သူတို့ရဲ့ feedback လေးတွေက တကယ်ကိုအားဖြစ်ခဲ့ရပါတယ်။
silent reader တွေလည်း ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
Extra တစ်ပိုင်းရှိပါဦးမယ်..
ဒီ fic က စရေးခါစက plotသပ်သပ်တစ်ခုပါ။ပြီးတော့ သေချာပေါက် SEပါ..။ပြောင်းလဲသွားတဲ့ကိုယ့်နိုင်ငံရဲ့ အခြေအနေတွေကြောင့် ဝမ်းနည်းစရာတွေ မရေးချင်တော့လို့ plot အသစ်တစ်ခုပြောင်းပစ်လိုက်တာပါ။
SE လုပ်ရင် အိမ် လိပ်စာမေးပြီး လာရိုက်မယ့် အစ်မကြီးရယ်၊ ဇွပ် ဇွပ်လုပ်မယ်ဆိုတဲ့ အစ်မကြီးများလည်း ကျေနပ်ကြမယ်လို့ထင်ပါတယ်😅
Thanks for your reading & votingRiona
........Zawgyi________
"ခင္ဗ်ား က်ဳပ္ေနာက္ကို ဘာကိစၥလိုက္လာတာလဲ"
ေဂ်ာင္ကု မ်က္လုံးေတြက ေဆာ့ဂ်င္ကို ၾကည့္မေန။ဖ်တ္ကနဲ တစ္ခ်က္သာ ၾကည့္ၿပီး မ်က္ႏွာျပန္လႊဲသြားသည္။ေဆာ့ဂ်င္ေျဖမည့္ အေျဖစကားကိုလည္း မေစာင့္ဘဲ ဂ႐ုမစိုက္ဟန္ျဖင့္ ေ႐ွ႕ကိုသာ ဆက္ေလွ်ာက္သြားသည္။
" ေဂ်ာင္ ကု "
သူ ေနာက္ထပ္ တစ္ေခါက္ေခၚလိုက္ေတာ့ ေဂ်ာင္ကုက ေအးစက္စက္မ်က္လုံးမ်ားျဖင့္ တကယ္ပင္ သံေယာဇဥ္ ကုန္ခမ္းသြားေလဟန္ ျဖင့္ လွည့္ၾကည့္လာသည္။
"ဆက္လိုက္မလာနဲ႔"
ဟင့္အင္း။ ငါက ဒီေလာက္နဲ႔ အေလွ်ာ့ေပးမယ္လို႔ ထင္ေနလား။ လုံးဝပဲ။
"လိုက္မွာပဲ"
ေျပာၿပီး ေဂ်ာင္ကု ေျခလွမ္းေတြေနာက္ကို သူအမီလိုက္သည္။သိပ္မၾကာခင္ ေဂ်ာင္ကုနံေဘးသို႔ သူေရာက္သြားသည္။သူ လိုက္မမီေအာင္ ခပ္သြက္သြက္ လမ္းေလွ်ာက္ေနတဲ့ ေကာင္ေလးကို ေက်ာ္တက္လိုက္ၿပီး ေ႐ွ႕ကေန ပိတ္ရပ္လိုက္သည္။ထိုအခါ တည္တင္းေနေသာ မ်က္ႏွာ၊ တင္းတင္းေစ့ထားေသာ ႏႈတ္ခမ္းပါးမ်ားျဖင့္ မ်က္ေမွာင္ၾကဳတ္ကာ သူ႕ကိုစိုက္ၾကည့္လာသည္။
"ဘာျဖစ္ေနလဲ ခင္ဗ်ား"
"ဘာမွ မျဖစ္ပါဘူး"
ေဆာ့ဂ်င္က တမင္သက္သက္ မအူမလည္ပုံဖမ္းကာ ပါးစပ္ထဲက အေငြ႕ေတြကို မႈတ္ထုတ္လိုက္သည္။လက္ႏွစ္ဖက္ကို တင္းတင္းပိုက္ၿပီး မ်က္ေတာင္ေတြကို ပုတ္ခတ္,ပုတ္ခတ္လုပ္လိုက္သည္။
ထိုအခါ ေကာင္ေလးမ်က္ႏွာက အေရာင္တစ္မ်ိဳးေျပာင္းသြားသည္။ခုနကေလာက္ တင္းမာမေနေတာ့ဘဲ ပါးေစာင္ကို လွ်ာျဖင့္ထိုးကာ ဂ်စ္ကန္ကန္ စိုက္ၾကည့္သည္။ကေလးဆိုးကို ေျပာမရလို႔ လႊတ္ထားလိုက္သည့္ ပုံစံျဖင့္။
"က်ဳပ္ေ႐ွ႕က ဖယ္ေပး"
"မဖယ္ဘူး"
"ကင္ ေဆာ့ ဂ်င္ "
ေဂ်ာင္ကု အသံမာမာနဲ႔ ေအာ္လိုက္ေပမယ့္ ေဆာ့ဂ်င္က နည္းနည္းေလးေတာင္ ျဖဳံမသြား။အရင္က ဒီလိုေလသံမ်ိဳးနဲ႔သာဆို သူ ဒီေကာင္ေလးကို ႏွစ္ခ်က္ေလာက္ ထုလိုက္မိမွာ။ယခုေတာ့ ေဆာ့ဂ်င္က ေဒါသထြက္ဟန္လည္းမျပ။မ်က္လုံးမ်ားတြင္ ရယ္ျမဴးရိပ္မ်ား သန္းေနသည္။
"က်စ္! ခင္ဗ်ားက ကေလးလား။ ေျပာလို႔ မေကာင္းလိုက္တာ"
"ဂြၽန္ေဂ်ာင္ကုရဲ႕ ကေလးပဲေလ"
ေဆာ့ဂ်င္ေလသံက အရင္လို မာဆတ္ဆတ္ မဟုတ္ဘဲ ႏူးညံ့မႈေတြ ေပ်ာ္ဝင္ေနသည္။ေဂ်ာင္ကု စိတ္ပ်က္သလို မ်က္ႏွာလႊဲလိုက္ေပမယ့္ ျပုံးခ်င္သြားသည္။သို႔ေသာ္ ထိုအမူအရာကို အလ်င္အျမန္ထိန္းကာ မူလအတိုင္း ႐ႈတည္တည္ျဖင့္ ၾကည့္သည္။
"သြား ေတာ့"
နဖူးကို လက္ႏွင့္တြန္းၿပီး လမ္းဖယ္ခိုင္းေတာ့ ေဆာ့ဂ်င္က မေက်နပ္။ စူပုပ္ပုပ္လုပ္ကာ မ်က္လုံးလွန္ၾကည့္သည္။မဖယ္ခ်င္,ဖယ္ခ်င္ပုံစံျဖင့္ ေပကပ္ကပ္ရပ္ေနေသးသည္။ေဂ်ာင္ကု ဘာမွမေျပာေတာ့ဘဲ တစ္ခ်က္စိုက္ၾကည့္ေတာ့မွ သူ ေဘးသို႔ေ႐ွာင္ေပးလိုက္သည္။
မင္း ငါ့ကို တကယ္ စိတ္နာသြားၿပီလား ေဂ်ာင္ကုရယ္။
𖧷 . 𖧷 . 𖧷
"ဂိုအြန္းေလး အဲ့ဒီ ပန္းအိုးေလး ဒီနားသယ္ခဲ့ "
"ဆယ္ယြန္းက အငယ္ေလးေတြကို ဂ႐ုစိုက္လိုက္ဦး။ ေျခေထာက္ေပၚ ပန္းအိုးျပဳတ္က်ဦးမယ္"
သာယာေသာ နံနက္ခင္းေလးတြင္ ေဂ်ာင္ကုႏွင့္ ကေလးတစ္သိုက္၏ အသံေတြက ဆူညံသြားသည္။ၿမိဳ႕ႏွင့္ အေဝးဆုံးေနရာ။ဆိုးလ္ၿမိဳ႕ အစြန္ဆုံးဟုေျပာလို႔ရသည့္ ထိုေနရာေလး။ဖခင္ျဖစ္သူ ေထာင္က်သြားကတည္းက ေဂ်ာင္ကု ၿမိဳ႕ေပၚက အိမ္ကို တစ္ေခါက္မွမသြားေတာ့။အရာအားလုံးကို စြန္႔လႊတ္ၿပီး သူ႕ဘဝဇာတ္ျမႇဳပ္ေနခဲ့သည္။ မိဘမဲ့ေဂဟာ တစ္ခုကို တည္ေထာင္ခဲ့ၿပီး ကိုယ္တိုင္လည္း ကေလးေတြ ၾကားထဲမွာ အခ်ိန္ေတြကို ကုန္ဆုံးပစ္ခဲ့သည္။
ဒီေဂဟာေလးကပဲ သူ ရခဲ့သမွ် စိတ္အနာတရေတြကို အေတာ္အတန္ ကုစားေပးႏိုင္ခဲ့သည္။ကေလးေတြနဲ႔ ကစားလိုက္၊ စာသင္ေပးလိုက္နဲ႔ သူ႕ကိုယ္သူ မ႐ူးေအာင္ မနည္းႀကိဳးစားခဲ့ရသည္။တစ္ဆစ္ခ်ိဳးေျပာင္းလဲသြားေသာ ေလာကဓံ၏ ႐ိုက္ခ်က္က အဆမတန္ ျပင္းလြန္းခဲ့၏။
တစ္ဦးတည္းေသာ သူငယ္ခ်င္းက ဖခင္ျဖစ္သူေၾကာင့္ အသက္ဆုံး႐ႈံးခဲ့ရၿပီး ဖခင္ျဖစ္သူလည္း ေထာင္က်။ၿပီးေတာ့ အခ်စ္ရဆုံး သူ၏ အမုန္း၊စြန္႔ပစ္မႈတို႔ကို ခါးစည္းခံခဲ့ရေသာ သူ႕ကမ႓ာသည္ တစ္စစီၿပိဳလဲသြားခဲ့သည္။
အရာရာကို ေမ့ပစ္ႏိုင္ဖို႔၊ ပုံမွန္အတိုင္း ျပန္လည္ ႐ွင္သန္ႏိုင္ဖို႔ ဘယ္ေလာက္ထိ ႀကိဳးစားခဲ့ရလဲဆိုတာ ကိုယ့္ကိုယ္ကိုသာ အသိဆုံး။
အခ်စ္ဆုံးသူက ေပးတဲ့ ေဝဒနာမို႔ ဝဋ္ေႂကြး လို႔ေတာင္ နာမည္မတပ္ရက္ဘူး။ကိုယ္မ႐ွိမွ ေပ်ာ္ႏိုင္မယ့္ တစ္စုံတစ္ေယာက္အတြက္ ရင္အကြဲခံၿပီး ေက်ာခိုင္းခဲ့ရတယ္။
ရယူျခင္း၊ ပိုင္ဆိုင္ျခင္းတရားေတြထက္ သူ ကြၽန္ေတာ္႕ကို ခ်စ္ခဲ့ဖူးတယ္ ဆိုတဲ့အသိနဲ႔တင္ တစ္ဘဝစာေက်နပ္ပစ္ရတယ္။
မဖ်က္ပစ္ႏိုင္ခဲ့တဲ့ ႀကိဳးေတြမို႔ ခ်စ္ျခင္းေမတၱာေတြနဲ႔ အထပ္ထပ္ခ်ည္ေႏွာင္ခဲ့ေပမယ့္ ေရစက္ကုန္တဲ့အခါ ဒီလိုပဲေဝးၾကရပါတယ္။
ကြၽန္ေတာ္တို႔ ႏွစ္ေယာက္ရဲ႕ ေရစက္ကလည္း ဒီဘဝမွာ ဒီေလာက္ပဲထင္ပါတယ္။
" တိုတို ေဂ်ာင္ကု "
" ဗ်ာ"
အနားေရာက္လာေသာ ကေလးေလး၏ မပီကလာ ပီကလာ ေခၚသံေလးေၾကာင့္ ေဂ်ာင္ကု အေတြးစတို႔ျပတ္ေတာက္သြားသည္။မ်က္လုံးဝိုင္းဝိုင္းေလးေတြနဲ႔ ကေလးေလး၏ ပါးေဖာင္းေဖာင္း ႏွစ္ဖက္တြင္ ေျမမႈန္စေလးေတြ ကပ္ေနသည္။ထို ေပတလူးေလးကို ေဂ်ာင္ကု အသည္းယားစြာျဖင့္ ပါးႏွစ္ဖက္ကို ဆြဲဖ်စ္လိုက္သည္။
"တိုတို႔ကို လူတစ္ေယာက္က ေတြ႕ခ်င္လို႔တဲ့"
"ဘယ္သူက ေတြ႕ခ်င္တာတုန္းဗ် "
"ႏႈတ္ခမ္းလွလွေလး႐ွိတဲ့ တိုတိုတစ္ေယာက္ "
ကေလးေလး၏ အေျဖေၾကာင့္ သူမ်က္ေမွာင္ၾကဳတ္သြားသည္။
ဘယ္သူလဲ..။ႏႈတ္ခမ္းလွလွေလး႐ွိတဲ့ တစ္ေယာက္ဆိုေတာ့ မဟုတ္မွလြဲေရာ..။
"အင္း..ကိုကို သြားၾကည္လိုက္မယ္ေနာ္ "
"ဟုတ္ "
ေခါင္းၿငိမ့္ျပၿပီး ခုန္ေပါက္ထြက္သြားတဲ့ ကေလးေလး၏ ေနာက္ေက်ာျပင္ကို ၾကည့္ၿပီး ေဂ်ာင္ကုျပဳံးလိုက္မိသည္။
ခင္ဗ်ား ႏႈတ္ခမ္းေလးေတြ လွတာ ကေလးကေတာင္ သတိထားမိတယ္။
𖧷 . 𖧷 . 𖧷
" လြတ္ေအာင္ ေျပးထားေနာ္။ လိုက္ၿပီ..1,..2..,.3.."
တိုင္ပင္ေခၚသံႏွင့္အတူ မ်က္လုံးကို အဝတ္စည္းထားၿပီး ကေလးေတြၾကားထဲ ဝင္ကစားေနသည့္ သူ။လက္ထဲမွာ အက်ီစကို ကိုင္ၿပီး မျမင္မစမ္းနဲ႔ ကေလးေတြကို ထိေအာင္လိုက္ဖမ္းသည္။ေမ်ာက္မူးလဲေအာင္ ေဆာ့ကစားေလ့႐ွိေသာ ကေလးမ်ားမွာ ထိုကစားနည္းကို အေတာ္ေပ်ာ္ေနဟန္တူသည္။ရယ္သံစာစာေလးေတြ ထြက္လာသည္။
"သားတို႔က ဒီဘက္မွာ"
"မီးမီးတို႔က ဒီဘက္မွာ"
ေဆာ့ဂ်င္က အသံၾကားရာဘက္သို႔ လက္ႏွစ္ဖက္ကို ဆန္႔တန္းကာ ေ႐ြ႕ေ႐ြ႕, ေ႐ြ႕ေ႐ြ႕နဲ႔ လိုက္စမ္းသည္။အခ်ိန္အေတာ္ၾကာသည္အထိ တစ္ေယာက္မွ မမိေသး။
ခဏၾကာေတာ့ တစ္ခုခုကို သြားစမ္းမိသြားသည္။ေဆာ့ဂ်င္ ကေလးတစ္ေယာက္ကို မိၿပီအထင္နဲ႔ ဝမ္းသာလုံးဆို႔သြားသည္။
"ကဲ..မိၿပီကြ"
အတန္ၾကာသည္အထိ ဖမ္းမိေသာ ကေလးထံမွ မည္သည့္တုံ႔ျပန္သံမွ ထြက္မလာ။ကေလးမ်ား၏ ရယ္ေမာသံ စကားေျပာသံတို႔က ေနာက္ဘက္ခပ္ေဝးေဝး က်န္ခဲ့ၿပီျဖစ္သည္။မသက္ာသည့္ စိတ္ျဖင့္ လက္ျဖင့္ထိမိထားေသာ ေနရာကို ေနာက္တစ္ေခါက္ ကိုင္ၾကည့္မိေသာ မာေတာင့္ေတာင့္ အထိအေတြ႕ကိုရသည္။လက္ကေလးနဲ႔ ဟိုစမ္း,ဒီစမ္း လုပ္လိုက္ေသာအခါ က်ယ္ျပန္႔ေသာ ရင္ဘတ္ႂကြက္သားေတြ။
ဘုရားေရ..ဒါ ကေလးမွမဟုတ္တာ။
"sorry..ေတာင္းပန္ပါတယ္ "
႐ွက္စိတ္ေၾကာင့္ေရာ၊ အားနာသည့္စိတ္ေၾကာင့္ေရာ ေဆာ့ဂ်င္ ေနာက္ေၾကာင္းကို ျပန္မယ္လုပ္ေတာ့ ထိုသူက လက္တစ္ဖက္ကို ဆြဲထားသည္။
" ၿငိမ္ၿငိမ္ေန"
ရင္းႏွီးၿပီးသား ထိုအသံက နားထဲ တိုးဝင္လာသည္။သူ႕ရင္ထဲ လွပ္ကနဲ ျဖစ္သြား၏။
ထို႔ေနာက္ မ်က္လုံးေပၚက စည္းထားေသာ အဝတ္ကိုခြာခ်ေပးသည့္ လက္တစ္စုံ။အေနအထားက လိုအပ္သည္ထက္ ပိုနီးကပ္ေနတာမို႔ ထိုသူ႕ဆီက အသက္႐ႈေငြ႕ေႏြးေႏြးကိုေတာင္ ခံစားရသည္။
ျဖည္းျဖည္းခ်င္း ကြာက်သြားသည့္ အဝတ္စေၾကာင့္ အေျပာင္လွန္တင္ထားေသာ နဖူးေပၚက တစ္စြန္းတစ္စ က်ေနေသာ ဆံပင္တစ္ေခ်ာင္းစ ႏွစ္ေခ်ာင္းစကို အရင္ျမင္ရသည္။ထို႔ေနာက္ နက္ေမွာင္ေနေသာ မ်က္ခုံးတန္းႏွင့္အတူ မ်က္လုံးဝိုင္းဝိုင္းေတြ၊ အနည္းငယ္လုံးေနေသာ ႏွာေခါင္းထိပ္ေအာက္က ပါးလ်ေသာ ႏႈတ္ခမ္းတစ္စုံ၊ထိုႏႈတ္ခမ္းေအာက္တြင္ ျဖစ္တည္ေနေသာ မွဲ႔နက္ကေလး။
ပင့္တက္လာေသာ မ်က္ေတာင္ဖ်ားေအာက္က ေဆာ့ဂ်င္ မ်က္လုံးမ်ားက ေ႐ွ႕က ရပ္ေနသူကို ျမင္ေတာ့ ျပဳံးေယာင္သန္းသြားသည္။
" ေဂ်ာင္ ကု "
" ဘာလာလုပ္တာလဲ..ကင္ေဆာ့ဂ်င္"
ဟင့္အင္း..မင္း ငါ့ကို အဲ့လို မေခၚပါနဲ႔။အရင္လို 'အစ္ကို' လို႔ မေခၚေတာ့ဘူးလား။ မင္းတစ္ေယာက္ တည္းကိုပဲ အပိုင္ေပးထားတဲ့ နာမ္စားေလးေလ။
"ငါ... "
သူ အသက္ဝဝတစ္ခ်က္ ႐ႈသြင္းကာ အားယူလိုက္သည္။
"ေဂ်ာင္ကု..ငါတို႔ စကားနည္းနည္းေလာက္ ေျပာရေအာင္ "
"ကြၽန္ေတာ္တို႔ ႏွစ္ေယာက္ၾကားမွာ ဘာေတြမ်ား ေျပာစရာ႐ွိဦးမွာလဲ။ ထပ္ၿပီးေတာ့ ကြၽန္ေတာ္႕ကိုမုန္းတဲ့အေၾကာင္း၊ ကြၽန္ေတာ္အေဝးကို ထြက္သြားမွ ေပ်ာ္ႏိုင္မယ့္ အေၾကာင္းေတြလား"
ေဂ်ာင္ကု၏ စကားလုံးတစ္လုံးခ်င္းစီက သူ႕ ႏွလုံးသားကို လိႈက္ဟာစြာ နာက်င္လာေစသည္။မ်က္လုံးခ်င္း ဆုံမိလိုက္ခ်ိန္တြင္ သူ႕တစ္ကိုယ္လုံး အပူခံထိထားသည့္ ဖေယာင္းသားလိုမ်ိဳး။
"စည္းျခားတတ္တဲ့ အက်င့္က အစ္ကို အကြၽမ္းက်င္ဆုံး အလုပ္မဟုတ္လား"
" ဟင့္အင္း..မဟုတ္ဘူး ေဂ်ာင္ကု"
ေဂ်ာင္ကု၏ မ်က္လုံးဝိုင္းေတြထဲ အရည္ၾကည္ေတြ ရစ္သိုင္းလာသည္။ထိန္းခ်ဳပ္ေနသည့္ ၾကားက ခုန္ေပါက္စီးဆင္းလာေသာ မ်က္ရည္တစ္စက္ကို လက္ဖေနာင့္နဲ႔ခပ္ၾကမ္းၾကမ္း သုတ္ပစ္လိုက္ကာ ေဆာ့ဂ်င္ ႏွင့္ မ်က္လုံးခ်င္းမဆိုင္မိဖို႔ ႀကိဳးစားသည္။
"ကြၽန္ေတာ္က အစ္ကို မလိုခ်င္လို႔ စြန္႔ပစ္ခံထားရတဲ့ အ႐ုပ္တစ္႐ုပ္ပါ။လိုအပ္တဲ့အခ်ိန္က် ျပန္ေကာက္လိုက္၊ မလိုေတာ့ရင္ စြန္႔ပစ္လိုက္နဲ႔ မကစားပါနဲ႔ေတာ့"
"ကြၽန္ေတာ္ ဘယ္ေလာက္ၿပိဳလဲခဲ့ရလဲ။ ကြၽန္ေတာ္ဘယ္ေလာက္ နာက်င္ခဲ့ရလဲ အစ္ကိုသိလား။မလိုခ်င္ေတာ့လို႔ စြန္႔ပစ္ခဲ့သူကို ဘယ္အခ်ိန္မ်ား လက္လွမ္းေခၚမလဲလို႔ ေစာင့္ေနခဲ့ရတဲ့ ေကာင္ပါဗ်ာ။မ်က္ႏွာေလး ျမင္ခ်င္လြန္းလို႔ ေဝးေဝးကေနပဲ တိတ္တိတ္ေလး ခိုးၾကည့္ခဲ့ရတဲ့ေကာင္၊ ခင္ဗ်ားကို သတိရလြန္းလို႔ ႐ူးမတတ္ ျဖစ္ခဲ့ရတဲ့ေကာင္"
"ကြၽန္ေတာ္ ဇြတ္တ႐ြတ္ လာေတြ႕လို႔ရတယ္ ဆိုတာသိတယ္။ဒါေပမယ့္ အစ္ကိုနာက်င္သြားမွာကို ၾကည့္ ရမွာ ကြၽန္ေတာ္မခံစားႏိုင္ဘူး"
"ကြၽန္ေတာ္႕ႏွလုံးသားကို တစ္ခါေလးေတာင္မွ ျမင္ေအာင္ မၾကည့္ဖူးဘူးလားဟင္"
"အစ္ကို႔အနားမွာ ေနခြင့္ေလးေပးဖို႔ပဲ ကြၽန္ေတာ္ေတာင္းဆိုခဲ့မိတာပါ။အရမ္းႀကီး ခက္ခဲတာကိုမ်ား ေတာင္းဆိုခဲ့မိလို႔လားဟင္။ ကြၽန္ေတာ္ အရမ္း ေလာဘႀကီးမိခဲ့လား"
အသည္းႏွလုံးေတြထဲက နာက်င္စြာ ေပါက္ကြဲထြက္လာေသာ ထိုစကားလုံးမ်ားတြင္ ရင္ကြဲသံ အက္႐ွ႐ွမ်ား ပါဝင္ေနခဲ့သည္။ေဂ်ာင္ကု ဆက္ၿပီး ထိန္းမထားႏိုင္ေတာ့။ႏႈတ္ခမ္းေလးေတြ တဆတ္ဆတ္တုန္ကာ တစ္ခုခုေျပာဖို႔ ႀကိဳးစားေနသူကို အတင္းက်ပ္ဆုံး ဆြဲဖက္လိုက္မိသည္။ေနာက္ထပ္တစ္ႀကိမ္ ေပ်ာက္ကြယ္သြားမွာ စိုးသည့္အလား လက္ႏွစ္ဖက္ကို ထပ္ပိုက္လိုက္ေတာ့ တိမ္းၫႊတ္ပါလာေသာ ကိုယ္လုံးက ေဂ်ာင္ကုရင္ခြင္ထဲ နစ္ျမႇဳပ္လုလု။
"ခ်စ္တယ္..ခင္ဗ်ားကို အရမ္းခ်စ္တယ္ ကင္ေဆာ့ဂ်င္ရဲ႕ "
ရင္ခြင္ထဲတြင္ ၿငိမ္သက္သြားေသာ ေဆာ့ဂ်င္က အတန္ၾကာမွ အင့္ကနဲ ႐ိႈက္သံတစ္ခ်က္ထြက္လာကာ ေဂ်ာင္ကု ေက်ာျပင္က်ယ္ကို မမွီမကမ္းျဖင့္ ျပန္ဖက္သည္။ဝမ္းနည္းစိတ္၊ လြမ္းစိတ္မ်ားက မေထြးႏိုင္ မအန္ႏိုင္ တနင့္တပိုးႀကီး ပြင့္ထြက္လာကာ လိႈက္လိႈက္လွဲလွဲ ငိုခ်င္လာသည္။
"ငါ့အနားမွာ မင္း႐ွိရင္ မေပ်ာ္ႏိုင္ဘူး လို႔ ထင္ခဲ့တာ။မွားတယ္။ ငါ မွားသြားတယ္။ ထပ္မေဝးၾကရေအာင္။ အရမ္းခ်စ္တယ္ ေဂ်ာင္ကု"
လြမ္းခဲ့ရသမွ် အတိုးခ်ၿပီး တစ္ေယာက္ကို တစ္ေယာက္လြတ္ထြက္သြားမွာ စိုးသည့္စိတ္ျဖင့္ ရင္ခြင္ထဲမွာ နစ္ဝင္သြားသည္အထိ ေပြ႕ဖက္ထားမိၾကသည္။
"ကိုယ့္အသက္ေလး ကင္ေဆာ့ဂ်င္ "
ႏူးညံ့တိုးတိတ္ေသာ ထိုစကားသံအဆုံးတြင္ ေဆာ့ဂ်င္ႏွလုံးခုန္သံေတြ ကစဥ့္ကလ်ား လြင့္စင္သြားၾကသည္။နဖူးေပၚသို႔ စြန္းထင္းလာေသာ ႐ွိန္းျမျမအနမ္းတစ္ပြင့္ေၾကာင့္ သူ႕မ်က္လုံးေတြ မွိတ္က်သြားၿပီး ေဂ်ာင္ကု ေက်ာျပင္ကို တင္းကနဲေနေအာင္ ဆုပ္လိုက္မိသည္။
ကိုယ့္ကို နာက်င္ေစရင္ေတာင္ ခင္ဗ်ားတစ္ေယာက္ကိုေတာ့ ရင္နာေလ ပိုခ်စ္လာေလ။ အၿငိဳးအေတး မ႐ွိ၊ ေနာင္တ တရားလည္းမ႐ွိ။
အမွတ္သည္းေျခ မ႐ွိတဲ့ ဒီအသည္းႏွလုံးဟာ မင္းအတြက္ဆို ႏွစ္ခါျပန္ေသရလည္း အဆင္သင့္ပဲ။
မင္းကို ကိုယ္က အဲ့ဒီေလာက္ထိ ခ်စ္တာပါ။
𖧷 . 𖧷 . 𖧷
မီးခိုးေရာင္ ေကာင္းကင္ကို ေနာက္ခံျပဳ၍ ေမွးစက္ကြယ္ဝင္ သြားေသာ ေနမင္းသည္ မိႈင္းညိဳ႕ရီေဝေနေသာ ျမဴအခ်ိဳ႕ကိုေတာ့ မေဖာက္ထြင္းႏိုင္။ပတ္ဝန္းက်င္တြင္ အလင္းေရာင္ ခပ္ေဖ်ာ့ေဖ်ာ့သာ ႐ွိေတာ့သည္။
"ျပန္ေတာ့ေလ ကိုကို"ေဂ်ာင္ကုက လက္ဖဝါးျပင္ထဲက လက္ကေလးႏွစ္ဖက္ကို မလႊတ္ႏိုင္ေအာင္ ဆုပ္ကိုင္ထားဆဲျဖစ္သည္။အမွန္အတိုင္းေျပာရရင္ေတာ့ အစ္ကိုနဲ႔သူ မခြဲခ်င္ေသး။ဆုပ္ထားေသာ လက္ကေလးတစ္ဖက္ကို ယူကာ အသာအယာနမ္းလိုက္ေတာ့ အစ္ကိုက မ်က္လႊာခ်ထားရာမွ ပင့္ေမာ့လာသည္။
"မင္းနဲ႔ပဲ ေနခ်င္တာကို"
"မနက္မွ လာခဲ့မယ္ေလေနာ္"
နဖူးေပၚက ဆံပင္ေတြကို သပ္တင္ၿပီး ေခ်ာ့ျမဴသလိုေျပာေတာ့ အစ္ကိုက သူ႕လက္ကို လႊတ္မေပးတဲ့အျပင္ အတင္းဆြဲယူၿပီး လက္ေမာင္းတစ္ဖက္ေပၚကိုပါ ေခါင္းမွီထားသည္။
"ဟင့္အင္း..မခြဲခ်င္ပါဘူးဆို"
ဒီလိုပုံစံမ်ိဳးကို ဘယ္ေသာအခါမွ ထုတ္မျပတတ္တဲ့ အစ္ကိုက သူ႕လက္ေမာင္းတစ္ဖက္ကို မွီတြဲကာ အပီအျပင္ကို ဂ်စ္တိုက္ေနသည္။စ, ခ်စ္မိသူက သူပဲမို႔ အစ္ကို ဘယ္လိုပင္ဆိုးဆိုး အျပစ္မျမင္ရက္ႏိုင္။အသည္းယားလြန္းလို႔ ဆြဲေပြ႕ပစ္လိုက္ခ်င္စိတ္ကို ေဂ်ာင္ကု မနည္းထိန္းထားရသည္။
"ကင္ ေဆာ့ ဂ်င္..ခင္ဗ်ား တကယ္ပဲ "
စိတ္မ႐ွည္သလို ေလသံခပ္မာမာနဲ႔ ေျပာလိုက္ေတာ့ အစ္ကိုက ခ်က္ခ်င္း ေမာ့ၾကည့္လာသည္။'ၿငိဳျငင္တာလား' ဟူသည့္ ပုံစံျဖင့္ စူပူပ္ပုပ္လုပ္ျပေတာ့ ေဂ်ာင္ကုဆက္ၿပီး ထိန္းမထားႏိုင္ေတာ့။
"အဲ့ဒါဆို မင္းက အိမ္ျပန္ မလိုက္ဘူးလား"
"လိုက္မွာေပါ့"
ပါးတစ္ဖက္ကို ႐ႊတ္ကနဲ ငုံ႔နမ္းၿပီး ရယ္က်ဲက်ဲနဲ႔ သူဆိုလိုက္ေတာ့ အစ္ကိုက သူ႕ရင္ဘတ္ကို မနာေအာင္ထုၿပီး ႏွစ္ကိုယ္ၾကား တိုးတိုးေလး ဆိုသည္။
"အ႐ူးေကာင္..ဒါမ်ား အိုက္တင္ခံေနေသးတယ္"
ရယ္ေမာသြားေသာ သူတို႔ႏွစ္ေယာက္သည္ တစ္ေယာက္လက္ကို တစ္ေယာက္တြဲကာ အတၱမ်ား၊ မာနမ်ားကင္းစင္ေသာ အခ်စ္တို႔ျဖင့္ ေနာက္ထပ္တစ္ႀကိမ္ ဘဝသစ္တစ္ခုကို စတင္ဖို႔ အတြက္ ပထမဆုံး ေျခလွမ္းကို အတူလွမ္းခဲ့ၾကသည္။
အျပာႏုေရာင္ ေဆးသုတ္ထားေသာ အိမ္ကေလးသည္ အရင္အတိုင္း ဘာမွမေျပာင္းလဲ။ရင္နာနာနဲ႔ ေက်ာခိုင္းခဲ့တဲ့ အိမ္ကေလး။သိပ္ကို ျပန္လာခ်င္ခဲ့ေပမယ့္ လွည့္မၾကည့္မိေအာင္ ထိန္းခ်ဳပ္ခဲ့ရတဲ့ သူတို႔ႏွစ္ေယာက္ရဲ႕ အသိုက္အျမဳံေလး။
ဧည့္ခန္းထဲက သူတို႔ႏွစ္ဦး ႐ုပ္႐ွင္ၾကည့္ေနက် ဆိုဖာခုံေလးလည္း လက္ရာမပ်က္႐ွိတုန္းပင္။အစ္ကိုကေတာ့ သူ႕ကိုအာ႐ုံမထားအားေသး။ညေနစာ စားဖို႔ ခ်က္ျပဳတ္ျပင္ဆင္ေနသည္။
"ကြၽီ...."
ေဂ်ာင္ကု အိပ္ခန္းတံခါးကို အသာဖြင့္ၾကည့္လိုက္သည္။လက္ထပ္စဥ္ကအတိုင္း အိပ္ရာခင္း အျပာေရာင္က သူ႕ကိုဒိတ္ကနဲ ရင္ခုန္သြားေစသည္။႐ွင္းလင္း သပ္ရပ္ေနေသာ အိပ္ရာထက္တြင္ အျပာေရာင္ ေခါင္းအုံးေလးႏွစ္လုံးက သူ႐ွိစဥ္က အတိုင္း လက္ရာေျခရာမပ်က္ ႐ွိေနဆဲ။
သူ႕လက္ေတြ ႐ုတ္တရက္ အင္အားဆုတ္ယုတ္သြားသည္။သူထင္ခဲ့တာ အစ္ကို သူ႕ကို မုန္းသြားၿပီး သူနဲ႔ပတ္သက္သမွ် အရာအားလုံးကို အစအနမက်န္ေအာင္ ေမ့ေဖ်ာက္ပစ္လိုက္သည္ဟူ၍။
"ေဂ်ာင္ကု... ထမင္းစား..."
ညေနစာစားဖို႔ လာေခၚေနေသာ အစ္ကို႔ကို သူမေျပာမဆိုနဲ႔ ရင္ခြင္ထဲ ဆြဲေပြ႕ကာ တင္းတင္းက်ပ္က်ပ္ ဖက္ထားလိုက္မိသည္။ရိပ္မိပုံမရေသာ အစ္ကိုက သူ႕ရင္ခြင္ထဲမွာ ေတာင့္ေတာင့္ေလးရပ္ေနသည္။
"အစ္ကိုရာ..."
ဆံပင္ေတြထဲ တိုးေဝွ႔နမ္း႐ိႈက္ၿပီး မခ်ိတင္ကဲ ေရ႐ြတ္ေတာ့ အစ္ကိုက သူ႕ရင္ဘတ္ကို မသိမသာတြန္းလႊတ္သည္။ေဂ်ာင္ကု အေလ်ာ့မေပးမိ။အရင္ကထက္ စူးနစ္တင္းက်ပ္ေသာ ဖက္တြယ္မႈမ်ိဳးျဖင့္ ရင္ခြင္ထဲက အစ္ကို႔ကို ေပ်ာက္ကြယ္ နစ္ျမဴပ္သြား မတတ္ဖက္ထားလိုက္သည္။
ခဏၾကာေတာ့ အစ္ကိုက အသက္႐ႈဖို႔ ခက္လာသည္ထင္။အင့္ကနဲ အသံထြက္ကာ သူ႕ရင္ဘတ္ႀကီးကို တြန္းသည္။
"ဘာျဖစ္လို႔လဲဟင္..ေဂ်ာင္ကု"
မသိနားမလည္သည့္ မ်က္လုံးေတြနဲ႔ အစ္ကိုက သူ႕ကို ေမာ့ၾကည့္လာသည္။မီးေရာင္ေအာက္မွာ အစ္ကို႔မ်က္လုံးေတြက ႐ႊန္း႐ႊန္းပပ။
"အစ္ကို႔ ကြၽန္ေတာ္႕ကို မုန္းခဲ့ဖူးလား"
"ဟင့္အင္း...ေန႔တိုင္း သတိရေနတာ"
"ဒါနဲ႔မ်ား ဘာလို႔ ကြၽန္ေတာ္႕ကို နည္းနည္းေလးေတာင္ မဆက္သြယ္ခဲ့ရလဲဗ်ာ"
ေဆာ့ဂ်င္ အသံက ပိုတိုးသြားသည္။ေခါင္းေအာက္ငုံ႔သြားကာ ေဂ်ာင္ကုမ်က္ႏွာကို မၾကည့္။
"မင္း ငါ့ကို စိတ္နာသြားၿပီထင္လို႔"
ထိုအေျဖစကားေၾကာင့္ ေဂ်ာင္ကု ဘယ္လိုနည္းနဲ႔မွ ေတာင့္မခံႏိုင္ေတာ့ဘဲ အစ္ကို႔မ်က္ႏွာကို လက္ဖဝါးထဲ ဆြဲယူကာ ႏႈတ္ခမ္းေလးကို တ႐ိႈက္မက္မက္ နမ္းလိုက္သည္။အိကနဲ ပါလာေသာ ခ်ိဳၿမိန္လြန္းသည့္ အရသာကို ေဂ်ာင္ကု လႊတ္မေပးမိေတာ့ဘဲ လြမ္းခဲ့ရသမွ် အတိုးေရာ အရင္းပါေပါင္းၿပီး ယူသည္။
"အြန္႔...ေတာ္ ေတာ့ "
မလူးသာ မလြန္႔သာနဲ႔ ေဂ်ာင္ကု ျပဳသမွ် အမွီလိုက္ေနရေသာ ေဆာ့ဂ်င္မွာ အခ်ိန္ၾကာလာသည္ႏွင့္အမွ် အတင္း႐ုန္းကာ ပါးစပ္ေလးကိုဟၿပီး အသက္ကိုမနည္း႐ႈေနရသည္။ မခံႏိုင္တဲ့အဆုံး ရင္ဘတ္ကို တစ္ခ်က္ေဆာင့္တြန္းလိုက္ေတာ့မွ ေဂ်ာင္ကုက ရပ္ေပးေတာ့သည္။
" မေျပာမဆိုနဲ႔.. ဘာလို႔ အတင္းနမ္းတာလဲ "
"အျပစ္ေပးတာေလ "
"ဘာလို႔လဲ "
"စိတ္နာသြားၿပီဆိုၿပီး တစ္ေယာက္တည္း ဇြတ္ေတြး၊ ၿပီးေတာ့ ေခါင္းအုံးေလးကို ေဘးမွာထားၿပီး ညတိုင္းလြမ္းေနခဲ့တဲ့ ေကာင္ေလးကို အျပစ္ေပးတာ"
အနမ္း၏ သေက္တမ်ားျဖင့္ စိုလဲ့ေနေသာ သူ႕ႏႈတ္ခမ္းလႊာေတြကို လက္မနဲ႔ ဖြဖြပြတ္ဆြဲၿပီး ဒူးေအာက္ကေန ေပြ႕ခ်ီသည္။
"ဘယ္ကိုလဲ "
ေဂ်ာင္ကု ႏႈတ္ခမ္းပါးမ်ားက ေကြးတက္သြားကာ ေပြ႕ခ်ီခံထားရေသာ သူ႕ကို ရီေဝေဝနဲ႔ၾကည့္လာသည္။
"ညေနစာ စားရေအာင္"
𖧷 . 𖧷 . 𖧷
ေဆာ့ဂ်င္ အိမ္ေ႐ွ႕ဝရန္တာမွာ မွီရပ္ရင္း ေကာ္ဖီပူပူတစ္ခြက္ကို အရသာခံေသာက္ေနမိသည္။ေဆာင္းဝင္လာစအခ်ိန္မို႔ ေအးစက္စက္ ရာသီဥတုကို ေကာ္ဖီပူပူတစ္ခြက္ႏွင့္ အန္တုသည္။ေဂ်ာင္ကုကေတာ့ ေဂဟာတစ္ဖက္၊ ကုမၸဏီတစ္ဖက္ႏွင့္ ဒီရက္ပိုင္း သူတို႔ ႏွစ္ေယာက္ ေအးေအးေဆးေဆး ေတာင္စကားမေျပာအား။သူကလည္း မိုးလင္းတာနဲ႔ ဆိုင္ကိုတန္းသြားေတာ့ နံနက္စာ စားခ်ိန္ေလာက္သာ မ်က္ႏွာခ်င္းဆိုင္ျဖစ္သည္။
"ေမာင့္ ကို ေရသုတ္ေပးဦး"
တဘက္တစ္ထည္ကို ကိုင္ကာ အနားလာရပ္သူေၾကာင့္ ေဆာ့ဂ်င္ လက္ထဲက ေကာ္ဖီခြက္ကို ခဏခ်ထားလိုက္သည္။
အခုေနာက္ပိုင္း ေဂ်ာင္ကုတစ္ေယာက္ သူ႕ကိုယ္သူ 'ကိုယ္'လို႔သုံးလိုက္၊ 'ေမာင္' လို႔ေျပာလိုက္ႏွင့္ ေဆာ့ဂ်င္ကိုလည္း 'ေမာင္' လို႔ေခၚေစခ်င္သည္။ေဆာ့ဂ်င္ကလည္း တမင္ပင္ မသိဟန္ေဆာင္ကာ ေခၚေနက်အတိုင္းပဲ ေခၚသည္။
ေဂ်ာင္ကုက ခါးေပၚမွာ bathrobe တစ္ထည္ပဲ႐ွိတာမို႔ ေရသီးေရေပါက္မ်ား တြဲခိုေနေသာ အေပၚရင္အုပ္ပိုင္းက ႂကြက္သားအဖုအထစ္မ်ားႏွင့္။တအားေဖာင္းႂကြမေနေသာ္လည္း အဆီပိုမ႐ွိေနဘဲ ပခုံးကကားၿပီး ခႏၶာကိုယ္က ခါးဘက္နားထိ သြယ္႐ႈးသြားသည္။တဘတ္ပတ္ထားသည့္ပုံစံက ခါးေအာက္နည္းနည္းေလ်ာက်ေနတာမို႔ ထိုပုံစံကပင္ အလြန္ၾကည့္ေကာင္းေနသည္။
ေဆာ့ဂ်င္ ေျခဖ်ားနည္းနည္းေထာက္ၿပီး သူ႕ဆံပင္ေတြကို တဘတ္နဲ႔သုတ္ေပးလိုက္သည္။ေဂ်ာင္ကုက အၿငိမ္မေန။ခႏၶာကိုယ္ခ်င္း နီးကပ္ေအာင္ ဆြဲဖက္လိုက္ရင္း ေဆာ့ဂ်င္ရင္ဘတ္ေတြ၊ လည္ပင္းေတြကို တ႐ႈံ႕႐ႈံ႕နမ္းသည္။
"ဘာျဖစ္ေနတာလဲ။ ၿငိမ္ၿငိမ္ေနစမ္း ဂြၽန္ေဂ်ာင္ကုရဲ႕ "
လက္ေတြကလည္း အၿငိမ္မေနဘဲ ေဆာ့ဂ်င္ဝတ္ထားသည့္ ႐ွပ္အက်ီအျဖဴေလးေအာက္ကို လွ်ိဳဝင္ကာ မထိတထိ ပြတ္သပ္က်ီစယ္ေနလွ်င္ သုတ္လက္စ တဘတ္ကို ပစ္ခ်လိုက္ရင္း သူ႕ရင္ဘတ္ႀကီးကို စိတ္တိုတိုနဲ႔ တြန္းပစ္လိုက္သည္။
"ဘာျဖစ္ေနမွန္းကို မသိဘူး "
" အခု ေမာင့္ကို စိတ္တိုသြားတာလား "
ေဂ်ာင္ကုက နည္းနည္းေလးေတာင္ မ်က္ႏွာညိႇဳးႏြမ္းမသြား။ျပဳံးစစျဖင့္ ေဆာ့ဂ်င္ ခါးေနာက္ကေန သိုင္းဖက္လာကာ လည္ပင္းကို ငုံ႔နမ္းလာျပန္သည္။ၿပီးေတာ့ နား႐ြက္ဖ်ားကို တတိတိကိုက္ေနတာေၾကာင့္ ေဆာ့ဂ်င္ မေနတတ္ေတာ့။ထိုေနရာက သူ႕အားနည္းခ်က္။
"အ့...ဂြၽန္ ေဂ်ာင္ ကု.. ေတာ္ ေတာ့"
"အဲ့ဒါဆို ေမာင္ လို႔ေခၚေလ"
"မေခၚဘူး"
"အစ္ကိုက ကပ္ေစးနဲတာကြာ။ ဒါေလး ေခၚရမွာကို"
"မေခၚခ်င္ပါဘူး။ လွ်ာယားလို႔"
"အဲ့ဒါဆို လွ်ာထုတ္လိုက္။ မယားေအာင္ လုပ္ေပးမယ္"
"ရားးး ဂြၽန္ ေဂ်ာင္ ကု"
ေဂ်ာင္ကုက တကယ္နမ္းေတာ့မည့္ ပုံစံႏွင့္မ်က္ႏွာႀကီး ေ႐ွ႕တိုးလာလွ်င္ သူ႕မ်က္ႏွာကို ေဆာ့ဂ်င္က လက္နဲ႔ ပိတ္ကာထားသည္။
ေဂ်ာင္ကုက ထိုအမူအရာကို သေဘာတက်နဲ႔ တဟားဟား ေအာ္ရယ္သည္။ေဆာ့ဂ်င္ အျမင္ကပ္ကပ္နဲ႔ မ်က္ေစာင္းထိုးၾကည့္ပစ္လိုက္သည္။လူကသာ မၾကည္သည့္အၾကည့္နဲ႔ ၾကည့္လိုက္ေပမယ့္ သူ႕တစ္ကိုယ္လုံးကေတာ့ ေဂ်ာင္ကုရင္ခြင္ထဲေရာက္ေနၿပီျဖစ္သည္။
ထို ကလူက်ီစယ္ေနၾကေသာ အတြဲသည္ ညေနေစာင္းလွ်င္ ရန္ျဖစ္တမ္း ကစားၾကတာျဖစ္သည္။ၿပီးလွ်င္ မထိရမေနႏိုင္၊ မစရ,မေနႏိုင္နဲ႔ မေခၚဘဲေနႏိုင္တာလည္း မဟုတ္။
"ေမႊးလိုက္တာဗ်ာ"
ေဂ်ာင္ကုက ရင္ခြင္ထဲက ေဆာ့ဂ်င္ရဲ႕ လည္ပင္းကို ေခါင္းေစာင္းၿပီး နမ္းလိုက္၊ကိုက္လိုက္ လုပ္ေနျပန္သည္။ေဆာ့ဂ်င္ ထိုကေလးဆိုးကို ဘာမွမေျပာလိုေတာ့။
"အက်ီသြားဝတ္ဦးေလ။ အေအးပတ္ဦးမယ္"
"အင္း "
ဒီေတာ့မွ ခါးေပၚက လက္ေတြကို ဖယ္ခြာသြားၿပီး ႐ွပ္လက္႐ွည္တစ္ထည္ ယူလာသည္။
" အစ္ကို ဝတ္ေပး "
" မင္းမွာ ေျခေတြ လက္ေတြ မ႐ွိတာက်ေနတာပဲ "
ေဆာ့ဂ်င္ ပါးစပ္ကသာ တဖြဖြ ဆူေနေပမယ့္ လက္ေတြကေတာ့ ေဂ်ာင္ကုအက်ီက ၾကယ္သီးေစ့ေတြေပၚ ေရာက္သြားၿပီျဖစ္သည္။
"ကြၽန္ေတာ္႕မွာ ကုမၸဏီလည္း သြားရ၊ ေဂဟာလည္းသြားရနဲ႔ တစ္ခ်ိန္လုံး လူႀကီးလုပ္ေနရတာကို..ကိုယ့္အမ်ိဳးသားေလးနဲ႔ ေတြ႕ခ်ိန္က်မွ ဆိုးရတာပါဗ်ာ"
"တစ္ေန႔ တစ္ေန႔ အဲ့ဒီအေျပာေတြနဲ႔ပဲ ခြၽဲေန"
ကေလးေတြကို ခ်ီးက်ဴးသည့္အေနနဲ႔ ေခါင္းေလးကိုဖြဖြပုတ္ေပးသလိုမ်ိဳး ျပဳမူေနတဲ့ ေဆာ့ဂ်င္ကို ေဂ်ာင္ကုအသည္းယားစြာျဖင့္ ခါးကေနဆြဲဖက္လိုက္သည္။ထိုအခါ အ႐ွိန္လြန္ၿပီး ယိုင္သြားေသာ ေဆာ့ဂ်င္ကိုယ္က ေဂ်ာင္ကုေပါင္ေပၚ ထိုင္လ်က္ က်သြားသည္။
ထို႔ေနာက္ ႐ွပ္အက်ီေအာက္က အနည္းငယ္ ေပၚေနေသာ ေဆာ့ဂ်င္ လည္ဂုတ္သားေဖြးေဖြးကို ေဂ်ာင္ကုက တ႐ႊတ္႐ႊတ္နမ္းၿပီး ပခုံးေပၚ ေမးတင္ထားကာ ပါးခ်င္းကပ္ထားသည္။
" ေဂ်ာင္ ကု "
" ဗ်ာ "
"လက္ထပ္ လက္စြပ္ေရာ"
ေဆာ့ဂ်င္က ေဂ်ာင္ကု လက္ေခ်ာင္းေတြကို ခ်ိဳးလိုက္၊ဆိတ္လိုက္လုပ္ကာ ေဆာ့ေနရင္းမွ လစ္ဟာေနေသာ လက္သူႂကြယ္ကို ၾကည့္ကာေမးသည္။ေဆာ့ဂ်င္မွာလည္း လက္စြပ္႐ွိပါေသးသည္။အရင္တစ္ေခါက္က လႊင့္ပစ္ၿပီးမွ အသည္းအသန္ျပန္႐ွာထားတာျဖစ္သည္။
" ဟင္! "
ထိုအခိုက္တြင္ လက္သူႂကြယ္ လက္ေခ်ာင္းေပၚက တစ္စုံတစ္ခုက မီးအလင္းေရာင္ေအာက္မွာ မသဲမကြဲ႐ွိေနသည္မို႔ ေဂ်ာင္ကုလက္ေခ်ာင္းေတြကို မီးေရာင္ေအာက္ ဆြဲၾကည့္လိုက္သည္။
သူ ျမင္လိုက္ရသည္က 'J ' ဟု ေရးထိုးထားေသာ တက္တူးတစ္ခု။ထိုတက္တူးကို ၾကည့္ေနရင္းမွ သူ႕မ်က္လုံးေတြ စပ္ဖ်ဥ္းဖ်ဥ္း ျဖစ္လာသည္။ဆို႔တက္လာေသာ ရင္ထဲက ေဝဒနာကို က်ိတ္မွိတ္မ်ိဳခ်လိုက္ရင္း ေဂ်ာင္ကုရင္ဘတ္ကို တစ္ခ်က္႐ိုက္လိုက္သည္။
" အ႐ူးေကာင္! ဘာလို႔ တက္တူးေတြ ေလွ်ာက္ထိုးေနတာလဲ..မနာဘူးလား"
" မနာပါဘူး..အစ္ကို စြန္႔ပစ္ခဲ့တုန္းက အနာနဲ႔စာရင္ ဒီအနာက ဘာမွမဟုတ္ဘူး "
"မေျပာနဲ႔ "
"ဟာ...ဘာလို႔ မ်က္ရည္ေတြက်ေနတာလဲ။ ကြၽန္ေတာ္ တကယ္မနာပါဘူး အစ္ကိုရ။ခ်စ္တဲ့သူရဲ႕ နာမည္ေလးကို ကိုယ့္ခႏၶာေပၚမွာ ေရးထိုးထား ခ်င္လို႔ ။ပို ၿပီး အဓိပၸာယ္ ႐ွိသြားေအာင္ လက္ထပ္လက္စြပ္ဝတ္တဲ့ လက္သူႂကြယ္မွာ ထိုးလိုက္တာ။လက္စြပ္က ႐ွိတယ္။တက္တူး ထိုးထားလို႔ ခဏခြၽတ္သိမ္းထားတာ"
"အဲ့ဒါ ဘာအဓိပၸါယ္လဲ သိလား အစ္ကို"
"ကင္ေဆာ့ဂ်င္ ဆိုတဲ့ သူက ကိုယ့္အပိုင္ပဲလို႔ ေျပာတာ"
နား,နားကပ္ၿပီး တိုးတိုးေလး ေျပာလာေသာ ေဂ်ာင္ကုေၾကာင့္ ေဆာ့ဂ်င္ ၾကက္သီးေမႊးညင္းေလးေတြ ထသြားသည္။
"ေဂ်ာင္ကု"
"ဗ် "
"ငါ့ကို မထားခဲ့ေတာ့ဘူးမလား"
"အစ္ကိုသာ ထြက္မသြားခိုင္းနဲ႔ "
"ဟင့္အင္း...ငါမင္းကိုေရာ မင္းရဲ႕ဝိဉာဥ္ကိုေရာ တစ္ခါတည္းအပိုင္ခ်ဳပ္ထားလိုက္ၿပီ။ဘယ္ကိုမွ ထြက္သြားလို႔မရေတာ့ဘူး"
"အင္းပါ..ဒါနဲ႔ မနက္ျဖန္က်ရင္ ႐ုံးပိတ္ရက္မို႔ ဘာလုပ္ခ်င္လဲ "
ေဂ်ာင္ကုက သူ႕ႏွာေခါင္းထိပ္ေလးကို လက္ညိႇဳးႏွင့္ေထာက္ကာ ေမးေတာ့ သူကလည္း ႐ႊတ္ေနာက္ေနာက္ျပန္ေျဖသည္။
"မင္းကိုပဲ ခ်စ္ေနခ်င္တယ္"
"အား! ကိုယ့္အမ်ိဳးသားေလးက စကားတတ္လိုက္တာကြာ"
ေဂ်ာင္ကု အဆမတန္ အသည္းယားသြားကာ ေဆာ့ဂ်င္ ႏွာေခါင္းထိပ္ေလးကို ဖြဖြေလး ကိုက္လိုက္သည္။ထို႔ေနာက္ ေဖာင္းေနေသာ ပါးႏွစ္ဖက္ကိုလည္းကိုက္ခ်ပစ္လိုက္သည္။အကြင္းလိုက္အရာထင္သြားေသာ ထိုပါးေလးကို ႏႈတ္ခမ္းျဖင့္ငုံရင္း ဒူးေအာက္ကေန အထုပ္လိုက္ေပြ႕ခ်ီေတာ့ ေဆာ့ဂ်င္ကမ်က္လုံးဝိုင္းေတြနဲ႔ေမာ့ၾကည့္သည္။
"အခန္းထဲ သြားရေအာင္ "
" ဟင့္အင္း...မသြားဘူး.."
ေဆာ့ဂ်င္ အသည္းအသန္ျငင္းေနလွ်င္ ထိုႏႈတ္ခမ္းေလးေတြကို ပိတ္က်သြားေအာင္ ေဂ်ာင္ကုက ျပဳစားသည္။ထိုအခါ အျပင္းအထန္ေအာ္ဟစ္ေနေသာ အသံက တိတ္သြားသလို ႐ုန္းကန္ေနေသာ လက္ေလးေတြကလည္း ေဂ်ာင္ကု လည္ပင္းကို ဖက္တြယ္လာသည္။
ထို႔အတူ ည၏လေရာင္ေအာက္က အိမ္ကေလးသည္လည္း ထိုလူသားႏွစ္ဦး ခ်စ္ျခင္းတရားအေငြ႕အသက္မ်ားၾကားတြင္ ၿငိမ္သက္သြားသည္။
တစ္ခ်ိဳ႕ေမးခြန္းေတြက အေျဖမ႐ွိဘူး အစ္ကို။ဥပမာ ..အစ္ကို႔ကို ဘယ္ေလာက္ခ်စ္ေၾကာင္း၊ ဘာလို႔ခ်စ္ေၾကာင္း ေမးရင္ေပါ့။
အစ္ကို႔အနားကေန ဘယ္ေတာ့မွ ထြက္မသြားေၾကာင္းကိုေတာ့ ကြၽန္ေတာ္႕ႏွလုံးသားမွာ တစ္ဘဝစာအတြက္ ထိုးခဲ့တဲ့ 'ခ်စ္ျခင္းတရား' လို႔အမည္ေပးထားတဲ့ တက္တူးေလးက သက္ေသပါ။
~~~~~~~~~~ THE END ~~~~~~~~~~....
ၿပီးပါၿပီ။
1.1.2021 ကေန စခဲ့တဲ့ ဒီ fic ေလးက 6.10.2021 က်မွပဲ ၿပီးေတာ့တယ္။ဒီအေတာအတြင္း ႏိုင္ငံေရးအေျခအေနေတြေၾကာင့္ေရာ.. ကိုယ္ေရးကိုယ္တာ ကိစၥေတြေၾကာင့္ ေတာ္ေတာ္ေလးလည္း ၾကာသြားတယ္ေပါ့။
Intro ကတည္းက ဝန္ခံၿပီးခဲ့သားပါ။ဒီ fic ေလးက ႐ိုး႐ိုး႐ွင္း႐ွင္း ေပါ့ေပါ့ပါးပါးေလးပါပဲ။ထူးထူးျခားျခား ဆြဲေဆာင္မႈမ႐ွိတဲ့ ficေလးကို အစကေန အဆုံးထိလိုက္ပါ ခံစားေပးခဲ့တဲ့ စာဖတ္သူတစ္ေယာက္ခ်င္းစီကို ေက်းဇူး တင္ပါတယ္။ပင္ပန္းလာတိုင္း၊စိတ္ညစ္လာတိုင္း စာဖတ္သူတို႔ရဲ႕ feedback ေလးေတြက တကယ္ကိုအားျဖစ္ခဲ့ရပါတယ္။
silent reader ေတြလည္း ဖတ္ေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္။
Extra တစ္ပိုင္း႐ွိပါဦးမယ္..
ဒီ fic က စေရးခါစက plotသပ္သပ္တစ္ခုပါ။ၿပီးေတာ့ ေသခ်ာေပါက္ SEပါ..။ေျပာင္းလဲသြားတဲ့ကိုယ့္ႏိုင္ငံရဲ႕ အေျခအေနေတြေၾကာင့္ ဝမ္းနည္းစရာေတြ မေရးခ်င္ေတာ့လို႔ plot အသစ္တစ္ခုေျပာင္းပစ္လိုက္တာပါ။
SE လုပ္ရင္ အိမ္ လိပ္စာေမးၿပီး လာ႐ိုက္မယ့္ အစ္မႀကီးရယ္၊ ဇြပ္ ဇြပ္လုပ္မယ္ဆိုတဲ့ အစ္မႀကီးမ်ားလည္း ေက်နပ္ၾကမယ္လို႔ထင္ပါတယ္😅
Thanks for your reading & votingRiona
There are no comments yet. Log in to be the first to leave a review!

![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)



