Fanfics

~ 24 ~

11:59, 27 August 2023

Unicode_________

"အစ်ကို..ထ တော့လေဗျာ"

သူ့ နား,နားကပ်ပြီး ခပ်တိုးတိုး နှိုးနေသော အသံ။ဆက်ပြီး အိပ်ချင်နေသည့်စိတ်ကြောင့် မျက်လုံးကို ဘယ်လိုမှမဖွင့်နိုင်။

"နောက်ထပ် ၅ မိနစ်နေရင် ထတော့နော်။အစ်ကိုက လိမ္မာပါတယ်ဗျာ"

"အိပ်နေရင် တကယ့် ကလေးလေး အတိုင်းပဲ။ကျွန်တော့်ထက် ၅နှစ်ကြီးတယ်ဆိုတာ မယုံနိုင်စရာပဲ"

"ဘာဖြစ်လို့ ဒီလောက် ချောနေရတာလဲ ကင်ဆော့ဂျင်ရဲ့....ဟမ်"

အသံတွေက နီးမလိုလို ကပ်လာပြီးမှ အဝေးကြီးကို ရောက်သွားလိုက်နဲ့။ထိ​ုအသံလာရာနောက်သို့ မှိတ်ထားသည့် မျက်ခံွအောက်က မျက်ဆံတွေက လိုက်ရွေ့လျားသွားသည်။

"မထရင် ကျွန်တော် ကိုကို့ကို နမ်းတော့မှာနော်"

သူ့ မျက်လုံးတွေကို ဖွင့်ကြည့်လိုက်တော့ ပြုံးရယ်နေသော မျက်နှာတစ်ခု။အလယ်ခွဲမကျတကျ ခွဲထားကာ နားရွက်အောက်ထိ ရှည်ချင်နေသော ဆံပင်။မျက်လုံးဝိုင်းတွေက ကြင်နာရိပ်သန်းနေကာ ညှို့ဓာတ်တစ်မျိုးနှင့် အုပ်မိုးပြီး တစိမ့်စိမ့် ကြည့်နေပုံက မြတ်နိုးမှုအပြည့်ဖြင့်။

"ဂေျာင် ကု"

သူ့နှုတ်ခမ်းတွေ တဆတ်ဆတ်တုန်သွားသည်။မမြင်ရ မတွေ့ရတာကြာပြီဖြစ်သော ထိုမျက်နှာလေးကို ထိကြည့်ဖို့ သူ့လက်တွေကို ဖြည်းဖြည်းချင်း လှမ်းလိုက်သည်။သို့သော် သူ့လက်ချောင်းများက လိုရာသို့မရောက်လိုက်။

ငုံ့မိုးကြည့်နေသော ထိုမျက်နှာက တစ်စ,တစ်စ အငွေ့ပျံ ပျောက်ကွယ်သွားသည်။ထင်ရှားလာသော မျက်နှာကျက် အဖြူရောင်သည်သာ သူ့မြင်ကွင်းထဲ တဝဲလည်လည်နှင့်။

"ဟင်း!"

ဆော့ဂျင် အသိဝင်သွားသူပမာ ထ,ထိုင်လိုက်သည်။နောက်ကျိနေသော ခေါင်းကို လက်နှစ်ဖက်ဖြင့် နှိပ်လိုက်ရင်း မျက်လုံးတွေကိုမှိတ်ထားလိုက်သည်။

"ဘာလို့ ကယောင်ကတမ်းတွေ မြင်ယောင်နေရတာလဲ ကင်ဆော့ဂျင်ရဲ့ ..သတိထားစမ်း"

အိပ်ယာပေါ်က လူးလဲထရင်း မျက်နှာသစ်၊သွားတိုက်၊ ကိုယ်လက်သန့်စင်ပြီး မီးဖိုခန်းထဲ ဝင်ကာ နံနက်စာအတွက် ပြင်ဆင်ရသည်။တစ်စုံတစ်ယောက်ရှိစဥ်က အဆင်သင့်ပြင်ပြီးသား နံနက်စာက အရသာထူးထူးခြားခြား ကောင်းမွန်မနေသည့်တိုင် သူနှစ်ခြိုက်ခဲ့ပါသည်။

နားရွက်အောက်ထိ ရောက်​တဲ့ဆံပင်ကို မရမကစုစည်းပြီး Apron ကြီးတကားကားနဲ့ နံနက်စာချက်ပြုတ်လေ့ရှိတဲ့ ကောင်လေး။ပြင်ဆင်ပြီးတိုင်း သူ့ကိုပဲအရင်ဦးဆုံး မြည်းစမ်းကြည့်စေပြီး ချီးကျူးခံချင်တဲ့ ေကာင်လေး။'မင်း ချက်တဲ့ဟင်းက အရသာရှိလိုက်တာ' လို့ တစ်ခွန်းလောက်ချီးကျူးလိုက်ရင် ဝိုင်းဝိုင်းစက်စက် မျက်လုံးလေးတွေက အရည်လဲ့လာတဲ့အထိ ကြည်နူးတတ်တဲ့ ကောင်လေး။

အခုတော့လည်း အရာအားလုံးက အိမ်မက်တွေလိုပါပဲလေ။

ပြီးဆုံးသွားခဲ့ပြီ။

"ဟင်း! "

ခေါင်းကို တွင်တွင်ခါထုတ်လိုက်ရင်း သူ့အတွေးတို့ကို အဆုံးသတ်လိုက်သည်။အငွေ့သေနေသော ကော်ဖီကို တစ်ကျိုက် သောက်ကြည့်တော့ အရသာမဲ့နေသလိုပင်။ထိုကောင်လေး မရှိတော့တဲ့ နောက်ပိုင်း သူအရင်လိုမျိုး အစားအသောက်ကိုလည်း ကောင်းကောင်းမွန်မွန် ချက်မစားဖြစ်တော့။အရသာကို ထူးထူးကဲကဲခံစားမနေတော့ဘဲ ဗိုက်ပြည့်ရင် ပြီးရော ဆိုတဲ့ သဘောနဲ့ စားဖြစ်လိုက်တာက ပိုများသည်။

နံရံတွင် ချိတ်ထားသော ပြက္ခဒိန်ကို လှမ်းကြည့်လိုက်တော့ ရက်စွဲတစ်ခုက သူ့ကိုလှောင်ပြောင်နေသလိုပင်။

ဒီနေ့ သူတို့နှစ်ယောက် လက်ထပ်တာ တစ်နှစ်တင်းတင်း ပြည့်တဲ့နေ့။

လက်သူကြွယ်မှာ ဝတ်ထားဆဲဖြစ်သော လက်ထပ်လက်စွပ်ကလေးကို ငုံ့ကြည့်ရင်း သူ့နှုတ်ခမ်းတွေ ပြုံးသွားသည်။ကြည်နူးလို့ မဟုတ်ဘဲ နာနာကျင်ကျင် ပြုံးလိုက်သည့် အပြုံး။ အဓိပ္ပာယ် မဲ့နေသော ထိုလက်စွပ်ကွင်းလေးသည် သူ့လက်ချောင်းပေါ်တွင် ရှိဖို့မလိုတော့ပြီမို့ ဖြည်းဖြည်းချင်း ချွတ်လိုက်သည်။

ကတိသစ္စာပေါင်း မြောက်များစွာဖြင့် တစ်စုံ တစ်ယောက်က မြတ်မြတ်နိုးနိုး ဝတ်ဆင်ပေးခဲ့ဖူးသော အထိမ်းအမှတ် သကေ်တလေး။

မလိုအပ်တော့ဘူး မဟုတ်လား။မရှိသင့်တော့ဘူး။

လက်သီးဆုပ်ထဲ ပါလာသော ထိုပစ္စည်းလေးကို ပြတင်းပေါက် အပြင်ဘက်သို့ အားနှင့် သူလွှင့်ပစ်ဖို့ရွယ်လိုက်သည်။သူ့လက်တွေက ထူးထူးဆန်းဆန်း တုံ့ဆိုင်းနေသည်။လက်ဝါးဖြန့်ပစ်ဖို့အရေး ဝမ်းနည်းသလိုလို၊ နှမြောသလိုလိုနဲ့။

လူတစ်ယောက်လုံးကိုတောင် ဆုံးရှုံးခံနိုင်ပြီးမှ ဒီလက်စွပ်လေးတစ်ကွင်းကို မစွန့်ပစ်ရက်စရာ အကြောင်းရှိပါ့မလား ကင်ဆော့ဂျင်ရဲ့။

လွှင့်ပစ်လိုက်...အဝေးဆုံးနေရာကို လွှင့်ပစ်လိုက်။

တိကျပြတ်သားသော ဆုံးဖြတ်ချက်က သူ့ကိုယ်သူ အထပ်ထပ်အခါခါ သတိပေးနေသလိုပင်။

သူ့လက်တွေ မြောက်တက်သွားသည်။သူတို့နှစ်ယောက် ပတ်သက်ခဲ့ဖူးသည့် ထိုသကေ်တလေးသည် ပြတင်းပေါက် အပြင်ဘက်သို့ ရိပ်ကနဲ လွင့်ထွက်သွား၏။

𖧷 . 𖧷 . 𖧷

တစ်နှစ်အတွင်း သိသိသာသာ ရောင်းအောင်ကောင်းလာသော သူ့ဆိုင်လေးကို နေရာချဲ့လိုက်သလို ထပ်တိုးခေါ်လိုက်ရသော ဝန်ထမ်း ၅ ယောက် လောက်နဲ့တောင် လည်လည်ပတ်ပတ် မရှိသေး။ဆော့ဂျင်ကိုယ်တိုင်လည်း menu အသစ်ပေါင်း မြောက်များစွာ ကြားထဲတွင် အမြဲတမ်းလက်နှင့် အလုပ် မပြတ်နိုင်အောင်ရှိသည်။

"ဆော့ဂျင်"

ကောင်တာရှေ့ တည့်တည့်ကိုလာရပ်သော ယွန်းဂီကြောင့် သူလက်အိတ်ကို ချွတ်ရင်း ဆိုင်ထောင့်တစ်နေရာက လစ်လပ်နေသော စားပွဲဝိုင်းတွင် ထိုင်လိုက်သည်။

"မလာတာတောင် ကြာပြီ ယွန်းဂီ"

အရင်လို နှစ်ယောက်သား မျက်နှာချင်းဆိုင်တာနဲ့ စလိုက်, နောက်လိုက် မလုပ်ဖြစ်တာတောင် ကြာပြီဖြစ်သည်။အတိအကျဆိုရလျှင် ဂျောင်ကုထွက်သွားပြီးသည့်နောက် ကတည်းက ဟက်ဟက်ပက်ပက် မရယ်ဖြစ်တော့။တိတ်ဆိတ်အေးစက်သွားသော သူ့ဘဝတွင် ရယ်မောသံများ၊ စိတ်လိုလက်ရ ပြုံးတတ်သော အပြုံးများသည်လည်း သူနှင့် လားလားမှ မသက်ဆိုင်တော့ သလိုမျိုး။

ယွန်းဂီလည်း ထိုနည်းတူပါပင်။ဆော့ဂျင်ရှေ့တွင် ဂျောင်ကုအကြောင်း တစ်ခွန်း တစ်ပါဒမျှ မပြောမိအောင် ထိန်းသည်။ဆိုင်ကို မလာဖြစ်ရင်တောင် နှစ်ရက်တစ်ခါလောက် ဖုန်းအမြဲဆက်ပြီး သာကြောင်း,မာကြောင်း ေမးလေ့ရှိသည်။

"ငါ..ဂျီမင်းနဲ့ လက်ထပ်တော့မယ်"

မျှော်လင့်ထားပြီးသား စကားမို့ ဆော့ဂျင်အတွက် ထူးဆန်းမနေ။ဝမ်းသာစရာ သတင်းပါပဲ။သို့သော်လည်း ယွန်းဂီဆက်ပြောလာသောနောက်ဆက်တွဲစကားကတော့ သူ့ကို ဆွေးဆွေးမြေ့မြေ့ဖြစ်သွားစေသည်။

"မင်း ကြားချင်မှာ မဟုတ်ပေမယ့် ငါပြောရဦးမယ်။ငါ့စေ့စပ်ပွဲတုန်းက မင်းတို့နှစ်ယောက် လမ်းခွဲလိုက်တာမို့လို့ မင်းတစ်ယောက်တည်းပဲ လာဖြစ်ခဲ့တယ်လေ။အခု ငါနဲ့ဘေဘီ့ရဲ့ လက်ထပ်ပွဲကိုတော့ မင်းတို့နှစ်ယောက်ကို အတူလာစေချင်တယ်ကွာ"

"ငါ အခု လက်ထပ်ရတော့မှာမို့ ပျော်နေပေမယ့် မပြည့်စုံသလို ခံစားရတယ် ဆော့ဂျင်။မင်းတို့နှစ်ယောက်သာ ပြန်အဆင်ပြေသွားရင် ကောင်းလိုက်မှာ "

ယွန်းဂီပုံစံက စ,နောက်ပြီး ပြောနေဟန်မတူ။တကယ်ပင် ခံစားနေရဟန်ဖြင့် သက်ပြင်းတစ်ချက်ချသည်။ထို့နောက် ဆော့ဂျင်မျက်လုံးတွေကို တည့်တည့်စိုက်ကြည့်ကာ အလေးအနက်မေးလာသည်။

"သူ မရှိတော့ မင်းတကယ်ပျော်ရဲ့လား ဆော့ဂျင် "

ထိုစကားတစ်ခွန်းက သူ့နှလုံးသားကို ဖျစ်ညှစ်ခြေပစ်လိုက်သည့်နှယ်။ရုတ်တရက် ရီဝေသွားသော မျက်လုံးများက ချက်ချင်း အရောင်ပြောင်းသွားပြီးရယ်သံနှောကာ ဖြေသည်။

"ပေျာ်တာပေါ့။ သူမရှိလည်း ငါ့ဘဝက ဘာထူးခြားသွားမှာမို့လို့လဲ။ အရင်တုန်းကလည်း ငါတစ်ယောက်တည်းပဲ။ အခုလည်း တစ်ယောက်တည်းပဲ​။ ငါ့ဘဝထဲကို သူခဏ ဝင်လာတယ်။ အခုပြန်ထွက်သွားတယ်။ဒါပါပဲ.."

ယွန်းဂီက ဆော့ဂျင်ထံမှ မျက်လုံးအကြည့်တွေကို မဖယ်သေး။မျက်နှာရိပ်မျက်နှာကဲ ဖမ်းသလိုမျိုး တစိုက်မတ်မတ် ကြည့်နေဆဲပင်။

"မင်း နှလုံးသားကရော အကောင်းအတိုင်း ကျန်ခဲ့လို့လား"

ထိုမေးခွန်းကိုတော့ သူရုတ်တရက်မဖြေနိုင်။အဖြေစကားက လည်ချောင်းဝတွင်ပင် တစ်ဆို့နေသည်။

"ငါ... "

" သူ့အဖေလည်း ထောင်ကျသွားပြီပဲကွာ။ ပြီးတော့ဂျောင်ကုက ဒီကိစ္စတွေနဲ့ဘာမှမသက်ဆိုင်တာ။ အဲ့ဒီလူရဲ့ သားအဖြစ်မွေးဖွားလာတဲ့ ကံကြမ္မာကို သူရွေးချယ်လို့မှမရတာပဲလေ "

"သိလား ဆော့ဂျင်။ ဂျောင်ကုက မင်းကိုချစ်တတ်ပြီးတဲ့ နောက်ပိုင်း အရာရာပြောင်းလဲလာတာ။အရင်က ဂျစ်တစ်တစ်ကလေး..ရန်ဖြစ်ဖို့လည်း ဝန်မလေးဘူး။မိတဆိုးလေးမို့ မိခင်ရဲ့ မေတ္တာကိုလည်း အပြည့်အဝမရ၊ ဖအေကလည်း သူ့မျက်စိရှေ့မှာတင် ကိုယ်ကျင့်သိက္ခာမကောင်းတော့ အားလုံးကို အရွဲ့တိုက်နေတာ။ မင်းနဲ့တွေ့ပြီးနောက်ပိုင်းမှ အဲ့ဒီကောင်လေး အချိုးတွေပြောင်းသွားတာ။ မင်း မျက်နှာကိုကြည့်ပြီး နေလာတဲ့ ကောင်ပါကွာ။ အခုလမ်းခွဲတာတောင် မင်းစကားတစ်ခွန်းပဲ.. မင်းကို ဂျောင်ကုက အတော်ချစ်တာ"

" အချစ်စစ် ဆိုတာ တကယ်ရှိပါတယ် ဆော့ဂျင်ရာ။ မင်းတို့နှစ်ယောက် ပြန်ဆုံပါစေကွာ"

သူ အတော်ကြာ ငိုင်မိသွားသည်။ယွန်းဂီစကားတွေက သူ့နှလုံးသားကို ခပ်ပြင်းပြင်းရိုက်ချလိုက်သည့်နှယ်။ဆန့်ကျင်ဘက်စကားတွေ ပြောချင်ပေမယ့် နှုတ်က အာစေးထည့်ထားသလို တုံ့ဆိုင်းနေသည်။

တိတ်ဆိတ်သွားသော သူတို့နှစ်ယောက်၏ စကားဝိုင်းအဆုံးတွင် ဆော့ဂျင် ကိုယ့်ကိုယ်ကို မေးခွန်းပြန်ထုတ်မိသည်။

ဂျောင်ကုကို သူ တကယ်မုန်းနိုင်ရဲ့လား။

𖧷 . 𖧷 .𖧷

အိမ်ကလေးထဲ သူဝင်လိုက်တာနဲ့ မှောင်မဲနေသည်။အခန်းမီး မဖွင့်သေးဘဲ နံရံကိုမှီရင်း တစ်နေကုန်ပင်ပန်းထားသမျှ ခြေပစ်လက်ပစ် ထိုင်ချမိသွားသည်။

တိတ်ဆိတ်မဲမှောင်နေသော အခန်း။အရင်လို စကားပြောသံ ရယ်သံတွေက တခြား ကမ္ဘာကို လွင့်စင်သွားသလို ခြောက်သွေ့အက်ကွဲနေသည်။

သူပြန်ရောက်တာနဲ့ အရင်လိုစကားတွတ်ထိုးပြီး ပြောနေမယ့် ကောင်လေးလည်း မရှိ။အခန်းနံရံက နာရီလက်တံရွေ့လျားသံ တချောက်ချောက်ကသာ သူ့အတွက် အဖော်ပြုစရာ တစ်ခုတည်းသော အသံ။

"မင်း နေနိုင်လိုက်တာ"

ဟက်ကနဲ တစ်ချက်ရယ်ရင်း သူနာကျင်စွာ တီးတိုးရွတ်ဆိုမိသွားသည်။

မျက်လုံးဝိုင်းဝိုင်းနဲ့ ကောင်လေးက ရင်ခုန်တတ်အောင် သင်ပေးသွားခဲ့တယ်။အထီးကျန်နေတဲ့ ဘဝထဲကို ဇွတ်တရွတ် ဝင်လာခဲ့တယ်။ပြီးတော့ အပြီးအပိုင် ထွက်သွားခဲ့တယ်။

စောင့်မနေဘူးလို့ သူ့ကိုမပြောခဲ့ပေမယ့် သူမသိအောင် တိတ်တိတ်လေးစောင့်နေတုန်းပဲ။ပွင့်လာဖို့ မသေချာတဲ့ တံခါးချပ်တွေကို ကိုယ်တိုင်လက်နဲ့ဖွင့်ပေးဖို့ မာနတရားက ခွင့်မပြုပြန်ဘူး။

ဘယ်တော့မှ ပြန်လာမှာ မဟုတ်မှန်း သိပေမယ့် မင်းကို ငါ စောင့်နေတယ် ဂျောင်ကုရယ်။

လေးကန်သော ခြေလှမ်းများဖြင့် အခန်းထဲသို့ ဖြည်းဖြည်းချင်း သူလျှောက်သွားမိသည်။အခန်းမီးလေးကို ဖွင့်လိုက်တော့ အပြာရောင်မီးအလင်းရောင်က အခန်းထဲမှာ မှုန်ပျပျ။လစ်လပ်နေသော အိပ်ရာပေါ်က ေခါင်းအုံးလေးက ပိုင်ရှင်မဲ့စွာဖြင့် ပုံစံမပျက်ရှိနေဆဲပင်။

အိပ်မပျော်သော ညများကို အိပ်ဆေးအကူအညီဖြင့် ဖြတ်ကျော်ရင်း ဒီညလည်း အိမ်ရှေ့က ဆိုင်ကယ်စက်သံလိုလို အသံမျိုးမကြားမိပါစေနှင့်ဟု သူဆုတောင်းမိသည်။

ငါ မင်းကို အရမ်းလွမ်းတယ်...။

𖧷 . 𖧷. 𖧷

ဆောင်းဦးကိုတောင် ရောက်လာခဲ့ပြီ။

တဖွဲဖွဲကျနေသော နှင်းများကို လက်နှင့်ခံယူဆော့ကစားရင်း ကားမှတ်တိုင်တွင် ဆော့ဂျင် ရပ်ပြီး စောင့်နေမိသည်။ရာသီဥတု အေးလာပြီမို့ လူတိုင်းကိုယ်စီတွင် အနွေးထည်များ၊မာဖလာများနှင့်။အကျီအနွေးထည်အိတ်ထဲ လက်နှစ်ဖက်ထိုးထည့်လိုက်ရင်း ပါးစပ်ထဲက အငွေ့တစ်သီတစ်တန်းကြီးကို သူမှုတ်ထုတ်လိုက်သည်။

မကြာခင် bus တစ်စီး ရောက်လာသည်။ကားပေါ်တက် နေရာယူလိုက်တော့ နောက်ဆုံးခုံတစ်လုံးပဲ အလွတ်ရှိသည်။ကိစ္စမရှိ။သူ့အတွက်ကတော့ ပြတင်းပေါက်အပြင်ဘက်ကို ငေးရင်း စီးရရင်ပြီးရော။

သူ ထိုင်ချမည်အပြုတွင် ရှေ့တစ်ခုံကျော်က လူရိပ်တစ်ခု ကြောင့် ဒိတ်ကနဲ ရင်ခုန်သွားသည်။

သူ့လိုပင် ပြတင်းပေါက်ကို မှီထားသည်။ဘေးတစ်စောင်း မြင်နေရသော မျက်နှာက သူ့ရင်ခုန်သံတွေက နှစ်ဆမြန်သွားစေသည်။

နဖူးပြင်ပေါ် အပြောင်လှန်တင်ထားသော ဆံပင်က အကုန်မဟုတ်ဘဲ ဟိုတစ်စ ဒီတစ်စ ကျနေသည်။နှာတံပေါ်ပေါ်သည် အဖျားတွင် အနည်းငယ်လုံးသွားပြီး တင်းတင်းစေ့ထားသော နှုတ်ခမ်းပါးများအပေါ်တွင် အဆုံးသတ်သည်။မေးရိုးထင်းထင်းများက ကြံခိုင်သော လည်ပင်းအစပ်တွင် ထင်းနေသည်။

လည်ပင်းထိ စေ့ပိတ်ထားသော ဆွယ်တာအနက်ရောင်ပေါ်တွင် သားရေဂျာကင်အနက်ရောင်ကို ထပ်ဝတ်ထားသော်လည်း ရင်အုပ်ကျယ်တွေကိုတော့ မဖုံးဖိနိုင်။ထိုသူက မှန်ပြတင်းကို ဖြတ်ကာ အပြင်ဘက်ကိုငေးနေသည်။

ဆော့ဂျင် ကြည့်နေတုန်းမှာပင် ကားက လမ်းခုလတ်မှတ်တိုင်တစ်ခုတွင် ရပ်သွားသည်။ကားရပ်သည်နှင့် တစ်ပြိုင်နက် ထိုသူက ဘယ်သူ့ကိုမှမကြည့်။ခေါင်းကို အောက်ငုံ့ကာ ခြေလှမ်းခပ်မှန်မှန်ဖြင့် ဆင်းသွားသည်။

သူ ဘာကိုမှမစဥ်းစားနိုင်တော့။ထိုကောင်လေးနောက်ကို ထပ်ကြပ်မကွာ လိုက်လျှောက်သွားမိသည်။

လူသွားလူလာ အတန်ငယ်ပြတ်နေသော လမ်းမထက်တွင် ဆော့ဂျင်နှင့်ထိုကောင်လေး နှစ်ယောက်တည်းရယ်။

နှင်းတွေကလည်း အဆက်မပြတ် ကျနေတုန်းပင်။လေတစ်ချက်အဝှေ့တွင် အအေးဓာတ်ကို ပိုပြင်းထန်သွားကာ သူ့နှာခေါင်းထိပ်လေးတွေ ရဲနေသည်။

ဖြူဖွေးနေသော လမ်းမထက်က နှင်းများပေါ်တွင် ထိုကောင်လေး ခြေလှမ်းသည့်အတိုင်း ခြေရာများက ထင်နေသည်။ဆော့ဂျင်က ထိုခြေရာများအတိုင်း လှမ်းနေမိသည်။တခြားတစ်စုံတစ်ယောက်သာ မြင်လျှင် ဆော့ဂျင်ပုံစံက လမ်းလျှောက်တာနဲ့မတူဘဲ ခြေရာချင်းထပ်ပြီး ဆော့နေပုံနှင့်တူသည်။

ခဏကြာတော့ ရှေ့ကကောင်လေးက ရိပ်မိသွားဟန်တူသည်။လျှောက်နေသော ခြေလှမ်းများ ရပ်သွားသည်။

"ဂေျာင် ကု "

ဆော့ဂျင် ခပ်တိုးတိုး ခေါ်မိသည်။သည်တစ်ခါတော့တုန်ယင်နေသော အသံကို သူမထိန်းလိုက်နိုင်အောင် ညံ့ဖျင်းသွားသည်။

သူ့ ရင်တွေ တဒိတ်ဒိတ်ခုန်နေသည်။ဂျောင်ကု ပြုမူလာမည့် တုံ့ပြန်မှုတစ်စုံတစ်ရာကို မျှော်လင့်တကြီးစောင့်နေမိသည်။

မင်းရော ငါ့ကို မမေ့သေးဘူးမဟုတ်လား ဂျောင်ကု။

ထိုအခိုက်အတန့်သည် သူထင်သလိုမဟုတ်။နွေးထွေးမည်ဟု ထင်ခဲ့သော ကောင်လေး၏ မျက်ဝန်းများသည် တဖွဲဖွဲကျနေသည့် နှင်းများနှင့်အပြိုင်ပင်။ခပ်တင်းတင်း စေ့ပိတ်ထားသော နှုတ်ခမ်းလွှာများက အတန်ကြာတော့မှ အက်ရှရှအသံဖြင့် အေးစက်စွာဆိုလာသည်။

" ကင် ဆော့ ဂျင် "

~~~~~~~~~~~~ // ~~~~~~~~~~

.ပြီးပါပြီ

နောက်တစ်ပိုင်းဆို 🥺

ဒီ fic လေးရဲ့ ဒီအခန်းလေးကို စဥ်းစားတုန်းက သီချင်းလေးတစ်ပုဒ်ကြောင့်ပါ။

တစ်ချို့ကကျတော့ (ကိုယ်အပါအဝင်) ကိုယ့်စိတ်ကူးလေးနဲ့ ကိုယ့်ဘာသာပုံဖော်ပြီး လိုက်ဖက်တဲ့သီချင်းလေးနဲ့တဲ​ွပြီး စိတ်ကူးပုံဖော်ကြတတ်တယ်လေ။အဲ့ဒါကြောင့် ကိုယ်ပြောတဲ့ သီချင်းနဲ့ ခံစားချက်ချင်းမတူဘဲ ficအရသာပျက်မှာစိုးရင် နားမထောင်ဖို့အကြံပေးချင်ပါတယ်။

ကိုယ်တော့ ဒီfic ရေးခါနီးတိုင်း အထူးသဖြင့် ဒီအပိုင်းကိုရေးတော့ အထပ်ထပ်နားထောင်ဖြစ်တဲ့သီချင်းလေး။

အပေါ်က media မှာ တင်ပေးထားတယ်နော်။

Thanks for your reading & votingRiona

....

Zawgyi_______

"အစ္ကို..ထ ေတာ့ေလဗ်ာ"

သူ႕ နား,နားကပ္ၿပီး ခပ္တိုးတိုး ႏိႈးေနေသာ အသံ။ဆက္ၿပီး အိပ္ခ်င္ေနသည့္စိတ္ေၾကာင့္ မ်က္လုံးကို ဘယ္လိုမွမဖြင့္ႏိုင္။

"ေနာက္ထပ္ ၅ မိနစ္ေနရင္ ထေတာ့ေနာ္။အစ္ကိုက လိမၼာပါတယ္ဗ်ာ"

"အိပ္ေနရင္ တကယ့္ ကေလးေလး အတိုင္းပဲ။ကြၽန္ေတာ္႕ထက္ ၅ႏွစ္ႀကီးတယ္ဆိုတာ မယုံႏိုင္စရာပဲ"

"ဘာျဖစ္လို႔ ဒီေလာက္ ေခ်ာေနရတာလဲ ကင္ေဆာ့ဂ်င္ရဲ႕....ဟမ္"

အသံေတြက နီးမလိုလို ကပ္လာၿပီးမွ အေဝးႀကီးကို ေရာက္သြားလိုက္နဲ႔။ထိ​ုအသံလာရာေနာက္သို႔ မွိတ္ထားသည့္ မ်က္ခံြေအာက္က မ်က္ဆံေတြက လိုက္ေ႐ြ႕လ်ားသြားသည္။

"မထရင္ ကြၽန္ေတာ္ ကိုကို႔ကို နမ္းေတာ့မွာေနာ္"

သူ႕ မ်က္လုံးေတြကို ဖြင့္ၾကည့္လိုက္ေတာ့ ျပဳံးရယ္ေနေသာ မ်က္ႏွာတစ္ခု။အလယ္ခြဲမက်တက် ခြဲထားကာ နား႐ြက္ေအာက္ထိ ႐ွည္ခ်င္ေနေသာ ဆံပင္။မ်က္လုံးဝိုင္းေတြက ၾကင္နာရိပ္သန္းေနကာ ညိႇဳ႕ဓာတ္တစ္မ်ိဳးႏွင့္ အုပ္မိုးၿပီး တစိမ့္စိမ့္ ၾကည့္ေနပုံက ျမတ္ႏိုးမႈအျပည့္ျဖင့္။

"ေဂ်ာင္ ကု"

သူ႕ႏႈတ္ခမ္းေတြ တဆတ္ဆတ္တုန္သြားသည္။မျမင္ရ မေတြ႕ရတာၾကာၿပီျဖစ္ေသာ ထိုမ်က္ႏွာေလးကို ထိၾကည့္ဖို႔ သူ႕လက္ေတြကို ျဖည္းျဖည္းခ်င္း လွမ္းလိုက္သည္။သို႔ေသာ္ သူ႕လက္ေခ်ာင္းမ်ားက လိုရာသို႔မေရာက္လိုက္။

ငုံ႔မိုးၾကည့္ေနေသာ ထိုမ်က္ႏွာက တစ္စ,တစ္စ အေငြ႕ပ်ံ ေပ်ာက္ကြယ္သြားသည္။ထင္႐ွားလာေသာ မ်က္ႏွာက်က္ အျဖဴေရာင္သည္သာ သူ႕ျမင္ကြင္းထဲ တဝဲလည္လည္ႏွင့္။

"ဟင္း!"

ေဆာ့ဂ်င္ အသိဝင္သြားသူပမာ ထ,ထိုင္လိုက္သည္။ေနာက္က်ိေနေသာ ေခါင္းကို လက္ႏွစ္ဖက္ျဖင့္ ႏွိပ္လိုက္ရင္း မ်က္လုံးေတြကိုမွိတ္ထားလိုက္သည္။

"ဘာလို႔ ကေယာင္ကတမ္းေတြ ျမင္ေယာင္ေနရတာလဲ ကင္ေဆာ့ဂ်င္ရဲ႕ ..သတိထားစမ္း"

အိပ္ယာေပၚက လူးလဲထရင္း မ်က္ႏွာသစ္၊သြားတိုက္၊ ကိုယ္လက္သန္႔စင္ၿပီး မီးဖိုခန္းထဲ ဝင္ကာ နံနက္စာအတြက္ ျပင္ဆင္ရသည္။တစ္စုံတစ္ေယာက္႐ွိစဥ္က အဆင္သင့္ျပင္ၿပီးသား နံနက္စာက အရသာထူးထူးျခားျခား ေကာင္းမြန္မေနသည့္တိုင္ သူႏွစ္ၿခိဳက္ခဲ့ပါသည္။

နား႐ြက္ေအာက္ထိ ေရာက္​တဲ့ဆံပင္ကို မရမကစုစည္းၿပီး Apron ႀကီးတကားကားနဲ႔ နံနက္စာခ်က္ျပဳတ္ေလ့႐ွိတဲ့ ေကာင္ေလး။ျပင္ဆင္ၿပီးတိုင္း သူ႕ကိုပဲအရင္ဦးဆုံး ျမည္းစမ္းၾကည့္ေစၿပီး ခ်ီးက်ဴးခံခ်င္တဲ့ ေကာင္ေလး။'မင္း ခ်က္တဲ့ဟင္းက အရသာ႐ွိလိုက္တာ' လို႔ တစ္ခြန္းေလာက္ခ်ီးက်ဴးလိုက္ရင္ ဝိုင္းဝိုင္းစက္စက္ မ်က္လုံးေလးေတြက အရည္လဲ့လာတဲ့အထိ ၾကည္ႏူးတတ္တဲ့ ေကာင္ေလး။

အခုေတာ့လည္း အရာအားလုံးက အိမ္မက္ေတြလိုပါပဲေလ။

ၿပီးဆုံးသြားခဲ့ၿပီ။

"ဟင္း! "

ေခါင္းကို တြင္တြင္ခါထုတ္လိုက္ရင္း သူ႕အေတြးတို႔ကို အဆုံးသတ္လိုက္သည္။အေငြ႕ေသေနေသာ ေကာ္ဖီကို တစ္က်ိဳက္ ေသာက္ၾကည့္ေတာ့ အရသာမဲ့ေနသလိုပင္။ထိုေကာင္ေလး မ႐ွိေတာ့တဲ့ ေနာက္ပိုင္း သူအရင္လိုမ်ိဳး အစားအေသာက္ကိုလည္း ေကာင္းေကာင္းမြန္မြန္ ခ်က္မစားျဖစ္ေတာ့။အရသာကို ထူးထူးကဲကဲခံစားမေနေတာ့ဘဲ ဗိုက္ျပည့္ရင္ ၿပီးေရာ ဆိုတဲ့ သေဘာနဲ႔ စားျဖစ္လိုက္တာက ပိုမ်ားသည္။

နံရံတြင္ ခ်ိတ္ထားေသာ ျပကၡဒိန္ကို လွမ္းၾကည့္လိုက္ေတာ့ ရက္စြဲတစ္ခုက သူ႕ကိုေလွာင္ေျပာင္ေနသလိုပင္။

ဒီေန႔ သူတို႔ႏွစ္ေယာက္ လက္ထပ္တာ တစ္ႏွစ္တင္းတင္း ျပည့္တဲ့ေန႔။

လက္သူႂကြယ္မွာ ဝတ္ထားဆဲျဖစ္ေသာ လက္ထပ္လက္စြပ္ကေလးကို ငုံ႔ၾကည့္ရင္း သူ႕ႏႈတ္ခမ္းေတြ ျပဳံးသြားသည္။ၾကည္ႏူးလို႔ မဟုတ္ဘဲ နာနာက်င္က်င္ ျပဳံးလိုက္သည့္ အျပဳံး။ အဓိပၸာယ္ မဲ့ေနေသာ ထိုလက္စြပ္ကြင္းေလးသည္ သူ႕လက္ေခ်ာင္းေပၚတြင္ ႐ွိဖို႔မလိုေတာ့ၿပီမို႔ ျဖည္းျဖည္းခ်င္း ခြၽတ္လိုက္သည္။

ကတိသစၥာေပါင္း ေျမာက္မ်ားစြာျဖင့္ တစ္စုံ တစ္ေယာက္က ျမတ္ျမတ္ႏိုးႏိုး ဝတ္ဆင္ေပးခဲ့ဖူးေသာ အထိမ္းအမွတ္ သေက္တေလး။

မလိုအပ္ေတာ့ဘူး မဟုတ္လား။မ႐ွိသင့္ေတာ့ဘူး။

လက္သီးဆုပ္ထဲ ပါလာေသာ ထိုပစၥည္းေလးကို ျပတင္းေပါက္ အျပင္ဘက္သို႔ အားႏွင့္ သူလႊင့္ပစ္ဖို႔႐ြယ္လိုက္သည္။သူ႕လက္ေတြက ထူးထူးဆန္းဆန္း တုံ႔ဆိုင္းေနသည္။လက္ဝါးျဖန္႔ပစ္ဖို႔အေရး ဝမ္းနည္းသလိုလို၊ ႏွေျမာသလိုလိုနဲ႔။

လူတစ္ေယာက္လုံးကိုေတာင္ ဆုံး႐ႈံးခံႏိုင္ၿပီးမွ ဒီလက္စြပ္ေလးတစ္ကြင္းကို မစြန္႔ပစ္ရက္စရာ အေၾကာင္း႐ွိပါ့မလား ကင္ေဆာ့ဂ်င္ရဲ႕။

လႊင့္ပစ္လိုက္...အေဝးဆုံးေနရာကို လႊင့္ပစ္လိုက္။

တိက်ျပတ္သားေသာ ဆုံးျဖတ္ခ်က္က သူ႕ကိုယ္သူ အထပ္ထပ္အခါခါ သတိေပးေနသလိုပင္။

သူ႕လက္ေတြ ေျမာက္တက္သြားသည္။သူတို႔ႏွစ္ေယာက္ ပတ္သက္ခဲ့ဖူးသည့္ ထိုသေက္တေလးသည္ ျပတင္းေပါက္ အျပင္ဘက္သို႔ ရိပ္ကနဲ လြင့္ထြက္သြား၏။

𖧷 . 𖧷 . 𖧷

တစ္ႏွစ္အတြင္း သိသိသာသာ ေရာင္းေအာင္ေကာင္းလာေသာ သူ႕ဆိုင္ေလးကို ေနရာခ်ဲ႕လိုက္သလို ထပ္တိုးေခၚလိုက္ရေသာ ဝန္ထမ္း ၅ ေယာက္ ေလာက္နဲ႔ေတာင္ လည္လည္ပတ္ပတ္ မ႐ွိေသး။ေဆာ့ဂ်င္ကိုယ္တိုင္လည္း menu အသစ္ေပါင္း ေျမာက္မ်ားစြာ ၾကားထဲတြင္ အၿမဲတမ္းလက္ႏွင့္ အလုပ္ မျပတ္ႏိုင္ေအာင္႐ွိသည္။

"ေဆာ့ဂ်င္"

ေကာင္တာေ႐ွ႕ တည့္တည့္ကိုလာရပ္ေသာ ယြန္းဂီေၾကာင့္ သူလက္အိတ္ကို ခြၽတ္ရင္း ဆိုင္ေထာင့္တစ္ေနရာက လစ္လပ္ေနေသာ စားပြဲဝိုင္းတြင္ ထိုင္လိုက္သည္။

"မလာတာေတာင္ ၾကာၿပီ ယြန္းဂီ"

အရင္လို ႏွစ္ေယာက္သား မ်က္ႏွာခ်င္းဆိုင္တာနဲ႔ စလိုက္, ေနာက္လိုက္ မလုပ္ျဖစ္တာေတာင္ ၾကာၿပီျဖစ္သည္။အတိအက်ဆိုရလွ်င္ ေဂ်ာင္ကုထြက္သြားၿပီးသည့္ေနာက္ ကတည္းက ဟက္ဟက္ပက္ပက္ မရယ္ျဖစ္ေတာ့။တိတ္ဆိတ္ေအးစက္သြားေသာ သူ႕ဘဝတြင္ ရယ္ေမာသံမ်ား၊ စိတ္လိုလက္ရ ျပဳံးတတ္ေသာ အျပဳံးမ်ားသည္လည္း သူႏွင့္ လားလားမွ မသက္ဆိုင္ေတာ့ သလိုမ်ိဳး။

ယြန္းဂီလည္း ထိုနည္းတူပါပင္။ေဆာ့ဂ်င္ေ႐ွ႕တြင္ ေဂ်ာင္ကုအေၾကာင္း တစ္ခြန္း တစ္ပါဒမွ် မေျပာမိေအာင္ ထိန္းသည္။ဆိုင္ကို မလာျဖစ္ရင္ေတာင္ ႏွစ္ရက္တစ္ခါေလာက္ ဖုန္းအၿမဲဆက္ၿပီး သာေၾကာင္း,မာေၾကာင္း ေမးေလ့႐ွိသည္။

"ငါ..ဂ်ီမင္းနဲ႔ လက္ထပ္ေတာ့မယ္"

ေမွ်ာ္လင့္ထားၿပီးသား စကားမို႔ ေဆာ့ဂ်င္အတြက္ ထူးဆန္းမေန။ဝမ္းသာစရာ သတင္းပါပဲ။သို႔ေသာ္လည္း ယြန္းဂီဆက္ေျပာလာေသာေနာက္ဆက္တြဲစကားကေတာ့ သူ႕ကို ေဆြးေဆြးေျမ့ေျမ့ျဖစ္သြားေစသည္။

"မင္း ၾကားခ်င္မွာ မဟုတ္ေပမယ့္ ငါေျပာရဦးမယ္။ငါ့ေစ့စပ္ပြဲတုန္းက မင္းတို႔ႏွစ္ေယာက္ လမ္းခြဲလိုက္တာမို႔လို႔ မင္းတစ္ေယာက္တည္းပဲ လာျဖစ္ခဲ့တယ္ေလ။အခု ငါနဲ႔ေဘဘီ့ရဲ႕ လက္ထပ္ပြဲကိုေတာ့ မင္းတို႔ႏွစ္ေယာက္ကို အတူလာေစခ်င္တယ္ကြာ"

"ငါ အခု လက္ထပ္ရေတာ့မွာမို႔ ေပ်ာ္ေနေပမယ့္ မျပည့္စုံသလို ခံစားရတယ္ ေဆာ့ဂ်င္။မင္းတို႔ႏွစ္ေယာက္သာ ျပန္အဆင္ေျပသြားရင္ ေကာင္းလိုက္မွာ "

ယြန္းဂီပုံစံက စ,ေနာက္ၿပီး ေျပာေနဟန္မတူ။တကယ္ပင္ ခံစားေနရဟန္ျဖင့္ သက္ျပင္းတစ္ခ်က္ခ်သည္။ထို႔ေနာက္ ေဆာ့ဂ်င္မ်က္လုံးေတြကို တည့္တည့္စိုက္ၾကည့္ကာ အေလးအနက္ေမးလာသည္။

"သူ မ႐ွိေတာ့ မင္းတကယ္ေပ်ာ္ရဲ႕လား ေဆာ့ဂ်င္ "

ထိုစကားတစ္ခြန္းက သူ႕ႏွလုံးသားကို ဖ်စ္ညႇစ္ေျခပစ္လိုက္သည့္ႏွယ္။႐ုတ္တရက္ ရီေဝသြားေသာ မ်က္လုံးမ်ားက ခ်က္ခ်င္း အေရာင္ေျပာင္းသြားၿပီးရယ္သံေႏွာကာ ေျဖသည္။

"ေပ်ာ္တာေပါ့။ သူမ႐ွိလည္း ငါ့ဘဝက ဘာထူးျခားသြားမွာမို႔လို႔လဲ။ အရင္တုန္းကလည္း ငါတစ္ေယာက္တည္းပဲ။ အခုလည္း တစ္ေယာက္တည္းပဲ​။ ငါ့ဘဝထဲကို သူခဏ ဝင္လာတယ္။ အခုျပန္ထြက္သြားတယ္။ဒါပါပဲ.."

ယြန္းဂီက ေဆာ့ဂ်င္ထံမွ မ်က္လုံးအၾကည့္ေတြကို မဖယ္ေသး။မ်က္ႏွာရိပ္မ်က္ႏွာကဲ ဖမ္းသလိုမ်ိဳး တစိုက္မတ္မတ္ ၾကည့္ေနဆဲပင္။

"မင္း ႏွလုံးသားကေရာ အေကာင္းအတိုင္း က်န္ခဲ့လို႔လား"

ထိုေမးခြန္းကိုေတာ့ သူ႐ုတ္တရက္မေျဖႏိုင္။အေျဖစကားက လည္ေခ်ာင္းဝတြင္ပင္ တစ္ဆို႔ေနသည္။

"ငါ... "

" သူ႕အေဖလည္း ေထာင္က်သြားၿပီပဲကြာ။ ၿပီးေတာ့ေဂ်ာင္ကုက ဒီကိစၥေတြနဲ႔ဘာမွမသက္ဆိုင္တာ။ အဲ့ဒီလူရဲ႕ သားအျဖစ္ေမြးဖြားလာတဲ့ ကံၾကမၼာကို သူေ႐ြးခ်ယ္လို႔မွမရတာပဲေလ "

"သိလား ေဆာ့ဂ်င္။ ေဂ်ာင္ကုက မင္းကိုခ်စ္တတ္ၿပီးတဲ့ ေနာက္ပိုင္း အရာရာေျပာင္းလဲလာတာ။အရင္က ဂ်စ္တစ္တစ္ကေလး..ရန္ျဖစ္ဖို႔လည္း ဝန္မေလးဘူး။မိတဆိုးေလးမို႔ မိခင္ရဲ႕ ေမတၱာကိုလည္း အျပည့္အဝမရ၊ ဖေအကလည္း သူ႕မ်က္စိေ႐ွ႕မွာတင္ ကိုယ္က်င့္သိကၡာမေကာင္းေတာ့ အားလုံးကို အ႐ြဲ႕တိုက္ေနတာ။ မင္းနဲ႔ေတြ႕ၿပီးေနာက္ပိုင္းမွ အဲ့ဒီေကာင္ေလး အခ်ိဳးေတြေျပာင္းသြားတာ။ မင္း မ်က္ႏွာကိုၾကည့္ၿပီး ေနလာတဲ့ ေကာင္ပါကြာ။ အခုလမ္းခြဲတာေတာင္ မင္းစကားတစ္ခြန္းပဲ.. မင္းကို ေဂ်ာင္ကုက အေတာ္ခ်စ္တာ"

" အခ်စ္စစ္ ဆိုတာ တကယ္႐ွိပါတယ္ ေဆာ့ဂ်င္ရာ။ မင္းတို႔ႏွစ္ေယာက္ ျပန္ဆုံပါေစကြာ"

သူ အေတာ္ၾကာ ငိုင္မိသြားသည္။ယြန္းဂီစကားေတြက သူ႕ႏွလုံးသားကို ခပ္ျပင္းျပင္း႐ိုက္ခ်လိုက္သည့္ႏွယ္။ဆန္႔က်င္ဘက္စကားေတြ ေျပာခ်င္ေပမယ့္ ႏႈတ္က အာေစးထည့္ထားသလို တုံ႔ဆိုင္းေနသည္။

တိတ္ဆိတ္သြားေသာ သူတို႔ႏွစ္ေယာက္၏ စကားဝိုင္းအဆုံးတြင္ ေဆာ့ဂ်င္ ကိုယ့္ကိုယ္ကို ေမးခြန္းျပန္ထုတ္မိသည္။

ေဂ်ာင္ကုကို သူ တကယ္မုန္းႏိုင္ရဲ႕လား။

𖧷 . 𖧷 . 𖧷

အိမ္ကေလးထဲ သူဝင္လိုက္တာနဲ႔ ေမွာင္မဲေနသည္။အခန္းမီး မဖြင့္ေသးဘဲ နံရံကိုမွီရင္း တစ္ေနကုန္ပင္ပန္းထားသမွ် ေျခပစ္လက္ပစ္ ထိုင္ခ်မိသြားသည္။

တိတ္ဆိတ္မဲေမွာင္ေနေသာ အခန္း။အရင္လို စကားေျပာသံ ရယ္သံေတြက တျခား ကမ႓ာကို လြင့္စင္သြားသလို ေျခာက္ေသြ႕အက္ကြဲေနသည္။

သူျပန္ေရာက္တာနဲ႔ အရင္လိုစကားတြတ္ထိုးၿပီး ေျပာေနမယ့္ ေကာင္ေလးလည္း မ႐ွိ။အခန္းနံရံက နာရီလက္တံေ႐ြ႕လ်ားသံ တေခ်ာက္ေခ်ာက္ကသာ သူ႕အတြက္ အေဖာ္ျပဳစရာ တစ္ခုတည္းေသာ အသံ။

"မင္း ေနႏိုင္လိုက္တာ"

ဟက္ကနဲ တစ္ခ်က္ရယ္ရင္း သူနာက်င္စြာ တီးတိုး႐ြတ္ဆိုမိသြားသည္။

မ်က္လုံးဝိုင္းဝိုင္းနဲ႔ ေကာင္ေလးက ရင္ခုန္တတ္ေအာင္ သင္ေပးသြားခဲ့တယ္။အထီးက်န္ေနတဲ့ ဘဝထဲကို ဇြတ္တ႐ြတ္ ဝင္လာခဲ့တယ္။ၿပီးေတာ့ အၿပီးအပိုင္ ထြက္သြားခဲ့တယ္။

ေစာင့္မေနဘူးလို႔ သူ႕ကိုမေျပာခဲ့ေပမယ့္ သူမသိေအာင္ တိတ္တိတ္ေလးေစာင့္ေနတုန္းပဲ။ပြင့္လာဖို႔ မေသခ်ာတဲ့ တံခါးခ်ပ္ေတြကို ကိုယ္တိုင္လက္နဲ႔ဖြင့္ေပးဖို႔ မာနတရားက ခြင့္မျပဳျပန္ဘူး။

ဘယ္ေတာ့မွ ျပန္လာမွာ မဟုတ္မွန္း သိေပမယ့္ မင္းကို ငါ ေစာင့္ေနတယ္ ေဂ်ာင္ကုရယ္။

ေလးကန္ေသာ ေျခလွမ္းမ်ားျဖင့္ အခန္းထဲသို႔ ျဖည္းျဖည္းခ်င္း သူေလွ်ာက္သြားမိသည္။အခန္းမီးေလးကို ဖြင့္လိုက္ေတာ့ အျပာေရာင္မီးအလင္းေရာင္က အခန္းထဲမွာ မႈန္ပ်ပ်။လစ္လပ္ေနေသာ အိပ္ရာေပၚက ေခါင္းအုံးေလးက ပိုင္႐ွင္မဲ့စြာျဖင့္ ပုံစံမပ်က္႐ွိေနဆဲပင္။

အိပ္မေပ်ာ္ေသာ ညမ်ားကို အိပ္ေဆးအကူအညီျဖင့္ ျဖတ္ေက်ာ္ရင္း ဒီညလည္း အိမ္ေ႐ွ႕က ဆိုင္ကယ္စက္သံလိုလို အသံမ်ိဳးမၾကားမိပါေစႏွင့္ဟု သူဆုေတာင္းမိသည္။

ငါ မင္းကို အရမ္းလြမ္းတယ္...။

𖧷 . 𖧷 . 𖧷

ေဆာင္းဦးကိုေတာင္ ေရာက္လာခဲ့ၿပီ။

တဖြဲဖြဲက်ေနေသာ ႏွင္းမ်ားကို လက္ႏွင့္ခံယူေဆာ့ကစားရင္း ကားမွတ္တိုင္တြင္ ေဆာ့ဂ်င္ ရပ္ၿပီး ေစာင့္ေနမိသည္။ရာသီဥတု ေအးလာၿပီမို႔ လူတိုင္းကိုယ္စီတြင္ အေႏြးထည္မ်ား၊မာဖလာမ်ားႏွင့္။အက်ီအေႏြးထည္အိတ္ထဲ လက္ႏွစ္ဖက္ထိုးထည့္လိုက္ရင္း ပါးစပ္ထဲက အေငြ႕တစ္သီတစ္တန္းႀကီးကို သူမႈတ္ထုတ္လိုက္သည္။

မၾကာခင္ bus တစ္စီး ေရာက္လာသည္။ကားေပၚတက္ ေနရာယူလိုက္ေတာ့ ေနာက္ဆုံးခုံတစ္လုံးပဲ အလြတ္႐ွိသည္။ကိစၥမ႐ွိ။သူ႕အတြက္ကေတာ့ ျပတင္းေပါက္အျပင္ဘက္ကို ေငးရင္း စီးရရင္ၿပီးေရာ။

သူ ထိုင္ခ်မည္အျပဳတြင္ ေ႐ွ႕တစ္ခုံေက်ာ္က လူရိပ္တစ္ခု ေၾကာင့္ ဒိတ္ကနဲ ရင္ခုန္သြားသည္။

သူ႕လိုပင္ ျပတင္းေပါက္ကို မွီထားသည္။ေဘးတစ္ေစာင္း ျမင္ေနရေသာ မ်က္ႏွာက သူ႕ရင္ခုန္သံေတြက ႏွစ္ဆျမန္သြားေစသည္။

နဖူးျပင္ေပၚ အေျပာင္လွန္တင္ထားေသာ ဆံပင္က အကုန္မဟုတ္ဘဲ ဟိုတစ္စ ဒီတစ္စ က်ေနသည္။ႏွာတံေပၚေပၚသည္ အဖ်ားတြင္ အနည္းငယ္လုံးသြားၿပီး တင္းတင္းေစ့ထားေသာ ႏႈတ္ခမ္းပါးမ်ားအေပၚတြင္ အဆုံးသတ္သည္။ေမး႐ိုးထင္းထင္းမ်ားက ၾကံခိုင္ေသာ လည္ပင္းအစပ္တြင္ ထင္းေနသည္။

လည္ပင္းထိ ေစ့ပိတ္ထားေသာ ဆြယ္တာအနက္ေရာင္ေပၚတြင္ သားေရဂ်ာကင္အနက္ေရာင္ကို ထပ္ဝတ္ထားေသာ္လည္း ရင္အုပ္က်ယ္ေတြကိုေတာ့ မဖုံးဖိႏိုင္။ထိုသူက မွန္ျပတင္းကို ျဖတ္ကာ အျပင္ဘက္ကိုေငးေနသည္။

ေဆာ့ဂ်င္ ၾကည့္ေနတုန္းမွာပင္ ကားက လမ္းခုလတိမွတ္တိုင္တြင္ ရပ္သြားသည္။ကားရပ္သည္ႏွင့္ တစ္ၿပိဳင္နက္ ထိုသူက ဘယ္သူ႕ကိုမွမၾကည့္။ေခါင္းကို ေအာက္ငုံ႔ကာ ေျခလွမ္းခပ္မွန္မွန္ျဖင့္ ဆင္းသြားသည္။

သူ ဘာကိုမွမစဥ္းစားႏိုင္ေတာ့။ထိုေကာင္ေလးေနာက္ကို ထပ္ၾကပ္မကြာ လိုက္ေလွ်ာက္သြားမိသည္။

လူသြားလူလာ အတန္ငယ္ျပတ္ေနေသာ လမ္းမထက္တြင္ ေဆာ့ဂ်င္ႏွင့္ထိုေကာင္ေလး ႏွစ္ေယာက္တည္းရယ္။

ႏွင္းေတြကလည္း အဆက္မျပတ္ က်ေနတုန္းပင္။ေလတစ္ခ်က္အေဝွ႔တြင္ အေအးဓာတ္ကို ပိုျပင္းထန္သြားကာ သူ႕ႏွာေခါင္းထိပ္ေလးေတြ ရဲေနသည္။

ျဖဴေဖြးေနေသာ လမ္းမထက္က ႏွင္းမ်ားေပၚတြင္ ထိုေကာင္ေလး ေျခလွမ္းသည့္အတိုင္း ေျခရာမ်ားက ထင္ေနသည္။ေဆာ့ဂ်င္က ထိုေျခရာမ်ားအတိုင္း လွမ္းေနမိသည္။တျခားတစ္စုံတစ္ေယာက္သာ ျမင္လွ်င္ ေဆာ့ဂ်င္ပုံစံက လမ္းေလွ်ာက္တာနဲ႔မတူဘဲ ေျခရာခ်င္းထပ္ၿပီး ေဆာ့ေနပုံႏွင့္တူသည္။

ခဏၾကာေတာ့ ေ႐ွ႕ကေကာင္ေလးက ရိပ္မိသြားဟန္တူသည္။ေလွ်ာက္ေနေသာ ေျခလွမ္းမ်ား ရပ္သြားသည္။

"ေဂ်ာင္ ကု "

ေဆာ့ဂ်င္ ခပ္တိုးတိုး ေခၚမိသည္။သည္တစ္ခါေတာ့တုန္ယင္ေနေသာ အသံကို သူမထိန္းလိုက္ႏိုင္ေအာင္ ညံ့ဖ်င္းသြားသည္။

သူ႕ ရင္ေတြ တဒိတ္ဒိတ္ခုန္ေနသည္။ေဂ်ာင္ကု ျပဳမူလာမည့္ တုံ႔ျပန္မႈတစ္စုံတစ္ရာကို ေမွ်ာ္လင့္တႀကီးေစာင့္ေနမိသည္။

မင္းေရာ ငါ့ကို မေမ့ေသးဘူးမဟုတ္လား ေဂ်ာင္ကု။

ထိုအခိုက္အတန္႔သည္ သူထင္သလိုမဟုတ္။ေႏြးေထြးမည္ဟု ထင္ခဲ့ေသာ ေကာင္ေလး၏ မ်က္ဝန္းမ်ားသည္ တဖြဲဖြဲက်ေနသည့္ ႏွင္းမ်ားႏွင့္အၿပိဳင္ပင္။ခပ္တင္းတင္း ေစ့ပိတ္ထားေသာ ႏႈတ္ခမ္းလႊာမ်ားက အတန္ၾကာေတာ့မွ အက္႐ွ႐ွအသံျဖင့္ ေအးစက္စြာဆိုလာသည္။

" ကင္ ေဆာ့ ဂ်င္ "

~~~~~~~~~~~~ // ~~~~~~~~~~

.ၿပီးပါၿပီ

ေနာက္တစ္ပိုင္းဆို 🥺

ဒီ fic ေလးရဲ႕ ဒီအခန္းေလးကို စဥ္းစားတုန္းက သီခ်င္းေလးတစ္ပုဒ္ေၾကာင့္ပါ။

တစ္ခ်ိဳ႕ကက်ေတာ့ (ကိုယ္အပါအဝင္) ကိုယ့္စိတ္ကူးေလးနဲ႔ ကိုယ့္ဘာသာပုံေဖာ္ၿပီး လိုက္ဖက္တဲ့သီခ်င္းေလးနဲ႔တဲ​ြၿပီး စိတ္ကူးပုံေဖာ္ၾကတတ္တယ္ေလ။အဲ့ဒါေၾကာင့္ ကိုယ္ေျပာတဲ့ သီခ်င္းနဲ႔ ခံစားခ်က္ခ်င္းမတူဘဲ ficအရသာပ်က္မွာစိုးရင္ နားမေထာင္ဖို႔အၾကံေပးခ်င္ပါတယ္။

ကိုယ္ေတာ့ ဒီfic ေရးခါနီးတိုင္း အထူးသျဖင့္ ဒီအပိုင္းကိုေရးေတာ့ အထပ္ထပ္နားေထာင္ျဖစ္တဲ့သီခ်င္းေလး။

အေပၚက media မွာ တင္ေပးထားတယ္ေနာ္။

Thanks for your reading & votingRiona

There are no comments yet. Log in to be the first to leave a review!

Similar stories