Fanfics

~ 23 ~

14:29, 28 September 2021

Unicode_________

ဖွင့်ထားသော ပြတင်းပေါက်မှ တစ်စွန်းတစ်စ ကျရောက်နေသည့် လရောင်ကြောင့် အစ်ကို့မျက်နှာကို သူသဲသဲကွဲကွဲမမြင်ရ။နံရံကို မှီထိုင်နေသော အစ်ကိုသည် သူ့ကိုတစ်ချက်မှ ငဲ့မကြည့်ဘဲ မျက်နှာကို မော့ထားသည်။

“ လမ်း ခွဲ ကြ ရ အောင် ”

အစ်ကို့နှုတ်ထွက် စကားတစ်ခွန်းက သူ့အတွက် သေမိန့်ပေးလိုက်သကဲ့သို့ပင်။'သေလိုက်တော့' ဟု သွယ်ဝိုက်သောနည်းဖြင့် ပြောလိုက်သလိုမျိုး။ထောက်ထားသည့် သူ့​ဒူးနှစ်ဖက်က ကျိုးကျသွားသည်။

“မင်းအဖေကိုရော မင်းကိုရော ငါအရမ်းကြောက်တယ်။မုန်းလည်း မုန်းတယ်။မင်းတို့မိသားစုနဲ့ ထပ်ပြီး မပတ်သက်ပါရစေနဲ့တော့”

သူ့ရင်ထဲမှာ စူးစူးဝါးဝါး နာကျင်လာသည်။ပြည်လျှံနေသော မျက်ရည်များကြောင့် အစ်ကို့ပုံရိပ်သည် မှုန်ဝါးနေသည်။တုံ့ပြန်စကားဆိုဖို့အရေး သူ့နှုတ်ခမ်းအစုံက ဖွင့်ဟလို့မရ။တဆတ်ဆတ်တုန်နေသည်။

ဘယ်လိုစကားမျိုးပြောရမှန်းကို ဂျောင်ကုမသိ။'တောင်းပန်ပါတယ်' ဟူသော စကားတစ်ခွန်းကလွဲပြီး ကျန်တဲ့စကားလုံးတွေကို စဥ်းစားမရပါ။

“အစ် ကို..ကျွန် တော် ေလ..”

“တော်ပါတော့။ ငါဘာမှမကြားချင်တော့ဘူး”

အားယူပြောနေရသော အစီအစဉ် မကျသည့် သူ့စကားလုံးတွေက အစ်ကို့အမိန့်သံအောက်တွင် တစ်စစီ ပြိုကွဲသွားသည်။နားနှစ်ဖက်ကို လက်ဝါးဖြင့် ပိတ်ပြီး ခေါင်းငုံ့သွားသော အစ်ကို့ကို ဂျောင်ကုပွေ့ဖက် နှစ်သိမ့်ပေးချင်သည်။အရင်လို ရင်ခွင်ထဲ ေထွးဖက်ရင်း အားပေးချင်သည်။

“ဟင့်အင်း..မလာပါနဲ့။ ငါနဲ့ဝေးဝေးမှာနေ”

ဂျောင်ကု လက်လှမ်းလိုက်တော့ အစ်ကိုက ခါးခါးသီးသီးငြင်းသည်။သူဆက်ပြီး မလှမ်းဝံ့တော့ပါ။တုန်ယင်နေသော လက်အစုံကို ရင်နာနာနှင့်ပင် ပြန်ရုတ်သိမ်းလိုက်သည်။

ဒီလက်တွေက အစ်ကို့ကို ထိဖို့တောင် မတန်တော့ဘူးတဲ့လား အစ်ကိုရယ်။

“ဒီညတော့ ငါတစ်ယောက်တည်း နေချင်တယ်။ ငါ့ကို လွှတ်ထားပေးပါ ”

ထို့နောက် အခန်းအပြင်သို့ ထွက်သွားသော ခြေသံ။ဝုန်းကနဲ ဆောင့်ပိတ်သွားသော တံခါးရွက်၏ အသံ။အရာအားလုံးသည် အမှောင်အတိကျလျက်။ခံစားမှုချက်မဲ့နေသော ပျော့ခွေသွားသည့် သူ့ခန္ဓာကိုယ်သည် အေးစက်နေသော နံရံကိုမှီရင်း ခေါင်းငိုက်စိုက်ကျသွားသည်။

တိတ်ဆိတ်ငြိမ်သက်နေသော အိမ်လေးထဲဝယ် နာရီလက်တံ၏ တချောက်ချောက် မြည်သံကသာ စည်းချက်မှန်မှန်ထွက်ပေါ်နေသည်။အချိန်တွေ ဘယ် လောက် ကြာသွားသည်မသိ။သူ့မျက်လုံးတွေ ဖွင့်ကြည့်မိသောအချိန်တွင် နံနက်ခင်း၏ လင်းရောင်ခြည်များပင် ပျို့နေပြီ။

ဂျောင်ကု ခြေသံမကြားအောင် ခပ်ဖွဖွနင်းရင်း အခန်းတံခါးကို ပြန်ပိတ်သည်။အစ်ကိုသည် ကုတင်တစ်ဖက်ခြမ်းတွင် ပက်လက်အနေအထားဖြင့် အိပ်နေသည်။တမင်ငြိမ်နေသလား၊အိပ်မောကျနေသလားတော့ မပြောတတ်။ကျန်နေသည့် ကုတင်ဘက်ခြမ်းသို့ ဂျောင်ကု ဝင်လှဲလိုက်သောအခါ အစ်ကို့ခန္ဓာကိုယ်က ချက်ချင်းဘေးသို့ စောင်းသွားသည်။ကျယ်ပြန့်သော အစ်ကို့ကျောပြင်သည် သူ့ကိုနောက်ခိုင်းလျက်။

“အစ် ကို ”

ခပ်တိုးတိုး ခေါ်မိတော့ ထူးသံမကြားရ။ခါးပေါ်သို့ လှမ်းဖက်ဖို့ လက်လှမ်းလိုက်ပေမယ့် သူ့လက်တွေက လမ်းတစ်ဝက်တစ်ပျက်မှာပင် ရပ်တန့်သွားသည်။ အပြစ်ရှိနေသူတစ်ဦး၏ သွေးများစီးဆင်းနေသော ထိုလက်များဖြင့် အစ်ကို့ကိုမထိရက်တော့ပါ။

သူ့ မျက်လုံးထောင့်စွန်းမှ  မျက်ရည်များသည် အပြာရောင်ခေါင်းအုံးပေါ်သို့ တစ်စက်ချင်း စီးကျသွားသည်။

ွအစ်ကို့ အနားနေချင်လို့ ကြိုးစားမိရုံပါ။ဘာလို့ ဒီလောက်ရက်စက်ရတာလဲ ကံကြမ္မာရယ်။

𖧷 . 𖧷 .𖧷

နောက်ပိုင်းတွင် ဆော့ဂျင် ပုံစံက သိသိသာသာ ပြောင်းလဲသွားသည်။မနက်မိုးလင်းတာနဲ့ ဆိုင်ကို အစောကြီးသွားတတ်သလို မိုးချုပ်မှ အိမ်ကိုပြန်လာတတ်သည်။ဂျောင်ကုကိုလည်း စကားမပြော။မသိကျိုးကျွံပြုကာ သူလုပ်စရာရှိတာကို လုပ်သည်။

ယခုလည်း အိမ်ရှေ့က တံခါးဖွင့်သံကြောင့် ဟင်းချက်နေရာမှ ဂျောင်ကု ပြေးထွက်သွားသည်။ဆော့ဂျင်ဆီက မျက်နှာရရေးအတွက် သူအစွမ်းကုန်ကြိုးပမ်းနေခြင်း ဖြစ်သည်။

“အစ်ကို ပြန်လာပြီလား။ ရေချိုးပြီးရင် ထမင်းအတူစားရအောင်နော်”

လက်ထဲက အိတ်ကိုလှမ်းဆွဲတော့ အစ်ကိုက အထိမခံ။ဆတ်ကနဲ တွန်းလွှတ်သည်။သူ့နှလုံးသားတစ်ခုလုံးကို ဆုတ်ဆွဲခံလိုက်ရသလို နာကျင်သွားသော်လည်း ဘာမှမဖြစ်သလို ဟန်ဆောင်လိုက်ရင်း နောက်ကိုခြေနှစ်လှမ်းခန့် ဆုတ်ပေးလိုက်သည်။ထိုအခါ အစ်ကိုက သူ့ကိုတစ်ချက်မှပင် ငဲ့မကြည့်ဘဲ အခန်းထဲသို့ တန်းဝင်သွားသည်။

ခဏကြာတော့ အစ်ကိုက အပေါ်ပိုင်းဗလာနဲ့ အခန်းထဲက ထွက်လာသည်။အခန်းရှေ့မှာ ရပ်နေသော သူ့ကို တစ်ချက်ငဲ့ကြည့်ပြီး ရေချိုးခန်းထဲသို့ ဝင်သွားသည်။အချိန်အတော်ကြာအထိ ရေကျသံက ရပ်မသွားဘဲ အဆက်မပြတ်ကြားနေရသည်။

“အစ်ကို...ကြာနေပြီ။ ဖျားဦးမယ်”

ဂျောင်ကုက တံခါးကို သုံးလေးချက် ဆင့်ပြီး ထုလိုက်သည်။ဒီတော့မှ ဆံပင်ရေလက်စက်နှင့် ဆော့ဂျင်က ထွက်လာသည်။နီရဲနေသော မျက်လုံးများက ဂျောင်ကုကိုမကြည့်။ရှေ့မှာ ပိတ်ရပ်နေသည့် ဂျောင်ကုကို ပခုံးချင်းတိုက်ကာ ထွက်သွားသည်။

ထမင်းစားပွဲပေါ်က ဂျောင်ကုပြင်ပေးထားသော ထမင်းဝိုင်းကိုလည်း ဆော့ဂျင် စားချင်စိတ်ပင်မရှိ။အကျီလက်ရှည် အဖြူကိုတံတောင်ဆစ်ထိ ခေါက်တင်လိုက်ပြီး အပေါ်ကြယ်သီး နှစ်လုံးလောက်ကို ဖြုတ်ကာ လည်ပင်းဟ,စိ ပုံစံဖြင့်ပင် ပြတင်းပေါက်ဘေးက ထိုင်ခုံပေါ်တွင် ထိုင်နေမိသည်။

လိမ္မော်နီရောင် နေလုံးသည် အနောက်ဘက်ကောင်းကင်ပြင်သို့ ဝင်ရောက်ပျောက်ကွယ်သွားပြီ။အခန်းမီး ဖွင့်မထားသောကြောင့် တစ်ခန်းလုံး မှောင်နေသည်။သို့သော် တောက်နေသော တိမ်ထုများ၏ အရောင်က ပြတင်းပေါက်သံတိုင်များကို ဖြတ်၍ သူ့မျက်နှာ တစ်ခြမ်းပေါ်တွင် ကျရောက်နေသည်။ဖြူနုနေသည့် ရေချိုးပြီးစ မျက်နှာထက်တွင် အလင်းတစ်ဝက်၊အမှောင်တစ်ဝက်ဖြင့်။

နေ့လည်က ဝယ်လာသော စီးကရက်ဘူးထဲက စီးကရက်တစ်လိပ်ကို နှုတ်ခမ်းနှစ်လွှာကြားတွင် တေ့ရင်း မီးဖွာလိုက်သည်။နီရဲသွားသော စီးကရက်ထိပ်ကို ကြည့်ရင်း လက်ညှိုးနှင့် လက်ခလယ်ကြားတွင် ညှပ်ကာ တစ်ရှိုက်,ရှိုက်သွင်းလိုက်သည်။

“အဟွတ်...ဟွတ်”

တစ်ခါမှ မမြည်းစမ်းကြည့်ဖူးသော မွှန်ထူသွားသည့် ဆေးနံ့ကြောင့်ရော၊ထုံပေပေအရသာကြောင့်ပါ လည်ချောင်းထဲက တလိပ်လိပ်တက်လာကာ သူ မအောင့်နိုင်တော့။သူ့ချောင်းဆိုးသံကြားတော့ အခန်းတံခါးက ဝုန်းကနဲ ပွင့်သွားကာ ဂျောင်ကုက ခြေလှမ်းကျဲကြီးများဖြင့် ဝင်လာသည်။

“ဘာတွေ လျှောက်လုပ်နေတာလဲ။ သတိထားစမ်းပါဦး.. အစ်ကိုရဲ့။ ဘယ်တုန်းကများ စီးကရက်ကိုသောက်ဖူးလို့ ခင်ဗျားက သောက်နေရတာလဲ ”

ပုတ်ထုတ်လိုက်သော လက်အရှိန်ကြောင့် သူ့နှုတ်ခမ်းကြားက စီးကရက်သည် အောက်ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

“ဖယ်စမ်းပါ”

သူ့ပခုံးက နှစ်ဖက်ကို ကိုင်လှုပ်ပြီး မေးနေသော ဂျောင်ကုလက်တွေကို ပုတ်ချလိုက်သည်။နောက်တစ်လိပ်ယူဖို့ ကြိုးစားတော့ ဂျောင်ကုမျက်လုံးတွေက ဒေါသကြောင့် အရောင်တောက်နေသည်။ထို့နောက် ဂျောင်ကုက စီးကရက် တစ်ဘူးလုံးကိုယူကာ ပြတင်းပေါက် အပြင်ဘက်သို့ လွှင့်ပစ်သည်။

“ဂျွန် ဂျောင် ကု”

သူ အော်လိုက်တော့ ဂျောင်ကုက ရှေ့တိုးလာသည်။

“မင်း ရှေ့ကို ဆက်တိုးမလာနဲ့”

တဒဂ်တွင် သူ့စိတ်တွေ ထွေပြားသွားသည်။တဖြည်းဖြည်း နီးကပ်လာသော လူသည် ဂျောင်ကုမဟုတ်တော့ဘဲ တခြားလူတစ်ယောက်၏ မျက်နှာကိုသာ သူမြင်ယောင်နေသည်။ဆံပင်ဖြူတစ်ချို့ ရောယှက်နေသည့် မဲ့ပြုံးမျက်နှာတစ်ခု။အဖေနှင့် ညီလေး၏ သွေးသံရဲရဲ ပုံရိပ်များ။

“သွား..ငါ့ဆီကို မလာနဲ့။မုန်းတယ်...မုန်းတယ်”

အဖြစ်အပျက်များက မြန်ဆန်သည်။အံဆွဲထဲက ကပ်ကြေးက သူ့လက်ထဲသို့ ဘယ်အချိန်ရောက်နေမှန်းတောင် မသိ။

“မုန်းတယ် မုန်းတယ် လို့ ခဏခဏမပြောပါနဲ့။ အဲ့ဒီလို မပြောလည်း ကျွန်တော့်ကို ခုလိုဥပေက္ခာပြုနေရုံနဲ့ သေလို့ရတယ် သိရဲ့လား”

ကပ်ကြေးကိုင်ထားသော သူ့လက်ကို ရုတ်တရက် ဖမ်းချုပ်လိုက်သော အားကောင်းသန်မာသည့် လက်တစ်ဖက်။ထိုလက်ပိုင်ရှင်ကို ကြည့်မိတော့ ဟိုလူယုတ်မာ မဟုတ်တော့။အရည်ကြည်များ ရစ်သိုင်းနေသော မျက်လုံးဝိုင်းများဖြင့် သူ့မျက်လုံးတည့်တည့်ကို စိုက်ကြည့်နေသော ဂျောင်ကု။

“ အစ်ကို..ကျွန်တော့်ကို သတ်ချင်လောက်အောင် မုန်းနေတာလား ”

ဆော့ဂျင် ဘာမှပြန်မဖြေမိ။မျက်လုံးချင်းမဆုံမိအောင် ရှောင်တိမ်းရင်း ချုပ်ထားသော လက်ကိုရုန်းဖို့ကြိုးစားတော့ ​ဂျောင်ကုက လွှတ်မပေး။ကတ်ကြေး ကိုင်ထားသော လက်ကိုအပေါ်က အုပ်ကိုင်လာကာ သူ့လည်ပင်းရှိရာသို့ ဆွဲယူသည်။

“လုပ်လိုက်...ဒီအတိုင်းလေး လှီးပစ်လိုက်”

ဆော့ဂျင်က ရုန်းသည်။သို့သော် ကျယ်ပြန့်သော ဂျောင်ကုလက်ဖဝါးကို မတွန်းလှန်နိုင်ပါ။

“ဟင့်အင်း...ဖယ်စမ်း”

ထိုအခိုက် လက်နေသော ကပ်ကြေးအသွားက ဂျောင်ကုလည်ပင်းထက် အိကနဲ နစ်ဝင်သွားသည်။

“ဂျွန် ဂျောင် ကု ”

သူ အလန့်တကြား အော်မိသွားသည်။သွေးထွက်နေသော ဒဏ်ရာကို ​ဂျောင်ကုက ရှိသည်ဟုပင်မထင်။ခပ်ဟဟရယ်ရင်း ရှေ့တိုးလာသည်။

“ကျေ နပ် လား အစ်ကို ”

ဆော့ဂျင် လက်ထဲက ကပ်ကြေးကို ယောင်ရမ်းပြီး လွှတ်ချမိလိုက်သည်။ဂျောင်ကုက ရှေ့ဆက်တိုးမလာတော့ဘဲ ကြမ်းပြင်ပေါ်တွင် ဒူးထောက်ထိုင်ချသည်။

“တောင်းပန်ပါတယ်..လမ်းခွဲဖို့စကား ထပ်မပြောပါနဲ့။ကျွန်တော့်ရင်တွေ နာလွန်းလှပြီ။ အဲ့ဒီစကား ထပ်မပြောပါနဲ့တော့...အစ်ကိုရယ် ”

“ကျွန်တော့်ကို အိမ်ထောင်ဖက်အဖြစ် မသတ်မှတ်ရင်တောင်  အစ်ကို့ဘေးမှာပဲတစ်သက်လုံး အရုပ်တစ်ရုပ်လိုနေသွားပါ့မယ်။အဲ့ဒီအစား လမ်းခွဲဖို့ အကြောင်းမပြောပါနဲ့။အစ်ကို့ကို ချစ်လွန်းလို့....”

ရှေ့ဆက်ပြောမယ့် ဂျောင်ကုအသံတွေက တိမ်ဝင်သွားသည်။ခေါင်းငိုက်စိုက်ချသွားကာ ကျောပြင်ကျယ်တွေက တသိမ့်သိမ့် တုန်နေသည်။

“အဲ့ဒီ အရုပ်ကို မလိုချင်​ေတာ့လို့ စွန့်ပစ်ချင်ရင်ရော..”

“ ဗျာ ”

တိုးတိတ်သော အသံပင်ဖြစ်သော်ငြား ဂျောင်ကုနားထဲတွင် ဗုံးတစ်လုံးပေါက်ကွဲသွားသလို မြည်ဟီးသွားသည်။ အံဩတကြီးနဲ့ အစ်ကို့မျက်နှာကို မော့ကြည့်မိသည်။ကမ္ဘာပေါ်က အရာအားလုံးသည် ထိုအခိုက်အတန့်တွင် ခဏရပ်တန့်သွားသည်ဟု ထင်သည်။ပြတင်းပေါက်က ဝင်လာသောလေသည် မီးလျှံတစ်ခုလို ပူလောင်နေသည်။ဂျောင်ကု အသက်ရှုမဝချင်တော့။ခေါင်းထဲတွင် ကျပ်ခဲမူးနောက်လာသည်။

“ငါ့အဖေနဲ့ ညီကို သေစေခဲ့သူရဲ့ သွေးသားနဲ့ တစ်သက်လုံး ပျော်ပျော်ရွှင်ရွှင် ရယ်ရယ်မောမောနေသင့်ရဲ့လားဟင်။ မဖြစ်နိုင်ဘူး ဂျောင်ကု။ ဝေးဝေးမှာနေကြရအောင်”

ထိုစကားအဆုံးတွင် ဂျောင်ကု အသိစိတ်မဲ့နေသူတစ်ယောက်လို ထရပ်လိုက်သည်။ရင်ဘတ်ထဲက စူးအောင့်လာသည်။နာကျင်တုန်လှုပ်မှုများဖြင့် ပျော့ခွေနေသော သူ့ခြေထောက်များသည် မတ်မတ်မရပ်နိုင်။တံခါးဘောင်ကို အားပြုထားရသည်။

အက်ကွဲ တုန်ယင်နေသော အသံဖြင့် နောက်တစ်ခေါက် သေချာအောင် ထပ်မေးလိုက်သည်။

“သေချာပြီလား အစ်ကို။ကျွန်တော် မရှိရင် အစ်ကိုပျော်ရမယ် ဆိုတာ”

ဆော့ဂျင်က ဘာမှပြန်မဖြေ။မျက်နှာကိုသာ တစ်ဖက်လွှဲထားသည်။

ဆိတ်ဆိတ်နေခြင်းသည် ဝန်ခံခြင်းတဲ့...အစ်ကို။ ကျွန်တော် သဘောပေါက်ပြီ။

ဘာမှထပ်ပြီး ပြောစရာမလိုတော့။အခန်းအပြင်ဘက်ကို သူ့ခြေထောက်တွေ ဦးတည်လိုက်သည်။

ကျွန်တော်ရဲ့ မတောက်တခေါက် ညနေစာကို အစ်ကို့ကို ပြင်မပေးနိုင်တော့ဘူး။

အိပ်မောကျနေတဲ့ အစ်ကို့ရဲ့ ပါးတစ်ဖက်ကို ခိုးပြီးမနမ်းနိုင်တော့ဘူး။

စ,နောက်ပြီး အစ်ကို့ကိုယ်လုံးနွေးနွေးကို ရင်ခွင်ထဲ ထွေးမဖက်နိုင်တော့ဘူး။

အစ်ကို့ မျက်ရည်တွေ၊နာကျင်တဲ့ အတိတ်တွေနဲ့ ရင်းပြီးမှ ရလာမယ့် ပျော်ရွှင်မှုမျိုးကို ကျွန်တော်မလိုချင်တော့ဘူး အစ်ကိုရယ်။

သူ့ဘဝတွင် အပျော်ရွှင်ရဆုံး အမှတ်တရများနှင့် ပြည့်နှက်နေသော ထိုအခန်းငယ်ကို ကျောခိုင်းလိုက်သည်။နာကျင်မှုတွေ စွန်းထင်းနေသည့် မျက်လုံးများဖြင့် အစ်ကို့ကိုနောက်ဆုံးအကြိမ် လှည့်ကြည့်မိသည်။လက်ကျန်အင်အားတို့ဖြင့် အစ်ကိုရပ်နေသည့် နေရာထိ သူလျှောက်သွားလိုက်သည်။

“အစ် ကို ”

ခေါင်းငုံ့ထားရာမှ မျက်နှာချောချောက မော့ကြည့်လာသည်။

ဆံစများ ကျနေသော နဖူးထက်ကို လက်တစ်ဖက်နှင့်သိမ်းတင်ပေးလိုက်ပြီး နှုတ်ခမ်းဖြင့် ဖိကပ်နမ်းလိုက်သည်။

မျက်လုံး​ေတွကို မှိတ်ထားလိုက်​ေတာ့သူ့မျက်ရည်တစ်ချို့က အစ်ကိုဆံပင်ပေါ်သို့ ကူးလူးစိုစွတ်သွားသည်။

နောက်ဆုံးသော အနမ်းသည် ရင်နာစရာကောင်းလောက်အောင် နူးညံ့လွန်းသည်။

“ သိပ် ချစ် တယ် ”

“ပြီးတော့...ကျေး ဇူး တင် ပါ တယ်”

ပြီးတော့ အစ်ကို့ကို အရူးအမူးချစ်ခဲ့တဲ့ လူတစ်ယောက်ကို ခဏတစ်ဖြုတ်ဖြစ်ဖြစ် သတိတော့ရနေပေးပါ။

နှုတ်ဆက်ခဲ့ပါတယ်။

သူ့ ခြေလှမ်းတွေ ဒယိမ်းဒယိုင်ဖြင့် အိမ်ရှေ့ထိရောက်လာခဲ့သည်။တစ်လတာမျှ ပျော်ရွှင်ခဲ့ရသော အိမ်လေးသည် အနောက်တွင် ကျန်ခဲ့ပြီ။ဆိုင်ကယ်လက်ကိုင်ပေါ် လက်တင်ရင်း သူရပ်နေမိသည်။

အရင်တစ်ခါလို အစ်ကိုများ ထွက်လာမလားရယ်လို့။အစ်ကို ကျွန်တော့်ကို တားလိမ့်မလားလို့ နောက်ဆုံးမျှော်လင့်ချက်ယဲ့ယဲ့လေးဖြင့် စောင့်နေမိသည်။

သူ့ ဆုတောင်းတွေ မပြည့်ခဲ့ပါ။

အစ်ကိုရှိနေသော အပေါ်ထပ် ဝရံတာတည့်တည့်က အခန်းလေးဆီ အကြည့်ရောက်သွားမိတော့ မီးရောင်ဖျော့ဖျော့အောက်တွင် အရိပ်တစ်ခုကို တွေ့လိုက်ရသည်။

အစ်ကို ကျွန်တော့်ကို ကြည့်နေလေမလား။ဒါမှမဟုတ် ငိုပဲငိုနေလေမလား။

ဘယ်အချိန်လှမ်းခေါ်မလဲ စောင့်နေတဲ့ကောင်ပါ။ကိုယ်ထွက်မသွားခင်လေး တစ်ချက်လောက်သာ တားခဲ့ရင် မင်းရင်ခွင်ထဲ အပြေးလာခဲ့မှာ။

အချိန်အတန်ကြာသည်အထိ ထူးခြားမှုမရှိ။ဂျောင်ကု မျက်ရည်များကြားကပင် ဆိုင်ကယ်ကို စက်နှိုးလိုက်သည်။

ထို့နောက် တိတ်ဆိတ်နေသော လမ်းမထက်တွင် ဆိုင်ကယ်စက်သံသည် တဖြည်းဖြည်း ဝေးကွာခဲ့သွားလေပြီ။

အဆုံးသတ် မလှခဲ့သော ဇာတ်လမ်းတစ်ပုဒ်၏ ဇာတ်သိမ်းသည် ထိုနေ့ညက အဆုံးသတ်သွားခဲ့သည်။

........ခဏအကြာတွင် ေခြာက်ကပ်အသက်မဲ့နေသော ထိုလမ်းမထက် မာနတရားတို့ဖြင့် တုပ်နှောင်ထားသော ခြေထောက်ဖြူဖြူလေး တစ်စုံရပ်နေခဲ့တာကိုတော့ ထွက်ခွာသွားသည့် ကောင်လေးသိခွင့်မရခဲ့ပါ။

စွန့်ပစ်လိုက်လို့သာ မင်းအလိုကျ နောက်ဆုတ်လိုက်ရတာ။

ကိုယ်မင်းကို ဘယ်လောက်ချစ်တာ ကိုယ်သာအသိပါ။

~~~~~~~~~~~~~ // ~~~~~~~~~~~~~............

AN/ဇာတ်သိမ်းပါတော့မယ်။

Thanks for your reading & votingRiona

......Zawgyi________

ဖြင့္ထားေသာ ျပတင္းေပါက္မွ တစ္စြန္းတစ္စ က်ေရာက္ေနသည့္ လေရာင္ေၾကာင့္ အစ္ကို႔မ်က္ႏွာကို သူသဲသဲကြဲကြဲမျမင္ရ။နံရံကို မွီထိုင္ေနေသာ အစ္ကိုသည္ သူ႕ကိုတစ္ခ်က္မွ ငဲ့မၾကည့္ဘဲ မ်က္ႏွာကို ေမာ့ထားသည္။

“ လမ္း ခြဲ ၾက ရ ေအာင္ ”

အစ္ကို႔ႏႈတ္ထြက္ စကားတစ္ခြန္းက သူ႕အတြက္ ေသမိန္႔ေပးလိုက္သကဲ့သို႔ပင္။'ေသလိုက္ေတာ့' ဟု သြယ္ဝိုက္ေသာနည္းျဖင့္ ေျပာလိုက္သလိုမ်ိဳး။ေထာက္ထားသည့္ သူ႕​ဒူးႏွစ္ဖက္က က်ိဳးက်သြားသည္။

“မင္းအေဖကိုေရာ မင္းကိုေရာ ငါအရမ္းေၾကာက္တယ္။မုန္းလည္း မုန္းတယ္။မင္းတို႔မိသားစုနဲ႔ ထပ္ၿပီး မပတ္သက္ပါရေစနဲ႔ေတာ့”

သူ႕ရင္ထဲမွာ စူးစူးဝါးဝါး နာက်င္လာသည္။ျပည္လွ်ံေနေသာ မ်က္ရည္မ်ားေၾကာင့္ အစ္ကို႔ပုံရိပ္သည္ မႈန္ဝါးေနသည္။တုံ႔ျပန္စကားဆိုဖို႔အေရး သူ႕ႏႈတ္ခမ္းအစုံက ဖြင့္ဟလို႔မရ။တဆတ္ဆတ္တုန္ေနသည္။

ဘယ္လိုစကားမ်ိဳးေျပာရမွန္းကို ေဂ်ာင္ကုမသိ။'ေတာင္းပန္ပါတယ္' ဟူေသာ စကားတစ္ခြန္းကလြဲၿပီး က်န္တဲ့စကားလုံးေတြကို စဥ္းစားမရပါ။

“အစ္ ကို..ကြၽန္ ေတာ္ ေလ..”

“ေတာ္ပါေတာ့။ ငါဘာမွမၾကားခ်င္ေတာ့ဘူး”

အားယူေျပာေနရေသာ အစီအစဥ္ မက်သည့္ သူ႕စကားလုံးေတြက အစ္ကို႔အမိန္႔သံေအာက္တြင္ တစ္စစီ ၿပိဳကြဲသြားသည္။နားႏွစ္ဖက္ကို လက္ဝါးျဖင့္ ပိတ္ၿပီး ေခါင္းငုံ႔သြားေသာ အစ္ကို႔ကို ေဂ်ာင္ကုေပြ႕ဖက္ ႏွစ္သိမ့္ေပးခ်င္သည္။အရင္လို ရင္ခြင္ထဲ ေထြးဖက္ရင္း အားေပးခ်င္သည္။

“ဟင့္အင္း..မလာပါနဲ႔။ ငါနဲ႔ေဝးေဝးမွာေန”

ေဂ်ာင္ကု လက္လွမ္းလိုက္ေတာ့ အစ္ကိုက ခါးခါးသီးသီးျငင္းသည္။သူဆက္ၿပီး မလွမ္းဝံ့ေတာ့ပါ။တုန္ယင္ေနေသာ လက္အစုံကို ရင္နာနာႏွင့္ပင္ ျပန္႐ုတ္သိမ္းလိုက္သည္။

ဒီလက္ေတြက အစ္ကို႔ကို ထိဖို႔ေတာင္ မတန္ေတာ့ဘူးတဲ့လား အစ္ကိုရယ္။

“ဒီညေတာ့ ငါတစ္ေယာက္တည္း ေနခ်င္တယ္။ ငါ့ကို လႊတ္ထားေပးပါ ”

ထို႔ေနာက္ အခန္းအျပင္သို႔ ထြက္သြားေသာ ေျခသံ။ဝုန္းကနဲ ေဆာင့္ပိတ္သြားေသာ တံခါး႐ြက္၏ အသံ။အရာအားလုံးသည္ အေမွာင္အတိက်လ်က္။ခံစားမႈခ်က္မဲ့ေနေသာ ေပ်ာ့ေခြသြားသည့္ သူ႕ခႏၶာကိုယ္သည္ ေအးစက္ေနေသာ နံရံကိုမွီရင္း ေခါင္းငိုက္စိုက္က်သြားသည္။

တိတ္ဆိတ္ၿငိမ္သက္ေနေသာ အိမ္ေလးထဲဝယ္ နာရီလက္တံ၏ တေခ်ာက္ေခ်ာက္ ျမည္သံကသာ စည္းခ်က္မွန္မွန္ထြက္ေပၚေနသည္။အခ်ိန္ေတြ ဘယ္ ေလာက္ ၾကာသြားသည္မသိ။သူ႕မ်က္လုံးေတြ ဖြင့္ၾကည့္မိေသာအခ်ိန္တြင္ နံနက္ခင္း၏ လင္းေရာင္ျခည္မ်ားပင္ ပ်ိဳ႕ေနၿပီ။

ေဂ်ာင္ကု ေျခသံမၾကားေအာင္ ခပ္ဖြဖြနင္းရင္း အခန္းတံခါးကို ျပန္ပိတ္သည္။အစ္ကိုသည္ ကုတင္တစ္ဖက္ျခမ္းတြင္ ပက္လက္အေနအထားျဖင့္ အိပ္ေနသည္။တမင္ၿငိမ္ေနသလား၊အိပ္ေမာက်ေနသလားေတာ့ မေျပာတတ္။က်န္ေနသည့္ ကုတင္ဘက္ျခမ္းသို႔ ေဂ်ာင္ကု ဝင္လွဲလိုက္ေသာအခါ အစ္ကို႔ခႏၶာကိုယ္က ခ်က္ခ်င္းေဘးသို႔ ေစာင္းသြားသည္။က်ယ္ျပန္႔ေသာ အစ္ကို႔ေက်ာျပင္သည္ သူ႕ကိုေနာက္ခိုင္းလ်က္။

“အစ္ ကို ”

ခပ္တိုးတိုး ေခၚမိေတာ့ ထူးသံမၾကားရ။ခါးေပၚသို႔ လွမ္းဖက္ဖို႔ လက္လွမ္းလိုက္ေပမယ့္ သူ႕လက္ေတြက လမ္းတစ္ဝက္တစ္ပ်က္မွာပင္ ရပ္တန္႔သြားသည္။ အျပစ္႐ွိေနသူတစ္ဦး၏ ေသြးမ်ားစီးဆင္းေနေသာ ထိုလက္မ်ားျဖင့္ အစ္ကို႔ကိုမထိရက္ေတာ့ပါ။

သူ႕ မ်က္လုံးေထာင့္စြန္းမွ  မ်က္ရည္မ်ားသည္ အျပာေရာင္ေခါင္းအုံးေပၚသို႔ တစ္စက္ခ်င္း စီးက်သြားသည္။

ြအစ္ကို႔ အနားေနခ်င္လို႔ ႀကိဳးစားမိ႐ုံပါ။ဘာလို႔ ဒီေလာက္ရက္စက္ရတာလဲ ကံၾကမၼာရယ္။

𖧷 . 𖧷 .𖧷

ေနာက္ပိုင္းတြင္ ေဆာ့ဂ်င္ ပုံစံက သိသိသာသာ ေျပာင္းလဲသြားသည္။မနက္မိုးလင္းတာနဲ႔ ဆိုင္ကို အေစာႀကီးသြားတတ္သလို မိုးခ်ဳပ္မွ အိမ္ကိုျပန္လာတတ္သည္။ေဂ်ာင္ကုကိုလည္း စကားမေျပာ။မသိက်ိဳးကြၽံျပဳကာ သူလုပ္စရာ႐ွိတာကို လုပ္သည္။

ယခုလည္း အိမ္ေ႐ွ႕က တံခါးဖြင့္သံေၾကာင့္ ဟင္းခ်က္ေနရာမွ ေဂ်ာင္ကု ေျပးထြက္သြားသည္။ေဆာ့ဂ်င္ဆီက မ်က္ႏွာရေရးအတြက္ သူအစြမ္းကုန္ႀကိဳးပမ္းေနျခင္း ျဖစ္သည္။

“အစ္ကို ျပန္လာၿပီလား။ ေရခ်ိဳးၿပီးရင္ ထမင္းအတူစားရေအာင္ေနာ္”

လက္ထဲက အိတ္ကိုလွမ္းဆြဲေတာ့ အစ္ကိုက အထိမခံ။ဆတ္ကနဲ တြန္းလႊတ္သည္။သူ႕ႏွလုံးသားတစ္ခုလုံးကို ဆုတ္ဆြဲခံလိုက္ရသလို နာက်င္သြားေသာ္လည္း ဘာမွမျဖစ္သလို ဟန္ေဆာင္လိုက္ရင္း ေနာက္ကိုေျခႏွစ္လွမ္းခန္႔ ဆုတ္ေပးလိုက္သည္။ထိုအခါ အစ္ကိုက သူ႕ကိုတစ္ခ်က္မွပင္ ငဲ့မၾကည့္ဘဲ အခန္းထဲသို႔ တန္းဝင္သြားသည္။

ခဏၾကာေတာ့ အစ္ကိုက အေပၚပိုင္းဗလာနဲ႔ အခန္းထဲက ထြက္လာသည္။အခန္းေ႐ွ႕မွာ ရပ္ေနေသာ သူ႕ကို တစ္ခ်က္ငဲ့ၾကည့္ၿပီး ေရခ်ိဳးခန္းထဲသို႔ ဝင္သြားသည္။အခ်ိန္အေတာ္ၾကာအထိ ေရက်သံက ရပ္မသြားဘဲ အဆက္မျပတ္ၾကားေနရသည္။

“အစ္ကို...ၾကာေနၿပီ။ ဖ်ားဦးမယ္”

ေဂ်ာင္ကုက တံခါးကို သုံးေလးခ်က္ ဆင့္ၿပီး ထုလိုက္သည္။ဒီေတာ့မွ ဆံပင္ေရလက္စက္ႏွင့္ ေဆာ့ဂ်င္က ထြက္လာသည္။နီရဲေနေသာ မ်က္လုံးမ်ားက ေဂ်ာင္ကုကိုမၾကည့္။ေ႐ွ႕မွာ ပိတ္ရပ္ေနသည့္ ေဂ်ာင္ကုကို ပခုံးခ်င္းတိုက္ကာ ထြက္သြားသည္။

ထမင္းစားပြဲေပၚက ေဂ်ာင္ကုျပင္ေပးထားေသာ ထမင္းဝိုင္းကိုလည္း ေဆာ့ဂ်င္ စားခ်င္စိတ္ပင္မ႐ွိ။အက်ီလက္႐ွည္ အျဖဴကိုတံေတာင္ဆစ္ထိ ေခါက္တင္လိုက္ၿပီး အေပၚၾကယ္သီး ႏွစ္လုံးေလာက္ကို ျဖဳတ္ကာ လည္ပင္းဟ,စိ ပုံစံျဖင့္ပင္ ျပတင္းေပါက္ေဘးက ထိုင္ခုံေပၚတြင္ ထိုင္ေနမိသည္။

လိေမၼာ္နီေရာင္ ေနလုံးသည္ အေနာက္ဘက္ေကာင္းကင္ျပင္သို႔ ဝင္ေရာက္ေပ်ာက္ကြယ္သြားၿပီ။အခန္းမီး ဖြင့္မထားေသာေၾကာင့္ တစ္ခန္းလုံး ေမွာင္ေနသည္။သို႔ေသာ္ ေတာက္ေနေသာ တိမ္ထုမ်ား၏ အေရာင္က ျပတင္းေပါက္သံတိုင္မ်ားကို ျဖတ္၍ သူ႕မ်က္ႏွာ တစ္ျခမ္းေပၚတြင္ က်ေရာက္ေနသည္။ျဖဴႏုေနသည့္ ေရခ်ိဳးၿပီးစ မ်က္ႏွာထက္တြင္ အလင္းတစ္ဝက္၊အေမွာင္တစ္ဝက္ျဖင့္။

ေန႔လည္က ဝယ္လာေသာ စီးကရက္ဘူးထဲက စီးကရက္တစ္လိပ္ကို ႏႈတ္ခမ္းႏွစ္လႊာၾကားတြင္ ေတ့ရင္း မီးဖြာလိုက္သည္။နီရဲသြားေသာ စီးကရက္ထိပ္ကို ၾကည့္ရင္း လက္ညိႇဳးႏွင့္ လက္ခလယ္ၾကားတြင္ ညႇပ္ကာ တစ္႐ိႈက္,႐ိႈက္သြင္းလိုက္သည္။

“အဟြတ္...ဟြတ္”

တစ္ခါမွ မျမည္းစမ္းၾကည့္ဖူးေသာ မႊန္ထူသြားသည့္ ေဆးနံ႔ေၾကာင့္ေရာ၊ထုံေပေပအရသာေၾကာင့္ပါ လည္ေခ်ာင္းထဲက တလိပ္လိပ္တက္လာကာ သူ မေအာင့္ႏိုင္ေတာ့။သူ႕ေခ်ာင္းဆိုးသံၾကားေတာ့ အခန္းတံခါးက ဝုန္းကနဲ ပြင့္သြားကာ ေဂ်ာင္ကုက ေျခလွမ္းက်ဲႀကီးမ်ားျဖင့္ ဝင္လာသည္။

“ဘာေတြ ေလွ်ာက္လုပ္ေနတာလဲ။ သတိထားစမ္းပါဦး.. အစ္ကိုရဲ႕။ ဘယ္တုန္းကမ်ား စီးကရက္ကိုေသာက္ဖူးလို႔ ခင္ဗ်ားက ေသာက္ေနရတာလဲ ”

ပုတ္ထုတ္လိုက္ေသာ လက္အ႐ွိန္ေၾကာင့္ သူ႕ႏႈတ္ခမ္းၾကားက စီးကရက္သည္ ေအာက္ၾကမ္းျပင္ေပၚသို႔ ျပဳတ္က်သြားသည္။

“ဖယ္စမ္းပါ”

သူ႕ပခုံးက ႏွစ္ဖက္ကို ကိုင္လႈပ္ၿပီး ေမးေနေသာ ေဂ်ာင္ကုလက္ေတြကို ပုတ္ခ်လိုက္သည္။ေနာက္တစ္လိပ္ယူဖို႔ ႀကိဳးစားေတာ့ ေဂ်ာင္ကုမ်က္လုံးေတြက ေဒါသေၾကာင့္ အေရာင္ေတာက္ေနသည္။ထို႔ေနာက္ ေဂ်ာင္ကုက စီးကရက္ တစ္ဘူးလုံးကိုယူကာ ျပတင္းေပါက္ အျပင္ဘက္သို႔ လႊင့္ပစ္သည္။

“ဂြၽန္ ေဂ်ာင္ ကု”

သူ ေအာ္လိုက္ေတာ့ ေဂ်ာင္ကုက ေ႐ွ႕တိုးလာသည္။

“မင္း ေ႐ွ႕ကို ဆက္တိုးမလာနဲ႔”

တဒဂ္တြင္ သူ႕စိတ္ေတြ ေထြျပားသြားသည္။တျဖည္းျဖည္း နီးကပ္လာေသာ လူသည္ ေဂ်ာင္ကုမဟုတ္ေတာ့ဘဲ တျခားလူတစ္ေယာက္၏ မ်က္ႏွာကိုသာ သူျမင္ေယာင္ေနသည္။ဆံပင္ျဖဴတစ္ခ်ိဳ႕ ေရာယွက္ေနသည့္ မဲ့ျပဳံးမ်က္ႏွာတစ္ခု။အေဖႏွင့္ ညီေလး၏ ေသြးသံရဲရဲ ပုံရိပ္မ်ား။

“သြား..ငါ့ဆီကို မလာနဲ႔။မုန္းတယ္...မုန္းတယ္”

အျဖစ္အပ်က္မ်ားက ျမန္ဆန္သည္။အံဆြဲထဲက ကပ္ေၾကးက သူ႕လက္ထဲသို႔ ဘယ္အခ်ိန္ေရာက္ေနမွန္းေတာင္ မသိ။

“မုန္းတယ္ မုန္းတယ္ လို႔ ခဏခဏမေျပာပါနဲ႔။ အဲ့ဒီလို မေျပာလည္း ကြၽန္ေတာ္႕ကို ခုလိုဥေပကၡာျပဳေန႐ုံနဲ႔ ေသလို႔ရတယ္ သိရဲ႕လား”

ကပ္ေၾကးကိုင္ထားေသာ သူ႕လက္ကို ႐ုတ္တရက္ ဖမ္းခ်ဳပ္လိုက္ေသာ အားေကာင္းသန္မာသည့္ လက္တစ္ဖက္။ထိုလက္ပိုင္႐ွင္ကို ၾကည့္မိေတာ့ ဟိုလူယုတ္မာ မဟုတ္ေတာ့။အရည္ၾကည္မ်ား ရစ္သိုင္းေနေသာ မ်က္လုံးဝိုင္းမ်ားျဖင့္ သူ႕မ်က္လုံးတည့္တည့္ကို စိုက္ၾကည့္ေနေသာ ေဂ်ာင္ကု။

“ အစ္ကို..ကြၽန္ေတာ္႕ကို သတ္ခ်င္ေလာက္ေအာင္ မုန္းေနတာလား ”

ေဆာ့ဂ်င္ ဘာမွျပန္မေျဖမိ။မ်က္လုံးခ်င္းမဆုံမိေအာင္ ေ႐ွာင္တိမ္းရင္း ခ်ဳပ္ထားေသာ လက္ကို႐ုန္းဖို႔ႀကိဳးစားေတာ့ ​ေဂ်ာင္ကုက လႊတ္မေပး။ကတ္ေၾကး ကိုင္ထားေသာ လက္ကိုအေပၚက အုပ္ကိုင္လာကာ သူ႕လည္ပင္း႐ွိရာသို႔ ဆြဲယူသည္။

“လုပ္လိုက္...ဒီအတိုင္းေလး လွီးပစ္လိုက္”

ေဆာ့ဂ်င္က ႐ုန္းသည္။သို႔ေသာ္ က်ယ္ျပန္႔ေသာ ေဂ်ာင္ကုလက္ဖဝါးကို မတြန္းလွန္ႏိုင္ပါ။

“ဟင့္အင္း...ဖယ္စမ္း”

ထိုအခိုက္ လက္ေနေသာ ကပ္ေၾကးအသြားက ေဂ်ာင္ကုလည္ပင္းထက္ အိကနဲ နစ္ဝင္သြားသည္။

“ဂြၽန္ ေဂ်ာင္ ကု ”

သူ အလန္႔တၾကား ေအာ္မိသြားသည္။ေသြးထြက္ေနေသာ ဒဏ္ရာကို ​ေဂ်ာင္ကုက ႐ွိသည္ဟုပင္မထင္။ခပ္ဟဟရယ္ရင္း ေ႐ွ႕တိုးလာသည္။

“ေက် နပ္ လား အစ္ကို ”

ေဆာ့ဂ်င္ လက္ထဲက ကပ္ေၾကးကို ေယာင္ရမ္းၿပီး လႊတ္ခ်မိလိုက္သည္။ေဂ်ာင္ကုက ေ႐ွ႕ဆက္တိုးမလာေတာ့ဘဲ ၾကမ္းျပင္ေပၚတြင္ ဒူးေထာက္ထိုင္ခ်သည္။

“ေတာင္းပန္ပါတယ္..လမ္းခြဲဖို႔စကား ထပ္မေျပာပါနဲ႔။ကြၽန္ေတာ္႕ရင္ေတြ နာလြန္းလွၿပီ။ အဲ့ဒီစကား ထပ္မေျပာပါနဲ႔ေတာ့...အစ္ကိုရယ္ ”

“ကြၽန္ေတာ္႕ကို အိမ္ေထာင္ဖက္အျဖစ္ မသတ္မွတ္ရင္ေတာင္  အစ္ကို႔ေဘးမွာပဲတစ္သက္လုံး အ႐ုပ္တစ္႐ုပ္လိုေနသြားပါ့မယ္။အဲ့ဒီအစား လမ္းခြဲဖို႔ အေၾကာင္းမေျပာပါနဲ႔။အစ္ကို႔ကို ခ်စ္လြန္းလို႔....”

ေ႐ွ႕ဆက္ေျပာမယ့္ ေဂ်ာင္ကုအသံေတြက တိမ္ဝင္သြားသည္။ေခါင္းငိုက္စိုက္ခ်သြားကာ ေက်ာျပင္က်ယ္ေတြက တသိမ့္သိမ့္ တုန္ေနသည္။

“အဲ့ဒီ အ႐ုပ္ကို မလိုခ်င္​ေတာ့လို႔ စြန္႔ပစ္ခ်င္ရင္ေရာ..”

“ ဗ်ာ ”

တိုးတိတ္ေသာ အသံပင္ျဖစ္ေသာ္ျငား ေဂ်ာင္ကုနားထဲတြင္ ဗုံးတစ္လုံးေပါက္ကြဲသြားသလို ျမည္ဟီးသြားသည္။ အံဩတႀကီးနဲ႔ အစ္ကို႔မ်က္ႏွာကို ေမာ့ၾကည့္မိသည္။ကမ႓ာေပၚက အရာအားလုံးသည္ ထိုအခိုက္အတန္႔တြင္ ခဏရပ္တန္႔သြားသည္ဟု ထင္သည္။ျပတင္းေပါက္က ဝင္လာေသာေလသည္ မီးလွ်ံတစ္ခုလို ပူေလာင္ေနသည္။ေဂ်ာင္ကု အသက္႐ႈမဝခ်င္ေတာ့။ေခါင္းထဲတြင္ က်ပ္ခဲမူးေနာက္လာသည္။

“ငါ့အေဖနဲ႔ ညီကို ေသေစခဲ့သူရဲ႕ ေသြးသားနဲ႔ တစ္သက္လုံး ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ရယ္ရယ္ေမာေမာေနသင့္ရဲ႕လားဟင္။ မျဖစ္ႏိုင္ဘူး ေဂ်ာင္ကု။ ေဝးေဝးမွာေနၾကရေအာင္”

ထိုစကားအဆုံးတြင္ ေဂ်ာင္ကု အသိစိတ္မဲ့ေနသူတစ္ေယာက္လို ထရပ္လိုက္သည္။ရင္ဘတ္ထဲက စူးေအာင့္လာသည္။နာက်င္တုန္လႈပ္မႈမ်ားျဖင့္ ေပ်ာ့ေခြေနေသာ သူ႕ေျခေထာက္မ်ားသည္ မတ္မတ္မရပ္ႏိုင္။တံခါးေဘာင္ကို အားျပဳထားရသည္။

အက္ကြဲ တုန္ယင္ေနေသာ အသံျဖင့္ ေနာက္တစ္ေခါက္ ေသခ်ာေအာင္ ထပ္ေမးလိုက္သည္။

“သ​ေခ်ာၿပီလား အစ္ကို။ကြၽန္ေတာ္ မ႐ွိရင္ အစ္ကိုေပ်ာ္ရမယ္ ဆိုတာ”

ေဆာ့ဂ်င္က ဘာမွျပန္မေျဖ။မ်က္ႏွာကိုသာ တစ္ဖက္လႊဲထားသည္။

ဆိတ္ဆိတ္ေနျခင္းသည္ ဝန္ခံျခင္းတဲ့...အစ္ကို။ ကြၽန္ေတာ္ သေဘာေပါက္ၿပီ။

ဘာမွထပ္ၿပီး ေျပာစရာမလိုေတာ့။အခန္းအျပင္ဘက္ကို သူ႕ေျခေထာက္ေတြ ဦးတည္လိုက္သည္။

ကြၽန္ေတာ္ရဲ႕ မေတာက္တေခါက္ ညေနစာကို အစ္ကို႔ကို ျပင္မေပးႏိုင္ေတာ့ဘူး။

အိပ္ေမာက်ေနတဲ့ အစ္ကို႔ရဲ႕ ပါးတစ္ဖက္ကို ခိုးၿပီးမနမ္းႏိုင္ေတာ့ဘူး။

စ,ေနာက္ၿပီး အစ္ကို႔ကိုယ္လုံးေႏြးေႏြးကို ရင္ခြင္ထဲ ေထြးမဖက္ႏိုင္ေတာ့ဘူး။

အစ္ကို႔ မ်က္ရည္ေတြ၊နာက်င္တဲ့ အတိတ္ေတြနဲ႔ ရင္းၿပီးမွ ရလာမယ့္ ေပ်ာ္႐ႊင္မႈမ်ိဳးကို ကြၽန္ေတာ္မလိုခ်င္ေတာ့ဘူး အစ္ကိုရယ္။

သူ႕ဘဝတြင္ အေပ်ာ္႐ႊင္ရဆုံး အမွတ္တရမ်ားႏွင့္ ျပည့္ႏွက္ေနေသာ ထိုအခန္းငယ္ကို ေက်ာခိုင္းလိုက္သည္။နာက်င္မႈေတြ စြန္းထင္းေနသည့္ မ်က္လုံးမ်ားျဖင့္ အစ္ကို႔ကိုေနာက္ဆုံးအႀကိမ္ လွည့္ၾကည့္မိသည္။လက္က်န္အင္အားတို႔ျဖင့္ အစ္ကိုရပ္ေနသည့္ ေနရာထိ သူေလွ်ာက္သြားလိုက္သည္။

“အစ္ ကို ”

ေခါင္းငုံ႔ထားရာမွ မ်က္ႏွာေခ်ာေခ်ာက ေမာ့ၾကည့္လာသည္။

ဆံစမ်ား က်ေနေသာ နဖူးထက္ကို လက္တစ္ဖက္ႏွင့္သိမ္းတင္ေပးလိုက္ၿပီး ႏႈတ္ခမ္းျဖင့္ ဖိကပ္နမ္းလိုက္သည္။

မ်က္လုံး​ေတြကို မွိတ္ထားလိုက္​ေတာ့သူ႕မ်က္ရည္တစ္ခ်ိဳ႕က အစ္ကိုဆံပင္ေပၚသို႔ ကူးလူးစိုစြတ္သြားသည္။

ေနာက္ဆုံးေသာ အနမ္းသည္ ရင္နာစရာေကာင္းေလာက္ေအာင္ ႏူးညံ့လြန္းသည္။

“ သိပ္ ခ်စ္ တယ္ ”

“ၿပီးေတာ့...ေက်း ဇူး တင္ ပါ တယ္”

ၿပီးေတာ့ အစ္ကို႔ကို အ႐ူးအမူးခ်စ္ခဲ့တဲ့ လူတစ္ေယာက္ကို ခဏတစ္ျဖဳတ္ျဖစ္ျဖစ္ သတိေတာ့ရေနေပးပါ။

ႏႈတ္ဆက္ခဲ့ပါတယ္။

သူ႕ ေျခလွမ္းေတြ ဒယိမ္းဒယိုင္ျဖင့္ အိမ္ေ႐ွ႕ထိေရာက္လာခဲ့သည္။တစ္လတာမွ် ေပ်ာ္႐ႊင္ခဲ့ရေသာ အိမ္ေလးသည္ အေနာက္တြင္ က်န္ခဲ့ၿပီ။ဆိုင္ကယ္လက္ကိုင္ေပၚ လက္တင္ရင္း သူရပ္ေနမိသည္။

အရင္တစ္ခါလို အစ္ကိုမ်ား ထြက္လာမလားရယ္လို႔။အစ္ကို ကြၽန္ေတာ္႕ကို တားလိမ့္မလားလို႔ ေနာက္ဆုံးေမွ်ာ္လင့္ခ်က္ယဲ့ယဲ့ေလးျဖင့္ ေစာင့္ေနမိသည္။

သူ႕ ဆုေတာင္းေတြ မျပည့္ခဲ့ပါ။

အစ္ကို႐ွိေနေသာ အေပၚထပ္ ဝရံတာတည့္တည့္က အခန္းေလးဆီ အၾကည့္ေရာက္သြားမိေတာ့ မီးေရာင္ေဖ်ာ့ေဖ်ာ့ေအာက္တြင္ အရိပ္တစ္ခုကို ေတြ႕လိုက္ရသည္။

အစ္ကို ကြၽန္ေတာ္႕ကို ၾကည့္ေနေလမလား။ဒါမွမဟုတ္ ငိုပဲငိုေနေလမလား။

ဘယ္အခ်ိန္လွမ္းေခၚမလဲ ေစာင့္ေနတဲ့ေကာင္ပါ။ကိုယ္ထြက္မသြားခင္ေလး တစ္ခ်က္ေလာက္သာ တားခဲ့ရင္ မင္းရင္ခြင္ထဲ အေျပးလာခဲ့မွာ။

အခ်ိန္အတန္ၾကာသည္အထိ ထူးျခားမႈမ႐ွိ။ေဂ်ာင္ကု မ်က္ရည္မ်ားၾကားကပင္ ဆိုင္ကယ္ကို စက္ႏိႈးလိုက္သည္။

ထို႔ေနာက္ တိတ္ဆိတ္ေနေသာ လမ္းမထက္တြင္ ဆိုင္ကယ္စက္သံသည္ တျဖည္းျဖည္း ေဝးကြာခဲ့သြားေလၿပီ။

အဆုံးသတ္ မလွခဲ့ေသာ ဇာတ္လမ္းတစ္ပုဒ္၏ ဇာတ္သိမ္းသည္ ထိုေန႔ညက အဆုံးသတ္သြားခဲ့သည္။

........ခဏအၾကာတြင္ ေျခာက္ကပ္အသက္မဲ့ေနေသာ ထိုလမ္းမထက္ မာနတရားတို႔ျဖင့္ တုပ္ေႏွာင္ထားေသာ ေျခေထာက္ျဖဴျဖဴေလး တစ္စုံရပ္ေနခဲ့တာကိုေတာ့ ထြက္ခြာသြားသည့္ ေကာင္ေလးသိခြင့္မရခဲ့ပါ။

စြန္႔ပစ္လိုက္လို႔သာ မင္းအလိုက် ေနာက္ဆုတ္လိုက္ရတာ။

ကိုယ္မင္းကို ဘယ္ေလာက္ခ်စ္တာ ကိုယ္သာအသိပါ။

~~~~~~~~~~~~~ // ~~~~~~~~~~~~~..............AN/ဇာတ္သိမ္းပါေတာ့မယ္။

Thanks for your reading & votingRiona

There are no comments yet. Log in to be the first to leave a review!

Similar stories