~ 22 ~
13:31, 26 September 2021Unicode_________
ညက အိပ်ရာဝင်ချိန် နောက်ကျသွားသည်မို့ ဂျောင်ကုခေါင်းတစ်ခုလုံး နောက်ကျိနေသည်။ခါတိုင်းနှင့်မတူဘဲ လစ်ဟာနေသော သူ့ရင်ခွင်ကြောင့် မျက်လုံးမဖွင့်မိသေးဘဲ လက်တစ်ဖက်နှင့် လိုက်စမ်းသည်။ထိုအခါ လက်ချောင်းများအောက်က အိပ်ရာခင်း၏ အေးစက်စက် အထိအတွေ့ကိုသာ ရသည်။သူ့မျက်လုံးတွေ ဖျတ်ကနဲ ပွင့်သွားသည်။
“အစ် ကို”
ကုတင်ခြေရင်းက ထိုင်ခုံပေါ်မှာ ငုတ်တုတ်လေး ထိုင်နေသော အစ်ကို။မျက်လုံးများက သာမန်နဲ့ မတူဘဲ သူ့ကို မမှိတ်မသုန် စိုက်ကြည့်နေသည်။
“အစ်ကို..ဘာဖြစ်လို့လဲဟင်။ အစောကြီးနိုးနေတာလား။ခန္ဓာကိုယ်က နာနေသေးလား။ ညက ကျွန်တော် ဆေးလုံးတိုက်ထားပေမယ့် အဆင်ပြေ..”
“ဂေျာင် ကု”
ဂျောင်ကုက စိုးရိမ်တကြီး တရစပ်မေးလိုက်ပေမယ့် စကားမဆုံးခင် ဖြတ်ခေါ်လိုက်သော ဆော့ဂျင်ကြောင့် ရုတ်တရက် ကြောင်သွားသည်။ထူးသံကလည်း ပုံမှန်ထက် ကျယ်သွားသည်။
“ဗျာ”
“ဒီစာအုပ်ကို ညက တွေ့ခဲ့တယ်။ဒီအထဲက ဓာတ်ပုံက မင်းသူငယ်ချင်းပုံလား”
မြှောက်ပြလာသော လက်ဝါးအရွယ် စာအုပ်ကလေးကြောင့် ဂျောင်ကုရင်ထဲ ဆစ်ကနဲနာသွားသည်။
“ဟုတ်တယ် အစ်ကို။အဲ့ဒါ မင်ဟို ကျွန်တော့်ကိုလက်ဆောင် ပေးထားတဲ့စာအုပ်လေး။ စာအုပ်ထဲမှာ သူ့ဓာတ်ပုံလေးပါ အမှတ်တရထည့်ပေးထားတာ”
“သူသေပြီးတော့ရော...အဲ့ဒီအမှုဘာဖြစ်သွားသေးလဲ။ တရားခံတွေကို ဖော်ထုတ်နိုင်ခဲ့ရဲ့လား”
ဆော့ဂျင်သည် နင့်နေသော ရင်တွင်းတစ်နေရာကို ထိန်းချုပ်ကာ အသံတိမ်ဝင်မသွားအောင် ကြိုးစားနေရသည်။သူ့မျက်လုံးတွေက အရောင်မှိန်ကာ မှုန်မှိုင်းနေသည်။
ဂျောင်ကုက အပေါ်ပိုင်းဗလာကျင်း အနေအထားနှင့်ပင် ကုတင်ခြေရင်းစွန်းတွင် ထိုင်သည်။ထို့နောက် မျက်နှာကို လက်ဝါးနှစ်ဖက်ဖြင့် ပွတ်သပ်ပြီး ခေါင်းငိုက်စိုက်ချကာ စကားစကို ဆက်သည်။
“ဟင့်အင်း။ မဖော်ထုတ်နိုင်ခဲ့ဘူး။ အဲဒီ့အဖြစ်အပျက်ကြီး ပြီးတော့ ကျွန်တော် နိုင်ငံခြားမှာ တစ်နှစ်ဆေးသွားကုလိုက်ရတယ်။ခေါင်းကို ထိခိုက်သွားတာမို့လို့ အကြောင်းအရာတစ်ချို့ကို မှတ်မိဖို့ ကျွန်တော်ကြိုးစားခဲ့ရတယ်။ပထမ ခြောက်လမှာ ပြင်ပခန္ဓာကိုယ်ကျန်းမာရေး၊နောက် ခြောက်လမှာ စိတ်ကျန်းမာရေး အတွက် ကုခဲ့ရတယ်။ကားမောင်းဖို့ ကြိုးစားတိုင်း မီးတောက်တွေကို မြင်တိုင်း ကျွန်တော့်စိတ်ကို control မလုပ်နိုင်ခဲ့ဘူး”
“နိုင်ငံခြားက ပြန်လာလာချင်း အမှုအတွက် အဖေ့ကို အကူအညီ တောင်းခဲ့ပေမယ့် အဖေက မလိုက်လျောခဲ့ဘူး။အဲ့ဒီ အကြောင်းကိုအစဖော်လိုက်တိုင်း ခါးခါးသီးသီးငြင်းတယ်။တခြားရှေ့နေတွေနဲ့ အဖေမသိအောင် တိတ်တဆိတ် စုံစမ်းခဲ့ပေမယ့် ဘယ်လိုမှသဲလွန်စ ရှာလို့မရဘူး။အဆိုးဆုံးက ကားနံပါတ်ကို ကျွန်တော်လုံးဝ မမှတ်မိတာပဲ။ပြီးတော့ ကျွန်တော်မင်ဟိုကျသေခဲ့တဲ့ ချောက်ကမ်းပါးအောက်ကိုလည်း သွားကြည့်ခဲ့သေးတယ်။ကားမီးလောင်တဲ့ အကြွင်းအကျန်တစ်ခုမှ မတွေ့ခဲ့ဘူး။သက်သေကျန်ခဲ့မယ့် အစအနမှန်သမျှ လက်စဖျောက်ခဲ့တယ်ထင်တယ်”
ဂျောင်ကု စကားတွေက သူ့နားထဲ ကြားတစ်ချက်၊မကြားတစ်ချက်။ပြည့်အိုင်လာသော မျက်ရည်များက ပါးနှစ်ဖက်ပေါ်သို့ အလိုအလျောက် စီးဆင်းလာသည်။မျက်ရည်သုတ်ဖို့ကိုတောင် သူသတိမရ။ဆူဂျင်၏ ငယ်စဉ်က ပုံရိပ်များသာ သူ့အာရုံထဲ ရုပ်ရှင်ဇာတ်လမ်းတစ်ပုဒ်လို အစီအရီပေါ်လာသည်။အာစေးထည့်ထားသလို လေးကန်နေသော သူ့နှုတ်ခမ်းများကို ဖွင့်ဟနိုင်ဖို့ အတန်တန်ကြိုးစားနေရသည်။
“ဂေျာင်ကု...”
“ဗျာ..”
“မင်ဟိုနဲ့ ပတ်သက်တဲ့ အမှတ်တရတွေ ဘာကျန်ခဲ့သေးလဲ”
“ကေျာင်းသားဘဝက ဓာတ်ပုံလေးတွေ ရှိသေးတယ်”
“အဲ့ဒီပုံတွေ ဘယ်မှာထားလဲ”
“အိမ်မှာ ..အစ်ကို။ ဒါနဲ့ အစ်ကိုဘာဖြစ်လို့လဲဟင်။ မင်ဟိုကို သိနေတာလား”
ဂျောင်ကု မသက်ာတော့။ရင်ထဲတွင် စိုးရိမ်စိတ်က လှိုင်းတံပိုးတွေလို နိမ့်ချည်မြင့်ချည် ရိုက်ခတ်နေခဲ့တာ ဆော့ဂျင်ထိုင်နေသည့် ထိုင်ခုံနားထိ တိုးကပ်သွားသည်။မီးရောင်ဖျော့ဖျော့အောက်ရှိ အနည်းငယ်စိုစွတ်နေသော ပါးပြင်နှစ်ဖက်ပေါ်သို့ အကြည့်ရောက်မိချိန်တွင် သွေးခုန်နှုန်းက ဒိတ်ကနဲ တစ်ချက်ခုန်ဆောင့်သည်။
“ ဟင်! အစ်ကို ငို နေ တယ် ”
“အစ်ကို..ဘာဖြစ်လို့လဲဟင်! ကျွန်တော့်ကိုပြော”
ဂျောင်ကုက ဆော့ဂျင် ပါးပေါ်က မျက်ရည်တွေကို လက်ဖနောင့်နှင့် ကြင်နာစွာ သုတ်ပေးရင်း မေးသည်။
“ဘာဖြစ်လို့လဲဟင် အစ်ကို”
ကျောက်ရုပ်တစ်ရုပ်လို ငြိမ်သက်နေသော အစ်ကိုက တုပ်တုပ်မျှပင် မလှုပ်။အသိစိတ်လွတ်နေသူ တစ်ဦးပမာ မျက်စိသူငယ်အိမ်တွေပါ ကြောင်နေသည်။
“အစ်ကို တစ်ခုခုဖြေပါဦး။ ကျွန်တော့်ရင်တွေပူနေပြီ”
သူ အော်လိုက်တော့မှ အစ်ကို့မျက်လုံးအကြည့်က တစ်ချက်ရွေ့သွားသည်။ပြီးမှ လေသံမျှဖြင့် တစ်စုံတစ်ခုကိုပြောသည်။တိုးတိတ်သော အသံပင်ဖြစ်သော်လည်း သူ့နားထဲတွင် ချိန်ကိုက်ဗုံးတစ်လုံးလို ပေါက်ကွဲသွားသည်။
“ချွဲမင်ဟိုက ငါ့ရဲ့.... တစ်ဦးတည်းသော ညီလေး ကင်ဆူ ဂျင် ”
“ဗျာ....”
𖧷 . 𖧷 .𖧷
သစ်သား အပြားကြီးကြီး နှစ်ချောင်းကို ကြက်ခြေခတ် သဏ္ဍာန်ပြုလုပ်ပြီး အသေပိတ်ထားသော အခန်းတံခါး။ထိုသစ်သားချပ်များကို ခွာချလိုက်ပြီးနောက် တံခါးကိုဆွဲဖွင့်လိုက်သည်။
ထိုအခါ သူထင်ထားသလို အမှိုက်သရိုက်များ၊ပင့်ကူအိမ်များ ရှိမနေ။ဖုန်မှုန့်အနည်းငယ်ရှိသည်မှအပ အခန်းတစ်ခန်းလုံး သစ်လွင် တောက်ပြောင်နေသည်။
ပရိဘောဂ များများစားစားတော့မရှိ။စားပွဲတစ်လုံးရယ်၊ ထိုင်ခုံလေးတစ်ခုံရယ်ပဲ ရှိသည်။တစ်ခန်းလုံး အပြည့်ရှိနေသည်က ဓာတ်ပုံများ။အရွယ်အစားစုံ ဓာတ်ပုံများက နံရံတစ်ခုလုံးတွင် နေရာယူထားသည်။ကျောင်း uniform ဆင်တူဖြင့် နှစ်ယောက်တွဲရိုက်ထားသည့် ပုံများ။
“ ဆူ ဂျင် ”
သူ ခပ်တိုးတိုး ခေါ်လိုက်ရင်း နံရံပေါ်က ပြုံးရယ်နေသော မျက်နှာကိုလက်ဖြင့်ဖွဖွ ထိကြည့်သည်။မျက်မှန်ဝိုင်းအောက်က မျက်လုံးများက အသက်ရှင်နေဆဲ လူတစ်ယောက်လိုမျိုး အသက်ဝင်နေသည်။
“ဆူ ဂျင်...ငါ့ ညီ လေး”
သူ့ လက်ချောင်းများက တဆတ်ဆတ်တုန်နေသည်။ဘယ်အရာကိုမှ ဆုပ်ကိုင်နိုင်စွမ်း မရှိလောက်အောင် တစ်ကိုယ်လုံး ပျော့ခွေနေသည်။ ခြေထောက်နှစ်ဖက်လုံးတွင် ကမ္ဘာမြေထုတစ်ခုလုံး၏ ဆွဲအားပါဝင်နေသကဲ့သို့ လေးလံနေသည်။မျက်ရည်က တော်တော်နှင့်ထွက်မလာ။ရင်ဘတ်တစ်ခုလုံး မီးစမီးခဲတစ်ခုနှင့် ခပ်စိပ်စိပ်ထိုးနေသလို ပူလောင်တင်းကျပ်မှုများနှင့် ကွဲထွက်မတတ်။
အသံသည် ရင်တွင်းတစ်နေရာမှ လှိုက်တက်လာပြီးနောက် လည်ချောင်းအဝအရောက်တွင် တစ်ဆို့ကာ အပြင်သို့လုံးဝထွက်မလာ။သူသည် ဝင်သက်ထွက်သက်ကို ပင်ပန်းစွာ ရှုရှိုက်နေရသည်။နိမ့်ချည် မြင့်ချည် ခုန်လှုပ်နေသော ဘယ်ဘက်ရင်အုံတစ်နေရာကို ဖိရင်းနောက် နေရာမှာတင် အရုပ်ကြိုးပြတ်လဲကျသွားသည်။
“အစ်ကို.... အစ်ကို သတိထားပါဦး”
သူ့ တစ်ကိုယ်လုံးကို ေပွပိုက်ထားသည့် ဂျောင်ကုရင်ခွင်သည်လည်း မနွေးထွေးနိုင်တော့။ဂျောင်ကုမျက်နှာက သူ့နဖူးထက်တွင် ဖိကပ်လာကာ မျက်ရည်များကြားက သွေးရူးသွေးတန်းဖြင့် နမ်းသည်။
“ကျွန်တော်ရှိတယ်နော်.အစ်ကို။ ကျွန်တော်ရှိတယ် ”
ဂျောင်ကုရင်ဘတ်ကို တွန်းပစ်ကာ နံရံကိုမှီရင်း သူ ထိုင်လိုက်သည်။ဘယ်အချိန်ကတည်းက လက်ထဲရောက်နေမှန်းမသိသော ဂျောင်ကုနှင့်ဆူဂျင်၏ နှစ်ယောက်တွဲပုံက တွန့်ကြေမွနေသည်။လက်သီးဆုပ်ထဲက ထိုပုံကို ဖြန့်လိုက်ရင်း...
“ငါ့ ညီလေးကို ဒီလိုပုံစံနဲ့ ပြန်တွေ့ရမယ် လို့ ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ဘူး။ ငါ သူ့ကိုနေ့တိုင်း ရှာနေခဲ့တာ သိလား။ငါ သူ့အကြောင်းကို အမြဲတမ်း စုံစမ်းနေခဲ့တာ။ဘာလို့ ဒီလောက်ကြာတဲ့အထိ အိမ်ကို ပြန်မလာပါလိမ့်လို့ ငါ တွေးနေခဲ့တာ။ဘယ်ဟုတ်မလဲ...သူက သေသွားခဲ့တာကိုး..ဟား..ဟား”
မျက်ရည်တွေကြားက သူရယ်တော့ ဂျောင်ကုက မကြည့်ရက်စွာဖြင့် တင်းတင်းကျပ်ကျပ် ပွေ့ဖက်လာသည်။
“တောင်းပန်ပါတယ်..အစ်ကို။ တောင်းပန်ပါတယ်”
ထိုစဥ် အခန်းတံခါးဝဆီက တစ်စုံတစ်ယောက်၏ မဲမဲအရိပ်သဏ္ဍာန်က အခန်းထဲရှိ နံရံတွင်ထင်ဟပ်လာသည်။မကြာမီ အသက် ၅၀ ခန့်လူကြီးတစ်ဦးသည် အခန်းတွင်းသို့ ဖြည်းဖြည်းချင်း ဝင်လာသည်။ထို့နောက် ဆော့ဂျင် ရှေ့အရောက်တွင် ဒူးထောက်ထိုင်ချကာ တစ်လုံးချင်း ဆိုသည်။
“တောင်းပန်ပါတယ်”
“ တောင်းပန်ပါတယ် ကင်ဆော့ဂျင်။ဟိုဘက်အခန်းကနေ ငါအားလုံးကြားပြီးပါပြီ။ငါ့ကြောင့်...ငါကြောင့်ပါ။အရာအားလုံးက ကျုပ်ကြောင့် ”
“အ ဖေ”
ဂျောင်ကုခန္ဓာကိုယ်က ရုတ်တရက် ဆတ်ကနဲ တောင့်တင်းသွားသည်။နှစ်ပေါင်းများစွာ မသက်ာမကင်းခဲ့သော အဖြစ်အပျက်တစ်ခု၏ အမှန်တရား ကို လက်ခံနိုင်ဖို့ သူအဆင်သင့် မဖြစ်သေး။ထပ်ပြောလာသော ဖခင်ဖြစ်သူ၏ စကားများက နားထဲသို့ သံရည်ပူများ လောင်းချနေသကဲ့သို့ပင်။
“အဲ့ဒီနေ့က ဂျောင်ကုရဲ့ စာမေးပွဲနောက်ဆုံးနေ့”
~~~~~~~~~ 🔹🔹🔹🔹 ~~~~~~~~~
“ကုကီးရေ...ကုကီး”
နှာခေါင်းရိုးပေါ် ေလျှာကျလာသော မျက်မှန်ကို ပင့်တင်လိုက်ရင်း အိမ်ထဲသို့ မရဲတရဲဝင်လာသော ကောင်လေး။သူ့နာမည်က ချွဲမင်ဟို။အဖေဆုံးပြီးကတည်းက အိမ်၏ စီးပွားရေးပြိုလဲသွားခဲ့ရသော သူ့တို့မိသားစုအတွက် ကျောင်းတက်နေဆဲဖြစ်သည့် သူက ဘာအထောက်အကူမှမရခဲ့။ကြာလာတော့ အစ်ကိုဖြစ်သူတစ်ယောက်တည်း ရုန်းကန်နေရတာကို သူမကြည့်ရက်နိုင်တော့။ထို့ကြောင့် မိသားစုကိုပင် အသိမပေးဘဲ အိမ်က တိတ်တဆိတ် ထွက်လာခဲ့ကာ အဆောင်တစ်ခုမှာနေပြီး အချိန်ပိုင်းအလုပ်မှန်သမျှကို မနားမနေဝင်လုပ်သည်။ဘွဲ့ရမှ အိမ်ပြန်မည်ဟူသော သူ့ဆုံးဖြတ်ချက်ကြောင့် အလုပ်တစ်ဖက်၊ကျောင်းတစ်ဖက်ဖြင့်ပင် အထက်တန်းပြီးဆုံးသည်အထိ အဆောင်မှာပင်နေခဲ့သည်။
ဆယ်ကျော်သက်အရွယ်၏ စိတ်ကူးယဥ် စွန့်စားမှု ကမ္ဘာက ထင်သလောက်တော့ မချောမွေ့ခဲ့။အချိန်ကြာလာတော့ အခက်အခဲမျိုးစုံကြောင့်တစ်ယောက်တည်း အထီးကျန်ကာ အိမ်ကိုလွမ်းလာသည်။ထို့ကြောင့် အထက်တန်းစာမေးပွဲ ပြီးသည့် နောက်ဆုံးရက်တွင် အိမ်ကိုအပြီးအပိုင်ပြန်တော့မည်ဟု သူဆုံးဖြတ်ခဲ့သည်။ဒီအတောအတွင်း အခင်မင်ဆုံး၊သူ့အပေါ် အမျိုးမျိုး ကူညီပေးခဲ့သော တစ်ဦးတည်းသော သူငယ်ချင်း ဂျောင်ကုဆီသို့ နှုတ်ဆက်ဖို့ လာခဲ့ခြင်းဖြစ်သည်။
“ဒီကောင် အိမ်မှာမရှိဘူးထင်တယ်။ဖုန်းကိုလည်း စက်ပိတ်ထားတယ်။တွေ့ဦးမယ်..ဒင်းတော့”
မင်ဟိုက တပွစိစိ ရေရွတ်ရင်း ပြန်လှည့်ထွက်မည် အပြုတွင် အိမ်နောက်ဖက်က မချိမဆန့်အော်သံတစ်ခုကြောင့် သူ့ခြေလှမ်းတွေ ရပ်သွားသည်။
“ဟင်! ဘာသံကြီးလဲ”
သိချင်စိတ်ကို ချိုးနှိမ်နိုင်စွမ်း မရှိသည့် သူ့မှာ အသံလာရာဘက်သို့ တရွေ့ရွေ့ချဥ်းကပ်သွားသည်။အိမ်အနောက်ဖက် ဂိုထောင်ဟောင်း တစ်လုံးထဲတွင်ဖြစ်သည်။
တံခါးဟထားသော ထိုကားဂိုထောင်၏ အတွင်းထဲဝယ် အကျီသားရေကိုယ်ကျပ်ဝတ်ဆင်ထားသော လူငါးယောက်။မျက်နှာဖုံးကိုယ်စီနှင့်မို့ မျက်နှာတွေကိုတော့ မမြင်ရ။ခေါင်းဆောင်ဖြစ်ဟန် တူသော လူကောင်ခပ်ထွားထွားတစ်ယောက်က လက်ထဲတွင် သေနတ်ကို ကိုင်ကာ ကျည်အသစ်ထည့်နေသည်။ကျန်လေးယောက်၏ လက်ထဲတွင် ဓားကိုယ်စီနှင့်။
သွေးအိုင်ထဲတွင် လဲနေသည့်လူကို ခေါင်းဆောင်က ခြေထောက်ဖြင့် ခတ်ကြည့်ကာ လက်ထဲက သေနတ်ဖြင့် ချိန်ထားသည်။
“သစ္စာဖောက်ကောင်။ မင်းလုပ်လို့ ငါတို့ရဲလက်ထဲကနေ ခွေးပြေးဝက်ပြေး,ပြေးလာခဲ့ရတာ..ကံကောင်းလို့ မသေတယ်။တော်တော် သတ္တိတွေကောင်းနေတယ်ပေါ့ ဟုတ်လား။ အသက်ထွက်ခါနီးရော ဘယ်လောက်ထိသတ္တိ ကောင်းမလဲ ကြည့်ကြသေးတာပေါ့ ”
အံကြိတ်စကားသံ အဆုံးတွင် ဒိုင်းကနဲ ထွက်လာသည့် သေနတ်သံနှင့်အတူ ေသွးအိုင်ထဲကလူသည် တစ်ချက်အသက်ငင်ကာ ငြိမ်သက်သွားသည်။
ထိုအခိုက်မှာပင် ဟ,ထားသော တံခါးဝဆီမှ ဖုန်းကင်မရာမီးရောင်၏ ဖျတ်ကနဲအလင်းတန်းကြောင့် သူတို့ငါးယောက်လုံး ထိတ်လန့်သွားသည်။
“ဟေ့ကောင်တွေ..အပြင်မှာ လူရှိတယ်။လိုက်ကြ ”
အခြေအနေအားလုံးက တစ်ခဏအတွင်းမှာ ရုန်းရင်းဆန်ခတ် ဖြစ်သွားသည်။
“ဟေ့ကောင်တွေ ရှာကြစမ်း၊ဒီအနားလေးတင် ပျောက်သွားတာ။ လွတ်သွားလို့ မဖြစ်ဘူး”
ကားအနက် လေးစီးတန်းစီ ရပ်ထားသော ထိုနေရာတစ်ဝိုက်တွင် သူတို့ငါးယောက်လုံး ခြေချင်းလိမ်နေကြသည်။တစ်ကားဝင် တစ်ကားထွက် ကားတံခါးများကို ဝုန်းကနဲနေအောင် ဆွဲဖွင့်ရင်း ပိုက်စိပ်တိုက်ရှာကြသည်။
နောက်ဆုံး တစ်စီးသာ ကျန်တော့သည်။ထိုငါးယောက်ထဲက တစ်ဦးမှာ မျက်နှာပေါ်က မျက်နှာဖုံးကိုဆွဲချွတ်ရင်း မဲ့ပြုံးတစ်ချက်နှင့်အတူ ကားတံခါးဆီသို့ ခြေသံမကြားအောင် ဖွဖွနင်းသွားသည်။လက်ထဲတွင်လည်း သစ်သားပိုင်းတစ်ခုကို ကိုင်ထားသည်။
“တေွ့ပြီ ”
သွားကြားထဲက လေသံကဲ့သို့ အံကြိတ်ပြောပြီးနောက် မြောက်တက်သွားသော သစ်သားပိုင်းနှင့်အတူ ကွဲကြေသွားသော မျက်မှန်အပိုင်းအစကွဲများ။
“အား ”
....
တရားရုံးချုပ်၏ အမှုမှတ်တမ်းထိန်းသိမ်းအခန်းတွင်းတွင် တရားသူကြီးဂျွန် တစ်ယောက်အလုပ်ရှူပ်နေသည်။စိတ်မအေးသလိုဖြင့် လက်က နာရီဆီတကြည့်ကြည့်လုပ်နေသည်။တရားမဝင် လက်နက်မှောင်ခိုလုပ်နေသော သူ့လုပ်ငန်းအတွက် ရတက်မအေးဖြစ်နေခြင်းဖြစ်သည်။သစ္စာဖောက်တစ်ကောင်ကြောင့် အရာအားလုံး ပြီးဆုံးသွားရတော့မည့် ဆဲဆဲ လူယုံဖြစ်သော ယောင်မင်း၏ အတိမ်းအရှောင်ကောင်းမှုကြောင့်သာ ကံကောင်းသွားသည်။
ထိုစဥ် ဘောင်းဘီ အိပ်ကပ်ထဲက ဖုန်းသံကြောင့် ဖုန်းကိုင်လိုက်တော့ ယောင်မင်းဆီက ဖြစ်သည်။
“ဆရာ ဘယ်လိုလုပ်မလဲ။ကျွန်တော်တို့ ကိစ္စတွေကို ကောင်လေးတစ်ယောက်မြင်သွားတယ် ”
“ဘာ...ဘာပြောတယ်။အခု အဲ့ဒီကောင်လေးရော”
“အခု ကားထဲမှာ ဆရာ။ကျွန်တော် အရှိန်လွန်သွားတယ်။လက်လွန်ခြေလွန် ဖြစ်သွားပြီ”
“တောက်! ခွေးကောင်တွေ..ပြဿနာရှာပြန်ပြီ။ အကုန်ထောင်ထဲရောက်ကုန်မယ်ကွ”
“ကျွန်တော်...ဘယ်..ဘယ်လိုလုပ်ရမလဲ ဆရာ..”
တဒဂ်တွင်း သူဘာမှမစဥ်းစားနိုင်တော့။သူ့တစ်ကိုယ်လုံး ကြွတက်သွားသလို ခံစားရသည်။သူ့သက်တမ်းတစ်လျှောက် တစ်ခါမှ ခြေချော်လက်ချော် မဖြစ်ခဲ့ဘူးသည့် ကိစ္စ။ယခုတော့ လည်ပင်း ကြိုးကွင်းစွပ်တော့မည့် အနေအထားသို့ရောက်တော့မည်။
“နေဦး။ငါလာမယ်..ခဏနေဦး။ဘာမှမလုပ်နဲ့ဦး ”
“အခုဘယ်မှာလဲ ”
“မြို့စွန်က တောစပ်မှာ ဆရာ”
ဖုန်းချပြီး,ပြီးချင်း ယောင်မင်းပြောသော ထိုနေရာသို့ ကားကိုမိုင်ကုန်ဖွင့်ကာ ဦးတည်လိုက်သည်။လမ်းတစ်ဝက်အရောက်တွင် ဖုန်းသံက တစ်ဖန်မြည်လာပြန်သည်။
“ပြော..ယောင်မင်း”
“ဆ...ဆရာ...အခြေအနေတွေ...ရှုပ်ထွေးကုန်ပြီ။ဆရာ့သား....ဆရာ့သားပါ ရောက်လာပြီ”
“ဘာ! ”
သူ့အသံက မိုးကြိုးသွားလို စူးရှတုန်ဟီးသွားသည်။ခေါင်းတစ်ခုလုံးကို ဆင်အကောင်နှစ်ဆယ်လောက် နင်းသွားသလို ပူထူသွားသည်။
“လာပြီ။အဲ့ဒီအတိုင်းထား..ဘာမှမလုပ်နဲ့။ငါလာပြီ ”
အနောက်ဘက်ကောင်းကင်ပြင်တွင် နေဝင်သွားခဲ့ပြီ။လကွယ်ညမို့ ပတ်ဝန်းကျင်တစ်ခုလုံး မဲမှောင်နေသည်။တောအစပ်နှင့် မလှမ်းမကမ်းတစ်နေရာတွင် ကားကိုရပ်ထားခဲ့သည်။မြို့အစွန်အဖျားမို့လူသွားလူလာ တစ်ဦးတစ်ယောက်မှပင် ရှိမနေ။
“ဆရာ..”
ခပ်တိုးတိုး ခေါ်သံနှင့်အတူ ပခုံးပေါ်ကို လာပုတ်သော လက်တစ်စုံ။လှည့်ကြည့်လိုက်တော့ ယောင်မင်းက တစ်နေရာကိုမျက်စပစ်ပြသည်။သစ်ပင်ကြီးတစ်ခုကို အကာအကွယ်ယူပြီးသည့်နောက် အခြေအနေကိုအကဲခတ်တော့ သူတို့ရှေ့တည့်တည့်က ချောက်ကမ်းပါးအစွန်းတွင် သွေးအလိမ်းလိမ်းပေကျံနေသော ကားတစ်စီး။ထိုကားထဲက တစ်စုံ တစ်ယောက်ကို မရမကဆွဲထုတ်နေသော သူ၏ တစ်ဦးတည်းသောသားဖြစ်သူ ဂျွန်ဂျောင်ကု။
ဘာမှမစဥ်းစားနိုင်တော့။သူ့မျက်လုံးတွေ ပြာဝေသွားသည်။
“ပေးစမ်း ”
ယောင်မင်း လက်ထဲက သစ်သားတုတ်ပိုင်းကို ဆွဲလုပြီး အသင့်အနေအထားဖြင့် ဂျောင်ကု၏ နောက်ကျောဆီ တရွေ့ရွေ့ကပ်သွားသည်။ထို့နောက် အားကုန်လွှဲရိုက်လိုက်တော့ ခွပ်ကနဲ။
ဂျောင်ကုလက်တွေ ပျော့ကျသွားသည်။
“တောင်းပန်ပါတယ်..အဖေ ဒီလိုမှမလုပ်ရင် အနှစ်နှစ်အလလက ကြိုးစားထားသမျှ အရာအားလုံး ပြီးဆုံးသွားလိမ့်မယ် ”
“ ယောင်မင်း..ကားကိုရော ဟိုကောင်လေးကိုရော အစဖျောက်လိုက်တော့”
“ဟုတ်..ဟုတ်ကဲ့ ဆရာ ”
သားအရင်းဖြစ်သူကိုတောင် စွန့်လွှတ်နိုင်သော သူ့ကို ယောင်မင်းရော ကျန်သူများကပါ ကြောက်လန့်တကြား ကြည့်ကာ အယောင်ယောင်အမှားဖြင့် ဖြေကြသည်။
ထို့နောက် ချောက်ကမ်းပါး အစွန်းတွင် ငြိမ်သက်နေပြီဖြစ်သော ဂျောင်ကုကို ကားနောက်ခန်းထဲထည့်ကာ ထိုနေရာမှ လှည့်ထွက်ခဲ့သည်။
~~~~~~~~~~~ 🔹🔹🔹🔹~~~~~~~~~~
“အဲ့ဒီအဖြစ်အပျက်ကြီးက ငါ့ဘဝတစ်လျှောက်လုံး အရိပ်မဲကြီးလို တောက်လျှောက်လိုက်နေခဲ့တာ။တောင်းပန်ပါတယ်...မဟုတ်ဘူး ငါက သေသင့်တဲ့သူပါ။တောင်းပန်ဖို့တောင် မထိုက်တန်တဲ့ငါပါ ”
သူ့ခြေထောက်နှစ်ဖက်ကို ကျစ်ကျစ်ပါအောင် ဖက်ထားရင်း သွေးရူးသွေးတန်းပြောနေသော ထိုလူကြီးကို ဆော့ဂျင်လှည့်ပင် မကြည့်တော့။အသံတိတ် ငိုကြွေးနေသော သူ့ရင်ဘတ်တစ်ခုလုံး အောင့်နေပြီ။မျက်ရည်က တစ်စက်တောင်ထွက်မလာ။မျက်ရည်တွေ ခမ်းခြောက်သွားပြီလားဟုတောင် ထင်ရသည်။
အခန်းထောင့်မှာ ပုံရက်သားထိုင်ကျသွားသည့် ဂျောင်ကုမှာလည်း မျက်တောင်တစ်ချက်မှမခတ်ဘဲ သူ့အဖေဖြစ်သူကိုသာ တွေတွေကြီးစိုက်ကြည့်နေသည်။
“တောင်းပန်ပါတယ်။ငါ့ အပြစ်တွေအားလုံးကို ဝန်ခံပါ့မယ်။ငါ အားလုံးကို ဝန်ခံပါ့မယ်။တောင်းပန်ပါတယ်..ဆော့ဂျင်”
ထိုလူကြီး၏ စကားလုံးများက သူ့ဒေါသကို ဆွပေးနေသည့်နှယ်။ကျောက်ရုပ်တစ်ရုပ်လို ငြိမ်သက်နေရာမှ သူဝုန်းကနဲ ထ,ရပ်လိုက်သည်။ထို့နောက် အကျီကော်လံစကို အတင်းကျပ်ဆုံးဖြစ်အောင် ဆွဲဆောင့်လိုက်ရင်း..
“အဲ့ဒီလို တောင်းပန်ရုံနဲ့ကျုပ်က ကျေနပ်သွားမှာတဲ့လား။ခင်ဗျား မှတ်မိလား..ကင်ဂိုအွန်ေလ ခင်ဗျားရဲ့ ပယောဂကြောင့် အပြစ်မရှိဘဲ ထောင်ထဲမှာပဲ ေသသွားရတဲ့ ကျုပ်အဖေ။အခု ကျုပ်ညီလေးလည်း ခင်ဗျားကြောင့်ပဲ..ခင်ဗျားသေမှ....ေသမှ ကျုပ်ကျေနပ်မယ်”
“ခွမ်း”
အခန်းထောင့်က အလှပန်းအိုးတစ်ခုကို သူရိုက်ခွဲလိုက်ပြီး ဖန်ကွဲစတစ်ခုကို ကိုင်မိလျက်သားဖြစ်သွားသည်။ဒေါသကြောင့် ရင်ဘတ်တစ်ခုလုံး ပွင့်ထွက်သွားမတတ် အော်သံနှင့်အတူ မြောက်တက်သွားသော ဖန်ချွန်စက အဘိုးကြီး၏ မျက်နှာတည့်တည့်ကိုရွယ်ပြီးခါမှ ဘေးသို့ ချော်ထိုးလိုက်သည်။
“မဟုတ်ဘူး..ကျုပ်လက်နဲ့ သတ်ဖို့မတန်ဘူး။ကျုပ် အဖေခံစားခဲ့ရသလို ထောင်ထဲမှာ တမြေ့မြေ့ခံစားရင်း သေလိုက်တော့”
စေးစေးပိုင်ပိုင် ပြောပြီးသည့်နောက် သူ့လက်ထဲက ဖန်ကွဲစကို လွှတ်ချပြီး ထိုနေရာနှင့် အဝေးဆုံးကိုထွက်လာခဲ့သည်။
𖧷 .𖧷. 𖧷
အခန်းတစ်ခုလုံး မဲမှောင်နေသည်။အလင်းရောင်ကို ကြောက်သည့် သူတစ်ယောက်လို အခန်းမီးလည်း သူမဖွင့်ချင်။မှောင်မှောင်မဲမဲ အခန်းထောင့်တွင် ခေါင်းငိုက်စိုက်ချကာ ထိုင်နေမိသည်။
ခဏအကြာတွင် တံခါးဖွင့်သံ တိုးတိုးနှင့်အတူ အခန်းထဲ ဝင်လာသော ခြေသံ...။
ထို့နောက် ကြမ်းပြင်ပေါ်သို့ ဒူးထောက်ထိုင်ချလိုက်သည့် အရိပ်တစ်ခုကို သူ့မျက်လုံးထောင့်စွန်းက မြင်နေရသည်။
ဘယ်သူလဲလို့ နှစ်ခါပြန်ကြည့်စရာမလို။ရင်းနှီးပြီးသား အရိပ်အငွေ့တစ်ခု။
ေသွ့ခြောက်နေသည့် သူ့နှုတ်ခမ်းလွှာတွေ ပွင့်ဟသွားသည်။
“ဂျွန်ဂျောင်ကု”
“....”
တုံ့ပြန်သံ တစ်စုံတစ်ရာ ထွက်မလာ။
“ငါတို့...ဝေး ဝေး မှာ နေ ကြ ရ အောင်”
မျက်လုံးထောင့်စွန်းက အရိပ်က ခေါင်းမော့လာသည်။
“လမ်းခွဲကြရအောင် ”
~~~~~~~~~~~~ // ~~~~~~~~~~~~
....
AN/ ကိုယ် အခုရက်ပိုင်း နေ့ရောညပါ လူမမာစောင့်နေရတာပါ။update အရမ်းကြာသွားရင် စာဖတ်သူတို့ကို အားနာရလို့ အားတဲ့အချိန်လေး ရေးပေးလိုက်ပါတယ်။comment ေတွကိုလည်း နောက်မှအေးအေးဆေးဆေး reply ပြန်ပေးပါ့မယ်။
Thanks for your reading & votingRiona
........Zawgyi_______
ညက အိပ္ရာဝင္ခ်ိန္ ေနာက္က်သြားသည္မို႔ ေဂ်ာင္ကုေခါင္းတစ္ခုလုံး ေနာက္က်ိေနသည္။ခါတိုင္းႏွင့္မတူဘဲ လစ္ဟာေနေသာ သူ႕ရင္ခြင္ေၾကာင့္ မ်က္လုံးမဖြင့္မိေသးဘဲ လက္တစ္ဖက္ႏွင့္ လိုက္စမ္းသည္။ထိုအခါ လက္ေခ်ာင္းမ်ားေအာက္က အိပ္ရာခင္း၏ ေအးစက္စက္ အထိအေတြ႕ကိုသာ ရသည္။သူ႕မ်က္လုံးေတြ ဖ်တ္ကနဲ ပြင့္သြားသည္။
“အစ္ ကို”
ကုတင္ေျခရင္းက ထိုင္ခုံေပၚမွာ ငုတ္တုတ္ေလး ထိုင္ေနေသာ အစ္ကို။မ်က္လုံးမ်ားက သာမန္နဲ႔ မတူဘဲ သူ႕ကို မမွိတ္မသုန္ စိုက္ၾကည့္ေနသည္။
“အစ္ကို..ဘာျဖစ္လို႔လဲဟင္။ အေစာႀကီးႏိုးေနတာလား။ခႏၶာကိုယ္က နာေနေသးလား။ ညက ကြၽန္ေတာ္ ေဆးလုံးတိုက္ထားေပမယ့္ အဆင္ေျပ..”
“ေဂ်ာင္ ကု”
ေဂ်ာင္ကုက စိုးရိမ္တႀကီး တရစပ္ေမးလိုက္ေပမယ့္ စကားမဆုံးခင္ ျဖတ္ေခၚလိုက္ေသာ ေဆာ့ဂ်င္ေၾကာင့္ ႐ုတ္တရက္ ေၾကာင္သြားသည္။ထူးသံကလည္း ပုံမွန္ထက္ က်ယ္သြားသည္။
“ဗ်ာ”
“ဒီစာအုပ္ကို ညက ေတြ႕ခဲ့တယ္။ဒီအထဲက ဓာတ္ပုံက မင္းသူငယ္ခ်င္းပုံလား”
ေျမႇာက္ျပလာေသာ လက္ဝါးအ႐ြယ္ စာအုပ္ကေလးေၾကာင့္ ေဂ်ာင္ကုရင္ထဲ ဆစ္ကနဲနာသြားသည္။
“ဟုတ္တယ္ အစ္ကို။အဲ့ဒါ မင္ဟို ကြၽန္ေတာ္႕ကိုလက္ေဆာင္ ေပးထားတဲ့စာအုပ္ေလး။ စာအုပ္ထဲမွာ သူ႕ဓာတ္ပုံေလးပါ အမွတ္တရထည့္ေပးထားတာ”
“သူေသၿပီးေတာ့ေရာ...အဲ့ဒီအမႈဘာျဖစ္သြားေသးလဲ။ တရားခံေတြကို ေဖာ္ထုတ္ႏိုင္ခဲ့ရဲ႕လား”
ေဆာ့ဂ်င္သည္ နင့္ေနေသာ ရင္တြင္းတစ္ေနရာကို ထိန္းခ်ဳပ္ကာ အသံတိမ္ဝင္မသြားေအာင္ ႀကိဳးစားေနရသည္။သူ႕မ်က္လုံးေတြက အေရာင္မွိန္ကာ မႈန္မိႈင္းေနသည္။
ေဂ်ာင္ကုက အေပၚပိုင္းဗလာက်င္း အေနအထားႏွင့္ပင္ ကုတင္ေျခရင္းစြန္းတြင္ ထိုင္သည္။ထို႔ေနာက္ မ်က္ႏွာကို လက္ဝါးႏွစ္ဖက္ျဖင့္ ပြတ္သပ္ၿပီး ေခါင္းငိုက္စိုက္ခ်ကာ စကားစကို ဆက္သည္။
“ဟင့္အင္း။ မေဖာ္ထုတ္ႏိုင္ခဲ့ဘူး။ အဲဒီ့အျဖစ္အပ်က္ႀကီး ၿပီးေတာ့ ကြၽန္ေတာ္ ႏိုင္ငံျခားမွာ တစ္ႏွစ္ေဆးသြားကုလိုက္ရတယ္။ေခါင္းကို ထိခိုက္သြားတာမို႔လို႔ အေၾကာင္းအရာတစ္ခ်ိဳ႕ကို မွတ္မိဖို႔ ကြၽန္ေတာ္ႀကိဳးစားခဲ့ရတယ္။ပထမ ေျခာက္လမွာ ျပင္ပခႏၶာကိုယ္က်န္းမာေရး၊ေနာက္ ေျခာက္လမွာ စိတ္က်န္းမာေရး အတြက္ ကုခဲ့ရတယ္။ကားေမာင္းဖို႔ ႀကိဳးစားတိုင္း မီးေတာက္ေတြကို ျမင္တိုင္း ကြၽန္ေတာ္႕စိတ္ကို control မလုပ္ႏိုင္ခဲ့ဘူး”
“ႏိုင္ငံျခားက ျပန္လာလာခ်င္း အမႈအတြက္ အေဖ့ကို အကူအညီ ေတာင္းခဲ့ေပမယ့္ အေဖက မလိုက္ေလ်ာခဲ့ဘူး။အဲ့ဒီ အေၾကာင္းကိုအစေဖာ္လိုက္တိုင္း ခါးခါးသီးသီးျငင္းတယ္။တျခားေ႐ွ႕ေနေတြနဲ႔ အေဖမသိေအာင္ တိတ္တဆိတ္ စုံစမ္းခဲ့ေပမယ့္ ဘယ္လိုမွသဲလြန္စ ႐ွာလို႔မရဘူး။အဆိုးဆုံးက ကားနံပါတ္ကို ကြၽန္ေတာ္လုံးဝ မမွတ္မိတာပဲ။ၿပီးေတာ့ ကြၽန္ေတာ္မင္ဟိုက်ေသခဲ့တဲ့ ေခ်ာက္ကမ္းပါးေအာက္ကိုလည္း သြားၾကည့္ခဲ့ေသးတယ္။ကားမီးေလာင္တဲ့ အႂကြင္းအက်န္တစ္ခုမွ မေတြ႕ခဲ့ဘူး။သက္ေသက်န္ခဲ့မယ့္ အစအနမွန္သမွ် လက္စေဖ်ာက္ခဲ့တယ္ထင္တယ္”
ေဂ်ာင္ကု စကားေတြက သူ႕နားထဲ ၾကားတစ္ခ်က္၊မၾကားတစ္ခ်က္။ျပည့္အိုင္လာေသာ မ်က္ရည္မ်ားက ပါးႏွစ္ဖက္ေပၚသို႔ အလိုအေလ်ာက္ စီးဆင္းလာသည္။မ်က္ရည္သုတ္ဖို႔ကိုေတာင္ သူသတိမရ။ဆူဂ်င္၏ ငယ္စဥ္က ပုံရိပ္မ်ားသာ သူ႕အာ႐ုံထဲ ႐ုပ္႐ွင္ဇာတ္လမ္းတစ္ပုဒ္လို အစီအရီေပၚလာသည္။အာေစးထည့္ထားသလို ေလးကန္ေနေသာ သူ႕ႏႈတ္ခမ္းမ်ားကို ဖြင့္ဟႏိုင္ဖို႔ အတန္တန္ႀကိဳးစားေနရသည္။
“ေဂ်ာင္ကု...”
“ဗ်ာ..”
“မင္ဟိုနဲ႔ ပတ္သက္တဲ့ အမွတ္တရေတြ ဘာက်န္ခဲ့ေသးလဲ”
“ေက်ာင္းသားဘဝက ဓာတ္ပုံေလးေတြ ႐ွိေသးတယ္”
“အဲ့ဒီပုံေတြ ဘယ္မွာထားလဲ”
“အိမ္မွာ ..အစ္ကို။ ဒါနဲ႔ အစ္ကိုဘာျဖစ္လို႔လဲဟင္။ မင္ဟိုကို သိေနတာလား”
ေဂ်ာင္ကု မသက္ာေတာ့။ရင္ထဲတြင္ စိုးရိမ္စိတ္က လိႈင္းတံပိုးေတြလို နိမ့္ခ်ည္ျမင့္ခ်ည္ ႐ိုက္ခတ္ေနခဲ့တာ ေဆာ့ဂ်င္ထိုင္ေနသည့္ ထိုင္ခုံနားထိ တိုးကပ္သြားသည္။မီးေရာင္ေဖ်ာ့ေဖ်ာ့ေအာက္႐ွိ အနည္းငယ္စိုစြတ္ေနေသာ ပါးျပင္ႏွစ္ဖက္ေပၚသို႔ အၾကည့္ေရာက္မိခ်ိန္တြင္ ေသြးခုန္ႏႈန္းက ဒိတ္ကနဲ တစ္ခ်က္ခုန္ေဆာင့္သည္။
“ ဟင္! အစ္ကို ငို ေန တယ္ ”
“အစ္ကို..ဘာျဖစ္လို႔လဲဟင္! ကြၽန္ေတာ္႕ကိုေျပာ”
ေဂ်ာင္ကုက ေဆာ့ဂ်င္ ပါးေပၚက မ်က္ရည္ေတြကို လက္ဖေနာင့္ႏွင့္ ၾကင္နာစြာ သုတ္ေပးရင္း ေမးသည္။
“ဘာျဖစ္လို႔လဲဟင္ အစ္ကို”
ေက်ာက္႐ုပ္တစ္႐ုပ္လို ၿငိမ္သက္ေနေသာ အစ္ကိုက တုပ္တုပ္မွ်ပင္ မလႈပ္။အသိစိတ္လြတ္ေနသူ တစ္ဦးပမာ မ်က္စိသူငယ္အိမ္ေတြပါ ေၾကာင္ေနသည္။
“အစ္ကို တစ္ခုခုေျဖပါဦး။ ကြၽန္ေတာ္႕ရင္ေတြပူေနၿပီ”
သူ ေအာ္လိုက္ေတာ့မွ အစ္ကို႔မ်က္လုံးအၾကည့္က တစ္ခ်က္ေ႐ြ႕သြားသည္။ၿပီးမွ ေလသံမွ်ျဖင့္ တစ္စုံတစ္ခုကိုေျပာသည္။တိုးတိတ္ေသာ အသံပင္ျဖစ္ေသာ္လည္း သူ႕နားထဲတြင္ ခ်ိန္ကိုက္ဗုံးတစ္လုံးလို ေပါက္ကြဲသြားသည္။
“ခြၽဲမင္ဟိုက ငါ့ရဲ႕.... တစ္ဦးတည္းေသာ ညီေလး ကင္ဆူ ဂ်င္ ”
“ဗ်ာ....”
𖧷 .𖧷 𖧷.
သစ္သား အျပားႀကီးႀကီး ႏွစ္ေခ်ာင္းကို ၾကက္ေျခခတ္ သ႑ာန္ျပဳလုပ္ၿပီး အေသပိတ္ထားေသာ အခန္းတံခါး။ထိုသစ္သားခ်ပ္မ်ားကို ခြာခ်လိုက္ၿပီးေနာက္ တံခါးကိုဆြဲဖြင့္လိုက္သည္။
ထိုအခါ သူထင္ထားသလို အမိႈက္သ႐ိုက္မ်ား၊ပင့္ကူအိမ္မ်ား ႐ွိမေန။ဖုန္မႈန္႔အနည္းငယ္႐ွိသည္မွအပ အခန္းတစ္ခန္းလုံး သစ္လြင္ ေတာက္ေျပာင္ေနသည္။
ပရိေဘာဂ မ်ားမ်ားစားစားေတာ့မ႐ွိ။စားပြဲတစ္လုံးရယ္၊ ထိုင္ခုံေလးတစ္ခုံရယ္ပဲ ႐ွိသည္။တစ္ခန္းလုံး အျပည့္႐ွိေနသည္က ဓာတ္ပုံမ်ား။အ႐ြယ္အစားစုံ ဓာတ္ပုံမ်ားက နံရံတစ္ခုလုံးတြင္ ေနရာယူထားသည္။ေက်ာင္း uniform ဆင္တူျဖင့္ ႏွစ္ေယာက္တြဲ႐ိုက္ထားသည့္ ပုံမ်ား။
“ ဆူ ဂ်င္ ”
သူ ခပ္တိုးတိုး ေခၚလိုက္ရင္း နံရံေပၚက ျပဳံးရယ္ေနေသာ မ်က္ႏွာကိုလက္ျဖင့္ဖြဖြ ထိၾကည့္သည္။မ်က္မွန္ဝိုင္းေအာက္က မ်က္လုံးမ်ားက အသက္႐ွင္ေနဆဲ လူတစ္ေယာက္လိုမ်ိဳး အသက္ဝင္ေနသည္။
“ဆူ ဂ်င္...ငါ့ ညီ ေလး”
သူ႕ လက္ေခ်ာင္းမ်ားက တဆတ္ဆတ္တုန္ေနသည္။ဘယ္အရာကိုမွ ဆုပ္ကိုင္ႏိုင္စြမ္း မ႐ွိေလာက္ေအာင္ တစ္ကိုယ္လုံး ေပ်ာ့ေခြေနသည္။ ေျခေထာက္ႏွစ္ဖက္လုံးတြင္ ကမ႓ာေျမထုတစ္ခုလုံး၏ ဆြဲအားပါဝင္ေနသကဲ့သို႔ ေလးလံေနသည္။မ်က္ရည္က ေတာ္ေတာ္ႏွင့္ထြက္မလာ။ရင္ဘတ္တစ္ခုလုံး မီးစမီးခဲတစ္ခုႏွင့္ ခပ္စိပ္စိပ္ထိုးေနသလို ပူေလာင္တင္းက်ပ္မႈမ်ားႏွင့္ ကြဲထြက္မတတ္။
အသံသည္ ရင္တြင္းတစ္ေနရာမွ လိႈက္တက္လာၿပီးေနာက္ လည္ေခ်ာင္းအဝအေရာက္တြင္ တစ္ဆို႔ကာ အျပင္သို႔လုံးဝထြက္မလာ။သူသည္ ဝင္သက္ထြက္သက္ကို ပင္ပန္းစြာ ႐ႈ႐ိႈက္ေနရသည္။နိမ့္ခ်ည္ ျမင့္ခ်ည္ ခုန္လႈပ္ေနေသာ ဘယ္ဘက္ရင္အုံတစ္ေနရာကို ဖိရင္းေနာက္ ေနရာမွာတင္ အ႐ုပ္ႀကိဳးျပတ္လဲက်သြားသည္။
“အစ္ကို.... အစ္ကို သတိထားပါဦး”
သူ႕ တစ္ကိုယ္လုံးကို ေပြပိုက္ထားသည့္ ေဂ်ာင္ကုရင္ခြင္သည္လည္း မေႏြးေထြးႏိုင္ေတာ့။ေဂ်ာင္ကုမ်က္ႏွာက သူ႕နဖူးထက္တြင္ ဖိကပ္လာကာ မ်က္ရည္မ်ားၾကားက ေသြး႐ူးေသြးတန္းျဖင့္ နမ္းသည္။
“ကြၽန္ေတာ္႐ွိတယ္ေနာ္.အစ္ကို။ ကြၽန္ေတာ္႐ွိတယ္ ”
ေဂ်ာင္ကုရင္ဘတ္ကို တြန္းပစ္ကာ နံရံကိုမွီရင္း သူ ထိုင္လိုက္သည္။ဘယ္အခ်ိန္ကတည္းက လက္ထဲေရာက္ေနမွန္းမသိေသာ ေဂ်ာင္ကုႏွင့္ဆူဂ်င္၏ ႏွစ္ေယာက္တြဲပုံက တြန္႔ေၾကမြေနသည္။လက္သီးဆုပ္ထဲက ထိုပုံကို ျဖန္႔လိုက္ရင္း...
“ငါ့ ညီေလးကို ဒီလိုပုံစံနဲ႔ ျပန္ေတြ႕ရမယ္ လို႔ ဘယ္တုန္းကမွ ေမွ်ာ္လင့္မထားခဲ့ဘူး။ ငါ သူ႕ကိုေန႔တိုင္း ႐ွာေနခဲ့တာ သိလား။ငါ သူ႕အေၾကာင္းကို အၿမဲတမ္း စုံစမ္းေနခဲ့တာ။ဘာလို႔ ဒီေလာက္ၾကာတဲ့အထိ အိမ္ကို ျပန္မလာပါလိမ့္လို႔ ငါ ေတြးေနခဲ့တာ။ဘယ္ဟုတ္မလဲ...သူက ေသသြားခဲ့တာကိုး..ဟား..ဟား”
မ်က္ရည္ေတြၾကားက သူရယ္ေတာ့ ေဂ်ာင္ကုက မၾကည့္ရက္စြာျဖင့္ တင္းတင္းက်ပ္က်ပ္ ေပြ႕ဖက္လာသည္။
“ေတာင္းပန္ပါတယ္..အစ္ကို။ ေတာင္းပန္ပါတယ္”
ထိုစဥ္ အခန္းတံခါးဝဆီက တစ္စုံတစ္ေယာက္၏ မဲမဲအရိပ္သ႑ာန္က အခန္းထဲ႐ွိ နံရံတြင္ထင္ဟပ္လာသည္။မၾကာမီ အသက္ ၅၀ ခန္႔လူႀကီးတစ္ဦးသည္ အခန္းတြင္းသို႔ ျဖည္းျဖည္းခ်င္း ဝင္လာသည္။ထို႔ေနာက္ ေဆာ့ဂ်င္ ေ႐ွ႕အေရာက္တြင္ ဒူးေထာက္ထိုင္ခ်ကာ တစ္လုံးခ်င္း ဆိုသည္။
“ေတာင္းပန္ပါတယ္”
“ ေတာင္းပန္ပါတယ္ ကင္ေဆာ့ဂ်င္။ဟိုဘက္အခန္းကေန ငါအားလုံးၾကားၿပီးပါၿပီ။ငါ့ေၾကာင့္...ငါေၾကာင့္ပါ။အရာအားလုံးက က်ဳပ္ေၾကာင့္ ”
“အ ေဖ”
ေဂ်ာင္ကုခႏၶာကိုယ္က ႐ုတ္တရက္ ဆတ္ကနဲ ေတာင့္တင္းသြားသည္။ႏွစ္ေပါင္းမ်ားစြာ မသက္ာမကင္းခဲ့ေသာ အျဖစ္အပ်က္တစ္ခု၏ အမွန္တရား ကို လက္ခံႏိုင္ဖို႔ သူအဆင္သင့္ မျဖစ္ေသး။ထပ္ေျပာလာေသာ ဖခင္ျဖစ္သူ၏ စကားမ်ားက နားထဲသို႔ သံရည္ပူမ်ား ေလာင္းခ်ေနသကဲ့သို႔ပင္။
“အဲ့ဒီေန႔က ေဂ်ာင္ကုရဲ႕ စာေမးပြဲေနာက္ဆုံးေန႔”
~~~~~~~~~ 🔹🔹🔹🔹 ~~~~~~~~~
“ကုကီးေရ...ကုကီး”
ႏွာေခါင္း႐ိုးေပၚ ေလွ်ာက်လာေသာ မ်က္မွန္ကို ပင့္တင္လိုက္ရင္း အိမ္ထဲသို႔ မရဲတရဲဝင္လာေသာ ေကာင္ေလး။သူ႕နာမည္က ခြၽဲမင္ဟို။အေဖဆုံးၿပီးကတည္းက အိမ္၏ စီးပြားေရးၿပိဳလဲသြားခဲ့ရေသာ သူ႕တို႔မိသားစုအတြက္ ေက်ာင္းတက္ေနဆဲျဖစ္သည့္ သူက ဘာအေထာက္အကူမွမရခဲ့။ၾကာလာေတာ့ အစ္ကိုျဖစ္သူတစ္ေယာက္တည္း ႐ုန္းကန္ေနရတာကို သူမၾကည့္ရက္ႏိုင္ေတာ့။ထို႔ေၾကာင့္ မိသားစုကိုပင္ အသိမေပးဘဲ အိမ္က တိတ္တဆိတ္ ထြက္လာခဲ့ကာ အေဆာင္တစ္ခုမွာေနၿပီး အခ်ိန္ပိုင္းအလုပ္မွန္သမွ်ကို မနားမေနဝင္လုပ္သည္။ဘြဲ႕ရမွ အိမ္ျပန္မည္ဟူေသာ သူ႕ဆုံးျဖတ္ခ်က္ေၾကာင့္ အလုပ္တစ္ဖက္၊ေက်ာင္းတစ္ဖက္ျဖင့္ပင္ အထက္တန္းၿပီးဆုံးသည္အထိ အေဆာင္မွာပင္ေနခဲ့သည္။
ဆယ္ေက်ာ္သက္အ႐ြယ္၏ စိတ္ကူးယဥ္ စြန္႔စားမႈ ကမ႓ာက ထင္သေလာက္ေတာ့ မေခ်ာေမြ႕ခဲ့။အခ်ိန္ၾကာလာေတာ့ အခက္အခဲမ်ိဳးစုံေၾကာင့္တစ္ေယာက္တည္း အထီးက်န္ကာ အိမ္ကိုလြမ္းလာသည္။ထို႔ေၾကာင့္ အထက္တန္းစာေမးပြဲ ၿပီးသည့္ ေနာက္ဆုံးရက္တြင္ အိမ္ကိုအၿပီးအပိုင္ျပန္ေတာ့မည္ဟု သူဆုံးျဖတ္ခဲ့သည္။ဒီအေတာအတြင္း အခင္မင္ဆုံး၊သူ႕အေပၚ အမ်ိဳးမ်ိဳး ကူညီေပးခဲ့ေသာ တစ္ဦးတည္းေသာ သူငယ္ခ်င္း ေဂ်ာင္ကုဆီသို႔ ႏႈတ္ဆက္ဖို႔ လာခဲ့ျခင္းျဖစ္သည္။
“ဒီေကာင္ အိမ္မွာမ႐ွိဘူးထင္တယ္။ဖုန္းကိုလည္း စက္ပိတ္ထားတယ္။ေတြ႕ဦးမယ္..ဒင္းေတာ့”
မင္ဟိုက တပြစိစိ ေရ႐ြတ္ရင္း ျပန္လွည့္ထြက္မည္ အျပဳတြင္ အိမ္ေနာက္ဖက္က မခ်ိမဆန္႔ေအာ္သံတစ္ခုေၾကာင့္ သူ႕ေျခလွမ္းေတြ ရပ္သြားသည္။
“ဟင္! ဘာသံႀကီးလဲ”
သိခ်င္စိတ္ကို ခ်ိဳးႏွိမ္ႏိုင္စြမ္း မ႐ွိသည့္ သူ႕မွာ အသံလာရာဘက္သို႔ တေ႐ြ႕ေ႐ြ႕ခ်ဥ္းကပ္သြားသည္။အိမ္အေနာက္ဖက္ ဂိုေထာင္ေဟာင္း တစ္လုံးထဲတြင္ျဖစ္သည္။
တံခါးဟထားေသာ ထိုကားဂိုေထာင္၏ အတြင္းထဲဝယ္ အက်ီသားေရကိုယ္က်ပ္ဝတ္ဆင္ထားေသာ လူငါးေယာက္။မ်က္ႏွာဖုံးကိုယ္စီႏွင့္မို႔ မ်က္ႏွာေတြကိုေတာ့ မျမင္ရ။ေခါင္းေဆာင္ျဖစ္ဟန္ တူေသာ လူေကာင္ခပ္ထြားထြားတစ္ေယာက္က လက္ထဲတြင္ ေသနတ္ကို ကိုင္ကာ က်ည္အသစ္ထည့္ေနသည္။က်န္ေလးေယာက္၏ လက္ထဲတြင္ ဓားကိုယ္စီႏွင့္။
ေသြးအိုင္ထဲတြင္ လဲေနသည့္လူကို ေခါင္းေဆာင္က ေျခေထာက္ျဖင့္ ခတ္ၾကည့္ကာ လက္ထဲက ေသနတ္ျဖင့္ ခ်ိန္ထားသည္။
“သစၥာေဖာက္ေကာင္။ မင္းလုပ္လို႔ ငါတို႔ရဲလက္ထဲကေန ေခြးေျပးဝက္ေျပး,ေျပးလာခဲ့ရတာ..ကံေကာင္းလို႔ မေသတယ္။ေတာ္ေတာ္ သတၱိေတြေကာင္းေနတယ္ေပါ့ ဟုတ္လား။ အသက္ထြက္ခါနီးေရာ ဘယ္ေလာက္ထိသတၱိ ေကာင္းမလဲ ၾကည့္ၾကေသးတာေပါ့ ”
အံႀကိတ္စကားသံ အဆုံးတြင္ ဒိုင္းကနဲ ထြက္လာသည့္ ေသနတ္သံႏွင့္အတူ ေသြးအိုင္ထဲကလူသည္ တစ္ခ်က္အသက္ငင္ကာ ၿငိမ္သက္သြားသည္။
ထိုအခိုက္မွာပင္ ဟ,ထားေသာ တံခါးဝဆီမွ ဖုန္းကင္မရာမီးေရာင္၏ ဖ်တ္ကနဲအလင္းတန္းေၾကာင့္ သူတို႔ငါးေယာက္လုံး ထိတ္လန္႔သြားသည္။
“ေဟ့ေကာင္ေတြ..အျပင္မွာ လူ႐ွိတယ္။လိုက္ၾက ”
အေျခအေနအားလုံးက တစ္ခဏအတြင္းမွာ ႐ုန္းရင္းဆန္ခတ္ ျဖစ္သြားသည္။
“ေဟ့ေကာင္ေတြ ႐ွာၾကစမ္း၊ဒီအနားေလးတင္ ေပ်ာက္သြားတာ။ လြတ္သြားလို႔ မျဖစ္ဘူး”
ကားအနက္ ေလးစီးတန္းစီ ရပ္ထားေသာ ထိုေနရာတစ္ဝိုက္တြင္ သူတို႔ငါးေယာက္လုံး ေျခခ်င္းလိမ္ေနၾကသည္။တစ္ကားဝင္ တစ္ကားထြက္ ကားတံခါးမ်ားကို ဝုန္းကနဲေနေအာင္ ဆြဲဖြင့္ရင္း ပိုက္စိပ္တိုက္႐ွာၾကသည္။
ေနာက္ဆုံး တစ္စီးသာ က်န္ေတာ့သည္။ထိုငါးေယာက္ထဲက တစ္ဦးမွာ မ်က္ႏွာေပၚက မ်က္ႏွာဖုံးကိုဆြဲခြၽတ္ရင္း မဲ့ျပဳံးတစ္ခ်က္ႏွင့္အတူ ကားတံခါးဆီသို႔ ေျခသံမၾကားေအာင္ ဖြဖြနင္းသြားသည္။လက္ထဲတြင္လည္း သစ္သားပိုင္းတစ္ခုကို ကိုင္ထားသည္။
“ေတြ႕ၿပီ ”
သြားၾကားထဲက ေလသံကဲ့သို႔ အံႀကိတ္ေျပာၿပီးေနာက္ ေျမာက္တက္သြားေသာ သစ္သားပိုင္းႏွင့္အတူ ကြဲေၾကသြားေသာ မ်က္မွန္အပိုင္းအစကြဲမ်ား။
“အား ”
....
တရား႐ုံးခ်ဳပ္၏ အမႈမွတ္တမ္းထိန္းသိမ္းအခန္းတြင္းတြင္ တရားသူႀကီးဂြၽန္ တစ္ေယာက္အလုပ္႐ွဴပ္ေနသည္။စိတ္မေအးသလိုျဖင့္ လက္က နာရီဆီတၾကည့္ၾကည့္လုပ္ေနသည္။တရားမဝင္ လက္နက္ေမွာင္ခိုလုပ္ေနေသာ သူ႕လုပ္ငန္းအတြက္ ရတက္မေအးျဖစ္ေနျခင္းျဖစ္သည္။သစၥာေဖာက္တစ္ေကာင္ေၾကာင့္ အရာအားလုံး ၿပီးဆုံးသြားရေတာ့မည့္ ဆဲဆဲ လူယုံျဖစ္ေသာ ေယာင္မင္း၏ အတိမ္းအေ႐ွာင္ေကာင္းမႈေၾကာင့္သာ ကံေကာင္းသြားသည္။
ထိုစဥ္ ေဘာင္းဘီ အိပ္ကပ္ထဲက ဖုန္းသံေၾကာင့္ ဖုန္းကိုင္လိုက္ေတာ့ ေယာင္မင္းဆီက ျဖစ္သည္။
“ဆရာ ဘယ္လိုလုပ္မလဲ။ကြၽန္ေတာ္တို႔ ကိစၥေတြကို ေကာင္ေလးတစ္ေယာက္ျမင္သြားတယ္ ”
“ဘာ...ဘာေျပာတယ္။အခု အဲ့ဒီေကာင္ေလးေရာ”
“အခု ကားထဲမွာ ဆရာ။ကြၽန္ေတာ္ အ႐ွိန္လြန္သြားတယ္။လက္လြန္ေျခလြန္ ျဖစ္သြားၿပီ”
“ေတာက္! ေခြးေကာင္ေတြ..ျပႆနာ႐ွာျပန္ၿပီ။ အကုန္ေထာင္ထဲေရာက္ကုန္မယ္ကြ”
“ကြၽန္ေတာ္...ဘယ္..ဘယ္လိုလုပ္ရမလဲ ဆရာ..”
တဒဂ္တြင္း သူဘာမွမစဥ္းစားႏိုင္ေတာ့။သူ႕တစ္ကိုယ္လုံး ႂကြတက္သြားသလို ခံစားရသည္။သူ႕သက္တမ္းတစ္ေလွ်ာက္ တစ္ခါမွ ေျခေခ်ာ္လက္ေခ်ာ္ မျဖစ္ခဲ့ဘူးသည့္ ကိစၥ။ယခုေတာ့ လည္ပင္း ႀကိဳးကြင္းစြပ္ေတာ့မည့္ အေနအထားသို႔ေရာက္ေတာ့မည္။
“ေနဦး။ငါလာမယ္..ခဏေနဦး။ဘာမွမလုပ္နဲ႔ဦး ”
“အခုဘယ္မွာလဲ ”
“ၿမိဳ႕စြန္က ေတာစပ္မွာ ဆရာ”
ဖုန္းခ်ၿပီး,ၿပီးခ်င္း ေယာင္မင္းေျပာေသာ ထိုေနရာသို႔ ကားကိုမိုင္ကုန္ဖြင့္ကာ ဦးတည္လိုက္သည္။လမ္းတစ္ဝက္အေရာက္တြင္ ဖုန္းသံက တစ္ဖန္ျမည္လာျပန္သည္။
“ေျပာ..ေယာင္မင္း”
“ဆ...ဆရာ...အေျခအေနေတြ...႐ႈပ္ေထြးကုန္ၿပီ။ဆရာ့သား....ဆရာ့သားပါ ေရာက္လာၿပီ”
“ဘာ! ”
သူ႕အသံက မိုးႀကိဳးသြားလို စူး႐ွတုန္ဟီးသြားသည္။ေခါင္းတစ္ခုလုံးကို ဆင္အေကာင္ႏွစ္ဆယ္ေလာက္ နင္းသြားသလို ပူထူသြားသည္။
“လာၿပီ။အဲ့ဒီအတိုင္းထား..ဘာမွမလုပ္နဲ႔။ငါလာၿပီ ”
အေနာက္ဘက္ေကာင္းကင္ျပင္တြင္ ေနဝင္သြားခဲ့ၿပီ။လကြယ္ညမို႔ ပတ္ဝန္းက်င္တစ္ခုလုံး မဲေမွာင္ေနသည္။ေတာအစပ္ႏွင့္ မလွမ္းမကမ္းတစ္ေနရာတြင္ ကားကိုရပ္ထားခဲ့သည္။ၿမိဳ႕အစြန္အဖ်ားမို႔လူသြားလူလာ တစ္ဦးတစ္ေယာက္မွပင္ ႐ွိမေန။
“ဆရာ..”
ခပ္တိုးတိုး ေခၚသံႏွင့္အတူ ပခုံးေပၚကို လာပုတ္ေသာ လက္တစ္စုံ။လွည့္ၾကည့္လိုက္ေတာ့ ေယာင္မင္းက တစ္ေနရာကိုမ်က္စပစ္ျပသည္။သစ္ပင္ႀကီးတစ္ခုကို အကာအကြယ္ယူၿပီးသည့္ေနာက္ အေျခအေနကိုအကဲခတ္ေတာ့ သူတို႔ေ႐ွ႕တည့္တည့္က ေခ်ာက္ကမ္းပါးအစြန္းတြင္ ေသြးအလိမ္းလိမ္းေပက်ံေနေသာ ကားတစ္စီး။ထိုကားထဲက တစ္စုံ တစ္ေယာက္ကို မရမကဆြဲထုတ္ေနေသာ သူ၏ တစ္ဦးတည္းေသာသားျဖစ္သူ ဂြၽန္ေဂ်ာင္ကု။
ဘာမွမစဥ္းစားႏိုင္ေတာ့။သူ႕မ်က္လုံးေတြ ျပာေဝသြားသည္။
“ေပးစမ္း ”
ေယာင္မင္း လက္ထဲက သစ္သားတုတ္ပိုင္းကို ဆြဲလုၿပီး အသင့္အေနအထားျဖင့္ ေဂ်ာင္ကု၏ ေနာက္ေက်ာဆီ တေ႐ြ႕ေ႐ြ႕ကပ္သြားသည္။ထို႔ေနာက္ အားကုန္လႊဲ႐ိုက္လိုက္ေတာ့ ခြပ္ကနဲ။
ေဂ်ာင္ကုလက္ေတြ ေပ်ာ့က်သြားသည္။
“ေတာင္းပန္ပါတယ္..အေဖ ဒီလိုမွမလုပ္ရင္ အႏွစ္ႏွစ္အလလက ႀကိဳးစားထားသမွ် အရာအားလုံး ၿပီးဆုံးသြားလိမ့္မယ္ ”
“ ေယာင္မင္း..ကားကိုေရာ ဟိုေကာင္ေလးကိုေရာ အစေဖ်ာက္လိုက္ေတာ့”
“ဟုတ္..ဟုတ္ကဲ့ ဆရာ ”
သားအရင္းျဖစ္သူကိုေတာင္ စြန္႔လႊတ္ႏိုင္ေသာ သူ႕ကို ေယာင္မင္းေရာ က်န္သူမ်ားကပါ ေၾကာက္လန္႔တၾကား ၾကည့္ကာ အေယာင္ေယာင္အမွားျဖင့္ ေျဖၾကသည္။
ထို႔ေနာက္ ေခ်ာက္ကမ္းပါး အစြန္းတြင္ ၿငိမ္သက္ေနၿပီျဖစ္ေသာ ေဂ်ာင္ကုကို ကားေနာက္ခန္းထဲထည့္ကာ ထိုေနရာမွ လွည့္ထြက္ခဲ့သည္။
~~~~~~~~~~~ 🔹🔹🔹🔹~~~~~~~~~~
“အဲ့ဒီအျဖစ္အပ်က္ႀကီးက ငါ့ဘဝတစ္ေလွ်ာက္လုံး အရိပ္မဲႀကီးလို ေတာက္ေလွ်ာက္လိုက္ေနခဲ့တာ။ေတာင္းပန္ပါတယ္...မဟုတ္ဘူး ငါက ေသသင့္တဲ့သူပါ။ေတာင္းပန္ဖို႔ေတာင္ မထိုက္တန္တဲ့ငါပါ ”
သူ႕ေျခေထာက္ႏွစ္ဖက္ကို က်စ္က်စ္ပါေအာင္ ဖက္ထားရင္း ေသြး႐ူးေသြးတန္းေျပာေနေသာ ထိုလူႀကီးကို ေဆာ့ဂ်င္လွည့္ပင္ မၾကည့္ေတာ့။အသံတိတ္ ငိုေႂကြးေနေသာ သူ႕ရင္ဘတ္တစ္ခုလုံး ေအာင့္ေနၿပီ။မ်က္ရည္က တစ္စက္ေတာင္ထြက္မလာ။မ်က္ရည္ေတြ ခမ္းေျခာက္သြားၿပီလားဟုေတာင္ ထင္ရသည္။
အခန္းေထာင့္မွာ ပုံရက္သားထိုင္က်သြားသည့္ ေဂ်ာင္ကုမွာလည္း မ်က္ေတာင္တစ္ခ်က္မွမခတ္ဘဲ သူ႕အေဖျဖစ္သူကိုသာ ေတြေတြႀကီးစိုက္ၾကည့္ေနသည္။
“ေတာင္းပန္ပါတယ္။ငါ့ အျပစ္ေတြအားလုံးကို ဝန္ခံပါ့မယ္။ငါ အားလုံးကို ဝန္ခံပါ့မယ္။ေတာင္းပန္ပါတယ္..ေဆာ့ဂ်င္”
ထိုလူႀကီး၏ စကားလုံးမ်ားက သူ႕ေဒါသကို ဆြေပးေနသည့္ႏွယ္။ေက်ာက္႐ုပ္တစ္႐ုပ္လို ၿငိမ္သက္ေနရာမွ သူဝုန္းကနဲ ထ,ရပ္လိုက္သည္။ထို႔ေနာက္ အက်ီေကာ္လံစကို အတင္းက်ပ္ဆုံးျဖစ္ေအာင္ ဆြဲေဆာင့္လိုက္ရင္း..
“အဲ့ဒီလို ေတာင္းပန္႐ုံနဲ႔က်ဳပ္က ေက်နပ္သြားမွာတဲ့လား။ခင္ဗ်ား မွတ္မိလား..ကင္ဂိုအြန္ေလ ခင္ဗ်ားရဲ႕ ပေယာဂေၾကာင့္ အျပစ္မ႐ွိဘဲ ေထာင္ထဲမွာပဲ ေသသြားရတဲ့ က်ဳပ္အေဖ။အခု က်ဳပ္ညီေလးလည္း ခင္ဗ်ားေၾကာင့္ပဲ..ခင္ဗ်ားေသမွ....ေသမွ က်ဳပ္ေက်နပ္မယ္”
“ခြမ္း”
အခန္းေထာင့္က အလွပန္းအိုးတစ္ခုကို သူ႐ိုက္ခြဲလိုက္ၿပီး ဖန္ကြဲစတစ္ခုကို ကိုင္မိလ်က္သားျဖစ္သြားသည္။ေဒါသေၾကာင့္ ရင္ဘတ္တစ္ခုလုံး ပြင့္ထြက္သြားမတတ္ ေအာ္သံႏွင့္အတူ ေျမာက္တက္သြားေသာ ဖန္ခြၽန္စက အဘိုးႀကီး၏ မ်က္ႏွာတည့္တည့္ကို႐ြယ္ၿပီးခါမွ ေဘးသို႔ ေခ်ာ္ထိုးလိုက္သည္။
“မဟုတ္ဘူး..က်ဳပ္လက္နဲ႔ သတ္ဖို႔မတန္ဘူး။က်ဳပ္ အေဖခံစားခဲ့ရသလို ေထာင္ထဲမွာ တေျမ့ေျမ့ခံစားရင္း ေသလိုက္ေတာ့”
ေစးေစးပိုင္ပိုင္ ေျပာၿပီးသည့္ေနာက္ သူ႕လက္ထဲက ဖန္ကြဲစကို လႊတ္ခ်ၿပီး ထိုေနရာႏွင့္ အေဝးဆုံးကိုထြက္လာခဲ့သည္။
𖧷 . 𖧷. 𖧷
အခန္းတစ္ခုလုံး မဲေမွာင္ေနသည္။အလင္းေရာင္ကို ေၾကာက္သည့္ သူတစ္ေယာက္လို အခန္းမီးလည္း သူမဖြင့္ခ်င္။ေမွာင္ေမွာင္မဲမဲ အခန္းေထာင့္တြင္ ေခါင္းငိုက္စိုက္ခ်ကာ ထိုင္ေနမိသည္။
ခဏအၾကာတြင္ တံခါးဖြင့္သံ တိုးတိုးႏွင့္အတူ အခန္းထဲ ဝင္လာေသာ ေျခသံ...။
ထို႔ေနာက္ ၾကမ္းျပင္ေပၚသို႔ ဒူးေထာက္ထိုင္ခ်လိုက္သည့္ အရိပ္တစ္ခုကို သူ႕မ်က္လုံးေထာင့္စြန္းက ျမင္ေနရသည္။
ဘယ္သူလဲလို႔ ႏွစ္ခါျပန္ၾကည့္စရာမလို။ရင္းႏွီးၿပီးသား အရိပ္အေငြ႕တစ္ခု။
ေသြ႕ေျခာက္ေနသည့္ သူ႕ႏႈတ္ခမ္းလႊာေတြ ပြင့္ဟသြားသည္။
“ဂြၽန္ေဂ်ာင္ကု”
“....”
တုံ႔ျပန္သံ တစ္စုံတစ္ရာ ထြက္မလာ။
“ငါတို႔...ေဝး ေဝး မွာ ေန ၾက ရ ေအာင္”
မ်က္လုံးေထာင့္စြန္းက အရိပ္က ေခါင္းေမာ့လာသည္။
“လမ္းခြဲၾကရေအာင္ ”
~~~~~~~~~~~~ // ~~~~~~~~~~~~
....
AN/ ကိုယ္ အခုရက္ပိုင္း ေန႔ေရာညပါ လူမမာေစာင့္ေနရတာပါ။update အရမ္းၾကာသြားရင္ စာဖတ္သူတို႔ကို အားနာရလို႔ အားတဲ့အခ်ိန္ေလး ေရးေပးလိုက္ပါတယ္။comment ေတြကိုလည္း ေနာက္မွေအးေအးေဆးေဆး reply ျပန္ေပးပါ့မယ္။
Thanks for your reading & votingRiona
There are no comments yet. Log in to be the first to leave a review!

![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)



