Extra
18:48, 21 October 2021Unicode_________
"ကိုကို့ရဲ့ ကလေးရေ အိပ်ရာထ ဖို့အချိန်တန်ပြီ"
အိပ်ခန်းတံခါးကို အသာဖွင့်ကာ ခြေသံဖွဖွနင်းရင်း ဆော့ဂျင် အသံပြုလိုက်သည်။ကုတင်ပေါ်မှာ စောင်တွေနဲ့ လုံးထွေးပြီး ဝမ်းလျားမှောက်အိပ်နေသူက တုပ်တုပ်တောင်မလှုပ်သေး။
နံနက်စာ နှင့် ညနေစာကို သူတို့နှစ်ယောက် တစ်ယောက် တစ်လှည့်စီ တာဝန်ယူပြီး ချက်ပြုတ်ကြတာဖြစ်သည်။ဒီနေ့က ဆော့ဂျင်အလှည့်။ရုံးပိတ်ရက်မို့ ဂျောင်ကုက တော်တော်နှင့်မထဘဲ အသေအကြေအိပ်နေဟန်တူသည်။
"ဂေျာင်ကုကီး..ထတော့နော်"
လေသံကို တစ်ထစ်နှိမ့်ချလိုက်ရင်း ခပ်တိုးတိုးနှိုးကြည့်သည်။ အိပ်ရာနှိုးသည်ဟု ဆိုသော်လည်း ထိုကောင်လေးအနားကို ဆော့ဂျင် သိပ်တော့မကပ်ရဲပါ။ပိုပြီး ထွားကျိုင်းလာသော ခန္ဓာကိုယ်က အားနဲ့များ ဖက်လိုက်လျှင် တော်တော်နဲ့ လွတ်မြောက်ဖို့ လမ်းမမြင်သောကြောင့်ဖြစ်သည်။
ရှုပ်ထွေးနေသော နဖူးထက်က ဆံပင်များက ခေါင်းအုံးပေါ်တွင် အခွေလိုက်ကျကာ နှုတ်ခမ်းပါးတစ်စုံက အနည်းငယ် ဟ နေသည်။အရင်တစ်ခါက ထို ဟ, ထားသောနှုတ်ခမ်းလေးကို အသည်းယားကာ ဆော့ဂျင်က လက်ညှိုးနှင့် သွားထိုးကြည့်ဖူးသည်။ထိုအခါ အိပ်ချင်ယောင်ဆောင်နေသော အကျင့်မကောင်းလေးက အကွင်းလိုက် အရာထင်အောင် ကိုက်ချသည်။ထို့ကြောင့် သတိလက်လွတ်ဖြင့် ထိုကောင်လေးအနားကို သူရဲရဲတင်းတင်း မကပ်တော့။
"ဂေျာင်ကု ထ တော့"
သူ့အသံက အနည်းငယ် မာသွားသည်။
"ဟင်...အင်း.... ၅ မိနစ်ပဲ..."
လူကတော့ မထသေးဘဲ လက်၅ခေျာင်းထောင်ပြကာ ပြန်အိပ်သွားသည်။ခါးအထိ လျှောကျနေသော စောင်ကို မျက်နှာအုပ်သည်အထိ ဆွဲခြုံသွားတာမို့ ဆော့ဂျင် ဒေါဖောင်းသွားသည်။ထို့ကြောင့် ကုတင်အောက်သို့ ပြုတ်ကျနေသော ဖက်လုံးကို ကောက်ကိုင်လိုက်ပြီး ကောင်လေး၏ တင်ပါးကို ဘုန်းကနဲ ရိုက်ချပစ်လိုက်သည်။
"နောက် ၅ မိနစ်နေလို့မှ မထရင် ငါ မင်းကို လုပ်မှာနော်"
ထိုသို့ ရာဇသံပေးပြီးသည်နှင့် အိပ်ခန်းထဲကနေ သူလှည့်ထွက်ခဲ့ကာ မီးဖိုခန်းသို့ ပြန်ဝင်ပြီး နံနက်စာချက်ပြုတ်ခြင်းကို အပြီးသတ်လိုက်သည်။ထို့နောက် ရေချိုးပြီး အဝတ်အစားလဲပြီးတော့ နာရီကိုကြည့်လိုက်တော့ မနက်၈နာရီ တိတိ။ဂျောင်ကု အိပ်နေသည့် အခန်းကိုလှမ်းကြည့်လိုက်တော့ အရိပ်အယောင်တောင် မတွေ့ရ။ နည်းနည်းတော့ များနေပြီ..ဒီကောင်လေး။
" ဂျွန်ဂျောင်ကု...ထ စမ်း။ ၁ နာရီပြည့်တာတောင် မထသေးဘူး။ မင်း တော်တော်အကျင့်ဆိုးနေပြီနော်။ ကလေးလည်း မဟုတ်ဘဲအပြောရ အဆိုရအရမ်းခက်တာပဲ။ဘာလို့ ဒီလောက်တောင် အအိပ်ကိုစုံမက်နေရတာလဲ..တကယ်ပဲ။အခုထိ မထသေးဘူးလား"
စိတ်တိုတိုနဲ့ ပါးစပ်က ပေါက်ပေါက်ဖောက်သလို မရပ်မနား တရစပ် ပြောရင်း ထိုကောင်လေး၏ တင်ပါးကို လက်ဝါးနဲ့ ခပ်နာနာလေး ရိုက်ပစ်လိုက်သည်။သို့သော် သူ့လက်က ရည်ညွှန်းရာသို့ မရောက်လိုက်။အိပ်ချင်ယောင် ဆောင်နေသူက လက်ကောက်ဝတ်ကနေ ချုပ်ကိုင်ပြီး တစ်ကိုယ်လုံးကို အိပ်ရာပေါ်သို့ ဆွဲလှဲပစ်လိုက်သောကြောင့် ဖြစ်သည်။
"မင်း..ဘာလုပ်တာ.."
ဆော့ဂျင် ကျသွားသည့်ပုံစံက တကယ့်ကို ကိုရိုးကားယားနဲ့။ဂျောင်ကု၏ ကိုယ်ပေါ် ထပ်လျက်သားကျသွားကာ ရင်ဘတ်ချင်းလည်း ကပ်သွားသည်။ထို့အပြင် သူ့ လက်နှစ်ဖက်လုံးကို ဂျောင်ကု က ချုပ်ထားတာမို့ ရုန်းလေနစ်လေဖြစ်နေသည်။
"၅ မိနစ်နေလို့မှ မထရင် ကျွန်တော့်ကို လုပ်မလို့ဆို..ဘာလုပ်မှာလဲ"
ဂျောင်ကု မျက်နှာပေးက ပြီတီတီနဲ့ ရီဝေစွာပြောလာလျှင် အန္တရာယ်ကို ကြိုမြင်သည့် သားကောင်နှယ် သူအတင်းရုန်းမိသည်။လက်ကို ချုပ်ထားသည့် အားကပိုပြီး ပြင်းထန်လာသလို သူ့ခြေထောက်နှစ်ဖက်ကိုပါ ဂျောင်ကုက ခြေထောက်နဲ့လိမ်ပြီး ဖိညှပ်ထားသောကြောင့် ဘယ်လိုမှရုန်းမရ။ဆော့ဂျင်အဖြစ်က ပင့်ကူအိမ်မှာ ငြိတွယ်နေသည့် ပိုးကောင်လေးလို ယက်ကန်,ယက်ကန်ဖြစ်နေရသည်။
"ဖယ်စမ်း...လက်ကိုလွှတ် "
ဆော့ဂျင် အတင်းရုန်းတော့မှ လက်ကို လွှတ်ပေးသည်။သို့ရာတွင် လက်နှစ်ဖက်အစား ရန်ရှာခံလိုက်ရသည်က သူ့ခါးလေးဖြစ်သည်။သန်မာသော ဂျောင်ကုလက်မောင်းနှစ်ဖက်က သူ့ခါးသိမ်သိမ်ကို ဖျစ်ညှစ်ထားကာ စိတ်မလိုမကျမှုကြောင့် အနည်းငယ် စူပုတ်နေသော နှုတ်ခမ်းကိုလာနမ်းသည်။
" ပြွတ် "
"မျက်နှာမသစ်ရသေးဘဲ လာနမ်းမနေနဲ့ "
"ချစ်ချင်လို့ပါဗျ"
ဘယ်လိုတောင် မသင့်လျော်တဲ့ စကားလဲ။ အမြဲတမ်းရင်ခွင်ထဲကို ယုန်ဆိုးလေးတစ်ကောင်လို တိုးဝင်ပြီး ချွဲရတာကတစ်မျိုး။ပြီးတော့ ခန္ဓာကိုယ်ကိုရော စိတ်ဝိဉာဥ်ကိုရော သူ့အပိုင်လိုသဘောထားပြီး လွှမ်းမိုးချုပ်ကိုင်ရတာက တစ်မျိုးနဲ့။ဆော့ဂျင်မှာ ထိုယုန်ဆိုးလေး၏ ခံတွင်းဝကနေ တစ်ခါမှလွတ်မြောက်သည် ဟူ၍ မရှိ။
"အမြဲတမ်း ချစ်နေတာပဲ မဟုတ်ဘူးလား"
"ဘယ်သူကလဲ။ ပြော...အစ်ကို့ကို အမြဲတမ်းချစ်နေတာ ဘယ်ကောင်လဲ။ကျွန်တော့်ကို ပြော.."
ဆော့ဂျင်မှာ သည်းခံနိုင်စွမ်း မရှိတော့ဘဲ လက်ညှိုးကောက်ကောက်လေးဖြင့် ထိုကောင်လေး၏ နှာခေါင်းထိပ်တည့်တည့်ကို ထိုးရင်းပြောလိုက်သည်။
"မင်းလေ...မင်း...မင်း"
ထိုအခါ ေကာင်လေး၏ နှုတ်ခမ်းပါးလေးက တွန့်ကွေးသွားပြီး နှစ်နှစ်ခြိုက်ခြိုက် ရယ်သည်။ဆော့ဂျင် တစ်ကိုယ်လုံးကိုလည်း ဖျစ်ညှစ်ပြီး ပါးချင်းကပ်ကာ အစ်ထွက်လာသော ပါးမို့မို့ကို နှာခေါင်းတွေနစ်ဝင်အောင်အထိ မွှေးတော့သည်။
"ဟုတ်တယ်နော်။ ဂျွန်ဂျောင်ကု ဆိုတဲ့ ကောင်က တော်တော်ဆိုးတာ"
"ကိုယ့်ကိုယ်ကို ဆိုးမှန်းသိရင် အိပ်ရာထတော့"
"နေပါဦး..နံနက်ခင်း အကြင်နာလေးပေးပါဦး"
နှုတ်ခမ်းကို တမင်သက်သက် စုချွန်ထော်ထားပြီး အတင်းလိုက် နမ်းနေလျှင် ဆော့ဂျင်က ထိုကောင်လေး၏ မေးရိုးနှစ်ဖက်ကို ညှပ်ကိုင်ပြီး ပါးတစ်ဖက်စီကို ဘယ်ပြန်ညာပြန်မွှေးကြူလိုက်သည်။
"မွ... "
အရင်ကထက် ဖောင်းလာသော ပါးလေးတွေကို ဂျောင်ကု ပွတ်သပ်ရင်း လက်ဖဝါးနှစ်ဖက်ထဲ ပါလာသော အစ်ကိုမျက်နှာလေးကို တစိမ့်စိမ့်ငေးရင်း အကြည့်ချင်းဆုံခိုက်တွင်..
"အ့..ထ..တော့..ကျွန်တော်ရေချိုးတော့မယ် "
ရုတ်တရက်ကြီး ပြောင်းလဲသွားသော ဂျောင်ကုကြောင့် ဆော့ဂျင်တစ်ခုခုမေးဖို့ ပါးစပ်ပြင်လိုက်ချိန်တွင် ခန္ဓာကိုယ်၏ တစ်နေရာက ပုံမှန်မဟုတ်သည့် တစ်စုံတစ်ရာသော အထိအတွေ့ကို ခံစားမိလိုက်သည်။
တကယ်တော့ သူတို့နှစ်ယောက်၏ အနေအထားက ပုံမှန်မဟုတ်ဘဲ ကိုရိုးကားယားနိုင်လွန်းကာ သူ့ခြေထောက်နှစ်ချောင်းလုံး ဂျောင်ကု၏ ကြားထဲသို့ရောက်နေခဲ့တာဖြစ်သည်။ ပြီးတော့ သူတို့နှစ်ဦးကြားထဲတွင် လေတိုးစရာ နေရာတောင်ရှိမနေ။ အခြေအနေအရပ်ရပ်ကို သဘောပေါက်သွားသော ဆော့ဂျင်မှာ မျက်နှာတစ်ခုလုံး ပူထူသွားကာ အတင်းထရပ်မိတော့သည်။
"မင်း..တကယ်ပဲ..စောစောစီးစီး "
"အစ်ကို့ကြောင့်ပဲမဟုတ်လား "
ဂျောင်ကု၏ စကားမှာ ပြန်လည်ချေပစရာမရှိလောက်အောင် မှန်နေသောကြောင့် ဆော့ဂျင်မှာ ရှက်ရှက်နဲ့ပင် ဂျောင်ကုကိုယ်လုံးကြီးကို အခန်းရှေ့အထိ အတင်းတွန်းထုတ်ပစ်လိုက်တော့သည်။
" သွား..သွား..စကားများမနေနဲ့ "
𖧷 . 𖧷. 𖧷
"Congratulation! ယွန်းဂီနဲ့ဂျီမင်း"
ထို့နောက် သူတို့အားလုံး ဝိုင်ခွက်များကို မြှောက်ကာခွက်ချင်းတိုက်လိုက်ကြသည်။နံနက်ပိုင်းက ယွန်းဂီနဲ့ဂျီမင်းတို့၏ wedding ကို အောင်အောင်မြင်မြင်ကျင်းပလိုက်နိုင်သည်ဖြစ်ရာ ယခုညပိုင်းတွင်တော့ လူငယ်တွေသီးသန့် party လုပ်ကြတာဖြစ်သည်။စေ့စပ်ပွဲတုန်းက ဆော့ဂျင်တစ်ယောက်တည်း လာခဲ့ပေမယ့် အခုတော့ ဂျောင်ကုပါ,ပါလာပြီဖြစ်သည်။
"မင်းနဲ့ ဂျောင်ကုကို အခုလိုပြန်မြင်ရတာ ငါ စိတ်ချမ်းသာတယ်။ ငါပြောတယ် နားလည်တယ်မလား "
အပြင်းစားဝိုင်၏ အရှိန်ကြောင့် ယွန်းဂီပုံစံက ရီဝေဝေဖြစ်လာကာ ထွေရာလေးပါး စကားစပြောတော့သည်။
"ငါ့လက်ထပ်ပွဲလေးက အခုမှပဲ ပြည့်စုံသွားတော့တယ်။ မင်းတို့နှစ်ယောက် အဲ့လိုပဲနေ.. ရန်မဖြစ်နဲ့ ကြားလား.."
"ကဲ..gigi ကတော့လေ..နည်းနည်းမသောက်ဘူး "
ဝိုင် နောက်တစ်ခွက် ထပ်ထည့်နေသော ယွန်းဂီကို ဂျီမင်းက လှမ်းဟန့်လိုက်သော်လည်း မရ။တစ်ခွက်ပြီး တစ်ခွက်ဆက်တိုက်သောက်ပစ်သည်။ ယွန်းဂီ၏ အထူးခြားဆုံးအချက်ကတော့ ဘယ်လောက်သောက်သောက် လူမှန်းသူမှန်းမသိအောင် ရုပ်ပျက် ဆင်းပျက်တော့ တစ်ခါမှမဖြစ်ဖူး။သူက ဣန္ဒြေရသည်။
တီးလုံးသံ မြူးကြွကြွနဲ့ မီးရောင်စုံအောက်မှာ သူတို့အားလုံး သွေးကြွနေကြသည်။ဂျောင်ကုဆိုလျှင် တီးလုံးသံ၏ စည်းချက်အတိုင်း ကိုယ်ကိုယိမ်းပြီး လိုက်ကနေသည်။
"ဂျွန်ဂျောင်ကု.. "
ပေါင်ကို ဆိတ်ဆွဲပြီး သတိပေးလိုက်တော့မှ ကောင်လေးက ငြိမ်သွားတော့သည်။သို့သော် ခါတိုင်းထက်အာသွက်လျှာသွက်ဖြစ်ကာ တက်ကြွနေသည်။
" အကိုယွန်းဂီတို့ စုံတွဲကိုမြင်ရတော့ ကျွန်တော်တို့ မဂ်လာဆောင်တုန်းက အချိန်ကို သတိတောင်ရသွားပြီဗျာ။ အဲ့ဒီတုန်းက ကျွန်တော့်အမျိုးသားလေးကလေ သက်ရှိကြွေရုပ်လေး အတိုင်းပဲ ချောရက်တာများ။ ဘယ်လိုပြောရမလဲဆိုတော့ဗျာ..စကားနဲ့တောင် သေချာမပြောပြတတ်ဘူး။အဲ့ဒီအမျိုးသားလေးကို မြင်လိုက်ချိန်မှာ ကျွန်တော့်ရင်ထဲ လိပ်ပြာတွေပျံသလို ဖလူး...ဖလူး.. "
"ဟေ့ရောင်..ဒါငါ့ မဂ်လာဆောင်နော်။ မင်းဆောင်မှာလား..ငါဆောင်ရမှာလား."
ဂျောင်ကုစကားမဆုံးခင် ထွက်ပေါ်လာသော ယွန်းဂီ၏ အာလေးလျှာလေးသံကြီးကြောင့် သူတို့အားလုံးရယ်လိုက်မိကြသည်။
"ကဲ..ကဲ..သောက်လိုက် စားလိုက်ကြဦး။ငါတို့ ဟိုဘက်ဝိုင်းသွားလိုက်ဦးမယ် "
ယွန်းဂီတို့ စုံတွဲထသွားသည်နှင့် မူးစပြုလာသော ဂျောင်ကုမှာ တစ်စခန်းထတော့သည်။
"ကိုကို.."
"...."
"ကိုကို..ဆော့ဂျင်"
မျက်နှာတည့်တည့်ကို ကြည့်ပြီး မထူးမချင်းခေါ်နေသော ဂျောင်ကုကြောင့် ဆော့ဂျင်မှာ တမင်မထူးဘဲ ငြိမ်နေလိုက်သည်။
"အစ်ကိုလို့.."
"ဘယ်လို ဖြစ်နေတာလဲ "
"မောင်ခေါ်တာ ထူးမှမထူးတာ"
"ဘာ မောင်လဲ..။ဂျွန်ဂျောင်ကု... ဇာတ်လမ်း စ မလာနဲ့နော်"
လက်ညှိုးကောက်ကောက်လေးဖြင့် သတိကျပ်ကျပ်ထားဖို့ ချိန်ရွယ်ပြီး ပြောလိုက်ပေမယ့် သူနောက်ကျသွားသည်။ဂျောင်ကု၏ ရှေ့ကဝိုင်ပုလင်းမှာ လက်တစ်ဆစ်လောက်တောင် မရှိတော့ပေ။
"ေမာင့်ကို မောင်လို့ခေါ်လေဗျာ "
"မခေါ်ဘူးကွာ"
"မောင်ကတော့ ချစ်လိုက်ရတာ။ ေဟာဒီ့မျက်နှာလေးကို အရိပ်တကြည့်ကြည့်နဲ့ ချစ်လိုက်ရတာ။ မောင့်ကိုဆို ဘယ်တော့မှ အလိုမလိုက်ဘူး"
"အပိုတွေပြောမနေနဲ့။ မင်းကိုအလိုမလိုက်ရအောင် ငါကဘာတွေလုပ်နေလို့လဲ"
"မောင်လို့ မခေါ်ရင်ဖက်နမ်းပစ်မယ် "
"မင်းနော်..လူကြားထဲမှာ ဘယ်လိုဖြစ်နေတာလဲ။မူးရင်လည်း အေးဆေးနေ "
ထိုကောင်လေးကို အမူးပြေစေရန် ဆိတ်လိုက်ဆွလိုက် လက်ချောင်းတွေကို ချိုးလိုက်လုပ်သော်လည်း တစ်ကိုယ်လုံးကို သိမ်းကြုံးဖက်လာတာမို့ ဆော့ဂျင်မှာမျက်နှာပူပူနှင့်ပင် ပတ်ဝန်းကျင်ကိုလည်း ကြည့်ရသေးသည်။သူတို့ထိုင်သည့်ဝိုင်းက ထောင့်စွန်းဝိုင်းမို့သာ တော်တော့သည်။
"ချစ်လိုက်တာ..မောင့်နှလုံးသားလေးရယ်"
"အိမ်ပြန်ရောက်မှ မင်းတွေ့မယ်"
ဝါသနာအရသာ ထိုသို့ကြိမ်းမောင်းသော်လည်း တကယ့်, တကယ်တွင် ထိုကောင်လေးကို နာကျင်အောင် ဘာမှမလုပ်ရက်။ ချစ်လို့ဆိုးနေသော ကလေးဆိုးကြီးကို အပြောနဲ့တင် ဟန်ဆောင်ကြိမ်းဝါးနေတာဖြစ်သည်။
တပူပူတဆာဆာ လုပ်နေသော ထိုကောင်လေးကိုတွန်းဖယ်ရင်း ဆော့ဂျင်အကြံတစ်ချက် လက်ခနဲရသွားသည်။
တွေ့မယ်....ဂျွန်ဂျောင်ကု။
"ခဏနေဦး..ငါ သန့်စင်ခန်းသွားဦးမယ် "
"အင်း..သိပ်မကြာစေနဲ့နော်.. "
ဂျောင်ကုလက်က လွတ်သည်နှင့် ဆော့ဂျင်မှာလူအုပ်ကြားထဲ လှစ်ကနဲပျောက်သွားတော့သည်။
နာရီဝက်လောက်ကြာသည်အထိ ပြန်မလာသေးသောအခါ ရီဝေဝေဖြစ်ချင်နေသော ဂျောင်ကုမှာ အမူးပြေသွားသလိုတောင်ရှိသည်။အစ်ကိုသွားတာ တော်တော်ကြာနေပြီ။
သူ ဖင်မထိုင်နိုင်တော့ဘဲ သောက်စားနေကြသည့် လူအုပ်ကြားထဲ ရှာသော်လည်း အစ်ကို့ကို တစ်စွန်းတစ်စတောင်မတွေ့ရ။
သူ့ရင်တွေ အခုန်မြန်လာကာ partyကျင်းပနေသည့် ခြံရှေ့ဘက်အထိ ထွက်ကြည့်မလို့ ခြေလှမ်းပြင်လိုက်စဉ်တွင်...
"ဂေျာင်ကု..လာဦး။မင်း လူကို လာခေါ်ဦး "
အကိုယွန်းဂီ၏ အသံကြောင့် လှည့်ကြည့်လိုက်သောအခါ မြင်လိုက်ရသော မြင်ကွင်းကြောင့် သူမျက်လုံးပြူးသွားသည်။ဝိုင်အရှိန်လည်း လုံးဝပြေပျောက်သွားသည်။
"ဂေျာင်..ကု"
နီမြန်းနေသော ပါးနှစ်ဖက်က မီးရောင်အောက်တွင် အရောင်တစ်မျိုးပြေးနေကာ မျက်လုံးတွေက အသေအချာတောင်မဖွင့်နိုင်ပေ။ကယိုင်ကတိုင်နဲ့ သူ့ရှေ့တည့်တည့်ကို ေလျှာက်လာကာ ရင်ဘတ်ကို မျက်နှာအပ်လိုက်သောကြောင့် လဲမသွားစေရန်အလျင်အမြန် ဖမ်းထိန်းပေးလိုက်ရသည်။
"အစ်ကိုရာ..ဘယ်လိုဖြစ်လာတာလဲ။ ပြောတော့ သန့်စင်ခန်းသွားမလို့ဆို..ဘယ်လောက်တောင် သောက်လာတာလဲ"
ထိုင်ခုံပေါ်ကို ရောက်အောင် တွဲခေါ်ကာ ဆံပင်တွေကို သပ်ပေးရင်း ကြင်နာစွာဆိုတော့ သွားတွေပေါ်အောင်ရယ်ပြသည်။
" ဂျောင်..ကု..နှစ်ယောက်တောင်...ဘယ်တစ်ယောက်က ငါ့..လူ..လဲ"
လက်နှစ်ချောင်းကို ထောင်ရင်း မျက်နှာကို မော့ပြီးရွစိ,ရွစိ လုပ်နေသူကြောင့် ဖက်နမ်းပစ်ချင်စိတ်ကို သူ မနည်းထိန်းထားရသည်။
" နှစ်ယောက်လုံးက အစ်ကို့လူပဲ ဟုတ်ပြီလား "
"ဂျွန်ကုကု..."
"ဂျွန်ဂျောင်ကုပါဗျာ.. "
"ဒီကောင်..လေးက ချော.လိုက်တာ။ငါ့..ကောင်လေးဆို ဘယ်..လောက်..ကောင်းမလဲ "
"အစ်ကို့အမျိုးသားလေဗျာ..သေချာကြည့်ပါဦး"
"မင်းနှာခေါင်းပွပွလေးက ချစ်စရာလေး..ဟီး "
ဟီးကနဲ သွားဖြဲရယ်ပြကာ နှာခေါင်းပေါက်တွေထဲပါ လက်ထိုးဆော့နေလျှင် ဂျောင်ကုမနေနိုင်တော့ဘဲ လက်ကလေးတွေကို ဖမ်းချုပ်ပစ်လိုက်တော့သည်။သူ လုံးဝလက်မြှောက်အရှုံးပေးလိုက်ရတော့သည်။ခုနကသောက်ထားတဲ့ ဝိုင်အရှိန်က ဘယ်ချောင်မှာသွားကပ်နေမှန်းတောင် မသိတော့။
"ဘာ..လို့..လဲ..ဖယ် ေပး"
"ပြန်ကြရအောင်လေ အစ်ကို"
ထိုအမူးသမားလေးကို ခါးကနေ ဖမ်းချီရင်း ပခုံးပေါ်ပစ်တင်လိုက်လျှင် ချက်ချင်းရုန်းထွက်ကာ ..
" ပူလိုက်တာ...အကျီ ချွတ် ပေး "
" လူတွေနဲ့လေ..အစ်ကိုရ"
"ဟင့်အင်း..မရဘူး...ချွတ်မယ် "
"အိမ်ကျမှ ချွတ်မယ်လေနော်။အခုပြန်ကြရအောင် "
စကားနားမထောင်ဘဲ အပေါ်ကကုတ်အကျီကို ချွတ်ဖို့လုပ်နေလျှင် ဂျောင်ကုခါးထောက်ပြီး ကြည့်နေလိုက်သည်။
"ကင် ဆော့ ဂျင်...ဒီကိုကြည့်လိုက် "
ကြံရာမရတဲ့မဆုံး ဂျောင်ကုက ကိုယ့်အကျီကိုယ်လှန်ကာ ဝမ်းဗိုက်က ကြွက်သားတွေကို ပြလိုက်သည်။ထိုအခါ မူးနေသူလေးက အတင်းပြေးဖက်သည်။
အစ်ကိုက တကယ် အမူးပါးလေး။
"မပြနဲ့..ဒါက ငါ့..အပိုင် "
"သိရင်ပြီးတာပဲ ။လာ ပြန်မယ် "
ထို့နောက် တစ်ကိုယ်လုံးကို လှုပ်မရအောင် ပွေ့ချီပြီး ဆိုင်ကယ်ထားရာဆီသို့ လျှောက်လာလျှင် အငြိမ်နေဘဲ ဂျောင်ကုရင်ဘတ်တွေကို ကိုက်တော့သည်။
ဂျောင်ကုက အသံမထွက်မိအောင် ငြိမ်ခံကာ ထိုအမူးသမားလေးကို ဆိုင်ကယ်နောက်တွင်ထိုင်စေလိုက်သည်။ထို့နောက် ဆိုင်ကယ်ဦးထုပ်ကို မေးသိုင်းကြိုးသေချာတပ်ပေးပြီး ခါးတွေဆီသို့ လက်နှစ်ဖက်ကိုဆွဲယူပြီး ကျစ်ကျစ်ပါအောင် ဖက်စေသည်။
" နောက်ကနေ ကိုယ့်ခါးကိုသေသေချာချာ ကိုင်လိုက်နော်။ ဖြည်းဖြည်းပဲ မောင်းမှာ။မဟုတ်ရင်ထွက်ကျလိမ့်မယ် "
"အင်း "
သူပြောတော့ အစ်ကိုက ချက်ချင်းလိမ္မာသွားကာ ေခါင်းငြိမ့်ပြသည်။အမူးပြေသွားလောက်ပြီဟု ဂျောင်ကုတွေးရင်း ပြုံးနေတုန်းရှိသေး ကျောပြင်ဆီက စူးကနဲ နေအောင် အကိုက်ခံလိုက်ရသည်။
"အ့..နာတယ်..မကိုက်ရဘူး အစ်ကိုရ "
သို့သော် လမ်းတစ်လျှောက်လုံးတွင် သူ့ပခုံးသားတွေရော ကျောကုန်းတွေကိုရော တတိတိ အကိုက်ခံရလေတော့သည်။ဘယ်တုန်းကမှ အပြစ်မခဲ့တာမို့ ဂျောင်ကုမှာ ဆူပင်မဆူရက်တော့ဘဲ အိမ်ကိုသာမြန်မြန်ရောက်အောင် ေမာင်းမိတော့သည်။
𖧷 . 𖧷 . 𖧷
"ကိုကိုက တကယ်အဆိုးလေးဗျာ..တစ်ကိုယ်လုံးရစရာမရှိေတာ့ဘူး "
အိမ်ရောက်သည်နှင့် ရှပ်အကျီကိုချွတ်ပစ်လိုက်ရင်း ကျောကုန်းက သွားရာတွေကို ရည်ရွယ်ရင်း ပြောလိုက်သည်။
"ဂေျာင်ကု.. "
" ပြော"
" ဟင့်အင်း..အဲ့လိုမထူးနဲ့.. "
"ကဲ..ကဲ..မထူးတော့ဘူးနော် "
" ဂျောင်ကု "
"ဗျာ...ပြောပါဗျ..ဘာအမိန့်ရှိပါလဲခင်ဗျ"
"ချစ်လား..ငါ့ကို "
"ပြောစရာ လိုသေးလို့လား "
" လိုတယ်..အခုဖြေပေး..ချစ်လား.. "
"ချစ်တယ်..အများကြီးချစ်တယ်။ သူများတွေချစ်တာထက် အများကြီးပိုချစ်တယ်"
ဂျောင်ကုခမျာ အကျီပင် မဝတ်ရသေးဘဲ အပေါ်ပိုင်းဗလာဖြင့်ပင် ထိုအမူးသမားလေး ရစ်သမျှ စိတ်ရှည်လက်ရှည် ဖြေပေးနေရသည်။
ရှပ်အကျီတစ်ထည် ဝတ်ဖို့ ကုတင်ပေါ်က အထတွင် အထမခံဘဲ ေဘာင်းဘီစကို အတင်းဆွဲထားလေသည်။
" မ သွား နဲ့ "
"ဘယ်မှ မသွားဘူး။ အကျီဝတ်ရုံလေးတင် "
" မ ဝတ် နဲ့ "
ဆွဲမိဆွဲရာကို အတင်းဆွဲထားသည်ဖြစ်ရာ ဘောင်းဘီခါးပတ်ကြိုးပင် ကျွတ်ထွက်သွားတော့သည်။ဂျောင်ကုမှာ မျက်လုံးတွေပင်ပြူးသွားပြီး ကပျာကယာ ဖမ်းကိုင်လိုက်ရသည်။
" ငါ့ကို မထားခဲ့နဲ့"
"မထားခဲ့ပါဘူးဗျာ။ ခဏလေးရယ် အကျီဝတ်မလို့..ဟုတ်ပြီလား "
ဒီတော့မှ အသိတရားပြန်ဝင်သွားသလိုနဲ့ ငြိမ်သွားတော့သည်။လူကဖြင့် မျက်လုံးတောင်မပွင့်တော့။နှုတ်ခမ်းဖူးတွေက စိုရဲနေပြီး တလှုပ်လှုပ်တရွရွဖြင့်။
ဂျောင်ကုပြုံးလိုက်ရင်း ဘောင်းဘီခါးပတ်ကို ပြန်ပတ်ကာ ရှပ်တစ်ထည် ကောက်ဝတ်လိုက်သည်။
"ကင်ဆော့ဂျင်တို့က မူးရင် တကယ်သွေးဆိုးတယ်နော်"
"အဲ့ဒီ အဆိုးလေးကိုပဲ ေမာင်က ချစ်နေရတာ မဟုတ်လား"
"ဟင်! "
အကျီကြယ်သီး တပ်နေသည့် သူ့လက်ချောင်းများပင် တုန်သွားသည်။ အရှင်လတ်လတ်ကြားလိုက်ရသော အခေါ်အဝေါ်လေး။အထူးသဖြင့် လက်ထပ်ပြီးကတည်းက ဘယ်လိုခေါ်ခိုင်းခိုင်း..တစ်ခါမှကို ခေါ်ခိုင်းလို့မရတဲ့ အမည်နာမလေး။ထိုသို့ အခေါ်ခံရမည်ဆိုပါက အစ်ကို့ကို နေ့တိုင်း ဝိုင်တိုက်ဖို့ပင် သူစဥ်းစားလိုက်မိသည်။
အံ့သြမှုကြောင့်ရော၊ ဝမ်းသာမှုကြောင့်ရော သူ့မျက်လုံးဝိုင်းတွေ အရောင်လဲ့သွားပြီးလျှင် ကုတင်ပေါ်ဝုန်းကနဲ ပစ်ချကာ ထိုအမူးသမားလေး၏ မျက်နှာနားသို့တိုးကပ်သွားလိုက်သည်။
"ပြန်ပြောပါဦး..ဘယ်လို...ကိုယ်မကြားလိုက်လို့ "
"တော်ပြီ..နှစ်ခါမပြောဘူး "
"ဟာ..အစ်ကိုကကွာ..အကျင့်ပုတ်တာ "
"အိပ်ချင်တယ်...အိပ်ရအောင် ဂျောင်ကု "
အခုမှ လောလောလတ်လတ် ဝတ်ထားသော အကျီကြယ်သီးတွေကို ဆွဲဖြုတ်ပြီး သူ့ရင်အုပ်ကျယ်ကို လက်ချောင်းလေးတွေနဲ့ ထိကပ်ပြီး ကစားနေလျှင် ထိုလက်ချောင်းလေးတွေကို ဂျောင်ကု ငုံ့နမ်းလိုက်သည်။
"အိပ်တော့...ကိုယ့်ရင်ခွင်မှာ အနားယူတော့နော်"
"အင်း "
အစ်ကိုက မျက်လုံးလေးတွေ မှိတ်သွားပြီး သူ့ ကျောပြင်ကျယ်ကို မှီအောင်လှမ်းဖက်သည်။ထို့နောက် ရင်ခွင်ထဲသို့ ကွေးကွေးလေး တိုးကပ်လာ၏။သူတို့နှစ်ဦး၏ ရင်ငွေ့နွေးနွေးက တစ်ဦးဆီမှာ တစ်ဦးခိုလှုံကာ အနွေးဓာတ်ချင်းဖလှယ်နေကြသည်။
ခဏအကြာတွင် ရင်ခွင်ထဲမှာ အိပ်နေသူက အသံတိုးတိုးလေး ထွက်လာကာ..
"ချစ်တယ်....မောင့် ကို "
အမှတ်တမဲ့ ကြားလိုက်ရသော ထိုစကားလေးကြောင့် ဂျောင်ကုမျက်လုံးတွေ ပွင့်သွားပြီး အစ်ကို့ကို ကြည့်လိုက်လျှင် အစ်ကိုက သူထင်သလို မျက်လုံးတွေ ဖွင့်မထားပေ။သို့သော်လည်း နှုတ်ခမ်းတွင်ပြုံးယောင်သမ်းနေသည်။နောက်တစ်ခေါက် ထပ်ခေါ်ခိုင်းလျှင်လည်း မရတော့မယ့် အတူတူ ဂျောင်ကုဘာမှဆက်မမေးတော့ဘဲ မြတ်နိုးလွန်းသော ထိုနှုတ်ခမ်းလေးတွေကိုပဲ နှစ်နှစ်ခြိုက်ခြိုက် နမ်းလိုက်သည်။
"ကိုယ်လည်း အရမ်းချစ်တယ် "
ကျွန်တော့်ရဲ့ မျှော်လင့်ချက်တိုင်းက သူပဲ။ မက်ခဲ့တဲ့ အိမ်မက်တိုင်းဟာလည်း သူပဲ။ ကျွန်တော် သူ့ကိုအရမ်းချစ်မိသွားတယ်။
နောက်ဆုံး ဘာကိုမှမလိုအပ်တော့ဘူး ဆိုရင်တောင်အစ်ကိုက ကျွန်တော်အလိုအပ်ဆုံး အသက်ဓာတ်လေးပါပဲ။
~~~~~~~~~~~~~~ // ~~~~~~~~~~~~~~~
.
.
AN. Extra လေးပြန်ရေးရင်း ဒီ fic လေးကိုလွမ်းတောင်သွားပြီ.။ဇာတ်လမ်းက ဘာမှမထူးခြားပေမယ့် သေချာလေး ရေးဖြစ်တဲ့ fic လေးပေါ့။ဇာတ်သိမ်းကာနီးရင်း fic ထဲက character တွေကို သံယောဇဉ်တွေဖြစ်ပြီး မခွဲချင်တော့ဘူး😅အစ်ကိုနဲ့ ကောင်ဆိုးလေးကို လွမ်းနေရတော့မှာပဲ။
ဒီတစ်ခါတော့ တကယ်ပြီးပါပြီနော်..။ တာ့တာ
စာဖတ်သူတစ်ဦး တစ်ယောက်ချင်းစီကို ကျေးဇူးတင်ပါတယ်❤
Thanks for your reading & votingRiona
......Zawgyi________
"ကိုကို႔ရဲ႕ ကေလးေရ အိပ္ရာထ ဖို႔အခ်ိန္တန္ၿပီ"
အိပ္ခန္းတံခါးကို အသာဖြင့္ကာ ေျခသံဖြဖြနင္းရင္း ေဆာ့ဂ်င္ အသံျပဳလိုက္သည္။ကုတင္ေပၚမွာ ေစာင္ေတြနဲ႔ လုံးေထြးၿပီး ဝမ္းလ်ားေမွာက္အိပ္ေနသူက တုပ္တုပ္ေတာင္မလႈပ္ေသး။
နံနက္စာ ႏွင့္ ညေနစာကို သူတို႔ႏွစ္ေယာက္ တစ္ေယာက္ တစ္လွည့္စီ တာဝန္ယူၿပီး ခ်က္ျပဳတ္ၾကတာျဖစ္သည္။ဒီေန႔က ေဆာ့ဂ်င္အလွည့္။႐ုံးပိတ္ရက္မို႔ ေဂ်ာင္ကုက ေတာ္ေတာ္ႏွင့္မထဘဲ အေသအေၾကအိပ္ေနဟန္တူသည္။
"ေဂ်ာင္ကုကီး..ထေတာ့ေနာ္"
ေလသံကို တစ္ထစ္ႏွိမ့္ခ်လိုက္ရင္း ခပ္တိုးတိုးႏိႈးၾကည့္သည္။ အိပ္ရာႏိႈးသည္ဟု ဆိုေသာ္လည္း ထိုေကာင္ေလးအနားကို ေဆာ့ဂ်င္ သိပ္ေတာ့မကပ္ရဲပါ။ပိုၿပီး ထြားက်ိဳင္းလာေသာ ခႏၶာကိုယ္က အားနဲ႔မ်ား ဖက္လိုက္လွ်င္ ေတာ္ေတာ္နဲ႔ လြတ္ေျမာက္ဖို႔ လမ္းမျမင္ေသာေၾကာင့္ျဖစ္သည္။
႐ႈပ္ေထြးေနေသာ နဖူးထက္က ဆံပင္မ်ားက ေခါင္းအုံးေပၚတြင္ အေခြလိုက္က်ကာ ႏႈတ္ခမ္းပါးတစ္စုံက အနည္းငယ္ ဟ ေနသည္။အရင္တစ္ခါက ထို ဟ, ထားေသာႏႈတ္ခမ္းေလးကို အသည္းယားကာ ေဆာ့ဂ်င္က လက္ညိႇဳးႏွင့္ သြားထိုးၾကည့္ဖူးသည္။ထိုအခါ အိပ္ခ်င္ေယာင္ေဆာင္ေနေသာ အက်င့္မေကာင္းေလးက အကြင္းလိုက္ အရာထင္ေအာင္ ကိုက္ခ်သည္။ထို႔ေၾကာင့္ သတိလက္လြတ္ျဖင့္ ထိုေကာင္ေလးအနားကို သူရဲရဲတင္းတင္း မကပ္ေတာ့။
"ေဂ်ာင္ကု ထ ေတာ့"
သူ႕အသံက အနည္းငယ္ မာသြားသည္။
"ဟင္...အင္း.... ၅ မိနစ္ပဲ..."
လူကေတာ့ မထေသးဘဲ လက္၅ေခ်ာင္းေထာင္ျပကာ ျပန္အိပ္သြားသည္။ခါးအထိ ေလွ်ာက်ေနေသာ ေစာင္ကို မ်က္ႏွာအုပ္သည္အထိ ဆြဲျခဳံသြားတာမို႔ ေဆာ့ဂ်င္ ေဒါေဖာင္းသြားသည္။ထို႔ေၾကာင့္ ကုတင္ေအာက္သို႔ ျပဳတ္က်ေနေသာ ဖက္လုံးကို ေကာက္ကိုင္လိုက္ၿပီး ေကာင္ေလး၏ တင္ပါးကို ဘုန္းကနဲ ႐ိုက္ခ်ပစ္လိုက္သည္။
"ေနာက္ ၅ မိနစ္ေနလို႔မွ မထရင္ ငါ မင္းကို လုပ္မွာေနာ္"
ထိုသို႔ ရာဇသံေပးၿပီးသည္ႏွင့္ အိပ္ခန္းထဲကေန သူလွည့္ထြက္ခဲ့ကာ မီးဖိုခန္းသို႔ ျပန္ဝင္ၿပီး နံနက္စာခ်က္ျပဳတ္ျခင္းကို အၿပီးသတ္လိုက္သည္။ထို႔ေနာက္ ေရခ်ိဳးၿပီး အဝတ္အစားလဲၿပီးေတာ့ နာရီကိုၾကည့္လိုက္ေတာ့ မနက္၈နာရီ တိတိ။ေဂ်ာင္ကု အိပ္ေနသည့္ အခန္းကိုလွမ္းၾကည့္လိုက္ေတာ့ အရိပ္အေယာင္ေတာင္ မေတြ႕ရ။ နည္းနည္းေတာ့ မ်ားေနၿပီ..ဒီေကာင္ေလး။
" ဂြၽန္ေဂ်ာင္ကု...ထ စမ္း။ ၁ နာရီျပည့္တာေတာင္ မထေသးဘူး။ မင္း ေတာ္ေတာ္အက်င့္ဆိုးေနၿပီေနာ္။ ကေလးလည္း မဟုတ္ဘဲအေျပာရ အဆိုရအရမ္းခက္တာပဲ။ဘာလို႔ ဒီေလာက္ေတာင္ အအိပ္ကိုစုံမက္ေနရတာလဲ..တကယ္ပဲ။အခုထိ မထေသးဘူးလား"
စိတ္တိုတိုနဲ႔ ပါးစပ္က ေပါက္ေပါက္ေဖာက္သလို မရပ္မနား တရစပ္ ေျပာရင္း ထိုေကာင္ေလး၏ တင္ပါးကို လက္ဝါးနဲ႔ ခပ္နာနာေလး ႐ိုက္ပစ္လိုက္သည္။သို႔ေသာ္ သူ႕လက္က ရည္ၫႊန္းရာသို႔ မေရာက္လိုက္။အိပ္ခ်င္ေယာင္ ေဆာင္ေနသူက လက္ေကာက္ဝတ္ကေန ခ်ဳပ္ကိုင္ၿပီး တစ္ကိုယ္လုံးကို အိပ္ရာေပၚသို႔ ဆြဲလွဲပစ္လိုက္ေသာေၾကာင့္ ျဖစ္သည္။
"မင္း..ဘာလုပ္တာ.."
ေဆာ့ဂ်င္ က်သြားသည့္ပုံစံက တကယ့္ကို ကို႐ိုးကားယားနဲ႔။ေဂ်ာင္ကု၏ ကိုယ္ေပၚ ထပ္လ်က္သားက်သြားကာ ရင္ဘတ္ခ်င္းလည္း ကပ္သြားသည္။ထို႔အျပင္ သူ႕ လက္ႏွစ္ဖက္လုံးကို ေဂ်ာင္ကု က ခ်ဳပ္ထားတာမို႔ ႐ုန္းေလနစ္ေလျဖစ္ေနသည္။
"၅ မိနစ္ေနလို႔မွ မထရင္ ကြၽန္ေတာ္႕ကို လုပ္မလို႔ဆို..ဘာလုပ္မွာလဲ"
ေဂ်ာင္ကု မ်က္ႏွာေပးက ၿပီတီတီနဲ႔ ရီေဝစြာေျပာလာလွ်င္ အႏၲရာယ္ကို ႀကိဳျမင္သည့္ သားေကာင္ႏွယ္ သူအတင္း႐ုန္းမိသည္။လက္ကို ခ်ဳပ္ထားသည့္ အားကပိုၿပီး ျပင္းထန္လာသလို သူ႕ေျခေထာက္ႏွစ္ဖက္ကိုပါ ေဂ်ာင္ကုက ေျခေထာက္နဲ႔လိမ္ၿပီး ဖိညႇပ္ထားေသာေၾကာင့္ ဘယ္လိုမွ႐ုန္းမရ။ေဆာ့ဂ်င္အျဖစ္က ပင့္ကူအိမ္မွာ ၿငိတြယ္ေနသည့္ ပိုးေကာင္ေလးလို ယက္ကန္,ယက္ကန္ျဖစ္ေနရသည္။
"ဖယ္စမ္း...လက္ကိုလႊတ္ "
ေဆာ့ဂ်င္ အတင္း႐ုန္းေတာ့မွ လက္ကို လႊတ္ေပးသည္။သို႔ရာတြင္ လက္ႏွစ္ဖက္အစား ရန္႐ွာခံလိုက္ရသည္က သူ႕ခါးေလးျဖစ္သည္။သန္မာေသာ ေဂ်ာင္ကုလက္ေမာင္းႏွစ္ဖက္က သူ႕ခါးသိမ္သိမ္ကို ဖ်စ္ညႇစ္ထားကာ စိတ္မလိုမက်မႈေၾကာင့္ အနည္းငယ္ စူပုတ္ေနေသာ ႏႈတ္ခမ္းကိုလာနမ္းသည္။
" ႁပြတ္ "
"မ်က္ႏွာမသစ္ရေသးဘဲ လာနမ္းမေနနဲ႔ "
"ခ်စ္ခ်င္လို႔ပါဗ်"
ဘယ္လိုေတာင္ မသင့္ေလ်ာ္တဲ့ စကားလဲ။ အၿမဲတမ္းရင္ခြင္ထဲကို ယုန္ဆိုးေလးတစ္ေကာင္လို တိုးဝင္ၿပီး ခြၽဲရတာကတစ္မ်ိဳး။ၿပီးေတာ့ ခႏၶာကိုယ္ကိုေရာ စိတ္ဝိဉာဥ္ကိုေရာ သူ႕အပိုင္လိုသေဘာထားၿပီး လႊမ္းမိုးခ်ဳပ္ကိုင္ရတာက တစ္မ်ိဳးနဲ႔။ေဆာ့ဂ်င္မွာ ထိုယုန္ဆိုးေလး၏ ခံတြင္းဝကေန တစ္ခါမွလြတ္ေျမာက္သည္ ဟူ၍ မ႐ွိ။
"အၿမဲတမ္း ခ်စ္ေနတာပဲ မဟုတ္ဘူးလား"
"ဘယ္သူကလဲ။ ေျပာ...အစ္ကို႔ကို အၿမဲတမ္းခ်စ္ေနတာ ဘယ္ေကာင္လဲ။ကြၽန္ေတာ္႕ကို ေျပာ.."
ေဆာ့ဂ်င္မွာ သည္းခံႏိုင္စြမ္း မ႐ွိေတာ့ဘဲ လက္ညိႇဳးေကာက္ေကာက္ေလးျဖင့္ ထိုေကာင္ေလး၏ ႏွာေခါင္းထိပ္တည့္တည့္ကို ထိုးရင္းေျပာလိုက္သည္။
"မင္းေလ...မင္း...မင္း"
ထိုအခါ ေကာင္ေလး၏ ႏႈတ္ခမ္းပါးေလးက တြန္႔ေကြးသြားၿပီး ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ ရယ္သည္။ေဆာ့ဂ်င္ တစ္ကိုယ္လုံးကိုလည္း ဖ်စ္ညႇစ္ၿပီး ပါးခ်င္းကပ္ကာ အစ္ထြက္လာေသာ ပါးမို႔မို႔ကို ႏွာေခါင္းေတြနစ္ဝင္ေအာင္အထိ ေမႊးေတာ့သည္။
"ဟုတ္တယ္ေနာ္။ ဂြၽန္ေဂ်ာင္ကု ဆိုတဲ့ ေကာင္က ေတာ္ေတာ္ဆိုးတာ"
"ကိုယ့္ကိုယ္ကို ဆိုးမွန္းသိရင္ အိပ္ရာထေတာ့"
"ေနပါဦး..နံနက္ခင္း အၾကင္နာေလးေပးပါဦး"
ႏႈတ္ခမ္းကို တမင္သက္သက္ စုခြၽန္ေထာ္ထားၿပီး အတင္းလိုက္ နမ္းေနလွ်င္ ေဆာ့ဂ်င္က ထိုေကာင္ေလး၏ ေမး႐ိုးႏွစ္ဖက္ကို ညႇပ္ကိုင္ၿပီး ပါးတစ္ဖက္စီကို ဘယ္ျပန္ညာျပန္ေမႊးၾကဴလိုက္သည္။
"မြ... "
အရင္ကထက္ ေဖာင္းလာေသာ ပါးေလးေတြကို ေဂ်ာင္ကု ပြတ္သပ္ရင္း လက္ဖဝါးႏွစ္ဖက္ထဲ ပါလာေသာ အစ္ကိုမ်က္ႏွာေလးကို တစိမ့္စိမ့္ေငးရင္း အၾကည့္ခ်င္းဆုံခိုက္တြင္..
"အ့..ထ..ေတာ့..ကြၽန္ေတာ္ေရခ်ိဳးေတာ့မယ္ "
႐ုတ္တရက္ႀကီး ေျပာင္းလဲသြားေသာ ေဂ်ာင္ကုေၾကာင့္ ေဆာ့ဂ်င္တစ္ခုခုေမးဖို႔ ပါးစပ္ျပင္လိုက္ခ်ိန္တြင္ ခႏၶာကိုယ္၏ တစ္ေနရာက ပုံမွန္မဟုတ္သည့္ တစ္စုံတစ္ရာေသာ အထိအေတြ႕ကို ခံစားမိလိုက္သည္။
တကယ္ေတာ့ သူတို႔ႏွစ္ေယာက္၏ အေနအထားက ပုံမွန္မဟုတ္ဘဲ ကို႐ိုးကားယားႏိုင္လြန္းကာ သူ႕ေျခေထာက္ႏွစ္ေခ်ာင္းလုံး ေဂ်ာင္ကု၏ ၾကားထဲသို႔ေရာက္ေနခဲ့တာျဖစ္သည္။ ၿပီးေတာ့ သူတို႔ႏွစ္ဦးၾကားထဲတြင္ ေလတိုးစရာ ေနရာေတာင္႐ွိမေန။ အေျခအေနအရပ္ရပ္ကို သေဘာေပါက္သြားေသာ ေဆာ့ဂ်င္မွာ မ်က္ႏွာတစ္ခုလုံး ပူထူသြားကာ အတင္းထရပ္မိေတာ့သည္။
"မင္း..တကယ္ပဲ..ေစာေစာစီးစီး "
"အစ္ကို႔ေၾကာင့္ပဲမဟုတ္လား "
ေဂ်ာင္ကု၏ စကားမွာ ျပန္လည္ေခ်ပစရာမ႐ွိေလာက္ေအာင္ မွန္ေနေသာေၾကာင့္ ေဆာ့ဂ်င္မွာ ႐ွက္႐ွက္နဲ႔ပင္ ေဂ်ာင္ကုကိုယ္လုံးႀကီးကို အခန္းေ႐ွ႕အထိ အတင္းတြန္းထုတ္ပစ္လိုက္ေတာ့သည္။
" သြား..သြား..စကားမ်ားမေနနဲ႔ "
𖧷 . 𖧷 .𖧷
"Congratulation! ယြန္းဂီနဲ႔ဂ်ီမင္း"
ထို႔ေနာက္ သူတို႔အားလုံး ဝိုင္ခြက္မ်ားကို ေျမႇာက္ကာခြက္ခ်င္းတိုက္လိုက္ၾကသည္။နံနက္ပိုင္းက ယြန္းဂီနဲ႔ဂ်ီမင္းတို႔၏ wedding ကို ေအာင္ေအာင္ျမင္ျမင္က်င္းပလိုက္ႏိုင္သည္ျဖစ္ရာ ယခုညပိုင္းတြင္ေတာ့ လူငယ္ေတြသီးသန္႔ party လုပ္ၾကတာျဖစ္သည္။ေစ့စပ္ပြဲတုန္းက ေဆာ့ဂ်င္တစ္ေယာက္တည္း လာခဲ့ေပမယ့္ အခုေတာ့ ေဂ်ာင္ကုပါ,ပါလာၿပီျဖစ္သည္။
"မင္းနဲ႔ ေဂ်ာင္ကုကို အခုလိုျပန္ျမင္ရတာ ငါ စိတ္ခ်မ္းသာတယ္။ ငါေျပာတယ္ နားလည္တယ္မလား "
အျပင္းစားဝိုင္၏ အ႐ွိန္ေၾကာင့္ ယြန္းဂီပုံစံက ရီေဝေဝျဖစ္လာကာ ေထြရာေလးပါး စကားစေျပာေတာ့သည္။
"ငါ့လက္ထပ္ပြဲေလးက အခုမွပဲ ျပည့္စုံသြားေတာ့တယ္။ မင္းတို႔ႏွစ္ေယာက္ အဲ့လိုပဲေန.. ရန္မျဖစ္နဲ႔ ၾကားလား.."
"ကဲ..gigi ကေတာ့ေလ..နည္းနည္းမေသာက္ဘူး "
ဝိုင္ ေနာက္တစ္ခြက္ ထပ္ထည့္ေနေသာ ယြန္းဂီကို ဂ်ီမင္းက လွမ္းဟန္႔လိုက္ေသာ္လည္း မရ။တစ္ခြက္ၿပီး တစ္ခြက္ဆက္တိုက္ေသာက္ပစ္သည္။ ယြန္းဂီ၏ အထူးျခားဆုံးအခ်က္ကေတာ့ ဘယ္ေလာက္ေသာက္ေသာက္ လူမွန္းသူမွန္းမသိေအာင္ ႐ုပ္ပ်က္ ဆင္းပ်က္ေတာ့ တစ္ခါမွမျဖစ္ဖူး။သူက ဣေႁႏၵရသည္။
တီးလုံးသံ ျမဴးႂကြႂကြနဲ႔ မီးေရာင္စုံေအာက္မွာ သူတို႔အားလုံး ေသြးႂကြေနၾကသည္။ေဂ်ာင္ကုဆိုလွ်င္ တီးလုံးသံ၏ စည္းခ်က္အတိုင္း ကိုယ္ကိုယိမ္းၿပီး လိုက္ကေနသည္။
"ဂြၽန္ေဂ်ာင္ကု.. "
ေပါင္ကို ဆိတ္ဆြဲၿပီး သတိေပးလိုက္ေတာ့မွ ေကာင္ေလးက ၿငိမ္သြားေတာ့သည္။သို႔ေသာ္ ခါတိုင္းထက္အာသြက္လွ်ာသြက္ျဖစ္ကာ တက္ႂကြေနသည္။
" အကိုယြန္းဂီတို႔ စုံတြဲကိုျမင္ရေတာ့ ကြၽန္ေတာ္တို႔ မဂ္လာေဆာင္တုန္းက အခ်ိန္ကို သတိေတာင္ရသြားၿပီဗ်ာ။ အဲ့ဒီတုန္းက ကြၽန္ေတာ္႕အမ်ိဳးသားေလးကေလ သက္႐ွိေႂကြ႐ုပ္ေလး အတိုင္းပဲ ေခ်ာရက္တာမ်ား။ ဘယ္လိုေျပာရမလဲဆိုေတာ့ဗ်ာ..စကားနဲ႔ေတာင္ ေသခ်ာမေျပာျပတတ္ဘူး။အဲ့ဒီအမ်ိဳးသားေလးကို ျမင္လိုက္ခ်ိန္မွာ ကြၽန္ေတာ္႕ရင္ထဲ လိပ္ျပာေတြပ်ံသလို ဖလူး...ဖလူး.. "
"ေဟ့ေရာင္..ဒါငါ့ မဂ္လာေဆာင္ေနာ္။ မင္းေဆာင္မွာလား..ငါေဆာင္ရမွာလား."
ေဂ်ာင္ကုစကားမဆုံးခင္ ထြက္ေပၚလာေသာ ယြန္းဂီ၏ အာေလးလွ်ာေလးသံႀကီးေၾကာင့္ သူတို႔အားလုံးရယ္လိုက္မိၾကသည္။
"ကဲ..ကဲ..ေသာက္လိုက္ စားလိုက္ၾကဦး။ငါတို႔ ဟိုဘက္ဝိုင္းသြားလိုက္ဦးမယ္ "
ယြန္းဂီတို႔ စုံတြဲထသြားသည္ႏွင့္ မူးစျပဳလာေသာ ေဂ်ာင္ကုမွာ တစ္စခန္းထေတာ့သည္။
"ကိုကို.."
"...."
"ကိုကို..ေဆာ့ဂ်င္"
မ်က္ႏွာတည့္တည့္ကို ၾကည့္ၿပီး မထူးမခ်င္းေခၚေနေသာ ေဂ်ာင္ကုေၾကာင့္ ေဆာ့ဂ်င္မွာ တမင္မထူးဘဲ ၿငိမ္ေနလိုက္သည္။
"အစ္ကိုလို႔.."
"ဘယ္လို ျဖစ္ေနတာလဲ "
"ေမာင္ေခၚတာ ထူးမွမထူးတာ"
"ဘာ ေမာင္လဲ..။ဂြၽန္ေဂ်ာင္ကု... ဇာတ္လမ္း စ မလာနဲ႔ေနာ္"
လက္ညိႇဳးေကာက္ေကာက္ေလးျဖင့္ သတိက်ပ္က်ပ္ထားဖို႔ ခ်ိန္႐ြယ္ၿပီး ေျပာလိုက္ေပမယ့္ သူေနာက္က်သြားသည္။ေဂ်ာင္ကု၏ ေ႐ွ႕ကဝိုင္ပုလင္းမွာ လက္တစ္ဆစ္ေလာက္ေတာင္ မ႐ွိေတာ့ေပ။
"ေမာင့္ကို ေမာင္လို႔ေခၚေလဗ်ာ "
"မေခၚဘူးကြာ"
"ေမာင္ကေတာ့ ခ်စ္လိုက္ရတာ။ ေဟာဒီ့မ်က္ႏွာေလးကို အရိပ္တၾကည့္ၾကည့္နဲ႔ ခ်စ္လိုက္ရတာ။ ေမာင့္ကိုဆို ဘယ္ေတာ့မွ အလိုမလိုက္ဘူး"
"အပိုေတြေျပာမေနနဲ႔။ မင္းကိုအလိုမလိုက္ရေအာင္ ငါကဘာေတြလုပ္ေနလို႔လဲ"
"ေမာင္လို႔ မေခၚရင္ဖက္နမ္းပစ္မယ္ "
"မင္းေနာ္..လူၾကားထဲမွာ ဘယ္လိုျဖစ္ေနတာလဲ။မူးရင္လည္း ေအးေဆးေန "
ထိုေကာင္ေလးကို အမူးေျပေစရန္ ဆိတ္လိုက္ဆြလိုက္ လက္ေခ်ာင္းေတြကို ခ်ိဳးလိုက္လုပ္ေသာ္လည္း တစ္ကိုယ္လုံးကို သိမ္းၾကဳံးဖက္လာတာမို႔ ေဆာ့ဂ်င္မွာမ်က္ႏွာပူပူႏွင့္ပင္ ပတ္ဝန္းက်င္ကိုလည္း ၾကည့္ရေသးသည္။သူတို႔ထိုင္သည့္ဝိုင္းက ေထာင့္စြန္းဝိုင္းမို႔သာ ေတာ္ေတာ့သည္။
"ခ်စ္လိုက္တာ..ေမာင့္ႏွလုံးသားေလးရယ္"
"အိမ္ျပန္ေရာက္မွ မင္းေတြ႕မယ္"
ဝါသနာအရသာ ထိုသို႔ႀကိမ္းေမာင္းေသာ္လည္း တကယ့္, တကယ္တြင္ ထိုေကာင္ေလးကို နာက်င္ေအာင္ ဘာမွမလုပ္ရက္။ ခ်စ္လို႔ဆိုးေနေသာ ကေလးဆိုးႀကီးကို အေျပာနဲ႔တင္ ဟန္ေဆာင္ႀကိမ္းဝါးေနတာျဖစ္သည္။
တပူပူတဆာဆာ လုပ္ေနေသာ ထိုေကာင္ေလးကိုတြန္းဖယ္ရင္း ေဆာ့ဂ်င္အၾကံတစ္ခ်က္ လက္ခနဲရသြားသည္။
ေတြ႕မယ္....ဂြၽန္ေဂ်ာင္ကု။
"ခဏေနဦး..ငါ သန္႔စင္ခန္းသြားဦးမယ္ "
"အင္း..သိပ္မၾကာေစနဲ႔ေနာ္.. "
ေဂ်ာင္ကုလက္က လြတ္သည္ႏွင့္ ေဆာ့ဂ်င္မွာလူအုပ္ၾကားထဲ လွစ္ကနဲေပ်ာက္သြားေတာ့သည္။
နာရီဝက္ေလာက္ၾကာသည္အထိ ျပန္မလာေသးေသာအခါ ရီေဝေဝျဖစ္ခ်င္ေနေသာ ေဂ်ာင္ကုမွာ အမူးေျပသြားသလိုေတာင္႐ွိသည္။အစ္ကိုသြားတာ ေတာ္ေတာ္ၾကာေနၿပီ။
သူ ဖင္မထိုင္ႏိုင္ေတာ့ဘဲ ေသာက္စားေနၾကသည့္ လူအုပ္ၾကားထဲ ႐ွာေသာ္လည္း အစ္ကို႔ကို တစ္စြန္းတစ္စေတာင္မေတြ႕ရ။
သူ႕ရင္ေတြ အခုန္ျမန္လာကာ partyက်င္းပေနသည့္ ျခံေ႐ွ႕ဘက္အထိ ထြက္ၾကည့္မလို႔ ေျခလွမ္းျပင္လိုက္စဥ္တြင္...
"ေဂ်ာင္ကု..လာဦး။မင္း လူကို လာေခၚဦး "
အကိုယြန္းဂီ၏ အသံေၾကာင့္ လွည့္ၾကည့္လိုက္ေသာအခါ ျမင္လိုက္ရေသာ ျမင္ကြင္းေၾကာင့္ သူမ်က္လုံးျပဴးသြားသည္။ဝိုင္အ႐ွိန္လည္း လုံးဝေျပေပ်ာက္သြားသည္။
"ေဂ်ာင္..ကု"
နီျမန္းေနေသာ ပါးႏွစ္ဖက္က မီးေရာင္ေအာက္တြင္ အေရာင္တစ္မ်ိဳးေျပးေနကာ မ်က္လုံးေတြက အေသအခ်ာေတာင္မဖြင့္ႏိုင္ေပ။ကယိုင္ကတိုင္နဲ႔ သူ႕ေ႐ွ႕တည့္တည့္ကို ေလွ်ာက္လာကာ ရင္ဘတ္ကို မ်က္ႏွာအပ္လိုက္ေသာေၾကာင့္ လဲမသြားေစရန္အလ်င္အျမန္ ဖမ္းထိန္းေပးလိုက္ရသည္။
"အစ္ကိုရာ..ဘယ္လိုျဖစ္လာတာလဲ။ ေျပာေတာ့ သန္႔စင္ခန္းသြားမလို႔ဆို..ဘယ္ေလာက္ေတာင္ ေသာက္လာတာလဲ"
ထိုင္ခုံေပၚကို ေရာက္ေအာင္ တြဲေခၚကာ ဆံပင္ေတြကို သပ္ေပးရင္း ၾကင္နာစြာဆိုေတာ့ သြားေတြေပၚေအာင္ရယ္ျပသည္။
" ေဂ်ာင္..ကု..ႏွစ္ေယာက္ေတာင္...ဘယ္တစ္ေယာက္က ငါ့..လူ..လဲ"
လက္ႏွစ္ေခ်ာင္းကို ေထာင္ရင္း မ်က္ႏွာကို ေမာ့ၿပီး႐ြစိ,႐ြစိ လုပ္ေနသူေၾကာင့္ ဖက္နမ္းပစ္ခ်င္စိတ္ကို သူ မနည္းထိန္းထားရသည္။
" ႏွစ္ေယာက္လုံးက အစ္ကို႔လူပဲ ဟုတ္ၿပီလား "
"ဂြၽန္ကုကု..."
"ဂြၽန္ေဂ်ာင္ကုပါဗ်ာ.. "
"ဒီေကာင္..ေလးက ေခ်ာ.လိုက္တာ။ငါ့..ေကာင္ေလးဆို ဘယ္..ေလာက္..ေကာင္းမလဲ "
"အစ္ကို႔အမ်ိဳးသားေလဗ်ာ..ေသခ်ာၾကည့္ပါဦး"
"မင္းႏွာေခါင္းပြပြေလးက ခ်စ္စရာေလး..ဟီး "
ဟီးကနဲ သြားၿဖဲရယ္ျပကာ ႏွာေခါင္းေပါက္ေတြထဲပါ လက္ထိုးေဆာ့ေနလွ်င္ ေဂ်ာင္ကုမေနႏိုင္ေတာ့ဘဲ လက္ကေလးေတြကို ဖမ္းခ်ဳပ္ပစ္လိုက္ေတာ့သည္။သူ လုံးဝလက္ေျမႇာက္အ႐ႈံးေပးလိုက္ရေတာ့သည္။ခုနကေသာက္ထားတဲ့ ဝိုင္အ႐ွိန္က ဘယ္ေခ်ာင္မွာသြားကပ္ေနမွန္းေတာင္ မသိေတာ့။
"ဘာ..လို႔..လဲ..ဖယ္ ေပး"
"ျပန္ၾကရေအာင္ေလ အစ္ကို"
ထိုအမူးသမားေလးကို ခါးကေန ဖမ္းခ်ီရင္း ပခုံးေပၚပစ္တင္လိုက္လွ်င္ ခ်က္ခ်င္း႐ုန္းထြက္ကာ ..
" ပူလိုက္တာ...အက်ီ ခြၽတ္ ေပး "
" လူေတြနဲ႔ေလ..အစ္ကိုရ"
"ဟင့္အင္း..မရဘူး...ခြၽတ္မယ္ "
"အိမ္က်မွ ခြၽတ္မယ္ေလေနာ္။အခုျပန္ၾကရေအာင္ "
စကားနားမေထာင္ဘဲ အေပၚကကုတ္အက်ီကို ခြၽတ္ဖို႔လုပ္ေနလွ်င္ ေဂ်ာင္ကုခါးေထာက္ၿပီး ၾကည့္ေနလိုက္သည္။
"ကင္ ေဆာ့ ဂ်င္...ဒီကိုၾကည့္လိုက္ "
ၾကံရာမရတဲ့မဆုံး ေဂ်ာင္ကုက ကိုယ့္အက်ီကိုယ္လွန္ကာ ဝမ္းဗိုက္က ႂကြက္သားေတြကို ျပလိုက္သည္။ထိုအခါ မူးေနသူေလးက အတင္းေျပးဖက္သည္။
အစ္ကိုက တကယ္ အမူးပါးေလး။
"မျပနဲ႔..ဒါက ငါ့..အပိုင္ "
"သိရင္ၿပီးတာပဲ ။လာ ျပန္မယ္ "
ထို႔ေနာက္ တစ္ကိုယ္လုံးကို လႈပ္မရေအာင္ ေပြ႕ခ်ီၿပီး ဆိုင္ကယ္ထားရာဆီသို႔ ေလွ်ာက္လာလွ်င္ အၿငိမ္ေနဘဲ ေဂ်ာင္ကုရင္ဘတ္ေတြကို ကိုက္ေတာ့သည္။
ေဂ်ာင္ကုက အသံမထြက္မိေအာင္ ၿငိမ္ခံကာ ထိုအမူးသမားေလးကို ဆိုင္ကယ္ေနာက္တြင္ထိုင္ေစလိုက္သည္။ထို႔ေနာက္ ဆိုင္ကယ္ဦးထုပ္ကို ေမးသိုင္းႀကိဳးေသခ်ာတပ္ေပးၿပီး ခါးေတြဆီသို႔ လက္ႏွစ္ဖက္ကိုဆြဲယူၿပီး က်စ္က်စ္ပါေအာင္ ဖက္ေစသည္။
" ေနာက္ကေန ကိုယ့္ခါးကိုေသေသခ်ာခ်ာ ကိုင္လိုက္ေနာ္။ ျဖည္းျဖည္းပဲ ေမာင္းမွာ။မဟုတ္ရင္ထြက္က်လိမ့္မယ္ "
"အင္း "
သူေျပာေတာ့ အစ္ကိုက ခ်က္ခ်င္းလိမၼာသြားကာ ေခါင္းၿငိမ့္ျပသည္။အမူးေျပသြားေလာက္ၿပီဟု ေဂ်ာင္ကုေတြးရင္း ျပဳံးေနတုန္း႐ွိေသး ေက်ာျပင္ဆီက စူးကနဲ ေနေအာင္ အကိုက္ခံလိုက္ရသည္။
"အ့..နာတယ္..မကိုက္ရဘူး အစ္ကိုရ "
သို႔ေသာ္ လမ္းတစ္ေလွ်ာက္လုံးတြင္ သူ႕ပခုံးသားေတြေရာ ေက်ာကုန္းေတြကိုေရာ တတိတိ အကိုက္ခံရေလေတာ့သည္။ဘယ္တုန္းကမွ အျပစ္မခဲ့တာမို႔ ေဂ်ာင္ကုမွာ ဆူပင္မဆူရက္ေတာ့ဘဲ အိမ္ကိုသာျမန္ျမန္ေရာက္ေအာင္ ေမာင္းမိေတာ့သည္။
𖧷 . 𖧷. 𖧷
"ကိုကိုက တကယ္အဆိုးေလးဗ်ာ..တစ္ကိုယ္လုံးရစရာမ႐ွိေတာ့ဘူး "
အိမ္ေရာက္သည္ႏွင့္ ႐ွပ္အက်ီကိုခြၽတ္ပစ္လိုက္ရင္း ေက်ာကုန္းက သြားရာေတြကို ရည္႐ြယ္ရင္း ေျပာလိုက္သည္။
"ေဂ်ာင္ကု.. "
" ေျပာ"
" ဟင့္အင္း..အဲ့လိုမထူးနဲ႔.. "
"ကဲ..ကဲ..မထူးေတာ့ဘူးေနာ္ "
" ေဂ်ာင္ကု "
"ဗ်ာ...ေျပာပါဗ်..ဘာအမိန္႔႐ွိပါလဲခင္ဗ်"
"ခ်စ္လား..ငါ့ကို "
"ေျပာစရာ လိုေသးလို႔လား "
" လိုတယ္..အခုေျဖေပး..ခ်စ္လား.. "
"ခ်စ္တယ္..အမ်ားႀကီးခ်စ္တယ္။ သူမ်ားေတြခ်စ္တာထက္ အမ်ားႀကီးပိုခ်စ္တယ္"
ေဂ်ာင္ကုခမ်ာ အက်ီပင္ မဝတ္ရေသးဘဲ အေပၚပိုင္းဗလာျဖင့္ပင္ ထိုအမူးသမားေလး ရစ္သမွ် စိတ္႐ွည္လက္႐ွည္ ေျဖေပးေနရသည္။
႐ွပ္အက်ီတစ္ထည္ ဝတ္ဖို႔ ကုတင္ေပၚက အထတြင္ အထမခံဘဲ ေဘာင္းဘီစကို အတင္းဆြဲထားေလသည္။
" မ သြား နဲ႔ "
"ဘယ္မွ မသြားဘူး။ အက်ီဝတ္႐ုံေလးတင္ "
" မ ဝတ္ နဲ႔ "
ဆြဲမိဆြဲရာကို အတင္းဆြဲထားသည္ျဖစ္ရာ ေဘာင္းဘီခါးပတ္ႀကိဳးပင္ ကြၽတ္ထြက္သြားေတာ့သည္။ေဂ်ာင္ကုမွာ မ်က္လုံးေတြပင္ျပဴးသြားၿပီး ကပ်ာကယာ ဖမ္းကိုင္လိုက္ရသည္။
" ငါ့ကို မထားခဲ့နဲ႔"
"မထားခဲ့ပါဘူးဗ်ာ။ ခဏေလးရယ္ အက်ီဝတ္မလို႔..ဟုတ္ၿပီလား "
ဒီေတာ့မွ အသိတရားျပန္ဝင္သြားသလိုနဲ႔ ၿငိမ္သြားေတာ့သည္။လူကျဖင့္ မ်က္လုံးေတာင္မပြင့္ေတာ့။ႏႈတ္ခမ္းဖူးေတြက စိုရဲေနၿပီး တလႈပ္လႈပ္တ႐ြ႐ြျဖင့္။
ေဂ်ာင္ကုျပဳံးလိုက္ရင္း ေဘာင္းဘီခါးပတ္ကို ျပန္ပတ္ကာ ႐ွပ္တစ္ထည္ ေကာက္ဝတ္လိုက္သည္။
"ကင္ေဆာ့ဂ်င္တို႔က မူးရင္ တကယ္ေသြးဆိုးတယ္ေနာ္"
"အဲ့ဒီ အဆိုးေလးကိုပဲ ေမာင္က ခ်စ္ေနရတာ မဟုတ္လား"
"ဟင္! "
အက်ီၾကယ္သီး တပ္ေနသည့္ သူ႕လက္ေခ်ာင္းမ်ားပင္ တုန္သြားသည္။ အ႐ွင္လတ္လတ္ၾကားလိုက္ရေသာ အေခၚအေဝၚေလး။အထူးသျဖင့္ လက္ထပ္ၿပီးကတည္းက ဘယ္လိုေခၚခိုင္းခိုင္း..တစ္ခါမွကို ေခၚခိုင္းလို႔မရတဲ့ အမည္နာမေလး။ထိုသို႔ အေခၚခံရမည္ဆိုပါက အစ္ကို႔ကို ေန႔တိုင္း ဝိုင္တိုက္ဖို႔ပင္ သူစဥ္းစားလိုက္မိသည္။
အံ့ၾသမႈေၾကာင့္ေရာ၊ ဝမ္းသာမႈေၾကာင့္ေရာ သူ႕မ်က္လုံးဝိုင္းေတြ အေရာင္လဲ့သြားၿပီးလွ်င္ ကုတင္ေပၚဝုန္းကနဲ ပစ္ခ်ကာ ထိုအမူးသမားေလး၏ မ်က္ႏွာနားသို႔တိုးကပ္သြားလိုက္သည္။
"ျပန္ေျပာပါဦး..ဘယ္လို...ကိုယ္မၾကားလိုက္လို႔ "
"ေတာ္ၿပီ..ႏွစ္ခါမေျပာဘူး "
"ဟာ..အစ္ကိုကကြာ..အက်င့္ပုတ္တာ "
"အိပ္ခ်င္တယ္...အိပ္ရေအာင္ ေဂ်ာင္ကု "
အခုမွ ေလာေလာလတ္လတ္ ဝတ္ထားေသာ အက်ီၾကယ္သီးေတြကို ဆြဲျဖဳတ္ၿပီး သူ႕ရင္အုပ္က်ယ္ကို လက္ေခ်ာင္းေလးေတြနဲ႔ ထိကပ္ၿပီး ကစားေနလွ်င္ ထိုလက္ေခ်ာင္းေလးေတြကို ေဂ်ာင္ကု ငုံ႔နမ္းလိုက္သည္။
"အိပ္ေတာ့...ကိုယ့္ရင္ခြင္မွာ အနားယူေတာ့ေနာ္"
"အင္း "
အစ္ကိုက မ်က္လုံးေလးေတြ မွိတ္သြားၿပီး သူ႕ ေက်ာျပင္က်ယ္ကို မွီေအာင္လွမ္းဖက္သည္။ထို႔ေနာက္ ရင္ခြင္ထဲသို႔ ေကြးေကြးေလး တိုးကပ္လာ၏။သူတို႔ႏွစ္ဦး၏ ရင္ေငြ႕ေႏြးေႏြးက တစ္ဦးဆီမွာ တစ္ဦးခိုလႈံကာ အေႏြးဓာတ္ခ်င္းဖလွယ္ေနၾကသည္။
ခဏအၾကာတြင္ ရင္ခြင္ထဲမွာ အိပ္ေနသူက အသံတိုးတိုးေလး ထြက္လာကာ..
"ခ်စ္တယ္....ေမာင့္ ကို "
အမွတ္တမဲ့ ၾကားလိုက္ရေသာ ထိုစကားေလးေၾကာင့္ ေဂ်ာင္ကုမ်က္လုံးေတြ ပြင့္သြားၿပီး အစ္ကို႔ကို ၾကည့္လိုက္လွ်င္ အစ္ကိုက သူထင္သလို မ်က္လုံးေတြ ဖြင့္မထားေပ။သို႔ေသာ္လည္း ႏႈတ္ခမ္းတြင္ျပဳံးေယာင္သမ္းေနသည္။ေနာက္တစ္ေခါက္ ထပ္ေခၚခိုင္းလွ်င္လည္း မရေတာ့မယ့္ အတူတူ ေဂ်ာင္ကုဘာမွဆက္မေမးေတာ့ဘဲ ျမတ္ႏိုးလြန္းေသာ ထိုႏႈတ္ခမ္းေလးေတြကိုပဲ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ နမ္းလိုက္သည္။
"ကိုယ္လည္း အရမ္းခ်စ္တယ္ "
ကြၽန္ေတာ္႕ရဲ႕ ေမွ်ာ္လင့္ခ်က္တိုင္းက သူပဲ။ မက္ခဲ့တဲ့ အိမ္မက္တိုင္းဟာလည္း သူပဲ။ ကြၽန္ေတာ္ သူ႕ကိုအရမ္းခ်စ္မိသြားတယ္။
ေနာက္ဆုံး ဘာကိုမွမလိုအပ္ေတာ့ဘူး ဆိုရင္ေတာင္အစ္ကို႔က ကြၽန္ေတာ္အလိုအပ္ဆုံး အသက္ဓာတ္ေလးပါပဲ။
~~~~~~~~~~~~~~ // ~~~~~~~~~~~~~~~
.
.
AN. Extra ေလးျပန္ေရးရင္း ဒီ fic ေလးကိုလြမ္းေတာင္သြားၿပီ.။ဇာတ္လမ္းက ဘာမွမထူးျခားေပမယ့္ ေသခ်ာေလး ေရးျဖစ္တဲ့ fic ေလးေပါ့။ဇာတ္သိမ္းကာနီးရင္း fic ထဲက character ေတြကို သံေယာဇဥ္ေတြျဖစ္ၿပီး မခြဲခ်င္ေတာ့ဘူး😅အစ္ကိုနဲ႔ ေကာင္ဆိုးေလးကို လြမ္းေနရေတာ့မွာပဲ။
ဒီတစ္ခါေတာ့ တကယ္ၿပီးပါၿပီေနာ္..။ တာ့တာ
စာဖတ္သူတစ္ဦး တစ္ေယာက္ခ်င္းစီကို ေက်းဇူးတင္ပါတယ္❤
Thanks for your reading & votingRiona
There are no comments yet. Log in to be the first to leave a review!

![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)



