Fanfics

ĂŠp 29

07:28, 3 August 2023

LA၌ လုပ်စရာရှိသည့်လုပ်ငန်းများ ပြီးဆုံးသွားသည်မို့ ယနေ့ daddyအိမ်သို့ သွားတော့မည်ဖြစ်သည်။ hotel ၌နေသည့်နှစ်ညအိပ်သုံးရက်ခရီးတွင် ဗိုက်ကလေးမှာ ညတိုင်းပင်ပန်းခဲ့ရလေသည်။ ယခုလည်း ခနနေ,daddyအိမ် သွားရတော့မည်ဆိုတာကိုပင် အိပ်ယာပေါ်သို့တတ်ကာ အိပ်နေပြန်သေး၏။ ဂျောင်ကုမှာ ပစ္စည်းတွေထုပ်ပိုးပြင်ဆင်ပြီးသည့်တိုင် ဗိုက်ကလေးမှာ အိပ်နေဆဲပင်။

"ဗိုက်ကလေးထတော့ "

"ခနလေးပါ ငါအရမ်းအိပ်ချင်နေလို့"

အိပ်ချင်မူးတူးသံလေးဖြင့် စောင်ခြုံထဲကနေအော်ပြောနေသော ဗိုက်ကလေးကြောင့် ဂျောင်ကုတိတ်တိတ်လေး ရယ်မိသည်။

"daddyအိမ်‌ရောက်မှ ဆက်အိပ်တော့နော်"

"ခနလေးပါ ၆မိနစ်ပဲ"

"ကောင်းပြီ ဒါဆို မောင်မနိုးတော့ဘူး၊ ထမလား မထဘူးလားပြော"

"ခနလေးပါဆို မောင်ရာ နော်"

ငြူစူစူအသံလေးဖြင့် ချွဲနေသော ဗိုက်ကလေးကို ဂျောင်ကုဒီနေရာတွင်တော့ အလိုမလိုက်နိုင်သေးပါ။

"ကောင်းပြီ ဒီနေ့မသွားတော့ဘူး၊ နောက်နေ့ရွှေ့လိုက်မယ်။ မောင်နဲ့အတူတစ်ပွဲတစ်လမ်းနွှဲ......."

"ငါ ထပြီမောင်"

ခေါင်းမြီးခြုံထားသောစောင်ကိုဖယ်ကာ အိပ်ယာပေါ်လက်ကလေးထောက် အားပြု၍ထနေသော ဗိုက်ကလေးအား ဂျောင်ကုသွားထူပေးရင်း သဘောကျစွာဖြင့်အော်ရယ်မိသည်။

"ဘာရယ်တာလဲ ဟင့်! သူများအိပ်ချင်ပါတယ်ဆို"

"မောင့်ဗိုက်ကလေးက လိမ္မာပါတယ်၊ daddyအိမ်ရောက်မှအိပ်နော်"

"ဟင့်! သူများကိုတစ်ညလုံးမအိပ်ရအောင် သူပဲနှိပ်စက်ထားပြီးတော့"

မျက်စောင်းလေးရွယ်ရင်း နှုတ်ခမ်းလေးဆူကာ ရေရွတ်နေသော ဗိုက်ကလေးအားကြည့်ကာ ဂျောင်ကုမှာအသည်းတယားယားပင်။ ညတိုင်းသူ့အားအနိုင်ကျင့်နေသည်ကို အခဲမကျေခဲ့သမျှအားစုကာ ဂျစ်တိုက်နေသလိုပင်။

"အစ်ကိုလေး သွားဖို့အဆင်သင့်ဖြစ်ပါပြီလား"

"အင်း၊ အထဲက luggageလာသယ်ပေး"

ဂျောင်ကု၏စကားအဆုံးတွင် အခန်းတွင်းသို့၀င်လာသော ဂျွန်သခင်ကြီး၏ လူယုံနိုင်ငံခြားသားMartin။ အိပ်ယာထက်တွင် နှုတ်ခမ်းဆူကာ ငြူတူတူဖြစ်နေသော ဗိုက်ကလေးအားတစ်ချက်လှမ်းကြည့်ကာ ပြုံး၏။

"သခင်ကြီး ချစ်လောက်အောင်ကို အစ်ကိုလေးရဲ့ဇနီးက ချစ်ဖို့ကောင်းနေတာကို"

ထိုစကားအားကြားလေတော့ ဂျောင်ကုမှာ ဗိုက်ကလေးအား သူ့ခန္ဓာကိုယ်ဖြင့်ကွယ်လိုက်လေသည်။

" luggageယူပြီးသွားနှင့်တော့"

ဂျောင်ကုအပြောကြောင့် ထိုလူမှာပြုံးကာ ထွက်သွားလေသည်။ ဂျောင်ကု၏အပြုအမူသည် ကလေးဆန်သည်ဟု ထိုလူထင်လိမ့်မည်ဆိုသော်လည်း ဂရုမစိုက်နိုင်ပါ။ ဗိုက်ကလေးအား မည်သူမျှမမြင်နိုင်အောင်အထိ ဖွက်ထားပစ်ချင်သည့် သူ့စိတ်အားအတော်ပင်ထိန်းချုပ်ထားရတာဖြစ်၏။

"ဗိုက်ကလေး သွားရအောင်"

"ငါ ဒီမှာတင်ပဲအိပ်နေလို့မရဘူးလားလို့"

"ဒါဆိုတစ်ပွဲတစ်လမ်း......"

"မောင့်!!!!!"

ဂျောင်ကုစကားမဆုံးမှီပင် စိတ်ဆိုးစွာဖြင့်အော်လာသော ဗိုက်ကလေး၏ ခပ်ဩဩအသံစူးစူးလေးကြောင့် အသံထွက်သည်အထိ အော်ရယ်မိသည်။

"မောင်ချီမယ် ထ၊ daddyဆီရောက်မှအိပ်နော် လိမ္မာတယ်"

"ဒါဆို မောင်ငါ့ကိုချီ"

အိပ်ယာပေါ်ကနေ လက်လှမ်းနေသော ဗိုက်ကလေးကြောင့် ဂျောင်ကုသဘောကျစွာပြုံးရင် ဗိုက်ကလေး၏ ဒူးခေါက်ကွေးနှင့် ဂုတ်နေရာ၌လက်ထိုးလျှိုကာ ပွေ့ချီလိုက်သည်။

"မောင့်ဗိုက်ကလေးက တစ်ကယ့်ကလေး,လေးကွာ"

"ဘာကလေးလဲ လူကြီးပါနော်"

"သိတာပေါ့ ၊ မောင့်ဗိုက်ကလေးက ကြီးလားသေးလား မောင်သိပ်သိ‌တာပေါ့"

ထိုသို့ပြောလိုက်တော့ ရှက်သွေးသမ်းသွားသည့် မျက်နှာရဲရဲလေးက ရင်ခွင်ထဲသို့တိုး၀င်ကာ နှုတ်ဆိတ်သွားလေသည်။ လက်ထပ်ထားတာနှစ်ချီနေသည့်အပြင် အတူနေခဲ့သည့်အကြိမ်ပေါင်းများစွာက မရေတွက်နိုင်လောက်အောင်ပင် များနေခဲ့ပါသော်လည်း အရှက်သည်းသည့် ဗိုက်ကလေးကတော့ ထိုကိစ္စနှင့်ပတ်သတ်လျှင် ပါးမို့မို့လေးနှင့် နားရွက်ကလေးကနီနေဆဲပင်။

Hotelရှေ့၌ရပ်ထားသည် ဇိမ်ခံကားအကောင်းစားကြီး၏ အနောက်ခန်းထဲသို့ ဗိုက်ကလေးအားထည့်လိုက်ပြီးနောက် ဂျောင်ကုကတော့ ဗိုက်ကလေးရှိရာခုံသို့ တစ်ဖက်တံခါးကနေ၀င်ထိုင်လေသည်။

ထိုကားကြီး၏အနောက်ခန်းတွင် ဂျောင်ကုနှင့်ဗိုက်ကလေးသာရှိပြီး Martinနှင့်ကျန်တစ်ယောက်ကတော့ ရှေ့ခန်း၌သာထိုင်လေသည်။ လေယာဉ်ကွင်းမှာ လာကြိုတုန်းကလို ကားတွေအများကြီးနှင့်မဟုတ်တော့ပေမယ့်လည်း လုံခြုံရေးအဆင့်မြင့်သည့်ကားမို့ စိတ်ပူစရာ‌တော့မရှိပါချေ။

"ဗိုက်ကလေး အိပ်ချင်လား"

"ဟင့်အင်း! မအိပ်ချင်တော့ဘူး"

"ဒါဆို မောင်နမ်းချင်တယ်"

"ဟင်! ဘာမှလည်း မဆိုင်ဘူး"

"လုပ်ပါနော်"

"မရဘူးနော်မောင်! ပြီးကျရင် မင်းကနောက်ဆက်တွဲတွေပါ ပါလာမှာ"

"မပါဘူး ကတိ"

"ဒါပေမယ့် ကားအရှေ့ခန်းမှာလူ....."

"ကိုယ်တို့လုပ်တာတွေ သူတို့မသိပါဘူး၊ ကားက ကန့်လန့်ကာပါပြီးသား"

ထယ်ယောင်း ပြောမည်ပြင်ထားသည့်စကားတွေအား ဂျောင်ကုကကြိုသိနေသလိုပင် တန်းဖြေသွားသောသူကြောင့် ထယ်ယောင်းမှာ ပြောစရာစကားပင်ပျောက်ရှသွားရလေသည်။ သူပေးမည့်အကြောင်းပြချက်တွေအား ဂျောင်ကုကကြိုတင်၍ ‌ပိတ်ပင်သွားလေသည်။

"နော် မောင်နမ်းချင်လို့"

"နမ်း နမ်းရုံပဲနော်"

"ကတိကွာ နော်"

ကလေးလေးတစ်ယောက်လို ဂျီကျနေသည့်ဂျောင်ကုအား ထယ်ယောင်းငြင်းဖို့ပင် အခွင့်မသာတော့ပါချေ။ ခေါင်းငြိမ့်ကာသာ လက်ခံရင်း အနမ်းတွေအားခံယူမိလေသည်။ တစ်ကယ်ပင် ကတိတည်သည့်မောင်က ဒီတစ်ကြိမ်တွင်တော့ အဆင့်တတ်မလာခဲ့ပါချေ။

"အစ်ကိုလေး အိမ်တော်သို့ရောက်ပါပြီ"

အရှေ့ခန်းဆီမှ Martin၏အသိပေးချက်ကြောင့် ထယ်ယောင်း၏နှုတ်ခမ်းအား စုပ်ငုံထားရာမှ မလွှတ်ချင်လွှတ်ချင်ဖြင့် လွှတ်ပေးလိုက်ရလေသည်။

"ဂျောင်ကု"

ကားထဲမှ ထွက်ထွက်ချင်းဆီးကြိုလာသော အဖေဖြစ်သူကြောင့် ဂျောင်ကုခေါင်းငြိမ့်ကာသာ အသိအမှတ်ပြုလိုက်လေသည်။

"မောင်ကလည်း ကိုယ့်အဖေကို အေးစက်စက်ကြီးနှုတ်ဆက်ရလား"

"မောင်တို့ရဲ့ဆက်ဆံရေးက ဒီအတိုင်းပဲ"

"မောင့်အဖေက ငါ့ကို ကြည်ဖြူပါ့မလား"

ကြောက်ရွံ့ဟန်အထင်းသားပေါ်လွင်နေသော ဗိုက်ကလေး၏မျက်နှာ‌လှလှလေးအား လက်နှစ်ဖက်ဖြင့်အသာထိကိုင်လိုက်ရင်း

"မောင့်ဗိုက်ကလေးကို မကြည်ဖြူရင် မောင့်Daddyက အစကတည်းက မောင့်တစ်ယောက်တည်းကိုပဲ ခေါ်မှာပေါ့၊ မကြောက်နဲ့ မောင်ရှိတယ်"

လက်ကမ်းကာခေါ်နေသော မောင့်လက်အား အားကိုးတကြီးဆုပ်ကိုင်ကာ ကားထဲကနေထွက်လာတော့ အပြုံးချိုချိုဖြင့် ခရီးဦးကြိုပြုနှင့်နေသော ဂျွန်သခင်ကြီးကြောင့် ထယ်ယောင်းခမျာ အံ့ဩသွားရလေသည်။ စိတ်ထဲမှာထင်ထားသည်နှင့် ကွဲလွဲလွန်းလှစွာပင် ဂျွန်သခင်ကြီးက အပြုံးတွေကို ဖောဖောသီသီထုတ်ဝေနေခဲ့သည်။

"Martin အိမ်တော်ထိန်းကြီးကို သားတို့ရောက်လာပြီလို့သွားပြောလိုက်၊ ပြီးရင် သားတို့အတွက် ပြင်ထားတဲ့အခန်းကို သေချာလေးလုပ်ထားပေးလို့"

"ဟုတ်ကဲ့ပါ သခင်ကြီး"

Martinအား အမှာစကားပါးပြီးနောက် ထယ်ယောင်းရှိရာသို့လှမ်းကြည့်ကာ ပြုံးမိပါလေသော ဂျွန်သခင်ကြီးပင်။ သူ့သမက်ကလေးက တကယ်ပင် ကိုယ်၀န်သည်လေးပင်။ မျက်လုံးရှေ့တွင် တပ်အပ်မြင်နေရသည်ကိုပင် သူ့မှာမယုံနိုင်သေး။

"အထဲလာလေ သားတို့ "

ခါတိုင်းဆို အေးစက်စက်သာနေတတ်သည့် daddyဖြစ်သူက ယခုတစ်ခေါက်တွင် အလွန်အကျွံပင် ဖော်ရွေနေသည်မို့ ဂျောင်ကုမှာ အတွေးများနေရလေသည်။ မဟုတ်မှ ဗိုက်ကလေးအပေါ်မှာ တစ်ခြားစိတ်တွေရှိနေတာလား။

အတွေးထက် လက်ကအရင်ပင် ဂျွန့်သခင်ကြီး၏မြင်ကွင်းထဲမှ ဗိုက်ကလေးအားဆွဲကာ သူ၏နောက်ကျောဘက်ဆီသို့ပို့လိုက်လေသည်။

သားဖြစ်သူ၏လုပ်ရက်ကို သဘောကျစွာပင်ကြည့်နေလေသော ဂျွန်သခင်ကြီးကြောင့် ဂျောင်ကုမှာ စိတ်မှမှန်သေးရဲ့လားဟုပင် တွေးလိုက်မိသည်အထိ။

"ဂျောင်ကုတောင် သ၀န်တိုတတ်နေပြီပဲ၊ တစ်လွဲမတွေးပါနဲ့ကွာ၊ လာ အိမ်ထဲကို၀င်ရအောင်။ မင်းယောကျာ်းလေး နေပူနေပြီ"

အ‌ဖေဖြစ်သူ၏အပြောကြောင့် ဗိုက်ကလေးအားလှည့်ကြည့်မိတော့ အမှန်ပင်။ နေထိုးနေ၍ မျက်နှာလေးအား လက်ကလေးဖြင့်ကွယ်ကာ ရပ်နေလေသည်။

"အိမ်ထဲ၀င်ရအောင်"

"အင်း"

လက်ကိုမလွှတ်တမ်းပင်ဆွဲထားသော ဂျောင်ကု၏နောက်သို့လိုက်ရင်း ထယ်ယောင်းရေးရေးလေးပြုံးမိပါ၏။ အခုဂျောင်ကုက မိမိအား မည်သူမျှမကြည့်စေချင်သည်အထိကို သ၀န်တိုနေပါသည် မဟုတ်လား။ ထို့နောက်တွင်တော့ ဧည့်ခန်းထဲ၌ စကားကျသွားလေသော ထယ်ယောင်းနှင့်ဂျွန်သခင်ကြိးတို့၏ စကားဝိုင်းလေးပင်။ ဂျောင်ကုကတော့ ဘေးကနေ နားထောင်သူသက်သက်သာဖြစ်သည်။

--------------------------------

ဆိုယောင်းမှာ အနုပညာလောကထဲကနေ နှုတ်ထွက်ပြီးကတည်းက အိမ်နှင့်ရုံး၊ ရုံးနှင့်အိမ်သာကူးနေရသည်။ နေ့ဘက်တွင်အလုပ်နှင့်သာအချိန်ကုန်ပြီး ညရောက်လျှင်တော့ မီနာနှင့်အတူ ချစ်ကြည်နူးကြသည်။ ထိုင်းကနေပြန်လာပြီး မကြာသေးခင်အချိန်အတွင်းမှာပင် မီနာ့ကိုထင်မထားလောက်သည့်အချစ်မျိုးဖြင့် သူမချစ်ခဲ့မိသည်။ ဂျောင်ကုတုန်းကလိုအချစ်လိုမျိုးမဟုတ်ဘဲ ထိုသည်နှင့်ကွဲလွဲခဲ့သည့်သူမ၏အချစ်တွေ။ ဂျောင်ကုနှင့်တုန်းက နှစ်ရှည်ချစ်သူတွေသာဖြစ်ခဲ့သော်လည်း အိပ်ယာပေါ်ကကိစ္စတွင်တော့ နှစ်ယောက်လုံး စိတ်၀င်စားမှုမရှိခဲ့သည်မို့ ထိုကိစ္စအား ယောင်၍တောင် မစဉ်းစားခဲ့မိပါ။ အင်း.....အခုချိန်မှာ ပြန်စဉ်းစားမည်ဆိုလျှင် ထိုအချစ်သည် အနေနီး၍သံယောဇဉ်တွယ်မိခဲ့သည့် သူငယ်ချင်းအချစ်သာဖြစ်ပါလိမ့်မည်။

"ဆိုယောင်း ဘာတွေစဉ်းစားနေတာလဲ"

"ဂျောင်ကုအကြောင်းပါ သူ့အမျိုးသားနဲ့အဆင်ပြေရဲ့လားလို့"

"သွားတွေ့ချင်လား"

မီနာ့အမေးကို ဆိုယောင်းခပ်တွေတွေလေးစဉ်းစားလိုက်မိရင်း

"အင်း...သူငယ်ချင်းအနေနဲ့ ဆိုယောင်းရဲ့ကောင်မလေးကို ကြွားရင်းသွားရမယ်"

"အပိုတွေ....အချစ်ဟောင်းကြီးကို တွေ့ချင်ရင်တွေ့ချင်တယ်ပေါ့"

နှုတ်ခမ်းဆူကာ စိတ်ကောက်တော်မူရင်း အပေါ်ထပ်ဆီသို့တတ်သွားလေသော ချစ်ရသူကြောင့် ဆိုယောင်းအနောက်ကနေလိုက်ချော့ရလေသည်။ ကိုယ့်တစ်ယောက်တည်းကြိတ်တွေးနေတော့လည်း သိချင်၍လာမေးလေသည်။ လာမေးလို့အမှန်တိုင်းဖြေပြန်ရင်လည်း ရုတ်တရက်ကြီး ကောက်ကာငင်ကာပင် စိတ်ကောက်တတ်သည်။ စ,စချင်းမှာတုန်းကတော့ ကြောင်တောင်တောင်နိုင်ခဲ့မိသော်လည်း ယခုမူ ဆိုယောင်းအတော်လေးအထာနပ်လာခဲ့ပြီဖြစ်သည်။ အရာရာကို ထစ်ကနဲရှိ စိတ်ကောက်တတ်သည့် သူမအား မငြိုငြင်ရက်သည့်အပြင်ပို၍ပင် ချစ်မိပါသေး၏။

-----------------------------------------------

အေးချမ်းတိတ်ဆိတ်သည့် မွေးရပ်မြေလေးသို့ ဂျီမင်းရောက်သည်မှာ မကြာသေးသော်လည်း အတော်လေးပင် သဘောကျနှစ်ခြိုက်မိသည်။ မြို့တွေမှာလို ကားလမ်းပေါ် မေးတင်နေခြင်းမဟုတ်၍ ခပ်လှမ်းလှမ်းမှ ကားသံ၊ ဆိုင်ကယ်သံများအား ကျယ်လောင်စွာကြားရခြင်းမရှိချေ။ မွေးရပ်မြေဟုဆိုသော်လည်း ထိုနေရာ၌ ဂျီမင်းအားသိသူလည်းမရှိသလို၊ ဂျီမင်းကသိသူလည်း မရှိပါချေ။ ဘူဆန်မှာမွေးပြီး ဆိုးလ်မှာသာကြီးပြင်းခဲ့ရသည့်သူက ဆိုးလ်မြို့နှင့်သာ အကျွမ်းတ၀င်ရှိသည်။ ‌မိဘမဲ့ဆိုသော သူ့အဖို့ရာအတွက်တော့ ဆိုးလ်မြို့မှာ လုပ်ငန်းလည်းပေါပြီး စားရေးသောက်တာ အနေအထိုင်ကစ အဆင်ပြေလှသည်။ ဘူဆန်မှာက နေ၍ကောင်းသည်ဆိုသော်လည်း စီးပွားရေး၌တွင်‌တော့ သိပ်မတွင်ကျယ်ချေ။ ဆရာ၀န်တစ်ယောက်အနေနဲ့တောင် ဆေးဖိုးများများမရသည့် ထိုနယ်မြို့လေးက အနည်းငယ်ခေါင်သည်ဟုဆိုရမည်။

"ဒီနေ့တော့ ဈေးထဲသွားပြီး ဟင်းချက်စရာ၀ယ်ရဦးမယ်"

ဟုတ်ပါသည်။ ကိုယ်တိုင်သာ ဟင်းချက်စားသည်ဖြစ်၍ တစ်ပတ်စာအတွက်၀ယ်ရန် တစ်ပတ်တစ်ခါဈေးသို့သွားဖြစ်သည်။ ဆိုးလ်မှာလို markတစ်ခုထဲသို့၀င်ရုံဖြင့် အစုံမရနိုင်သော်လည်း လည်ပတ်၍၀ယ်မှသာရနိုင်သော အသီးအရွက်တို့က လတ်ဆက်ကာ အရသာရှိလှသည်။ ထို့နောက်ဈေးသို့သွားရန်ပြင်ဆင်ပြီး ဈေးခြင်းတောင်လေးအားဆွဲကာ ပိုက်ဆံအနည်းငယ်ကို အကျီအိပ်ကပ်ထဲထည့်လိုက်ပြီးနောက် ဈေးသို့ထွက်လာခဲ့သည်။

ဘူဆန်ဈေးတစ်ခွင်တတ်တတ်စင် ဖြစ်နေသည့်ဂျီမင်းအတွက်တော့ ဘာလိုသည်ဆိုတာ ဘယ်နေရာမှာရှိနိုင်သည်ဆိုတာကို ဝေးဝေးလံလံပင်မရှာရတော့ချေ။ မကြာသေးသည့်အချိန်အတွင်းမှာပင် ဘူဆန်မြို့လေးအား ဂျီမင်းကျွမ်းကျင်သွားပုံအရ ထိုမြို့လေးမှာ မည်မျှပင်သေးငယ်ကြောင်း သိသာလွန်းလှသည်။ အနည်းငယ်တုံးသည်ဟုဆိုနိုင်လောက်သည့် သူ့လိုလူမျိုးတောင် ထိုနေရာကိုအချိန်တိုလေးအတွင်းမှာပင် လယ်ခြယ်သွားခဲ့လျှင် မင်ယွန်ဂီသာဆိုလျှင်ဖြင့်...........။

"baby"

"အာ.......ငါ သူ့အသံကိုကြားမိပြန်ပြီပဲ"

အတွေးတွေထဲ၌ ထပ်ခါထပ်ခါပင် အော်ခေါ်နေတတ်ခဲ့သော ထိုနာမ်စားလေး၏ ပိုင်ရှင်အား မလွမ်းဘူးဟုဆိုလျှင် ဂျီမင်းလိမ်ရာကျပါမည်။ သူသိပ်လွမ်းပါသည်။ လွမ်းလွန်း၍လည်း ညတိုင်ဆိုမအိပ်နိုင်ဘဲ ငိုနေရသည်မှာမျက်ရည်နှင့် မျက်ခွက်ပင်။ ယခုလည်း သူ့ကိုအရမ်းလွမ်းပြီး သူ့အသံကိုကြားနေမိပြန်ပါပြီ။

ဂျီမင်း နာကျင်စွာဖြင့်တစ်ချက်ပြုံးလိုက်ပြီးနောက် ရှေ့သို့ဆက်လှမ်းခဲ့၏။ မိမိကိုယ်တိုင်ကပင် သူ့အားထားခဲ့သည် မဟုတ်ပါလား။ ထိုသူက အဘယ်အကြောင်းကြောင့်ဖြင့် မိမိအားလိုက်လံရှာဖွေပါမည်နည်း။

"baby! မင်း!!!! "

ခေါ်သံနှင့်အတူ ထပ်တူကျစွာပင် ဂျီမင်း၏လက်တစ်ဖက်သို့ ဆွဲကိုင်လာသော ဖြူဖွေးဖွေးလက်တစ်ဖက်......

"ဟင်!! သွေးစုပ်ဖုတ်ကောင်! ဘယ်လိုဖြစ်ပြီး......"

"လာ! မင်းအိမ်ရောက်မှ ပြသနာရှင်းကြတာပေါ့"

"ဒါပေမယ့်! ဘယ်က ဘယ်လို..........အ့! မင်ယွန်ဂီ ချပေး! အခုချက်ချင်းချပေးလို့"

"စိတ်ချ မင်းအိမ်ရောက်ရင်ချပေးမှာ"

စကားတွေများနေသော ဂျီမင်းအား ပခုံးပေါ်ထမ်းကာ တင်ခေါ်သွားသည်မို့ ဂျီမင်းမှာ ရုန်းကန်အော်ဟစ်နေသော်လည်း ယွန်ဂီကတော့ အေးအေးလူလူပင် လိုချင်သည့်စကားကိုသာ အထာကောက်သွားလေသည်။ ဂျီမင်းပြောသည့် ချပေးဆိုသည့်စကားအား တစ်လွဲအဓိပ္ပါယ်ကောက်ပစ်လိုက်ပါသော ယွန်ဂီပင်။ မသိ၍မဟုတ်ဘဲ သိရက်နှင့်အဓိပ္ပါယ်လွှဲပစ်လိုက်ခြင်းပင်။

"ခများ ကျွန်တော့်အိမ်ကို ဘယ်လိုသိ....."

"ကိုယ် ဒီရောက်နေတာ သုံးရက်ရှိပြီ၊ babyဆေးခန်းကို ဘယ်အချိန်သွားတယ်၊ ဘယ်အချိန်ပြန်လာတယ်၊ ဘယ်အချိန်ဈေး၀ယ်ထွက်တယ်၊ ဘယ်အချိန်လမ်းလျှောက်ထွက်တယ်ကအစ ကိုယ်အကုန်သိတယ်"

စကားဆိုရင်းပင် အိပ်ခန်းဆီသို့တန်းတန်းမတ်မတ်သွားနေသော ယွန်ဂီကြောင့် ဂျီမင်းခပ်တွေတွေလေးဖြစ်သွားရလေသည်။ သွေးစုပ်ဖုတ်ကောင်က အိမ်ကိုသိရုံတင်မဟုတ်ဘဲ အိမ်၏ဖွဲ့စည်းပုံကိုပါ အတွင်းကျကျသိနေလေသည်။

"ခများ ကျွန်တော်မရှိတုန်း အိမ်ထဲ၀င်ထားသေးတာလား"

"ကိုယ့်ကောင်လေးအိမ်ကို၀င်တာ ခွင့်တောင်းရဦးမှာလား"

"ခများ!!"

ဘုတ်!

အ့!!!

ယွန်ဂီစကားအဆုံး၌တွန်းထိုး ရုန်းကန်လာသော ဂျီမင်းကြောင့် အရှိန်မထိန်းနိုင်စွာပင် အိပ်ယာပေါ်သို့ ပစ်ချလိုက်မိသည်။

"ခများ!!! အသာချလို့မရဘူးလား"

အရှိန်ဖြင့်ပစ်ချခံလိုက်ရသည်မို့ နာသွားသောခါးလေးအားဖိကာ ရန်စွာလာသော ပေါက်စပင်။

"စိတ်ချ အခုကစပြီး ဖြေးဖြေးပဲချပေးမှာ"

"မင်ယွန်ဂီ!!!! လူယုတ်မာကြီး!!!!!"

ဆိုသည့်အော်သံလေးအဆုံးတွင် တစ်ကျက်ကျက်ဖြင့် ရန်ဖြစ်နေကြသော ကြောင်နှင့်ကြွက်တို့၏ အချစ်ဇာတ်လမ်းလေး တစ်ခန်းထခဲ့လေသည်။

J JuliH

နောက်တစ်ပိုင်းဆို ဇာတ်သိမ်းပါပြီနော်🤟🤟။

Zawgyi

LA၌ လုပ္စရာရွိသည့္လုပ္ငန္းမ်ား ၿပီးဆုံးသြားသည္မို႔ ယေန႕ daddyအိမ္သို႔ သြားေတာ့မည္ျဖစ္သည္။ hotel ၌ေနသည့္ႏွစ္ညအိပ္သုံးရက္ခရီးတြင္ ဗိုက္ကေလးမွာ ညတိုင္းပင္ပန္းခဲ့ရေလသည္။ ယခုလည္း ခနေန,daddyအိမ္ သြားရေတာ့မည္ဆိုတာကိုပင္ အိပ္ယာေပၚသို႔တတ္ကာ အိပ္ေနျပန္ေသး၏။ ေဂ်ာင္ကုမွာ ပစၥည္းေတြထုပ္ပိုးျပင္ဆင္ၿပီးသည့္တိုင္ ဗိုက္ကေလးမွာ အိပ္ေနဆဲပင္။

"ဗိုက္ကေလးထေတာ့ "

"ခနေလးပါ ငါအရမ္းအိပ္ခ်င္ေနလို႔"

အိပ္ခ်င္မူးတူးသံေလးျဖင့္ ေစာင္ၿခဳံထဲကေနေအာ္ေျပာေနေသာ ဗိုက္ကေလးေၾကာင့္ ေဂ်ာင္ကုတိတ္တိတ္ေလး ရယ္မိသည္။

"daddyအိမ္ေရာက္မွ ဆက္အိပ္ေတာ့ေနာ္"

"ခနေလးပါ ၆မိနစ္ပဲ"

"ေကာင္းၿပီ ဒါဆို ေမာင္မနိုးေတာ့ဘူး၊ ထမလား မထဘူးလားေျပာ"

"ခနေလးပါဆို ေမာင္ရာ ေနာ္"

ျငဴစူစူအသံေလးျဖင့္ ခြၽဲေနေသာ ဗိုက္ကေလးကို ေဂ်ာင္ကုဒီေနရာတြင္ေတာ့ အလိုမလိုက္နိုင္ေသးပါ။

"ေကာင္းၿပီ ဒီေန႕မသြားေတာ့ဘူး၊ ေနာက္ေန႕ေ႐ႊ႕လိုက္မယ္။ ေမာင္နဲ႕အတူတစ္ပြဲတစ္လမ္းႏႊဲ......."

"ငါ ထၿပီေမာင္"

ေခါင္းၿမီးၿခဳံထားေသာေစာင္ကိုဖယ္ကာ အိပ္ယာေပၚလက္ကေလးေထာက္ အားျပဳ၍ထေနေသာ ဗိုက္ကေလးအား ေဂ်ာင္ကုသြားထူေပးရင္း သေဘာက်စြာျဖင့္ေအာ္ရယ္မိသည္။

"ဘာရယ္တာလဲ ဟင့္! သူမ်ားအိပ္ခ်င္ပါတယ္ဆို"

"ေမာင့္ဗိုက္ကေလးက လိမၼာပါတယ္၊ daddyအိမ္ေရာက္မွအိပ္ေနာ္"

"ဟင့္! သူမ်ားကိုတစ္ညလုံးမအိပ္ရေအာင္ သူပဲႏွိပ္စက္ထားၿပီးေတာ့"

မ်က္ေစာင္းေလး႐ြယ္ရင္း ႏႈတ္ခမ္းေလးဆူကာ ေရ႐ြတ္ေနေသာ ဗိုက္ကေလးအားၾကည့္ကာ ေဂ်ာင္ကုမွာအသည္းတယားယားပင္။ ညတိုင္းသူ႕အားအနိုင္က်င့္ေနသည္ကို အခဲမေက်ခဲ့သမွ်အားစုကာ ဂ်စ္တိုက္ေနသလိုပင္။

"အစ္ကိုေလး သြားဖို႔အဆင္သင့္ျဖစ္ပါၿပီလား"

"အင္း၊ အထဲက luggageလာသယ္ေပး"

ေဂ်ာင္ကု၏စကားအဆုံးတြင္ အခန္းတြင္းသို႔၀င္လာေသာ ဂြၽန္သခင္ႀကီး၏ လူယုံနိုင္ငံျခားသားMartin။ အိပ္ယာထက္တြင္ ႏႈတ္ခမ္းဆူကာ ျငဴတူတူျဖစ္ေနေသာ ဗိုက္ကေလးအားတစ္ခ်က္လွမ္းၾကည့္ကာ ၿပဳံး၏။

"သခင္ႀကီး ခ်စ္ေလာက္ေအာင္ကို အစ္ကိုေလးရဲ႕ဇနီးက ခ်စ္ဖို႔ေကာင္းေနတာကို"

ထိုစကားအားၾကားေလေတာ့ ေဂ်ာင္ကုမွာ ဗိုက္ကေလးအား သူ႕ခႏၶာကိုယ္ျဖင့္ကြယ္လိုက္ေလသည္။

" luggageယူၿပီးသြားႏွင့္ေတာ့"

ေဂ်ာင္ကုအေျပာေၾကာင့္ ထိုလူမွာၿပဳံးကာ ထြက္သြားေလသည္။ ေဂ်ာင္ကု၏အျပဳအမူသည္ ကေလးဆန္သည္ဟု ထိုလူထင္လိမ့္မည္ဆိုေသာ္လည္း ဂ႐ုမစိုက္နိုင္ပါ။ ဗိုက္ကေလးအား မည္သူမွ်မျမင္နိုင္ေအာင္အထိ ဖြက္ထားပစ္ခ်င္သည့္ သူ႕စိတ္အားအေတာ္ပင္ထိန္းခ်ဳပ္ထားရတာျဖစ္၏။

"ဗိုက္ကေလး သြားရေအာင္"

"ငါ ဒီမွာတင္ပဲအိပ္ေနလို႔မရဘူးလားလို႔"

"ဒါဆိုတစ္ပြဲတစ္လမ္း......"

"ေမာင့္!!!!!"

ေဂ်ာင္ကုစကားမဆုံးမွီပင္ စိတ္ဆိုးစြာျဖင့္ေအာ္လာေသာ ဗိုက္ကေလး၏ ခပ္ဩဩအသံစူးစူးေလးေၾကာင့္ အသံထြက္သည္အထိ ေအာ္ရယ္မိသည္။

"ေမာင္ခ်ီမယ္ ထ၊ daddyဆီေရာက္မွအိပ္ေနာ္ လိမၼာတယ္"

"ဒါဆို ေမာင္ငါ့ကိုခ်ီ"

အိပ္ယာေပၚကေန လက္လွမ္းေနေသာ ဗိုက္ကေလးေၾကာင့္ ေဂ်ာင္ကုသေဘာက်စြာၿပဳံးရင္ ဗိုက္ကေလး၏ ဒူးေခါက္ေကြးႏွင့္ ဂုတ္ေနရာ၌လက္ထိုးလွ်ိုကာ ေပြ႕ခ်ီလိုက္သည္။

"ေမာင့္ဗိုက္ကေလးက တစ္ကယ့္ကေလး,ေလးကြာ"

"ဘာကေလးလဲ လူႀကီးပါေနာ္"

"သိတာေပါ့ ၊ ေမာင့္ဗိုက္ကေလးက ႀကီးလားေသးလား ေမာင္သိပ္သိတာေပါ့"

ထိုသို႔ေျပာလိုက္ေတာ့ ရွက္ေသြးသမ္းသြားသည့္ မ်က္ႏွာရဲရဲေလးက ရင္ခြင္ထဲသို႔တိုး၀င္ကာ ႏႈတ္ဆိတ္သြားေလသည္။ လက္ထပ္ထားတာႏွစ္ခ်ီေနသည့္အျပင္ အတူေနခဲ့သည့္အႀကိမ္ေပါင္းမ်ားစြာက မေရတြက္နိုင္ေလာက္ေအာင္ပင္ မ်ားေနခဲ့ပါေသာ္လည္း အရွက္သည္းသည့္ ဗိုက္ကေလးကေတာ့ ထိုကိစၥႏွင့္ပတ္သတ္လွ်င္ ပါးမို႔မို႔ေလးႏွင့္ နား႐ြက္ကေလးကနီေနဆဲပင္။

Hotelေရွ႕၌ရပ္ထားသည္ ဇိမ္ခံကားအေကာင္းစားႀကီး၏ အေနာက္ခန္းထဲသို႔ ဗိုက္ကေလးအားထည့္လိုက္ၿပီးေနာက္ ေဂ်ာင္ကုကေတာ့ ဗိုက္ကေလးရွိရာခုံသို႔ တစ္ဖက္တံခါးကေန၀င္ထိုင္ေလသည္။

ထိုကားႀကီး၏အေနာက္ခန္းတြင္ ေဂ်ာင္ကုႏွင့္ဗိုက္ကေလးသာရွိၿပီး Martinႏွင့္က်န္တစ္ေယာက္ကေတာ့ ေရွ႕ခန္း၌သာထိုင္ေလသည္။ ေလယာဥ္ကြင္းမွာ လာႀကိဳတုန္းကလို ကားေတြအမ်ားႀကီးႏွင့္မဟုတ္ေတာ့ေပမယ့္လည္း လုံၿခဳံေရးအဆင့္ျမင့္သည့္ကားမို႔ စိတ္ပူစရာေတာ့မရွိပါေခ်။

"ဗိုက္ကေလး အိပ္ခ်င္လား"

"ဟင့္အင္း! မအိပ္ခ်င္ေတာ့ဘူး"

"ဒါဆို ေမာင္နမ္းခ်င္တယ္"

"ဟင္! ဘာမွလည္း မဆိုင္ဘူး"

"လုပ္ပါေနာ္"

"မရဘူးေနာ္ေမာင္! ၿပီးက်ရင္ မင္းကေနာက္ဆက္တြဲေတြပါ ပါလာမွာ"

"မပါဘူး ကတိ"

"ဒါေပမယ့္ ကားအေရွ႕ခန္းမွာလူ....."

"ကိုယ္တို႔လုပ္တာေတြ သူတို႔မသိပါဘူး၊ ကားက ကန႔္လန႔္ကာပါၿပီးသား"

ထယ္ေယာင္း ေျပာမည္ျပင္ထားသည့္စကားေတြအား ေဂ်ာင္ကုကႀကိဳသိေနသလိုပင္ တန္းေျဖသြားေသာသူေၾကာင့္ ထယ္ေယာင္းမွာ ေျပာစရာစကားပင္ေပ်ာက္ရွသြားရေလသည္။ သူေပးမည့္အေၾကာင္းျပခ်က္ေတြအား ေဂ်ာင္ကုကႀကိဳတင္၍ ပိတ္ပင္သြားေလသည္။

"ေနာ္ ေမာင္နမ္းခ်င္လို႔"

"နမ္း နမ္း႐ုံပဲေနာ္"

ကတိကြာ ေနာ္"

ကေလးေလးတစ္ေယာက္လို ဂ်ီက်ေနသည့္ေဂ်ာင္ကုအား ထယ္ေယာင္းျငင္းဖို႔ပင္ အခြင့္မသာေတာ့ပါေခ်။ ေခါင္းၿငိမ့္ကာသာ လက္ခံရင္း အနမ္းေတြအားခံယူမိေလသည္။ တစ္ကယ္ပင္ ကတိတည္သည့္ေမာင္က ဒီတစ္ႀကိမ္တြင္ေတာ့ အဆင့္တတ္မလာခဲ့ပါေခ်။

"အစ္ကိုေလး အိမ္ေတာ္သို႔ေရာက္ပါၿပီ"

အေရွ႕ခန္းဆီမွ Martin၏အသိေပးခ်က္ေၾကာင့္ ထယ္ေယာင္း၏ႏႈတ္ခမ္းအား စုပ္ငုံထားရာမွ မလႊတ္ခ်င္လႊတ္ခ်င္ျဖင့္ လႊတ္ေပးလိုက္ရေလသည္။

"ေဂ်ာင္ကု"

ကားထဲမွ ထြက္ထြက္ခ်င္းဆီးႀကိဳလာေသာ အေဖျဖစ္သူေၾကာင့္ ေဂ်ာင္ကုေခါင္းၿငိမ့္ကာသာ အသိအမွတ္ျပဳလိုက္ေလသည္။

"ေမာင္ကလည္း ကိုယ့္အေဖကို ေအးစက္စက္ႀကီးႏႈတ္ဆက္ရလား"

"ေမာင္တို႔ရဲ႕ဆက္ဆံေရးက ဒီအတိုင္းပဲ"

"ေမာင့္အေဖက ငါ့ကို ၾကည္ျဖဴပါ့မလား"

ေၾကာက္႐ြံ႕ဟန္အထင္းသားေပၚလြင္ေနေသာ ဗိုက္ကေလး၏မ်က္ႏွာလွလွေလးအား လက္ႏွစ္ဖက္ျဖင့္အသာထိကိုင္လိုက္ရင္း

"ေမာင့္ဗိုက္ကေလးကို မၾကည္ျဖဴရင္ ေမာင့္Daddyက အစကတည္းက ေမာင့္တစ္ေယာက္တည္းကိုပဲ ေခၚမွာေပါ့၊ မေၾကာက္နဲ႕ ေမာင္ရွိတယ္"

လက္ကမ္းကာေခၚေနေသာ ေမာင့္လက္အား အားကိုးတႀကီးဆုပ္ကိုင္ကာ ကားထဲကေနထြက္လာေတာ့ အၿပဳံးခ်ိဳခ်ိဳျဖင့္ ခရီးဦးႀကိဳျပဳႏွင့္ေနေသာ ဂြၽန္သခင္ႀကီးေၾကာင့္ ထယ္ေယာင္းခမ်ာ အံ့ဩသြားရေလသည္။ စိတ္ထဲမွာထင္ထားသည္ႏွင့္ ကြဲလြဲလြန္းလွစြာပင္ ဂြၽန္သခင္ႀကီးက အၿပဳံးေတြကို ေဖာေဖာသီသီထုတ္ေဝေနခဲ့သည္။

"Martin အိမ္ေတာ္ထိန္းႀကီးကို သားတို႔ေရာက္လာၿပီလို႔သြားေျပာလိုက္၊ ၿပီးရင္ သားတို႔အတြက္ ျပင္ထားတဲ့အခန္းကို ေသခ်ာေလးလုပ္ထားေပးလို႔"

"ဟုတ္ကဲ့ပါ သခင္ႀကီး"

Martinအား အမွာစကားပါးၿပီးေနာက္ ထယ္ေယာင္းရွိရာသို႔လွမ္းၾကည့္ကာ ၿပဳံးမိပါေလေသာ ဂြၽန္သခင္ႀကီးပင္။ သူ႕သမက္ကေလးက တကယ္ပင္ ကိုယ္၀န္သည္ေလးပင္။ မ်က္လုံးေရွ႕တြင္ တပ္အပ္ျမင္ေနရသည္ကိုပင္ သူ႕မွာမယုံနိုင္ေသး။

"အထဲလာေလ သားတို႔ "

ခါတိုင္းဆို ေအးစက္စက္သာေနတတ္သည့္ daddyျဖစ္သူက ယခုတစ္ေခါက္တြင္ အလြန္အကြၽံပင္ ေဖာ္ေ႐ြေနသည္မို႔ ေဂ်ာင္ကုမွာ အေတြးမ်ားေနရေလသည္။ မဟုတ္မွ ဗိုက္ကေလးအေပၚမွာ တစ္ျခားစိတ္ေတြရွိေနတာလား။

အေတြးထက္ လက္ကအရင္ပင္ ဂြၽန႔္သခင္ႀကီး၏ျမင္ကြင္းထဲမွ ဗိုက္ကေလးအားဆြဲကာ သူ၏ေနာက္ေက်ာဘက္ဆီသို႔ပို႔လိုက္ေလသည္။

သားျဖစ္သူ၏လုပ္ရက္ကို သေဘာက်စြာပင္ၾကည့္ေနေလေသာ ဂြၽန္သခင္ႀကီးေၾကာင့္ ေဂ်ာင္ကုမွာ စိတ္မွမွန္ေသးရဲ႕လားဟုပင္ ေတြးလိုက္မိသည္အထိ။

"ေဂ်ာင္ကုေတာင္ သ၀န္တိုတတ္ေနၿပီပဲ၊ တစ္လြဲမေတြးပါနဲ႕ကြာ၊ လာ အိမ္ထဲကို၀င္ရေအာင္။ မင္းေယာက်ာ္းေလး ေနပူေနၿပီ"

အေဖျဖစ္သူ၏အေျပာေၾကာင့္ ဗိုက္ကေလးအားလွည့္ၾကည့္မိေတာ့ အမွန္ပင္။ ေနထိုးေန၍ မ်က္ႏွာေလးအား လက္ကေလးျဖင့္ကြယ္ကာ ရပ္ေနေလသည္။

"အိမ္ထဲ၀င္ရေအာင္"

"အင္း"

လက္ကိုမလႊတ္တမ္းပင္ဆြဲထားေသာ ေဂ်ာင္ကု၏ေနာက္သို႔လိုက္ရင္း ထယ္ေယာင္းေရးေရးေလးၿပဳံးမိပါ၏။ အခုေဂ်ာင္ကုက မိမိအား မည္သူမွ်မၾကည့္ေစခ်င္သည္အထိကို သ၀န္တိုေနပါသည္ မဟုတ္လား။ ထို႔ေနာက္တြင္ေတာ့ ဧည့္ခန္းထဲ၌ စကားက်သြားေလေသာ ထယ္ေယာင္းႏွင့္ဂြၽန္သခင္ႀကိးတို႔၏ စကားဝိုင္းေလးပင္။ ေဂ်ာင္ကုကေတာ့ ေဘးကေန နားေထာင္သူသက္သက္သာျဖစ္သည္။

--------------------------------

ဆိုေယာင္းမွာ အႏုပညာေလာကထဲကေန ႏႈတ္ထြက္ၿပီးကတည္းက အိမ္ႏွင့္႐ုံး၊ ႐ုံးႏွင့္အိမ္သာကူးေနရသည္။ ေန႕ဘက္တြင္အလုပ္ႏွင့္သာအခ်ိန္ကုန္ၿပီး ညေရာက္လွ်င္ေတာ့ မီနာႏွင့္အတူ ခ်စ္ၾကည္ႏူးၾကသည္။ ထိုင္းကေနျပန္လာၿပီး မၾကာေသးခင္အခ်ိန္အတြင္းမွာပင္ မီနာ့ကိုထင္မထားေလာက္သည့္အခ်စ္မ်ိဳးျဖင့္ သူမခ်စ္ခဲ့မိသည္။ ေဂ်ာင္ကုတုန္းကလိုအခ်စ္လိုမ်ိဳးမဟုတ္ဘဲ ထိုသည္ႏွင့္ကြဲလြဲခဲ့သည့္သူမ၏အခ်စ္ေတြ။ ေဂ်ာင္ကုႏွင့္တုန္းက ႏွစ္ရွည္ခ်စ္သူေတြသာျဖစ္ခဲ့ေသာ္လည္း အိပ္ယာေပၚကကိစၥတြင္ေတာ့ ႏွစ္ေယာက္လုံး စိတ္၀င္စားမႈမရွိခဲ့သည္မို႔ ထိုကိစၥအား ေယာင္၍ေတာင္ မစဥ္းစားခဲ့မိပါ။ အင္း.....အခုခ်ိန္မွာ ျပန္စဥ္းစားမည္ဆိုလွ်င္ ထိုအခ်စ္သည္ အေနနီး၍သံေယာဇဥ္တြယ္မိခဲ့သည့္ သူငယ္ခ်င္းအခ်စ္သာျဖစ္ပါလိမ့္မည္။

"ဆိုေယာင္း ဘာေတြစဥ္းစားေနတာလဲ"

"ေဂ်ာင္ကုအေၾကာင္းပါ သူ႕အမ်ိဳးသားနဲ႕အဆင္ေျပရဲ႕လားလို႔"

"သြားေတြ႕ခ်င္လား"

မီနာ့အေမးကို ဆိုေယာင္းခပ္ေတြေတြေလးစဥ္းစားလိုက္မိရင္း

"အင္း...သူငယ္ခ်င္းအေနနဲ႕ ဆိုေယာင္းရဲ႕ေကာင္မေလးကို ႂကြားရင္းသြားရမယ္"

"အပိုေတြ....အခ်စ္ေဟာင္းႀကီးကို ေတြ႕ခ်င္ရင္ေတြ႕ခ်င္တယ္ေပါ့"

ႏႈတ္ခမ္းဆူကာ စိတ္ေကာက္ေတာ္မူရင္း အေပၚထပ္ဆီသို႔တတ္သြားေလေသာ ခ်စ္ရသူေၾကာင့္ ဆိုေယာင္းအေနာက္ကေနလိုက္ေခ်ာ့ရေလသည္။ ကိုယ့္တစ္ေယာက္တည္းႀကိတ္ေတြးေနေတာ့လည္း သိခ်င္၍လာေမးေလသည္။ လာေမးလို႔အမွန္တိုင္းေျဖျပန္ရင္လည္း ႐ုတ္တရက္ႀကီး ေကာက္ကာငင္ကာပင္ စိတ္ေကာက္တတ္သည္။ စ,စခ်င္းမွာတုန္းကေတာ့ ေၾကာင္ေတာင္ေတာင္နိုင္ခဲ့မိေသာ္လည္း ယခုမူ ဆိုေယာင္းအေတာ္ေလးအထာနပ္လာခဲ့ၿပီျဖစ္သည္။ အရာရာကို ထစ္ကနဲရွိ စိတ္ေကာက္တတ္သည့္ သူမအား မၿငိဳျငင္ရက္သည့္အျပင္ပို၍ပင္ ခ်စ္မိပါေသး၏။

-----------------------------------------------

ေအးခ်မ္းတိတ္ဆိတ္သည့္ ေမြးရပ္ေျမေလးသို႔ ဂ်ီမင္းေရာက္သည္မွာ မၾကာေသးေသာ္လည္း အေတာ္ေလးပင္ သေဘာက်ႏွစ္ၿခိဳက္မိသည္။ ၿမိဳ႕ေတြမွာလို ကားလမ္းေပၚ ေမးတင္ေနျခင္းမဟုတ္၍ ခပ္လွမ္းလွမ္းမွ ကားသံ၊ ဆိုင္ကယ္သံမ်ားအား က်ယ္ေလာင္စြာၾကားရျခင္းမရွိေခ်။ ေမြးရပ္ေျမဟုဆိုေသာ္လည္း ထိုေနရာ၌ ဂ်ီမင္းအားသိသူလည္းမရွိသလို၊ ဂ်ီမင္းကသိသူလည္း မရွိပါေခ်။ ဘူဆန္မွာေမြးၿပီး ဆိုးလ္မွာသာႀကီးျပင္းခဲ့ရသည့္သူက ဆိုးလ္ၿမိဳ႕ႏွင့္သာ အကြၽမ္းတ၀င္ရွိသည္။ မိဘမဲ့ဆိုေသာ သူ႕အဖို႔ရာအတြက္ေတာ့ ဆိုးလ္ၿမိဳ႕မွာ လုပ္ငန္းလည္းေပါၿပီး စားေရးေသာက္တာ အေနအထိုင္ကစ အဆင္ေျပလွသည္။ ဘူဆန္မွာက ေန၍ေကာင္းသည္ဆိုေသာ္လည္း စီးပြားေရး၌တြင္ေတာ့ သိပ္မတြင္က်ယ္ေခ်။ ဆရာ၀န္တစ္ေယာက္အေနနဲ႕ေတာင္ ေဆးဖိုးမ်ားမ်ားမရသည့္ ထိုနယ္ၿမိဳ႕ေလးက အနည္းငယ္ေခါင္သည္ဟုဆိုရမည္။

"ဒီေန႕ေတာ့ ေဈးထဲသြားၿပီး ဟင္းခ်က္စရာ၀ယ္ရဦးမယ္"

ဟုတ္ပါသည္။ ကိုယ္တိုင္သာ ဟင္းခ်က္စားသည္ျဖစ္၍ တစ္ပတ္စာအတြက္၀ယ္ရန္ တစ္ပတ္တစ္ခါေဈးသို႔သြားျဖစ္သည္။ ဆိုးလ္မွာလို markတစ္ခုထဲသို႔၀င္႐ုံျဖင့္ အစုံမရနိုင္ေသာ္လည္း လည္ပတ္၍၀ယ္မွသာရနိုင္ေသာ အသီးအ႐ြက္တို႔က လတ္ဆက္ကာ အရသာရွိလွသည္။ ထို႔ေနာက္ေဈးသို႔သြားရန္ျပင္ဆင္ၿပီး ေဈးျခင္းေတာင္ေလးအားဆြဲကာ ပိုက္ဆံအနည္းငယ္ကို အက်ီအိပ္ကပ္ထဲထည့္လိုက္ၿပီးေနာက္ ေဈးသို႔ထြက္လာခဲ့သည္။

ဘူဆန္ေဈးတစ္ခြင္တတ္တတ္စင္ ျဖစ္ေနသည့္ဂ်ီမင္းအတြက္ေတာ့ ဘာလိုသည္ဆိုတာ ဘယ္ေနရာမွာရွိနိုင္သည္ဆိုတာကို ေဝးေဝးလံလံပင္မရွာရေတာ့ေခ်။ မၾကာေသးသည့္အခ်ိန္အတြင္းမွာပင္ ဘူဆန္ၿမိဳ႕ေလးအား ဂ်ီမင္းကြၽမ္းက်င္သြားပုံအရ ထိုၿမိဳ႕ေလးမွာ မည္မွ်ပင္ေသးငယ္ေၾကာင္း သိသာလြန္းလွသည္။ အနည္းငယ္တုံးသည္ဟုဆိုနိုင္ေလာက္သည့္ သူ႕လိုလူမ်ိဳးေတာင္ ထိုေနရာကိုအခ်ိန္တိုေလးအတြင္းမွာပင္ လယ္ျခယ္သြားခဲ့လွ်င္ မင္ယြန္ဂီသာဆိုလွ်င္ျဖင့္...........။

"baby"

"အာ.......ငါ သူ႕အသံကိုၾကားမိျပန္ၿပီပဲ"

အေတြးေတြထဲ၌ ထပ္ခါထပ္ခါပင္ ေအာ္ေခၚေနတတ္ခဲ့ေသာ ထိုနာမ္စားေလး၏ ပိုင္ရွင္အား မလြမ္းဘူးဟုဆိုလွ်င္ ဂ်ီမင္းလိမ္ရာက်ပါမည္။ သူသိပ္လြမ္းပါသည္။ လြမ္းလြန္း၍လည္း ညတိုင္ဆိုမအိပ္နိုင္ဘဲ ငိုေနရသည္မွာမ်က္ရည္ႏွင့္ မ်က္ခြက္ပင္။ ယခုလည္း သူ႕ကိုအရမ္းလြမ္းၿပီး သူ႕အသံကိုၾကားေနမိျပန္ပါၿပီ။

ဂ်ီမင္း နာက်င္စြာျဖင့္တစ္ခ်က္ၿပဳံးလိုက္ၿပီးေနာက္ ေရွ႕သို႔ဆက္လွမ္းခဲ့၏။ မိမိကိုယ္တိုင္ကပင္ သူ႕အားထားခဲ့သည္ မဟုတ္ပါလား။ ထိုသူက အဘယ္အေၾကာင္းေၾကာင့္ျဖင့္ မိမိအားလိုက္လံရွာေဖြပါမည္နည္း။

"baby! မင္း!!!! "

ေခၚသံႏွင့္အတူ ထပ္တူက်စြာပင္ ဂ်ီမင္း၏လက္တစ္ဖက္သို႔ ဆြဲကိုင္လာေသာ ျဖဴေဖြးေဖြးလက္တစ္ဖက္......

"ဟင္!! ေသြးစုပ္ဖုတ္ေကာင္! ဘယ္လိုျဖစ္ၿပီး......"

"လာ! မင္းအိမ္ေရာက္မွ ျပသနာရွင္းၾကတာေပါ့"

"ဒါေပမယ့္! ဘယ္က ဘယ္လို..........အ့! မင္ယြန္ဂီ ခ်ေပး! အခုခ်က္ခ်င္းခ်ေပးလို႔"

"စိတ္ခ် မင္းအိမ္ေရာက္ရင္ခ်ေပးမွာ"

စကားေတြမ်ားေနေသာ ဂ်ီမင္းအား ပခုံးေပၚထမ္းကာ တင္ေခၚသြားသည္မို႔ ဂ်ီမင္းမွာ ႐ုန္းကန္ေအာ္ဟစ္ေနေသာ္လည္း ယြန္ဂီကေတာ့ ေအးေအးလူလူပင္ လိုခ်င္သည့္စကားကိုသာ အထာေကာက္သြားေလသည္။ ဂ်ီမင္းေျပာသည့္ ခ်ေပးဆိုသည့္စကားအား တစ်လွဲအဓိပ္ပါယ်ကောက်ပစ်လိုက်ပါသော ယြန္ဂီပင္။ မသိ၍မဟုတ္ဘဲ သိရက်နှင့်အဓိပ္ပါယ်လွှဲပစ်လိုက်ခြင်းပင်။

"ခမ်ား ကြၽန္ေတာ့္အိမ္ကို ဘယ္လိုသိ....."

"ကိုယ္ ဒီေရာက္ေနတာ သုံးရက္ရွိၿပီ၊ babyေဆးခန္းကို ဘယ္အခ်ိန္သြားတယ္၊ ဘယ္အခ်ိန္ျပန္လာတယ္၊ ဘယ္အခ်ိန္ေဈး၀ယ္ထြက္တယ္၊ ဘယ္အခ်ိန္လမ္းေလွ်ာက္ထြက္တယ္ကအစ ကိုယ္အကုန္သိတယ္"

စကားဆိုရင္းပင္ အိပ္ခန္းဆီသို႔တန္းတန္းမတ္မတ္သြားေနေသာ ယြန္ဂီေၾကာင့္ ဂ်ီမင္းခပ္ေတြေတြေလးျဖစ္သြားရေလသည္။ ေသြးစုပ္ဖုတ္ေကာင္က အိမ္ကိုသိ႐ုံတင္မဟုတ္ဘဲ အိမ္၏ဖြဲ႕စည္းပုံကိုပါ အတြင္းက်က်သိေနေလသည္။

"ခမ်ား ကြၽန္ေတာ္မရွိတုန္း အိမ္ထဲ၀င္ထားေသးတာလား"

"ကိုယ့္ေကာင္ေလးအိမ္ကို၀င္တာ ခြင့္ေတာင္းရဦးမွာလား"

"ခမ်ား!!"

ဘုတ္!

အ့!!!

ယြန္ဂီစကားအဆုံး၌တြန္းထိုး ႐ုန္းကန္လာေသာ ဂ်ီမင္းေၾကာင့္ အရွိန္မထိန္းနိုင္စြာပင္ အိပ္ယာေပၚသို႔ ပစ္ခ်လိဳက္မိသည္။

"ခမ်ား!!! အသာခ်လိဳ႕မရဘူးလား"

အရွိန္ျဖင့္ပစ္ခ်ခံလိုက္ရသည္မို႔ နာသြားေသာခါးေလးအားဖိကာ ရန္စြာလာေသာ ေပါက္စပင္။

"စိတ္ခ် အခုကစၿပီး ေျဖးေျဖးပဲခ်ေပးမွာ"

"မင္ယြန္ဂီ!!!! လူယုတ္မာႀကီး!!!!!"

ဆိုသည့္ေအာ္သံေလးအဆုံးတြင္ တစ္က်က္က်က္ျဖင့္ ရန္ျဖစ္ေနၾကေသာ ေၾကာင္ႏွင့္ႂကြက္တို႔၏ အခ်စ္ဇာတ္လမ္းေလး တစ္ခန္းထခဲ့ေလသည္။

J JuliH

ေနာက္တစ္ပိုင္းဆို ဇာတ္သိမ္းပါၿပီေနာ္။

There are no comments yet. Log in to be the first to leave a review!

Similar stories