Fanfics

ĂŠp 30 ( final)

20:11, 3 August 2023

အချိန်တွေကုန်လာသည်နှင့်အမျှ ထယ်ယောင်း၏ဗိုက်ကလေးမှာ ပိုပိုပြီးပူထွက်လာကာ မွေးဖွားဖို့အချိန်ပင်နီးကပ်လာပြီဖြစ်သည်။ မွေးဖွားဖို့နီးလာသည်နှင့်အမျှ စိတ်မချနိုင်စွာ တစ်ဖွဖွမှာတမ်းခြွေနေသူ ဂျွန်သခင်ကြီးမှာ‌တော့ LA၌ပင် မနေနိုင်တော့ဘဲ ကိုးရီးယားသို့ လိုက်လာသည်အထိပင်။

အရင်တစ်ခေါက်က ဂျောင်ကု၏အလုပ်ကိစ္စဖြင့် LA၌တစ်ပတ်လောက်သောင်တင်ပြီး ပြန်လာသည့်အချိန်အထိပင် ဂျွန်သခင်ကြီးမှာ LAမှ လုပ်ငန်းတွေအား လက်စမပြတ်သေးဘဲ ရှိနေသော်လည်း တစ်လလောက်ကြာသည့်အခါတွင်‌တော့ ဆိုင်းမဆင့်ဘုံမဆင့်ဖြင့် ‌ကိုရီးယားသို့ရောက်လာခဲ့ခြင်းပင်။ အရင်ကတည်းက ထယ်ယောင်းအားချစ်သည့် ဂျွန်သခင်ကြီးမှာ ယခုအချိန်တွင်တော့ ထယ်ယောင်းအားဖူးဖူးမှုတ်ထားမည်ဆိုတာ ဧကန်မလွဲပင်။

ထို့ထက်မကသည့်အကြောင်းအရာတစ်ခုမှာ‌တော့ ပတ်ဘိုဂမ်နှင့်ဂျီအွန်းတို့၏လက်ထပ်ပွဲအတွက်ပင်ဖြစ်သည်။ နောက်ဆုံးမှာ‌တော့ ဂျွန်သခင်ကြီး၏ မြေးလိုချင်သည့်ဆန္ဒတွေက အကောင်အထည်ပေါ်လာပြီဖြစ်သည်။ သားဖြစ်သူကလည်း အိမ်ထောင်ကျပြီဖြစ်သလို၊ သမီးဖြစ်သူမှာလည်း အိမ်ထောင်ပြုဖို့ လမ်းစပျိုးလာခဲ့ပြီဖြစ်သည်။

4 years later,

"ဆူယောင်း၊ ဝူယောင်း ကျောင်းသွားရအောင်"

အကျီလဲနေရင်းမှကြားလိုက်ရသော ပါပါး၏အသံကြောင့် ဆူယောင်းနှုတ်ခမ်းလေးဆူထွက်လာရလေသည်။

"အဲ့ဒီပါပါးကလည်းလေ သူများကမှ ကျောင်းသွားရမှာ ပျင်းပါတယ်ဆို ခနတိုင်းကျောင်းသွားဖို့ပဲပြောနေတယ်"

ပင်ကိုယ်အကျင့်ကပင် အစွာဓာတ်ခံလေးပါသည့် ဆူယောင်းက တစ်ခုခုဆိုလျှင်နည်းနည်းလေးမှပင်မခံတတ်သည့် စွာတေးလန်လေးပင်ဖြစ်သည်။ ဆူယောင်း၏အမွှာမောင်လေးဖြစ်သည့် ဝူယောင်းမှာတော့ ဆူယောင်းနှင့်ဆန့်ကျင်လွန်းလှစွာပင် အနေအေးကာ လိမ္မာ၏။

"ဆူယောင်း ကိုယ့်ပါပါးကို အဲ့လိုမပြောရဘူးလေ၊ ပါပါးက သမီးကို ပညာတတ်ကြီးဖြစ်စေချင်လို့ စေတနာနဲ့ပြောတာကို အခုလိုအပြစ်တွေတင်နေတာ daddy မကြိုက်ဘူးနော်"

ဂျောင်ကုဆူလိုက်တော့ အနည်းငယ်မျက်‌နှာလေးပျက်သွားရှာသည့်သမီးငယ်ကြောင့် ဆူသာဆူမိသော်လည်း စိတ်မကောင်းဖြစ်ရပြန်သည်။

"ဟော! ပါပါးသမီးက မျက်နှာလေးညှိုးနေပါရောလား၊ ဘာလို့လဲ daddyက ဆူလို့လား"

ကလေးတွေကျောင်းသွားလျှင် ယူသွားဖို့ရာအတွက်ထမင်းဘူးနှစ်ဘူးအား ပြင်ဆင်ကာ ကျောင်းသွားဖို့အတွက်လာခေါ်စဉ် မျက်နှာမကောင်းဖြစ်နေသော ဆူယောင်းကြောင့် သူ့daddyဆူမှန်း ထယ်ယောင်းရိပ်မိပါသည်။ သူဘယ်လောက်ပဲဆူဆူမျက်နှာတစ်ချက်မပျက်တတ်သည့် ဆူယောင်းက ဂျောင်ကုနှင့်ဆိုလျှင်တော့ စကားမာရုံနှင့်ပင် မျက်နှာညှိုးသွားတတ်သည်။

"daddyက မဆူပါဘူး၊ ဆူယောင်းကမလိမ္မာလို့ ဆုံးမတာပါ"

"ဟုတ်ပါပြီ၊ ဒါဆို ဆူယောင်းလေးရော၊ ဝူယောင်းလေးရော ကျောင်းသွားရအောင်နော်။ daddyကလည်း ဆူယောင်းကိုဆူမိလို့ တောင်းပန်တဲ့အနေနဲ့ ရေခဲမုန့်၀ယ်ကျွေးမယ်တဲ့"

"daddyက အဲ့လိုမပြောဘူး"

ဘေးကနေ၀င်ထောက်လာသော ဝူယောင်းကြောင့် ထယ်ယောင်းမှာ မျက်နှာချင်းဆိုင်၌ရှိနေသော ဂျောင်ကုအားလှမ်းကြည့်ကာ တပ်ကူတောင်းရလေသည်။

"ပြောလိုက်တယ် မဟုတ်လား မောင်"

"မောင် မပြောမိဘူးလားလို့"

"မောင်!!!"

အံလေးကြိတ်ကာ ခပ်ဆောင့်ဆောင့်လေးခေါ်မိတော့ မသိသလိုဟန်ဆောင်ကာ မျက်နှာလွှဲသွား၏။

"ဆူယောင်းလေးနဲ့ ဝူယောင်းလေး ခနငြိမ်ငြိမ်လေးနေခဲ့နော်၊ ပါပါး မင်းတို့daddyနဲ့ ညှိပြီးပြန်လာခဲ့မယ်"

ဂျောင်ကုလက်အားဆွဲကာ ကလေးတွေအခန်းထဲကနေထွက်လာပြီးနောက် အခန်းဆီသို့ပြန်လာခဲ့လေသည်။ ပြီးနောက်အခန်းတံခါးအား ဂျက်ချလိုက်ကာ

"မောင်! ကလေးရှေ့မှာကို ဘာလို့အကန်တွေပြောနေတာလဲ"

"ဆူယောင်းက ဗိုက်ကလေးကို အပြစ်တင်နေတာကို"

"ဆူယောင်းက ကလေးပဲရှိသေးတာလေမောင်ရယ်၊ ဒါတွေကို သူဘယ်နားလည်မှာလဲ"

"မသိဘူး! မောင်က ဗိုက်ကလေး...."

"ငါ ဗိုက်မရှိတော့ဘူးမောင်"

"အကျင့်ပါနေလို့"

ပျော့ပျောင်းခြင်းမရှိသည့်အသံတို့က သူအမှန်တစ်ကယ်ပင် စိတ်တိုနေကြောင်းသိသာလှစွာ။ သို့ပေမယ့်လည်း အဘယ်သို့လုပ်ရမည်နည်း။ မသိနားမလည်တဲ့ကလေးတစ်ယောက်က ပြောတာတွေကို အတည်ယူနေသည့်အပြင် သွေးသားအရင်းဖြစ်တာတောင် နည်းနည်းမှအလျှော့မပေးသည့်သူက တစ်ခြားလူ၏အမြင်မှာဆိုလျှင် ပထွေးဟုတောင်မြင်နိုင်သည်။

"မောင်ရာ!!"

"ထယ်"

"ပြော"

"ညှိနှိုင်းမလား၊ ကလေးရေခဲမုန့်ကျွေးဖို့"

"ဘယ်လိုလဲ"

"မောင့်ကိုအခု အ၀နမ်းခွင့်ပေးရမယ် ပြီးတော့ ညရောက်ရင်အတူနေပေးရမယ် မောင်...စိတ်...ကျေ...နပ်....တဲ့အထိ"

အဆုံးသတ်ကိုဖိပြောလာသော ဂျောင်ကု၏စကားသံကြောင့် ထယ်ယောင်းကြက်သီးပင်ထသွားမိသည်။ အခုတလောမှာအတူနေဖို့ကြံတိုင်း ထယ်ယောင်းဘက်ကနေဝေ့ပတ်ကာ ပြေးနေတတ်သည်မို့ အခွင့်အရေးရတုန်း အမိအရဆုပ်ကိုင်သည့်သဘောပင်။

"ငါသဘောတူရင် မောင်က ဒီနေ့ကလေးတွေကို ပျော်အောင်ထားမှာလား"

"ဒါပေါ့"

"အဲဒါဆို ငါသဘောတူ......အွန့်"

စကားပင်မဆုံးသေးခင်မှာပင် ဆွဲနမ်းလာသောဂျောင်ကုကြောင့် ထယ်‌ယောင်းမငြင်းသာဘဲ အနမ်းတွေအားတုန့်ပြပေးနေရလေသည်။ ကလေး‌တွေအား ကျောင်းလိုက်ပို့လျှင် သူ့နှုတ်ခမ်းက ပျားတုတ်ခံရတာလားဟု ထပ်မံအမေးခံရပြန်ဦးမည်။

-------------------------------

"ကိုကို "

"ပြောလေ baby"

"babyလေ ဒီနေ့ ကိုကိုလုပ်ကျွေးတဲ့ ရေညှိထမင်းလိတ်နဲ့ ကင်မ်ချီဟင်းရည်လေး စားချင်လို့ "

အချိန် 4နှစ်။လေးနှစ်ဆိုသည့်အချိန်က အရာရာကိုပြောင်းလဲနိုင်ဖို့အတွက် လုံလောက်သည့်အချိန်တစ်ခုဖြစ်ခဲ့ပါသည်။ အဆင်မ‌ေပြမှုများကိုလည်း အဆင်ပြေစေခဲ့သော ထိုလေးနှစ်တာအချိန်တစ်ခု။

ဗြောင်မိသားစု၏ စီးပွားရေးလည်းကျရှုံးသွားသလို၊ ဗြောင်ဆူအင်းဆိုသည့်မိန်းမငယ်လေးကပါ ပျောက်ချင်းမလှပျောက်သွားခဲ့သည့်အချိန်အပိုင်းအခြားတစ်ခု။ အဖုအထစ်လေးတွေရှိခဲ့သည့် သူတို့နှစ်ဦး၏အချစ်ရေးကိုလည်း ချောမွေ့ပြေပြစ်ခဲ့သည့် အချိန်ကာလဖြစ်သည့်အပြင် အဆင်ပြေသည်ထက်ပိုကာ မင်ယွန်ဂီ၏အသိုင်းအဝိုင်းကြီးထဲကိုပင် ဂျီမင်းအား သိက္ခာရှိစွာပင် ဆွဲခေါ်လာနိုင်ခဲ့သည့် ‌မေ့မရနိုင်သည့် အမှတ်တရတွေ ကျန်ရစ်ခဲ့စေသော နှစ်ကာလတွေပင်ဖြစ်သည်။

အခုဆိုလျှင် ဂျီမင်းကပင် သွေးစုပ်ဖုတ်ကောင်ဟုမခေါ်တော့ဘဲ ကိုကိုဟုခေါ်ကာ အရင်တုန်းက ဖွင့်ထုတ်ချင်းမရှိခဲ့သည့် ချစ်တယ်ဟူသောစကားအား မမောနိုင်မပန်းနိုင်ပင် တစ်ဖွဖွပြောတတ်ပါသေး၏။ ထိုသို့သော အကဲပိုမှုလေးတွေကြောင့်နှင့်ပင် ဂျီမင်းမှာသာ ကိုယ်၀န်ဆောင်နိုင်လျှင် ယခုဆိုလျှင် ကလေးတစ်ကြိတ်လောက် ရနေလောက်မည်ထင်သည်။

"အာ.....မွှေးလိုက်တာ"

မီးဖိုချောင်ထဲ၌အလုပ်ရှုပ်နေသော မင်ယွန်ဂီ၏ချက်ပြုတ်နေသည့်နေရာမှ သင်းပျံ့လာသည့် ဟင်းနံ့မွှေးမွှေးလေးအား ဂျီမင်း မည်သို့သောအင်အားနှင့်မှ ဥပေက္ခာမပြုလိုက်နိုင်ပါပေ။ သူပြောသည့် ရေညှိထမင်းလိတ်နှင့် ကင်မ်ချီဟင်းရည်ပါမကဘဲ ကိုလာနှင့်ကြက်ကြော်ကိုပါအပိုဆောင်းအနေနှင့် ပြင်ပေးနေပုံရပါသည်။

"ကိုကို"

လှမ်းခေါ်ရင်းမှပင် ဟင်းချက်နေသောသူအား အနောက်ကနေသိုင်းဖက်ရင်း ကျောပြင်ထံပါလေးဖြင့် ခပ်ဖွဖွပွတ်သပ်နေမိသည်။

"အရမ်းချစ်တယ် ကိုကို"

ကျောပြင်ထက်၀ယ် ကြောင်လေးတစ်ကောင်အသွင် ပွတ်သပ်နေရင်းမှဆိုလာသော baby၏ စကားသံကြောင့် ယွန်ဂီသွားတန်းညီညီများပေါ်သည်အထိ ပြုံးမိသည်။

"အားလုံးပြင်ပြီးပြီ စားရအောင် ကိုယ့်ကို ခနလွှတ်ဦး"

ထိုသို့ပြောသော်လည်း တွယ်ကပ်နေသည့်ကြောင်ကလေးက ဖယ်ခွာမပေး။ စားစရာများအား စားပွဲဆီသို့ရွှေ့တင်နေသော်လည်း ကူညီခြင်းမရှိဘဲ အနောက်ကနေသာ တွဲလဲခိုလိုက်လာလေသည်။

"baby ဒီမှာ ထိုင်နော်"

စားစရာတွေအားနေရာချပြီးနောက် ချစ်ရသူအားစားတော်ပွဲဆီသို့ ပင့်ဆောင်ကာ ခွံ့၍ကျွေးရပါသေးသည်။ တစ်ခါတစ်ရံဆိုလျှင် မစားချင်ဘူးဟုဆိုကာ အဆိုးလေးက ဂျီကျပါသေး၏။ ထိုသို့ဆိုးနေ၍ စိတ်ကုန်သည်လားဟုမေးလျှင် ယွန်ဂီခေါင်းခါပြရပါလိမ့်မည်။ ထိုအဆိုးလေးအား စိတ်ကုန်ဖို့မဆိုထားနှင့် ချစ်၍ပင်မ၀နိုင်သေးပေ။ နောက်နောင်တွင် ထိုထက်မကပင် ပိုတိုး၍ ချစ်နေပါဦးမည်။

....................................

အိပ်ခန်း၏ပြတင်းပေါက်ဆီကနေ အဝေးတစ်နေရာသို့ ခပ်ဆွေးဆွေးလေးငေးနေသော လူတစ်ယောက်၏ မျက်၀န်းတွေက သက်၀င်လှုပ်ရှားနေခြင်းတွေ ကင်းမဲ့ကာ ခံစားမှုဟူသောအရာတိုင်းဟာ ဗလာနတ္ထိ။

စဉ်းစားပါသော်လည်း အဖြေမရသည့်မေးခွန်းများက ဦးနှောက်ထဲတွင်‌ ဝေ့ဝဲနေပါသော်လည်း လက်တွေ့တွင်မူ ဘာကိုမှ ထုတ်မမေးနိုင်ဘဲ ရေလုံနှုတ်ပိတ်ဖြင့်သာ။ သူမ,သိခဲ့ဖူးသည့်အတိတ်ဆိုသည့်အရာတွေအား တစ်စိုးတစ်စဉ်းလေးမျှပင် သူမဦးနှောက်ထဲ၌ ရှိမနေပါဘဲ ဗလာကျင်းနေလျက်။

ဦးနှောက်ဆေးကြောမှုလုပ်ပြီးသည့်အချိန်မှစ၍ မီဆိုသည် သိသိသာသာပင် ပြောင်းလဲသွားခဲ့သည်။ တစ်ခါတစ်ရံ တွေတွေလေးငေးနေတတ်သလို၊ တစ်ခါတစ်ရံ၌လည်း ငိုနေတတ်ပါသေး၏။ 'ဘာကြောင့်ငိုလဲ'ဟု မေးသည့်အခါတွင်တော့ သူမဆီက အဖြေပေးခဲ့ခြင်းမျိုး လုံး၀မရှိခဲ့ပါချေ။

"မီဆို"

"အင်း"

"ကိုရီးယားကို လွမ်းနေတာလား"

"ဟင့်အင်း မလွမ်းပါဘူး၊ ပြန်လည်းမပြန်ချင်ဘူး။ အတိတ်မှာဘာတွေဖြစ်ခဲ့လည်း မသိပေမယ့် ကောင်းတဲ့အမှတ်တရတွေ မရှိခဲ့ဘူးလို့ ထင်တာပဲ"

ဗလာကျင်းနေသည့် မျက်၀န်းတွေဖြင့်ဆိုလာသော မီဆိုက အမှန်တကယ်ပင် ဟန်ဆောင်မှုကင်းစွာ။ ဦးနှောက်ဆေးသည့် ခွဲစိတ်မှုက အောင်မြင်သည့်အပြင် ထင်မထားသည့်ရလဒ်ကိုပါ ရခဲ့သည်မို့ ယယ်ဂျီတကယ်ပင် ၀မ်းသာမဆုံးပေ။ အရင်ကအမြဲမျက်နှာဖုံးစွပ်ထားတတ်သည့်သူမ၏ မျက်နှာလှလှက ယခုတော့ဖြင့် ဖြူစင်မှုအပြည့်ဖြင့် နှစ်လိုဖွယ် ကောင်းလွန်းလှသည်။

"အင်း...ကောင်းတဲ့အမှတ်တရတွေမရှိခဲ့တာမို့ ကိုရီးယားကိုမပြန်ဘဲ ဒီမှာပဲ ငါနဲ့နေပါ"

"အင်း.....ငါ့အပေါ်မှာ နင်ကသာအကောင်းဆုံးသော လူသားတစ်ဦးပါ ဆောယယ်ဂျီ"

ပြတင်းဘက်သို့ပြန်လှည့်ရင်း အဝေးတစ်နေရာအား မျှော်ငေးရင်း ဆိုလာသော သူမ၏စကား.............။

အဝေးသို့ငေးကြည့်နေသောသူမအား ယယ်ဂျီကတော့ အနီးကနေ ငေးကြည့်ခွင့်သာရခဲ့ပါသည်။

THE END 🔚

အချစ်စစ်ဆိုသောခရီးလမ်းသည် ကောက်ကွေ့ပြီး စီးဆင်းနေသည့်မြစ်တစ်တင်းလိုပင် ရှုပ်ထွေးပွေလီလွန်း၏။

မတ်စောက်သောတောင်တန်းတွေအပေါ် တွယ်တတ်ရသကဲ့သို့ ခက်ခဲ၍ကြမ်းတမ်း၏။

ဆူးငြောင့်ခလုတ်များပေါသည့်တောအုပ်ပမာ အဖုအထစ်တွေများလွန်း၏။

ချစ်ပုံချစ်နည်းတွေသည် မတူညီခဲ့ကြသော်လည်း ချစ်ရသူအတွက်ကျေနပ်စွာ ပေးဆပ်ခဲ့ရသည်တော့ တူညီခဲ့ကြသည်။

Moe Yeik ကနေပြီးတော့J_JuliH ဆိုပြီး nameလေးချိန်းထားပါတယ်နော်။

နောက်ဆုံးတော့ ဇာတ်သိမ်းခဲ့ပါပြီ။ ပထမဆုံးရေးတဲ့ ဇာတ်လမ်းလေးမို့ လိုအပ်ချက်တွေလည်း အများကြီးရှိခဲ့မှာပါ။ဇာတ်သိမ်းမှာတိုသွားတာမို့ အားနာပါတယ်။ပေါ့သွားခဲ့ရင်လည်း တောင်းပန်ပါတယ်။ မအားတဲ့ကြားကနေ updateကြာမှာစိုးလို့ရေးပေးလိုက်ရတာမို့ပါ🥺။ နောက်ထပ်ရေးမယ့်ဟာလေးတွေကိုတော့ အကောင်းဆုံးကြိုးစားပါ့မယ်။😘😘

Zawgyi

အခ်ိန္ေတြကုန္လာသည္ႏွင့္အမွ် ထယ္ေယာင္း၏ဗိုက္ကေလးမွာ ပိုပိုၿပီးပူထြက္လာကာ ေမြးဖြားဖို႔အခ်ိန္ပင္နီးကပ္လာၿပီျဖစ္သည္။ ေမြးဖြားဖို႔နီးလာသည္ႏွင့္အမွ် စိတ္မခ်နိဳင္စြာ တစ္ဖြဖြမွာတမ္းေႁခြေနသူ ဂြၽန္သခင္ႀကီးမွာေတာ့ LA၌ပင္ မေနနိုင္ေတာ့ဘဲ ကိုးရီးယားသို႔ လိုက္လာသည္အထိပင္။

အရင္တစ္ေခါက္က ေဂ်ာင္ကု၏အလုပ္ကိစၥျဖင့္ LA၌တစ္ပတ္ေလာက္ေသာင္တင္ၿပီး ျပန္လာသည့္အခ်ိန္အထိပင္ ဂြၽန္သခင္ႀကီးမွာ LAမွ လုပ္ငန္းေတြအား လက္စမျပတ္ေသးဘဲ ရွိေနေသာ္လည္း တစ္လေလာက္ၾကာသည့္အခါတြင္ေတာ့ ဆိုင္းမဆင့္ဘုံမဆင့္ျဖင့္ ကိုရီးယားသို႔ေရာက္လာခဲ့ျခင္းပင္။ အရင္ကတည္းက ထယ္ေယာင္းအားခ်စ္သည့္ ဂြၽန္သခင္ႀကီးမွာ ယခုအခ်ိန္တြင္ေတာ့ ထယ္ေယာင္းအားဖူးဖူးမႈတ္ထားမည္ဆိုတာ ဧကန္မလြဲပင္။

ထို႔ထက္မကသည့္အေၾကာင္းအရာတစ္ခုမွာေတာ့ ပတ္ဘိုဂမ္ႏွင့္ဂ်ီအြန္းတို႔၏လက္ထပ္ပြဲအတြက္ပင္ျဖစ္သည္။ ေနာက္ဆုံးမွာေတာ့ ဂြၽန္သခင္ႀကီး၏ ေျမးလိုခ်င္သည့္ဆႏၵေတြက အေကာင္အထည္ေပၚလာၿပီျဖစ္သည္။ သားျဖစ္သူကလည္း အိမ္ေထာင္က်ၿပီျဖစ္သလို၊ သမီးျဖစ္သူမွာလည္း အိမ္ေထာင္ျပဳဖို႔ လမ္းစပ်ိဳးလာခဲ့ၿပီျဖစ္သည္။

4 years later,

"ဆူေယာင္း၊ ဝူေယာင္း ေက်ာင္းသြားရေအာင္"

အက်ီလဲေနရင္းမွၾကားလိုက္ရေသာ ပါပါး၏အသံေၾကာင့္ ဆူေယာင္းႏႈတ္ခမ္းေလးဆူထြက္လာရေလသည္။

"အဲ့ဒီပါပါးကလည္းေလ သူမ်ားကမွ ေက်ာင္းသြားရမွာ ပ်င္းပါတယ္ဆို ခနတိုင္းေက်ာင္းသြားဖို႔ပဲေျပာေနတယ္"

ပင္ကိုယ္အက်င့္ကပင္ အစြာဓာတ္ခံေလးပါသည့္ ဆူေယာင္းက တစ္ခုခုဆိုလွ်င္နည္းနည္းေလးမွပင္မခံတတ္သည့္ စြာေတးလန္ေလးပင္ျဖစ္သည္။ ဆူေယာင္း၏အမႊာေမာင္ေလးျဖစ္သည့္ ဝူေယာင္းမွာေတာ့ ဆူေယာင္းႏွင့္ဆန႔္က်င္လြန္းလွစြာပင္ အေနေအးကာ လိမၼာ၏။

"ဆူေယာင္း ကိုယ့္ပါပါးကို အဲ့လိုမေျပာရဘူးေလ၊ ပါပါးက သမီးကို ပညာတတ္ႀကီးျဖစ္ေစခ်င္လို႔ ေစတနာနဲ႕ေျပာတာကို အခုလိုအျပစ္ေတြတင္ေနတာ daddy မႀကိဳက္ဘူးေနာ္"

ေဂ်ာင္ကုဆူလိုက္ေတာ့ အနည္းငယ္မ်က္ႏွာေလးပ်က္သြားရွာသည့္သမီးငယ္ေၾကာင့္ ဆူသာဆူမိေသာ္လည္း စိတ္မေကာင္းျဖစ္ရျပန္သည္။

"ေဟာ! ပါပါးသမီးက မ်က္ႏွာေလးညွိုးေနပါေရာလား၊ ဘာလို႔လဲ daddyက ဆူလို႔လား"

ကေလးေတြေက်ာင္းသြားလွ်င္ ယူသြားဖို႔ရာအတြက္ထမင္းဘူးႏွစ္ဘူးအား ျပင္ဆင္ကာ ေက်ာင္းသြားဖို႔အတြက္လာေခၚစဥ္ မ်က္ႏွာမေကာင္းျဖစ္ေနေသာ ဆူေယာင္းေၾကာင့္ သူ႕daddyဆူမွန္း ထယ္ေယာင္းရိပ္မိပါသည္။ သူဘယ္ေလာက္ပဲဆူဆူမ်က္ႏွာတစ္ခ်က္မပ်က္တတ္သည့္ ဆူေယာင္းက ေဂ်ာင္ကုႏွင့္ဆိုလွ်င္ေတာ့ စကားမာ႐ုံႏွင့္ပင္ မ်က္ႏွာညွိုးသြားတတ္သည္။

"daddyက မဆူပါဘူး၊ ဆူေယာင္းကမလိမၼာလို႔ ဆုံးမတာပါ"

"ဟုတ္ပါၿပီ၊ ဒါဆို ဆူေယာင္းေလးေရာ၊ ဝူေယာင္းေလးေရာ ေက်ာင္းသြားရေအာင္ေနာ္။ daddyကလည္း ဆူေယာင္းကိုဆူမိလို႔ ေတာင္းပန္တဲ့အေနနဲ႕ ေရခဲမုန႔္၀ယ္ေကြၽးမယ္တဲ့"

"daddyက အဲ့လိုမေျပာဘူး"

ေဘးကေန၀င္ေထာက္လာေသာ ဝူေယာင္းေၾကာင့္ ထယ္ေယာင္းမွာ မ်က္ႏွာခ်င္းဆိုင္၌ရွိေနေသာ ေဂ်ာင္ကုအားလွမ္းၾကည့္ကာ တပ္ကူေတာင္းရေလသည္။

"ေျပာလိုက္တယ္ မဟုတ္လား ေမာင္"

"ေမာင္ မေျပာမိဘူးလားလို႔"

"ေမာင္!!!"

အံေလးႀကိတ္ကာ ခပ္ေဆာင့္ေဆာင့္ေလးေခၚမိေတာ့ မသိသလိုဟန္ေဆာင္ကာ မ်က္ႏွာလႊဲသြား၏။

"ဆူေယာင္းေလးနဲ႕ ဝူေယာင္းေလး ခနၿငိမ္ၿငိမ္ေလးေနခဲ့ေနာ္၊ ပါပါး မင္းတို႔daddyနဲ႕ ညွိၿပီးျပန္လာခဲ့မယ္"

ေဂ်ာင္ကုလက္အားဆြဲကာ ကေလးေတြအခန္းထဲကေနထြက္လာၿပီးေနာက္ အခန္းဆီသို႔ျပန္လာခဲ့ေလသည္။ ၿပီးေနာက္အခန္းတံခါးအား ဂ်က္ခ်လိဳက္ကာ

"ေမာင္! ကေလးေရွ႕မွာကို ဘာလို႔အကန္ေတြေျပာေနတာလဲ"

"ဆူေယာင္းက ဗိုက္ကေလးကို အျပစ္တင္ေနတာကို"

"ဆူေယာင္းက ကေလးပဲရွိေသးတာေလေမာင္ရယ္၊ ဒါေတြကို သူဘယ္နားလည္မွာလဲ"

"မသိဘူး! ေမာင္က ဗိုက္ကေလး...."

"ငါ ဗိုက္မရွိေတာ့ဘူးေမာင္"

"အက်င့္ပါေနလို႔"

ေပ်ာ့ေပ်ာင္းျခင္းမရွိသည့္အသံတို႔က သူအမွန္တစ္ကယ္ပင္ စိတ္တိုေနေၾကာင္းသိသာလွစြာ။ သို႔ေပမယ့္လည္း အဘယ္သို႔လုပ္ရမည္နည္း။ မသိနားမလည္တဲ့ကေလးတစ္ေယာက္က ေျပာတာေတြကို အတည္ယူေနသည့္အျပင္ ေသြးသားအရင္းျဖစ္တာေတာင္ နည္းနည္းမွအေလွ်ာ့မေပးသည့္သူက တစ္ျခားလူ၏အျမင္မွာဆိုလွ်င္ ပေထြးဟုေတာင္ျမင္နိုင္သည္။

"ေမာင္ရာ!!"

"ထယ္"

"ေျပာ"

"ညွိႏွိုင္းမလား၊ ကေလးေရခဲမုန႔္ေကြၽးဖို႔"

"ဘယ္လိုလဲ"

"ေမာင့္ကိုအခု အ၀နမ္းခြင့္ေပးရမယ္ ၿပီးေတာ့ ညေရာက္ရင္အတူေနေပးရမယ္ ေမာင္...စိတ္...ေက်...နပ္....တဲ့အထိ"

အဆုံးသတ္ကိုဖိေျပာလာေသာ ေဂ်ာင္ကု၏စကားသံေၾကာင့္ ထယ္ေယာင္းၾကက္သီးပင္ထသြားမိသည္။ အခုတေလာမွာအတူေနဖို႔ႀကံတိုင္း ထယ္ေယာင္းဘက္ကေနေဝ့ပတ္ကာ ေျပးေနတတ္သည္မို႔ အခြင့္အေရးရတုန္း အမိအရဆုပ္ကိုင္သည့္သေဘာပင္။

"ငါသေဘာတူရင္ ေမာင္က ဒီေန႕ကေလးေတြကို ေပ်ာ္ေအာင္ထားမွာလား"

"ဒါေပါ့"

"အဲဒါဆို ငါသေဘာတူ......အြန႔္"

စကားပင္မဆုံးေသးခင္မွာပင္ ဆြဲနမ္းလာေသာေဂ်ာင္ကုေၾကာင့္ ထယ္ေယာင္းမျငင္းသာဘဲ အနမ္းေတြအားတုန႔္ျပေပးေနရေလသည္။ ကေလးေတြအား ေက်ာင္းလိုက္ပို႔လွ်င္ သူ႕ႏႈတ္ခမ္းက ပ်ားတုတ္ခံရတာလားဟု ထပ္မံအေမးခံရျပန္ဦးမည္။

-------------------------------

"ကိုကို "

"ေျပာေလ baby"

"babyေလ ဒီေန႕ ကိုကိုလုပ္ေကြၽးတဲ့ ေရညွိထမင္းလိတ္နဲ႕ ကင္မ္ခ်ီဟင္းရည္ေလး စားခ်င္လို႔ "

အခ်ိန္ 4ႏွစ္။ေလးႏွစ္ဆိုသည့္အခ်ိန္က အရာရာကိုေျပာင္းလဲနိုင္ဖို႔အတြက္ လုံေလာက္သည့္အခ်ိန္တစ္ခုျဖစ္ခဲ့ပါသည္။ အဆင္မေပြမှုများကိုလည်း အဆင္ေျပေစခဲ့ေသာ ထိုေလးႏွစ္တာအခ်ိန္တစ္ခု။

ေျဗာင္မိသားစု၏ စီးပြားေရးလည္းက်ရႈံးသြားသလို၊ ေျဗာင္ဆူအင္းဆိုသည့္မိန္းမငယ္ေလးကပါ ေပ်ာက္ခ်င္းမလွေပ်ာက္သြားခဲ့သည့္အခ်ိန္အပိုင္းအျခားတစ္ခု။ အဖုအထစ္ေလးေတြရွိခဲ့သည့္ သူတို႔ႏွစ္ဦး၏အခ်စ္ေရးကိုလည္း ေခ်ာေမြ႕ေျပျပစ္ခဲ့သည့္ အခ်ိန္ကာလျဖစ္သည့္အျပင္ အဆင္ေျပသည္ထက္ပိုကာ မင္ယြန္ဂီ၏အသိုင္းအဝိုင္းႀကီးထဲကိုပင္ ဂ်ီမင္းအား သိကၡာရွိစြာပင္ ဆြဲေခၚလာနိုင္ခဲ့သည့္ ေမ့မရနိုင္သည့္ အမွတ္တရေတြ က်န္ရစ္ခဲ့ေစေသာ ႏွစ္ကာလေတြပင္ျဖစ္သည္။

အခုဆိုလွ်င္ ဂ်ီမင္းကပင္ ေသြးစုပ္ဖုတ္ေကာင္ဟုမေခၚေတာ့ဘဲ ကိုကိုဟုေခၚကာ အရင္တုန္းက ဖြင့္ထုတ္ခ်င္းမရွိခဲ့သည့္ ခ်စ္တယ္ဟူေသာစကားအား မေမာနိုင္မပန္းနိုင္ပင္ တစ္ဖြဖြေျပာတတ္ပါေသး၏။ ထိုသို႔ေသာ အကဲပိုမႈေလးေတြေၾကာင့္ႏွင့္ပင္ ဂ်ီမင္းမွာသာ ကိုယ္၀န္ေဆာင္နိုင္လွ်င္ ယခုဆိုလွ်င္ ကေလးတစ္ႀကိတ္ေလာက္ ရေနေလာက္မည္ထင္သည္။

"အာ.....ေမႊးလိုက္တာ"

မီးဖိုေခ်ာင္ထဲ၌အလုပ္ရႈပ္ေနေသာ မင္ယြန္ဂီ၏ခ်က္ျပဳတ္ေနသည့္ေနရာမွ သင္းပ်ံ့လာသည့္ ဟင္းနံ႕ေမႊးေမႊးေလးအား ဂ်ီမင္း မည္သို႔ေသာအင္အားႏွင့္မွ ဥေပကၡာမျပဳလိုက္နိုင္ပါေပ။ သူေျပာသည့္ ေရညွိထမင္းလိတ္ႏွင့္ ကင္မ္ခ်ီဟင္းရည္ပါမကဘဲ ကိုလာႏွင့္ၾကက္ေၾကာ္ကိုပါအပိုေဆာင္းအေနႏွင့္ ျပင္ေပးေနပုံရပါသည္။

"ကိုကို"

လွမ္းေခၚရင္းမွပင္ ဟင္းခ်က္ေနေသာသူအား အေနာက္ကေနသိုင္းဖက္ရင္း ေက်ာျပင္ထံပါေလးျဖင့္ ခပ္ဖြဖြပြတ္သပ္ေနမိသည္။

"အရမ္းခ်စ္တယ္ ကိုကို"

ေက်ာျပင္ထက္၀ယ္ ေၾကာင္ေလးတစ္ေကာင္အသြင္ ပြတ္သပ္ေနရင္းမွဆိုလာေသာ baby၏ စကားသံေၾကာင့္ ယြန္ဂီသြားတန္းညီညီမ်ားေပၚသည္အထိ ၿပဳံးမိသည္။

"အားလုံးျပင္ၿပီးၿပီ စားရေအာင္ ကိုယ့္ကို ခနလႊတ္ဦး"

ထိုသို႔ေျပာေသာ္လည္း တြယ္ကပ္ေနသည့္ေၾကာင္ကေလးက ဖယ္ခြာမေပး။ စားစရာမ်ားအား စားပြဲဆီသို႔ေ႐ႊ႕တင္ေနေသာ္လည္း ကူညီျခင္းမရွိဘဲ အေနာက္ကေနသာ တြဲလဲခိုလိုက္လာေလသည္။

"baby ဒီမွာ ထိုင္ေနာ္"

စားစရာေတြအားေနရာခ်ၿပီးေနာက္ ခ်စ္ရသူအားစားေတာ္ပြဲဆီသို႔ ပင့္ေဆာင္ကာ ခြံ႕၍ေကြၽးရပါေသးသည္။ တစ္ခါတစ္ရံဆိုလွ်င္ မစားခ်င္ဘူးဟုဆိုကာ အဆိုးေလးက ဂ်ီက်ပါေသး၏။ ထိုသို႔ဆိုးေန၍ စိတ္ကုန္သည္လားဟုေမးလွ်င္ ယြန္ဂီေခါင္းခါျပရပါလိမ့္မည္။ ထိုအဆိုးေလးအား စိတ္ကုန္ဖို႔မဆိုထားႏွင့္ ခ်စ္၍ပင္မ၀နိုင္ေသးေပ။ ေနာက္ေနာင္တြင္ ထိုထက္မကပင္ ပိုတိုး၍ ခ်စ္ေနပါဦးမည္။

....................................

အိပ္ခန္း၏ျပတင္းေပါက္ဆီကေန အေဝးတစ္ေနရာသို႔ ခပ္ေဆြးေဆြးေလးေငးေနေသာ လူတစ္ေယာက္၏ မ်က္၀န္းေတြက သက္၀င္လႈပ္ရွားေနျခင္းေတြ ကင္းမဲ့ကာ ခံစားမႈဟူေသာအရာတိုင္းဟာ ဗလာနတၳိ။

စဥ္းစားပါေသာ္လည္း အေျဖမရသည့္ေမးခြန္းမ်ားက ဦးႏွောက္ထဲတြင္ ေဝ့ဝဲေနပါေသာ္လည္း လက္ေတြ႕တြင္မူ ဘာကိုမွ ထုတ္မေမးနိုင္ဘဲ ေရလုံႏႈတ္ပိတ္ျဖင့္သာ။ သူမ,သိခဲ့ဖူးသည့္အတိတ္ဆိုသည့္အရာေတြအား တစ္စိုးတစ္စဥ္းေလးမွ်ပင္ သူမဦးႏွောက္ထဲ၌ ရွိမေနပါဘဲ ဗလာက်င္းေနလ်က္။

ဦးႏွောက္ေဆးေၾကာမႈလုပ္ၿပီးသည့္အခ်ိန္မွစ၍ မီဆိုသည္ သိသိသာသာပင္ ေျပာင္းလဲသြားခဲ့သည္။ တစ္ခါတစ္ရံ ေတြေတြေလးေငးေနတတ္သလို၊ တစ္ခါတစ္ရံ၌လည္း ငိုေနတတ္ပါေသး၏။ 'ဘာေၾကာင့္ငိုလဲ'ဟု ေမးသည့္အခါတြင္ေတာ့ သူမဆီက အေျဖေပးခဲ့ျခင္းမ်ိဳး လုံး၀မရွိခဲ့ပါေခ်။

"မီဆို"

"အင္း"

"ကိုရီးယားကို လြမ္းေနတာလား"

"ဟင့္အင္း မလြမ္းပါဘူး၊ ျပန္လည္းမျပန္ခ်င္ဘူး။ အတိတ္မွာဘာေတြျဖစ္ခဲ့လည္း မသိေပမယ့္ ေကာင္းတဲ့အမွတ္တရေတြ မရွိခဲ့ဘူးလို႔ ထင္တာပဲ"

ဗလာက်င္းေနသည့္ မ်က္၀န္းေတြျဖင့္ဆိုလာေသာ မီဆိုက အမွန္တကယ္ပင္ ဟန္ေဆာင္မႈကင္းစြာ။ ဦးႏွောက္ေဆးသည့္ ခြဲစိတ္မႈက ေအာင္ျမင္သည့္အျပင္ ထင္မထားသည့္ရလဒ္ကိုပါ ရခဲ့သည္မို႔ ယယ္ဂ်ီတကယ္ပင္ ၀မ်းသာမဆုံးပေ။ အရင္ကအၿမဲမ်က္ႏွာဖုံးစြပ္ထားတတ္သည့္သူမ၏ မ်က္ႏွာလွလွက ယခုေတာ့ျဖင့္ ျဖဴစင္မႈအျပည့္ျဖင့္ ႏွစ္လိုဖြယ္ ေကာင္းလြန္းလွသည္။

"အင္း...ေကာင္းတဲ့အမွတ္တရေတြမရွိခဲ့တာမို႔ ကိုရီးယားကိုမျပန္ဘဲ ဒီမွာပဲ ငါနဲ႕ေနပါ"

"အင္း.....ငါ့အေပၚမွာ နင္ကသာအေကာင္းဆုံးေသာ လူသားတစ္ဦးပါ ေဆာယယ္ဂ်ီ"

ျပတင္းဘက္သို႔ျပန္လွည့္ရင္း အေဝးတစ္ေနရာအား ေမွ်ာ္ေငးရင္း ဆိုလာေသာ သူမ၏စကား.............။

အေဝးသို႔ေငးၾကည့္ေနေသာသူမအား ယယ္ဂ်ီကေတာ့ အနီးကေန ေငးၾကည့္ခြင့္သာရခဲ့ပါသည္။

THE END

အခ်စ္စစ္ဆိုေသာခရီးလမ္းသည္ ေကာက္ေကြ႕ၿပီး စီးဆင္းေနသည့္ျမစ္တစ္တင္းလိုပင္ ရႈပ္ေထြးေပြလီလြန္း၏။

မတ္ေစာက္ေသာေတာင္တန္းေတြအေပၚ တြယ္တတ္ရသကဲ့သို႔ ခက္ခဲ၍ၾကမ္းတမ္း၏။

ဆူးေျငာင့္ခလုတ္မ်ားေပါသည့္ေတာအုပ္ပမာ အဖုအထစ္ေတြမ်ားလြန္း၏။

ခ်စ္ပုံခ်စ္နည္းေတြသည္ မတူညီခဲ့ၾကေသာ္လည္း ခ်စ္ရသူအတြက္ေက်နပ္စြာ ေပးဆပ္ခဲ့ရသည္ေတာ့ တူညီခဲ့ၾကသည္။

Moe Yeik ကေနၿပီးေတာ့J_JuliH ဆိုၿပီး nameေလးခ်ိန္းထားပါတယ္ေနာ္။

ေနာက္ဆုံးေတာ့ ဇာတ္သိမ္းခဲ့ပါၿပီ။ ပထမဆုံးေရးတဲ့ ဇာတ္လမ္းေလးမို႔ လိုအပ္ခ်က္ေတြလည္း အမ်ားႀကီးရွိခဲ့မွာပါ။ဇာတ္သိမ္းမွာတိုသြားတာမို႔ အားနာပါတယ္။ေပါ့သြားခဲ့ရင္လည္း ေတာင္းပန္ပါတယ္။ မအားတဲ့ၾကားကေန updateၾကာမွာစိုးလို႔ေရးေပးလိုက္ရတာမို႔ပါ။ ေနာက္ထပ္ေရးမယ့္ဟာေလးေတြကိုေတာ့ အေကာင္းဆုံးႀကိဳးစားပါ့မယ္။😘😘

There are no comments yet. Log in to be the first to leave a review!

Similar stories