Fanfics
ĂŠp 28
06:28, 3 August 2023
ယနေ့ ယွန်ဂီက အိမ်သို့ပြန်မည်ဟုပြောသဖြင့် ဂျီမင်းမှာတစ်ညလုံးမအိပ်နိုင်ဘဲ သွေးစုပ်ဖုတ်ကောင်၏ မျက်နှာကိုထိုင်ကြည့်နေမိသည်။ တစ်လဆိုတဲ့အချိန်အတွင်းမှာ သူပြန်မလာနိုင်ခဲ့ရင်တောင် တစ်ချိန်ချိန်မှာတော့ ဧကန်မုချပင် သူပြန်လာပါလိမ့်မည်။
အရင်တစ်ခေါက်တုန်း ခများအရင်ထွက်သွားတယ်။ ဒီတစ်ခေါက် ကျွန်တော်အရင်ထွက်သွားမယ်ဆိုရင်ရော......။
ဂျီမင်းအရင်တစ်လောလေးကမှပင် ဆေးရုံအုပ်ထံ နယ်ပြောင်းပေးဖို့ စာ,တင်ထားတာဖြစ်သည်။ စာတင်ပြီးတစ်လလောက်ကြာဦးမည်ထင်သော်လည်း ဂျီမင်း၏အဆင်မပြေမှုကို နားလည်သည့် ဆေးရုံအုပ်က နယ်ပြောင်းခွင့်စာကို စောစောချပေးလေသည်။ မနက်ဖြန်ဆိုလျှင် သူသွားရတော့မည်။ သို့ပေမယ့် သွေးစုပ်ဖုတ်ကောင်ကြီးအား နှုတ်မဆက်ချင်ပါ။ ပြန်ဆုံနိုင်ဖို့ မသေချာတော့တာမို့ ဒီလောက်နဲ့ပဲ ကျွန်တော်တို့အဆုံးသတ်ရအောင်ပါ။
"လက်ထပ်ရမယ့် အမျိုးသမီးကို လက်ခံပြီး ပျော်ပျော်ရွှင်ရွှင်နေခဲ့ပါ၊ ဘယ်လိုသိလဲဆိုရင် ကျွန်တော်မဖြေဘူး သွေးစုပ်ဖုတ်ကောင်၊ ကျွန်တော့ဘာသာစုံစမ်းပြီးမှသိခဲ့တာမို့ သွေးစုပ်ဖုတ်ကောင်ကြီးရဲ့အမှား မဟုတ်ပါဘူး။ အဟက်! နောင်တစ်ချိန် ရေစက်ရှိလို့ဆုံခဲ့ရင်တောင် ခများကလူလွတ်ဟုတ်တော့မှာ မဟုတ်ဘူးနော်။ ကျွန်တော်ကတော့ လူပျိုကြီးအတိုင်းပဲရှိနေမှာ"
"ဒြီး! ဒြီး ! "
တုန်ခါလာသောလက်ထဲကဖုန်းကြောင့် ဂျီမင်းတွေးနေသည့်အတွေးများရပ်တန့်သွားရလေသည်။ ထို့နောက်အကိုင်ပြလိုက်ပြီး တစ်ဖက်မှဆိုလာသောစကားသံတွေအား ခွန်းတုန့်ပြန်လိုက်လေသည်။ ပြောစရာစကားများပြီးဆုံးသွားသည့်နောက် ဖုန်းကိုချကာ သွေးစုပ်ဖုတ်ကောင်၏ နှုတ်ခမ်းအား တစ်ချက်ဖိကပ်နမ်းလိုက်မိသည်။
"မနေ့ညက အိပ်ဆေးခတ်ခဲ့မိတာအတွက် တောင်းပန်ပါတယ်၊ ခများနိုးလာတဲ့အချိန်ကျရင် ကျွန်တော့်ကိုအပြစ်တင်နေလောက်မယ်ထင်တယ်၊ ဘာပဲဖြစ်ဖြစ်ပါ ပြန်မဆုံနိုင်တော့တာမို့ ကောင်းကောင်းကျန်နေရစ်ပါ"
ထို့နောက် Noteစာရွက်လေးတစ်ရွက်ထဲ၌ "အိပ်ဆေးခတ်ခဲ့မိတဲ့အတွက် တောင်းပန်ပါတယ်၊ နောက်ထပ်ပြန်မဆုံနိုင်တော့တာမို့ ခများဘေးမှာရှိနေတဲ့ အမျိုးသမီးကို လက်ထပ်ပြီး ကောင်းကောင်းမွန်မွန် နေခဲ့ပါ" ဆိုသော စာတန်းလေးအားချရေးကာ အိပ်ယာဘေးရှိစားပွဲပေါ်၌ မြင်သာအောင်တင်ထားလိုက်လေသည်။
"သွားတော့မယ် သွေးစုပ်ဖုတ်ကောင်"
နှုတ်ဆက်စကားဆိုပြီးနောက် အသင့်ထုပ်ပိုးထားသော luggageအားယူကာ လေဆိပ်သို့ထွက်လာခဲ့လေသည်။ ဖုန်းဆက်၍အကြောင်းကြားလာသော ဆေးရုံအုပ်အား ဂျီမင်း‌ ကျေးဇူးတင်လွန်းပါသည်။ သွားဖို့အတွက် အစစအရာရာပြင်ဆင်ပေးရုံသာမကပဲ နေဖို့နှင့်စားဖို့ပါတစ်ခါတည်း အဆင်ပြေအောင်စီစဉ်ပေးထားသည်မို့ ဘာအခက်အခဲမှပင်မရှိပေ။ Busanတဲ့။ မွေးရပ်ဇာတိလည်းဖြစ်သလို အေးအေးချမ်းချမ်းရှိသည့်နေရာလေးမို့ ထိုနေရာသို့ ရွှေ့ပြောင်းရန်စာတင်ခဲ့ခြင်းပင်။ မြို့ကြီးပြကြီးဟုမဆိုသာသော်လည်း ခေတ်မီသောမြို့လေးတစ်ခုပါပင်။ ထို့ထက်အရေးကြီးသည့် ရည်ရွယ်ချက်သည် သွေးစုပ်ဖို့ကောင်နှင့် ထပ်မဆုံနိုင်ဖို့ပင်ဖြစ်သည်။ ဘ၀မှာနောက်တစ်ချိန်ပြန်မဆုံနိုင်တော့ပြီမို့ အရာအားလုံးကို စွန့်လွှတ်ကာထားခဲ့လေပြီ။ သိပ်ချစ်ပေမယ့်လည်း ချစ်ခွင့်မရှိတော့တဲ့လူမို့ မတန်ရာကိုမမှန်းချင်တော့ပါဘူး မင်သခင်လေး။ ခများကို မျိုးရိုးကြီးထဲကမှန်း အစကတည်းက သိခဲ့ရင် သံယောဇဉ်မတွယ်မိအောင် ခပ်ကင်းကင်းနေခဲ့မိမှာ။ အခုတော့ တွယ်မိခဲ့သမျှသံယောဇဉ်တွေက နာကျင်မှုတွေချည်းသာ။
ပြန်မဆုံချင်ပေမယ့် အကယ်၍များပြန်တွေ့နိုင်ခဲ့ရင်........
➡️➡️➡️➡️➡️
ယွန်ဂီတစ်ယောက် အိပ်ယာမှနိုးနိုးချင်း မြင်လိုက်ရသော စာလုံးတွေကြောင့် စိတ်တိုကာ ထိုင်ရခက် ထရခက်ဖြင့်သာ။ မိမိတုန်းကကျတော့ နှုတ်မဆက်ဘဲ ထားသွားမည်ဆိုး၍ မအိပ်နိုင် မစားနိုင်ဖြစ်နေသူက သူများကိုတော့ စာလေးတစ်ရွက်ဖြင့်သာထားခဲ့လေသည်။
ဘာတဲ့။ ပြန်မဆုံနိုင်တော့တာမို့တဲ့လား အဟက်! မင်းဘယ်လောက်ဝေးဝေးပြေးမလဲ ကြည့်ရသေးတာပေါ့။ ပြန်တွေ့တဲ့အချိန်ကျရင် မင်းကိုလုံး၀သက်ညှာမပေးဘူး ပတ်ဂျီမင်း။
"တူ! တူ!"
†ဟဲလို သခင်လေး †
"ပတ်ဂျီမင်း ဘယ်ထွက်သွားလဲသိချင်တယ်၊ ရှိသမျှကားဂိတ်တွေ လေဆိပ်တွေအကုန်စစ်"
† ဟုတ်ကဲ့ပါ သခင်လေး †
Loy အား ဖုန်းဆက်ပြီးသော်လည်း ယွန်ဂီမှာ ဒေါသမအေးနိုင်ပါပေ။ သူထင်ချင်ရာထင်ပြီး သူလုပ်ချင်ရာ လုပ်သွားသူအား ပြန်တွေ့ရင် အပြစ်ကောင်းကောင်းပေးရမည်။ ဗြောင်ဆူအင်းကို ဘယ်သူကများ လက်ထပ်မယ်ပြောလို့ ကြားသွားသည်လဲမသိပါ။ တစ်ယောက်တည်း ကောက်ချက်ချပြီး လူကိုပျော်ပျော်နေဖို့ပင် ဆုံးမသွားသေး၏။
"ပြန်တွေ့ရင် မင်းနှုတ်ခမ်းတွေကို စုတ်ပြတ်သွားအောင် နမ်းပစ်မယ် baby"
ထို့နောက် ယွန်ဂီလက်သီးကို ခပ်တင်းတင်းဆုပ်လိုက်မိသည်။ ဗြောင်မျိုးရိုးတို့ရှုပ်ပုံက စီးပွားရေးတင်မကဘဲ အချစ်ရေးထိပါ ရောက်လာပြီဖြစ်သည်။ မြန်မြန်သာ မဖြိုလဲနိုင်ရင် သူပြိုလဲရတော့မည်။
စိတ်မကောင်းပါဘူး ဗြောင်ဂျူယော။ ခများမြန်မြန်ပြိုလဲရတော့မယ်။
---------------------------------------------
ပတ်ခ်ဆိုယောင်းဆိုသည်နှင့် အုံကြွလာသော ပရိတ်သတ်များက ပုရွက်ဆိတ်အုံအားတုတ်နှင့်ဆွလိုက်သလိုပင်။ ရှစ်နှစ်ကျော်ကိုးနှစ်သက်တမ်းရှိနေသည့် သူမ၏လုပ်သက်တစ်လျှောက် ပရိတ်သတ်များစွာ၏ တစ်ခဲနက်အားပေးမှုကိုရခဲ့လေသည်။ အရမ်းလည်းပင်ပန်းခဲရသလို ပျော်လည်းပျော်ခဲ့ရပါသည်။ ယခုတစ်ခေါက် fanတွေအုံကြွမှုမှာ တစ်ခြားမဟုတ်ပါချေ။ ဆိုယောင်း၏ အနုပညာလုပ်ငန်းတွေ ရပ်နားတော့မည်ဆိုသည့် သတင်းကြောင့် entertainment နှင့်အဆင်မပြေဖြစ်သည်ဟုထင်ကာ entertainment ရှေ့သို့လာ၍ ဆန္ဒပြနေကြသော fanတွေကြောင့် ဆိုယောင်းယခုလိုဆွေးနွေးပဲ လုပ်ရခြင်းဖြစ်သည်။
"အခုလို လာရောက်ပေးကြတဲ့အတွက် ကြွရောက်လာသူအားလုံးကို ဆိုယောင်းကပဲ ကျေးဇူးတင်ပါတယ်၊ တကယ်တော့ ဆိုယောင်းအနုပညာလုပ်ငန်းတွေကို ရပ်နားရတာကို personalကိစ္စလေးတွေကြောင့်ပါ။ entertainmentက ဆိုယောင်းကို ကောင်းကောင်းမွန်မွန်ဆက်ဆံပေးခဲ့တာမို့ အခုဆိုယောင်းအနုပညာလောကထဲကနေ နှုတ်ထွက်တာဟာ entertainmentနဲ့ လုံး၀မသက်ဆိုင်ပါဘူးနော်။ ဟုတ်ကဲ့ ပြောပြချင်တဲ့အကြောင်းအရာလေးကို ပြောပြပြီးပြီမို့ သိချင်တာရှိရင် မေးနိုင်ပါတယ်"
"မေးချင်ပါတယ်"
"ဟုတ်ကဲ့ မေးပါ"
လက်ထောင်ပြကာဆိုလာသော မီဒီယာသမားအား ဆိုယောင်းမေးခွင့်ပြုပေးလိုက်သည်။
" personal ကိစ္စက ပြသနာကြီးကြီးမားမား ရှိလို့လား သိချင်ပါတယ်"
" personal ကိစ္စဆို ပုံမှန်လိုဆို ဖြေပေးမှာမဟုတ်ပါဘူး၊ ဒါပေမယ့် ဒီကိစ္စကအရမ်းရိုးရှင်းတာမို့ ပြောပြနိုင်ပါတယ်။ ချစ်ရတဲ့သူနဲ့ အပူအပင်ကင်းကင်းနေချင်တာမို့ ဒီလောက,ကနေ နှုတ်ထွက်လိုက်ရတာပါ"
"ချစ်ရသူက ဘယ်သူလဲဆိုတာရော သိခွင့်ရှိပါသလား"
ဆိုယောင်း၏ စကားအဆုံးဆက်၍မေးလာ၍ social media တွေထဲကမှ တစ်ယောက်က လှမ်းမေးလေသည်။
"သိခွင့်မရှိပါဘူး"
ထို့နောက် တိတ်ဆိတ်သွားကြသော mediaများ။
"မေးစရာမရှိတော့ရင် ဆွေးနွေးပဲ သိမ်းပါတော့မယ်"
"နောက်ဆုံးအနေနဲ့ မေးခွင့်ရှိပါသလား"
"personal ပိုင်းဆို မဖြေပါဘူး"
ခပ်ပြတ်ပြတ်ဖြေလာသော ဆိုယောင်း၏စကား‌ကြောင့် mediaထဲမှ ထိုမိန်းကလေးသည် ခေါင်းတစ်ဆက်ဆက်ငြိမ့်ကာဖြင့်ပြန်ပြောလေသည်။
"fanတွေအတွက် နောက်ဆုံးအမှာစကားအနေနဲ့ ဘာပြောချင်ပါသလဲ"
"မေးခွန်းကောင်းပဲ။ ဆိုယောင်းရဲ့ fanတွေအတွက် ဆိုယောင်းမှာချင်တာက ပတ်ခ်ဆိုယောင်းဆိုတဲ့ ဆိုယောင်းမရှိတော့ဘူးဆိုပြီး ၀မ်းမနည်းပါနဲ့၊ ဆိုယောင်းကိုသတိရတိုင်း ဆိုယောင်းသီချင်းတွေကို နားထောင်ပါ။ ဆိုယောင်းလွှင့်ပေးခဲ့တဲ့အစီအစဉ်တွေကို ပြန်ကြည့်ပါ။ ဆိုယောင်းပြောခဲ့တဲ့စကားတွေကို မှတ်သားထားပါ။ အကယ်၍များ ဆိုယောင်း ပြုလုပ်ခဲ့တဲ့အရာတစ်ခုခုကသာ fanလေးတွေအတွက် motivationဖြစ်ခဲ့မယ်ဆိုရင် ဆိုယောင်းနှုတ်ထွက်ရတာ တန်ပါတယ်။ ဒါကြောင့်မို့ ဆိုယောင်းကိုတစ်ကယ်ချစ်တယ်ဆိုရင် လွမ်းနေ၊ဆွေးနေ၊ငိုနေတာတွေ မလုပ်ပဲ အချိန်တွေကိုအကျိုးရှိရှိအသုံးချပါ၊ ငါတို့ဆိုယောင်းလေးက ဒီ‌လိုနေဖို့ပြောခဲ့တာ၊ ဒီလိုလုပ်ဖို့ပြောခဲ့တာဆိုပြီး တွေးတွေးပြီးသာကောင်းတာတွေ လုပ်နေရင် ဆိုယောင်းကိုအားပေးတာထက် ပိုပြီး ဆိုယောင်းကို စိတ်ကျေနပ်စေမှာပါ"
"အမှာစကားကောင်းပဲ အခုလိုဖြေကြားပေးလို့ ပတ်ခ်ဆိုယောင်းကို ကျေးဇူးတင်ပါတယ်"
"ဒါဆို ဆိုယောင်းကို ခွင့်ပြုပါဦး"
ဆွေးနွေးခန်းထဲကနေ ထလာပြီးနောက် staffတွေနှင့်အတူ မီနာရှိနေသော ကားလေးဆီသို့လာခဲ့လေသည်။ ထိုကောင်မလေးက ဆိုယောင်းရဲ့ချွေးသိပ်အမောဖြေရာလေးမဟုတ်ပါလား။
"မီနာ ပျင်းနေပြီလား"
ကားထဲသို့ ၀င်၀င်လာချင်းမြင်လိုက်ရသော မျက်နှာလှလှလေးကြောင့် ဆိုယောင်းမှာ ပင်ပန်း‌လေသမျှ လေထဲလွင့်ပါသွားသည့်နှယ်။
"ဆိုယောင်း တကယ်ပဲနှုတ်ထွက်လိုက်တာလား"
"ဒါကို စ,စရာလို့ထင်လား မီနာ"
"ဟင့်အင်း! ငါ အခုထိ နာမည်ကြီး kpop odolတစ်ယောက်က ငါ့အတွက်နဲ့ သူ့ပျော်ရွှင်ရာ လောကကြီးကနေ နှုတ်ထွက်လာတာကို မယုံနိုင်သေးဘူး"
"ချစ်‌တော့လည်း စွန့်လွှတ်ရတာပါပဲ၊ ဒီအလုပ်သာ ဆက်လုပ်နေရင် မီနာ့ကိုလည်း အချိန်ကောင်းကောင်းပေးနိုင်မှာ မဟုတ်ဘူးလေ "
"‌ဆိုယောင်းက အရမ်းချစ်တတ်တာပဲ"
ဆိုကာ ရင်ခွင်ထဲသို့ တိုး၀င်ကာ ပွေ့ဖက်လာလေသော မီနာပင်။
"ချစ်တယ် ပတ်ခ်မီနာ၊ ငါတို့နောက်တစ်ခါ ပြန်ပြီးလက်ထပ်ရအောင် "
"ဟင့် ! romanticမဆန်လိုက်တာ"
နှုတ်ခမ်းလေးအားဆူကာ ငြူစူစူဖြင့်ဆိုလာသော မီနာကြောင့် ဆိုယောင်း ပင်ပန်းသည့်ကြားမှ ပြုံးမိပါသေးသည်။
"အဲ့ဒါဆို နောက်မှပဲ သေချာလေး လက်ထပ်ခွင့်ပြန်တောင်းတော့မယ်"
"မလိုပါဘူး စတာ၊ မီနာကြောင့်နဲ့ ဆိုယောင်းက ဝါသနာကိုတောင်စွန့်လွှတ်ခဲ့ပြီးပြီပဲ မီနာက ဘာကိုထပ်ပြီးတောင်းဆိုရဦးမှာလဲ။ လက်ခံတာပဲ အခုပဲ ဘုရားကျောင်းသွားကြမလား"
ပင်ပန်းနေပုံပေါ်သည့် ခပ်ညှိုးညှိုးမျက်နှာလေးအားကြည့်ကာ မီနာ မရစ်ရက်တော့သည်မို့ ဒီအတိုင်းလေးသာ ပြီးလိုက်လေသည်။ မဟုတ်ရင် ဆိုယောင်းစိတ်ညစ်အောင်အထိ မီနာ ရစ်ပါမည်။
"ကောင်းပြီ၊ ဒါဆိုရင် ဘုရားကျောင်းကိုမောင်းပေး"
အရှေ့က driverအား လှမ်းပြောလိုက်လေတော့ မီနာက ပြုံးကာပင် လှည့်ကြည့်လာလေသည်။
"မီနာ့ကိုနမ်း "
ရုတ်တရက်နမ်းခိုင်းလာသော မီနာကြောင့် ဆိုယောင်းပင် အံ့အားသင့်သွားရလေသည်။ အခု ဒီကောင်မလေးက သူ့ကိုစိန်ခေါ်နေတာလား။
"ကောင်းပြီ နောက်မဆုတ်ကြေး"
ပြောပြီးသည်နှင့် မီနာ၏နှုတ်ခမ်းဖူးဖူးလေးအား ငုံထွေးလိုက်လေသည်။ မီနာမှာလည်း အားကျမခံ ဆိုယောင်း၏ နှုတ်ခမ်းနှစ်လွှာအား တစ်လှည့်စီပြန်ကာစုပ်ယူလေသည်။ အရှုံးပေးဟန်မရှိသော အနမ်းတိုက်ပွဲက တစ်ဖြည်းဖြည်းပြင်းထန်လာသည့်အပြင် နယ်ကျွံလာသော ဆိုယောင်း၏လက်မှာလည်း မီနာ၏အကျီအောင်သို့တိုး၀င်ရန် ဟန်ပြင်လျက်။
"ဟင့်! ဆိုယောင်း "
ရှေ့ဆက်တိုးရန်ပြင်နေသော ဆိုယောင်းလက်အား မီနာအချိန်မှီပင် လှမ်းတားလိုက်နိုင်သည်။
"ကားပေါ်မှာလေ"
"ဆောရီး မီနာ"
နား,နားသို့ကပ်ကာ တိုးတိုးလေးဆိုလာသော စကားကြောင့် ဆိုယောင်းမှာ driverအား အားနာသလိုလေးလှမ်းကြည့်မိသည်။
"အိမ်ပဲ တန်းမောင်းပေးပါ"
ဆိုယောင်း၏စကားအား နာခံစွာပင် driverမှာ မျက်နှာကြီးရဲလျက်နှင့် ကားမောင်းနေလေသည်။ လူပျိုကြီးဖြစ်သည့် driverက ရှက်မည်ဆိုလည်း ရှက်လောက်ပါသည်။ အခု သူတို့တော်တော်လေးလွန်သွားခဲ့သည်မဟုတ်ပါလား။
"အိမ်ရောက်ရင် အလွတ်မပေးဘူး"
အံကြိတ်ကာ ခပ်တိုးတိုးဆိုလာသော ဆိုယောင်းစကားအား မီနာမကြားသလိုလေးဟန်ဆောင်ရင်း ကားပြတင်းဘက်သို့လှည့်သွားလေသည်။ သို့ပေမယ့်လည်း အနည်းငယ်တော့ ကြက်သီးထမိပါသည်။
ဒီတစ်ခေါက်သွားသည့်အိမ်က ဆိုယောင်းအိမ်ဆိုတော့ မီနာလွတ်ဖို့ကာ လမ်းမမြင်ပါ။ ထို့ထက်ဆိုးသည်က ကားပေါ်မှာပင် အငြိမ်မနေနိုင်ပဲ အနောက်ကျောဘက်ကနေ အကျီထဲလက်လျှို၀င်ကာ ခါးအားညှစ်နေလေသည်။
"ဆိုယောင်း"
"အင်း"
မသိချင်ယောင်ဆောင်ကာ အေးအေးလူလူပင် ဆက်လုပ်နေဆဲဖြစ်သည့် ဆိုယောင်းကြောင့် မီနာ့မှာ မျက်နှာလေးရှုံ့မဲ့ကာသာ ငြိမ်နေရလေသည်။
"ဟင့်! ဆိုယောင်း "
အပေါ်မှ hoodieအပွကိုထပ်၀တ်ထားသောကြောင့် သူမ၏လှုပ်ရှားမှုတွေမှာ မထင်ပေါ်သော်လည်း ခံစားနေရသည့်မီနာမှာတော့ မသက်သာပါချေ။ ဆိုယောင်း၏အိမ်ထဲသို့ ကား၀င်လာတော့မှ မီနာ့ခမျာ အသက်ကောင်းကောင်းရှူနိုင်လေသည်။
"သွားရအောင်"
ပြောပြောဆိုဆိုပင် လက်ကနေဆွဲကာ အပြင်သို့ထွက်စေလိုက်ရင်း ပွေ့ချီလာသောဆိုယောင်းကြောင့် မီနာမှာ လေထုထဲ ဝဲကနဲပင်။
"ငါ sex toys တွေ ၀ယ်ထားတယ်"
ဆိုယောင်း စကားအဆုံး၌ မီနာ့၏ မျက်လုံးအစုံမှာ ပြူးကျယ်ဝိုင်းစက်သွားရလေသည်။ ဒီဇာတ်လမ်းကို အစဖော်ခဲ့မိတာ မိမိဆိုသော်လည်း ဆိုယောင်းကတော့ ထင်ထားတာထက်ပင် ပို၍ကြောက်ဖို့ကောင်းနေခဲ့ပါသည်။ ခါတိုင်းဆို ပြုံးပြုံးလေးနေတတ်သည့်သူမက ယခု‌တော့ အခြားလူတစ်ယောက်က အစား၀င်နေသလို တည်တင်းတင်းမျက်နှာပေးဖြင့်သာ။
"အင့်! "
အိပ်ယာပေါ်သို့ ပစ်တင်ခံလိုက်ရသည်မို့ မီနာခါးလေးမှာ မျက်ကနဲဖြစ်သွားရလေသည်။
"sex toys တွေကို ကောင်းကောင်းသုံးကြတာပေါ့၊ ငါမင်းကိုလုံး၀ထိမှာ မဟုတ်ဘူး ပတ်ခ် မီ နာ "
သွေးအေးစွာပင်ဆိုလာသော သူမစကားလုံးတွေက တစ်ကယ်ပင် ကြက်သီးထဖွယ်အတိပင်။ သို့သော် သူမဘာကိုဆိုလိုသည်ဆိုတာကိုတော့ မီနာ နားမလည်ခဲ့ပါ။ သေချာသည်ကတော့ မီနာတစ်ယောက် ယနေ့တွင်ဆိုယောင်းလက်ထဲကနေ လွတ်မြောင်နိုင်တော့မည်မဟုတ်ပေ။
J JuliH
ဒီအပိုဒ်က taekookတောင်မပါလိုက်ဘူး🤗🤗။ 30ဆိုရင် ဇာတ်သိမ်းနိုင်မယ်လို့ထင်ပါတယ်☺️။ btw ELLE ×Vကြီးက အရမ်းမိုက်တာနော်။ မ၀ယ်နိုင်လို့ လောင်နေရတဲ့အဖွဲ့ကပါ😭😭။ SG ပေးကြပါလားလို့🥺🥺။ ကလေးလေးတို့ကလည်း ကိုယ်လို အလောင်တစ်လိုင်းလေးတွေလားနော်🤭။
Zawgyi
"ဒြီး! ဒြီး ! "
"တူ! တူ!"
ဟဲလို သခင်လေး
ဟုတ်ကဲ့ပါ သခင်လေး
---------------------------------------------
"မေးချင်ပါတယ်"
"ဟုတ်ကဲ့ မေးပါ"
"သိခွင့်မရှိပါဘူး"
"မီနာ ပျင်းနေပြီလား"
"မီနာ့ကိုနမ်း "
"ဟင့်! ဆိုယောင်း "
"ကားပေါ်မှာလေ"
"ဆောရီး မီနာ"
"ဆိုယောင်း"
"အင်း"
"ဟင့်! ဆိုယောင်း "
"သွားရအောင်"
"ငါ sex toys တွေ ၀ယျထားတယျ"
"အင့်! "
J JuliH
There are no comments yet. Log in to be the first to leave a review!
Similar stories