Fanfics

Part 2

07:15, 24 November 2023

ညအိမ်မက်မက်သည့်ထဲမှာ ဟိုလူကြီးပါလာတယ်လေ။ သို့သော် အိမ်မက်ထဲမှာ အဲ့လူကြီးက သူ့ကို အုပ်မိုးထားပြီးနမ်း‌နေတယ်တဲ့လေ။ ရှက်လွန်းလို့ သေတော့မှာပဲ

" အားးး! ရူးချင်လိုက်တာ "

နီခီ ရှက်လွန်းလို့ သေတော့မှာပဲ။ ကျောင်းသွားဖို့ ပြင်ဆင်ရင်း သူရှက်ရှက်နဲ့ ကျောင်းကို ထွက်လာခဲ့သည်။ ထပ်တွေ့ရင် အိမ်မက်ထဲ ပါလာအုံး ‌ဆိုပြီး မေးမေးရိုက်အုံးမယ်။

ဆယ်ဗျော့အထက်တန်းကျောင်းဟာ လှပမှု၊ ရှေးဆန်မှု၊ အေးချမ်းမှု‌ဆိုတဲ့ ဂုဏ်ပုဒ်တွေအောက် လှပစွာ နေရာယူနေတယ်လေ။ ကျောင်းအဝင်အဝက ရောင်စုံပန်းလေးတွေ၊ ‌အညိုရောင် ခုံတန်းလေးတွေ။

ပြီးတော့ ကျောင်းရဲ့ အပြင်ပန်းအရောင် မီးခိုရောင်နှင့် ဆန့်ကျင်ဘက်အနေနဲ့ ကျောင်းခန်းတစ်ခန်းစီတိုင်းကို ပန်းရောင်၊ ခရမ်းရောင် စသည်တို့နှင့် ပြင်ဆင်ထားသေးသည်။

" နီခီ!! "

ကျောင်းခန်းထဲရောက်ရောက်ချင်း လွယ်အိတ်တောင်မချပဲ သူ့ဆီပြေးလာတဲ့ သူငယ်ချင်းကြီး ကင်မ်ဆောနူ။

" မင်းကွာ မသေကောင်းမပျောက်ကောင်း ဘာလို့ သတ်သေဖို့လုပ်ရတာလဲ "

ဂရုဏာဒေါသနဲ့ဆိုတဲ့ ဆောနူကို နီခီကြည့်၍ပြုံးမိသည်။ နာမည်အရင်းမှာ ရီခီဖြစ်သော်လည်း ခေါ်ရခက်မှာဆိုး၍ ကျောင်းနာမည်မှာ နီခီဖြစ်တာကြောင့် တစ်ကြောင်းလုံးက သူ့ကို Nishimura Ni-Kiပဲထင်နေကြတာ မစမ်းပါ။

" အခုငါ အကောင်းကြီးပဲလေ "

" သေသွားဘယ်လိုလုပ်မလဲ ဂျပေါင်ကန်ရ "

ဂျပေါင်ကန်ဟု ‌ခေါ်ခံရသည်ကို နီခီလုံးဝသဘောမကျပါသို့သော်လဲ ဆောနူမှာ လစ်ရင်လစ်သလိုခေါ်‌သည်။

လစ်ရင်လစ်သလို ခေါ်လို့ လစ်ရင်လစ်သလို အဆော်ခံရပေါင်းလဲ မနည်းတော့။

" ညက ပြောနေရင်း မင်းအမေလာလို့ ဆက်မပြောလိုက်ရတဲ့ ခေါင်မိုးထပ်ကတွေ့ခဲ့တဲ့ လူကြီးအကြောင်း ဆက်ပါအုံးကွ "

ရန်ဖြစ်တော့မဲ့နှစ်ယောက်အား အလည်မှ ဆောင်းဟွန်းက ဝင်ထိန်းလိုက်သည်မို့ ပွဲမှာငြိမ်ကျသွားသည်။

" အော်..တိုက်ဆိုင်တာလားတော့မသိဘူး အဲ့လူကြီးနာမည်က အီဟီးဆွန်းတဲ့ မျက်နှာလဲသေချာမပြဘူး Mask တပ်ထားတယ် ဦးထုပ်လဲဆောင်းထားတယ်သေချာတာကတော့သူ့မှာ သမင်မျက်လုံးတောက်တောက်လေးတွေရှိတယ် "

" ဘယ်လိုပုံစံလဲ သူ့ပုံက ဆွဲဆောင်မှုရှိလား "

" အင်း....အဲ့လူရဲ့ မျက်နှာကိုသေချာမမြင်ရပင်မဲ့ အဲ့လူက သေအောင်ချောမှာ သေချာတယ်၊ ချောတာထက်ပိုတယ် ဆွဲဆောင်မှုအရှိဆုံးအရာက သူ့မျက်ဝန်းလိုမျိုး "

" မင်းပြုံးနေတာလား "

နီခီတောင်မသိလိုက်ခင်နှုတ်ခမ်းထောင့်အစုံသည် တွန့်ကွေးတတ်သွားသည်မို့ ချက်ချင်း မျက်နှာတည်ဖြင့် ပြန်နေရပြန်သည်။

" မပြုံးပါဘူး "

" သဘောကျနေတာပဲ ချစ်ချင်းအစမျက်ဝန်းက ဆိုတာဒါမျိုး "

" တော်တော့ ကင်မ်ဆောနူ "

" ဟုတ်ကဲ့ပါဗျ "

" အားလုံးပဲ မဂ်လာနံနက်ခင်းပါ "

ဆရာရဲ့အသံကြောင့် နီခီတို့ သုံးယောက်မှာ စကားစပြတ်သွားခဲ့ရသည်။ စာသင်ချိန်တစ်ချိန်လုံး နီခီစိတ်တွေ လွင့်နေပြီး ထိုလူဆီရောက်နေခဲ့သည်။

------

ကျောင်း‌ဆင်းချိန် ‌ဆောနူတို့နဲ့ အတူတူတော့ပိုကီစားဖို့ အစီစဉ်ဆွဲပြီးထွက်လာခဲ့သည်။ စကားတစ်ပြောပြောနဲ့ ထွက်လာခဲ့ချိန်။

" Hey! Riki "

သူ့နာမည်ကို လှမ်းခေါ်တာကြောင့်ကြည့်မိတော့ ပေါ့ပေါ့ပါးပါးဝတ်စုံဝတ်ထားပြီးမျက်မှန်လေးနဲ့ လူတစ်ယောက်က လှမ်းခေါ်နေတာဖြစ်သည်၊ ပုံစံကြည့်ရင် အသက်အလတ်ပိုင်းလောက်ပဲရှိအုံးမယ်။

နေအုံး ဒီလူကိုငါသိတယ်..။

" အကို့ မှတ်မိလား "

ခန! သိတယ် အဲ့လူ..။သေချာကြည့်မိတော့ သမင်မျက်လုံးလေးတွေ။

" အီဟီးဆွန်းပဲ "

သူ့ကိုမှတ်မိသွားတာသိတော့ ဟီးဆွန်းတစ်ယောက်ပြုံးလိုက်သည်၊ ပြီးတော့ အချိန်‌တွေဆွဲ‌မနေတော့ပဲ လိုရင်းကိုပြောဖို့အတွက်ဆုံးဖြတ်လိုက်တယ်။ သူကိုယ်တိုင်လဲ အချိန်ဆွဲရသည်ကို မကြိုက်။

" ကိုယ်‌တို့ရင်းနှီးမှူယူရင်း အရသာရှိတာသွားစားကြမလား "

" အာ...အဲ့တာတော့မဖြစ်လောက်ဘူးထင်တယ် ကျွန်တော်- "

" လိုက်သွားလိုက်ပါ နီခီရဲ့ ငါနဲ့ဆောင်းဟွန်းနဲ့ပဲသွားလိုက်မယ် ဟီးဆွန်းဟျောင်း ခွင့်ပြုပါအုံး "

နီခီ့အား အတင်းတွန်းပို့ကာဆောင်းဟွန်း လက်မောင်းကို ချိတ်ကာ ထွက်သွားရန်ပြုနေတဲ့ ဆောနူကို နီခီ ဆွဲလုပ်ချင်မိသည်။

ကင်မ်ဆောနူ!!!

သူ့ကိုရယ်ပြုံးပြီး တရင်းတနှီး ဟျောင်းလို့သုံးသွားတဲ့ ဆောနူကိုကြည့်ပြီး ပြုံးပြုံးဖြင့် နှုတ်ဆက်လိုက်သည်။

" ဟာ ကင်မ်ဆောနူတို့ကတော့ကွာ "

" ကောင်းကောင်းသွားပါ ကင်မ်ဆောနူရှီး "

ဟီးဆွန်းရဲ့ ပျော်ပျော်ရွှင်ရွှင်နှုတ်ဆက်သံကို နီခီက မျက်စောင်းတစ်ချက်ထိုးလိုက်သည်။

" ဒါဆို သွားရအောင်လေ ကိုယ်ကောင်းတဲ့ဆိုင်တစ်ဆိုင်သိထားတယ် "

နီခီလဲငြင်းမရတဲ့အဆုံး ဟီးဆွန်းနဲ့လိုက်ဖို့သာ ဆုံးဖြတ်လိုက်တော့သည်။ မနက်ဖြန်ကျမှ ကင်မ်ဆောနူကို ကောင်းကောင်းထောင်းဖို့ အိမ်ပြန်ရောက်ရင် အကွက်တွေကျင့်ထားရမယ်။

ထို့နောက် ဟီးဆွန်းရဲ့ နောက်ဆုံးပေါ် Kia Seltos ကြီးနဲ့အတူ ဟီးဆွန်းခေါ်ရာသာ လိုက်သွားခဲ့သည်။

-----

ဟီးဆွန်းခေါ်လာသည့်ဆိုင်မှာ သိပ်တော့ဈေးမကြီးပင်မဲ့ သာမန်လူမကပ်နိုင်တဲ့ ဂျပန်စားသောက်ဆိုင်တစ်ခုဖြစ်တယ်။ 

ဂျပန်နိုင်ငံကို ပြန်ရောက်သွားသလို..။

" မင်းက ဂျပန်ကနေပြောင်းလာတာလား "

" အွန်း ဟုတ်တယ် ကျွန်တော် 9နှစ်ထဲက "

" ဂျပန်စကားက ခက်တယ်နော်၊ ကိုရီးယားစာကိုဘယ်လိုသင်ခဲ့တာလဲ "

" ဘယ်လိုပြောရမလဲ၊ ကျွန်တော် ကိုရီးယားစာသင်ဖို့ အချိန် တစ်နှစ်နဲ့ငါးလပဲရခဲ့တာ ဒါပင်မဲ့အဲ့အတောအတွင်း ကိုရီးယားလူမျိုးတွေနဲ့စကားနိုင်လုနိုင်တဲ့အထိ ကျွန်တော်တတ်သွားတာ‌တော့ အံ့ဩစရာပဲ "

" မင်းကသိပ်ထူးဆန်းတာပဲ ရီခီ "

ရီခီက ခပ်သိမ့်သိမ့်ရယ်လျက်။

" အင်း အဲ့စကားကိုခနခနကြားဖူးတယ်၊ ကျွန်တော့်အကြောင်းပဲ မေးနေတယ် ခများကရော ဘာလုပ်တာလဲ "

မျက်မှန်လေးအား ချွတ်ကာ ဟီးဆွန်းက စားပွဲပေါ်လက်ထောက်လျက် နီခီကို သေချာကြည့်လိုက်သည်။

ပုံမှန်ဆို သူ့ထက်ငယ်တဲ့လူက 'ခများ' ဆိုသည့်အသုံးအနှုန်းသုံးတာကို ဟီး‌ဆွန်းလုံးဝမကြိုက်ပါ၊ သို့သော်ဒီကောင်လေးကတော့ ချွင်းချက်။

ခပ်ထူထူနှုတ်ခမ်းတစ်စုံ၊ မေးစေ့နားက မှဲ့နက်နက်လေးက သူ့ရဲ့ ဆွဲဆောင်မှုအရှိဆုံး နေရာဖြစ်မယ်။ မျက်ဝန်းနက်နက်လေးက ချစ်စရာအကောင်းဆုံးအချက်။

" ကိုယ်က ဆိုးတယ် "

နီခီက 'ဟုတ်ပြီ' ဆိုသည့်သဘောဖြင့် ခေါင်းညှိမ့်သည်။

" ကိုယ်က ရိုင်းလဲရိုင်းတယ်၊ ဒီလိုရိုင်းနေတဲ့ကိုယ့်ကို ပြန်လိမ္မာအောင်လုပ်ပေးမဲ့ လူတစ်ယောက်ရှိတယ် "

" ဘယ်သူလဲ "

" Nishimura Riki တဲ့ "

နီခီရဲ့ လှုပ်ရှားမှူတွေဟာ ခေတ္တခနရပ်တန့်သွားခဲ့ပြီးမှ ချက်ချင်းဟန်ကို ပြန်ထိန်းကာ စကားဆက်ပြောရန် လည်ချောင်းရှင်းလိုက်တယ်။

" အခုကျွန်တော့်ကို ရည်းစားစကားပြောနေတာလား ဟီးဆွန်းရှီး "

" အွန်း ညီကိုယ်နဲ့တွဲမလား "

ညီ?။ ထူးဆန်းတဲ့ အသုံးအနှုန်း၊ ထိုလူရဲ့ နှုတ်က ထွက်လာတဲ့ အသုံးအနှုန်းကို နီခီတစ်ယောက် စိတ်ဆိုးဖို့ မအားလိုက်ပါ။

" ကျွန်တော် စိတ်ဝင်မစားဘူး ဟီးဆွန်း!အစားအသောက်အတွက် ကျေးဇူးပါ "

မျက်နှာ‌တွေနီရဲကာ ထိုင်ခုံက ထသွားတဲ့ ကောင်လေးကို ကြည့်လျက် ဟီးဆွန်းတစ်ချက်ရယ်မိလိုက်သည်။

" မင်းက သိပ်ချောတာပဲ ရီခီ "

သူ့စကားကြောင့် ရှက်သွားတာကိုတော့ ဖုံးကွယ်လို့မရပါ၊ ဆိုင်ထဲကနေ ဒေါသကြီးစွာထွက်သွားတဲ့ ဂျပန်ကောင်လေးသည် ဟီးဆွန်းမျက်စိထဲ သိပ်ကိုချစ်ဖို့ကောင်းလွန်းသည်။-----

" ဘာရယ်!! အဲ့လူကြီးက မင်းကိုအဲ့လိုပြောတယ် "

Laptop ထဲကထွက်ပေါ်လာတဲ့ ကင်မ်ဆောနူရဲ့ အသံကျယ်ကျယ်ကြောင့် အခန်းတံခါးပြေးပိတ်ရသည်။

" မင်းကို တိုးတိုးလို့! "

" မင်းအဲ့လူကြီးကို ပြန်တော့မကြိုက်လိုက်နဲ့နော်၊အဲ့လိုစကားပြောပုံအရဆိုရင် သေချာတယ်၊ အဲ့လူကြီးက အနည်းဆုံးတော့ ၁၁ယောက်တပြိုင်နက်တည်းတွဲဖူးနိုင်တယ် "

လူတစ်ယောက်ရဲ့ စကားအပြောအဆိုနဲ့တင် ဘယ်လိုဆိုတာ သိနိုင်တဲ့ ချစ်ရေးရဆရာကြီး။

အရင်တစ်ခါ ထားဖူးတဲ့ရည်းစားနဲ့မှာတင် မှတ်သွားတဲ့ နီခီက အခုဆို သူ့ကိုစကားချိုချိုတွေနဲ့ ပြောပြီး စိတ်ယိုင်အောင်လုပ်ရင်တောင် ပါသွားမဲ့လူမျိုးမဟုတ်တဲ့လူဖြစ်နေပြီဆိုတာ ဆောနူကိုအသေးစိတ်ရှင်းပြချင်သည်။

" ငါအဲ့လိုလူမဟုတ်တော့ဘူး ဆောနူ "

" အဲ့လိုကြားရတာဝမ်းသာပါတယ် "

နီခီခေါင်းတစ်ချက်ညှိမ့်ပြလိုက်သည်။ အဲ့လူကြီးကို ထက်ပြီး ချစ်မိလို့မရဘူး

------24.11.2023

ကောင်းလား ဖတ်ရတာကောင်းလား။

There are no comments yet. Log in to be the first to leave a review!

More by o-carolwolf

Similar stories