Fanfics

Part 1

19:02, 23 November 2023

Seoulမြို့၏ညလေတဖြူးဖြူးဟာ ဆယ်ဗျော့အထက်တန်းကျောင်း၏ ခေါ်မိုးထပ်ဆီသို့ တိုက်ခတ်နေသည်မှာ အထီးကျန်စရာကောင်းလှသည်။ ကျောင်းခေါင်မိုးထပ်ကနေကောင်လေးတစ်ယောက်မှာ မျက်စိရှေ့က မှောင်မိုက်နေသည့်ကျောင်းဝန်းအား တစ်ချက်ကြည့်လိုက်ပြီး နာကျဉ်းစွာပြုံးမိသည်။

ခုနက အနိုင်ကျင့်ခံထားရတာကြောင့် ပါးချောင်နားက သွေးအခဲတွေကို တစ်ချက်သုတ်လိုက်ပြီး ‌‌ဝရန်တာပေါ်ကိုတက်လိုက်ပြီ အသက်ကိုဝဝရှူလိုက်ကာသတ္တိရှိဖို့ရန်ကြိုးစားလိုက်သည်။

အဖေ့ရဲ့ နားလည်မပေးမှုတွေ၊ ဝမ်းကွဲအကိုနဲ့ ဘာမဟုတ်တဲ့ ကိစ္စလေးကအစ နှိုင်းယှဉ်ခံရမှုနှင့် လူမျိုးခြားမို့ အနိုင်ကျင့်ခံရမှု။

အသုံးမကျဘူး၊ ဘာမှသုံးစားလို့မရဘူး၊ မင်းအကိုဝမ်းကွဲကိုကြည့်။ စသည့်စကားတွေ၊ သူသာဒီကမ္ဘာထဲက၊ ဒီလောကကနေ ထွက်သွားရင် အရာအားလုံးအဆင်ပြေသွားမယ်ထင်တယ်။

တိုးဝှေ့ကာ တိုက်ခတ်သွားတဲ့လေအား နီခီခပ်ပြုံးပြုံးဖြင့် ‌တိုးဝှေ့ခံလိုက်သည်။

သေခံနီးမှပဲ အသက်ရှင်ချင်နေသေးသည်၊ မင်းသိပ်ကိုပျော့ညံ့တာပဲ နီခီ။

" နှုတ်ဆက်ခဲ့ပါတယ် အရာအားလုံး "

ခန္ဓာကိုယ်အား အနည်းငယ် ယိုင်လိုက်ပင်မဲ့ရုတ်တရက်အနောက်ကနေလှမ်းဆွဲလိုက်တာကြောင့် ဝရန်တာပေါ်မှာ ပြုတ်ကျလာတယ်။

အနည်းငယ် နာကျင်သွားတဲ့ တံတောင်ဆစ်အား ပွတ်လျက် ရီခီအနည်းငယ် ညည်းလိုက်သည်။

" မင်းဘာလုပ်တာလဲ! "

" ခများကရော ဘာလို့ကယ်သေးလဲ "

" လူ့အသက်တစ်ချောင်းဆိုတာ ရခဲတယ်၊ ဘာလို့သေချင်ရတာလဲ "

သေမဲ့လူကို အခုလိုလာပြော‌နေတဲ့ ဒီလူကြောင့် ပိုတောင်သေချင်သွားသေးတယ်။

" လောကကြီးက ပျင်းစရာကောင်းလို့ "

မျက်စိရှေ့က ဘောက်ဆက်ဆက်ပြောနေသည့် ထိုကောင်လေးကို တစ်ချက်ကြည့်လိုက်တော့' Nishimura Riki ' ဆိုသည့်name tag လေးဟာ လရောင်‌အောက် တောက်ပလျက်။

" Nishimura Riki? "

" ဘာလဲ "

" ရီခီ...မင်းဘာလို့သတ်သေချင်ရတာလဲ "

" ကျစ်! ကျုပ်ပြောပြီးပြီလေ လောကကြီးကပျင်းစရာကောင်းလို့၊ ပြီးတော့- "

တိခနဲရပ်သွားသည့်စကားကြောင့် ရီခီရှေ့ကိုရောက်လာသည့် ထိုလူ။ သမင်မျက်လုံးတွေနဲ့ သူ့ကိုစိုက်ကြည့်နေသည်။ ထိုလူကထူးထူးဆန်းဆန်း ဦးထုပ်အနက်ရောင်နဲ့ mask အမဲပါတပ်ထားပြီး တဆက်ထဲ all black ပါဝတ်ထားတာကြောင့် အမှောင်ထဲမှာပျောက်လို့နေသည်။

ဆွဲဆောင်မှုရှိတယ်..။

" ခများသိစရာမလိုပါဘူး "

ဆက်ခနဲကုန်းထလိုက်ပြီး ကျောင်းခေါင်မိုးထပ်က ဆင်းရန် တံခါးဝနားသွားလိုက်သည်၊ အနောက်ကနေလှမ်းခေါ်ခံလိုက်ရသည်။ခပ်ဩဩအသံနှင့်ထိုလူ..။

" ကျေးဇူးမတင်တော့ဘူးလားကောင်လေး "

" ခများကိုလဲဘယ်သူမှမကယ်ခိုင်းပါဘူး၊ ဒါနဲ့နာမည်က "

" အီဟီးဆွန်း "

" ‌အီဟီးဆွန်း? မှတ်ထားလိုက်ပါ့မယ် "

ခေါ်မိုးထပ်ကနေ ဆင်းသွားသည့် အရပ်ရှည်ရှည်နှင့်ကောင်လေးကို တစ်ချက်ကြည့်လျက် ဟီးဆွန်းပြုံးလိုက်သည်။ 

" မှတ်ထားလိုက်ပါ့မယ် ရီခီ "

-----

Mura အိမ်တော်ထဲသို့ ဝင်လာတဲ့ BMW S 1000 RR အဖြူတစ်စီးသည် တစ်ရှိန်ထိုးဝင်လာခဲ့သည်။ခြံထဲ ဆိုင်ကယ်စက်ရပ်သည်နှင့် Mrs. Nishimura က ပြေးထွက်လာပြီ သားတော်မောင်ကို ထွက်ကြိုသတဲ့။

" သားလေး စိတ်ပူလိုက်ရတာကွယ် "

ဘယ်လောက်ပဲ စိတ်ဒဏ်ရာပေးပေး အမေဟာအမေပဲမို့လို့ ရီခီ အမေဖြစ်သူ၏ပါးကိုကိုင်ပြီး စိတ်မပူဖို့နားချနေလေရဲ့။

" မင်းအဖေက စကားခနပြောချင်လို့တဲ့ "

သိသားပဲ။ တစ်ညလေးနောက်ကျမိပါတယ် ဓာတ်ပြားဟောင်းကဖွင့်တော့မယ်။ အညိုရောင်တို့နှင့် တည်ဆောက်ထားသည့် ထိုအိမ်တော်ထဲသို့ ရီခီခြေစချလိုက်သည် နှင့်ဧည့်ခန်းထဲက ထွက်ပေါ်လာတဲ့ အသံတစ်ခု။

စနေဂြိုဟ်ကနေလှမ်းနားထောင်ရင်တောင် ဖမခည်းတော်ရဲ့အသံမှန်းသိသာပါတယ်။

" ရီခီ! မင်းလာစမ်း "

" ဘာလဲ "

ဘောက်ဆက်ဆက်ဖြေလာသည့် ရီခီဟာ အရှေ့ကအဖေကိုတောင် ဂရုမစိုက်ပဲ ဆိုဖာပေါ်ကိုခြေပြစ်လက်ပြစ်ထိုင်ချလျက် စူးစူးရဲရဲစိုက်ကြည့်နေသည်မှာ ကျားသစ်တစ်ကောင်အလား။

ခြေတစ်ချောင်းချိတ်ကာ ဖခင်အားကြည့်နေပုံက ဘယ်ခွေးမှလူမထင်တဲ့ ရုပ်။

" မင်းဘာစောက်ချိုးချိုးတာလဲ! ငါဖုန်းဆက်တော့လဲဖုန်းမကိုင် စက်ကလဲပိတ်ထားသေး၊ ဘယ်တွေသွားနေလို့မကိုင်နိုင်ရတာလဲ "

" ဒီလိုပါပဲ ကိစ္စလေး စိတ်ညစ်စရာလေးရှိလို့ "

" ဟက်! စိတ်ညစ်စရာ? ဟုတ်လား? မင်းအရွယ်က စိတ်ညစ်စရာရှိရမဲ့အရွယ်လား "

စိတ်ညစ်စရာရှိလို့လားတဲ့၊ ကျွန်တော်လဲလူပါအဖေရယ် သစ်သားနဲ့ထုထားတဲ့ ရုပ်သေးရုပ်မှမဟုတ်တာ။

" မင်းညီ‌ဝမ်းကွဲ Keito ကိုကြည့်! စာတော်- "

*ခွမ်း* 

ဘေးနားက ဈေးကြီးကြီးပန်းအိုးသည် မျက်စိတမှိတ်အတွင်းအစိတ်စိတ်အမွာအမွာကွဲသွားရခြင်းမှာ ရီခီ၏ လက်ချက်ကြောင့်ဖြစ်သည်။

ဒါဟာ ရီခီ ဒေါသထွက်တိုင်း ဖြစ်တတ်တဲ့ အကျင့်လေးတစ်ခု၊ ရီခီဒေါသထွက်တိုင်း ဘေးနားက ပစ္စည်းတွေကပဲ ပျက်ဆီးလေးရှိတာလေ။

အနောက်ကဆူနေ‌တဲ့အဖေကိုလဲလှည့်မကြည့်တော့ပဲ အပေါ်ထပ်က ကိုယ်ပိုင်အခန်းလေးထဲဝင်လာလိုက်သည်။

မီးခိုးရောင် သုတ်ထားတဲ့ အခန်းလေးအတွင်းသို့ ရီခီဝင်လိုက်သည်နှင့် စိတ်ကျေနပ်မှု ရှိ‌သွားလေသည်။

ရုတ်တရက်ဆိုသလို အတွေးထဲဝင်လာသည် ဟိုလူကြီး။

" ဟ! ရုတ်တရက်ကြီး "

ရီခီလဲသူ့ကိုယ်သူမယုံကြည်တော့ပါ၊ လွန်ခဲ့တဲ့ နှစ်နာရီလောက်ကတွေ့ခဲ့တဲ့ ထိုလူကိုတွေးနေရအောင်လဲ သူကကိုယ့်ရည်းစားမဟုတ်၊ ဘာကြောင့်လဲမသိ ထားပါတော့ သေချာသည်မှာ ထိုလူသည် မျက်နှာတစ်ခုလုံးမမြင်ရတာတောင် ချောသည်ဟု တစ်ထစ်ချပြောနိုင်သည်။

ကျန်တာမကြည့်နဲ့ ခပ်ဩဩအသံကိုပဲကြည့်လေ၊ နောက်ပြီး အမှောင်ထဲကနေ ရေးရေးလေး မြင်နေရတဲ့ Adam Apple။ အားး ရူးလောက်တယ်။

ထိုညက ရီခီရဲ့အိမ်မက်ထဲမှာ အီဟီးဆွန်းဆိုသည့်လူကြီးပါလာခဲ့သည်။

-----

" သူ့အဖေနဲ့အမေနာမည်က သိပြီးသားမှတ်လား၊‌သူ့မှာ ဝမ်းကွဲညီတစ်ယောက်ရှိတယ် သူတို့မိသားစုနဲ့အတူတူနေတယ် "

" အွန်း နာမည်က "

" Nishimura Keito တဲ့ "

မျက်စိရှေ့မြင်နေရတဲ့ ပြုံးရယ်ခြင်းမရှိတည်တည်တံ့တံ့နဲ့ ကြည့်ကောင်းလှသည့် ဂျပန်ကောင်လေးရဲ့ ပုံကိုကြည့်လျက် ဆက်မေးသည်။

လက်ထောက်လဲဖြစ် ညီလေးလဲဖြစ်တဲ့ Jay က ညကကျောင်းခေါင်မိုးပေါ်မှာတွေ့ခဲ့တဲ့ ကောင်လေးအကြောင်းကို စုံစမ်းခိုင်းပြီး စစ်ဆေးမေးမြန်းနေလေရဲ့။

အရယ်အပြုံးဆိုတာ မရှိသလောက်ရှားတဲ့ ဒီအမျိုးသားဟာ တစ်ခါတစ်လေလဲ အသက်မပါတဲ့ အကြည့်နဲ့ကြည့်တတ်ပါသေးတယ်။ မေတ္တာမရခဲ့တော့ မေတ္တာရဲ့ သဘောတရားကို နားလည်မယ် မထင်၏။

" ဂျပန်မှာ ဟျောင်းမိဘတွေသတ်ခံခဲ့ရတာ နောက်ကွယ်ကကြိုးကိုင်သူက ဒီကောင်လေးမိသားစုတော့ မဟုတ်လောက်ဘူးမှတ်လား "

စိုးရိမ်မှုအပြည့်နဲ့ လေသံ‌ဖြင့် ဂျေးဟာ မေးတော့ အီသန်က ခေါင်းအားအနောက်သို့ လှန်ချကာ ဟက်ဟက်ပက်ပက်ရယ်သည်။

" ဘာတွေစိုးရိမ်နေတာလဲ ဂျေး! ငါကသူတို့မိသားစုကို သတ်ပစ်မှာကြောက်နေတာလား "

ဂျေးက သက်ပြင်းချလျက်။

" အမှန်တိုင်းဝန်ခံရရင် ဟုတ်တယ် "

" ငါ့အလုပ်မှာ သနားညှာတာ‌တယ်ဆိုတာမရှိဘူး၊ ဝဋ်ကြွေးရှိရင်ခံရမှာပဲ "

မျက်စိရှေ့ရှိ အရက်ကိုတစ်ချက်မော့ပြီး၊ အပြင်ဘက်ကိုတစ်ချက်လှမ်းကြည့်လိုက်သည်ဟီးဆွန်းမျက်ဝန်းထဲတွင် နာကျဉ်းချက်တွေများနေသည်ကို မမေးသော်ညား ဂျေးခန့်မှန်းမိသည်။

၁၁နှစ်အရွယ်မှာ မိဘနှစ်ပါးအသတ်ခံလိုက်ရတယ်၊ မျက်စိသငယ် နားသငယ်နဲ့ လူ့လောကထဲမှ ကြီးပျင်းခဲ့ရတယ်။ ဒါတွေအားလုံးက ရီခီ့အဖေကြောင့်၊ သူ့အဖေဆုံးရှုံးသွားခဲ့ရင်လဲ ဒါဟာ အပြန်အလှန်ပဲလေ။

" ဟီးဆွန်း‌ဟျောင်းလုပ်တာလဲလုပ်ပေါ့၊ ဒါမဲ့စည်းတော့ရှိပါ "

" မင်းငါ့ကို မယုံတာလား ပတ်ခ်ဂျေး "

မယုံကြည်မှု၊ ရွဲ့မှု၊ မာနတွေနဲ့ ပြည့်နှံ့နေတဲ့ ထိုစကား။

ဟီးဆွန်းဘယ်လောက်ခေါင်းမာလဲဆိုတာ သူအသိဆုံး လုပ်ချင်တာရှိရင် ဘာပဲဖြစ်ဖြစ်ရအောင်လုပ်တယ်၊ အရှေ့အနောက်မကြည့်သလို၊ လူသတ်ရမှာခဲ ဝန်မလေး။

အမြဲတမ်းပြောလေ့ရှိတဲ့ စကားက 'အပေးရှိရင်အယူဆိုတာရှိတယ်' ဆိုတဲ့စကားရယ် 'လူ့လောကကို အမြဲတမ်းသက်ညှာနေလို့မရဘူးဂျေး' ဆိုသည့်စကား။အလွန်အကျွန်မဖြစ်အောင်တော့ ဂျေးကအမြဲထိန်းရသည်။

" လိုအပ်တော့မှ ခေါ်တော့ ကျွန်တော်နားပြီ "

Macbook အားပိုက်ကာ ဂျေးက အပေါ်ထပ်သို့ဦးတည်သွားသည်။

" အိုကေ good night "

လက်ထဲက ဂျပန်ကောင်လေးရဲ့ ပုံအားကြည့်ရင်း အီသန်တစ်ချက်ပြုံးသည်။

" သွေးကြွေးရှိသေးတယ် ရီခီ မင်းနားကို ငါမရရတဲ့ နည်းနဲ့ ပြန်လာခဲ့မယ် "

-----23.11.2023

Hope you like it. I'll post regularly.Love you all good night!!

There are no comments yet. Log in to be the first to leave a review!

More by o-carolwolf

Similar stories