Fanfics

Part 3

17:38, 24 November 2023

မြို့ပြင်က စွန့်ပစ်အဆောက်အအုံတစ်ခုတွင် အသံနက်ဖြင့် နာကျင်စွာ အော်ဟစ်သံတွေကြားနေရ၏။ ခုံပေါ်တွင် သံကြိုးအထပ်ထပ်ဖြင့် ကြိုးတုပ်ခံထားရတဲ့ အသက် 20ဝန်းကျင် ကောင်လေးတစ်ယောက်၏ ကိုယ်ပေါ်တွင် နီရဲနေသည့် သွေးတွေဟာ အပြည့်။

သူ့ပါးစပ်ကနေ 'သတ်လိုက်ပါတော့' လို့ပြောနေပင်မဲ့ ဆိုဖာအနက်ပေါ်မှာ black suit နဲ့အတူ mask အမဲပါတပ်ဆင်ထားပြီး ဖြူဖွေးလှတဲ့ နှဖူးအား မြင်ရအောင် ရက်ရက်ရောရောပြထားသလို ဆံပင်အားအကုန်လှန်တင်ထားတဲ့ လူတစ်ယောက်။

ရှည်လျားတဲ့အရပ်နှင့်အတူ ခြေထောက်တစ်ချောင်းပေါ် တစ်ချောင်းချိတ်ကာ ထိုင်ရင်း အသက်မရှိသလို ကြည့်နေသည်။

" ကျွန်တော့်ကို သတ်လိုက်ပါတော့...အီသန် "

‌ရှည်လျားတဲ့ ခြေတံတွေနဲ့ ထိုကောင်လေးအနားကို ရောက်လာတဲ့ အီသန်။ ထို့နောက် ထိုကောင်လေးရဲ့ ပါးပေါ်သို့ ကျရောက်သွားတဲ့ အားပြင်းတဲ့ လက်သီးတစ်ချက်။

" မင်းက ချောသားပဲ.. "

" အီသန်..ကျေးဇူးပြုပြီး သတ်လိုက်ပါတော့ "

" သတ်မှာပေါ့ ဘယ်လို့အလျှင်လိုနေတာလဲတမလွန်မှာ ဘယ်သူစောင့်နေလို့လဲ "

ဘေးနားက ဓားမြောင်အား ယူရင်း ထင်းထွက်နေတဲ့ညှက်ရိုးအား ဓားဖြင့် မွှန်းလိုက်တော့ နာကျင်စွာ အော်ဟစ်လေသည်။

" မင်းက ငါ့company ကအချက်အလက်တွေကို ခိုးပြီး တစ်ဖက်ဂိုဏ်းမှာ ရောင်းစားတယ်ပေါ့ သိပ်ကို သတ္တိကောင်းလှရီလား ကောင်လေးရဲ့ hk! "

" တောင်းပန်ပါတယ် "

" တောင်းပန်တိုင်းရတယ်ပေါ့ "

ဗိုက်ချပ်ချပ်လေးပေါ်သို့ ရောက်ရှိလာတဲ့ အီသန့်ရဲ့ ခြေတံရှည်ရှည်တွေ။

" နှုတ်ဆက်ချိန်‌တန်ပြီပေါ့ "

ခါးအနောက်တွင်အသင့်ထား ထားတဲ့ အမဲတောင် ပစ္စတိုတစ်လက်။ သေနတ်ကိုယ်ထည်တွင် ထွင်းထုထားတဲ့ 'Ethan' ဆိုသည့် ရောမစာသည် ထင်းလျက်။

" သတ်ရတဲ့အကြောင်းအရင်းက ငါ့မိဘတွေ အသတ်ခံရတဲ့ အမှုမှာ မင်းအ‌ကိုပါတယ်၊ နောက်ပြီး ငါ့ရဲ့ company ကအချက်အလက်တွေကို တစ်ဖက်ဂိုဏ်းကို ရောင်းစားတယ်၊ အဲ့တာကြောင့် ဟိုတစ်လက တော်တော်လေး ထိခိုက်သွားတယ် ဘိန်း၊ ကိုကင်းတွေ ဝမ်ငွေ 5million လောက်ဆုံးရှုံးသွားတယ် "

အေးတိအေးစက်နဲ့ အီသန်က ကောင်လေးရဲ့ အနောက်တွင်ရပ်ကာ နားနားသို့ကပ်လျက် စကားတစ်ခွန်းကို ပြောသည်။

" ဒါကြောင့် မင်းကို နှိပ်စက်ပြီးသတ်ရတာ "

လက်ထဲက သေနတ်အား မောင်းတင်လျက် နှဖူးတွင်ချိန်ထားရင်း။

" God.. richly bless you in heaven "

*ဒိုင်း* ဆိုသည့်အသံနှင့်အတူ လူ့လောကထဲက ထွက်ခွာသွားတဲ့ ကောင်လေးရဲ့ဝိဉာဉ်။ သွေးသံတရဲရဲနဲ့ ထိုကောင်လေးသည် လူ့လောကထဲက နေထွက်ခွာ‌သွားလေပြီလေ။

" မင်းတို့တွေလဲ သူ့ကိုကြည့်ရင်း သင်ခန်းစာယူပေါ့ "

လက်အောက်ငယ်သားတွေမှာ သူတို့ သူဌေးကိုခေါင်းတောင် ဖော်ပြီးမကြည့်နိုင်။ ဖိနပ်သံအဆုံး ထိုလူရဲ့ လက်ထောက်နှင့်အတူ ထွက်ခွာသွားလေသည်။

အီသန်လီက ရက်စက်သည်။ လူသတ်ရဖို့လဲ ဝန်မလေး၊ တစ်ခုခုကို လုပ်တော့မယ်ဆိုရင် အမြဲတမ်းနှစ်ခါစဉ်းစားပြီးမှာ လုပ်တတ်တဲ့ လူမျိုး။

" ရော့ ဆေးလိပ် "

" ‌thanks Jay "

ဂျေး ပေးတဲ့ ဆေးလိပ်အား ပါးစပ်၌ကိုက်ကာ မီးညှိလိုက်သည်။ အီသန်လီက ဆေးလိပ်သောက်တဲ့အချိန်ဆို သိပ်ကြည့်ကောင်းတယ်လေ။

" နှဖူးမှာ သွေးတွေပေနေတယ် "

ကျစ်! နှဖူးလှလှလေးတွေမှာမှ သွေးပေရတယ်လို့..။

" ရီခီ့နောက်ကို ခြေရာခံလိုက်ထား သူဘယ်အချိန်အိပ်ရာထတယ် ဘယ်အချိန်ရေချိုးတယ် ဘယ်အချိန်စာလုပ်တယ်က အစ သိချင်တယ် "

" ကောင်းပြီ ကျန်တာခိုင်းအုံးမလား "

" မခိုင်းတော့ဘူး ဒီညပင်ပန်းသွားပြီ နားလိုက်အုံး "

ဂျေးပုခုံးကို တစ်ချက်ပုတ်ပြီး ဆေးလိပ်ကိုဖွာကာ ကားအနက်သို့ BMW X1ထဲသို့ဝင်ကာ မောင်းထွက်သွားသည်။

လှပတဲ့ ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ဟာ မီးရောင်တွေနဲ့အတူ လှပနေသည်။ Bar သွားနေကျတဲ့ လူငယ်တွေ၊ အချိန်ပိုင်းအလုပ်ဆင်းနေတဲ့ ကျောင်းသူ/‌သားတွေ ကတ်တရာလမ်းကြီးထက် ခြေရာတွေဟာ ရှုပ်ထွေးလျက်။

သူတို့ကလေးတွေကို ချီလျက် Family Night out ထွက်နေကျတဲ့ မိသားစုတွေ၊ အားကျချင်စရာကောင်းပါတယ်။ 'အိုမား' 'အိုပါး' လို့ခေါ်နေတဲ့ကလေးငယ်တွေရဲ့အသံတွေ။ ဒါဟာ ဟီးဆွန်းအသက် ၁၁နှစ်ပြည့်တဲ့အချိန်ထဲက ပျောက်ကွယ်သွားခဲ့တဲ့အရာတွေ။

ကြီးမားလှတဲ့ Lee စံအိမ်တော်အတွင်းသို့ အီသန်ခြေချလိုက်သည်နှင့် အိမ်အကူအစ ဂိုဏ်းက အလုပ်သမားတွေအဆုံး သူ့ကို ဦးညွှန့်ကျလေသည်။

Luxury sofa ပေါ်၌ခြေပစ် လက်ပစ်ထိုင်ချလိုက်သည်။ Necktie အားအနည်းငယ်ဖြေလျော့လိုက်ရင်း သက်ပြင်းတစ်ချက် ချလိုက်သည်။

" Boss ဘာသောက်ချင်လဲ "

" Grapes Wine တစ်ခွက် "

" ဟုတ်ကဲ့ပါ Boss "

အိမ်အကူ ဝိုင်သွားထည့်ချိန် အီသန် သူ့အလုပ်တွေအား တစ်ချက်စစ်ကြည့်နေ၏။

ထိုအချိန် သတိရလိုက်တာက သူဒီနေ့တစ်နေကုန် ရီခီ့ကို ဖုန်းမဆက်ရသေးဘူးလေ။ ဒီကလေးတော့စိတ်ဆိုးနေတော့မှာပဲ။

" Hello Riki ကိုယ်ပါ "

" ဘာလဲခများ! ကျွန်တော့်ဖုန်းနံပါတ်ကို ဘယ်လိုရတာလဲ "

" ကိုယ်က အီဟီးဆွန်းလေ ကိုယ်လိုချင်တာ ဘာမဆိုရတယ် ဒါနဲ့ညီဘာလုပ်နေလဲ "

" ဘာလုပ်လုပ်ပေါ့ "

" ဟာ..အဲ့လိုမပြောပါနဲ့ ကိုယ့်ရဲ့ နှလုံးသားလေး နာကျင်သွားပြီ အ့ အတည်နာသွားတာ "

" ခများဘာသာ နာကျင်ရုံမကလို့ လဲသေသေ ကျွန်တော့်အကြောင်းမဟုတ်ဘူး "

တစ်ဖက်က ဒေါသထွက်ထွက်နဲ့ ဖြေနေပုံက သူ့ကို စိတ်မရှည်နေတဲ့ပုံစံမှန်းသိသာလွန်းပါတယ်။ ရီခီက ချစ်စရာလေး မဟုတ်ဘူးလား။အီသန် ခပ်ဟဟလေးရယ်မိသည်၊ ချစ်စရာကောင်းလွန်းလို့ နေတောင်မနေနိုင်တော့ဘူး။

" ဘာလို့ရယ်တာလဲ! "

" မင်းက ချစ်ဖို့အရမ်းကောင်းလို့လေ "

" ခများ!! "

ဒီ စိတ်လက်တစစ် လေးကိုစရတာလောက် အီသန်ပျော်တာမရှိဘူး...။ ရီခီက နှင်းလုံးလေးတစ်လုံးလို ဖြူစင်တယ်၊ ပြီးတော့ ရိုးလဲ ရိုးသားတယ်။

ဒီကောင်လေးကို သူအသုံးချဖို့အတွက် အနားကို ချဉ်းကပ်ခဲ့တယ်တဲ့လား သူ့ကိုယ်သူ ပါးရိုက်ချင်တာမှ။

" ကိုယ်ပင်ပန်းနေတာ "

" ခများကဘာတွေလုပ်လို့ ပင်ပန်းနေတာလဲ "

" သတ်နေရလို့ "

" ဟမ်! "

" ပုရွတ်ဆိတ်‌တွေ သတ်နေရလို့လေ ကိုယ့်အခန်းထဲ မှာအများကြီးပဲ "

သတ်နေရလို့ လို့ဖြေလိုက်တော့ နှင်းဖြူလေးက အံ့ဩသွားလေရဲ့။ ကျစ်! အီဟီးဆွန်း!!

" အဲ့တာဆိုလဲ ကောက်စားလိုက် အချိန်မရှိဘူး!! "

တီခနဲ ကျသွားတဲ့ ဖုန်းသံနှင့်အတူ ဟီးဆွန်းတစ်ချက် ရယ်မိသည်။ တစ်ကယ်ကို ချစ်စရာကောင်းတဲ့ နှင်းလုံးလေးပါ။တကိုယ်လုံးလဲ သွေးညှီနံ့နံနေသည်မို့ ဟီးဆွန်းရေချိုးရန် အပေါ်ထပ်သို့ တက်ခဲ့သည်။

" ဟဲ့ Boss က ရယ်တတ်တာလား "

" အေးတော် ကျုပ်ဖြင့်အခုမှ Boss ရယ်တာမြင်ဖူးတာ ‌Boss ကချောတယ်တော့ "

" ညီ လို့ခေါ်ပုံရရင် Boss နဲ့ စကားပြောနေတာ ယောင်္ကျားလေးပဲဖြစ်ရမယ် "

" Boss ကိုအဲ့လိုပြုံးအောင်လုပ်နိုင်တဲ့ ကောင်လေးက တကယ်ချစ်စရာကောင်းလို့ပဲနေမှာ "

အိမ်အကူတွေခမျာမှာတော့ အရယ်အပြုံးနည်းတဲ့ သူတို့သူဌေးမှာ ပြုံးရွှင်နေတာကြောင့် မေးခွန်းထုတ်စရာဖြစ်နေသည်။-----

ဂျေးတစ်ယောက် အလုပ်ပြီးတာနဲ့ အိမ်ကို ပြန်လာခဲ့သည်၊ ကားကျပ်သည်ကို စိတ်မရှည်တာကြောင့် ဖြတ်လမ်းက လာရန်ဆုံးဖြတ်လိုက်သည်။

ကိုယ့်အတွေးနဲ့ကိုယ် မောင်းလာ‌ရင်း လမ်းတစ်နေရာက ထွက်လာတဲ့ လူတစ်ယောက်ကြောင့် ဘရိတ်အမြန်အုပ်လိုက်သော်ညား ထိုပိစိလေးက မြေကြီးပေါ်သို့ ထိုင်လျက်သား လဲကျသွားသည်။

" အဆင်ပြေရဲ့လား "

ဂျူတီကုတ်အဖြူရောင်လေးရဲ့ အောက်နားတွင် အနည်းငယ်ပေကျန်နေတဲ့ သွေးနီရဲရဲတွေ။

" ပြေပါတယ် "

" ယန်း ဂျောင် ဝန်း? "

Shit! ငါထင်နေတဲ့လူမဖြစ်ပါစေနဲ့ ကျေးဇူးပြုပြီး အဲ့လူမဖြစ်ပါစေနဲ့။ ဂျောင်ဝန်းရေ ဘုရားတရတော့မယ်ထင်တယ်၊ အားတဲ့ဘုရား ဆင်းကယ်ပါ။

" ဝန်းငယ်! မင်းမှတ်လား "

ကော်ဖီရောင်ဆံပင်အုပ်အုပ်လေစနဲ့ ဒေါက်တာလေးရဲ့ ကိုယ်ကို ကိုင်လိုက်တော့ မော့ကြည့်လေသည်။ ဟုတ်တယ်၊ ဒီမျက်လုံး၊ ဒီနှုတ်ခမ်း၊ ရယ်လိုက်တိုင်းပေါ်လာတဲ့ သွားဖြူဖြူလေးတွေ။

" ဘာကို ဝန်းငယ်လဲ သိလို့လား "

သိလို့လား? ဟုတ်လား? ချစ်ခဲ့ကျတယ်လေ မဟုတ်ဘူးလား။ အဲ့လို မစိမ်းကားသွားပါနဲ့ အချစ်ရယ်

" အချစ် "

" ခများက ဘယ်သူလဲ ဘာလို့အချစ်လို့လာခေါ်နေတာလဲ "

" မင်းခေါ်နေကျ ဂျေးဟျောင်း၊ ကျွန်တော့်ကောင်လေး လို့ အမြဲတမ်းကြွားနေကြ လူလေ "

ဂျောင်ဝန်းက သက်ပြင်းတစ်ချက်ချလိုက်သည်။ ဘယ်ဘုရားမှ ဆင်းမကယ်တော့ သူကိုယ်တိုင်ပဲ သူ့ကိုယ်သူ ကယ်ရမှာပေါ့။

" ဟင့်အင်း..ကျွန်တော်တို့ မချစ်ခဲ့ကျပါဘူး "

" လိမ်တယ်! မင်းလိမ်တယ်! ပြောတော့ တလောကလုံးက ငါ့ကိုမရွေးချယ်ရင်တောင် မင်းက ငါ့အနားမှာပဲ နေပေးမယ်ဆို! "

ဂျေးရဲ့ ပေါက်ကွဲသံအချို့နောက် ကပ်ပါလာတဲ့ ဝမ်းနည်းမှုနှင့်အတူ ပါးပြင်ပေါ်သို့ ‌စီးကျလာတဲ့ မျက်ရည်တစ်စက်။ သူ့မျက်ရည်၊ သူ့ရဲ့ဝမ်းနည်းမှု ပျော်ရွှင်မှုတွေက ဂျောင်ဝန်းကြောင့် ဖြစ်လာတာ။ သူ့ရဲ့နှလုံးသားကို အနိုင်ယူခဲ့တာကလဲ ဂျောင်ဝန်းပဲ၊ ပျော်ရွှင်မှုတွေ ပေးခဲ့တာလဲ ဂျောင်ဝန်းပဲ။

အခုတော့ ဒဏ်ရာတွေပါပေးပြီ...။

" ဒီနေရာတင် ရပ်လိုက်ကျရအောင် "

" မရပ်နိုင်ဘူး မင်းကို ထက်ပြီးလက်မလွှတ်နိုင်ဘူး!! ဝန်းငယ်ကိုယ့်ဆီပြန်လာခဲ့ပါ "

" ကျွန်တော်က လူတွေရဲ့အသက်ကို စိန်လို တန်ဖိုးထားတယ် ခများက လူတွေရဲ့အသက်ကို ပုရွတ်ဆိတ်သတ် သလိုသတ်တယ် အဲ့မှာတင် ကျွန်တော်နဲ့ ခများနဲ့ စလွဲတာပဲ "

ဂျေးက ခေါင်းအတွင်တွင်ခါသည် ဘာကိုငြင်း‌မိနေလဲ ဂျေးကိုယ်တိုင်မသိ။

" ကံမကုန်သေးလို့ သံသရာ တကွေ့မှာ ပြန်တွေ့မယ်ဆိုရင်တောင် ကျွန်တော်က ခလုပ်မတိုက်ဖို့ ဆုတောင်းမိမှာပဲ "

" ဝန်းငယ် ဘာလို့အဲ့လိုတွေလုပ်နေရတာလဲ "

" ဘာလို့လဲဆိုတော့ ခများကို မုန်းလို့ "

မုန်းလို့..?။ မင်းသိပ်ကို ရက်စက်တယ် ဂျောင်ဝန်း။

" ဒီည ခများနဲ့တွေ့တာ နောက်ဆုံးဖြစ်ပါစေ "

" ‌ကိုယ်အဖြစ်မခံနိုင်ဘူး "

ဂျောင်ဝန်းက 'ဘာ' ဟုတစ်ခွန်းဆိုလျက် လှည့်ကြည့်သည်။

" နောက်ဆုံးဖြစ်ခဲ့ရင်‌တောင် ကိုယ်က အဖြစ်မခံနိုင်ဘူး "

" ခများရူးနေပုံပဲ ကျွန်တော်က ခွဲစိတ်ဆရာဝန်ဗျ စိတ်ရောဂါအထူးကုမဟုတ်ဘူး "

ပြောရင်းဆိုရင်း ဂျူတီကုတ်ဝဲခနဲ လွင့်ထွက်သွားသည်အထိ လှည့်ထွက်သွားတဲ့ ဂျောင်ဝန်းဟာ ဂျေးကို နာကျဉ်းချက်တွေနဲ့ မျက်ဝန်းနဲ့ တစ်ချက်လှည့်ကြည့်ခဲ့ပါသေးသည်။

အရင်ကလို 'ဂျေးဟျောင်း' 'ကျွန်တော့်ရည်းစား' လို့ ခေါ်နေကျပါးစပ်လေးက‌နေ'ခများ'လို့ခေါ်ပြီး 'မုန်းတယ်' လို့တောင် ပြောသေးသည်လေ။

ဝန်းငယ်က ကျွန်တော့်ကို မမုန်းပါဘူး..၊ ကျွန်တော်သူ့ရှေ့မှာ လူသတ်မိလို့ ကျွန်တော့်ကို နာကျဉ်းနေတာဖြစ်မယ် ဝန်းငယ်က ကျွန်တော့်ကို ချစ်တယ်။

ဝန်းငယ်က ကျွန်တော့်ကိုချစ်သေးတယ်၊ ဒါသူမူနေတာ..။

" မင်းမမုန်းဘူးဆိုတာ ငါသိတယ်၊ စိတ်ဆိုးနေတာမဟုတ်လား ဒါဆိုရက်လဲ ကမ္ဘာအဆုံးထိ လိုက်ချော့မယ် "

-----24.11.2023

ကျုံးလို ကောင်လေးလိုချင်သည်။ ဒါပင်မဲ့ ကျုံးဖြစ်နေမှရမည်༼⁠;⁠´⁠༎ຶ⁠ ⁠۝ ⁠༎ຶ⁠༽

There are no comments yet. Log in to be the first to leave a review!

More by o-carolwolf

Similar stories