13
13:07, 17 September 2025နေ့ရက်တွေ ကျော်ဖြတ်လာတာနဲ့ အမျှ လီယိုနဲ့ ဆန်းဝန်းက ပိုနီးကပ်လာပြီး သံယောဇဉ်လည်း ပိုတိုးလာခဲ့သည်။
ညနေခင်းရဲ့ နေဝင်ရီရီအလင်းရောင်အောက်မှာသူတို့နှစ်ယောက်ဟာ တစ်နေ့တာရဲ့ ပင်ပန်းမှုတွေကို ခဏတာမေ့လျော့ကာ အိမ်ပြန်ချိန်တိုင်း စိတ်ပင်ပန်းလူပင်ပန်းဖြစ်ခဲ့ရတဲ့ အကြောင်းအရာတွေကို အချင်းချင်း ပြောပြရင်း နှစ်သိမ့်မှုတွေ ရှာဖွေကြသည်။
ညနေတိုင်း ဆန်းဝန်းက လီယို့ကို သွားကြိုတတ်ပြီး ညစာကို ရိုးရိုးရှင်းရှင်းပဲ စားသောက်ကြသည်။ တစ်ခါတစ်ရံမှာတော့ ခေါက်ဆွဲစားရင်း ရုပ်ရှင် ကြည့်လေ့ရှိကြသည်။ အိပ်ခါနီးအချိန်မှာ ဖုန်းပြောလေ့ရှိပြီး နေ့ရက်တိုင်းက ပျော်စရာတွေနဲ့ပဲ ပြည့်နှက်နေသည်။
ဒီလို မထင်မရှား ရိုးရှင်းတဲ့ နေ့ရက်တွေထဲမှာပဲ သူတို့နှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာဟာ တဖြည်းဖြည်း ပိုမိုခိုင်မြဲလာခဲ့သည်။
------တစ်ရက်မှာ လီယိုက ဆန်းဝန်းကို ရုတ်တရက်အဆက်အသွယ် ဖြတ်သွားခဲ့ပြီး အလုပ်မှာလည်း ရှိမနေပါ ။ တစ်နေကုန်ဖုန်းလည်း ဆက်သွယ်လို့ မရ။
လီယို ဖုန်းပြန်ခေါ်လောက်မလားလို့ သူ စောင့်နေခဲ့ပေမဲ့ ညနေရောက်တဲ့အထိ ဘာအဆက်အသွယ်မှ မရခဲ့။
သူ့ကို တစ်ခုခုများဖြစ်နေမလားလို့ စိုးရိမ်လာတာမို့ အလုပ်ထဲမှာတောင် အာရုံမစိုက်နိုင်ဘဲ ဖုန်းကို အခါခါ ကြည့်မိသည်။ အခုလိုမျိုး ရုတ်တရက်ကြီး အဆက်အသွယ် ပြတ်သွားတာ သူ့ရဲ့ ပုံမှန် အကျင့်စရိုက်နဲ့ လုံးဝကို မတူပါ။အကြောင်းအရာ တစ်ခုခုရှိရင်တောင် လီယိုက ဆက်သွယ်မှာ သေချာတာမို့ သူ့ရဲ့ စိတ်ထဲမှာ အတွေးပေါင်းစုံ လည်ပတ်နေသည်။
ဒါမှမဟုတ် သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးမှာ ပြဿနာ တစ်ခုခု ပေါ်လာသလား။ အခုလိုမျိုး မရေမရာ ဖြစ်နေရတာက ဆန်းဝန်းကို အတော်လေး စိတ်ရှုပ်စေခဲ့သည်။
ဒီနေ့ ညနေ အလုပ်ဆင်းပြီးတာနဲ့ သူ လီယိုရဲ့ အိမ်ကို သွားဖို့ ဆုံးဖြတ်လိုက်သည်။
-----Company က ပြန်ပြန်ချင်းမှာ ဆန်းဝန်း လီယို့ အိမ်ကိုသာ ကားမောင်း၍ ထွက်လာလိုက်သည်။
လမ်းတွင်လူရှင်းနေပြီး မီးရောင်မှိန်ဖျဖျက ကားအရှေ့ ဖြန့်ကျက်နေသည်။ခြံရှေ့ကိုရောက်တော့ ဆန်းဝန်း ကားဟွန်းကို ကျယ်ကျယ်လေး တီးလိုက်သည်။
လီယို့ရဲ့ အဖွားက ထွက်လာကာ ကားနားကို လျှောက်လာသည်။
"အဖွား လီယိုhyung ရှိလားဗျ ဖုန်းဆက်မရလို့"
အဖွားက အိမ်ထဲကို တစ်ချက်ပြန်လှည့်ကြည့်ပြီးမှ
"သားငယ်က ဘယ်သူ့ကိုမှ မတွေ့ချင်ဘူးလို့ပြောထားတာ ဘယ်သူလာမေးမေး သူ့ကို မရှိဘူးပြောလိုက်ပါတဲ့ ဒါပေမဲ့ အဖွားက အကြောင်းအရင်းလဲမသိရတော့ သားမေးကြည့်ရင် အဆင်ပြေမလားလို့ "
အဖွားက ခပ်တိုးတိုးပြောလာတာမို့ ဆန်းဝန်း ချက်ချင်း ကားပေါ်က ဆင်းကာ ခြံထဲကို ဝင်လာလိုက်သည်။ အဖွားညွှန်ပြရာ အခန်းဆီကို တိတ်တဆိတ် ချဉ်းကပ်လိုက်ရင်း အခန်းတံခါးကို ခပ်ဖွဖွခေါက်လိုက်သည်။
အဖွား အထင်နှင့် လီယို တံခါးကို ဖွင့်လာသည်။မြင်လိုက်ရတဲ့ ဆန်းဝန်းမျက်နှာကြောင့် လီယို တံခါးကို အတင်းပြန်ပိတ်ရန် ကြိုးစားသည်။ အားပြင်းလွန်းတဲ့ ဆန်းဝန်းကြောင့် တံခါးက ပိတ်မသွားပဲ ဆန်းဝန်း အထဲသို့ အမြန်ဝင်ရောက်လိုက်သည်။
လီယို ကျစ် တစ်ချက် စုပ်သပ်ကာ စားပွဲနားက ခုံတစ်ခုံပေါ် ထိုင်ချလိုက်သည်။
ဆန်းဝန်း လီယို့ရဲ့ ရှေ့မှာ ထိုင်ချလိုက်ရင်း သူ့မျက်လုံးတွေကို စိုက်ကြည့်မိလိုက်သည်။ လီယို့ မျက်လုံးတွေက ပကတိ ငြိမ်သက်နေသည်။
လီယိုက နှုတ်ခမ်းကို တင်းတင်းစေ့ထားရင်း ဆန်းဝန်းရဲ့ အကြည့်တွေကို ရှောင်လွဲနေလိုက်သည်။
" ဘာဖြစ်လို့လဲ leo hyung"
" အခု မင်းပြန်လိုက်တာ ပိုကောင်းပါတယ်"
ဆန်းဝန်းနားမလည်နိုင်စွာ လီယို့ကို သူ့ဘက်သို့ ပြန်ဆွဲလှည့်လိုက်သည်။
" အကို တစ်ခုခု ဖြစ်နေတယ်ဆိုရင် ကျွန်တော့်ကိုပြောပြရမှာပေါ့ "
" ဘာမှမရှိဘူး မင်းနဲ့ မပက်သတ်ချင်တော့လို့ ပြီးတော့ ငါတို့အချင်းချင်း တွဲဖို့နေနေသာသာ ချစ်တယ်ဆိုတာတောင် မပြောဖူးကြဘူးလေ အဲ့တာမို့ ဒီတိုင်း ရပ်လိုက်လဲ ရနေတာကို"
ဆန်းဝန်းဟာ လီယို့ရဲ့ စကားသံကို ကြားပြီး ဆွံ့အသွားသည်။
"ဘာလို့လဲ "
" ငါမင်းကို အစတည်းက သဘောမကျဘူး "
လီယို့က သူ့မျက်လုံးကို ရှောင်ရင်း စကားတွေ ဆက်ပြောနေသည်။ စကားလုံးတစ်လုံးချင်းစီက ဆန်းဝန်းရဲ့ရင်ကို ဓားနဲ့ထိုးသလိုပဲ နာကျင်စေသည်။
"အဆင်မပြေတော့ဘူး ရှေ့မဆက်ချင်တော့ဘူး" ဆိုတဲ့ စကားလုံးတွေဟာ သူ့ရဲ ဦးနှောက် တစ်ခုလုံးကို ဗြောင်းဆန်သွားစေသည်။
သူ့ရဲ့ကမ္ဘာကြီးဟာ ရုတ်တရက် ရပ်တန့်သွားသလို ခံစားလိုက်ရပြီး ဘယ်သူမှ မရှိတော့တဲ့ လမ်းမကြီးပေါ်မှာ တစ်ယောက်တည်း ရပ်ကျန်ခဲ့သလို ခံစားရသည်။
လီယိုက ကြောင်အစွာ ငြိမ်သက်နေတဲ့ ဆန်းဝန်းကို အခန်းပြင် ဆွဲထုတ်လိုက်ပြီး တံခါးကို ဝုန်းခနဲ ပိတ်လိုက်သည်။ ဆန်းဝန်း ငြိမ်သက်စွာပင် ရပ်နေမိသည်။မျက်လုံးအိမ်ထဲမှာ မျက်ရည်တွေဝဲလာပြီး အကြည့်တွေကလည်း ဝေဝါးလာသည်။
------
ခြံတံခါးကို ဖွင့်လိုက်ကတည်းက ဆန်းဝန်းရဲ့ ခြေလှမ်းတွေက လေးလံနေတယ်။ သူ့ကို ရေရေရာရာ အကြောင်းပြချက်မရှိပဲ လီယိုက တွန်းထုတ်လိုက်သလို ခံစားရပြန်သည်။
အိမ်ကို မပြန်ချင်သေးတော့ ခြံအပြင်ဘက်မှာ ရပ်ထားတဲ့ ကားဆီကိုပဲ တရွေ့ရွေ့သွားလိုက်သည်။ ကားတံခါးကိုဖွင့်ပြီး ဝင်ထိုင်လိုက်ပြီး သော့ကိုလှည့်ကာ အင်ဂျင်ကို နှိုးလိုက်ပေမယ့် ဘယ်မှသွားချင်စိတ်မရှိ။
ကားစီယာတိုင် ပေါ်မှာ ခေါင်းမှောက်လိုက်ပြီး သူမျက်လုံးတွေကို မှိတ်ထားလိုက်သည် သို့သော်လီယို့ရဲ့ စကားသံတွေ က နားထဲမှာ ပဲ့တင်ထပ်နေသည်။ "ငါတို့ ဒီမှာပဲ ရပ်ကြတာပေါ့၊ ဆန်းဝန်း"တဲ့။
သူ ခံစားလက်ဖဝါးနဲ့ မျက်နှာကို ဖုံးအုပ်လိုက်ပြီး ခံစားချက်တွေ ပေါက်ကွဲထွက်လာသည်။တိတ်ဆိတ်နေတဲ့ ညရဲ့ လေအေးတွေက ကားပြတင်းပေါက်ကနေ ဝင်လာနေပေမယ့် သူ့ရင်ထဲက ပူလောင်မှုက မလျော့ကျသွား။
မျက်ရည်တွေက ပါးပြင်ပေါ်မှာ စီးကျလာပြီး မေးစေ့ပေါ်ကနေ အင်္ကျီပေါ်ကို တစက်စက်ကျနေသည်။
ဘာလို့အခုလို ရုတ်တရက် ဖြစ်သွားလဲ နားမလည်။ ဆန်းဝန်းဘေးမှာ ချထားတဲ့ဖုန်းကို ကောက်ယူလိုက်ကာ လီယို့ဆီကို Message ပို့လိုက်သည်။
" အကို ဘာပဲ ဖြစ်နေနေ ကျွန်တော် အရင်လို ပြန်ဖြစ်လာအောင်လုပ်မယ်"
------
လီယို ဒီလို စကားတွေ ပြောလိုက်ပေမဲ့ ရင်ထဲမှာတော့ လစ်ဟာနေသလို ခံစားရသည်။ခဏအကြာမှာ အခန်းထဲက ပြတင်းပေါက်နားကို တိုးကပ်သွားပြီး အပြင်ဘက်ကို လှမ်းကြည့်မိသည်။
မှောင်ရိပ်ကျနေတဲ့ ခြံရှေ့မှာ ဆန်းဝန်းရဲ့ကားက မီးရောင် မှိန်မှိန်လေးနဲ့ ရပ်နေဆဲ။ ပြတင်းပေါက်ကိုမှီပြီး လီယို ငြိမ်သက်စွာ ရပ်နေမိသည်။ ကားထဲက ဆန်းဝန်းကို မြင်ရဖို့ ကြိုးစားကြည့်ပေမယ့် မမြင်ရ။ ဒါပေမယ့် ဆန်းဝန်း ခံစားနေရမယ့် ဝေဒနာတွေကို သူ ခံစားမိနေသည်။
လီယိုရဲ့ ရင်ဘတ်ထဲမှာ စူးအောင့်နာကျင်လာပြီး မျက်ရည်တွေက ပါးပြင်ပေါ်ကို စီးကျလာသည်။ အသံမထွက်ဘဲ တိတ်တဆိတ် ငိုနေရခြင်းက ပို၍ နာကျင်ရသည်။
ဆန်းဝန်း အရမ်းခံစားနေရမလား။ သူ့ကို မုန်းသွားပြီလား လို့ တွေးမိရင်းမှ
"ငါ မှားလား" လို့ ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်မိပေမယ့် အခြေအနေအားလုံးက ဒီအတိုင်းပဲ အဆုံးသတ်ရမယ်လို့ သူနားလည်ထားခဲ့ပြီး ဖြစ်၏ ။ အခန်းထဲက မှောင်ရိပ်ထဲမှာ လီယိုတစ်ယောက် သူ့ရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ ဆုံးဖြတ်ချက်အတွက် နောင်တရနေမိသလား မသေချာ ။ သူတို့နှစ်ဦးရဲ့ နာကျင်မှုတွေက အဲဒီညရဲ့ အမှောင်ထုထဲမှာ ပျံ့လွင့်နေခဲ့ပါသည်။
-----ဆက်ရန်။နည်းနည်း မုန်တိုင်းလေး စထားတယ်နော် ဟဲဟဲ 🥹
There are no comments yet. Log in to be the first to leave a review!


![Freak In You [𝟏𝟖+] [𝐆𝐱𝐆]](https://fanficsread.net/media/fs-stories-1/9210/conversions/ad97c53791445ffc274881e6a49d7ae6.jpg)


![The Dark List [Larry Stylinson Fanfic]](https://fanficsread.net/media/fs-stories-1/8331/conversions/974ec78b36660a31e9760c7f1a19d3ce.jpg)