12
03:43, 17 September 2025လီယို Assign ပြီးတဲ့အထိ ဆန်းဝန်း ကောင်တာနားက စားပွဲမှာ ငြိမ်သက်စွာ ထိုင်စောင့်နေလိုက်သည်။
ညလုံးပေါက်ဖွင့်တဲ့ဆိုင်ဖြစ်တဲ့အတွက် နောက်ထပ် assign လဲမည့် အကိုရောက်လာတာမို့လီယို ပစ္စည်းတွေ သေချာသိမ်းထားပြီး ကောင်တာထဲမှ ထွက်လာခဲ့သည်။
ဆန်းဝန်းက သူ့လပ်တော့ဖြင့်အလုပ်ရှုပ်နေပုံရသည်။ ည၉နာရီထိုးတော့မည်။
လီယို ဆန်းဝန်းအနားသွားလိုက်ကာ ခေါင်းကိုဖွဖွ ပုတ်လိုက်သည်။
" ပြန်ကြမယ် "
ဆိုင်ရှေ့မှာ မှောင်မည်းနေပြီးနေပြီး မိုးကသည်းထန်စွာရွာနေဆဲဖြစ်သည်။ မိုးပေါက်တွေကြောင့် ဆိုင်ရှေ့ ကြမ်းပြင်က စိုစွတ်နေသည်
လီယိုက ဆန်းဝန်းရဲ့ အထုပ်တွေကို ကူသယ်ပေးရင်း "မိုးတိတ်ပါ့မလားမသိဘူး ဒီလိုဆိုရင်တော့ ပြေးမှဖြစ်မယ်" လို့ ရေရွတ်လိုက်တယ်။
ဆန်းဝန်း ခေါင်းညိတ်ပြလိုက်သည်။
သူတို့နှစ်ယောက် ဆိုင်တံခါးကို ဂရုတစိုက်ပိတ်လိုက်ပြီး ကားသော့ကို အိတ်ထဲမှ ထုတ်လိုက်သည်။ဆိုင်အပြင်ရောက်တော့ အေးစိမ့်တဲ့ မိုးရေစက်တွေက သူတို့မျက်နှာပေါ်ကို ပက်ဖြန်းလာသည်။
လီယိုက ဆန်းဝန်းရဲ့ခေါင်းကို သူ့ရဲ့လက်အောက်မှာ တင်းတင်းကျပ်ကျပ် ဖုံးအုပ်ပေးရင်း ကားဆီကို အပြေးအလွှား သွားနေသည်။
ဆန်းဝန်းရဲ့ဆံပင်တွေဟာ လီယိုရဲ့လက်မောင်းပေါ်မှာ စိုရွှဲနေပြီး သူတို့နှစ်ယောက်ရဲ့အင်္ကျီတွေဟာလည်း မိုးရေစက်တွေနဲ့ အနည်းငယ် စိုရွှဲနေသည်။
ကားတံခါးကိုဖွင့်ပြီး ကားထဲရောက်တာနဲ့ လီယိုက ဆန်းဝန်းကို အနီးကပ်ကြည့်လိုက်သည်။
" စိုကုန်ပြန်ပြီ ထပ်ဖျားဦးမယ်"
လီယို ဆန်းဝန်းရဲ့ ဆံပင်တွေကို ကားပေါ်မှာ အသင့်ရှိတဲ့ အဝတ်တစ်ခုနဲ့ သုတ်ပေးလိုက်သည်။နီးကပ်နေတဲ့ အနေအထားမှာ လီယို့ရဲ့ မျက်လုံးကနေတစ်ဆင့် စိုးရိမ်စိတ်ကို သူမြင်နေရသည်။
ဆန်းဝန်းက ရုတ်တရက် အနားကိုတိုးကာလီယိုHyung...လို့ခေါ်ရင်း လီယို့ရဲ့ ပါးပြင်ကို ဖြတ်ခနဲ နမ်းလိုက်တယ်။
လီယိုကတော့ အနည်းငယ်လန့်သွားပေမဲ့ နှုတ်ခမ်းထောင့်တွေက မသိမသာ ကော့တက်သွားခဲ့သည်။လီယို့ရဲ့ မိုးစိုနေတဲ့ ဆံပင်တွေက နဖူးပေါ်မှာ ခွေခွေလေးကျနေပြီး မျက်လုံးတွေကတော့ အရောင်တောက်နေသည်။ လီယို့ရဲ့ နှလုံးသားက ခုန်တာမြန်လာသည်။
အဲ့ဒီအချိန်မှာပဲ လီယိုဟာ သူ့ရင်ထဲက အတိုင်း ထိုကောင်ငယ်လေးကို ဖက်ချင်စိတ်မထိန်းနိုင်တော့ဘဲ တင်းတင်းကျပ်ကျပ် ရင်ခွင်ထဲ ဆွဲယူဖက်လိုက်သည်။
ဆန်းဝန်းရဲ့ နွေးထွေးတဲ့ ကိုယ်ခန္ဓာက လီယို့ရဲ့ ရင်ခွင်ထဲကို အလိုက်သင့် တိုးဝင်လာသည်။ လီယိုဟာ ဆန်းဝန်းရဲ့ ဆံပင်ကြားထဲကို နှာခေါင်းများ နစ်ဝင်သွားအောင် ရှုံ့နမ်းလိုက်သည်။
တံခါးပိတ်လိုက်တာနဲ့ ပြင်ပက မိုးသံဟာ တဖြည်းဖြည်း မှေးမှိန်သွားပြီး ကားအပြင်ဘက်မှာတော့ မိုးရေစက်တွေဟာ မှန်ပေါ်မှာ လျှောဆင်းနေကြသည်။ကားထဲမှာတော့ မိုးသံ၊ နှလုံးခုန်သံတွေနဲ့အတူ လေထုဟာ ပိုလို့တောင် ပူနွေးလာသလိုပါပဲ။
----
ဆန်းဝန်းလီယို့ကို ကားဖြင့် အိမ်အထိလိုက်ပို့ပေးကာ မနေ့က မပေးခဲ့ရသည့် ပစ္စည်းတွေကို အဖွားဆီ ပို့ပေးခဲ့သည်။
ဒီနေ့တော့ အိမ်ပြန်ရမည့် ကိစ္စရှိတာမို့ လီယို့ အိမ်မှာ မနေတော့ပဲ ပို့ပြီး ခဏအကြာမှာ အိမ်ဆီသို့မောင်းပြီး ပြန်လာခဲ့သည်။
ညအမှောင်ထုကို ဖြတ်၍ ကားတစ်စီးသည် လမ်းမပေါ်တွင် မောင်းနှင်လျက်ရှိသည်။ ကား၏ ရှေ့မီးလုံးများက လမ်းကိုထိုးဖောက်ကာ အလင်းရောင်ကို ပေးစွမ်းနေပြီး ထိုအလင်းရောင်အောက်တွင် လမ်း၏ အသေးစိတ်အဝန်းအချက်အလက်များကို မြင်တွေ့နေရသည်။
လမ်းဘေးတစ်ဖက်တစ်ချက်တွင် တန်းစီနေသော မာကျူရီမီးရောင်များက ညပိုင်းမြို့ပြ၏ အငွေ့အသက်ကို ပိုမိုထင်ရှားစေသည်။ ထိုမီးရောင်အောက်တွင် လမ်းသွားလမ်းလာအနည်းငယ်နှင့် အဆောက်အအုံများ၏ ပုံရိပ်များသည် တုန်ခါနေသော အလင်းရောင်အောက်တွင် မှေးမှိန်နေသည်။
ကား၏ တာယာသံနှင့် အင်ဂျင်သံသည် ည၏ တိတ်ဆိတ်မှုကို ဖြိုခွဲလျက်ရှိသည်။ ကားသည် မီးစိမ်းကို စောင့်ဆိုင်းရင်း ရပ်တန့်သွားရာ ထိုအချိန်တွင် ကားနောက်မှ လာသော ကားများ၏ ရှေ့မီးရောင်များသည် ကား၏ မှန်များပေါ်တွင် ထင်ဟပ်လျက်ရှိသည်။
မနက်က ရုံးက ကိစ္စတွေကို သတိရမိတော့ကားစတီယာ ကို တင်းတင်းကိုင်ထားရင်း မျက်ခုံးတွေ တွန့်ချိုးမိသည်။ မနက်က ကုမ္ပဏီမှာ ကြုံခဲ့ရတဲ့ ပြဿနာတွေက သူ့ ခေါင်းထဲမှာ ပွေလည်နေတယ်။ အလုပ်ကိစ္စတွေရဲ့ ဖိအားတွေမမျှော်လင့်ဘဲ ပေါ်လာတဲ့ စိန်ခေါ်မှုတွေက သူ့ကို ပင်ပန်းနွမ်းနယ်စေသည်။
ကားက ခြံဝင်းထဲကို စတင်ဝင်လာခဲ့သည်။ကားရှေ့မီးရောင်တွေက မှောင်ရီပျိုးနေတဲ့ ခြံလမ်းကို ထိုးဖောက်သွားသည်။ လမ်းဘေးက မာကျူရီမီးတိုင်တွေက ဝါဝါဝင်းဝင်း အလင်းရောင်ပေးနေပြီး မိုးရေစက်တွေက အလင်းရောင်အောက်မှာ ပယင်းစိန်တွေလို တလက်လက်တောက်ပနေသည်။
အိမ်ထဲဝင်ဝင်ချင်းမှာပင် ဖခင် ဖြစ်သူက ဆန်းဝန်းကို ဧည့်ခန်းမှာ ထိုင်စောင့်နေသည်။
"ဆန်းဝန်း... ညစာစားပြီးရင် ငါ့ဆီလာခဲ့ဦး"
ဖခင်ဖြစ်သူရဲ့အသံက တည်ငြိမ်ပေမဲ့ တင်းမာနေသည်။ ဆန်းဝန်း ဧည့်ခန်းထဲက ဆိုဖာမှာထိုင်နေရင်း ဖခင်ရဲ့အသံကိုကြားတော့ မျက်မှောင်ကြုံ့မိသည်။
ဖခင်ဖြစ်သူ၏ အသံကို ကြားလိုက်ရသော်လည်း မသိချင်ယောင်ဆောင်ကာ အပေါ်သို့သာ ဦးတည်လျှောက်လာသည်။ သူ၏ မျက်နှာတွင် စိတ်မရှည်သည့် အရိပ်အယောင်များ ကပ်ငြိနေသည်။
ပုံမှန်ဆို ဆန်းဝန်းက အိမ်ထိန်းနဲ့သာ အတူနေတာ ဖြစ်ပြီး မိဘတွေကတော့ ကိစ္စရှိမှသာ လာလေ့ရှိသည်။
" ကြားလား ဆန်းဝန်း"
သူ့အဖေက အနည်းငယ် ကျယ်လောင်သော အသံဖြင့် ထပ်မံ ခေါ်သည်။ ဆန်းဝန်းက မယောင်မလည်ဖြင့် "ဘာကိစ္စရှိလို့ လာတာလဲ" ဟု ပေါ့ပေါ့တန်တန် ပြန်ဖြေသည်။ သူ၏ အကြည့်များက အဖေ့အပေါ်တွင် မကျရောက်။
"မင်းကို လက်ထပ်ပေးဖို့ စီစဉ်ထားတယ် "
ဆန်းဝန်း ခြေလှမ်းများ ရပ်တန့်သွားသည်။ သူ၏ မျက်ခုံးများ ကျုံ့သွားပြီး နှုတ်ခမ်းသားများ စေ့သွားသည်။
" မင်းရဲ့ အခုရှုပ်နေတဲ့ ဇယားတွေကို ရှင်းလိုက်တော့ မင်းမှာ သိက္ခာမရှိလဲ ငါ့မှာရှိတယ်"
လီယိုနဲ့အတူ ရိုက်မိထားသည့် ပုံတွေကို စားပွဲပေါ် ပစ်ချလိုက်ကာ သူ့မဖေက ပြောလာသည်။
ဆန်းဝန်း၏ ခန္ဓာကိုယ် တောင့်တင်းသွားသည်။ လက်သီးကို တင်းတင်း ကျစ်ကျစ် ဆုပ်ကိုင်လိုက်သည်။
" ဘယ်နေရာက သိက္ခာမဲ့နေလို့လဲ "
" ငါတို့မျိုးရိုးထဲမှာ မင်းလိုလူမျိုး မရှိခဲ့ဘူး အဲ့တာမို့ မင်းကလည်း ငါစီစဉ်ပေးတဲ့သူနဲ့ပဲ ယူရမယ်"
"ကျွန်တော် ဘယ်သူ့ကို လက်ထပ်ရမယ် ဆိုတာ ကျွန်တော်ကိုယ်တိုင်ပဲ ဆုံးဖြတ်ခွင့်ရှိတယ်။ Daddy စီစဉ်ပေးတာကို ကျွန်တော် လက်မခံနိုင်ဘူး ပြီးတော့ ကျွန်တော့် ကိစ္စကိုလည်း လာမရှုပ်နဲ့"
"မင်း ဘာပြောတယ် "
သူ့အဖေ၏ အသံ ပိုမို ကျယ်လာသည်။ မျက်နှာမှာ ဒေါသကြောင့် ရဲတွတ်လာသည်။
ငယ်ငယ်တည်းက အခုထိ Daddyတို့ သဘောအတိုင်း နေလာခဲ့ပြီးပြီ ။ အခုကျွန်တော့်ဘာသာ ရပ်တည်နိုင်နေပြီမို့ ကျွန်တော့်ကို လာမရှုပ်နဲ့။
" အဲ့ဒီကောင်လေး လုပ်နေတဲ့ အလုပ်ကို ဖြုတ်ပေးလိုက်ရမလား အီဆန်းဝန်း"
" Daddy လုပ်ကြည့်လိုက်ပေါ့"
ပြောရင်းပင် ဆန်းဝန်းက အဖေ့ကို ကျော်ကာ အပေါ်ထပ်သို့ အလျင်အမြန် တက်သွားတော့သည်။ သူ၏ နောက်ကျောက ပြတ်သားမှုကို ပြသနေပြီး တံခါးကို ဆောင့်ပိတ်လိုက်သံက အိမ်လုံးပြည့် ထွက်ပေါ်လာသည်။
------တစ်ခုခု အကြံပေးချင်တာ အဆင်မပြောတာရှိရင်ပြောပေးခဲ့ကြဦးနော် သဲလေးတို့ 🫶🏻ဆက်ရန်။
There are no comments yet. Log in to be the first to leave a review!


![Freak In You [𝟏𝟖+] [𝐆𝐱𝐆]](https://fanficsread.net/media/fs-stories-1/9210/conversions/ad97c53791445ffc274881e6a49d7ae6.jpg)


![The Dark List [Larry Stylinson Fanfic]](https://fanficsread.net/media/fs-stories-1/8331/conversions/974ec78b36660a31e9760c7f1a19d3ce.jpg)