Fanfics

11

09:24, 16 September 2025

မနက်ခင်းရဲ့အလင်းရောင်က လမ်းမပေါ်ကို ဖြာကျနေသည် ။ လီယိုလည်း အလုပ်နောက်ကျနေပြီမို့ ဆန်းဝန်းကို ဆေးနှင့်မုန့် သေချာပြင်ဆင်ပေးပြီး အလုပ်သွားဖို့ ထွက်လာခဲ့သည်။

ဆန်းဝန်းက အတင်းလိုက်ပို့ပေးမည် လုပ်နေတာမို့ ချော့မော့ပြောကာ ထားခဲ့ရသည်။ ဆန်းဝန်းကို အိပ်စေပြီးမှ သူတိတ်တဆိတ်ထထွက်လာခဲ့ခြင်း ဖြစ်ပါစေ ။

လီယို ဘဝမှာ တစ်ခါမှ အလုပ်မနောက်ကျဖူးပေမဲ့ ဒီနေ့တော့ မှီအောင် အသားကုန်ပြေးရတော့မည်။

ကားလမ်းမပေါ်မှာ ကားတွေက တစ်စီးပြီးတစ်စီး စီတန်းနေကြသည်။ ကားလမ်းမကြီးက ရှေ့နောက်မမြင်ရလောက်အောင်ကို ပိတ်ဆို့နေသည်။ ကားတွေက တစ်စီးနဲ့တစ်စီး အပြိုင်အဆိုင် ဟွန်းတီးနေကြပေမဲ့ ဘယ်သူမှ မသွားနိုင်ကြပဲ ပိတ်ဆို့နေသည်။ လီယို ကားထဲကနေ ခေါင်းကို မှီပြီး ပြတင်းပေါက်ကနေ အပြင်ကို ငေးကြည့်နေလိုက်သည်။

လီယို နာရီနစ်ကြည့်ကြည့်ဖြင့် စိတ်အနည်းငယ် ရှုပ်နေသည် ။ သူ ခေါင်းကိုမော့လိုက်ပြီး အပြင်ဘက်က ရှုခင်းကို သတိထားကြည့်မိသည် ။ မနက်ခင်းရဲ့ ရွှေရောင်နေခြည်က တိမ်တိုက်တွေကို ရိုက်ခတ်နေပြီး ကောင်းကင်တစ်ခုလုံးက အရောင်စုံလင်နေသည် ။

လမ်းဘေးက အပင်လေးတွေ လေထဲမှာ ယိမ်းထိုးနေပြီး မနက်ခင်းရဲ့ လတ်ဆတ်တဲ့လေက သူ့မျက်နှာကို လာရောက်ထိတွေ့နေသည်။

"ဆန်းဝန်းကို တစ်ခါလောက်တော့ မနက်ပိုင်း လမ်းအတူ လျှောက်ဖို့ ခေါ်လာရမယ်"

လီယို ကိုယ့်အတွေးနဲ့ကိုယ် ခပ်ဖွဖွ ပြုံးမိသည်။

ဆန်းဝန်း သူ့စိတ်ထဲကို ဝင်ရောက်လာပုံက မြန်ဆန်လွန်းလို့ ကိုယ်တိုင်ပဲ အံ့ဩမိသည်။

အစပိုင်းမှာတော့ လီယိုက ဆန်းဝန်းကို သူ့ရဲ့ဂေဟာက အသိတစ်ယောက် အဖြစ်ပဲ သဘောထားခဲ့ပြီး တစ်ခါတလေကျရင် သူဟာ ကူညီချင်စိတ်ပြင်းထန်တဲ့ ကောင်လေးတစ်ယောက်ပဲလို့ တွေးထားခဲ့သည်။

ဆန်းဝန်းရဲ့ မျက်လုံးလေးတွေ၊ နှာတံစင်းစင်းလေးနဲ့ ပန်းရောင်သန်းနေတဲ့ နှုတ်ခမ်းဖူးဖူးလေးတွေက မထိရက်စရာ ကောင်းလောက်အောင်ကို လှသည် ။ ဆံပင်လေးတွေက နဖူးပေါ်မှာ အနည်းငယ် ဝဲကျနေတဲ့အချိန်က သူနဲ့ အလိုက်ဖက်ဆုံး ဖြစ်သည်။

ကားကာတစ်ရွေ့ရွေ့သာ သွားနေပြီး ဂေဟာကို ရောက်ဖို့အနည်းငယ်လောက်လိုသေးသည်။လီယို ခပ်ဖွဖွ သက်ပြင်းချလိုက်ရင်း နားကြပ်ကို ထုပ်ကာ သီချင်းဖွင့်သည်။ ခေါင်းကို အနောက်သို့မှီချလိုက်ရင်း မျက်လုံးများကို မှိတ်ထားလိုက်သည်။

------

လီယို ဂေဟာကိုရောက်တော့ ၁၀နာရီခွဲ ရှိနေပြီမို့ ပစ္စည်းတွေ စစ်ရင်း အခန်းတွေဆီ တစ်ချက်လိုက်စစ်ကြည့်လိုက်သည်။

" လီယို ရောက်ပြီလား"

တာဝန်ခံက Store အခန်းတွင်းမှ ထွက်လာကာ မေးသည်။

"ဟုတ် ရောက်ပြီဗျ"

" နေ့လည်ဆေးအတွက်ပဲ ပြင်ထားလိုက်တော့နော် ကျန်တာက ရှီအွန်း အကုန်လုပ်ပေးထားတယ်"

လီယို ခေါင်းငြှိမ့်ပြလိုက်ရင်း ဆေးတွေ ပြင်ဆင်ဖို့အတွက် အခန်းတွင်းဝင်သွားလိုက်သည်။---ဂေဟာ ရဲ့ဘောလုံးကွင်းထဲမှာ သစ်ပင်ရိပ်တွေအောက် ထိုင်ရင်း လီယို မိုးစက်တွေကိုငေးကြည့်နေမိသည်။ အလုပ်ခဏ နားချိန်မို့ လီယို စိတ်ပြလက်ပျောက် လာထိုင်နေခြင်းဖြစ်သည်။မနက်ပိုင်းက မိုးရွာထားတာမို့ ပုံမှန်လို ကစားနေကြတဲ့ ကလေးတွေလည်း မရှိဘဲ တိတ်ဆိတ်ငြိမ်သက်နေသည်။

မိုးက တဖြောက်ဖြောက်နဲ့ပြန်သည်းလာတော့ အေးစိမ့်လာတဲ့လေက ကိုယ်ပေါ်ဖြတ်တိုက်သွားသည်။ ဂေဟာက ကလေးလေးတစ်ယောက်က ဘောလုံးတစ်လုံးနဲ့ ပြေးလာပြီး ကွင်းလယ်မှာ မိုးရေထဲ ဘောလုံးကစားနေသည်။ သူ့ရဲ့ ရယ်သံက တစ်ကျောင်းလုံး ပဲ့တင်ထပ်နေသလို။

သူ့ကိုကြည့်ရင်း ဘီယို လည်း ကလေးဘဝကို ပြန်ရောက်သွားသလို ခံစားရသည်။ အဲ့အချိန်တုန်းက လီယိုလည်း မိုးရေထဲ ဘောလုံး လိုက်ကန်ခဲ့ဖူးသည်။ခြေထောက်မှာ ရွှံ့တွေပေကျံလို့ အမေက ဆူတာကိုလည်း သတိရသည်။

လီယိုရဲ့ ငယ်ဘဝက သိပ်တော့ ပျော်စရာမကောင်းခဲ့ပေမဲ့ တစ်ခါတစ်လေကြ မိသားစု စုံစုံလင်လင် ဘဝကို သူတပ်မက်မိပြန်ပါသည်။အဲ့တုန်းကတော့ အချိန်တွေ ဒီလောက်မြန်မယ်လို့ သူ မထင်ခဲ့မိ။

အရင်က အတူ ရယ်မောခဲ့ကြတဲ့ သူငယ်ချင်းတွေလည်း မရှိတော့။ အားလုံးက ကိုယ့်လမ်းကိုယ် သွားနေကြပြီဖြစ်ပြီး လီယိုနဲ့လည်း အဆက်အသွယ်မလုပ်ကြ။

ခဏနေတော့ မိုးက တိတ်သွားပြီး နေရောင်ခြည်က လင်းလာသည်။ ကလေးလေးက သူ့ဘောလုံးလေးကိုဆွဲပြီး ပြန်ထွက်သွားသည်။ လီယိုလည်း ကွင်းထဲက ထွက်လာခဲ့ပြီး အတွေးစတို့ကို ဖြတ်တောက်လိုက်သည်။

ညက မိုးဖွဲဖွဲလေးကျနေတာမို့ လမ်းတွေကလည်း အနည်းငယ် စိုစွတ်နေသည်။ မြေကြီးမှာ ဖုန်တွေ အလိပ်လိုက်ထနေတာကို သတိထားမိသည်။

တစ်နေကုန် ပင်ပန်းနွမ်းနယ်ခဲ့ပြီးနောက် လီယို ကော်ဖီဆိုင်ကို အချိန်ပိုင်းဝင်ဖို့အတွက် Bus ကားပေါ်ကို ဝင်ထိုင်လိုက်သည်။ ကားအင်ဂျင်ကို စတင်လိုက်တဲ့အခါမှာ လီယို့ရဲ့ ပါးပြင်ကို ပြတင်းကတစ်ဆင့် လေအေးအေးက ဖြတ်တိုက်သွားသည်။

လမ်းတွေကလည်း ရှင်းလင်းနေပြီး ကားတွေကလည်း မြန်နှုန်းမြင့်မောင်းနှင်နေကြသည်။ လမ်းဘေးမှာရှိတဲ့ အဆောက်အအုံတွေရဲ့ မီးရောင်တွေကလည်း လှပနေပြီး သူ့ရဲ့စိတ်ကို တည်ငြိမ်စေသည်။

ရုတ်တရက် ဖုန်းသံမြည်လာတာမို့ လီယို ဖုန်းကိုင်လိုက်သည်။

" အကို "

ဆန်းဝန်းရဲ့အသံက တည်ငြိမ်နေဟန်ပေါ်ပြီး ပင်ပန်း နွမ်းလျနေတဲ့ ပုံလည်း ပေါ်သည်။

" အင်း ဆန်းဝန်းလား "

ဆန်းဝန်း ဖုန်းနံပါတ်ကို မှတ်ထားတာ မရှိတာမို့ သေချာအောင် သူအတည်ပြုလိုက်ခြင်း ဖြစ်ပါသည်။

" တစ်နေကုန်ဖုန်းမဆက်ဖြစ်တာ sorry ပါ ကျွန်တော် Company မှာ ကိစ္စလေးရှိနေလို့ "

" အဆင်ပြေရဲ့လား "

လီယို သူ့အသံကြောင့် စိုးရိမ်စွာ မေးလိုက်မိသည်။

" အကို့ အသံကြားလိုက်ရတော့ အဆင်ပြေသွားပြီ"

ရယ်သံ စွက်စွက်နဲ့ပြောလာပေမဲ့ ဆန်းဝန်းမှာ စိတ်ညစ်စရာ ကိစ္စ တစ်ခုခု ရှိလိမ့်မယ်လို့ သူခံစားမိသည်။

" ခဏနေ ကျွန်တော် လာခေါ်မယ်နော်"

" ရပါတယ် မင်း အေးဆေးနားနော်"

" စောင့်နေနော်"

လီယို့ရဲ့ စကားကို မကြားသလိုလုပ်ကာ ဆန်းဝန်းက ဖုန်းချသွားသည်။

လီယိုဆိုင်အတွင်းရောက်တော့ ဧည့်သည်ကျနေချိန်ဖြစ်ပြီး အားလုံး အလုပ်ရှုပ်နေကြသည်။အပြင်မှာမိုးရွာနေတာမို့ ကော်ဖီလာသောက်ကြသူတွေ အရင်နေ့ကထက် ပိုများနိုင်တယ်လို့ သူခန့်မှန်းပြီးသား။

လီယို ကောင်တာနားက ပြတင်းပေါက်ကို ငေးကြည့်နေမိသည်။ ပြင်ပက မိုးက သည်းသည်းမည်းမည်း ရွာနေဆဲ။ ကော်ဖီစက်ရဲ့ ရေနွေးငွေ့တွေက မှန်သားပေါ်မှာ အငွေ့တထောင်းထောင်းနဲ့။ သူ့လက်ထဲက ခွက်အလွတ်တစ်ခုကို ကိုင်ရင်း သူ့အတွေးတွေက လမ်းတွေပေါ်ကို ရောက်သွားသည်။

"ဆန်းဝန်း ကားရော သေချာမောင်းနေရဲ့လား" လို့ စိတ်ထဲက ရေရွတ်လိုက်မိတယ်။

ဆိုင်ထဲကို ဖောက်သည်တစ်ယောက် ဝင်လာတာတောင် လီယို သတိမထားမိဘဲ ခဏတာ ငိုင်နေမိသည်။

"ကော်ဖီလိုချင်လို့ပါ" ဆိုတဲ့ အသံကြောင့် လီယို သတိပြန်ဝင်လာပြီး ခါတိုင်းလိုပဲ ပြုံးပြလိုက်သည်။

"ဘယ်လိုကော်ဖီမျိုး လိုချင်ပါသလဲခင်ဗျာ"

သူ ပြုံးပြီးမေးလိုက်တော့ ဧည့်သည်က လက်ဖက်ရည်နွေးတစ်ခွက်ပဲ မှာလိုက်သည်။ လီယိုက ခေါင်းညိတ်ပြပြီး ရေနွေးကြိုလိုက်သည်။

ဒီလို မိုးရာသီမှာ ကော်ဖီထက် လက်ဖက်ရည်က ပိုရောင်းကောင်းမှန်း သူသိပြီးသား။နောက်တစ်ယောက်ကတော့ လီယိုရဲ့ ပုံမှန်ဖောက်သည်။ သူက အမြဲတမ်း Caramel Macchiato တစ်ခွက်ကိုပဲ မှာလေ့ရှိသည်။ ဒီတစ်ခေါက်လည်း သူရောက်လာတော့ လီယိုက စကားတစ်ခွန်းမှမပြောဘဲ ကော်ဖီစက်ဆီကို တန်းလျှောက်သွားပြီး ဖျော်ပေးလိုက်သည်။

ခွက်ထဲကို ကော်ဖီနဲ့နို့အရောင်က အလွှာလိုက် ဝင်ရောက်သွားတဲ့ မြင်ကွင်းက လှပပြီး အပေါ်ကနေ ကာရမယ်လ်ရည်လေးကို အကွက်လိုက် ဆွဲချလိုက်တော့ လီယိုရဲ့လက်ရာက ပြီးပြည့်စုံသွားသည်။

ဖောက်သည်ကို ကော်ဖီဖျော်ပေးနေရင်းနဲ့လည်း သူ့စိတ်ထဲမှာတော့ ဆန်းဝန်းကို စိုးရိမ်စိတ်ကလှည့်ပတ်နေဆဲ။ ရုတ်တရက် ဆိုင်တံခါးပွင့်လာပြီး မိုးရေစိုရွှဲနေတဲ့ ဆန်းဝန်းကို တွေ့လိုက်ရတဲ့အခါမှာတော့ လီယိုရဲ့မျက်နှာပေါ်မှာ စိုးရိမ်မှုတွေအစား သက်ပြင်းချသံနဲ့အတူ စိုးရိမ်ပူပန်မှုကနေ လွတ်မြောက်သွားတဲ့ အပြုံးတစ်ခု ပေါ်လာသည်။

လီယို လက်စသတ်ကာ ဆန်းဝန်း ဝင်ထိုင်နေတဲ့ နေရာကို အသင့်ဖျော်ထားတဲ့ ကော်ဖီခွက်နဲ့အတူသွားလိုက်သည်။

"မိုးတွေ စိုလာပြန်ပြီလား"

ဆန်းဝန်းရဲ့ ပခုံးနဲ့ ဆံပင်တွေက မိုးစက်တွေနဲ့ စိုရွှဲနေပြီး နှာခေါင်းလေးက နီနေသည်။ လီယိုက ဆန်းဝန်းဆီ အမြန်လျှောက်သွားပြီး လက်ထဲက ပဝါလေးနဲ့ သူ့မျက်နှာကို သုတ်ပေးလိုက်သည်။

"ဘယ်လိုများ ဖြစ်လာတာလဲ ထီးမပါဘူးလား"

လီယိုရဲ့အမေးကို ဆန်းဝန်းက ပြန်မဖြေနိုင်သေးဘဲ ပြုံးပြသည်။ သူအနည်းငယ် တုန်ယင်နေသည်။ လီယိုက စကားထပ်မပြောဘဲ သူ့လက်ဖဝါးနွေးနွေးတွေနဲ့ ဆန်းဝန်းရဲ့ဆံပင်တွေကို သပ်ပေးလိုက်သည်။ မိုးစိုနေတဲ့ ဆံပင်တွေကို ပွတ်သပ်ပေးလိုက်တော့ လီယိုရဲ့လက်ဖဝါးထဲမှာ အေးစက်စက် အထိအတွေ့ကို ခံစားရသည်။

ခေါင်းကို ငုံ့ထားတဲ့ ဆန်းဝန်းရဲ့မျက်နှာကို မော့စေပြီး လီယိုက နဖူးပေါ်ကျနေတဲ့ ဆံပင်တွေကို ဖယ်ရှားပေးလိုက်သည်။

"ရော့ ကော်ဖီ သောက်ခုနကဖျော်ထားပေးတာဘာအဆင်မပြေလာလို့လဲ ပြောပါပါဦး"

လီယိုက ဆန်းဝန်းရဲ့ ရှေ့က ခုံမှာဝင်ထိုင်လိုက်ရင်း Coffee ခွက်ကို ကမ်းပေးလိုက်သည်။

လီယိုရဲ့ မျက်နှာပေါ်က စိုးရိမ်ပူပန်မှုက သူ့ကို ပိုပြီး နွေးထွေးစေခဲ့သည်။

ဆန်းဝန်း လီယိုရဲ့လက်တစ်ဖက်ကို ဖမ်းကိုင်လိုက်သည်။ ဆန်းဝန်းရဲ့လက်တွေက အေးစက်နေပေမယ့် လီယိုရဲ့လက်ဖဝါးကတော့ နွေးထွေးနေသည်။ လီယိုရဲ့လက်တွေကို သူ့လက်နှစ်ဖက်နဲ့ ဖိပြီး အုပ်ကိုင်လိုက်တော့ အေးစက်နေတဲ့ သူ့ရဲ့လက်ချောင်းတွေထဲကို နွေးထွေးမှုတွေ စီးဝင်လာသည်။

" ကော်ဖီအတွက် ကျေးဇူးတင်ပါတယ်" လို့ တိုးတိုးလေးပြောလိုက်တော့ လီယိုက ဘာမှပြန်မပြောပဲ ခေါင်းသာ ငြှိမ့်ပြလိုက်သည်။

ဆိုင်ထဲမှာရှိတဲ့ တခြားဖောက်သည်တွေနဲ့ အသံတွေက ပျောက်ကွယ်သွားသလို ခံစားရပြီး သူတို့နှစ်ယောက်ထဲသာ ဒီနေရာမှာ ရှိနေသလို။ ဒီလို နွေးထွေးတဲ့အချိန်မျိုးက ဆန်းဝန်းရဲ့ ပင်ပန်းနွမ်းနယ်မှုတွေအားလုံးကို မေ့ပျောက်စေခဲ့သည်။

-------

ဆက်ရန်။

There are no comments yet. Log in to be the first to leave a review!

Similar stories