Fanfics

10

19:02, 15 September 2025

ဆန်းဝန်းက အိပ်မောကျသွားဟန် ရှိတာမို့ လီယို သူ့လက်တွေကို အသာ ဖြုတ်ချကာ အိမ်အောက်ထပ်ကို ဆင်းလာခဲ့သည်။

လီယိုတစ်ယောက် ဆန်းဝန်းကို အခန်းထဲမှာ တစ်ယောက်တည်း ထားခဲ့ပြီး မီးဖိုချောင်ထဲကို ဝင်လာခဲ့သည်။ရေခဲသေတ္တာတံခါးကို ဆွဲဖွင့်လိုက်တော့ အထဲမှာ ပေါင်မုန့် ချိစ်နဲ့ ဟင်းသီးဟင်းရွက်တွေ အပြည့်ရှိနေသည်

ပေါင်မုန့်အချပ်နှစ်ချပ်ကို ယူပြီး ဘယ်ဘက်ခြမ်းမှာ ထားလိုက်သည် ။ ပြီးတော့ ပေါင်မုန့်တွေကို ပူအောင်လုပ်ဖို့ toaster ကို ဖွင့်လိုက်သည်။ မီးဖိုချောင်ထဲက မီးခိုးငွေ့တွေက သူ့မျက်နှာကို ခပ်နွေးနွေးလေး လာထိနေသည်။

"ဒါဆို ပေါင်မုန့်က အဆင်ပြေပြီ။"

ပြီးတော့ သူ အသားနဲ့ ချိစ်ကို ယူပြီး ပေါင်မုန့်ပေါ်မှာ တင်လိုက်သည်။ နောက်ဆုံး ဟင်းသီးဟင်းရွက်တွေကို ပါးပါးလှီးပြီး အပေါ်ကနေ ဖြူးလိုက်သည်။ အဲဒီနောက်မှာ မီးဖိုချောင်က စားပွဲပေါ်မှာ ချထားတဲ့ ခွက်တစ်ခုကို ယူပြီး သံပုရာရည် ချဉ်ချဉ်လေး ဖျော်ထားလိုက်သည်။

"ကဲ အားလုံး အဆင်သင့်ဖြစ်ပြီ။"

သူ စိတ်ကျေနပ်မှု ရသွားပြီး ပန်းကန်ပြားပေါ်မှာ ပေါင်မုန့်နဲ့ အအေးကို တင်လိုက်သည်။ ပြီးတော့ ဆန်းဝန်း ရှိတဲ့အခန်းကို ပြန်သွားပြီး အနားက စားပွဲပေါ် အသာလေး တင်ထားလိုက်သည်။

လီယိုတစ်ယောက် စားပွဲပေါ်ကို မုန့်တွေ တင်နေတုန်းမှာပဲ ကုတင်ပေါ်က ကောင်လေးဆီက ညည်းသံသဲ့သဲ့ ထွက်လာတယ်။

"အား... ခေါင်းကိုက်လိုက်တာ"

လီယို လုပ်လက်စတွေကိုထားပြီး ကုတင်နားကို အမြန်သွားလိုက်သည်။ ဆန်းဝန်းက မျက်လုံးကို မှေးစင်းရင်း ဟိုကြည့်ဒီကြည့် လုပ်နေတာ တွေ့ရသည်။ မျက်နှာကလည်း ရဲပြီး နဖူးကို စမ်းကြည့်လိုက်တော့ အဖျားနည်းနည်း ရှိနေတာမို့ လီယို မျက်ခုံးတွေကို တွန့်ချိုးလိုက်သည်။

"နိုးပြီလား တော်သေးတာပေါ့ ထဦး အဖျားပိုတက်နေမယ် "

တစ်ညဦးလုံး မူးပြီး အိပ်ရာထဲလဲနေတဲ့ ဆန်းဝန်းတစ်ယောက် နိုးလာတော့ မျက်လုံးတွေက မှုန်မှုန်ဝါးဝါးဖြစ်နေသည်။

လီယိုက သူပြင်ပေးထားတဲ့ မုန့်အချို့ကို ဆန်းဝန်းအနားယူလာပေးသည်။ ပန်းကန်ထဲမှာ ဝက်ပေါင်ခြောက်ညှပ်ထားတဲ့ မုန့်နှစ်ချပ်က စားချင်စဖွယ် ။ ဘေးနားမှာတော့ သံပုရာရည်တစ်ခွက်နဲ့အတူ သံပရာသီးခြမ်းတစ်ခြမ်းရယ်နဲ့ ရေသန့်ဗူးတစ်ဗူးကိုပါ တွေ့လိုက်ရတယ်။

လီယိုဟာ သူ့ရဲ့မူးနေတဲ့အခြေအနေကိုကောင်းကောင်းသိပြီး အမူးပြေစေပြီး ဗိုက်ပြည့်မယ့် အစားအစာတွေအားလုံးကို စနစ်တကျပြင်ဆင်ပေးထားတာကို ဆန်းဝန်းသဘောကျသွားတယ်။

လီယို့လက်ထဲက ပန်းကန်ကိုယူကာ မုန့်ကိုတစ်ကိုက်ချင်းစီ စတင်စားလိုက်သည်။ မုန့်ရဲ့အရသာဟာ သူ့နှုတ်ခမ်းဖျားကနေတဆင့် သူ့ရဲ့အိပ်ချင်မူးတူးဖြစ်နေတဲ့ခန္ဓာကိုယ်တစ်ခုလုံးကို စီးဝင်သွားသလို။

" မင်း ဆေးသောက်ဖို့တော့လိုမယ် အခုက သံပုရာရည်သောက်ထားတော့ ခဏ ပြန်အိပ်ပြီးမှ ဆေးထသောက်လိုက်နော် "

ဆန်းဝန်းက ဘာမှ ပြန်မပြောလာပဲ လီယို့မျက်လုံးတွေကို စိုက်ကြည့်လို့နေပြန်သည်။

" အကို့မျက်လုံးတွေက ကြယ်တွေထက် လှနေတုန်းပဲ "

အစအဆုံးမရှိ ဆန်းဝန်းက ပြောလာတာမို့ လီယို အနည်းငယ် ရှက်သွေးဖြာရပါသည်။

" ကျွန်တော် ထပ်နမ်းလို့ရဦးမလား "

ဆန်းဝန်းက အခုမှ အမူးပြေလို့ ဘာမှမမှတ်မိလောက်ဘူး ထင်ထားပေမဲ့ ညကအဖြစ်အပျက်တွေကို သူ အသေးစိတ်ပြန်မှတ်မိနေသည်။ ဆန်းဝန်းရဲ့မျက်ဝန်းတွေဟာ လီယိုကိုနမ်းချင်စိတ်နဲ့ အခုလိုပင် အရောင်လက်နေခဲ့တာကို လီယို အမှတ်ရနေခဲ့သည် ။

" မင်း စမနေနဲ့နော် "

ဆန်းဝန်းရဲ့ မျက်ဝန်းနက်နက်လေးတွေက ရင်ခုန်ခြင်းတွေနဲ့ ပြည့်နေတဲ့ လီယိုရဲ့မျက်ဝန်းတွေကို စိုက်ကြည့်နေသည်။ ထိုမျက်ဝန်းထဲမှာ ညကအဖြစ်အပျက်တွေရဲ့ ရှက်ရွံ့မှု၊ ပျော်ရွှင်မှုနဲ့ နွေးထွေးတဲ့ခံစားချက်တွေက ရောယှက်နေသည်။ သူတို့နှစ်ယောက်ကြားမှာ တိတ်ဆိတ်မှုက လွှမ်းခြုံနေသည်။

ဆန်းဝန်းက သူ့လက်ဖဝါးလေးနဲ့ လီယိုရဲ့ပါးပြင်ကို အသာအယာထိတွေ့လိုက်သည် ။ ဆန်းဝန်း ခပ်ဖွဖွ ပြုံးလိုက်ရင်း လီယို့နား တိုးကပ်သွားလိုက်သည်။

ဆန်းဝန်းက ခွင့်တောင်းနေဟန် ထပ်ပြောလာတာမို့ လီယို စိတ်မငြိမ်စွာ ဟိုဟိုဒီဒီ လျှောက်ကြည့်နေမိသည်။ နီးကပ်လာတဲ့ ဆန်းဝန်းရဲ့ လက်တွေကို လီယို လှမ်း၍ ဖမ်းကိုင်လိုက်သည်။

မိုးတွေက ပြတင်းပေါက်ကို တဖျောက်ဖျောက် ရိုက်ခတ်နေသည်။ အခန်းအတွင်း မှောင်ရိပ်သန်းနေတဲ့ လသာဆောင်ကနေ လျှပ်စီးရဲ့အလင်းရောင် တစ်ချက်တစ်ချက် ဖြတ်ပြေးသွားသည်။ လီယိုက ဆန်းဝန်းလက်တွေကို ဆုပ်ကိုင်ထားကာ သူ့မျက်လုံးအား စိုက်ကြည့်နေသည်။ မိုးသံတွေရဲ့ကြားမှာ သူတို့နှစ်ယောက်ရဲ့ နှလုံးခုန်သံတွေကပဲ ပိုပြီး ကျယ်လောင်နေသလိုယောင် ။

ဆန်းဝန်းရဲ့မျက်လုံးတွေက လီယို့ကို ပြန်စိုက်ကြည့်လာတော့ လီယိုက မျက်ခုံးပင့်ပြီး ပြုံးပြလိုက်သည်။သူ့လက်တွေက ဆန်းဝန်းရဲ့ပါးပြင်ကို အသာလေး ထိကိုင်လိုက်ပြီး ညင်ညင်သာသာ ပွတ်သပ်ပေးလိုက်၏ ။

မျက်လုံးချင်းဆုံနေတဲ့ အချိန်မှာပဲ သူတို့နှစ်ယောက်ရဲ့ နှလုံးခုန်သံတွေက ပိုမြန်လာသည်။ လီယိုရဲ့အကြည့်တွေက ဆန်းဝန်းရဲ့နှုတ်ခမ်းဆီကို ရွေ့သွားကာ ချက်ချင်းပင် ဖိကပ်၍ နမ်းမိလိုက်သည်။

သူတို့ရဲ့နှုတ်ခမ်းတွေ ထိစပ်သွားတဲ့အချိန်မှာ မိုးစက်တွေရဲ့ တေးသံတွေကလည်း ပိုပြီး ပြင်းထန်လာသည်။ လျှပ်စီးတစ်ချက်က အလင်းရောင် လာပေးလိုက်တဲ့အခါမှာ ဆန်းဝန်းရဲ့ ကိုယ်လေးဟာ လီယို့ရဲ့ လက်တွေကြား တင်းကြပ်စွာ တိုးဝင်လျက်သား ။

ဒီလိုမိုးအေးအေးလေးမှာ နွေးထွေးတဲ့ အနမ်းတွေက သူတို့ရဲ့ရင်ခုန်သံတွေကို တစ်သားတည်းကျစေခဲ့သည်။

-----

မနက်ခင်းရဲ့ လတ်ဆတ်တဲ့လေက ပြတင်းပေါက်ကနေ တိုးဝင်လာကာ လီယို့ရဲ့ မျက်နှာ တစ်လျှောက် ဖြတ်ပြေးသွားသည် ။ လီယိုက အရင်နိုးလာပြီး ဘေးနားက အိပ်ပျော်နေတဲ့ ဆန်းဝန်းရဲ့မျက်နှာကို ငေးကြည့်မိသည်။

ဖြာကျနေတဲ့ နေအလင်းရောင်အောက်မှာ ဆန်းဝန်းရဲ့ မျက်နှာလေးက အေးချမ်းပြီး ငြိမ်သက်နေသည်။ ညက မိုးရွာထားလို့ အေးစက်နေတဲ့ အခန်းထဲမှာ သူစောင်ကို ရင်ဘတ်အထိ ခြုံထားပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသည်။

ဆံပင်နက်နက်လေးတွေက နဖူးပေါ်မှာ အနည်းငယ် ကျနေပြီး နှာတံစင်းစင်းလေးအောက်က နှုတ်ခမ်းဖူးဖူးလေးတွေကလည်း ပန်းရောင်သန်းနေသည်။ အသက်ရှုသံလေးတွေကလည်း မှန်မှန်လေး ရှိနေတော့ သူ့ရဲ့ငြိမ်သက်တဲ့အလှက လီယို့အတွက် အကြည့်မလွှဲနိုင် ဖြစ်နေမိသည်။

ဆန်းဝန်းကိုကြည့်ရင်း လီယို ရင်ထဲမှာ မွန်းကျပ်နေတဲ့အရာတွေ အားလုံးဟာ ရုတ်တရက် ပျောက်ကွယ်သွားသလို ခံစားရသည်။ အရင်က ဆိုးရွားတဲ့ အတိတ်ကြောင့် ထပ်မချစ်နိုင်တော့ဘူး ထင်ထားပေမဲ့ ဆန်းဝန်းဆိုတဲ့ကောင်လေးက ကွဲပြားစွာ လီယို့ ရင်ထဲ နေရာ ယူနှင့်နေပြီ ဖြစ်ပါသည်။

သူ အသာလေးထပြီး မီးဖိုခန်းထဲကို ဝင်သွားတသည်။ ကော်ဖီနှစ်ခွက်ဖျော်ပြီး မနက်စာအတွက် ပေါင်မုန့်ကင်သည်။ ခဏအကြာမှာတော့ မီးဖိုချောင်ထဲက ကော်ဖီနံ့သင်းသင်းလေးနဲ့ ပေါင်မုန့်ကင်နံ့လေးတွေက အခန်းတစ်ခန်းလုံးကို လွှမ်းခြုံသွားစေသည် ။

------ခဏအကြာ ဆန်းဝန်းက နိုးလာပြီး မျက်လုံးကို ပွတ်သပ်ရင်း ဘေးကို စောင်းငဲ့ကြည့်မိသည်။လွတ်လပ်နေတဲ့ နေရာကြောင့် လီယို ပြန်သွားပြီ အထင်နဲ့ အောက်ထပ်ကို ဆင်းလာ၍ ရှာမိသည်။

မီးဖိုချောင်ဘက်ကနေ ကော်ဖီရဲ့ရနံ့ ပေါင်မုန့်ကင်ရဲ့ရနံ့နဲ့ ကြက်ဥကြော်ရဲ့ရနံ့တို့က တစ်ခန်းလုံးကို လွှမ်းခြုံထားတာကို သူခံစားမိလိုက်သည်။

" အနံ့က မွှေးလိုက်တာ "

ဆန်းဝန်း မီးဖိုချောင်ထဲကို လျှောက်သွားတော့ လီယိုက မနက်စာပြင်ဆင်နေတာကို တွေ့လိုက်ရသည် ။ စားဖိုမှူးတစ်ယောက်လို လှုပ်ရှားနေတဲ့ လီယို့ကို ဆန်းဝန်း အနောက်ကနေ လှမ်းဖက်ကာ လန့်အောင်စလိုက်သည်။

သူ့ရဲ့ ပခုံးကို ဆန်းဝန်း မှီလိုက်တော့ မွှေးပျံ့တဲ့ရနံ့သင်းသင်းလေးက ဆန်းဝန်းရဲ့နှာခေါင်းထဲကို တိုးဝင်လာသည်။ ဆန်းဝန်းရဲ့ လက်တွေက လီယိုရဲ့ခါးကို ပတ်ပြီး ပွေ့ဖက်လိုက်သည် ။ လီယို ဘာမှ မပြောဘဲ ဆန်းဝန်းရဲ့လက်တွေကို သူ့ရဲ့လက်တွေနဲ့ ပြန်ဆုပ်ကိုင်လိုက်တယ်။

" နိုးပြီလား "

လီယို နှုတ်ခမ်းများကို တွန့်ချိုး ပြုံးပြကာ ဆန်းဝန်းအား စားပွဲတွင် ထိုင်စေကာ ပြင်ဆင်ပြီးသား ပန်းကန်တွေကို အသင့်ချပေးလိုက်သည်။

--------ဆက်ရန်။အခုရက်ပိုင်း ကလေးနှစ်ယောက်အပေါ် စိတ်အတော်လေးရောက်နေတာမို့ update များများပေးထားပါတယ်နော် 🫶🏻

There are no comments yet. Log in to be the first to leave a review!

Similar stories