Fanfics

28🍃

12:31, 20 April 2023

[Unicode]

မီးဖိုခန်းထဲဂျုံမှုန့်တွေနဲ့အလုပ်ရှုပ်နေတဲ့ဆော့ဂျင်။ နဖူးပေါ်မှာလည်း ဂျုံမှုန့်လေးပေကျံနေတယ်။ ထယ်ယောင်းကတော့ ရှေ့စားပွဲကနေမေးထောက်ကာထိုင်ကြည့်နေတယ်။

မျက်နှာပေါ်မှာပေကျံနေတဲ့ ဂျုံမှုန့်တွေကိုသုတ်ပေးဖို့ ဆော့ဂျင်ဘေးနားမှာလာရပ်လိုက်ကာ.. ဆော့ဂျင်မျက်နှာအနှံ့ကို ပွတ်သတ်နေလိုက်တယ်။

"ဘာလို့ငါ့ကိုရုတ်တရက်ကြီးဒါတွေခိုင်းနေရတာလဲ?"

"အရင်ကလုပ်ကျွေးဖူးတဲ့ cupcakeလေးလေ အရမ်းစားချင်လာလို့ပါ"

"မင်းကကြိုက်လို့လား.. ထယ်ယောင်း.."

"အရမ်းကြိုက်တယ်။ ဒီထက်ပိုကြိုက်တာရှိသေးတယ်"

ထယ်ယောင်းဆော့ဂျင်နှုတ်ခမ်းလေးအား လက်နဲ့ပွတ်သက်ကာ.. ပြောလိုက်တာကြောင့် ထယ်ယောင်းဘာလုပ်မလဲဆိုတာ ဆော့ဂျင်သိနေပြီ။ လူလည်ကောင်..

"ဟင်.. ခဏ.. ထယ်.. အု"

ဆော့ဂျင်ကိုခါးသွယ်သွယ်ကနေမပြီး စားပွဲပေါ်တင်လိုက်ကာ ခန္ဓာကိုယ်ကအနားတိုးလာကာ နမ်းရှိုက်တော့တယ်.. အစကတော့ဆော့ဂျင်လန့်သွားပေမဲ့ ခဏကြာတော့ ဆော့ဂျင်ထယ်ယောင်းလည်ပင်းအား လက်နှစ်ဖက်ဖြင့်ချိတ်ကာ.. အနီးကိုပိုဆွဲယူလိုက်ပြီး.. အနမ်းတွေကိုမက်မက်မောမောပြန်လည်တုံ့ပြန်မိတယ်။

အချိန်တခုကြာတဲ့အထိနမ်းရှိုက်ပြီးမှ နဖူးချင်းထိကပ်ထားကာ အသက်ရှူကြရတယ်။ ထယ်ယောင်းရဲ့ရယ်သံဖွဖွလေးကိုလည်း ကြားနေရသေးတယ်။

"မောဟိုက်သွားတဲ့အထိ နမ်းရတာအရမ်းကောင်းတယ် ဆော့ဂျင်"

ဒီစကားကြောင့်ဆော့ဂျင်ရှက်သွားပြီး မျက်နှာပြင်တခုလုံး ခရမ်းချဥ်လေးရဲရဲလေးလိုပင်။

"မ~ မကောင်းပါဘူး~ "

"ဒီလိုမျိုး ထပ်နမ်းရအောင်"

"တော်ပြီလေ.. မုန့်လုပ်ရအုံးမယ်.."

"နောက်တခါဆိုရင်တော့ ဒီလောက်နဲ့မရဘူးနော်.. မုန့်လုပ်မယ်ဆိုလုပ်တော့ ဒီမှာပဲကြည့်နေမယ်"

"မုန့်အများကြီးလုပ်ပြိးရင် ဟိုဆော့အတွက်ယူသွားမယ်.. ပြီးတော့Hyungအတွက်ရော~"

"သဘောပါဗျာ"

🍃🍃🍃

သူဌေးကဆော့ဂျင်နဲ့ တွဲနေတယ်ဆိုတဲ့အကြောင်းကိုပဲ ခြံထဲကလူတိုင်းပြောနေကြတာ။ အကောင်းပြောတဲ့သူရှိသလို.. မကောင်းပြောသမားတွေလည်းရှိကြသေးတယ်။ ဒါပေမဲ့ ဘယ်သူမှဆော့ဂျင်ကို တိုက်ရိုက်လာမပြောရဲပေ။ အခုဆိုဆော့ဂျင်ကို ကပ်ဖားသူတွေပါပေါ်ပေါက်နေပြီ။

ဆော့ဂျင်ဒီရက်ပိုင်းထယ်ယောင်းဆန္ဒအတိုင်းအကုန်လုပ်ပေးနေတယ်။ အနမ်းတွေလာပေးရင်တောင် မက်မက်မောမောတုံ့ပြန်ပေးတယ်။ တချို့ညတွေဆို "အတူတူလာအိပ်ပေးပါ ဘာမှမလုပ်ဘူး ဖက်အိပ်ရုံ" ဆိုပြီး ထယ်ယောင်းက ခေါ်တတ်သေးတယ်။ ဒီလိုညတွေဆိုရင်လည်း ထယ်ယောင်းရင်ခွင်ထဲတိုးဝင်ပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပစ်လိုက်တယ်။

ဒီနေ့က ဒီဇင်ဘာ၃၀ရက်နေ့~

"ထယ်ယောင်း ငါပြောထားတာမမေ့ဘူးမယ့်လား"

"ဘာကိုလဲ ဆော့ဂျင်ရဲ့~"

"မနက်ဖြန်ဆို လကုန်ပြီနော်.. မင်းကတိပေးထားတဲ့အတိုင်းထွက်သွားခွင့်ပေးတော့"

"ဘာ~"

ထယ်ယောင်းရင်ထဲမိုးပြိုသွားသလိုပင်.. ဟိုနေ့ညကတည်းကစပြီး သူတို့နှစ်ယောက်နေ့တိုင်းချစ်ခင်ပြီး အဆင်ပြေနေတာပဲကို အခုကဘာစကားလဲ?

ဒီနေ့က ထယ်ယောင်းမွေးနေ့ဖြစ်လို့ ဆော့ဂျင်ကိုညကျရင်လက်ထပ်ခွင့်တောင်းမလို့ စဥ်းစားထားပြိး ပြင်ဆင်ထားပြီးသား.. ဒီလိုပြင်ဆင်ထားရင်ကို မထင်ထား​တာတွေဖြစ်လာတယ်။ တို့နှစ်ယောက်ကရေစက်မပါဘူးလား~

"ဆော့ဂျင်~ ငါတို့ဒီရက်ပိုင်းအဆင်ပြေကြတယ်လေ မင်းလည်းပျော်တယ်လေ ဘာဖြစ်လို့အခုလိုမျိုး.."

ထယ်ယောင်း ဆော့ဂျင်လက်အားဆုပ်ကိုင်ရင်း ထိုစကားတွေကိုပြောမိတယ်။

"ငါပြန်တော့မှာမလို့ ဒီရက်ပိုင်းမင်းအလိုကျနေပေးခဲ့​တာလောက်ပဲ~ ငါ့ရဲ့မွေးနေ့ဆုတောင်းက အရင်တိုင်းပဲ! မနက်ဖြန်အတွက် ကားစီစဥ်ပေးပါ ဆိုးလ်ကိုပြန်တော့မယ်"

ဆော့ဂျင်လက်ကိုဆုပ်ကိုင်ထားတဲ့ထယ်ယောင်းလက်တွေကို ဖြုတ်ချလိုက်ကာ.. လှည့်ထွက်လာပေမဲ့။ အနောက်ကနေတဖန်ပြန်သိုင်းဖက်လာတဲ့ ထယ်ယောင်း။

"လက်ထပ်ရအောင် ဆိုးလ်ကိုအတူတူသွားမယ်"

"ဘာလို့လက်ထပ်မှာလဲ?"

"ကိုယ်တို့အတူတူလည်းနေပြီးပြီပဲ လက်ထပ်ရအောင်"

ဟင့်အင်း!! ဆော့ဂျင်ကြားချင်တာ အဲဒါမဟုတ်ဘူး.. 'ချစ်တယ်'ဆိုတဲ့စကားလုံးကိုကြားချင်တာ။ လက်ကိုင်လိုက် ဖက်လိုက် နမ်းလိုက်.. အမြဲလုပ်တတ်ပေမဲ့ 'ချစ်တယ်'ဆိုတဲ့စကားကို ထယ်ယောင်းဆီကမကြားဖူးသေးပေ။

"လက်မထပ်ဘူး! လွှတ်ပေးပါ.. ဆိုးလ်ကိုပြန်မယ်.. မင်းနဲ့မပတ်သက်ချင်တော့ဘူး.. တကယ်လို့မင်းမလုပ်ပေးရင်လည်း Hyungကိုလိုက်ပို့ခိုင်းမယ်။ ကတိတည်ပေးဖို့မျှော်လင့်ပါတယ်.."

ထယ်ယောင်းလက်ထဲကနေရုန်းထွက်ပြီး ပြေးသွားတဲ့ဆော့ဂျင်နောက်ကို ထယ်ယောင်းလိုက်လာခဲ့ပြီး လက်မောင်းရင်းကနေကိုင်ကာ ဆွဲလှည့်လိုက်တယ်။

"ဆော့ဂျင်!! မဆိုးနဲ့နော်.. ငါမင်းကိုအခန်းထဲထည့်ပိတ်ထားမယ်"

"ဘာ!! ငါမင်းကိုတကယ်မုန်းမိတော့မယ် ထယ်ယောင်း"

"အဲ့လိုမဟုတ်.."

ထယ်ယောင်းစကားကိုနားမထောင်ဘဲ ထွက်သွားတော့မယ်။

🍃🍃🍃

ဆော့ဂျင်အဆောင်ကအခန်းထဲရောက်တော့ ပစ္စည်းတွေအကုန်သိမ်းနေရင်း မျက်ရည်တွေကျနေမိတယ်။ ဟိုဆော့လည်းအခန်းထဲရောက်လာတယ်။

"ဘာတွေသိမ်းနေတာလဲ? ဆော့ဂျင်.. ဟင်! ဘာလို့ငိုနေတာလဲ"

"ငါအိမ်ပြန်တော့မလို့.. ဟိုဆော့"

"ဘာဖြစ်လို့လဲ? သူဠေးနဲ့ရန်ဖြစ်လိ​ု့လား"

"မဟုတ်ပါဘူး.. ငါအရင်ကတည်းက သူဠေးဆီမှာခွင့်တောင်းထားပြီးသား"

"သူဠေးနဲ့ချစ်သူတွေဖြစ်နေကြတာကို~ ထွက်သွားမယ်ဆိုတော့.. အော်. ဆိုးလ်မှာအတူတူနေကြမလို့လား"

"ဘာကိုချစ်သူလဲ.. သူ~ သူငါ့ကိုတခါမှမဖွင့်ပြောဖူးဘူး"

"ဒါပေမဲ့ဆော့ဂျင်ရယ်.. သူဠေးအပြုအမူတွေက မင်းကိုချစ်တယ်ဆိုတာ အဲ့လောက်သိသာနေတာကို~"

"ငါက ချစ်တယ်ဆိုတဲ့စကားကို~ ကြားခွင့်မရှိဘူးလား.."

"သူဌေးကမင်းကိုပြောဖို့ ပြင်ဆင်ဖူးပါတယ်.. ငါမင်းကိုမပြောပြဖြစ်သေးတာ.. ဟိုပြဿနာဖြစ်ကြတဲ့နေ့က သူဌေးကအိမ်ငယ်မှာ သေချာပြင်ဆင်ထားတာထင်တယ်။ အဲ့နေ့ကအခန်းကို သူဒေါသထွက်ပြီးဖျက်ဆီး​ပစ်ထားတာတွေ ငါ့ကိုရှင်းခိုင်းလိုက်တာလေ.. အဲဒီမှာမင်းဓာတ်ပုံတွေချည်းပဲ ပြီးတော့ပြစရာရှိတယ်"

ဟိုဆော့ သူသိမ်းထားတဲ့ဓာတ်ပုံတပုံကို ကုတင်အောက်ထဲကယူထုတ်လာလိုက်တယ်။ သန့်ရှင်းရေးဝင်လုပ်တုန်းက ပုံအကြီးချဲ့ထားတဲ့ပုံလေးက မှန်ဘောင်ပဲကွဲပြီး ပုံလေးကအ​ကောင်းတိုင်းမို့သိမ်းထားလိုက်တာ..

"မင်းယူသွားလိုက်။"

"ဒီပုံက.."

"သူဠေးလုပ်ထားတဲ့ပုံတွေထဲက... ယူသွားလိုက်.. အလွမ်းပြေကြည့်ပေါ.."

"သူ့ကိုလွမ်းဖြစ်မယ် မထင်ပါဘူး.. ဒါပေမဲ့ယူထားလိုက်ပါ့မယ်.. မင်းဝန်ထုပ်ဝန်ပိုးတခုလိုဖြစ်နေမှာစိုးလို​့.."

"အင်းပါ.. ငါမင်းထွက်မသွားစေချင်ဘူး ဆော့ဂျင်.. ပြန်စဥ်းစားပါအူံး"

"ငါအများကြီးစဥ်းစားပြီးပြ​ီ"

ဟုတ်တယ်.. စဥ်းစားပြီးဆုံးဖြတ်ထားတာတခုရှိတယ်။ အခုနေများ ထယ်ယောင်းက 'အရမ်းချစ်တယ်ဆော့ဂျင် မသွားပါနဲ့'လို့ လာပြောရင်တော့ သွားမှာမဟုတ်တော့ဘူး။

🍃🍃🍃

မနက်ဖန်ပြန်တော့မှာမလို့.. Hyungကို နှုတ်ဆက်မယ်ဆိုပြီး ဆော့ဂျင်တယောက်ခြံထဲလျှောက်ကြည့်နေရင်း.. တယောက်ယောက်အနောက်ကနေလိုက်နေသလို ဆော့ဂျင်ကျောမလုံဖြစ်လာတာကြောင့် အနောက်ကိုလှည့်ကြည့်လိုက်မိတယ်။ ဘယ်သူ့မှမရှိ..

အနောက်လှည့်ကြည့်ပြီး အရှေ့ပြန်လှန်ကြည့်မှ လူတယောက် ဆော့ဂျင်ရှေ့ရုတ်တရက်ပေါ်လာသိလို လာရုပ်နေတယ်။

"အမေ!! လန့်လိုက်တာ.."

"လန့်သွားရင် တောင်းပန်ပါတယ်.. ကျွန်တော်အကူညီတခုလိုလို့ပါ ကူညီပေးနိုင်မလား"

"ကူညီနိုင်တာဆိုကူညီပေးပါ့မယ်.. ဘာများလဲ"

"ကျွန်တော့်ကလေးကအရမ်းနေမကောင်းဖြစ်နေလို့ လိုက်ကြည့်ပေးလို့ရမလား"

"ဟို.. ကျွန်တော်ကလား?"

"အရင်က Male nurse လုပ်ဖူးတယ်ကြားထားလို့ပါ"

"အော်.. ဒါနဲ့ဒီခြံထဲကမဟုတ်ဘူးလား.. ဒေါက်တာမင်ယွန်းဂီရှိတယ်လေ သူ့ကိုပြောလို့ရပါတယ်.."

"ကျွန်တော်က ဒီခြံကလူမဟုတ်ပါဘူး.. ခြံအနောက်ဘက်ကရွာလေးမှာ နေတာပါ.."

"အော်.. ဒါပေမဲ့စိတ်မပူပါနဲ့ ဒေါက်တာမင်ကို ကျွန်တော်လိုက်ပြောပေးပါ့မယ်.. ကျွန်တော်နဲ့အတူလိုက်ခဲ့ပါ.."

"ဟုတ်ကဲ့ ကျေးဇူးအများကြီးတင်ပါတယ်.."

"ရပါတယ်.. နောက်ကလိုက်ခဲ့!!"

ရှေ့ကသွားနေတဲ့ဆော့ဂျင်ကို ဒီလူစိမ်းက အနောက်ကနေမေ့ဆေးဖြင့်အုပ်လိုက်တာကြောင့် ဆော့ဂျင်တကိုယ်လူံးခွေကျသွားတယ်။

" အ့.. ဘာလုပ်~ အင်းမ်..~"

တကယ်ပါပဲ.. အနုနည်းနဲ့ခေါ်နေတာကို မလိုက်ဘူး။ ဒီလိုနည်းသုံးမှပဲ ရတော့တယ်~ ထိုလူစိမ်းကဆော့ဂျင်ကို ပခုံးပေါ်ထမ်းခေါ်သွားတော့တယ်။

Part 28 (END)🍃

တန်းလန်းလေးထားခဲ့ပြီ..ဇာတ်သိမ်းဖို့၂ပိုင်းပဲလိုတော့တယ်နော်💚

[Zawgyi]

မီးဖိုခန္းထဲဂ်ဳံမႈန့္ေတြနဲ႕အလုပ္ရႈပ္ေနတဲ့ေဆာ့ဂ်င္။ နဖူးေပၚမွာလည္း ဂ်ဳံမႈန့္ေလးေပက်ံေနတယ္။ ထယ္ေယာင္းကေတာ့ ေရွ႕စားပြဲကေနေမးေထာက္ကာထိုင္ၾကည့္ေနတယ္။

မ်က္ႏွာေပၚမွာေပက်ံေနတဲ့ ဂ်ဳံမႈန့္ေတြကိုသုတ္ေပးဖို႔ ေဆာ့ဂ်င္ေဘးနားမွာလာရပ္လိုက္ကာ.. ေဆာ့ဂ်င္မ်က္ႏွာအႏွံ႕ကို ပြတ္သတ္ေနလိုက္တယ္။

"ဘာလို႔ငါ့ကို႐ုတ္တရက္ႀကီးဒါေတြခိုင္းေနရတာလဲ?"

"အရင္ကလုပ္ေကြၽးဖူးတဲ့ cupcakeေလးေလ အရမ္းစားခ်င္လာလို႔ပါ"

"မင္းကႀကိဳက္လို႔လား.. ထယ္ေယာင္း.."

"အရမ္းႀကိဳက္တယ္။ ဒီထက္ပိုႀကိဳက္တာရွိေသးတယ္"

ထယ္ေယာင္းေဆာ့ဂ်င္ႏႈတ္ခမ္းေလးအား လက္နဲ႕ပြတ္သက္ကာ.. ေျပာလိုက္တာေၾကာင့္ ထယ္ေယာင္းဘာလုပ္မလဲဆိုတာ ေဆာ့ဂ်င္သိေနၿပီ။ လူလည္ေကာင္..

"ဟင္.. ခဏ.. ထယ္.. အု"

ေဆာ့ဂ်င္ကိုခါးသြယ္သြယ္ကေနမၿပီး စားပြဲေပၚတင္လိုက္ကာ ခႏၶာကိုယ္ကအနားတိုးလာကာ နမ္းရွိုက္ေတာ့တယ္.. အစကေတာ့ေဆာ့ဂ်င္လန့္သြားေပမဲ့ ခဏၾကာေတာ့ ေဆာ့ဂ်င္ထယ္ေယာင္းလည္ပင္းအား လက္ႏွစ္ဖက္ျဖင့္ခ်ိတ္ကာ.. အနီးကိုပိုဆြဲယူလိုက္ၿပီး.. အနမ္းေတြကိုမက္မက္ေမာေမာျပန္လည္တုံ႕ျပန္မိတယ္။

အခ်ိန္တခုၾကာတဲ့အထိနမ္းရွိုက္ၿပီးမွ နဖူးခ်င္းထိကပ္ထားကာ အသက္ရႉၾကရတယ္။ ထယ္ေယာင္းရဲ႕ရယ္သံဖြဖြေလးကိုလည္း ၾကားေနရေသးတယ္။

"ေမာဟိုက္သြားတဲ့အထိ နမ္းရတာအရမ္းေကာင္းတယ္ ေဆာ့ဂ်င္"

ဒီစကားေၾကာင့္ေဆာ့ဂ်င္ရွက္သြားၿပီး မ်က္ႏွာျပင္တခုလုံး ခရမ္းခ်ဥ္ေလးရဲရဲေလးလိုပင္။

"မ~ မေကာင္းပါဘူး~ "

"ဒီလိုမ်ိဳး ထပ္နမ္းရေအာင္"

"ေတာ္ၿပီေလ.. မုန့္လုပ္ရအုံးမယ္.."

"ေနာက္တခါဆိုရင္ေတာ့ ဒီေလာက္နဲ႕မရဘူးေနာ္.. မုန့္လုပ္မယ္ဆိုလုပ္ေတာ့ ဒီမွာပဲၾကည့္ေနမယ္"

"မုန့္အမ်ားႀကီးလုပ္ၿပိးရင္ ဟိုေဆာ့အတြက္ယူသြားမယ္.. ၿပီးေတာ့Hyungအတြက္ေရာ~"

"သေဘာပါဗ်ာ"

🍃🍃🍃

သူေဌးကေဆာ့ဂ်င္နဲ႕ တြဲေနတယ္ဆိုတဲ့အေၾကာင္းကိုပဲ ၿခံထဲကလူတိုင္းေျပာေနၾကတာ။ အေကာင္းေျပာတဲ့သူရွိသလို.. မေကာင္းေျပာသမားေတြလည္းရွိၾကေသးတယ္။ ဒါေပမဲ့ ဘယ္သူမွေဆာ့ဂ်င္ကို တိုက္ရိုက္လာမေျပာရဲေပ။ အခုဆိုေဆာ့ဂ်င္ကို ကပ္ဖားသူေတြပါေပၚေပါက္ေနၿပီ။

ေဆာ့ဂ်င္ဒီရက္ပိုင္းထယ္ေယာင္းဆႏၵအတိုင္းအကုန္လုပ္ေပးေနတယ္။ အနမ္းေတြလာေပးရင္ေတာင္ မက္မက္ေမာေမာတုံ႕ျပန္ေပးတယ္။ တခ်ိဳ႕ညေတြဆို "အတူတူလာအိပ္ေပးပါ ဘာမွမလုပ္ဘူး ဖက္အိပ္႐ုံ" ဆိုၿပီး ထယ္ေယာင္းက ေခၚတတ္ေသးတယ္။ ဒီလိုညေတြဆိုရင္လည္း ထယ္ေယာင္းရင္ခြင္ထဲတိုးဝင္ၿပီး ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ပစ္လိုက္တယ္။

ဒီေန႕က ဒီဇင္ဘာ၃၀ရက္ေန႕~

"ထယ္ေယာင္း ငါေျပာထားတာမေမ့ဘူးမယ့္လား"

"ဘာကိုလဲ ေဆာ့ဂ်င္ရဲ႕~"

"မနက္ျဖန္ဆို လကုန္ၿပီေနာ္.. မင္းကတိေပးထားတဲ့အတိုင္းထြက္သြားခြင့္ေပးေတာ့"

"ဘာ~"

ထယ္ေယာင္းရင္ထဲမိုးၿပိဳသြားသလိုပင္.. ဟိုေန႕ညကတည္းကစၿပီး သူတို႔ႏွစ္ေယာက္ေန႕တိုင္းခ်စ္ခင္ၿပီး အဆင္ေျပေနတာပဲကို အခုကဘာစကားလဲ?

ဒီေန႕က ထယ္ေယာင္းေမြးေန႕ျဖစ္လို႔ ေဆာ့ဂ်င္ကိုညက်ရင္လက္ထပ္ခြင့္ေတာင္းမလို႔ စဥ္းစားထားၿပိး ျပင္ဆင္ထားၿပီးသား.. ဒီလိုျပင္ဆင္ထားရင္ကို မထင္ထား​တာေတြျဖစ္လာတယ္။ တို႔ႏွစ္ေယာက္ကေရစက္မပါဘူးလား~

"ေဆာ့ဂ်င္~ ငါတို႔ဒီရက္ပိုင္းအဆင္ေျပၾကတယ္ေလ မင္းလည္းေပ်ာ္တယ္ေလ ဘာျဖစ္လို႔အခုလိုမ်ိဳး.."

ထယ္ေယာင္း ေဆာ့ဂ်င္လက္အားဆုပ္ကိုင္ရင္း ထိုစကားေတြကိုေျပာမိတယ္။

"ငါျပန္ေတာ့မွာမလို႔ ဒီရက္ပိုင္းမင္းအလိုက်ေနေပးခဲ့​တာေလာက္ပဲ~ ငါ့ရဲ႕ေမြးေန႕ဆုေတာင္းက အရင္တိုင္းပဲ! မနက္ျဖန္အတြက္ ကားစီစဥ္ေပးပါ ဆိုးလ္ကိုျပန္ေတာ့မယ္"

ေဆာ့ဂ်င္လက္ကိုဆုပ္ကိုင္ထားတဲ့ထယ္ေယာင္းလက္ေတြကို ျဖဳတ္ခ်လိဳက္ကာ.. လွည့္ထြက္လာေပမဲ့။ အေနာက္ကေနတဖန္ျပန္သိုင္းဖက္လာတဲ့ ထယ္ေယာင္း။

"လက္ထပ္ရေအာင္ ဆိုးလ္ကိုအတူတူသြားမယ္"

"ဘာလို႔လက္ထပ္မွာလဲ?"

"ကိုယ္တို႔အတူတူလည္းေနၿပီးၿပီပဲ လက္ထပ္ရေအာင္"

ဟင့္အင္း!! ေဆာ့ဂ်င္ၾကားခ်င္တာ အဲဒါမဟုတ္ဘူး.. 'ခ်စ္တယ္'ဆိုတဲ့စကားလုံးကိုၾကားခ်င္တာ။ လက္ကိုင္လိုက္ ဖက္လိုက္ နမ္းလိုက္.. အၿမဲလုပ္တတ္ေပမဲ့ 'ခ်စ္တယ္'ဆိုတဲ့စကားကို ထယ္ေယာင္းဆီကမၾကားဖူးေသးေပ။

"လက္မထပ္ဘူး! လႊတ္ေပးပါ.. ဆိုးလ္ကိုျပန္မယ္.. မင္းနဲ႕မပတ္သက္ခ်င္ေတာ့ဘူး.. တကယ္လို႔မင္းမလုပ္ေပးရင္လည္း Hyungကိုလိုက္ပို႔ခိုင္းမယ္။ ကတိတည္ေပးဖို႔ေမွ်ာ္လင့္ပါတယ္.."

ထယ္ေယာင္းလက္ထဲကေန႐ုန္းထြက္ၿပီး ေျပးသြားတဲ့ေဆာ့ဂ်င္ေနာက္ကို ထယ္ေယာင္းလိုက္လာခဲ့ၿပီး လက္ေမာင္းရင္းကေနကိုင္ကာ ဆြဲလွည့္လိုက္တယ္။

"ေဆာ့ဂ်င္!! မဆိုးနဲ႕ေနာ္.. ငါမင္းကိုအခန္းထဲထည့္ပိတ္ထားမယ္"

"ဘာ!! ငါမင္းကိုတကယ္မုန္းမိေတာ့မယ္ ထယ္ေယာင္း"

"အဲ့လိုမဟုတ္.."

ထယ္ေယာင္းစကားကိုနားမေထာင္ဘဲ ထြက္သြားေတာ့မယ္။

🍃🍃🍃

ေဆာ့ဂ်င္အေဆာင္ကအခန္းထဲေရာက္ေတာ့ ပစၥည္းေတြအကုန္သိမ္းေနရင္း မ်က္ရည္ေတြက်ေနမိတယ္။ ဟိုေဆာ့လည္းအခန္းထဲေရာက္လာတယ္။

"ဘာေတြသိမ္းေနတာလဲ? ေဆာ့ဂ်င္.. ဟင္! ဘာလို႔ငိုေနတာလဲ"

"ငါအိမ္ျပန္ေတာ့မလို႔.. ဟိုေဆာ့"

"ဘာျဖစ္လို႔လဲ? သူေဠးနဲ႕ရန္ျဖစ္လိ​ု႔လား"

"မဟုတ္ပါဘူး.. ငါအရင္ကတည္းက သူေဠးဆီမွာခြင့္ေတာင္းထားၿပီးသား"

"သူေဠးနဲ႕ခ်စ္သူေတြျဖစ္ေနၾကတာကို~ ထြက္သြားမယ္ဆိုေတာ့.. ေအာ္. ဆိုးလ္မွာအတူတူေနၾကမလို႔လား"

"ဘာကိုခ်စ္သူလဲ.. သူ~ သူငါ့ကိုတခါမွမဖြင့္ေျပာဖူးဘူး"

"ဒါေပမဲ့ေဆာ့ဂ်င္ရယ္.. သူေဠးအျပဳအမူေတြက မင္းကိုခ်စ္တယ္ဆိုတာ အဲ့ေလာက္သိသာေနတာကို~"

"ငါက ခ်စ္တယ္ဆိုတဲ့စကားကို~ ၾကားခြင့္မရွိဘူးလား.."

"သူေဌးကမင္းကိုေျပာဖို႔ ျပင္ဆင္ဖူးပါတယ္.. ငါမင္းကိုမေျပာျပျဖစ္ေသးတာ.. ဟိုျပႆနာျဖစ္ၾကတဲ့ေန႕က သူေဌးကအိမ္ငယ္မွာ ေသခ်ာျပင္ဆင္ထားတာထင္တယ္။ အဲ့ေန႕ကအခန္းကို သူေဒါသထြက္ၿပီးဖ်က္ဆီး​ပစ္ထားတာေတြ ငါ့ကိုရွင္းခိုင္းလိုက္တာေလ.. အဲဒီမွာမင္းဓာတ္ပုံေတြခ်ည္းပဲ ၿပီးေတာ့ျပစရာရွိတယ္"

ဟိုေဆာ့ သူသိမ္းထားတဲ့ဓာတ္ပုံတပုံကို ကုတင္ေအာက္ထဲကယူထုတ္လာလိုက္တယ္။ သန့္ရွင္းေရးဝင္လုပ္တုန္းက ပုံအႀကီးခ်ဲ့ထားတဲ့ပုံေလးက မွန္ေဘာင္ပဲကြဲၿပီး ပုံေလးကအ​ေကာင္းတိုင္းမို႔သိမ္းထားလိုက္တာ..

"မင္းယူသြားလိုက္။"

"ဒီပုံက.."

"သူေဠးလုပ္ထားတဲ့ပုံေတြထဲက... ယူသြားလိုက္.. အလြမ္းေျပၾကည့္ေပါ.."

"သူ႕ကိုလြမ္းျဖစ္မယ္ မထင္ပါဘူး.. ဒါေပမဲ့ယူထားလိုက္ပါ့မယ္.. မင္းဝန္ထုပ္ဝန္ပိုးတခုလိုျဖစ္ေနမွာစိုးလို​့.."

"အင္းပါ.. ငါမင္းထြက္မသြားေစခ်င္ဘူး ေဆာ့ဂ်င္.. ျပန္စဥ္းစားပါအူံး"

"ငါအမ်ားႀကီးစဥ္းစားၿပီးျပ​ီ"

ဟုတ္တယ္.. စဥ္းစားၿပီးဆုံးျဖတ္ထားတာတခုရွိတယ္။ အခုေနမ်ား ထယ္ေယာင္းက 'အရမ္းခ်စ္တယ္ေဆာ့ဂ်င္ မသြားပါနဲ႕'လို႔ လာေျပာရင္ေတာ့ သြားမွာမဟုတ္ေတာ့ဘူး။

🍃🍃🍃

မနက္ဖန္ျပန္ေတာ့မွာမလို႔.. Hyungကို ႏႈတ္ဆက္မယ္ဆိုၿပီး ေဆာ့ဂ်င္တေယာက္ၿခံထဲေလွ်ာက္ၾကည့္ေနရင္း.. တေယာက္ေယာက္အေနာက္ကေနလိုက္ေနသလို ေဆာ့ဂ်င္ေက်ာမလုံျဖစ္လာတာေၾကာင့္ အေနာက္ကိုလွည့္ၾကည့္လိုက္မိတယ္။ ဘယ္သူ႕မွမရွိ..

အေနာက္လွည့္ၾကည့္ၿပီး အေရွ႕ျပန္လွန္ၾကည့္မွ လူတေယာက္ ေဆာ့ဂ်င္ေရွ႕႐ုတ္တရက္ေပၚလာသိလို လာ႐ုပ္ေနတယ္။

"အေမ!! လန့္လိုက္တာ.."

"လန့္သြားရင္ ေတာင္းပန္ပါတယ္.. ကြၽန္ေတာ္အကူညီတခုလိုလို႔ပါ ကူညီေပးနိုင္မလား"

"ကူညီနိုင္တာဆိုကူညီေပးပါ့မယ္.. ဘာမ်ားလဲ"

"ကြၽန္ေတာ့္ကေလးကအရမ္းေနမေကာင္းျဖစ္ေနလို႔ လိုက္ၾကည့္ေပးလို႔ရမလား"

"ဟို.. ကြၽန္ေတာ္ကလား?"

"အရင္က Male nurse လုပ္ဖူးတယ္ၾကားထားလို႔ပါ"

"ေအာ္.. ဒါနဲ႕ဒီၿခံထဲကမဟုတ္ဘူးလား.. ေဒါက္တာမင္ယြန္းဂီရွိတယ္ေလ သူ႕ကိုေျပာလို႔ရပါတယ္.."

"ကြၽန္ေတာ္က ဒီၿခံကလူမဟုတ္ပါဘူး.. ၿခံအေနာက္ဘက္က႐ြာေလးမွာ ေနတာပါ.."

"ေအာ္.. ဒါေပမဲ့စိတ္မပူပါနဲ႕ ေဒါက္တာမင္ကို ကြၽန္ေတာ္လိုက္ေျပာေပးပါ့မယ္.. ကြၽန္ေတာ္နဲ႕အတူလိုက္ခဲ့ပါ.."

"ဟုတ္ကဲ့ ေက်းဇူးအမ်ားႀကီးတင္ပါတယ္.."

"ရပါတယ္.. ေနာက္ကလိုက္ခဲ့!!"

ေရွ႕ကသြားေနတဲ့ေဆာ့ဂ်င္ကို ဒီလူစိမ္းက အေနာက္ကေနေမ့ေဆးျဖင့္အုပ္လိုက္နာေၾကာင့္ ေဆာ့ဂ်င္တကိုယ္လူံးေခြက်သြားတယ္။

" အ့.. ဘာလုပ္~ အင္းမ္..~"

တကယ္ပါပဲ.. အႏုနည္းနဲ႕ေခၚေနတာကို မလိုက္ဘူး။ ဒီလိုနည္းသုံးမွပဲ ရေတာ့တယ္~ ထိုလူစိမ္းကေဆာ့ဂ်င္ကို ပခုံးေပၚထမ္းေခၚသြားေတာ့တယ္။

Part 28 (END)🍃

တန္းလန္းေလးထားခဲ့ၿပီ..ဇာတ္သိမ္းဖို႔၂ပိုင္းပဲလိုေတာ့တယ္ေနာ္💚

There are no comments yet. Log in to be the first to leave a review!

Similar stories