Fanfics
27🍃
12:30, 20 April 2023
[Unicode]
နာရီကြည့်လိုက်တော့ မနက်၁၁နာရီ.. ထယ်ယောင်းရင်ခွင်ထဲကအကောင်ပေါက်လေးက မနိုးသေးပေ။ မနက်ခင်းမျက်နှာလေးက ဖြူစင်ပြီးချစ်စရာကောင်းလွန်းတယ်။
ထယ်ယောင်းဆော့ဂျင်နှုတ်ခမ်းလေးအား အပေါ်နှုတ်ခမ်းလေးကို နမ်းလိုက်.. အောက်နှုတ်ခမ်းလေးကိုနမ်းလိုက်ဖြင့်.. မနက်ခင်းအနမ်းလေးကို ကြာရှည်စွာနမ်းနေတယ်။ နည်းနည်းကြာလာမှ လွတ်ပေးလိုက်တယ်။ ဆော့ဂျင်ကမနိုးသေးပေ။
"မနိုးသေးဘူးလား အိပ်ပုတ်လေး~ မွ.."
ဆော့ဂျင်ပါးပြင်လေးကို တချက်နမ်းလိုက်ပြီးမှထယ်ယောင်းရေချိုးခန်းထဲဝင်သွားလိုက်တယ်။ ထယ်ယောင်းပြန်ထွက်လာတဲ့အထိ ဆော့ဂျင်မနိုးသေးတာကြောင့်.. အောက်ထပ်ဆင်းလာပြီး ဆော့ဂျင်အတွက် ဆန်ပြုတ်ပြုတ်ခိုင်းပြီး အကိုက်အခဲပျောက်ဆေးပါယူလာပြီး အပေါ်ထပ်ပြန်တက်လာလိုက်တယ်။
ကြည့်ရတာ ဆော့ဂျင်ကနိုးနေပြီ ဒါပေမဲ့မထလာသေး။ ထယ်ယောင်းအခန်းထဲဝင်လာမှ စောင်ကိုခေါင်းအထိခြုံချလိုက်တဲ့ဆော့ဂျင်ကို တွေ့လိုက်တာကြောင့်ပင်။ ထယ်ယောင်းကုတင်ပေါ်ထိုင်လိုက်ပြီး ခေါင်းအထိစောင်ခြုံထားတဲ့စောင်ကို မျက်နှာပေါ်ရုံလေးဖယ်လိုက်တော့.. မျက်လုံးစုံမှိတ်ပြီး အော်ဟစ်နေတဲ့ဆော့ဂျင်။
"ငါမင်းကို မမြင်ချင်ဘူး!! ငါ့အနားမလာနဲ့.."
"မလာလို့မရဘူးလေ.. ကိုယ့်ယောက်ျားဖြစ်နေပြီကို.. ပစ်ထားလို့ရမလား"
"ဘာကိုယောက်ျားလဲ ယုတ်မာတဲ့ကောင်"
"မျက်လုံးလေးဖွင့်ပါအုံး.. လိမ္မာပါတယ်~"
"..."
ဆော့ဂျင်နိုးလာကတည်းက တကိုယ်လုံးနာကျင်နေတာ. ထထိုင်ဖို့ပင်မနိုင်ပေ။ ထယ်ယောင်းကိုပြောရမှာလည်း အရမ်းရှက်နေတာကြောင့် အိပ်ယာပေါ်ပဲအိပ်နေလိုက်တယ်။
ညကကိစ္စအတွက် ထယ်ယောင်းကိုဒေါသထွက်တယ်.. သက်သက်အနိုင်ကျင့်ခံလိုက်ရတာ..။ ထယ်ယောင်းအခန်းထဲဝင်လာတော့ မျက်နှာ​ချင်းမဆိုင်ချင်တာကြောင့် စောင်ကိုခေါင်းအထိခြုံထားလိုက်တာ။ ထယ်ယောင်းကဘာမှမဖြစ်သလို စကားတွေလာပြောနေတယ်။
"စိတ်မဆိုးပါနဲ့က​ွာ~ ညကစိတ်ထိန်းမနိုင်ဖြစ်သွားလို့ပါ.. တောင်းပန်ပါတယ် ထတော့နော်.. "
"...."
ထယ်ယောင်း ဆော့ဂျင်ဆံပင်လေးအား ပွတ်သပ်ပေးနေကာပြောနေ​ပေမဲ့ ဆော့ဂျင်ကဘာမှပြန်မပြောဘဲ မျက်လုံးမှိတ်ပြီးနေနေတာကြောင့် စောင်တွေပါလုံးထွေးလျက် မချီလိုက်တယ်။
"အ့.. နာတယ်.. ဘာလုပ်တာလဲ."
ရုတ်တရက်ချီခံလိုက်ရတာကြောင့် အောက်ပိုင်းနေရာက သိသိသာသာနာကျင်သွားခဲ့တာကြောင့် ညီးညူလိုက်မိတယ်။
"ရေချိုးပေးမလို့.."
"ဟင့်အင်း!! ရတယ်"
ရေချိူးခန်းထဲရောက်တော့ ထယ်ယောင်းဆော့ဂျင်ကို ဘေစင်ပေါ်တင်ပေးလိုက်တော့ ဆော့ဂျင်ကသူနဲ့အတူပါလာတဲ့စောင်စတွေကို တင်းနေအောင်ဆုပ်ကိုင်တယ်။
"ဒါဖယ်လိုက်လို့ရပြီ.. ရှက်မနေပါနဲ့..."
ထိုစောင်စကိုဆွဲဖယ်ဖို့ ထယ်ယောင်းလက်တွေကစောင်စပေါ်ရောက်လာတယ်။
"ဟို... ငါ.. ငါ~ "
"ဘာမှမဖြစ်ပါဘူး~"
ဘာမှမဖြစ်ပါဘူးဆိုပြီး စောင်စကိုချက်ချင်းဆွဲဖယ်ချလိုက်တော့ ဆော့ဂျင်အရမ်းရှက်သွားကာ မျက်နှာချင်းမဆိုင်ချင်သေးတာကြောင့် ထယ်ယောင်းကိုဖက်ထားပြီး ပခုံးပေါ်ကိုမှေးတင်ထားလိုက်ကာ..
"အရမ်းရှက်လို့.. ဘယ်လိုလုပ်ရမလဲ.. ဟင့်~ ပြီးတော့ နာနေတုန်းပဲ~"
"မငိုပါနဲ့ ကိုယ့်ကိုကြည့်.."
ဖက်ထားရာမှခွါလိုက်ပြီး ဆော့ဂျင်မျက်နှာလေးကိုထိန်းကိုင်ကာ ချော့မော့ရပြန်တယ်။ ဆော့ဂျင်တို့အရှက်သည်းနေလိုက်တာ.. ငိုပါငိုနေတယ်။ မျက်ရည်တွေနဲ့နီရဲနေတဲ့မျက်နှာလေးက အရမ်းအသည်းယားစရာကောင်းနေတယ်။
"ဒါရှက်စရာမဟုတ်ပါဘူး.. အစမို့လို့ပါ. ကျင့်သားရသွားအောင်အမြဲတမ်းလုပ်ပေးပါ့မယ်.."
"ဘာ!!"
"ဟား.. ဟား.. စတာပါ. မငိုနဲ့တော့~"
ဆော့ဂျင်ကိုသွားတိုက်ပေးတယ်။ သန့်ရှင်းရေးလုပ်ပေးပြီး ရေနွေးလေးနဲ့ရေချိုးပေးလိုက်တယ်။ ဆော့ဂျင်က ထယ်ယောင်းလုပ်ပေးသမျှငြိမ်ခံနေပေမဲ့ ရဲတွက်နေတဲ့မျက်နှာလေးက ဆော့ဂျင်ရှက်နေကြောင်းသက်သေပင်။
ထယ်ယောင်း ပေါ့ပေါ့ပါးပါးအင်္ကျီတစုံဆွဲထုတ်ပြီး ဆော့ဂျင်ကိုဝတ်ပေးလိုက်ပြီး ကုတင်ပေါ်ထိုင်ကာ ထယ်ယောင်းဆော့ဂျင်ကိုဆန်ပြုတ်တဇွန်းစီခွံ့ကျွေးလိုက်တယ်။
"ရော​့.. ဆေးပါသောက်လိုက် နေမကောင်းဖြစ်မယ်"
ဆေးသောက်လိုက်ဆိုတော့ ဆော့ဂျင်ရုပ်ကလေးတချက်တော့ရှုံ့သွားကာ.. ဆေးသောက်ချလိုက်တယ်။
"ဆော့ဂျင်.. ဆေးကခါးလို့လား"
"အင်း~ နည်းနည်း.."
"အခါးပျောက်သွားအောင် လုပ်ပေးမယ်လေ"
ဆော့ဂျင်နှုတ်ခမ်းတွေဆီကြည့်ရင်း ပြောနေတာကြောင့် ဘာကိုဆိုလိုလဲဆိုတာ ဆော့ဂျင်သဘောပေါက်တယ်။
"မခါးတော့ဘူး~ ရတယ်"
"ခါးနေတာသိပါတယ်.."
"မခါး~ အု.."
ထယ်ယောင်းကပြောမရဆိုပင်။ ဆော့ဂျင်ရဲ့ခေါင်းလုံးလုံးလေးကိုကိုင်ပြီး နှုတ်ခမ်းတွေကို ငုံထွေးလိုက်တယ်။ ဆော့ဂျင်ကလည်းအနမ်းတွေကိုတုံ့ပြန်လာတယ်။ နမ်းရှိုက်နေရင်းမှပိုပြီးရက်မက်ဆန်လာကာ ထယ်ယောင်းအားမရဖြစ်လာတာကြောင့် ဆော့ဂျင်ကိုအိပ်ယာပေါ်လှန်ချလိုက်တယ်။
စနမ်းတုန်းနှစ်ယောက်လုံးထိုင်ကာ နမ်းနေရင်းမှ ဆော့ဂျင်ကကုတင်ပေါ်လှဲချခံလိုက်ရပြီး ထယ်ယောင်းကအပေါ်ကအုပ်မိုးကာနမ်းနေတယ်။ ဒီထက်အဆင့်ပိုတက်လာမှာကို ဆော့ဂျင်စိုးရိမ်သွားတာကြောင့် အနမ်းတွေကိုရပ်ပြီး ထယ်ယောင်းရင်ဘတ်ကိုတွန်းလိုက်တယ်။
တွန်းဖယ်လာတဲ့ဆော့ဂျင်ကြောင့် ထယ်ယောင်းရပ်လိုက်ပြီး ဆော့ဂျင်ကိုအုပ်မိုးကာကြည့်နေလိုက်တယ်။
"ညတုန်းကလို ထပ်လုပ်ရအောင်.."
"ဟင့်~ မလုပ်ဘူး.. အခုတောင်နာနေတုန်း.. လူဆိုးကောင်ရဲ့.."
"မလုပ်တော့ပါဘူး... ခဏနားလိုက်တော့.."
🍃🍃🍃
"ဟိုဆော့.. ဆော့ဂျင်ကရော.."
"မနက်အစောကြီးကတည်းက အိမ်ကြီးဆီသွားတာပါ ခေါင်းဆောင်ကင်မ်.. ဘာဖြစ်လို့လဲ"
"အိမ်ကြီးမှာ ဆော့ဂျင်ကိုမတွေ့မိလို့ပါ.. ပုံမှန်ဆိုအမြဲတွေ့နေတာလေ အဲဒါကြောင့်နေမကောင်းဖြစ်နေတာထင်လို့ လာမေးတာပါ"
"အာ.. မဟုတ်ပါဘူး"
ဒေါ်ကြီးက 'သူဌေးလေးတို့နှစ်ယောက်နမ်းနေရင်းအခန်းထဲဝင်သွားတယ်'ဆိုပြီး ဟိုဆော့ကိုညကတည်းကလာပြောပြသွားတာ။
ခဏအကြာမှ ဝိုင်ပုလင်းတွေနဲ့အတူရောက်လာတဲ့ ခေါင်းဆောင်ကင်မ်နမ်ဂျွန်းက ဆော့ဂျင်ကိုလာမေးတော့ 'ဆော့ဂျင်ခေါင်းမူးနေလို့အဆောင်ပြန်သွားတယ်'လို့လိမ်ပြောခဲ့တာ။ အဲ့တာကြောင့်အခုလည်းလာမေးနေပြန်ပြီ။
ဆော့ဂျင်ကတညလုံးပြန်မလာကတည်းက ဘာလုပ်နေကြပြီလဲဆိုတာ ဟိုဆော့သဘောပေါက်ပြီးသား။ ဒီကိစ္စကိုလျှောက်ပြောပြနေလို့မှမရတာ။
🍃🍃🍃
"ဘယ်သွားမလို့လဲ.. "
"ဘယ်ကိုသွားရမှာလဲ.. ဆိုးလ်ပြန်မယ် ဒီမှာခဏလေးတောင်မနေချင်တော့ဘူး.. အိပ်မက်ဆိုးလိုပဲ.."
"တူတူသွားမယ်လေ.. ဂျီမင်ရှီ!!"
မနက်နိုးကတည်းက မုန့်လုံးလေးကဒေါသထွက်ပြီး.. အော်ဟစ်ဆူပူနေတာ.. ဂျောင်ဂုနားတွေကွဲထွက်တော့မယ်။ ချက်ချင်းဆိုးလ်ပြန်မယ်လုပ်ပြီး ရှေ့ကထွက်သွားပြန်ပြီ။ ဂျောင်ဂုအနောက်ကနေပြေးလိုက်သွားပြီး.. ဂျီမင်ကိုပွေ့ချီလိုက်တယ်။
"ဟင်!.. ဘာလုပ်တာလဲ.. အောက်ပြန်ချပေး.. ချပေးလို့!!"
"ကူညီပေးနေတာမင်းကို.."
"မလိုဘူး!!"
"မင်းလမ်းလျှောက်တာ ကားကားကြီးဖြစ်နေတယ်။ အခြားသူတွေမြင်ရင် မင်းညကဖြစ်ထားတာကို သိသွားလိမ့်မယ်"
"Yarrrr!.. ဂျွန် ဂျောင် ဂု!!"
"ရှူး.. မအော်နဲ့လေ.."
"အခုဘယ်ကိုခေါ်သွားနေတာလဲ.!. ကားကဟိုဘက်မှာလေ.."
"ထယ်ယောင်းကို သွားနှုတ်ဆက်မယ်လေ"
"မလိုဘူး~ မလိုဘူးလို့..."
ဂျီမင်ထယ်ယောင်းကို မတွေ့ချင်ပါ.. လုံးဝကိုမတွေ့ချင်ပါ~
ဂျီမင်ကိုဧည့်ခန်းထဲက ဆိုဖာပေါ်တင်ပေးလိုက်တယ်။ ခဏနေတော့ ဒေါ်ကြီးရောက်လာတယ်။
"ဂျီမင်တို့ပါလား.."
jm "ဟုတ်ကဲ​့.. ဒေါ်ကြီး.. ထယ်ယောင်းကရော"
dk "ထယ်ယောင်းက အောက်တောင်မဆင်းလာဘူး.. မနက်ကခဏလေးဆင်းလာပြီးပြန်တက်သွားတယ်.. အခန်းအောင်းနေတာ"
jk "ဒေါ်ကြီး.. ညက ထယ်ယောင်းထူးခြားတာမရှိဘူးလား"
dk "ဟို... အဲဒါက.." ဂျောင်ဂုမေးလိုက်တော့ ဒေါ်ကြီးက တခုခုပြောဖို့ရှက်သလိုမျိုးပြုံးနေတယ်။
dk "သူဌေးလေးကို ကိုယ်တိုင်မေးကြနော်. ဒေါ်ကြီးသွားခေါ်ပေးမယ်"
th "ရောက်နေတာကြာပြီလား"
jk "အခုမှ ရောက်တာပါ.. ညကအဆင်ပြေရဲ့လား"
th "အွန်း.. အရမ်းပြေတယ်"
jk "မင်းရုပ်ကအရမ်းပျော်နေတဲ့ပုံပဲ အစာဝနေတဲ့ကျားလိုပဲ.. မဟုတ်မှလွဲရော.. ဆော့ဂျင်Hyungနဲ့များ.."
th "အဲ့လိုဖြစ်သွားတယ်"
ဘေးမှာထိုင်နေတဲ့ဂျီမင်ကတော့ ဘာမှဝင်မပြောပေ။ တယောက်တည်းတိတ်ဆိတ်ပြီးထိုင်နေတာကြောင့် ထယ်ယောင်းမှမေးလိုက်တယ်။
th "ဂျီမင်.. ငြိမ်လှချည်လား ဘာဖြစ်နေတာလဲ"
jk "ဂျီမင်ကညကများသွားတယ်လေ.. အဲဒါကြောင့်.."
jm "ဂျောင်ဂု.. မင်းဘယ်လိုဖြစ်နေတာလဲ!"
ထယ်ယောင်းကဒီနှစ်ယောက်ကိုကြည့်ရင်း တခုခုထူးဆန်းနေတယ်လို့တော့ ခံစားမိလိုက်တယ်။
th "နေမကောင်းလို့လား ဂျီမင်.."
jm "ခေါင်းမူးနေတာလောက်ပါပဲ.."
th "ညကကိစ္စကို ဘယ်သူဆေးခတ်လိုက်လဲသိချင်တယ်"
jk "အဲ့အကြောင်းတွေးမနေနဲ့တော့.. ဆေးခတ်တဲ့သူကို ငါညကပဲအပြစ်ပေးပြီးပြီ"
th "ဘယ်သူ.."
jk "ဘာမှမမေးနဲ့တော့ အဲ့လူကိုမင်းကျေးဇူးတင်နေလိုက်.. ဟုတ်ပြီလား"
th "ဟားဟား အေးပါ"
jm "ငါတို့ပြန်တော့မလို့.. ထယ်ယောင်း"
th "ဘာလို့လဲ.. ခဏလေးနေပါအုံး ရောက်တာတရက်တောင်မပြည့်သေးဘူးလေ"
jk "နောက်တခါမှထပ်လာပါ့မယ် မင်းလည်းဆိုးလ်ကိုလာအုံး.. "
th "ကောင်းကောင်းသွားကြပါ"
ဂျောင်ဂုထရပ်လိုက်ပြီး ဘေးကဂျီမင်ကို ပြန်ပြီးပွေ့ချီလိုက်တော့ ထယ်ယောင်းအံ့သြသွားကာ..
th "ဂျီမင်က ဘာဖြစ်လို့လဲ?"
jk "သူလမ်းမလျှောက်နိုင်ဖြစ်နေတာ.."
th "တခုခုထိခိုက်သွားလိ​ု့လား. ဘာဖြစ်တာလဲ?"
jk "ညက.. ငါနဲ့ဖြစ်သွား.."
jm "Yarrrr.. ဂျွန် ဂျောင် ဂု!!"
ထယ်ယောင်းရှေ့မှာလမ်းလျှောက်လိုက်ရင် ဂျောင်ဂုပြောသလိုကားကားကြီးဖြစ်နေမှာစိုးလို့ ပွေ့ချီထားတာကို ငြိမ်ခံနေတာ.. ထယ်ယောင်းကလည်း မေးခွန်းတွေမေး.. ဟိုကောင်ကလည်း အတည်တွေဖြေနေတာကြောင့် အော်ပစ်လိုက်တယ်။
ဒီနှစ်ယောက်ကို ထယ်ယောင်းသဘောပေါက်သွားကာ.. သဘောတကျရယ်မောရင်း ကျန်ခဲ့တော့တယ်။ အရှုပ်အထုပ်ကောင်လည်း ဂျီမင်လက်အောက်ရောက်တော့မယ်။
Part 27 (END)🍃
Vote & Comment Please💚ဖတ်ပေးတဲ့သူအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်😙
[Zawgyi]
"..."
"...."
"အ့.. နာတယ်.. ဘာလုပ်တာလဲ."
"ရေချိုးပေးမလို့.."
"ဟင့်အင်း!! ရတယ်"
ရေချိုးခန်းထဲရောက်တော့ ထယ်ယောင်းဆော့ဂျင်ကို ဘေစင်ပေါ်တင်ပေးလိုက်တော့ ဆော့ဂျင်ကသူနဲ့အတူပါလာတဲ့စောင်စတွေကို တင်းနေအောင်ဆုပ်ကိုင်တယ်။
"ဟို... ငါ.. ငါ~ "
"ဘာမှမဖြစ်ပါဘူး~"
"ဘာ!!"
"အင်း~ နည်းနည်း.."
"မခါးတော့ဘူး~ ရတယ်"
"ခါးနေတာသိပါတယ်.."
"မခါး~ အု.."
🍃🍃🍃
"ဟိုဆော့.. ဆော့ဂျင်ကရော.."
"အာ.. မဟုတ်ပါဘူး"
🍃🍃🍃
"ဘယ်သွားမလို့လဲ.. "
"ကူညီပေးနေတာမင်းကို.."
"မလိုဘူး!!"
"Yarrrr!.. ဂျွန် ဂျောင် ဂု!!"
"ရှူး.. မအော်နဲ့လေ.."
"မလိုဘူး~ မလိုဘူးလို့..."
"ဂျီမင်တို့ပါလား.."
th "အွန်း.. အရမ်းပြေတယ်"
th "အဲ့လိုဖြစ်သွားတယ်"
th "ဘယ်သူ.."
th "ဟားဟား အေးပါ"
jk "ညက.. ငါနဲ့ဖြစ်သွား.."
Part 27 (END)🍃
There are no comments yet. Log in to be the first to leave a review!
Similar stories