Fanfics
29.A🍃
12:12, 27 April 2023
[Unicode]
ဆော့ဂျင်ကိုအခန်းထဲထားခဲ့ပြီး ဟိုဆော့ ထယ်ယောင်းဆီကို လာတွေ့ခဲ့တယ်။
"သူဌေး.. ပြောစရာရှိလို့ပါ"
"အင်း.. ပြောပါ"
"ဆော့ဂျင်ကို တကယ်ထွက်သွားခွင့်ပေးတော့မှာလား အဆောင်ကပစ္စည်းတွေအကုန်သိမ်းနေပြီ"
"ဘယ်လိုတားရမလဲမသိတော့ပါဘူး.. တကယ်ထွက်သွားမယ့်ပုံပဲ"
"သူဌေး.. ကျွန်တော်မေးချင်တာရှိသေးတယ်.. သူဌေးဆော့ဂျင်ကို ဖွင့်ပြောပြီးပြီလား"
"အင်း.. လက်ထပ်ဖို့​တောင်ပြောပြီးပြီ"
"ဟာ.. သူဌေးကအဆင့်ကျော်လိုက်တာကိုး~ အဲဒါကိုပဲ ဆော့ဂျင်ကမကျေနပ်ဖြစ်နေတာပါ ဆော့ဂျင်ကို 'ချစ်တယ်'လို့ ရိုးရိုးလေးပဲပြောလိုက်ပါလား"
"မင်းက ဘယ်လိုသိတာလဲ"
"ဆော့ဂျင်ပြောတာပါ ဟီး.. သူကပြန်မပြောဖို့ပြောပေမဲ့.. ကျွန်တော်က သူဌေးတို့အတွဲရဲ့ပရိတ်သတ်ပါ.. အဲဒါကြောင့်"
"ကျေးဇူးပါပဲ ဟိုဆော့ရာ.. ငါအခုမှသတိထားမိတော့တယ်.. ငါအခု ဆော့ဂျင်ဆီကိုသွားပြီ!!"
ဟိုဆော့ကို ရုံးခန်းထဲထားခဲ့ပြီး ဆော့ဂျင်ကိုတွေ့ဖို့ ထယ်ယောင်းလိုက်လာခဲ့ပေမဲ့ အဆောင်မှာမရှိပေ။ အနီးအနားက လူတွေမေးကြည့်တော့ ဆော့ဂျင်ကိုတွေ့တဲ့သူတွေရှိတယ်.. သူတို့ပြောတာက ဆေးခန်းဘက်ကိုသွားတယ်လို့ပဲ ဖြေကြတာ.. ထယ်ယောင်းလိုက်သွားပေမဲ့ မတွေ့ပေ။ ဒေါက်တာယွန်းဂီကလည်း ဆော့ဂျင်ကိုမတွေ့ဘူးတဲ့။ ဒါနဲ့ခေါင်းဆောင်ကင်ဆီကိုပါရောက်လာတော့တယ်။
"ဆော့ဂျင်ကိုတွေ့မိသေးလား"
"မလာပါဘူး.. ဘာဖြစ်လို့လဲ?"
"ဆော့ဂျင်ကို ဘယ်မှာမှရှာမတွေ့ဘူး"
"ဗျာ!"
နမ်ဂျွန်းဆီရောက်နေမယ်လို့တွေးထားပေမဲ့ အခုမတွေ့တော့.. ထယ်ယောင်းရင်တွေအရမ်းပူလာတော့တယ်။ ဆော့ဂျင်ကိုရှာဖို့ ခြံထဲကအလုပ်သမားအားလုံးကိုပါ အမိန့်ပေးလိုက်တယ်။ အကုန်ရုပ်ရုပ်သဲသဲတွေဖြစ်ကုန်ကြတယ်။ တခြံလုံးနေရာတွေနှံ့နေပြီ တယောက်မှမတွေ့ကြသေးပေ။
ဆော့ဂျင်ထွက်သွားတော့ ဘယ်လိုမှမဖြစ်နိုင်ပေ။ ကားလည်းမရှိသလို ပစ္စည်းတွေကလည်းအကုန်ဒီမှာ.. ထယ်ယောင်းဆံပင်တွေကို စိတ်ပျက်စွာဆွဲဖွမိလိုက်မိတယ်။ တယောက်ယောက်ခေါ်သွားတာမျိုး မဟုတ်ပါနဲ့လို့ပဲဆုတောင်းမိတယ်။
ထယ်ယောင်းအခန်းထဲကနေ CCTVတပ်ထားတဲ့နေရာအချို့ကပုံရိပ်တွေကို နမ်ဂျွန်းနဲ့အတူ ကြည့်နေတယ်။ မသင်္ကါစရာဘာမှမတွေ့ပေ။ ထိုစဥ်ထယ်ယောင်းအိတ်ကပ်ထဲက ဖုန်းမြည်လာတော့တယ်။
☎ ~Unknown number
"လိုက်ရှာနေတာ ပင်ပန်းနေပြီလား.. ကင်ထယ်ယောင်းရှီ!"
"မင်းဘယ်သူလဲ?! ဆော့ဂျင်ကိုခေါ်သွားတာလား!!"
"အိုး.. အသံကတော်တော်ကျယ်နေပါလား.. ဒေါသတွေကြီးပဲကွာ အပြင်မှာသာဆို ငါ့ကိုထိုးနေလောက်ပြီထင်တယ်.."
"ဂျောင်မင်.. ဆော့ဂျင်ဘယ်မှာလဲပြော! အခုချက်ချင်း!!"
"စိတ်လျော့ပါအုံး~ ပြောမှပါ.. ဒါပြောဖို့ပဲဆက်သွယ်လိုက်တာလေ"
"..."
"မင်းတယောက်တည်းလာရမယ်.. မင်းရောက်လာရင်ဆော့ဂျင်လွှတ်ပေးမယ် ဘယ်သူ့ကိုမှမပြောနဲ့ ဘယ်သူကိုမှလည်းမခေါ်လာနဲ့ ရဲလည်းမတိုင်ရဘူး.. ခြံအနောက်ဘက် ရွာငယ်အကျော်က တောအုပ်ကိုလာခဲ့.."
"မင်းသဘောပဲ.. နေရာကိုအတိအကျပြောလေ.."
"အဲ့နားသာလာခဲ့ ငါ့လူတွေလာခေါ်လိမ့်မယ်"
"တောက်ခ်"
"သူဌေး.. တကယ်သွားမလိ​ု့လား? သူတို့ကယုံရပါ့မလား"
"ဆော့ဂျင်ကိုတခုခုလုပ်လိုက်မှာပေါ​့.. ခဏလေးတောင်ဒီမှာမနေနိုင်တော့ဘူး!! သူအစကတည်းကဆော့ဂျင်ကို ဘယ်လိုတွေသဘောထားနေလဲ ငါအသိဆုံး.."
"ဒါပေမဲ့လည်း စိတ်လိုက်မာန်ပါမလုပ်ပါနဲ့.."
"ဒီနည်းလမ်းပဲရှိတာလေ"
"ဒါတော့ဆောင်သွား.. သိပ်မသိသာဘူး"
ဓားအငယ်လေးတချောင်းကို ထယ်ယောင်းခါးအနောက်ဘက်မှာ ထည့်ပေးထားလိုက်တယ်။ သေနတ်ယူသွားရင် လက်နက်ယူလာတယ်ဆိုပြီးဖြစ်အုံးမယ်။
"ဂရုစိုက်ပြီးသွားပါ~ ကျွန်တော်လည်း ဆော့ဂျင်ကို ဘာမှမဖြစ်စေချင်ပါဘူး.. အခုချက်ချင်းလိုက်လို့မဖြစ်တာနားလည်ပါတယ်.. ၁နာရီလောက်ကြာတာနဲ့ လိုက်လာပါ့မယ်.. ဂရုစိုက်ပါ"
ထယ်ယောင်းထွက်သွားပြီးမှ နမ်ဂျွန်းသက်ဆိုင်ရာကို တိုင်ကြားပြီး လိုက်လာဖို့စစီစဥ်ရတယ်။
🍃🍃🍃
ဆော့ဂျင်နိုးလာတော့ ကုတင်တခုပေါ်မှာ.. ခေါင်းတွေမူးဝေနေသေးသလိုပင်.. ဘယ်နေရာမှန်းလဲမသိပေ အခန်းကလည်း တခါမှမမြင်ဖူးတဲ့အခန်း.. လက်ကောက်ဝတ်နေရာကနေ တင်းကျပ်မှုတခုကို ခံစားလိုက်ရတယ်။
လက်တဖက်ကို ကြိုးတုပ်ပြီး ကုတင်တိုင်နဲ့တွဲချည်ထားတာ.. ကျန်တဖက်ကတော့ဒီအတိုင်းထားထားတယ်။ ဆော့ဂျင်လှဲနေရာကနေ ထထိုင်လိုက်တယ်။ ကျန်လက်တဖက်နဲ့ကြိုးဖြည်ဖို့ ဆော့ဂျင်ကြိုးစားနေမိတယ်..
"ဒုန်း!!"
ကျယ်လောင်သောတံခါးဖွင့်သံနှင့်အတူ အခန်းထဲဝင်ရောက်လာသူက ဂျောင်မင်။
"နိုးနေပြီလား.. ဂျင်လေး"
"မင်းဘာလုပ်တာလဲ? ဘာလို့ငါ့ကိုခေါ်လာရတာလဲ"
"ထယ်ယောင်းကြောင့်ပေါ့.. ထယ်ယောင်းကိုအပြစ်တင်လိုက်.. သူ့ကိုသတ်ချင်လို့မင်းနဲ့မျှားခေါ်တာ"
"သူ့ကိုမခေါ်နဲ့ ငါ့ကိုပဲသတ်လိုက်! သတ်လိုက်လို့!!"
"အရမ်းမအော်ပါနဲ့ ဂျင်လေးကအဲ့လိုပုံစံမဟုတ်ပါဘူး"
"မင်းကရော.. ဘာလို့အခုလိုဖြစ်သွားတာလဲ ငါအရင်သိဖူးတဲ့သူငယ်ချင်းက အဲ့လိုမဟုတ်ပါဘူး"
"သူငယ်ချင်းတဲ့လား~ ဟိုးအရင်ကအကြောင်းတွေကို တော်လိုက်တော့!!"
ဂျောင်မင်အသံကြောင့် ဆော့ဂျင်ကိုယ်လေးတုန်တက်သွားတယ်! ဂျောင်မင်က တဖြည်းဖြည်းအနားကပ်လာတော့ ဆော့ဂျင်ထွက်ပြေးလိ​ု့လဲမရတာကြောင့် ကုတင်ခေါင်းရင်းဘက်ကို တိုးကပ်သွားတယ်။ ဂျောင်မင်ကတဖြည်းဖြည်းတိုးကပ်လာပြီး ဆော့ဂျင်မှေးဖျားအားကိုကိုင်ကာ
"အခုသူငယ်ချင်းမဟုတ်တော့ဘူးလေ.. ခဏနေရင် ငါကမင်းယောက်ျားဖြစ်တော့မှာ!"
"ဟင့်အင်း!!.. အဲ့လိုမျိုးမလုပ်နဲ့"
"အခုမလုပ်ပါဘူး ထယ်ယောင်းရှေ့မှာ လုပ်ပြမယ်"
"ကြိုး.. ကြိုးဖြည်ပေး"
"ထွက်ပြေးဖို့မကြိုးစားနဲ့ ဘယ်လိုမှမလွတ်နိုင်ဘူး အပြင်မှာအစောင့်တွေရှိတယ် ငြိမ်ငြိမ်နေပြီး ထယ်ယောင်းလာတာကိုစောင့်နေ.. ဒုန်း!!"
ဂျောင်မင်ထွက်သွားပြီးမှ ဆော့ဂျင်ငိုနေမိတယ်။ ထယ်ယောင်းကိုမလာစေချင်ပါ ထယ်ယောင်းအသက်ကိုတကယ်စိုးရိမ်တယ် သူကထယ်ယောင်းကို တကယ်သတ်မယ့်ပုံစံပင်။
ခဏအကြာမှာ အခန်းတံခါးပွင့်လာပြီး.. ရောက်လာသူက ထယ်ယောင်းပင်။ ထယ်ယောင်းအခန်းထဲဝင်လာပြီး ဆော့ဂျင်ကိုပြေးဖက်လိုက်မိတယ်။ ဆော့ဂျင်ကငိုထားသည်ထင် မျက်နှာလေးကရဲနေပြီး.. မျက်ရည်စလေးတွေရှိနေသေးတယ်။
"တောင်းပန်ပါတယ် ကိုယ်လာတာနောက်ကျသွားတယ်"
"ဟင့်~ အီး.. ဘာလိ​ု့လာတာလဲ? ဂျောင်မင်ကမင်းကိုသတ်လိမ့်မယ် ဟင့်~ "
"မငိုပါနဲ့.. ကိုယ်ဘာမှမဖြစ်ဘူး" ပြောနေရင်း ဆော့ဂျင်လက်ကကြိုးကို ဖြည်ပေးနေတယ်~
"ကဲ! အဲ့လောက်နှုတ်ဆက်ရင်ရပြီ"
အနောက်ကနေ ဂျောင်မင်ဝင်ရောက်လာပြီး သူ့လူနှစ်ယောက်က ထယ်ယောင်းကိုဆော့ဂျင်အနားမှဆွဲထုတ်ပြီး ချုပ်ထားကြတယ်။
"ထယ်ယောင်း!!"
ဆော့ဂျင် ထယ်ယောင်းအနားကိုသွားချင်ပေမဲ့ လက်ကကြိုးက မပြေသေးပေ။
th "ဂျောင်မင်! ငါရောက်လာပြီပဲ! ဆော့ဂျင်ကိုလွတ်ပေးလိုက်တော့"
"မလွတ်ပေးပါဘူး.. ဟ ဟား.."
th "ငါရောက်လာပြီ.. မင်းပြောထားအတိုင်းပဲလုပ်.. မအေး-ိုး"
"ပါးစပ်ပိတ်ထား.. ငတုံးကောင် ခွပ်! ခွပ်!!"
ထယ်ယောင်းကို သူ့လူနှစ်ယောက်ကချုပ်ထားတာကြောင့် ဂျောင်မင်ဆက်တိုက်ထိုးတော့တယ်။ ထယ်ယောင်းနှာခေါင်းရော ပါးစပ်မှပါသွေးတွေကျလာတော့တယ်။
jin "တောင်းပန်ပါတယ်~ ထယ်ယောင်းကိုမလုပ်ပါနဲ့တော့"
"...." ထယ်ယောင်းနာကျင်လွန်းလိ​ု့ ပြန်မအော်နိုင်တော့ပေ။ ဒါပေမဲ့မျက်ထောင့်နီကြီးဖြင့်လှမ်းကြည့်နေတာ။
ဂျောင်မင်ဆော့ဂျင်အနားလာလိုက်ပြီး ပါးဖောင်းဖောင်းလေးအား ညစ်ထားလိုက်ကာ..
"ဟက်.. တော်တော်လေးချစ်နေကြတယ်ပေါ့"
th "မင်းငါ့ကိုသတ်ချင်တာဆိုရင် သတ်လိုက်တော့ ဆော့ဂျင်လွှတ်လိုက်!! လွှတ်လိုက်လို့!! ခွေးကောင်! အ့"
သူ့လူတွေကိုမျက်စပြလိုက်တာနဲ့ ထယ်ယောင်းကို လက်နောက်ပြန်ကြိုးတုပ်ပြီး ဒူးထောက်ကာနေစေတယ်။ ပါးစပ်ကိုလည်း တိပ်ဖြင့်ပိတ်ပြီး ထွက်သွားကြတယ်~
"ထယ်ယောင်း.. ငါပြောတာပဲနားထောင်တော့ ဖျပ်.. ဖျပ်"
ဂျောင်မင်ကလှောင်ပြောင်သလို ထယ်ယောင်းပါးကိုနှစ်ချက်လောက်ရိုက်လိုက်ကာ.. မထီမဲ့မြင်ဆိုတယ်။
ဆော့ဂျင်ကတော့ ကုတင်ပေါ်မှကုပ်ကုပ်လေးထိုင်နေပြီး ထယ်ယောင်းကိုကြည့်ရင်း ငိုနေမိတယ်။ ဒါနှစ်ယောက်တွေ့ဆုံရတဲ့ နောက်ဆုံးအချိန်လေးဖြစ်သွားနိုင်တယ်~
"ငါအခုမင်းကိုသတ်မယ်.. မင်းအဖေကိုလည်းသတ်မယ်.. မင်းပိုင်တာအကုန်ယူမယ်.. စည်းစိမ်တွေအကုန်.. ဆော့ဂျင်ကိုရောပေါ့"
".. " ထယ်ယောင်းအသံထွက်ခွင့်မရပေမဲ့ ထယ်ယောင်းရင်ဘတ်ကဖောင်းလိုက်ပိန်လိုက်ဖြင့် အသက်ရှူနှုန်းမြန်စွာဒေါသဖြစ်နေမှန်းသိသာတယ်။ ဆော့ဂျင်က ဘာစကားမှမပြောတော့ပေ မျက်ရည်တွေစီးကျနေတယ်။
"ဒီမှာသေနတ်တွေ့လား.. တချက်တည်းနဲ့အ​​သေသတ်လိုက်လို​့.. ဒါပေမဲ့လက်ဆောင်ပေးချင်သေးလို​့ မင်းကိုမသတ်ခင်လေး နောက်ဘဝအထိစွဲထင်သွားမယ့် မြင်ကွင်းမျိုးပြပေးမယ် ဒီကနေထိုင်ကြည့်နေ.."
ဆော့ဂျင်လက်ကလေးကို ကိုင်ကာအသံထွက်အောင် တချက်နမ်းလိုက်တယ်။
"ဂျောင်မင်~ အဲ့လိုမလုပ်ပါနဲ့~ ဟင့် တောင်းပန်ပါတယ်"
ကိုယ်ချစ်တဲ့သူကိုအခြားတယောက်က ကိုယ့်ရှေ့မှာကို အဓ္ဓမကျင့်ဖို့ကြံနေပေမဲ့ ဘာမှကာကွယ်မပေးနိုင်ဘူး~ ကိုယ်ချစ်တဲ့သူကအခြားတယောက်ကို ငိုပြီးတောင်းပန်နေတာကိုလည်း ဘာမှမတတ်နိုင်ဘဲ ထိုင်ကြည့်နေရတဲ့အဖြစ်..
ထယ်ယောင်းအနောက်ခါးကြားမှာ ဝှက်ပြီးယူလာတဲ့ ဓားအသေးလေးကိုဆွဲထုတ်ပြီး ကြိုးကိုဖြည်းဖြည်းချင်းဖြတ်နေတာကို ဂျောင်မင်မသိပေ။ လက်ကအနေအထားမမှန်တော့ ဓားနဲ့ဖြတ်နေတာက ထင်ထားတာထင်ပိုကြာနေတယ်။
ဂျောင်မင်က ဆော့ဂျင်အပေါ်အုပ်မိုးလိုက်တော့ ဆော့ဂျင်ကိုယ်လေးတဆတ်ဆတ်တုန်နေတယ်။ တုန်ရီနေတဲ့လက်တဖက်တည်းဖြင့် ဂျောင်မင်ရင်ဘတ်ကိုတွန်းထုတ်ထားမိတယ်။
"ဟင့်~ မ~ မလုပ်ပါနဲ့"
"မင်းကို ကြိုးဖြည်ပေးလိုက်မယ်.. ရုန်းကြည့်ပေါ့ဂျင်လေးရယ် ဒါမှပိုပျော်ဖို့ကောင်းမှာ"
"ငါတောင်းပန်ပါတယ်~ မလုပ်~ မလုပ်ပါနဲ့"
ကြိုးဖြည်ပေးလိုက်လည်း ဆော့ဂျင်ဘယ်လိုမှရုန်းမရတာကြောင့် တောင်းပန်နေမိတယ်။
ဆော့ဂျင်ရဲ့အင်္ကျီကြယ်သီးတွေကို တလုံးချင်းဖြုတ်နေလိုက်တယ်။ ထယ်ယောင်းရှေ့မှာမိ​ု့ တမင်အချိန်ဆွဲပြီးလုပ်ပြနေခြင်းပင်~
ထယ်ယောင်းကတော့ ဒေါသထွက်လေ ကြိုးကို ပိုပြီးကြိုးစားဖြတ်နေတယ်။ ဒါပေမဲ့မြင်နေရတဲ့မြင်ကွင်းကြောင့် ထယ်ယောင်းလက်တွေတုန်ရီနေသေးတယ်။ ဓားကပဲတုံးနေတာလား ကြိုးတွေကပဲအထပ်ထပ်ဖြစ်နေလို့လားမသိပေ။ ဘယ်လိုမှမပြတ်သေးပေ ဆော့ဂျင်ကပါသွားတော့မယ်။ ဒီလိုမျိုးတော့အဖြစ်မခံနိုင်ပါ။
ဆော့ဂျင်အင်္ကျီကြယ်သီးတွေမရှိတော့ ရင်ဘတ်ဖွေးဖွေးလေးကပေါ်လာတယ်။
"အရမ်းလှတာပဲ ဂျင်လေးရယ်.. ငါတို့ချစ်သူတွေဖြစ်ကြတုန်းက ငါမသိခဲ့ဘူး.. သိခဲ့ရင်အဲ့ကတည်းကလုပ်မိမှာ.. နောင်တရလိုက်တာ"
"မလုပ်ပါနဲ့ တောင်းပန်ပါတယ်.. ဟင့်~"
ဆော့ဂျင်လက်တွေကိ​ု အိပ်ယာပေါ်ဖိကပ်ထားကာ လည်ပင်းသားတွေကို ဂျောင်မင်က နမ်းရှိုက်လာတော့တယ်။ ဆော့ဂျင်ရေရွတ်မိတဲ့စကားလုံးက
ငါ့ကိုမကြည့်ပါနဲ့~ တောင်းပန်ပါတယ်။ ထယ်ယောင်း~
နမ်ဂျွန်းတို့လိုက်လာနေပေမဲ့ မရောက်သေးပေ။ ရွာအကျော်က တောအုပ်ငယ်ဘက်ကိုရောက်နေပေမဲ့ နေရာအတိအကျမသိတာကြောင့်. လူခွဲရှာနေပေမဲ့ အခုထိထူးခြားမှုမရှိသေးပေ။
Part 29 (END)🍃
တန်းလန်းမအော်ကြပါနဲ့နော်~ညကျရင် နောက်တပိုင်းထပ်လာမည်🍃💚
[Zawgyi]
"အင်း.. ပြောပါ"
"မင်းက ဘယ်လိုသိတာလဲ"
"ဗျာ!"
☎ ~Unknown number
"..."
"တောက်ခ်"
"ဒီနည်းလမ်းပဲရှိတာလေ"
🍃🍃🍃
"ဒုန်း!!"
"နိုးနေပြီလား.. ဂျင်လေး"
"ကြိုး.. ကြိုးဖြည်ပေး"
"ထယ်ယောင်း!!"
"မလွတ်ပေးပါဘူး.. ဟ ဟား.."
"ဟင့်~ မ~ မလုပ်ပါနဲ့"
Part 29 (END)🍃
တန်းလန်းမအော်ကြပါနဲ့နော်~ခဏနေ နောက်တပိုင်းထပ်တင်ပေးမယ်💚
There are no comments yet. Log in to be the first to leave a review!
Similar stories