Fanfics
3🍃
19:18, 13 April 2023
[Unicode]
"တီး.. တီး... " အိမ်ရှေ့ဘက်မှ ကားဟွန်းတီးသံကြားမှ အိပ်ယာကနေနိုးလာတယ်ဒီနေ့တော့ ကင်ဆော့ဂျင်အိပ်ယာထနောက်ကျနေခြင်းပင်..
"အာ.. ဒုက္ခပါပဲ.. Alarmကဘာလို့မ​မြည်ရတာလဲ" နာရီကြည့်လိုက်တော့ ၈နာရီထိုးတော့မယ် ဆော့ဂျင်အလုပ်သွားဖို့ အမြန်ဆုံးပြင်ဆင်ရတော့တယ်
"အကို ကျွန်တော်နောက်ကျသွားလို့တောင်းပန်ပါတယ်"
Kimအိမ်တော်က လာကြိုပေးတဲ့ ဒရိုင်ဘာကိုပြောလိုက်ခြင်းပင်။
"ရပါတယ်"
အလုပ်နေရာကိုသွားနေတုန်း အမေ့ဆီမှ ဖုန်းဝင်လာခဲ့တယ်
"Hello..."
"သား... အမေကြောက်တယ်.~" တုန်ရီနေတဲ့အမေ့အသံကြောင့် ဆော့ဂျင်လန့်ပြိး စိတ်ပူသွားတယ်.. ဖုန်းထဲမှာလည်း ဘေးက ဆူညံသံတွေပါကြားနေရသေးတယ်
"အမေ.. ဘာဖြစ်တာလဲ အခုချက်ချင်းလာခဲ့မယ်.."
"အမေ.. တခုခုဖြစ်နေတာထင်တယ်.. အကိုရေ ဆိုင်ဘက်ကို လိုက်ပို့ပေးလို့ရမလား"
"ဒါပေမဲ့.. "
"လုပ်ပါ ပို့ပေးပါ ကျွန်တော်တောင်းပန်ပါတယ်.. သခင်ကြီးကိုလည်း ကျွန်တော်တောင်းပန်ပါ့မယ်... အမေ့ဆိုင်ကို အခုမောင်းပေးပါ"
ဆော့ဂျင်အသံတွေပါ တုန်ရီနေပြိး စိတ်ပူနေတဲ့ပုံစံနဲ့ဖြစ်နေတာကြောင့် လိုက်ပို့ပေးခဲ့တယ်..
ဆိုင်ရောက်ရောက်ချင်းမြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ဆော့ဂျင်အရမ်းလန့်သွားတယ်.. ဆိုင်တဆိုင်လုံးပစ္စည်းတွေလည်း ရှုပ်ဖွ ပန်းကွဲတွေလည်း ကျကွဲထားတယ်
အမေက လူကြီးတယောက်ရဲ့ခြေထောက်ကိုဖက်ပြီး တောင်းပန်နေတာ...
ဆော့ဂျင်လည်း အမေ့ဆီသွားတော့ အမေက ငိုပြိးပွေ့ဖက်လာတယ်..
"အမေ.. ဘာတွေလဲ ဘယ်လိုဖြစ်တာလဲ! "
"မင်းက သူ့သားလား "
"ဟုတ်တယ် ခင်ဗျားတို့ကဘယ်သူလဲ ဘာလို့ဆိုင်ကိုဖျက်ဆီးထားရတာလဲ"
"သူ့သားဆို တခါတည်းပြောမယ်.. ငါကအကြွေးရှင်ပဲ မင်းအမေဆပ်ရမယ့်အကြွေးတွေရှိတယ် ဒေါ်လာ၂သိန်းရှိတယ်.. အကြွေးဆပ်ဖို့ အချိန်၃ရက်ပေးမယ်" ပြောပြီးထွက်သွားတယ်
ဆော့ဂျင် ဘာမှထပ်မပြောနိုင်လောက်အောင် တိတ်ဆိတ်သွားတယ်. သူလုံးဝမယုံနိုင်ပါ အမေက အဲ့လိုမျိုးမဟုတ်နိုင်။ ခဏတာငြိမ်သက်ပြီးမှ
"အမေ.. သူပြောတာတကယ်လား.. "
"အမေ.. အမေတောင်းပန်ပါတယ်.." ငိုယိုပြီးပြောလာတော့ သူ့မှဘာပြောစရာစကားမှမရှိတော့။
"အမေ.. အမေလည်းအစက နည်းနည်းပဲခ​ျေးတာပါ အတိုးနဲ့မို့လို့များသွားတာ "
"ဘာလို့လဲ.. ဆိုင်ခန်းခရော ကျွန်တော်ပေးနေတဲ့လစာတွေကရော ဘယ်လိုသုံးလိုက်တာလဲ.. ကျွန်တော်လည်းပိုက်ဆံအလုံလောက်ပေးထားရဲ့နဲ့.. အမေ မဟုတ်တာ တခုခုလုပ်နေတာမယ့်လား"
"အမေ.. အမေတောင်းပန်ပါတယ် သားရေ... အမေ ဖဲကစားမိတာကြောင့်ပါ.. အမေ့အမှားတေ​ွပါ.. အမေနောက်ထပ်မလုပ်တော့ပါဘူး တောင်းပန်ပါတယ် " ငိုယိုပြီးပြောနေတဲ့ အမေ့စကားတွေကိုလည်း ပြန်ပြီးမပြောချင်တော့ဘူး
"အခု ဘယ်လိုဆက်လုပ်ရတော့မလဲ" စိတ်ထဲမှာ အရမ်းပူလောင်လာပြီး မျက်ရည်တွေပါကျလာပြိ..
ဘယ်လိုလုပ်ရမလဲ.. အမေ့အကြွေးဆိုတော့ ကိုယ်ပါဆပ်ပေးဖို့ နည်းလမ်းရှာရအုံးမယ်.. ပိုက်ဆံပမာဏက အများကြီး ဒေါ်လာ၂သိန်း (ဝမ်နဲ့ဆိုသိန်း၂၀၀၀ကျော်)ကိုဘယ်လိုရှာရမလဲ။
အရင်ကတော့ အဖေ့ကိုအရက်တွေပဲသောက်နေလို့ စိတ်ပျက်မိတာ... အခု အမေကပိုဆိုးနေသလားလို့ အတွေးမျိုးဝင်မိပြန်တယ်
အကြွေးတွေအားလုံးကို အမေမဆပ်နိုင်ရင် သူဆပ်ရတော့မယ်မို့ ဆော့ဂျင်တယောက်အားကိုးမဲ့နေပီ ဂျောင်မင်ကိုရော ဘယ်လိုပြောပြရမလဲမသိ..
~~~~
တဖက်ကထယ်ဟွန်းကတော့ ကိုကိုလာရင် မိတ်ဆက်ပေးချင်တဲ့ seokjin hyung ကိုမျှော်နေတယ်။
"ထယ်ဟွန်း.. ဒ​ီနေ့ဆော့ဂျင်အရေးကြီးကိစ္စရှိလို့ မလာဖြစ်ဘူး"
"အာ.. ကိုကိုနဲ့မိတ်ဆက်ပေးမှာကို.." အလိုမကျတဲ့အသံလေးနဲ့​ ရေရွတ်မိလိုက်တယ်
အနောက်ကနေမျက်လုံးတွေကို လက်နဲ့လှမ်းမိတ်တာ ခံလိုက်ရတော့ လက်ချောင်းကလေးတွေကို စမ်းသပ်မိရင်း..
"ကိုကို... " ဝမ်းသာအားရ တင်းကျပ်စွာပွေ့ဖက်မိတယ်
"သိနေတာပဲ"
"ကိုကိုရဲ့ဒီလက်ချောင်းရှည်တွေကို ဘယ်မေ့ပါ့မလဲ.. ကိုကိုဒီတခေါက်ဟွန်းလေးအနားမှာ အကြာကြီးနေရမယ်"
"အကြာကြီးတော့ မရဘူးလေ.. ကိုကိုကအလုပ်များတာ သိတယ်မယ့်လား.. ဒီရက်ပိုင်းဟွန်းလေးဘာလုပ်ချင်လဲ ကိုကိုအားလုံးလုပ်ပေးမယ် ဟုတ်ပြီလား "
"ကိုကိုကလည်း.. " မျက်နှာလေးစူပုပ်ပြီး အလိုမကျဖြစ်နေတဲ့ ဟွန်းလေးရဲ့နဖူးကို ညင်သာစွာနမ်းလိုက်ရင်း..
"ကိုကို အချိန်အများကြီးမပေးနိုင်တာ တောင်းပန်ပါတယ်"
"ရပါတယ်.. အဲ့ဆိုဒီနေ့အပြင်လျှောက်သွားမယ် ကစားကွင်းလည်းသွားမယ် လိုက်ပို့ပေးမယ်နော်"
"သခင်လေး.. အလိုတကျပါဗျ..."
"ဒါနဲ့ ကင်ဆော့ဂျင်ဆိုတာက ဘယ်မှာလဲ "
"ဒီနေ့ခွင့်ယူထားတယ် ဟွန်လေးကလည်း ကိုကိုနဲ့မိတ်ဆက်ပေးချင်နေတာ.. Seokjin hyungက အရမ်းချောတာ.. စိတ်ကောင်းလည်းရှိတယ် ဟွန်းလေးကိုလည်းဂရုစိုက်တယ် .... "
"ဟုတ်ပါပြီ.. သူ့အကြောင်းပြောလိုက်ရင်ကို မရပ်တော့ဘူးပဲ အရမ်းသဘောကျနေတယ်ထင်တယ် "
"အဲ့လို မဟုတ်ပါဘူး" ဟွန်းလေးက အဲ့လိုလည်းရှက်တတ်သေးတယ်။
"ကဲ... သွားမယ်... "
"ကိုကိုက.. ဘာလို့maskတပ်တာလဲ"
"ကိုကိုက အရမ်းခန့်တော့ ကိုယ်ရောင်ကိုယ်ဝါထွက်နေလို့ပါ.. ဟဟ"
တကယ်တော့ maskတပ်ရခြင်းက ရုပ်တူနေတဲ့အမြွာနှစ်ယောက်အတူတူသွားရင် လူတွေသတိထားမိပြီး ထင်ပေါ်နေတာမျိုးကို စိတ်ရှုပ်လို့ပါ..
ဒီနေ့တနေ့လုံးတော့ ကင်မ်ထယ်ယောင်းတယောက် ထယ်ဟွန်းနဲ့အတူကစားကွင်းမှာပေါ့။
~~~~
ဆော့ဂျင် ဆိုင်ကပစ္စည်းတွေအားလုံးရှင်းပေးရတယ် ဆိုင်ခန်းရှင်ကလည်း သူ့ဆိုင်ခန်းပါဖျက်ဆီးခံရတော့မှာမလို့ အရှုပ်အထုပ်တွေဆိုပြီး ငှားခပါပြန်အမ်းပြီး နှင်ထုတ်ပြန်တယ်..
အိမ်ပြန်ရောက်တော့ အမေကိုအခန်းထဲလိုက်ပို့ပြီး နှစ်သိမ့်ပေးရပြန်တယ် ဘယ်လိုပဲအပြစ်တွေလုပ်လုပ် ကိုယ်ချစ်ရတဲ့အမေပဲလေ..
မီးဖိုခန်းထဲမှာတော့ အရက်သောက်ပြီးပရမ်းပတာလျှောက်ပြောနေတဲ့ အဖေပေါ့ ဘယ်လိုအားကိုးရမလဲ အဲ့လိုအဖေကို.. အဖေ့ကိုကြည့်ပြီး ဆော့ဂျင်မျက်ရည်တွေကျလာပြန်တယ်..
စိတ်ကိုဘယ်လိုမှထိန်းမထားချင်တော့ပေ။ မျက်ရည်တွေအားလုံးကို လွှတ်ပစ်ပြီး အားရပါးရငိုပစ်လိုက်တယ်.. ဘာလုပ်ရမလဲဆိုတာလည်း မသိတော့ပေ။
~~~~
မိုးလင်းတော့ Missed call တွေအများကြီးတွေ့ရတယ် ဂျောင်မင်ဆီက..ဆိုင်ခန်းကိစ္စသူသိသွားပြီထင်တယ်..ဂျောင်မင်ဆီလည်း ပြန်မဆက်တော့ဘူး.. ဒီအကြောင်းတွေလည်း ဘာမှပြောချင်စိတ်မရှိသေးပေ။
ဒီနေ့တော့အလုပ်သွားရအုံးမည်။ သခင်ကြီးဆီအရင်ဝင်အုံးမယ်။ မနေ့ကမလာဖြစ်တဲ့အ​ကြောင်းလေး ခွင့်တိုင်ရင်းပေါ့။
"Hyung~~ လွမ်းနေတာ" ဒီနေ့တော့ဟွန်းလေးက ခါတိုင်းနဲ့မတူ ရွင်မြူးနေတယ်လို့ ပြောရမယ်
"ပျော်နေတဲ့ပုံပဲ... ဟွန်းလေးကိုကိုနဲ့တွေ့ရပြီးပြီပေါ့"
"ဟုတ်တယ်.. မနေ့က ကစားကွင်းလည်းသွားတယ် မုန့်တွေလည်းစားတယ် ပြီးတော့ဆေးလည်း သေချာသောက်ထားတယ်"
"အရမ်းလိမ္မာတာပဲ"
"ကိုကိုနဲ့မိတ်ဆက်ပေးချင်တာ... ကိုကိုကခြံထဲသွားတယ်"
"နောက်မှပေါ့ကွာ Hyungက နောက်နေ့တွေလည်းလာအုံးမှာကို.. "
"ကိုကိုနဲ့Hyungက တွေ့ရဖို့ကံကိုမပါသေးတာ"
~~~
"ဘာလဲကွာ ဒီအချိန်ကြီး.. "
"ဒီချိန်ပဲဆက်ရမှာလေ.. အခုကလပ်မှာ လာခဲ့.. "
"မင်းက ဘယ်လိုဘယ်လို.. "
"ငါkoreaရောက်နေတာကွ.. လာခဲ့ "
"ဂျွန်ဂျောင်ဂု~~ မင်းကတော့.."
ဟွန်းလေးကိုကြည့်လိုက်တော့ အိပ်နေပြီဆိုတော့ ထယ်ယောင်းကားသော့ဆွဲပြီး ထွက်လာလိုက်တယ်..
ဟိုရောက်တော့ ဂျောင်ဂုနဲ့စကားပြောနေလိုက်ရင်း.. ကောင်တာဘက်မှာ တခုခုလာမေးနေတဲ့ မအူမလည်ပုံစံနဲ့ကောင်လေးဆီကို ကြည့်နေမိတယ်
"ဟိုလေ.. သူဠေးဂျွန်နဲ့တွေ့ချင်လို့ပါ ကင်မ်ဆော့ဂျင်လို့ ပြောပေးပါ"
ဆော့ဂျင်ကို ခြေဆုံးခေါင်းဆုံးကြည့်လိုက်ပြီး"ဒီမှာစောင့်နေ"
ခဏအကြာမှ "လိုက်ခဲ့.."
အကြွေးဆပ်ရမယ့်ရက်က ၃ရက်တည်း ဘယ်လိုမှမဖစ်နိုင်လို့.. အကြွေးရှင်ဖြစ်တဲ့ ကလပ်ပိုင်ရှင် သူဠေးဂျွန်ကို ရက်ထပ်တိုးပေးဖို့ပဲ လာပြီးတောင်းပန်တာဖြစ်တယ်.. ဒီနည်းလမ်းကလွဲပြီး အခြားဘာမှမရှိသေး။
ဂျောင်မင်လား။ သူ့ကိုတော့ အမေနေမကောင်းလို့ဆိုင်နားထားတယ်ပဲ ပြောထားတယ်။ သူသိရင် အကြွေးဆပ်ဖို့သူပါ အသည်းအသန်လိုက်ကြိုးစားပေးမှသိပေမဲ့ အပူမပေးချင်တော့ပေ။ သူ့မိဘတွေက အစကတည်းက ကိုယ့်ကိုကြည်ဖြူကြတာမဟုတ်ဘူး။
ထယ်ယောင်းကြည့်နေတဲ့ဘက်ကို ဂျောင်ဂုပါကြည့်လိုက်ရင်း..
"အချောလေးပဲ.. ဒယ်ဒီဟာလေးတွေပဲဖြစ်မယ် သူကအသစ်ထင်တယ်.. မင်းစိတ်ဝင်စားလို့လား.."
"တော်ပါ အဲ့လိုကောင်တွေစိတ်မဝင်စားဘူး.. ရွံစရာ.. ပိုင်းလုံးကောင်တွေ.. "
"မင်းကတော့ကွာ... " ဒီလိုကိစ္စတွေ စိတ်မဝင်စားတတ်တဲ့ ထယ်ယောင်းကိုကြည့်ရင်း ခပ်သွက်သွက်ရယ်လိုက်မိတယ်။
~~~
သူဠေးဂျွန်ဆီခေါ်သွားတဲ့အခန်းက မှောင်မည်းနေပြီး ဘေးမှာ အတိုအပြတ်နဲ့မိန်းကလေးတွေရောရှိသေးတယ်
"မင်းက ကင်မ်ဆော့ဂျင်လား .. ပြော... ဘာကိစ္စလဲ အကြွေးလာဆပ်တာလား"
"မဟုတ်.. မဟုတ်ပါဘူး ရက်ထပ်~ ထပ်တိုးပေးဖို့ပါ.." အခန်းရဲ့အငွေ့အသက်ကြောင့် ဆော့ဂျင်ကြောက်နေမိတယ်
"ကောင်းပြီလေ.. ၁ပတ်အချိန်ပေးမယ်"
"၁လ~ ၁လလောက်တော့အချိန်ပေးပါ.. တောင်းပန်ပါတယ်" ဆော့ဂျင်ဒူးထောက်ပြီး တောင်းပန်မိတယ်
"အမ်း..." တခုခုစဥ်းစားဟန်ပြုကာ အနားကိုလျှောက်လာပြီး.. ဆော့ဂျင်မျက်နှာလေးကို မှေးကနေ ဆွဲမော့လိုက်ပြီး သေချာစေ့စပ်စွာ ကြည့်တယ်။
"၁ပတ်ပဲ အချိန်ရမယ်.. ၁ပတ်ပြည့်ရင် ပိုက်ဆံလာပေး။ ပိုက်ဆံမပေးနိုင်ရင်လည်း မင်းတယောက်ထဲလာခဲ့ မင်းကိုသိမ်းမယ်"
"ဒီလိုမျိုးတော့ မလုပ်ပါနဲ့.. တောင်းပန်ပါတယ်"
"မြန်မြန်သွားလိုက်တော့.. မဟုတ်ရင်.. အခုပဲမင်းကိုသိမ်းရမလား"
ဆော့ဂျင် ကြောက်လန့်ပြီးထွက်လာမိတယ်.. သူ့မှာဘာနည်းလမ်းမှမရှိတော့ဘူး.. ငါ့ကိုယ်ငါရောင်းရတော့မှာလား.. တကယ်ပဲအဲ့လိုလုပ်ရတော့မှာလား။
Part 3 [END] 🍂
"ရေးသာရေးထားတာ.. ကိုယ့်စိတ်ထဲရှိသလိုမျိုးထိတော့ ပုံပေါ်အောင်မရေးတတ်သေးဘူး.. ကြိုးစားပြီးတော့ရေးနေပါတယ်.. အဆင်မပြေတာရှိရင်လည်း ဝေဖန်ပေးကြပါ..
Voteအတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်💚
[Zawgyi]
"ရပါတယ်"
"Hello..."
"ဒါပေမဲ့.. "
"မင်းက သူ့သားလား "
"အမေ.. သူပြောတာတကယ်လား.. "
"အမေ.. အမေတောင်းပန်ပါတယ် သားရေ... အမေ ဖဲကစားမိတာကြောင့်ပါ.. အမေ့အမှားတွေပါ.. အမေနောက်ထပ်မလုပ်တော့ပါဘူး တောင်းပန်ပါတယ် " ငိုယိုပြီးပြောနေတဲ့ အမေ့စကားတွေကိုလည်း ပြန်ပြီးမပြောချင်တော့ဘူး
~~~~
"သိနေတာပဲ"
"သခင်လေး.. အလိုတကျပါဗျ..."
"ကဲ... သွားမယ်... "
~~~~
~~~~
"အရမ်းလိမ္မာတာပဲ"
~~~
"ဘာလဲကွာ ဒီအချိန်ကြီး.. "
"မင်းက ဘယ်လိုဘယ်လို.. "
ခဏအကြာမှ "လိုက်ခဲ့.."
~~~
Part 3 [END] 🍂
There are no comments yet. Log in to be the first to leave a review!
Similar stories