Fanfics

2🍃

19:18, 13 April 2023

[Unicode]

"ခွမ်း... မသောက်ဘူး အဲ့ဆေးတွေယူသွား.. ထွက်သွား မလာနဲ့"

သူ့ကိုဆေးလာတိုက်ရင် မသောက်ဘဲဆေးတွေကို ပစ်ချတတ်ပြိး ရေခွက်ဆိုလည်းပစ်ခွဲသေးတယ် သူနာပြုတွေကိုသူမလိုချင်ဘူး.. ဆေးလည်းမသောက်ချင်ဘူး ... အဲ့အချိန်ဆို ငယ်ငယ်ကတည်းကအိမ်ကြီးမှာရှိလာတဲ့ အိမ်တော်ထိန်းparkက ချော့ပြီးပြောမှာသာ သောက်တယ်..

ဟွန်းလေးကို ဆေးမတိုက်နိုင်ရင် သခင်ကြီး(ထယ်အမြွာရဲ့အဖေ)က အဲ့သူနာပြုကိုအလုပ်ထုတ်ပြီး နောက်တယောက်ထပ်ခန့်ရပြန်တယ်.. သူနာပြုတွေက အဲ့တာကြောင့် ကြာကြာမခံတာပါ..

~~~~~

"ဟွန်းလေး အဲ့လိုမျိုးမဆိုးပါနဲ့.. သူနာပြုတွေရှာရတာခက်တယ်.."

"ကိုကိုက မြန်မြန်ပြန်လာတော့လေ.. ကိုကို့ကို လွမ်းလို့ပါ ဆိုးတာမဟုတ်ပါဘူး.."

"ကိုကိုက အလုပ်တွေမပြတ်သေးလို့လာပါ ဟွန်းလေးဆီလာချင်တာပေါ့ ဟွန်းလေးက လိမ္မာအောင်နေရင် မြန်မြန်ပြန်လာခဲ့ပါမယ်.."

"ဟုတ်.. ဒီတခေါက်ကျရင် ဘယ်သူပဲလာလာ လိမ္မာပါ့မယ်.. ဆေးလည်းသောက်ပါ့မယ်"

ထယ်ယောင်းနဲဖုန်းပြောနေရင်း မြန်မြန်ပြန်လာဖို့ ပူဆာနေတဲ့ ညီလေးထယ်ဟွန်းပါ..

ထယ်ယောင်းက ဂျပန်မှာဝိုင်ဖြန့်ချိရေးလုပ်ငန်းကို ဦးစီးနေတဲ့ စီးပွားရေးလုပ်ငန်းရှင်တယောက်ပါ..

ထယ်ဟွန်းနဲ့က အမြွာသာပြောတာ ဟွန်းလေးက ကလေးဆန်ပြီး ထယ်ယောင်းကတော့တည်တယ်ပေါ့.. ဆန့်ကျင်ဘက်လိုဖြစ်နေတယ်..

~~~~

အဖေက ဒီနေ့သူနာပြုအသစ်လာမယ်ပြောထားတော့ မနက်ဘက်ကို အစောကြီးနိုးနေခဲ့တယ်

ဒီတခါတော့ လိမ္မာတော့မယ် ဆေးလည်းသောက်မယ်လို့ စဥ်းစားထားတယ် ဒါမှကိုကိုပြန်လာမှာပေါ့...

အတွေးမှမဆုံးသေး အိမ်တော်ထိန်းparkရဲ့ ခေါ်သံကြောင့်လှည့်ကြည့်လိုက်တော့ ဘေးနားမှာပါလာတဲ့ သူနာပြုအကိုချောချောလေးကြောင့် 'လိမ္မာတော့မယ် ဆေးပုံမှန်သောက်မယ်' ဆိုတဲ့အတွေးကို အကောင်အထည်ဖော်နိုင်တော့မှာ အသေအချာပါပဲ

~~~

ဆော့ဂျင်တယောက်ဒီမှာအလုပ်လုပ်ရတာ အဆင်ပြေနေတယ် အလုပ်က မပင်ပန်းဘူး.. ထယ်ဟွန်းကလည်း ဆေးတိုက်ရတာမခက်ပါဘူး.. နည်းနည်းလေးချော့ပြောလိုက်တာနဲ့ သောက်တာပဲ.. ဘာလိုလိုနဲ့ အချိန်တောင်၁လပြည့်သွားပြီ

ဘာလို့များ အရင်လူတွေကကြာကြာမခံတာလဲဆိုတာ ဆော့ဂျင်စဥ်းစားမရပေ။

ထယ်ဟွန်းနဲ့အတူ ညနေဘက်ဆိုရင် ခြံထဲမှာလမ်းလျှောက်ပေးတယ်.. ပန်းပင်လေးတွေလျှောက်ကြည့်တယ်.. ခြံထဲက လူလုပ်ရေတံခွန်အလှလေးကို အတူတူကြည့်ကြတယ်..

ထယ်ဟွန်းက အပြင်မထွက်တော့ ခြံထဲမှာ ဒီလိုမျိုး မျိုးစုံလုပ်ထားခြင်းပင်.. တကယ့်ကို အပန်းပြေသွားမယ့် ဥယျာဉ်လေးတခုလိုပင်။

ဒီနေ့လည်း ထုံးစံအတိုင်းလမ်းလျှောက်နေကြရာ..

"Hyung.. ကျွန်တော့်နားမှာလာနေရတာ ပျင်းစရာကောင်းလား"

"မပျင်းပါဘူး ဘာလို့ပျင်းရမှာလဲ.. ပိုတောင်ပျော်သေးတယ်.. ဒီလိုမျိုးလမ်းလျှောက်ထွက်ရတာ အပျော်ဆုံးပဲ.. "

"Hyung.. ကျွန်တော့်ကိုဟွန်းလေးလို့ ခေါ်နော်.. "

"အွန်း ရတာပေါ့.. ဟွန်းလေး"

"hyung... ဒီမှာနေရတာပျော်တယ်ဆိုရင် နောက်အချိန်အကြာကြီးအထိ ဟွန်းလေးအနားမှာ နေပေးနော်.. "

"နေပေးမှာပေါ့.. ဟွန်းလေးက တကယ်ချစ်စရာကောင်းတာကို"

ဟုတ်ပါတယ် ဒီကောင်လေးက တကယ်ချစ်စရာကောင်းတာပါ ချွဲနွဲတတ်ပြီး တီတီတာတာလေးပြောတတ်သေးတယ်.. ပြောရရင်တော့ ကလေးဆန်တာပေါ့..

ပြီးတော့ အနားမှာရှိတဲ့သူတွေကိုလည်း သံယောဇဉ်တွယ်တတ်တယ် ထင်တယ်.. သူ့ကိုလည်း အနားကမထွက်သွားဖို့ တဖွဖွပြောတတ်သေးတယ်..

~~~~

ဂျပန်နိုင်ငံ တိုကျိုမြို့ရဲ့လေဆိပ်မှာ luggageတလုံးနဲ့လူတယောက် ဟိုငေးဒီငေးဆိုတာထက် လူတ​ယောက်ကိုလိုက်ရှာနေတဲ့ပုံစံ..

ဝတ်ထားတာကလည်း တီရှပ်အဝါလေးနဲ့ ဆံပင်တွေက အညိုရောင်လေး အရပ်ကပုပုသေးသေးလေးနဲ့ အဝေးကနေကြည့်လိုက်ရင် ကလေးလေးလိုပဲ

သူ့ကိုကြည့်နေရင်းနဲ့မှ ထယ်ယောင်းပြောထားတဲ့တယောက်က အဲ့ကောင်လေးလို့ထင်တာကြောင့် အနားကိုသွားပြီးနှုတ်ဆက်လိုက်တယ်..

"တဆိတ်လောက်.. Park jimin?"

"ဟုတ်ပါတယ်.. "

"ကင်မ်ထယ်ယောင်းက သူကိုယ်တိုင်မလာနိုင်လို့ လာကြိုခိုင်းလိုက်တာပါကျွန်တော်က ဂျွန်ဂျောင်ဂု ပါ"

မိတ်ဆက်လာတဲ့သူကို သေချာပြန်မနှုတ်ဆက်ဘဲ

"ရော့ သယ်လိုက်"

သူ့အိတ်ကို လက်ထဲအရောက်လာထည့်ပေးနေတော့ သယ်လာပေးလိုက်တယ်.. ထိုင်တော့လည်း ရှေ့ခန်းမှာမထိုင်ဘဲ နောက်ခန်းမှာထိုင်တာ သူ့ကြည့်ရတာ ကိုယ့်ကို ဒရိုင်ဘာတယောက်လို့ ထင်နေပုံပဲ..

အဲ့တော့မှ ကိုယ့်ပုံစံကိုပြန်ကြည့်မိတယ် တကယ်တော့ လေဆိပ်လာကြိုပေးရမယ့်ကိစ္စကို မေ့နေပြီး အချိန်နီးမှသတိရလာတော့ အမြန်လိုပြီး အိမ်မှာနေတဲ့အတိုင်းပေါ့ပေါ့ပါးပါးပဲ ဝတ်ပြီးထွက်လာလိုက်တာ..

ဒါပေမဲ့လည်း အဝတ်ကဘယ်လိုဖြစ်ဖြစ် ခန့်ညားလှတဲ့ ဒီမျက်နှာလေးကိုတော့ ဒရိုင်ဘာလို့ မထင်သင်ဘူးမယ့်လား

"Tae ~~ ကျွန်တော်ရောက်ပြီ.. "

ဝမ်းသားအားရပါပဲ ထယ်ယောင်းဆီကို ပြေးပြိးဖက်ထားလိုက်တာ တင်းကျပ်နေရော

"ဖြည်းဖြည်းဖက်ပါဟ... ငါသေတော့မှာပဲ"

"ငါက လွမ်းလွန်းလို့ပါ... ငါတို့မတွေ့ရတာကြာပြီလေ"

"အေးပါ ငါလည်းလွမ်းပါတယ် ဒါ​ကြောင့်ခေါ်လိုက်တာလေ"

ဂျီမင်က koreaမှာနေပြီး ထယ်ခိုင်းတဲ့အလုပ်တေ​ွအားလုံးပြိးမှ ဂျပန်ကိုလိုက်လာတာဖြစ်တယ်။ ထယ်ယောင်းက ဂျပန်မှာနေတာ ငါးနှစ်ရှိသွားပြီ Koreaပြန်ရင်လည်း ခဏပဲနေပြီး ပြန်လာတတ်တယ်.. ဒီတခေါက်တော့ ကိုရီးယားကို မရောက်ဖြစ်တာတော်တော်ကြာနေပြီ.. ထယ်ဟွန်းကလည်း ဖုန်းပြောတိုင်း ခဏခဏခေါ်နေတော့.. သူဒီတလောတော့ ပြန်ဖို့စီစဥ်နေပေမဲ့ အလုပ်က မအားသေး။

"ဂျီမင်.. ဒါက ဂျွန်ဂျောင်ဂုတဲ့ ငါ့သူငယ်ချင်းပေါ့ ရှယ်ယာရှင်လည်းဖြစ်တယ်.."

ဂျောင်ကုကတော့ ထယ်ယောင်းလုပ်ငန်းမှာ ရှယ်ယာထည့်ထားတဲ့သူတယောက်.. ထယ်ယောင်းသူငယ်ချင်းလည်းဖြစ်တယ် ဂျပန်ရောက်မှ ခင်မင်ကြခြင်းဖြစ်တယ်။

"အာ... ဟုတ်.. "

"ခုနက ငါ့ကိုဒရိုင်ဘာလို့ထင်လိုက်သေးတယ် မဟုတ်ဘူးလား အနည်းဆုံးတော့ တောင်းပန်ပါတယ်လို့တော့ ပြောသင့်တယ်မယ့်လား"

"မသိလို့ မှားတာလေ.. တောင်းပန်စရာမလိုဘူးထင်တယ်"

"တကယ်ပါပဲ ဘယ်လိုဟာလေးလဲ ... ထယ်ယောင်း.. သူက အတွင်းရေးမှူးရော ဟူတ်ရဲ့လား"

"ဟုတ်ပါတယ် အခုကအလုပ်ချိန်မဟုတ်လို့ပါ ပြီးတော့ သူက ငါနဲ့သူငယ်ချင်းလေ ငယ်ငယ်ကတည်းက ပေါင်းလာတာ"

ဂျီမင်က အိမ်တော်ထိန်းparkရဲ့ သားပါ... ငယ်ငယ်ကတည်းက ထယ်တို့အမြွာနဲ့အတူတူ ကြိးပြင်းလာတဲ့ကောင်လေးပါ အလုပ်ဝင်တော့လည်း ထယ်ဆီမှာပဲ အတွင်းရေးမှူးအနေနဲ့ပေါ့..

ထယ်ယောင်းနဲ့ဂျီမင်းက အရမ်းရင်းနှိးပြီး ချစ်ခင်ကြတဲ့သူတွေပါ ဂျီမင်က အလုပ်မှာတော့သေချာတဲ့သူမို့ ထယ်ယောင်းကစိတ်ချရတာ။

"ဒါနဲ့.. အခုထယ်ဟွန်းနားမှာ နေပေးတဲ့သူနဲ့ရော တွေ့ဖြစ်သေးလား?"

"တွေ့ဖူးပါတယ် စကားတော့သေချာမပြောဖူးဘူး ထယ်ဟွန်းနဲ့တော့ တော်တော်အဆင်ပြေနေတယ်.. မျက်နှာလေးလည်း လန်းနေရော"

"အဆင်ပြေနေတော့ ကောင်းတာပေါ့"

"ထယ်ဟွန်းက မင်းကိုလွမ်းနေတာ သွားတွေ့လိုက်အုံး"

"ငါသွားဖို့ စီစဥ်နေပါတယ် မင်းကတော့ဒီမှာကျန်ခဲ့ပြီး ဂျောင်ဂုနဲ့အတူ အလုပ်တွေကြည့်ထား"

"ဗျာ... ဟုတ်ဟုတ်"

______

ဒီနေ့ ဆော့ဂျင်အိမ်ပြန်ရောက်တော့ အမေဖြစ်သူ ဖုန်းပြောနေတာတွေ့တယ်.. သူဝင်လာတော့ မျက်နှာအမူအရာပျက်သွားတာကို သတိထားမိလိုက်တယ်.. ပြီးတော့ဖုန်းချလိုက်ရော

"အမေ ဘာဖြစ်တာလဲမျက်နှာလည်းမကောင်းဘူး.. ဆိုင်ကရော အစောကြီးပိတ်လိုက်တာလား"ပုံမှန်ဆို ဆော့ဂျင်အိမ်ပြန်ရောက်ရင် အမေကဆိုင်မှာပဲရှိနေတတ်တာ..

"အမေ နေသိပ်မကောင်းလို့ပါ"

"ဆေးခန်းသွားကြမလား အမေ"

"ရပါတယ် အိပ်လိုက်ရင်သက်သာသွားမှာပါ"

ဆော့ဂျင်စိတ်ထဲတော့ သိပ်ဘဝင်မကျ တခုခုဖြစ်နေသလိုခံစားရတယ် ဆော့ဂျင်အတွေးများနေရင်း တော်ရုံနဲ့အိပ်မပျော်ဘူး.....

~~~

"Hyung...မနက်ဖန်ကျရင် ကိုကိုပြန်လာတော့မယ်တဲ့"

"ဟွန်းလေး ပျော်နေမှာပေါ့"

ထယ်ဟွန်းက အများကြီးပျော်နေတယ် မျက်နှာလေးကိုလန်းလို့ ကျွန်တော့်ကို ပြောပြဖို့စောင့်နေတဲ့ပုံပဲ

"အွန်း.. Hyung.. ကိုကို့ဓာတ်ပုံကြည့်မလား.. ဟွန်းလေးကိုကိုက အရမ်းချောတာ.. "

"ဟွန်းလေးထက်ပိုချောပါ့မလား ကဲ.. မှန်းစမ်း"

အဲ့လိုပြောတော​့ အကောင်ပေါက်လေးလို ထယ်ဟွန်းလေးကရယ်နေသေးတာ ပြီးတော့ ဖုန်းထဲမှာ ဓာတ်ပုံရှာနေတယ်..

"ဒီမှာကြည့် Hyung"

"...."ဆော့ဂျင်ကြည့်ဖို့လုပ်လိုက်တော့ ဖုန်းကိုပြန်ဖယ်သွားပြီး

"မနက်ဖန်အပြင်မှာတွေ့မှ ကြည့်တော့.. Hyung ကိုကို့ကို မြင်ရင် အရမ်းအံ့သြသွားမှာ.."

"ဟွန်းလေးကိုကိုက အဲ့လောက်တောင်ချောတာလား "

"အဲ့တခုတည်းမဟုတ်ဘူး နောက်ထပ်အရမ်းအံ့သြစရာတခုရှိသေးတယ်"

"ဟုတ်ပါပြီဗျ ဟွန်းလေး သဘောအတိုင်းပါ"

ဆော့ဂျင်မသိလိုက်ပါ အံ့သြစရာဆိုတာက သူ့ကိုကိုဆိုသူက ဟွန်းလေးနဲ့ မျက်နှာတထပ်တည်းတူနေတယ်ဆိုတာကိုပေါ့။

Part 2 [END] 🍂

Monday မှ Part3 Update လာပါ့မယ်❤ ဖတ်ပေးတဲ့သူအားလုံးကို ကျေးဇူးပါရှင့်..

စာရေးတာUpdateမှန်တာမျိုး ဖြစ်ချင်တယ်..နေ့တိုင်းလည်းUpdateမပေးနိုင်ဘူး.. အဲ့တာကြောင့် တနင်္လာ အင်္ဂါနေ့မှာပဲ Upပါ့မယ်တပတ်၂ပိုင်းပေါ့ အဆင်ပြေရဲ့လားရှင့်

[Zawgyi]

"ခြမ္း... မေသာက္ဘူး အဲ့ေဆးေတြယူသြား.. ထြက္သြား မလာနဲ႕"

သူ႕ကိုေဆးလာတိုက္ရင္ မေသာက္ဘဲေဆးေတြကို ပစ္ခ်တတ္ၿပိး ေရခြက္ဆိုလည္းပစ္ခြဲေသးတယ္ သူနာျပဳေတြကိုသူမလိုခ်င္ဘူး.. ေဆးလည္းမေသာက္ခ်င္ဘူး ... အဲ့အခ်ိန္ဆို ငယ္ငယ္ကတည္းကအိမ္ႀကီးမွာရွိလာတဲ့ အိမ္ေတာ္ထိန္းparkက ေခ်ာ့ၿပီးေျပာမွာသာ ေသာက္တယ္..

ဟြန္းေလးကို ေဆးမတိုက္နိုင္ရင္ သခင္ႀကီး(ထယ္အႁမြာရဲ႕အေဖ)က အဲ့သူနာျပဳကိုအလုပ္ထုတ္ၿပီး ေနာက္တေယာက္ထပ္ခန့္ရျပန္တယ္.. သူနာျပဳေတြက အဲ့တာေၾကာင့္ ၾကာၾကာမခံတာပါ..

~~~~~

"ဟြန္းေလး အဲ့လိုမ်ိဳးမဆိုးပါနဲ႕.. သူနာျပဳေတြရွာရတာခက္တယ္.."

"ကိုကိုက ျမန္ျမန္ျပန္လာေတာ့ေလ.. ကိုကို႔ကို လြမ္းလို႔ပါ ဆိုးတာမဟုတ္ပါဘူး.."

"ကိုကိုက အလုပ္ေတြမျပတ္ေသးလို႔လာပါ ဟြန္းေလးဆီလာခ်င္တာေပါ့ ဟြန္းေလးက လိမၼာေအာင္ေနရင္ ျမန္ျမန္ျပန္လာခဲ့ပါမယ္.."

"ဟုတ္.. ဒီတေခါက္က်ရင္ ဘယ္သူပဲလာလာ လိမၼာပါ့မယ္.. ေဆးလည္းေသာက္ပါ့မယ္"

ထယ္ေယာင္းနဲဖုန္းေျပာေနရင္း ျမန္ျမန္ျပန္လာဖို႔ ပူဆာေနတဲ့ ညီေလးထယ္ဟြန္းပါ..

ထယ္ေယာင္းက ဂ်ပန္မွာဝိုင္ျဖန့္ခ်ိေရးလုပ္ငန္းကို ဦးစီးေနတဲ့ စီးပြားေရးလုပ္ငန္းရွင္တေယာက္ပါ..

ထယ္ဟြန္းနဲ႕က အႁမြာသာေျပာတာ ဟြန္းေလးက ကေလးဆန္ၿပီး ထယ္ေယာင္းကေတာ့တည္တယ္ေပါ့.. ဆန့္က်င္ဘက္လိုျဖစ္ေနတယ္..

~~~~

အေဖက ဒီေန႕သူနာျပဳအသစ္လာမယ္ေျပာထားေတာ့ မနက္ဘက္ကို အေစာႀကီးနိုးေနခဲ့တယ္

ဒီတခါေတာ့ လိမၼာေတာ့မယ္ ေဆးလည္းေသာက္မယ္လို႔ စဥ္းစားထားတယ္ ဒါမွကိုကိုျပန္လာမွာေပါ့...

အေတြးမွမဆုံးေသး အိမ္ေတာ္ထိန္းparkရဲ႕ ေခၚသံေၾကာင့္လွည့္ၾကည့္လိုက္ေတာ့ ေဘးနားမွာပါလာတဲ့ သူနာျပဳအကိုေခ်ာေခ်ာေလးေၾကာင့္ 'လိမၼာေတာ့မယ္ ေဆးပုံမွန္ေသာက္မယ္' ဆိုတဲ့အေတြးကို အေကာင္အထည္ေဖာ္နိုင္ေတာ့မွာ အေသအခ်ာပါပဲ

~~~

ေဆာ့ဂ်င္တေယာက္ဒီမွာအလုပ္လုပ္ရတာ အဆင္ေျပေနတယ္ အလုပ္က မပင္ပန္းဘူး.. ထယ္ဟြန္းကလည္း ေဆးတိုက္ရတာမခက္ပါဘူး.. နည္းနည္းေလးေခ်ာ့ေျပာလိုက္တာနဲ႕ ေသာက္တာပဲ.. ဘာလိုလိုနဲ႕ အခ်ိန္ေတာင္၁လျပည့္သြားၿပီ

ဘာလို႔မ်ား အရင္လူေတြကၾကာၾကာမခံတာလဲဆိုတာ ေဆာ့ဂ်င္စဥ္းစားမရေပ။

ထယ္ဟြန္းနဲ႕အတူ ညေနဘက္ဆိုရင္ ၿခံထဲမွာလမ္းေလွ်ာက္ေပးတယ္.. ပန္းပင္ေလးေတြေလွ်ာက္ၾကည့္တယ္.. ၿခံထဲက လူလုပ္ေရတံခြန္အလွေလးကို အတူတူၾကည့္ၾကတယ္..

ထယ္ဟြန္းက အျပင္မထြက္ေတာ့ ၿခံထဲမွာ ဒီလိုမ်ိဳး မ်ိဳးစုံလုပ္ထားျခင္းပင္.. တကယ့္ကို အပန္းေျပသြားမယ့္ ဥယ်ာဥ္ေလးတခုလိုပင္။

ဒီေန႕လည္း ထုံးစံအတိုင္းလမ္းေလွ်ာက္ေနၾကရာ..

"Hyung.. ကြၽန္ေတာ့္နားမွာလာေနရတာ ပ်င္းစရာေကာင္းလား"

"မပ်င္းပါဘူး ဘာလို႔ပ်င္းရမွာလဲ.. ပိုေတာင္ေပ်ာ္ေသးတယ္.. ဒီလိုမ်ိဳးလမ္းေလွ်ာက္ထြက္ရတာ အေပ်ာ္ဆုံးပဲ.. "

"Hyung.. ကြၽန္ေတာ့္ကိုဟြန္းေလးလို႔ ေခၚေနာ္.. "

"အြန္း ရတာေပါ့.. ဟြန္းေလး"

"hyung... ဒီမွာေနရတာေပ်ာ္တယ္ဆိုရင္ ေနာက္အခ်ိန္အၾကာႀကီးအထိ ဟြန္းေလးအနားမွာ ေနေပးေနာ္.. "

"ေနေပးမွာေပါ့.. ဟြန္းေလးက တကယ္ခ်စ္စရာေကာင္းတာကို"

ဟုတ္ပါတယ္ ဒီေကာင္ေလးက တကယ္ခ်စ္စရာေကာင္းတာပါ ခြၽဲႏြဲတတ္ၿပီး တီတီတာတာေလးေျပာတတ္ေသးတယ္.. ေျပာရရင္ေတာ့ ကေလးဆန္တာေပါ့..

ၿပီးေတာ့ အနားမွာရွိတဲ့သူေတြကိုလည္း သံေယာဇဥ္တြယ္တတ္တယ္ ထင္တယ္.. သူ႕ကိုလည္း အနားကမထြက္သြားဖို႔ တဖြဖြေျပာတတ္ေသးတယ္..

~~~~

ဂ်ပန္နိုင္ငံ တိုက်ိဳၿမိဳ႕ရဲ႕ေလဆိပ္မွာ luggageတလုံးနဲ႕လူတေယာက္ ဟိုေငးဒီေငးဆိုတာထက္ လူတ​ေယာက္ကိုလိုက္ရွာေနတဲ့ပုံစံ..

ဝတ္ထားတာကလည္း တီရွပ္အဝါေလးနဲ႕ ဆံပင္ေတြက အညိုေရာင္ေလး အရပ္ကပုပုေသးေသးေလးနဲ႕ အေဝးကေနၾကည့္လိုက္ရင္ ကေလးေလးလိုပဲ

သူ႕ကိုၾကည့္ေနရင္းနဲ႕မွ ထယ္ေယာင္းေျပာထားတဲ့တေယာက္က အဲ့ေကာင္ေလးလို႔ထင္တာေၾကာင့္ အနားကိုသြားၿပီးႏႈတ္ဆက္လိုက္တယ္..

"တဆိတ္ေလာက္.. Park jimin?"

"ဟုတ္ပါတယ္.. "

"ကင္မ္ထယ္ေယာင္းက သူကိုယ္တိုင္မလာနိုင္လို႔ လာႀကိဳခိုင္းလိုက္တာပါကြၽန္ေတာ္က ဂြၽန္ေဂ်ာင္ဂု ပါ"

မိတ္ဆက္လာတဲ့သူကို ေသခ်ာျပန္မႏႈတ္ဆက္ဘဲ

"ေရာ့ သယ္လိုက္"

သူ႕အိတ္ကို လက္ထဲအေရာက္လာထည့္ေပးေနေတာ့ သယ္လာေပးလိုက္တယ္.. ထိုင္ေတာ့လည္း ေရွ႕ခန္းမွာမထိုင္ဘဲ ေနာက္ခန္းမွာထိုင္တာ သူ႕ၾကည့္ရတာ ကိုယ့္ကို ဒရိုင္ဘာတေယာက္လို႔ ထင္ေနပုံပဲ..

အဲ့ေတာ့မွ ကိုယ့္ပုံစံကိုျပန္ၾကည့္မိတယ္ တကယ္ေတာ့ ေလဆိပ္လာႀကိဳေပးရမယ့္ကိစၥကို ေမ့ေနၿပီး အခ်ိန္နီးမွသတိရလာေတာ့ အျမန္လိုၿပီး အိမ္မွာေနတဲ့အတိုင္းေပါ့ေပါ့ပါးပါးပဲ ဝတ္ၿပီးထြက္လာလိုက္တာ..

ဒါေပမဲ့လည္း အဝတ္ကဘယ္လိုျဖစ္ျဖစ္ ခန့္ညားလွတဲ့ ဒီမ်က္ႏွာေလးကိုေတာ့ ဒရိုင္ဘာလို႔ မထင္သင္ဘူးမယ့္လား

"Tae ~~ ကြၽန္ေတာ္ေရာက္ၿပီ.. "

ဝမ္းသားအားရပါပဲ ထယ္ေယာင္းဆီကို ေျပးၿပိးဖက္ထားလိုက္တာ တင္းက်ပ္ေနေရာ

"ျဖည္းျဖည္းဖက္ပါဟ... ငါေသေတာ့မွာပဲ"

"ငါက လြမ္းလြန္းလို႔ပါ... ငါတို႔မေတြ႕ရတာၾကာၿပီေလ"

"ေအးပါ ငါလည္းလြမ္းပါတယ္ ဒါ​ေၾကာင့္ေခၚလိုက္တာေလ"

ဂ်ီမင္က koreaမွာေနၿပီး ထယ္ခိုင္းတဲ့အလုပ္ေတ​ြအားလုံးၿပိးမွ ဂ်ပန္ကိုလိုက္လာတာျဖစ္တယ္။ ထယ္ေယာင္းက ဂ်ပန္မွာေနတာ ငါးႏွစ္ရွိသြားၿပီ Koreaျပန္ရင္လည္း ခဏပဲေနၿပီး ျပန္လာတတ္တယ္.. ဒီတေခါက္ေတာ့ ကိုရီးယားကို မေရာက္ျဖစ္တာေတာ္ေတာ္ၾကာေနၿပီ.. ထယ္ဟြန္းကလည္း ဖုန္းေျပာတိုင္း ခဏခဏေခၚေနေတာ့.. သူဒီတေလာေတာ့ ျပန္ဖို႔စီစဥ္ေနေပမဲ့ အလုပ္က မအားေသး။

"ဂ်ီမင္.. ဒါက ဂြၽန္ေဂ်ာင္ဂုတဲ့ ငါ့သူငယ္ခ်င္းေပါ့ ရွယ္ယာရွင္လည္းျဖစ္တယ္.."

ေဂ်ာင္ကုကေတာ့ ထယ္ေယာင္းလုပ္ငန္းမွာ ရွယ္ယာထည့္ထားတဲ့သူတေယာက္.. ထယ္ေယာင္းသူငယ္ခ်င္းလည္းျဖစ္တယ္ ဂ်ပန္ေရာက္မွ ခင္မင္ၾကျခင္းျဖစ္တယ္။

"အာ... ဟုတ္.. "

"ခုနက ငါ့ကိုဒရိုင္ဘာလို႔ထင္လိုက္ေသးတယ္ မဟုတ္ဘူးလား အနည္းဆုံးေတာ့ ေတာင္းပန္ပါတယ္လို႔ေတာ့ ေျပာသင့္တယ္မယ့္လား"

"မသိလို႔ မွားတာေလ.. ေတာင္းပန္စရာမလိုဘူးထင္တယ္"

"တကယ္ပါပဲ ဘယ္လိုဟာေလးလဲ ... ထယ္ေယာင္း.. သူက အတြင္းေရးမႉးေရာ ဟူတ္ရဲ႕လား"

"ဟုတ္ပါတယ္ အခုကအလုပ္ခ်ိန္မဟုတ္လို႔ပါ ၿပီးေတာ့ သူက ငါနဲ႕သူငယ္ခ်င္းေလ ငယ္ငယ္ကတည္းက ေပါင္းလာတာ"

ဂ်ီမင္က အိမ္ေတာ္ထိန္းparkရဲ႕ သားပါ... ငယ္ငယ္ကတည္းက ထယ္တို႔အႁမြာနဲ႕အတူတူ ႀကိးျပင္းလာတဲ့ေကာင္ေလးပါ အလုပ္ဝင္ေတာ့လည္း ထယ္ဆီမွာပဲ အတြင္းေရးမႉးအေနနဲ႕ေပါ့..

ထယ္ေယာင္းနဲ႕ဂ်ီမင္းက အရမ္းရင္းႏွိးၿပီး ခ်စ္ခင္ၾကတဲ့သူေတြပါ ဂ်ီမင္က အလုပ္မွာေတာ့ေသခ်ာတဲ့သူမို႔ ထယ္ေယာင္းကစိတ္ခ်ရတာ။

"ဒါနဲ႕.. အခုထယ္ဟြန္းနားမွာ ေနေပးတဲ့သူနဲ႕ေရာ ေတြ႕ျဖစ္ေသးလား?"

"ေတြ႕ဖူးပါတယ္ စကားေတာ့ေသခ်ာမေျပာဖူးဘူး ထယ္ဟြန္းနဲ႕ေတာ့ ေတာ္ေတာ္အဆင္ေျပေနတယ္.. မ်က္ႏွာေလးလည္း လန္းေနေရာ"

"အဆင္ေျပေနေတာ့ ေကာင္းတာေပါ့"

"ထယ္ဟြန္းက မင္းကိုလြမ္းေနတာ သြားေတြ႕လိုက္အုံး"

"ငါသြားဖို႔ စီစဥ္ေနပါတယ္ မင္းကေတာ့ဒီမွာက်န္ခဲ့ၿပီး ေဂ်ာင္ဂုနဲ႕အတူ အလုပ္ေတြၾကည့္ထား"

"ဗ်ာ... ဟုတ္ဟုတ္"

______

ဒီေန႕ ေဆာ့ဂ်င္အိမ္ျပန္ေရာက္ေတာ့ အေမျဖစ္သူ ဖုန္းေျပာေနတာေတြ႕တယ္.. သူဝင္လာေတာ့ မ်က္ႏွာအမူအရာပ်က္သြားတာကို သတိထားမိလိုက္တယ္.. ၿပီးေတာ့ဖုန္းခ်လိဳက္ေရာ

"အေမ ဘာျဖစ္တာလဲမ်က္ႏွာလည္းမေကာင္းဘူး.. ဆိုင္ကေရာ အေစာႀကီးပိတ္လိုက္တာလား"ပုံမွန္ဆို ေဆာ့ဂ်င္အိမ္ျပန္ေရာက္ရင္ အေမကဆိုင္မွာပဲရွိေနတတ္တာ..

"အေမ ေနသိပ္မေကာင္းလို႔ပါ"

"ေဆးခန္းသြားၾကမလား အေမ"

"ရပါတယ္ အိပ္လိုက္ရင္သက္သာသြားမွာပါ"

ေဆာ့ဂ်င္စိတ္ထဲေတာ့ သိပ္ဘဝင္မက် တခုခုျဖစ္ေနသလိုခံစားရတယ္ ေဆာ့ဂ်င္အေတြးမ်ားေနရင္း ေတာ္႐ုံနဲ႕အိပ္မေပ်ာ္ဘူး.....

~~~

"Hyung...မနက္ဖန္က်ရင္ ကိုကိုျပန္လာေတာ့မယ္တဲ့"

"ဟြန္းေလး ေပ်ာ္ေနမွာေပါ့"

ထယ္ဟြန္းက အမ်ားႀကီးေပ်ာ္ေနတယ္ မ်က္ႏွာေလးကိုလန္းလို႔ ကြၽန္ေတာ့္ကို ေျပာျပဖို႔ေစာင့္ေနတဲ့ပုံပဲ

"အြန္း.. Hyung.. ကိုကို႔ဓာတ္ပုံၾကည့္မလား.. ဟြန္းေလးကိုကိုက အရမ္းေခ်ာတာ.. "

"ဟြန္းေလးထက္ပိုေခ်ာပါ့မလား ကဲ.. မွန္းစမ္း"

အဲ့လိုေျပာေတာ​့ အေကာင္ေပါက္ေလးလို ထယ္ဟြန္းေလးကရယ္ေနေသးတာ ၿပီးေတာ့ ဖုန္းထဲမွာ ဓာတ္ပုံရွာေနတယ္..

"ဒီမွာၾကည့္ Hyung"

"...."ေဆာ့ဂ်င္ၾကည့္ဖို႔လုပ္လိုက္ေတာ့ ဖုန္းကိုျပန္ဖယ္သြားၿပီး

"မနက္ဖန္အျပင္မွာေတြ႕မွ ၾကည့္ေတာ့.. Hyung ကိုကို႔ကို ျမင္ရင္ အရမ္းအံ့ၾသသြားမွာ.."

"ဟြန္းေလးကိုကိုက အဲ့ေလာက္ေတာင္ေခ်ာတာလား "

"အဲ့တခုတည္းမဟုတ္ဘူး ေနာက္ထပ္အရမ္းအံ့ၾသစရာတခုရွိေသးတယ္"

"ဟုတ္ပါၿပီဗ် ဟြန္းေလး သေဘာအတိုင္းပါ"

ေဆာ့ဂ်င္မသိလိုက္ပါ အံ့ၾသစရာဆိုတာက သူ႕ကိုကိုဆိုသူက ဟြန္းေလးနဲ႕ မ်က္ႏွာတထပ္တည္းတူေနတယ္ဆိုတာကိုေပါ့။

Part 2 [END] 🍂

Monday မွ Part3 Update လာပါ့မယ္❤ ဖတ္ေပးတဲ့သူအားလုံးကို ေက်းဇူးပါရွင့္..

စာေရးတာUpdateမွန္တာမ်ိဳး ျဖစ္ခ်င္တယ္..ေန႕တိုင္းလည္းUpdateမေပးနိုင္ဘူး.. အဲ့တာေၾကာင့္ တနလၤာ အဂၤါေန႕မွာပဲ Upပါ့မယ္တပတ္၂ပိုင္းေပါ့ အဆင္ေျပရဲ႕လားရွင့္်

There are no comments yet. Log in to be the first to leave a review!

Similar stories