Fanfics
4🍃
19:19, 13 April 2023
[Unicode]
"Hyung.. Hyung... "
"....."
"Hyung!.." လက်မောင်းလေးကို ထိပြီးခေါ်လိုက်တော့မှလှည့်ကြည့်လာတယ်။
"Hyung.. ဘာတွေတွေးနေတာလဲ စိတ်ညစ်စရာရှိတာလား.. မျက်နှာလည်းညိုးကျနေတယ် ဟွန်းလေးကိုပြောပြလို့ရပါတယ်"
"မဟုတ်ပါဘူး.. Hyungအမေက နေမကောင်းဖြစ်နေတော့ အဲဒါအတွေးလွန်သွားတာပါ"
"Hyung~" ချွဲတဲ့အသံလေးနဲ့ပြောရင်း ထယ်ဟွန်းကိုယ်လေး.. ဆော့ဂျင်ရင်ခွင်ထဲရောက်လာရင်း ဖက်ထားခဲ့တယ်..
ဆော့ဂျင်လည်း ပြန်ဖက်လိုက်ရင်.."Hyung.. အဆင်ပြေပါတယ်"
ရင်ခွင်ထဲမှထွက်ပြီး Hyungရဲ့ မျက်နှာချောချောလေးကို ကြည့်မိရင်း နှုတ်ခမ်းတွေဆီအကြည့်ရောက်မိပြီး..
တဖြည်းဖြည်းနဲ့နီးကပ်လာတဲ့နှုတ်ခမ်းတစုံကြောင့်.. တော်တော်လေးနီးကပ်နေတဲ့အနေအထားရောက်လာတော့..ဆော့ဂျင်မျက်နှာလွဲလိုက်တယ်..
"ဟို....ခုနကပြောတာ စပျစ်သီးစားချင်နေတာမယ့်လား သွားယူပေးအုံးမယ်"
စကားလမ်းကြောင်းပြောင်းပြီး ထွက်လာလိုက်တယ်.. ထယ်ဟွန်းဘယ်လိုကျန်ခဲ့လဲတော့ သူသတိမထားမိတော့ပေ။
စပျစ်သီးယူပေးပြီး ခြံထဲက အတူတူရှိနေခဲ့တဲ့နေရာကိုပြန်လာတော့ ထယ်ဟွန်းကိုမတွေ့ရတော့ပေ။
ဆော့ဂျင်စိတ်ပူမိတယ်.. ဒီကလေးတခုခုလုပ်လိုက်မှဖြင့်... ချစ်သူတယောက်လိုမဖြစ်နိုင်ပေမဲ့ ကိုယ့်ညီလေးတယောက်လိုသဘောထားရတဲ့သူမို့ စိုးရိမ်ပြီး အနီးအနားတဝိုက် နာမည်ခေါ်ပြီး ရှာကြည့်မိတယ်.. မတွေ့ပေ။
အိမ်ကြီးထဲပြန်ဝင်ပြီး လိုက်ရှာကြည့်နေပေမဲ့ မတွေ့သေးပေ။
"ဆော့ဂျင်... ဒီနေ့အလုပ်ဆင်းလို့ရပါပြီ"အိမ်တော်ထိန်းparkမှ လာရောက်ပြောခြင်းပင်။
"ဗျာ ဘာလို့လဲ အလုပ်ဆင်းချိန်မရောက်သေးဘူးလေ"
"ဟုတ်တယ်.. ဒါပေမဲ့သခင်လေးက အဲ့လိုပြောခိုင်းလိုက်တာပါ"
အခုမှစိတ်အေးတော့တယ် ဟွန်းလေး ဘယ်ကိုမှမပျောက်သွားလို့ တော်သေးတာပေါ့..
"ဟုတ်ကဲ့ပါ အဲ့ဆိုပြန်လိုက်တော့တယ်"
ဆော့ဂျင်တွေးမိတာက ဒီကောင်လေးလည်းရှက်သွားလို့ ရှောင်ချင်တာထင်တယ်ပေါ့။
~~~~နောက်နေ့တွေမှာလည်း အလုပ်ကပုံမှန်အတိုင်းပါပဲ.. ဒီအကြောင်းကိုလည်း ပြန်မပြောဖြစ်ကြပေ။
"အလုပ်ဆင်းရင် စာကြည့်ခန်းကိုလာခဲ့ပါတဲ့.. သခင်ကြီးခေါ်ခိုင်းလိုက်တာ"
"ထိုင်ပါ.. ကင်မ်ဆော့ဂျင်.. အရေးကြီး ပြောစရာရှိလို့ခေါ်လိုက်တာပါ"
"ဟုတ်ကဲ့.. "
"မင်း ထယ်ဟွန်းနဲ့လက်ထပ်နိုင်မလား"
"ဗျာ.." ခေါင်းတခုလုံးကျိန်းတက်သွားတယ်.. ဘယ်လိုစကားမျိူးပါလိမ့် လုံးဝမထင်မှတ်ထားတာ..
"အားလုံးကို တည့်ပဲပြောပါမယ်.. ကင်မ်ဆော့ဂျင်.. "
"..." ဘာမှပြန်မဖြေမိ ငုတ်တုတ်မိရင်း နားထောင်နေမိတယ်..
"မင်းမိသားစုမှာရှိနေတဲ့အကြွေးအားလုံးဆပ်ပေးပါ့မယ်.. ဒီကိစ္စကို မင်းအမေနဲ့လည်း ပြောပြီးပါပြီ မင်းအမေကလည်းသဘောတူတယ်.. "
"ဒါပေမဲ့... ကျွန်တော့်မှာချစ်သူရှိတယ်.."
"ဂျောင်မင်နဲ့တွဲနေတယ်ဆိုတာသိပါတယ်.. ဒါပေမဲ့လည်း ဦးလေးရဲ့သားလေးက မင်းကိုအရမ်းခင်တွယ်နေတာ.. မင်းသာငြင်းလိုက်ရင် သားလေးရောဂါဖောက်သွားနိုင်တယ်..
ပြီးတော့ မင်းလည်းအကျိုးမယုတ်ပါဘူး..မနက်ဖြန်ကျရင်တော့ ဟွန်းလေးကြားချင်တဲ့ အဖြေပြန်ပေးပေါ့ "
"အဖေ.. "
"ဟေ.. ဘာလဲ.. ရုတ်တရက်ကြီးပါလား.. "
"အဖေကူညီမှ ရမယ်ထင်တယ်.."
"ဘာကိစ္စလဲ ထူးထူးဆန်းဆန်း.."
"သားHyungကိုလိုချင်တယ်.. hyungသာငြင်းလိုက်ရင် သားခံနိုင်ရည်ရှိမှာမဟုတ်ဘူး.. အဖေ..ကူညီပါ"
"ဒီကိစ္စက အဲ့လိုကူညီလို့မရဘူးလေ.. "
"အဖေ.. အဲ့လိုမလုပ်ပါနဲ့.. တောင်းပန်ပါတယ်.. သားHyungမရှိရင် ​မဖြစ်တော့ဘူး.. Hyungကိုချစ်တယ်.."
ထိုင်နေရာကနေစကားပြောနေရင်းက အနားရောက်လာရင်း အဖေ့ကိုဖက်ထားပြီး ကူညီခိုင်းနေတာ..တကယ့်ကလေးလေးလို.. မျက်ရည်တွေပါကျနေသေးတယ်
ဆော့ဂျင်ရှောင်လိုက်တဲ့အပြုအမူကြောင့် ရုတ်တရက်ရင်ထဲပူလာပြီး.. အရမ်းဝမ်းနည်းမိတယ်..
Hyungကို စတွေ့ကတည်းကရင်ခုန်နေတာ Hyungကို ပိုင်ဆိုင်ချင်တယ်.. အခြားတယောက်ဆီပါသွားတာမျိုးမဖြစ်ချင်ပါ။ ဘာမှလည်းစဥ်းစားလို့မရ ဘာဆက်လုပ်ရမလဲဆိုတာလည်းမသိ.. အဲ့တာနဲ့ပဲ အဖေဆီပူဆာမိပြန်တယ်..
"သား.. မငိုပါနဲ့ အဖေလုပ်ပေးပါ့မယ်.. သားကအဖေ့အတွက်အရေးကြီးဆုံးပဲ သားစိတ်တိုင်းကျဖြစ်စေရမယ်.. ဒီရက်ပိုင်းဆော့ဂျင်ကို ဘာမှမပြောထားနဲ့.. ပုံမှန်အတိုင်းနေ"
"အဖေ.. ကျေးဇူးတင်ပါတယ်"
"အဖေက သားလေးကို အချစ်ဆုံးပဲ ဟုတ်ပြိလား"
ပြောပါတယ် ထယ်ဟွန်းဆိုတာ အချစ်ခံလေးပါလို့.. ဆော့ဂျင်တော့ မပါသေးဘူးပေါ့
အိမ်ပြန်ရောက်တော့ အမေက ဆီးကြိုပြီးစောင့်နေတယ်။
"သား... သိပြီးပြီမယ့်လား သားဘယ်လိုသဘောရလဲ.."
"သားမှာရွေးချယ်စရာလမ်းမှမရှိတာ..ဒါပေမဲ့ အမေအဲ့လောက်ထိမပျော်သင့်ပါဘူး.. အခု ဂျောင်မင်နဲ့လမ်းခွဲရတော့မှာ..."
ဆော့ဂျင်စကားပြောနေရင်း.. မျက်ရည်တွေဝဲလာမိတော့.. ခေါင်းမော့ပြီးမျက်ရည်မကျအောင် ထိန်းမိတယ်။
မငိုချင်တော့ပါ ဒီရက်ပိုင်းငိုနေတာနဲ့ပဲ လူကတော်တော်ပင်ပန်းနေပြီ။
"သားရယ်... ကံကြမ္မာပဲပေါ့.. သား ပိုကောင်းတာတွေဖြစ်လာဖိူ့အတွက်ပါ.. အရမ်းလည်းဝမ်းမနည်းပါနဲ့တော့ တောင်းပန်ပါတယ်.."
ဆော့ဂျင်မှာတော့ ရွေးစရာလမ်းမရှိပါ။ ရှိတဲ့လမ်းကလည်း ကလပ်မှာရောင်းစားခံရအုံးမှာ။ လက်ထပ်ဖို့ပဲရှိတော့တာပေါ့။
💬 ဘယ်နေ့ပြန်လာမှာလဲ.. တွေ့ချင်တယ် ပြောစရာရှိလို့
ခဏနေတော့ ဂျောင်မင်ဆီက ဖုန်းဝင်လာပေမဲ့မကိုင်လိုက်ဘူး.. လမ်းခွဲစကားကိုတွေ့ပြီးမှ ပြောမယ်။ မဟုတ်ရင် အလုပ်ကိစ္စနဲ့ခရီးသွားတဲ့ခရီးသွားနေတဲ့သူက သူ့ကြောင့်နဲ့ပြန်ရောက်လာအုံးမယ်..
အဲ့လိုမဖြစ်ချင်ပါ သူလိုက်လာလည်း ကိုယ်ကလက်ထပ်ရတော့မှာပဲ။ ဘာကမှမပြောင်းလဲသွားဘူးလေ။
💬 ၁ပတ်လောက်ကြာအုံးမယ်.. လွမ်းနေတာလား.. ငါ့ကောင်လေးက
ဆော့ဂျင်စာမပြန်မိပါ။ အခြားတယောက်နဲ့လက်ထပ်ရမယ့်သူဖြစ်နေပြီမို့ ဝမ်းနည်းမိတယ်။
ဒီနေ့တော့ အိမ်တော်ထိန်းparkရောက်လာခဲ့တယ်။
'ဝတ်စုံလာပို့ပေးတာ'
'ဗျာ.. ဒါပေမဲ့အဲ့လောက်အမြန်ကြီး'
'သခင်ကြီးက ဒီလက်ထပ်ပွဲကို အမြန်ဆုံးဖြစ်စေချင်နေတာ. ထယ်ဟွန်းရောပေါ့ ဘာဖြစ်ဖြစ်အတူတူပဲဟာ ဆော့ဂျင်ရယ် လိုက်လျောလိုက်ပါတော့..
ပြီးတော့ ထယ်ဟွန်းလေးကိုမချစ်ဘူးဆိုပေမဲ့ မမုန်းလိုက်ပါနဲ့ ငယ်ငယ်ကတည်းက တယောက်တည်းနေရတာများပြိး ဆော့ဂျင်နဲ့ရင်းနှီးမိတော့ သူသံယောဇဥ်တွယ်မိရာက အဲ့လိုဖြစ်သွားပါ...'
'ကျွန်တော် ဟွန်းလေးကို ညီလေးတယောက်လိုခင်တွယ်ပါတယ်..'
ဒီလိုနဲ့လက်ထပ်ပွဲနေ့...
ကျွန်တော်တို့မတွေ့ရတာ အတော်ကြာပြီ ၄ရက်လောက်ပေါ့ ကျွန်တော် Hyungကို ရင်မဆိုင်ရဲလို.့...အဖေ့ဘက်က Hyungကို လက်ထပ်ဖို့ကိစ္စပြောပြိးကတည်းက ကျွန်တော်နဲ့ထပ်မတွေ့ဖြစ်တာ.
Hyungကျွန်တော့်ကို မုန်းနေမလားတော့မသိဘူး။ Hyungလက်ခံအောင် အဖေဘယ်လိုပြောပေးလိုက်လဲ မသိဘူး။
ခန်းမထဲမှာ အမေက ကျွန်တော့်ကိုပြုံးပြီးကြည့်နေတယ်.. မျက်ရည်လေးတွေဝိုင်းနေသား..
သခင်ကြီးကတော့ သူသားလေးကို တော်တော်ကျေနပ်နေပုံပါပဲ အိမ်တော်ထိန်းparkကတော့ ထုံးစံတဲ့နွေးထွေးတဲ့အပြုံးလေးနဲ့ နဂိုကတည်းကချောပြီးသား ထယ်ဟွန်းဆိုတာလေးက မျက်လုံးလေးတလက်လက်နဲ့ မျက်နှာလေးကကြည်လင်နေတယ်.. သိပ်ပျော်နေတာကတော့ ထည့်ပြောစရာပင်မလို။
ခန်းမထဲမှာလည်း လူတွေစည်းကားနေတာပေါ့။ ဂျောင်မင်ရဲ့မဘတွေကိုလည်းတွေ့သေးတယ်။ သူ့အမေကတော့ အထင်သေးတဲ့အကြည့်နဲ့ပဲကြည့်နေခဲ့တာ..
ကျွန်တော်လား? ကျွန်တော်ကတော့ ပျော်မနေပါဘူး အရာအားလုံးကံတရားအတိုင်းပဲပေါ့ ကျွန်တော်ကတော့ လက်ခံလိုက်ရုံ။
Part 4 [END] 🍂
Part5တော့ နောက်တနင်္လါမှပေါ့နော်... ထယ်ယောင်းနဲ့အခန်းတွေကတော့ Part6လောက်ဆို စပါပြီ.. နောက်ပိုင်းတော့Taejinတွေချည်းလာတော့မှာပါ။
(Cover photo ကလေ အခုထိအတည်တကျမဖြစ်သေးဘူးဖြစ်နေတာ တခုပြီးတခုတော့editလုပ်ကြည့်နေတာ)
[Zawgyi]
"Hyung.. Hyung... "
"....."
"ဟုတ်ကဲ့.. "
"ဗျာ.." ခေါင်းတခုလုံးကျိန်းတက်သွားတယ်.. ဘယ်လိုစကားမျိုးပါလိမ့် လုံးဝမထင်မှတ်ထားတာ..
"အဖေ.. "
"အဖေကူညီမှ ရမယ်ထင်တယ်.."
"အဖေ.. ကျေးဇူးတင်ပါတယ်"
"သားရယ်... ကံကြမ္မာပဲပေါ့.. သား ပိုကောင်းတာတွေဖြစ်လာဖို့အတွက်ပါ.. အရမ်းလည်းဝမ်းမနည်းပါနဲ့တော့ တောင်းပန်ပါတယ်.."
'ဝတ်စုံလာပို့ပေးတာ'
Part 4 [END] 🍂
There are no comments yet. Log in to be the first to leave a review!
Similar stories