Fanfics

part 4

18:30, 5 February 2025

(Unicode)

Nani တစ်ယောက်လည်း ညက အတွေးတွေးကြောင့် အိပ်မပျော်ခဲ့ပါ။ သူတို့မှာ ဒီကိစ္စကို လက်ခံရုံမှ တစ်ပါး ဘယ်လို လုပ်ရမလဲဆိုတဲ့ နည်းလမ်း ကို စဉ်းစားလို့ မရခဲ့တာ အမှန်ပင်။ဘာပဲ ဖြစ်ဖြစ် သူဒါကို လက်မခံချင်ရင်တောင် သူတို့မိသားစု အတွက်တော့ လက်ခံရမယ် ဆိုပြီး naniလည်း အင်္ကျီဝတ်ရင်း ထိုအကြောင်းရာက သူ့ရဲ့ ခေါင်းထဲမှာ လွှမ်းမိုးနေတော့သည်။

သူတို့မိသားစု တိုင်ပင်ပြီးတော့ ကုမ္ပဏီ CEOကို ပြောဖို့ အတွက် Nani အဖေလည်း ရုံးကို ပုံမှန်တက်သလိုပဲ လာခဲ့သည်။ ထို့နည်းတူ Nani မှာလည်း သူ့ဆိုင်လေးသူ ဖွင့်ခဲ့သည်။

ဒေါက် ဒေါက် ဒေါက်

"ဝင်ခဲ့ပါ အော် Khun Thun ပဲ ကျွန်တော် ပြောတဲ့ ကိစ္စကို ဘယ်လို သဘောရလဲ" ဆိုပြီး skyဒယ်ဒီ မေးလိုက်သည်။

"ဟုတ် CEO ကျွန်တော် အဲ့ကိစ္စကို ပြောဖို့ လာခဲ့တာပါ"

"ကျွန်တော်တို့ တစ်နေရာရာကို သွားကြတာပေါ့ ဒီမှာ ညနေ 6 နာရီ ကျရင် ဒီဆိုင်ကို ခများတို့သားဖ နှစ်ယောက် လာခဲ့လိုက်ပါ"

"ဟုတ်ကဲ့ CEO"

"ခများကတော့ ရုံးကို ပုံမှန်တိုင်းပဲ တက်ပေါ့ ဖြစ်ခဲ့တဲ့ ကိစ္စတွေကိုလည်း ဘယ်သူမှ မသိစေရဘူး"

"ဟုတ်ကဲ့ပါ တကယ်ကို ကျေးဇူး တင်ပါတယ်ခမျာ"

"ရပါတယ် ခများ သွားလို့ ရပြီ"

Nani အဖေလည်း CEO ရုံးခန်း ထဲမှ ထွက်လာပြီး မကြာမီ သားဖြစ်သူအား စာပို့လိုက်သည်။

"သား ညနေ ဖေဖေ လာကြိုရင် ဖေဖေ တို့ ဝင်စရာ နေရာ တစ်ခု ရှိတယ်"

"ဟုတ်ဖေဖေ ဘယ်နေရာလဲ"

"CEOက သူ့နဲ့ တွေ့ဖို့ လိပ်စာပေးထားတယ်"

"ဟုတ်ဖေဖေ "

_______________________

ဒီလိုနဲ့ sky ဒယ်ဒီ အိမ်ကို နေ့လည်စာ ပြန်စားတော့

"အကို ဒီနေ့ စောလှရီလား "

"ဟုတ်တယ် မင်းကို ခေါ်သွားစရာ နေရာ တစ်ခုရှိလို့ "

"ညီမကို ဘယ်ခေါ်သွားမလို့လဲ"

"ကဲပါ မြန်မြန်လုပ်"

Skyမာမီလည်း ကြောင်အမ်းအမ်းလေးပင် အကိုက ဘယ်ကို ခေါ်သွားပြီး ဘာပြစရာ ရှိလို့လဲ မသိဘူး ဆိုတဲ့ အတွေးလေးနဲ့ပင် ဖြစ်သည်။

"အကို သားလေးက တစ်ယောက်တည်း"

"ထားခဲ့လိုက် အိမ်ပြင်ကနေ သော့ခတ်ခဲ့လိုက်မယ် "

"အဆင်ပြေပါ့မလား အကို "

"ဘာတွေ စိတ်ပူနေတာလည်း မင်းသားက မဟုတ်တောင် ခြံကျော်တက်နေတာ ပတ်ဝန်းကျင်ကလည်း ငါတို့သားမှန်း သိလို့ မဟုတ်ရင် သူခိုးထင်ပြီး ဝိုင်းရိုက်တာနဲ့တင် ငါ့ကုမ္ပဏီလည်း ဆုံးလောက်တယ်"

"ဟော်တော် အကိုကလည်း"

"လုပ်ပါကွာ ဘာမှ မဖြစ်ဘူး သူထုတ်လို့ မရမှာ ကားပဲ ရှိတယ် ပြီးတော့ ငါတို့ပြန်လာခဲ့ရင်တောင် ဒီကောင် အရင်နိုးပါစေအုန်းလို့ ဆုတောင်းလိုက်အုန်း "

Skyဒယ်ဒီ ပြောတာလဲ အဟုတ်ပင် မသိတဲ့ လူတွေဆို သူခိုးလို့ ထင်မှာ ကိုယ့်အိမ်ကို ကျော်တက်တဲ့ လူဆိုးလေးပေါ့။

အကိုပြောတာလည်း ဟုတ်ပါတယ် ငါတို့ ပြန်ရောက်ရင်တောင် သားဖြစ်သူက နိုးချင်မှ နိုးမှာ ဆိုပြီး skyမာမီလည်း မြန်မြန်ပြင်ဆင်ပြီး skyဒယ်ဒီနဲ့ အတူ ကားနဲ့ ထွက်သွားခဲ့သည်။

"ရောက်ပြီ အဲ့ကော်ဖီဆိုင်လေးပဲ"

Skyဒယ်ဒီ ပြောတော့ skyမာမီလည်း မျက်လုံးလေးတွေ ဝေ့ကာ ရှာလိုက်သည်။

"Me♪ody" cafe

"ဟုတ်တယ် "

"ဘာဖြစ်လို့လဲ အကို "

"လာ အဲ့ဆိုင်ထဲကို သွားကြမယ်"

Skyမာမီ skyဒယ်ဒီ ခေါ်ဆောင်တဲ့ အနောက်ကို ပါသွားခဲ့သည်။

"မင်္ဂလာပါဗျ "

"ဘာများ သုံးဆောင် မလဲဗျ "

Sky မာမီလည်း skyဒယ်ဒီအား သူဘာလုပ်ရမလဲ ဆိုတဲ့ အကြည့်လေးဖြင့်

"စား မိန်းမစား ချင်တာ စား ကိုယ်အကုန်ဝယ်ကျွေးမယ်"

Skyမာမီလည်း "အကိုက ဘာလဲ သဘောကောင်းနေတာလား သူငယ်ပြန်ပြီး ရည်းစားဘဝကို ပြန်သွားနေတာလားပေါ့" ဆိုတဲ့ မယုံနိုင်တဲ့ အကြည့်လေးဖြင့်

"တကယ်ပြောတာ စားပါဆို "

"အန်တီကိုလေ ဒါလေး တစ်ခုစီ ပေးပါ "

ဆိုပြီး kuromi & my melody donut လေးတွေကို မှာလိုက်တယ်

"ဟုတ်ကဲ့ဗျ cashier လေးမှာ ရှင်းပေးပါဗျ"

"အေးအေး သားလေး"

"ဟုတ်ကဲ့ အားပေးမှုအတွက် ကျေးဇူးပါဗျ အရသာ ရှိရှိ သုံးဆောင်ပါ" ဆိုပြီး စကားချိုချို အပြုံးလေးနဲ့ ပြောလိုက်သည်။

မုန့်တွေကို ဝယ်ယူပြီး ကားပေါ်ရောက်တော့

"အကို ဘာလို့ ညီမကို ဒီဆိုင်‌လေးကို ခေါ်လာတာလဲဟင်"

"Cashier က ကောင်လေးကို တွေ့လား "

"တွေ့တယ်လေ"

"ဘယ်လို သဘောရလဲ " ဆိုပြီး sky မာမီအား မေးလိုက်သည်။

"ဘာကို သဘောရတာလဲ အကို "

"အော် ဒီမိန်းမနဲ့တော့ ခက်ပြီ အဲ့တာ မင်း သားနဲ့ အိမ်ထောင်ချပေးဖို့ ငါစီစဉ်ထားတာ "

"ဟမ် အဲ့တာဆို သားလေးနဲ့ ပေးစားမှာ ဒီကောင်လေးပေါ့"

"ဟုတ်တယ် ဘယ်လို သဘောရလဲ "

"ချောတယ် အေးအေးဆေးဆေးလေး‌ ကောင်လေးက သူ့ကိုယ်ပိုင်စီးပွားရေးလေးနဲ့ ပြီးတော့ ချစ်စရာကောင်းတယ်"

"ဒါနဲ့ အကိုက ဒီကောင်လေးကို ဘယ်လို တွေ့တာလဲ" ဆိုပြီး ဆက်မေးခွန်းထုတ်လိုက်သည်။

"ကိုယ်တို့ မန်နေဂျာရဲ့ သား ကိုယ်လည်း သူ့ကို အခုမှ မြင်ဖူးတာ"

"သားလေးနဲ့ ဒီကောင်လေးကို အကိုက ဘာလို့ ပေးစားချင်ရတာလဲ"

"ဒီကောင်လေးက ကိုယ်တို့သားကို ပြောင်းလဲ ပေးနိုင်မယ်လို့ ထင်လို့ ကဲပါ ပြန်ကြမယ် အဲ့တာ မင်းကို လိုက်ပြတာ "

"သားမက် လေးက ချစ်စရာလေးနော်"

"အမယ်လေး သားမက်တွေတောင် ဖြစ်နေပြီ "

"သားနဲ့ ယူမှတော့ သားမက်လေးပဲပေါ့"

Skyအဖေလည်း Nani အကြောင်းကို အသေးစိတ် စုံစမ်းကာ သူ့ဇနီးဖြစ်သူအား အရင်‌ ပြောပြထားလိုက်သည်။

____________________

" ကိုယ်မပြောဘူးလား မင်းသား မနိုးသေးပါဘူးလို့ "

"ဟုတ်ပါတယ် အကိုရယ် ထမင်းပွဲပြင်လိုက်တော့မယ်နော်"

"အွန်း ပြင်လိုက်တော့ "

Skyဒယ်ဒီနဲ့ မာမီလည်း naniကို တွေ့ကာ ပြန်လာပြီး နေ့လည်စာ စားဖို့သာ ပြုလုပ်ခဲ့ကြတယ်။

"ဟော နိုးပါပြီ မင်း သား"

Skyမာမီလည်း အသံလာရာ ကြည့်လိုက်မိတော့ သူ့သားဖြစ်သူ အခုမှ အိပ်ရာနိုးကာ လှေကားမှ ဆင်းလာခြင်း ဖြစ်သည်။

"သား လာထိုင်"

"ဟုတ် မာမီ"

"Sky ဒယ်ဒီ မင်းကို ပြောစရာ ရှိတယ် "

"ဟုတ် ဒယ်ဒီ ကျွန်တော့ကို ဘာပြောမလို့လဲ"

"မင်းမှာ ရည်းစားရှိလား "

"ဟုတ် ရှိပါတယ် "

"ရှိရင်လည်း ဖျက်လိုက်တော့"

"ဘာလို့လဲ ဒယ်ဒီ "

"မင်းကို ငါလက်ထပ်ပေးဖို့ စီစဉ်မလို့"

"ဗျာ ကျွန်တော် လက်မထပ်ချင်ဘူး ကျွန်တော်လွတ်လွတ်လပ်လပ်ပဲ ဖြတ်သန်းချင်သေးတာ "

"အခုကိစ္စကို ဒီနားမှာပဲ ရပ်ထားလိုက်မယ် မင်းဒီနေ့ည အပြင်ထွက်ဖို့ မစဉ်းစားနဲ့ ငါမင်းကို ပြောစရာတွေ ရှိသေးတယ် "ဆိုပြီး ကုမ္ပဏီကို ပြန်သွားတော့သည်။

"ဒယ်ဒီ မမိုက်ဘူးကွာ" ဆိုပြီး skyတစ်ယောက် ပေါက်ကွဲနေလေရဲ့

"သားရယ် သားဒယ်ဒီ ဘာပြောမလဲမှ မသိတာ ဒီနေ့တော့ သားလေး အပြင်မထွက်ပါနဲ့နော်" ဆိုပြီး ဖျောင်းဖျလိုက်သည်။

အစကတော့ သားဖနှစ်ယောက် ချောချောချုချူ ပြောနေကြသေးသည်။အဆုံးကျတော့လည်း ပြဒါး တစ်လမ်း သံတစ်လမ်း ဖြစ်သွားခဲ့သည်ဟု skyမာမီလည်း ကောက်ချက်ချလိုက်ပြန်သည်။

အချိန်တွေကလည်း တစ်ဖြေးဖြေး ကုန်ဆုံးလာပြီး ညနေ ၅နာရီတောင် ရောက်ရှိလာပြီ ရုံးကလူတွေလည်း ပြန်ကုန်ကြပြီ ဖြစ်သည်။ Nani ဖေဖေ လည်း ရုံးဆင်း အပြန် သူ့သားအား ဝင်ကြိုပြီး နောက်တစ်နေရာကို ဆက်လက် သွားရသည်။

CEO ပေးထားတဲ့ လိပ်စာ အတိုင်း မောင်းနှင်ခဲ့ရာ restaurant တစ်ခု ဖြစ်နေခဲ့သည်။

"Booking ယူထားတာလေး ရှိလားဗျ"

Nani ဖေဖေလည်း CEOကို နာမည်ကို ရွတ်ပြလိုက်တော့ waiter လေးက သူတို့ကို တည်နေရာသို့ ခေါ်ဆောင်သွားခဲ့သည်။

"ဟုတ်ကဲ့ ကျေးဇူးပါဗျ"

Nani တို့ သားဖ နှစ်ယောက်လည်း အခန်းထဲ ဝင်လိုက်ရာ CEOကို တွေ့လိုက်ရသည်။

"လာ ပါ Khun Thun"

"ဟုတ်ကဲ့ CEO"

Sky ဒယ်ဒီကသာ Naniကို သိတာ Naniကတော့ အခုမှ ပထမဆုံး မြင်ဖူးသလိုပင်။သူ့ဆိုင်ကို ဒီနေ့လာတယ် ဆိုတာတော့ သူမမှတ်နိုင်ပေ ဆိုင်ကို လာဝယ်တဲ့ လူတွေဆိုတာကလည်း အနည်းကျင်း မဟုတ်တော့ Naniတွက် အလွယ်တကူ တန်းမသိနိုင်ခြင်း ဖြစ်သည်။

"ဘာသုံးဆောင်ကြမလဲ ကျွန်တော်က ညစာ ကျွေးမလို့ပါ"

"ရပါတယ်ဗျ ကျွန်တော်တို့ မစားတော့ပါဘူး"

"မဟုတ်လည်း နောက်ကျရင် ပတ်သတ်မှုတွေရှိမှာပဲကို တစ်ခုခုတော့ စားပါဗျာ"

"ရော့ မှာလိုက်ပါ ဒါနဲ့ မင်းနာမည်က ကရော"ဆိုပြီး Nani ကို skyဖေဖေ menu book ပေးလိုက်သည်။

"ကျွန်တော့နာမည် Nani ပါ "

"အသက်ကရော "

"27ပါ "

"တကယ်ကို အေးအေးလေးပဲ အိမ်က သားနဲ့တော့ ကွာတယ်ဗျာ"

"ကဲပါ ကျွန်တော်ပဲ မှာလိုက်ပါ့မယ် စားရင်း ပြောကြတာပေါ့" ဆိုပြီး sky ဒယ်ဒီ သူကိုယ်တိုင်မှာဖို့ ဆုံးဖြတ်လိုက်တော့သည်

သူတို့မှာထားတဲ့ စားစရာတွေလည်း မကြာခင် ရောက်ရှိလာခဲ့သည်။

"Nani ထည့်စားနော်"

"ဟုတ်ကဲ့"

Sky ဒယ်ဒီလည်း  စားရင်းနဲ့ စကားစလိုက်သည်။

"မင်းအဖေလည်း မင်းကို ပြောပြီးလောက်ရောပေါ့ အဲ့တာ ဘယ်လို သဘောရလဲ"

"ကျွန်တော့ကို ဘာလို့ ရွေးတာလဲ ကျွန်တော် သိလို့ရမလားဗျ"

"ဒါကတော့ ဒီလိုပါ ဦးတို့လည်း ဦးတို့သားကို မနိုင်ဘူး မိန်းကလေး ဆိုတာလည်း မဖြစ်နိုင်ဘူး ထင်တယ် အဲ့တာကြောင့်မို့ မင်းကို ဦးစဉ်းစားမိသွားတာပါ "

"မင်း အဖေရဲ့ ဖြစ်နေတဲ့ ပြဿနာတွေလည်း သိပြီးသား ဖြစ်မှာပါ "

Nani အဖေကတော့ မျက်နှာလေး ငုံ့လျက်ပေါ့

"ဟုတ် ကျွန်တော်သိပြီးသားပါ အဲ့တာကြောင့်မို့လည်း ကျွန်တော်လက်ခံဖို့ ဆုံးဖြတ်ထားတာပါ ကျွန်တော့ အဖေက ဒီကိစ္စတွေကို တမင်ရည်ရွယ်ပြီး လုပ်တာ မဟုတ်ဘူး ဆိုတာ ကျွန်တော်ယုံပါတယ် "

"ဦးလေးလည်း ယုံပါတယ် အဲ့တာကြောင့် ဦးအနေနဲ့ ကုမ္ပဏီ ပေါ်မှာ ဒီလို အရည်ချင်း ရှိတဲ့ လူတစ်ယောက်ကို မဆုံးရှုံးချင်ပါဘူး အရပ်စကားနဲ့ဆို ဘယ်လိုပြောမလဲ ဆန်ပေးမှ ဆီပြန်ရနိုင်မှာ မလား အဲ့တော့ ဦး အနေနဲ့ မင်းကို ဦး သားရဲ့ အခုလို ပုံစံကနေ ပြောင်းလဲ စေချင်တယ် "

"ကျွန်တော့က ဘယ်လို လုပ်ပေးရမှာလဲဗျ"

"ဦးသားနဲ့ လက်ထပ်စေချင်တယ် ပြီးတော့ တစ်နှစ်အတွင်းမှာ ပြောင်းလဲအောင် လုပ်ပေးရမယ် လက်ခံမပေးနိုင်ရင်တော့ ဦးလေးတို့ တရားရုံးကပဲ စကားဆက်ပြောကြတာပေါ့ "

"တကယ်လို့ ကျွန်တော်က တစ်နှစ်အတွင်း ပြောင်းလဲ ပေးနိုင်တယ် ဆိုရင်ရော "

"မင်းအဖေရဲ့ အကြွေးတွေကို ချေပေးမယ် ပြီးတော့ သူနဲ့ ဦးကြားမှာ ဘာမှ မဖြစ်ခဲ့သလိုမျိုး နေပေးမယ်"

"ဟုတ်ပြီ ကျွန်တော်လက်ခံပါတယ်"

"မင်းသိထားရမှာက အချိန်က တစ်နှစ်ပဲနော်"

"တစ်နှစ်ပြည့်သွားခဲ့လို့ ဦးလေးသားလည်း ပြောင်းလဲသွားတယ် ဆိုရင် ကျွန်တော်ဖြစ်ချင်တာ တစ်ခုလောက် ပြောလို့ရမလား"

"ရပါတယ် ပြောကြည့်ပါ "

Nani ပြောတာကို skyဒယ်ဒီလည်း လက်ခံပေးလိုက်ပါတယ်

" အဲ့တာကတော့ မင်းသဘောပါ ဦးလေးကတော့ ဦီးလေးသား ပြောင်းလဲသွားဖို့ပဲ ပြီးတော့ ဒီကိစ္စတွေကို သိထားတာကလည်း မင်းတို့သားဖနှစ်ယောက်ရယ် ဦးရယ်ပဲ ဦး သားက ဘယ်လို သိစရာ မလိုတာလဲတော့ မင်းနားလည်တယ်မလား"

"ဟုတ်ကဲ့ ကျွန်တော်နားလည်ပါတယ်"

ဒီလိုနဲ့ နှစ်ဦးနှစ်ဖက် သဘောတူသွားခဲ့သည်။

"အဲ့တာဆို မနက်ဖြန်ကျရင် ဒီအချက်‌လက်တွေ ပါတဲ့ စာရွက်စာတမ်း နှစ်ရွက်ကို လက်မှတ်ထိုးဖို့ ဒီဆိုင်မှာပဲ ခေါ်လိုက်မယ် "

"ဟုတ်ကဲ့ CEO"

"အဲ့တာဆို ကျွန်တော် အရင် ပြန်နှင့်တော့မယ် Khun Thun နဲ့ Nani " ဆိုပြီး ဆိုင်ထဲမှ skyဒယ်ဒီ အရင်ထွက်သွားခဲ့သည်။

"ဟုတ်ကဲ့ပါဗျ "

_____________________

ကားပေါ်ရောက်တော့ Nani အဖေလည်း

"သားရယ် ဖေဖေတောင်းပန်ပါတယ်နော်"

"ဖေဖေရယ် ဘာမှ မဖြစ်ပါဘူး မကောင်းတဲ့ လူကို ကောင်းအောင် လုပ်ပေးလိုက်တော့ သားကုသိုလ် ရတာပေါ့ "

"ဟုတ်တာလည်း ဟုတ်ပါတယ် ဒါပေမဲ့ ဖေဖေက သားကို အနိုင်ကျင့်မှာ စိုးရိမ်တယ် ပြီးတော့ CEO သားက ဆိုးတယ်လို့ ကြားတယ်"

"ဟုတ်လား သူက ဘယ်လို ဆိုးတာလဲ "

"သားသမီးချင်း ကိုယ်ချင်းမစာတာ မဟုတ်ပါဘူး CEO သားက မိန်းကလေးတွေ ရှုပ်တယ် ပွေတယ်လို့ ကြားတယ်"

"သူ့နာမည်က ဘာတဲ့လဲ အသက်ကရော"

"ဘာတဲ့ sky ဟုတ်တယ် sky သားထက်ငယ်မယ် ထင်တယ်"

"ဟုတ်ဖေ‌ဖေ ဘာပဲ ဖြစ်ဖြစ် သားတို့ ဘက်က တွေးကြည့်ရင် CEO ဒီလောက် သက်ညှာပေးတာကို ကျေးဇူးတင်သင့်ပါတယ်"

"ဟုတ်ပါတယ် မဟုတ်ရင် ဖေဖေ ထောင်ထဲ ရောက်သွားမှာ"

"ဖေဖေ ဘာမှ စိတ်မပူပါနဲ့ သားက တစ်နှစ်တွင်း ရအောင် ကြိုးစားမှာပါ ပြီးတော့ သားယူရမှာ ယောက်ျားလေးပဲ အေးဆေးပါ "

"အေးပါ ဖေဖေတို့ ပြန်ကြတာပေါ့ "

____________________

တစ်ဖက်မှာလည်း skyဒယ်ဒီ Nani တို့ သားဖနဲ့ စကားပြောခဲ့ပြီး သူ့အိမ်ကို ရောက်ရှိလာခဲ့တယ်။

"Sky ရော" skyဒယ်ဒီလည်း အိမ်ရောက်ရောက်ချင်း သူ့သားအား မေးလိုက်သည်။

"အိမ်ပေါ်မှာ အကို"

"သွားခေါ်လိုက်အုန်း "

"ဒေါက် ဒေါက် သားရေ သားဒယ်ဒီ ခေါ်နေတယ် အောက်ကို လာခဲ့ပါအုန်း "

Sky ကို အောက်ကို ရောက်ရှိလာတော့

"ဒယ်ဒီ ကျွန်တော့ကို ဘာပြောမလို့လဲ "

"အရင် ထိုင်"

Skyလည်း စိတ်ပျက်လိုက်တာ ဘာတွေ ပွားအုန်းမလဲ  ဆိုတဲ့ ပုံစံနဲ့ ဆောင့်အောင့်ကာ ထိုင်လိုက်သည်။

"မင်းကို ဒယ်ဒီမန်နေဂျာရဲ့ သားနဲ့ လက်ထပ်ပေးဖို့ စီစဉ်ထားတယ်"

"ဗျာ မန်နေဂျာရဲ့သား!!!"

Skyမှာ အလန့်တကြားပင်

"ဘာလဲ ဘာအံ့ဩစရာ ပါလဲ "

"မန်နေဂျာရဲ့ သမီး မဟုတ်ဘူးလားဗျာ"

"မန်နေဂျာရဲ့သား ......ဘာဖြစ်လို့လဲ"

"ဒယ်ဒီရာ သားမှ ယောက်ျားလေးမှ စိတ်မဝင်စားတာ ဒယ်ဒီမွေးထားတဲ့သားက ဖြောင့်တန်းနေတာမှ လွန်ရောဗျာ"

"မင်းဘာသာ မင်း ဖြောင့်ရုံမကလို့ သံချောင်းဖြစ်နေနေ ငါဂရုမစိုက်ဘူး မင်းက မိန်းကလေး ပေးစားရင်ရော မင်းယူမှာလား ငါ့ကို အပိုစကားတွေ မပြောနဲ့"

"ဒယ်ဒီကလည်းဗျာ ကျွန်တော် လက်မခံနိုင်ဘူး ပြီးတော့ ယူရမှာလဲ ယောက်ျားလေး တစ်ယောက်"

"ယောက်ျားလေးတော့ ဘာဖြစ်လဲ ဟိုကဖြင့် ထက်မြက်လိုက်တာ မင်းနဲ့ကွာပ "

"အဲ့တာများ  ဘာလို့ သားနဲ့ ပေးစားနေသေးလဲ"

Skyနဲ့ သူ့ဒယ်ဒီကတော့ တစ်ယောက်တစ်ခွန်း အပြန်အလှန်ဖြစ်နေကြတော့သည်။

"အဲ့တာ ငါ့ကိစ္စပါ မင်းသိစရာ မလိုဘူး မင်းလို လူမျိုးက ဘယ်တော့များမှ ပွေရှုပ်နေတာတွေ ငြိမ်မှာလဲ ငါလည်း မင်းခြေငြိမ်အောင် စီစဉ်ပေးရတော့တာပေါ့ "

"မသိဘူးဗျာ ကျွန်တော် လက်မခံနိုင်ဘူး" ဆိုပြီး ကားသော့ဆွဲကာ ထွက်သွားမည့် အလုပ်

"မင်းသတ္တိရှိရင် စမ်းကြည့်လိုက်လေ မင်းရဲ့ credit card တွေကို အကုန်ပိတ်ပစ်မှာ"

Skyလည်း မသိချင်ရောင် ဆောင်ပြီး နောက်တစ်လှမ်း လုပ်မည့်အလုပ်

"မင်းကိုငါ အမွေဖြတ်ပစ်မှာနော်"

Skyလည်း ခြေလှမ်းတွေ ရပ်တန့်သွားခဲ့ပြီး အနောက်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။

အဖေ ဖြတ်ချင်လည်း ဖြတ်ဗျာ တောင် မ ပြောရသေးဘူး

"အခု ချက်ချင်း ငါဆင်ပေးထားတဲ့ လက်ဝတ်လက်စားတွေ၊ အဝတ်အစားတွေပါ အကုန်ချွတ်သွား ဟျောင့်"

"ဒယ်ဒီ!!! အဲ့လောက်တောင်မှ လားဗျာ"

ကြားထဲမှ သူ့မာမီကပဲ မနေနိုင်စွာ

"သားရယ် လက်ခံလိုက်ပါ သားဒယ်ဒီက သား အတွက် ကောင်းတာလုပ်ပေးတာပါ "

"မာမီ!! "

"မသိဘူးဗျာ လုပ်ချင်တာသာ လုပ်ကြတော့" ဆိုပြီး skyလည်း ကားမောင်းပြီး clubသို့ ထွက်လာခဲ့လိုက်သည်။

တကယ်တော့ skyတစ်ယောက် ဘာမှ လုပ်မရအောင် ဖိထားသလို ခံလိုက်ရသည်။ သူ့မှာလည်း ကိုယ်ပိုင် စုငွေဆိုတာလည်း တစ်ပြားတစ်ကျပ်မှ မရှိပေ။ ဒါတွေသာ ဖြစ်လာမယ် ဆိုတာ သိရင် သူစောစောစီးစီး စုခဲ့ပါတယ် ဆိုပြီး ကားစီယာတိုင်အား လက်ဖြင့် ထုလိုက်မိသည်။

ဒယ်ဒီက အဲ့လောက်တောင် ပေးစားချင်ရအောင် သူက ဘယ်သူမို့လဲဆိုပြီး skyတစ်ယောက် ဒီတိုင်းငြိမ်နေမလားဗျာ စုံစမ်းမှုတွေ လုပ်ရမယ် ဆိုပြီး clubရောက်တော့ patအား အကြောင်းဆုံး ပြောပြလိုက်တော့သည်။

"ဟာ ဟျောင့် မင်းဒယ်ဒီ ဒီတစ်ခါတော့ ကြမ်းတယ်ကွာ " skyပြောသမျှ ကြားလိုက်ရတဲ့ patကတော့ သူ့နားသူပင် မယုံနိုင် ဖြစ်ခဲ့သည်။

"အဲ့တာပြောတာ သူပြောသလို အဝတ်စားတွေသာ ချွတ်ပေးခဲ့ရင် ငါ့ဘဝက အခုထက်ကို နာမည်ကြီးသွားနိုင်တယ်"

"ဟားဟား "

"ရယ်မနေနဲ့ ဟျောင့် ငါညစ်နေတာနော်"

"အေးပါကွာ ငါမစတော့ပါဘူး ကဲပါ ငါတို့ နှစ်ယောက် အေးဆေး ပျော်ရအောင်"

"အေး ပြီးတော့ မင်းကို တာဝန်တစ်ခု ပေးမယ်ကွာ ငါ့ဒယ်ဒီ ကုမ္ပဏီရဲ့ မန်နေဂျာ သား အကြောင်း စုံစမ်းပေးကွာ"  ဆိုပြီး patအား sky အကူအညီ တောင်းလိုက်သည်။

"အေးပါ ငါစုံစမ်းပေးမယ် ချီးယားစ် အိမ်ထောင်ကျတော့မဲ့ skyအတွက် "

"Fuckကို အိမ်ထောင်ကျမဲ့ sky မင်းယူလိုက် "

"ငါဘယ်လိုမှ စဉ်းစားလို့ မရဘူး ဘာလို့ ယောက်ျားလေးလဲကွာ "

"မင်းကလည်းကွာ မင်းကို ယောက်ျားလေးရော မိန်းကလေးရော စိတ်ဝင်စားတာ ဘာမှ မဖြစ်ပါဘူး"

"ငါ့ဘဝမှာ ငါပွေရှုပ်ခဲ့တာလဲ မိန်းကလေးတွေပဲ ဆိုတာ မင်းလည်း သိရက်သားနဲ့ကွာ"

"အေးပါ မင်းအဖေလည်း အကြံကုန်ပြီ နေမှာပေါ့"

"တော်ပြီကွာ ဒီညတော့ ငါအိမ်မပြန်ဘူး"

"အိမ်တော့ ပြန်ရအောင်ပါကွာ "

"မင်းပြန်ချင်ပြန် ငါ့ကို ထားခဲ့လိုက်" ဆိုပြီး skyကတော့ ခါတိုင်းနေ့တွေထက် စိတ်တွေ အစိုးမရကာ အရက်တွေကို ရေသောက်သလိုပင် တစ်ခွက်ပြီး တစ်ခွက် မော့‌ နေတော့သည်။

TBCThanks for reading, guys

(Zawgyi)
















_______________________

















"Me♪ody" cafe





"မငျ်ဂလာပါဗြ "





























____________________


































































_____________________













____________________




















































TBCThanks for reading, guys

There are no comments yet. Log in to be the first to leave a review!

Similar stories