Fanfics

part 3

17:36, 4 February 2025

(Unicode)

"ခနလောက် ထွက်ပေးပါအုန်း"

ဆိုပြီး skyဒယ်ဒီ သူရဲ့ အတွင်းရေးမှူးအား အခန်းပြင် ထွက်စေခဲ့လိုက်တယ်။

"မန်နေဂျာ Khun Thun ကျွန်တော့ကို လချုပ်စာရင်းတွေနဲ့ ပတ်သတ်ပြီး ဘာများ ပြောချင်လဲဗျ"

CEO က ဒီလို ခေါ်ပြောလိုက်တော့ Naniအဖေ တကယ်ကို တုန်လှုပ်သွားခဲ့တာ အမှန်ပင်။

"CEO ကျွန်တော် တကယ်ကို တောင်းပန်ပါတယ် ကျွန်တော် စာရိတ္တ ပျက်ပြားတာလဲ မဟုတ်သလို ကုမ္ပဏီပေါ်ကိုလည်း ကျွန်တော် သစ္စာဖောက်တာ မဟုတ်ပါဘူး" ဆိုပြီး Nani အဖေ sky ဖခင်အား တောင်းပန်စကား ဆိုလိုက်သည်။

ဟိုတစ်နေ့က တောင်းခဲ့တဲ့ မန်နေဂျာတာဝန်ယူထားတဲ့ လချုပ် စာရင်းတွေကို စစ်ကြည့်လိုက်ရာ စာရင်းရှိ ငွေထပ် ကွာဟမှု ပမာဏ အများပြား ရှိ‌ နေတယ် ဆိုတာကို skyဒယ်ဒီ သိလိုက်ရသည်။

ဒါကြောင့် သူ မန်နေဂျာကို ခေါ်ယူ မေးမြန်းဖို့ ရာ သူ့ရုံးခန်းကို ခေါ်လိုက်ခြင်း ဖြစ်သည်။

"ကျွန်တော်သိပါတယ် Khun Thun အနေနဲ့ ဘာကြောင့် ဒီလို လုပ်ရတာဆိုတာ ပြောပြပေးလို့ ရမလား"

Naniအဖေလည်း ဘာမှ မတက်နိုင်တော့ အမှန်တိုင်း ဝန်ခံရတော့သည်။

"ဒီလိုပါ ကျွန်တော် လုပ်ငန်း တစ်ခုမှာ ရင်းနှီးမြုပ်နှံဖို့ အတွက် လုပ်ခဲ့ပါတယ်။ဒါပေမဲ့ ကျွန်တော့မှာ ငွေအင်အား အရမ်းလည်း မရှိပါဘူး အဲ့တာ ကြောင့်မို့ ကျွန်တော် ခန အနေနဲ့ ကုမ္ပဏီက ပိုက်ဆံတွေကို ကျွန်တော် သုံးလိုက်မိပါတယ်။ကျွန်တော် ရင်းနှီးမြုပ်နှံမဲ့ လုပ်ငန်းက ရှယ်ယာတွေ ရခဲ့ရင် ကျွန်တော်ယူခဲ့တဲ့ ပိုက်ဆံတွေကို ပြန်ထည့်ပေးပါမှာ ဆိုတဲ့ အတွေးနဲ့ပါ CEO"

"အခုရော ကုမ္ပဏီ ငွေတွေ ပြန်ပေးနိုင်ပြီလား"

"ကျွန်တော့ CEOအပေါ်မှာ ဒီလို လုပ်လိုက်မိလို့ ထင်တယ် ကျွန်တော်နဲ့ လုပ်ငန်း ရင်းနှီးမြုပ်နှံမဲ့ သူက ကျွန်တော့ငွေတွေကို လိမ်သွားခဲ့တယ်"

"အဲ့တာဆို ကျွန်တော့ငွေတွေကရော"

"အဲ့အတွက် ကျွန်တော့ရဲ့ လစာတွေကို ဖြတ်ပေးလို့ရမလား CEO"

"ခများ ရူးသွားပြီလား ဒီပိုက်ဆံ ပမာဏက ကျွန်တော့တွက် ဘာမှ မဖြစ်ပေမဲ့ ခများအခြေနေနဲ့ ဖြစ်နိုင်ပါ့မလား စဉ်းစားကြည့်ပါအုန်း"

"ကျွန်တော် တကယ်ကို တောင်းပန်ပါတယ်ဗျာ ကျွန်တော့ရဲ့ လောဘကြောင့်မို့ ဖြစ်တာပါဗျာ"

"ကုမ္ပဏီ ငွေတွေကို အလွှဲသုံးစား လုပ်မှု ခိုးယူမှုတွေနဲ့ တရားစွဲလို့ရတယ် ဆိုတာ ခများ နားလည်လား Khun Thun"

"တောင်းပန်ပါတယ်ဗျာ ကျွန်တော့ကို ထောင်ထဲတော့ မထည့်ပါနဲ့ ဒီငွေတွေကို ပြန်ဆက်နိုင်ဖို့ ကျွန်တော့ကို အချိန်လေး ပေးလို့ရမလားဗျာ"

"ခများက ကျွန်တော့ ကုမ္ပဏီ ပေါ်မှာ သစ္စာရှိခဲ့တယ် တာဝန်ကျေခဲ့တယ် တကယ်ဆို ခများနဲ့ ကျွန်တော့ကြားမှာ ဒီလို ကိစ္စတွေဆိုတာ ဖြစ်လည်း မဖြစ်ချင်ဘူး ဖြစ်လည်း မဖြစ်သင့်ဘူးကျွန်တော်က လက်ခံပေးရင်တောင် ရှယ်ယာရှင်တွေ သိသွားရင်ရော ဘယ်လို လုပ်မလဲ ခများ တစ်ခါတည်း jailထဲ ရောက်သွားနိုင်တယ်"

"ကျွန်တော် တကယ်ကို တောင်းပန်ပါတယ်CEO ကျွန်တော့ ကြောင့်နဲ့လဲ သားလေးကို မျက်နှာ ငယ်ရမှာမျိုးလဲ ကျွန်တော်မဖြစ်ချင်ဘူး" ဆိုပြီး ဝမ်းနည်း ပူဆွေးနေလေရဲ့

"ကျွန်တော် ခများကို အချိန်တစ်နှစ်ပေးမယ်"

"ခမျာ! CEO  တစ်နှစ်လောက်က ကျွန်တော့တွက် တကယ်ကို ခဲယဉ်းလွန်းပါတယ် ကျွန်တော့ကို အချိန်လေး ပိုပေးလို့ မရဘူးလားဗျာ ကျွန်တော် မေတ္တာရပ်ခံပါတယ်" ဆိုပြီး ဒူးလေး ထောက်လိုက်သည်။

"ခများလို အရည်ချင်း ရှိတဲ့ လူတစ်ယောက်ကို ကျွန်တော်လည်း မဆုံးရှုံးချင်ပါဘူး ဒါပေမဲ့ ကျွန်တော် ဒီလောက် အချိန်ပေးထားတာကိုက ခများတွက် လွန် လွန်းနေပြီ"

ဒီလိုနဲ့ Nani အဖေလည်း ဘာဆက်ပြောရမလဲ မသိတော့ဘူးဖြစ်ခဲ့သည်။ မိသားစု အတွက် အဆင်ပြေဖို့ သူလုပ်ခါမှ ဒီလိုတွေ ဖြစ်ရလေတယ်။

"Khun Thun ခများမှာ သားရှိတယ်လို့ ကြားတယ်"

Nani ‌အဖေလည်း ဘာလို့ CEO က သူ့သားလေးကို မေးရတာလဲ ဆိုတဲ့ အတွေးလေးဖြင့်

"ဟုတ်ပါတယ် ဘာဖြစ်လို့လဲ CEO"

"ကျွန်တော့မှာ သားရှိတာရော ခများ သိတယ်မလား ကျွန်တော့ရဲ့သား ဖြစ်သူ ‌ပွေရှုပ် ခြေမငြိမ်တဲ့ အကြောင်းတော့ ခများ သိပြီးသား ဖြစ်မှာပါ"

"ဟုတ် ကျွန်တော် သိပါတယ်"

"စောနက ခများ ကျွန်တော့ကို အချိန်တစ်နှစ် ထပ်စောင့်ပေးဖို့ ပြောခဲ့တယ်နော်"

"ဟုတ်ပါတယ် CEO"

"ခများကို ကျွန်တော့ သက်ညှာတဲ့ အနေနဲ့ ကျွန်တော် ခများကို ကမ်းလှမ်းစရာ ရှိတယ်"

"ခမျာ ဘာများလဲ CEO"

ဆိုပြီး Nani အဖေကတော့မျှော်လင့်ချက် ရောင်ကြည်လေးနဲ့ပေါ့

"ခများ သားနဲ့ ကျွန်တော့သားကို ပေးစားချင်တယ်"

"ခမျာ သား‌လေးကိုတော့......"

Naniအဖေ ကြားရတဲ့ စကားကြောင့် လန့်သွားပြီး စကားဆက်ပြောမည့် အလုပ်

"ကျွန်တော် ပြောတာ မဆုံးသေးဘူး ကျွန်တော့သားရဲ့ အကြောင်းလည်း ခများ သိပြီးသား ဆိုတော့ ကျွန်တော်က ကျွန်တော်သားကို ပြောင်းလဲ စေချင်တာ အဲ့တာ....."

"ကျွန်တော့သားလေးနဲ့ ဘာဆိုင်လို့လဲ CEO"

"ဆိုင်တယ်လို့ ကျွန်တော်ထင်တယ် ခများသားလေးက လိမ္မာရေးခြား ရှိသလို ကြိုးစားတယ် ကိုယ်ပိုင်ကော်ဖီဆိုင်လည်း ရှိတယ် ဆိုတာ ကျွန်တော်သိထားတယ် ပြီးတော့ ကျွန်တော့သားကိုလည်း ပြုပြင် ပြောင်းလဲ ပေးနိုင်မယ်လို့ ကျွန်တော်ထင်တယ်"

"ဒီကိစ္စတွေက ကျွန်တော့ကြောင့်ဖြစ်ရတာပါ ကျွန်တော့သားလေးကိုတော့ ကျွန်တော့ကိစ္စထဲ ဆွဲမထည့်ချင်ဘူး"

"နေပါဦး ကျွန်တော့စကားမဆုံးသေးဘူး ခများသားက ကျွန်တော့သားကို ယူပြီး တစ်နှစ်အတွင်း ပြောင်းလဲ သွားအောင် လုပ်ပေးရမယ်။တစ်နှစ်အတွင်း ပြောင်းလဲအောင် လုပ်ပေးနိုင်ရင်  ခများရဲ့ အခုကိစ္စတွေကို မည်သူမှလည်း မသိနိုင်သလို ခများကြောင့် ဆုံးရှုံးသွားတဲ့ ငွေပမာဏတွေကိုလည်း ကျွန်တော်က ကြေအေးပေးလိုက်မယ်"

Nani အဖေလည်း အကြပ်ရိုက်သွားခဲ့သည်။မိမိတို့ပိုင်ဆိုင်သမျှကို ပေါင်နှံရောင်းချရင်တောင် ကုမ္ပဏီ ငွေရဲ့ သုံးပုံ ပုံ နှစ်ပုံတောင် မရှိပေ။

"ခများ စဉ်းစားပါ ဒါဟာ ခများပေါ်ကို ကျွန်တော် ထောက်ထား ပေးတာပါ ဒါကို လက်မခံနိုင်ရင်လည်း ရပါတယ် ရှေ့နေကနေ တစ်ဆင့် စကားပြောကြတာပေါ့"

Naniအဖေလည်း ကမ္ဘာကြီးမှာ လုံးဝကို မရှိချင်တော့တာ အမှန်ပင်။

"ခများ မိသားစုနဲ့ တိုင်ပင်လိုက်ပါအုန်း ခများဘက်က ဒီကိစ္စကို သဘောတူတယ် ဆိုရင် ခများသားကို ကျွန်တော့ကို လာတွေ့ဖို့ လွှတ်ပေးပါ"

Naniအဖေ စိတ်ထဲမှာ ဘာမှလည်း တွေးမရတော့ သလို ဘာပြန်ပြောရမလဲ သူတကယ်ကို မသိတော့ပါ။

"ခများကို ကျွန်တော် ခွင့်ပေးပါတယ် ခများ အိမ်ပြန်ပြီး မိသားစုနဲ့ တိုင်ပင်လိုက်ပါအုန်း ရွေးစရာကတော့ နှစ်လမ်းပဲ ရှိတာ ခများ သိတယ်မလား"

"ဟုတ်ကဲ့ ကျွန်တော့ကို ခွင့်ပြုပါအုန်း" ဆိုပြီး Nani အဖေလည်း ခေါင်းလေး ငုံ့ကာ ပြန်ထွက်သွားခဲ့သည်။

________________________

"ကိုကို pink တို့ ဒီဆိုင်လေးကို သွားရအောင်" ဆိုပြီး ig ကနေ တစ်ဆင့် pinkလည်း skyအား ပြလိုက်သည်။

ဆိုင်လေးက တစ်ခြား ဆိုင် မဟုတ်။ "Me♪ody" ဆိုတဲ့ naniရဲ့ cafeဆိုင်လေး ဖြစ်သည်။

Skyလည်း pink တစ်ယောက်နဲ့ စိတ်ရှုပ်နေတော့သည်။သူ pinkကို ခါချဖို့ မလိုတော့ပါဘူး။အများဆုံး တစ်ပတ်ပဲလို့သာ သူတွေးနေလိုက်သည်။

"နော် ကိုကို"

"သွားလေ"

"Yay ဒါမှ ကိုကိုကွ" ဆိုပြီး skyအား ဖက်လိုက်သည်။

ဒီလိုနဲ့ Nani တို့ ဆိုင်ရှေ့ကို ရောက်လာခဲ့သည်။

" ဆိုင်လေးက တကယ်ကို ချစ်စရာလေးပဲ" ဆိုပြီး pinkတစ်ယောက် ကားပေါ်ကနေ ဆိုင်လေးကို ကြည့်ရှုလိုက်တယ်

"သွားရအောင် ကိုကို"

"ကိုယ့်ဘာသာပဲ သွားလိုက်တော့"

"ဟာ ကိုကိုကလည်း ဘာလို့လဲ"

"တော်ပြီဆိုနေကွာ မင်းဘာသာပဲ သွားတော့ ပြီးတော့ ပါဆယ်ပဲ ယူခဲ့လိုက်"

Skyအဲ့လို စိတ်မရှည်ရင်တော့ pink ကြောက်ပါတယ်

"အွန်း pink ပဲ သွားလိုက်တော့မယ်" ဆိုပြီး pinkတစ်ယောက် ဆိုင်ထဲကို ဝင်သွားလိုက်တော့သည်။

"မင်္ဂလာပါခမျ"

"ဟုတ်ကဲ့"

"အစ်မ ဘာ လေး မှာယူချင်လို့လဲဗျ ဆိုင်စားလား ပါဆယ် လားဗျ"food counter က ဝန်ထမ်းလေး က ပြောလိုက်သည်။

"အွန်းး ဘာစားရမလဲ မသိတော့ဘူး ဆိုင်လေးက ချစ်စရာ ကောင်းလွန်းနေတော့"

"အဲ့တာဆို ကျွန်တော် ညွှန်ပေးရမလားဗျ "

"ဟုတ်ကဲ့"

"ဒါကတော့ ကျွန်တော်တို့ ဆိုင်မှာ အရောင်းရဆုံးနဲ့ လူကြိုက်အများဆုံး ဖြစ်တဲ့ sanrio characters cakeလေးတွေပဲ ဖြစ်ပါတယ်ဗျ" ဆိုပြီး ရှင်းပြပေးလိုက်သည်။

"ဟုတ် အဲ့တာဆို pink ကို my melody, kuromi နဲ့ hello kitty ကို တစ်ခုစီ ထည့်ပေးပါနော် ပြီးတော့ pink milkလေးရော ကောင်းတယ်ပြောတယ်"

"ဟုတ်ပါတယ်ဗျ"

"Pink milkလေးရော တစ်ခွက်နော် "

"ဟုတ်ကဲ့ပါဗျ"

"ရပါပြီဗျ အစ်မရဲ့ orderလေးတွေ ဒီဘက်လေးမှာ ရှင်းပေးပါဗျ"

"ဟုတ် "

"ဒီမှာ ပြန်အမ်းငွေလေး ပါဗျ ကျေးဇူးပါဗျ" ဆိုပြီး Naniလည်း ‌ကောင်မလေးအား ငွေအမ်းလေး ပေးလိုက်သည်။

"ဟုတ်ကဲ့ပါ "ဆိုပြီး pinkလည်း ကားရှိရာသို့ ပြန်သွားလိုက်သည်။

Nani လည်း igကနေ တဆင့် ဆိုင်ကို လူသိများလာတော့ ဝန်ထမ်းကောင်လေး တစ်ယောက် ခေါ်ယူပြီး ဆိုင်လေးကို ဆက်လက် လုပ်ကိုင် နေတော့သည်။

_______________________

"ကိုကို ဒီမှာ ကြည့်ပါအုန်း ချစ်စရာ မကောင်းဘူးလား ကိတ်လေးတွေက"

"ဒါနဲ့ သိလားကိုကို pinkလည်း ဆိုင်ကို ကောင်မလေး ဖွင့်ထားတယ် ထင်နေတာ ကောင်လေး ဖွင့်ထားတာ ဖြစ်နေတယ်။ပြီးတော့ counter က ကောင်လေးဆို ချောလိုက်တာ သူက ဆိုင်ပိုင်ရှင်လား မသိဘူး" ဆိုပြီး pink တစ်ယောက် sky အား ပြောလိုက်သည်။

"ကိုကို စားအုန်းမလား "

"တော်ပြီ အဲ့တာဆို အိမ်ပြန်ပို့ပြီနော် "

"အွန်းကိုကို "

Pinkကတော့ သူဝယ်လာတဲ့ ကိတ်လေးတွေကို စားပြီး အလွန်အရသာ ရှိတော့ ပျော်မြူးနေလေရဲ့

Skyလည်း အလိုလိုမှ ကားပေါ်မှာ စောင့်ရင်း cafeဆိုင်ကလည်း ဘာကာတွန်းရုပ်တွေနဲ့ အလှဆင်ထားတာလဲ ကလေးဆန်လိုက်တာ  ဆိုပြီး တွေး‌နေတာပင် မဆုံးသေး pinkအပြောကြောင့် သူ ကားမောင်း နေရင်း အတွေးတွေ ထပ်ဝင်ကုန်ပြန်တယ်။ယောက်ျားလေး တစ်ယောက်လည်း ဖွင့်ထားသေးတယ် ဒီလို အပြင်ဆင်ကြီးက ကလေး မဆန်ဘူးလား ဆိုပြီး စိတ်ထဲမှာ ဒီကော်ဖီ‌ဆိုင် အကြောင်းရာလေးက ရောက်ရှိခဲ့တယ်။

___________________________

"သား ပြီးပြီလား "

"ပြီးပြီ ဖေဖေ"

Nani လည်း သူ့ဖေဖေကို ကြည့်လိုက်တော့ အရင်နေ့တွေကနဲ့ မတူပဲ တစ်ခုခု ဖြစ်‌နေတယ် ဆိုတာ သေချာတယ် ဆိုတယ် မေးလိုက်သည်။

"ဖေဖေ ဘာဖြစ်လာလို့လဲဟင်"

"ဟင် ဘာမှ မဖြစ်ပါဘူး အိမ်ပြန်ရအောင်လေ"

ဖေဖေ ဒီအကြောင်းတွေကို သားကို ဘယ်လို ပြောရမလဲ သားရယ် ဆိုပြီး အတွေးတွေနဲ့ အိမ်ကို‌ မောင်းနှင်းခဲ့လိုက်သည်။

ဒီလိုနဲ့ ညရောက်တော့ Nani ဖေဖေ ကလည်း သူက အိမ်ထောင်ဦးစီး လည်း ဖြစ်တယ်။ သူလုပ်ခဲ့ အရာတွေ တွက်လည်း တာဝန်ရှိတယ်။သူ့မိသားစု အပေါ်ကိုလည်း ဘယ်အရာကိုမှ သူဖုံးကွယ်ခဲ့ခြင်း မရှိပေ။

"ဖေဖေ မင်းတို့ကို ပြောစရာ ရှိတယ်"ဆိုပြီး သားဖြစ်သူနဲ့ ဇနီး ဖြစ်သူကို စကားစလိုက်တယ်။

"ဟုတ် ဖေဖေ"

"ဖေဖေတို့ ရှေ့ရေး အတွက် သေချာအောင် ဖေဖေ လုပ်ငန်းတစ်ခုမှာ ရင်းနှီးမြုပ်နှံခဲ့တယ်။ကံဆိုးချင်တော့ ဒီနေ့ အလိမ်ခံရတယ် ဆိုတာ သိလိုက်ရတယ်။ဒီငွေတွေထဲမှာ ကုမ္ပဏီရဲ့ ငွေအမြောက်အများလည်း ပါနေခဲ့တယ်"

"အကိုရယ် ဘာလို့ အဲ့လို လုပ်ခဲ့တာလဲဟင် "

"ကိုယ်လည်း ကုမ္ပဏီရဲ့ ငွေတွေကို ခန သုံးလိုက်မယ် ပြီးရင် ကိုယ့်ရဲ့ လုပ်ငန်းက အကျိုးအမြတ်တွေ ရလာရင် ပြန်ထည့်မယ် ဆိုပြီး လုပ်လိုက်မိတာပါ"

"အခု ဘယ်လို လုပ်မလဲ အကိုရယ်" ဆိုပြီး Nani မေမေကတော့ ငိုနေလေရဲ့

"မေမေရယ် မငိုပါနဲ့ သားတို့ ဘယ်လို ဖြေရှင်းနိုင်မလဲ စဉ်းစားရအောင်လေနော်"

"ဖေဖေ ရဲ့ CEOကရော ဘာပြောသေးလဲ" ဆိုပြီး Nani သူ့ဖေဖေအား မေးလိုက်သည်။

"အချိန် တစ်နှစ်ပေးမယ်တဲ့ ဒါပေမဲ့ သူ့သားကို သားနဲ့ အိမ်ထောင်ချပေးရမယ်တဲ့"

"ခမျာ! တစ်ခြားနည်းလမ်းရော မရှိတော့ဘူး ဖေဖေ" Nani လည်း အလန့်တကြားတွေ ဖြစ်သွားခဲ့သည်။

"ဖေဖေ စဉ်းစားပြီးပြီ ဖေဖေ တို့ ပိုင်ဆိုင်မှု တွေ ကို ရောင်းရင်တောင် မဖြစ်နိုင်ဘူး"

"သားဆိုင်လေးကိုပါ ရောင်းလိုက်မယ် ဆိုရင်ရော"

"သားဆိုင်လေးကိုတော့ ဖေဖေ မလုပ်ချင်ဘူး‌အခုလို ပြောရတာကို ဖေဖေက ဖခင် တာဝန် မကျေသလို ခံစားရတယ် "

"အဲ့လိုတော့ ဘယ်ဟုတ်မလဲ ဖေဖေ ရယ် သားတို့က မိသားစုတွေပဲလေ"

"အကို့တို့ CEOက ဘာလို့ သူ့သားနဲ့ ပေးစားချင်ရ တာလဲ "

"ကိုယ်တို့သားလေးက သူ့သားကို ပြောင်းလဲ ပေးနိုင်မယ် ထင်လို့တဲ့ သူ့သားက ဆိုးတယ် အဲ့တာကြောင့်မို့ သားလိုမျိုး ကြိုးစားတဲ့ လူငယ် တစ်ယောက် ဖြစ်စေချင်တာ"

"ပြီးတော့ရော ဘာပြောလိုက်သေးလဲ" ဆိုပြီး naniမေမေကတော့ မျက်ရည်လေး စလက်နဲ့ပေါ့

"မိသားစုနဲ့ တိုင်ပင်ပြီး မနက်ဖြန်ကျရင် သူ့ကို လာတွေ့ခိုင်းလိုက်ပါတဲ့ ဒီကိစ္စကို သဘောတူရင် အခုငွေတွေကိုလည်း ကြေအေးပေးမှာ ပြီးတော့ သူ့နဲ့ ကိုယ့်ကြားမှာ ဘာမှ မဖြစ်ခဲ့သလိုမျိုး နေပေးမယ်တဲ့ "

"သားလေးက လက်မခံရင်ရော"

"အွန်း အဲ့တော့လည်း သူက ရှေ့နေကနေ တစ်ဆင့် စကား ပြောလိုက်မယ်တဲ့ အဲ့တာ ဖေဖေလည်း ဘာဆက်လုပ်ရမလဲ မသိတော့ဘူး"

"ကဲပါ ဖေဖေရယ် ဘာမှ တွေးမနေပါနဲ့ သားတို့ တွက် နည်းလမ်း ဆိုတာ ရှိလာမှာပါ"

"ဟုတ်ပါပြီ... သားရယ်"

"သားမနက်ဖြန်ကျရင် ဖေဖေတို့ CEOနဲ့ သွားတွေ့လိုက်ပါ့မယ်"

"သားလေး" ဆိုပြီး မိဘ နှစ်ယောက်လုံး အလန့်တကြားလေး ကြည့်လိုက်မိသည်။

"ဘာမှ မဖြစ်ပါဘူး ဖေဖေနဲ့ မေမေ ပြီးတော့ သားယူရမှာလဲ ယောက်ျားလေးလေ မိန်းကလေးမှ မဟုတ်တာ တစ်ခုခု ဆိုရင်တောင် မနစ်နာဘူးလို့ သားထင်တယ်"

"သားရယ် ဖေဖေ ကြောင့် သားဒီလို ဖြစ်ရတာ"

"အဲ့လို မတွေးပါနဲ့ ဖေဖေ မေမေ ထမင်းစားရအောင်လေနော်" ဆိုပြီး naniက သူ့အဖေနဲ့ အမေကို စိတ်သက်သာအောင် လုပ်လိုက်ပေမဲ့ ဘယ်မိဘ နှစ်ပါးက ထမင်းကို ကောင်းမွန်စွာ စားနိုင်မလဲဗျာ။

_______________________

"မင်း သားရော"

"ပြန်မလာသေးဘူး အကို"

"အေးပါ ဒီကောင် မကြာတော့ပါဘူး ငါစီစဉ်တာကို လက်ကို ခံရမယ်" ဆိုပြီး သူ့ဇနီး ဖြစ်သူအား ပြောလိုက်သည်။

"အကို ဘာစီစဉ်ထားတာလဲဟင်"

"မင်း သားကို ငါ့ရဲ့ မန်နေဂျာရဲ့ သားနဲ့ ပေးစားမှာ" ဆိုပြီး skyဒယ်ဒီလည်း အပိုင်တွက်ကာ ပြောလိုက်သည်။

"ဟမ်! အကို သားလေးကို ဘယ်သူနဲ့ ပေးစားမှာလဲ"

"ဒီကောင့်ကို ငါတို့လည်း မနိုင်သလို သူတွဲသွားတွဲလာ လုပ်နေတဲ့ ကောင်မလေးတွေလည်း ပြောင်းလဲ ပေးနိုင်မှာ မဟုတ်ဘူး အဲ့တာကြောင့်မို့ ငါသူ့ကို ယောက်ျားလေးနဲ့ပဲ ဖြစ်နိုင်တော့မယ်လို့ ငါထင်တယ်"

"သားက လက်မခံရင်ရော ဘယ်လို လုပ်မလဲ အကို "

"ငါသူ့နိုင်ကွက်ကို တွေ့ထားပါတယ်"

" ဒီကောင် လက်ကို ခံစေရမယ်"

ဆိုပြီး skyဒယ်ဒီကတော့ အပြုံးကြီးနဲ့ပေါ့

TBCThanks for reading, guys

(Zawgyi)

















"ကုမ်ပဏီ ငှတှေကေို အလှှဲသုံးစား လုပျမှု ခိုးယူမှုတှနေဲ့ တရားစှဲလို့ရတယျ ဆိုတာ ခမြား နားလညျလား Khun Thun"

































________________________















"မငျ်ဂလာပါခမြ"

"ဟုတျကဲ့"















_______________________








___________________________



































_______________________












TBCThanks for reading, guys

There are no comments yet. Log in to be the first to leave a review!

Similar stories