part 2
17:14, 3 February 2025(Unicode)
"သားရေ မနက်စာ စားရအောင်"
"လာပြီ မေမေ"
Naniလည်း လုပ်နေတဲ့ အလုပ်လေးကို လက်စသတ်လိုက်ပြီး မနက်စာ စားဖို့ အောက်ဆင်းခဲ့လိုက်သည်။
အသက် ၂၇နှစ် အရွယ် ကောင်လေး တစ်ယောက်က ကော်ဖီဆိုင်လေး ဖွင့်ပြီး အေးအေးဆေးဆေး နေတက်ပြီး သားလိမ္မာလေး တစ်ယောက် ဖြစ်သည်။
" သား လာထိုင်"
"ဟုတ် ဖေဖေ"
မိသားစုမှာလည်း သားလေးက တစ်ယောက်ပဲ ရှိသလို။သားဖြစ်သူလေးကလည်း မိဘ စကားဆို မဖယ်ရှားပဲ မြေဝယ်မကျ နားထောင်တက်သူ ဖြစ်သည်။
"သားရဲ့ ကော်ဖီဆိုင်ရော အဆင်ပြေလားဖေဖေ ဘာကူညီဖို့ လိုသေးလဲ"
"အခုတော့ ဘာမှ မလိုသေးဘူး ဖေဖေ ဆိုင်ကလည်း ဖွင့်တာ သိပ်မကြာသေးတော့ လူအလာတော့ နည်းသေးတယ်"
"ဟုတ်ပြီ သားတစ်ခုခု လိုအပ်ရင် ဖေဖေ့ကို ပြောနော်"
"ဟုတ်ဖေဖေ"
"ကဲ မနက်စာ စားလို့ ရပြီ သားဖ နှစ်ယောက် အလုပ်တွေ ကြိုးစားလို့ ရအောင် ရှယ်လုပ်ထားပါတယ်ရှင့်"
"ကောင်းကောင်းစားပါမယ်ဗျ"
"စားစား သားလေး ပြီးရင် ဆိုင်သွားရအုန်းမှာ မလား"
" ဟုတ်မေမေ" ဆိုပြီး naniတို့ မိသားစု မနက်စာ စားနေကြတော့သည်။
Naniက ကားမမောင်းတက်တော့ သူ့ဖေဖေက အမြဲအကြိုအပို့ လုပ်ပေးဖြစ်တယ်။သားဖြစ်သူကို ဆိုင်လေးမှာ ထားပြီး သူ့ရဲ့ အလုပ်ရှိရာ ကုမ္ပဏီကို သွားခြင်း ဖြစ်သည်။
"ဖေဖေ သားသွားတော့မယ်" ဆိုပြီး Naniလည်း သူ့ဆိုင်လေးထဲကို ဝင်သွားတော့သည်။
အသက်ကသာ ၂၇နှစ် ရှိတာ လုံးဝ ကလေး လေးလိုပင်။ကော်ဖီဆိုင်ရဲ့ design ကိုက sanario charactersတွေ ထဲက hello kitty, my melody, kuromi တွေ အပါအဝင် တစ်ခြား သူချစ်တက်တဲ့ ဝက်ဝံရုပ်လေးတွေနဲ့ပါ decoration လုပ်ထားခြင်း ဖြစ်သည်။မသိတဲ့ လူတွေကို ဆိုင်ကို ကောင်မလေး တစ်ယောက် ဖွင့်ထားတယ်ဟု ထင်မိမှာ မုချ ဧကန်ပင် ဖြစ်သည်။
ဆိုင်ထဲ ရောက်တော့ တံခါးလေးတွေ ဖွင့် ကိတ်ကလေးတွေ လုပ် အားလုံး readyဖြစ်တာနဲ့ close ဆိုတဲ့ ကဒ်ပြားလေးကို open ဆိုပြီး ပြန်လည် ချိတ်လိုက်သည်။
ဆိုင်လေးက လူလည်း သိပ်မသိသေးတော့ Nani တစ်ယောက်တည်း ရှိရင်ကို ဆိုင်အတွက် ဆောင်ရွက်နိုင်သောကြောင့် nani အလုပ် သမားများ ငှားရန်းထားခြင်း မရှိသေးပါ။
______________________
"Manager ကြီး ရောက်ပြီလား ဒီနေ့ နည်းနည်း နောက်ကျ နေသလိုပဲနော်"
"ဟုတ်ပဗျာ သားဖြစ်သူကို သူ့ရဲ့ ကော်ဖီဆိုင်လေးမှာ ဝင်ပို့ပေးနေလို့ပါ"
"ဟုတ်ပါပြီဗျာ သားဖြစ်သူလေးက လိမ္မာတော့ အဆင်ပြေတယ်မလား"
"လိမ္မာတယ် ဆိုတာကတော့ ပြောမနေနဲ့ သူ့ဘာသာ သူ အေးအေး ဆေးဆေး နေတာ"
"ဟုတ်ပါပြီဗျ "
Nani ဖေဖေလည်း သူ့ရဲ့ လက်အောက်ငယ်သားတွေနဲ့ သားတော်မောင်အား ချီးကျူးခန်း ဖွင့်နေတော့သည်။
"Manager ကြီး CEOက လာခဲ့ပါအုန်းတဲ့"
"ဟုတ် ကျွန်တော်လာခဲ့ပါမယ်" အတွင်းရေးမှူး ကောင်မလေးက လာခေါ်တော့ Nani အဖေလည်း CEOရဲ့ ရုံးခန်းကို သွားရတော့သည်။
ဒေါက် ဒေါက် ဒေါက်
"CEO ကျွန်တော့ကို ခေါ်တယ် ဆိုလို့ပါ"
"ဟုတ်ပါတယ် ကျွန်တော်တို့ ထုတ်ကုန်ရဲ့ လချုပ် စာရင်းတွေ လိုချင်လို့ပါ"
"ဟုတ်ကဲ့ ခမျ ကျွန်တော် ခနနေ လာပေးလိုက်ပါမယ်ဗျ"
Nani ရဲ့ ဖေဖေ က skyတို့ ဒယ်ဒီရဲ့ ကုမ္ပဏီကြီးမှာ လုပ်နေတဲ့ မန်နေဂျာပင် ဖြစ်သည်။လုပ်သက်အတော်ကြာပြီ ဖြစ်ပြီး ကုမ္ပဏီပေါ်ရော အလုပ်ပေါ်မှာရော တာဝန် ကျေသူ တစ်ယောက် ဖြစ်သည်။
"ဒေါက် ဒေါက် CEO ဝင်ခွင့်ပြပါခမျ"
"ဝင်ခဲ့ပါ"
"CEO တောင်းထားတဲ့ လချုပ်စာရင်းတွေပါ"
Skyဒယ်ဒီတို့က ပလက်စတစ်နဲ့ ပတ်သတ်တာတွေ ခွက်တွေ၊ခုံတွေ၊ မျိုးစုံ ထုတ်လုပ်သော ကုမ္ပဏီ တစ်ခု ဖြစ်သည်။ကော်နဲ့ ပတ်သတ်သော အရာများစွာကိုလည်း ရရှိနိုင်သည်။လုပ်ငန်းက ကြီးသလို အောင်မြင်မှုများလည်း ရှိသည်။
"အတွင်းရေးမှူးဆီကို ပေးလိုက်ပါ"
"ဟုတ်ကဲ့ CEO"
"ကျွန်တော့ကို သွားခွင့်ပြပါအုန်းဗျ "
"ကောင်းပါပြီ"
________________________
"မာမီ ဒယ်ဒီရော"
Sky လည်း သူ့ဒယ်ဒီနဲ့သာ အပေါက်လမ်း မတည့်တာ သူနိုးတော့ မတွေ့မိတော့ မေးလိုက်မိသည်။
" သားရယ် သားဒယ်ဒီက နေ့လည်စာ စားပြီးလို့ ပြန်တောင် သွားပြီ "
"ဟင် ဟုတ်လား"
ငါအဲ့လောက်တောင် အိပ်ပျော်သွားပြီလား ဆိုတဲ့ အတွေးနဲ့ skyလည်း ဘာမှ ဆက်မမေးမိတော့ပေ။
"သား နေ့လည်စာ စားရအောင်လေ"
"ဟုတ်မာမီ "
မာမီနဲ့ ထမင်းစားနေရင်း lineကနေ notiလေး ဝင်လာခဲ့တယ်။
"အကို ဘာလုပ်နေလဲဟင်"
"ထမင်းစားနေတာ pinkကရော"
"Pinkက ဒီတိုင်း ပျင်းလို့ ဖုန်း သုံးနေတာ ဒါနဲ့အကိုညကျရင် clubလာမှာလား "
"ဒီနေ့ညက အကို barကို သွားမှာ"
"Clubလာခဲ့ပါလား ညီမ အကိုကို့ သတိရလို့"
Skyလည်း ဒီကောင်မလေးက ဘာလဲ ဆိုတဲ့ အထာနဲ့ မျက်ခုံးပင့်ကာ တွေးစပြုလိုက်သည်။
"သား ဘာလို့လဲ ကောင်မလေး ရနေပြီလား"
"မဟုတ်ပါဘူး မာမီရာ သားကို လာအီနေတာ "
"သားကို ရည်းစားမထားနဲ့လို့တော့ မာမီက မပြောပါဘူး ဒါပေမဲ့ သူများ သားသမီးတွေရဲ့ အချစ်ကို မကစားရဘူးနော် ဝဋ်လည်တက်တယ်"
"မာမီကလည်း သားက မသိရင် လူတကာ ကို လိုက်ပြီး ဒုက္ခပေးနေသလို ဖြစ်နေပြီ"
"ဟုတ်ပါပြီ မာမီက သားကို ပြန်ခံရမှာ ဆိုးလို့ပါ သူများအချစ်ကို ကစားတာတို့ ဘာတို့ဆို ကိုယ့်အလှည့်ဆိုတာ ပြန်ရောက်လာတက်တယ်"
"သားကတော့ အဲ့တာတွေ အယုံကြည် မရှိဘူး မာမီ သူတို့က သားကို ပတ်သတ်လို့ အားနာပြီး ပြန်ပတ်သတ်ပေးလိုက်တာ တစ်ခုပဲ"
"ဟော ငါ့သားလေးနဲ့တော့ ခက်ပြီ" ဆိုပြီး skyမာမီလည်း ဘာမှ ဆက်မပြောဖြစ်ပဲ အနည်းငယ် ငြိမ်သွားတော့သည်။
"မာမီကလည်း အဲ့တာတွေ တွေးမနေပါနဲ့ ထမင်းစားရအောင်"
"ဒယ်ဒီနဲ့မာမီကို ချစ်ရင် ညတွေကို မထွက်ပါနဲ့လား သားရယ် သားအတွက် စိတ်ပူလို့ပါ"
"ပြီးတော့ မာမီကလေ သားလေးကို အရာရာမှာတည်တည်တန့်တန့်နဲ့ ပြတ်ပြတ်သားသား ရှိစေချင်တာ"
"သားက အခု ဘာဖြစ်နေလို့လဲ"
"ဘာမှတော့ မဖြစ်ပါဘူး သားကို ကြိုးစားစေချင်တာ ကိုယ့်မိဘက ချမ်းသာပါတယ် ဆိုပြီး အလေလွှင့်မဖြစ်စေချင်တာ"
"တော်ပြီ မာမီရာ သားအပေါ်တက်တော့မယ်"
Sky စားလက်စ ထမင်းကိုတောင် ဆက်မစားချင်တော့ပဲ အိမ်ပေါ်ကို တက်လာခဲ့တော့သည်။ဘာလို့လဲ ငါက ဘာဖြစ်နေလို့လဲ ငါသူများတွေလို မူးယစ်ဆေးဝါးတွေ သုံးဆွဲနေတာလဲ မဟုတ်ဘူး ငါ့ဘာသာ ညထွက်မိတာ အဲ့လောက်ဆိုးလားကွာ ဆိုတဲ့ အတွေးတွေနဲ့ skyသူ့အခန်းထဲမှာ စဉ်းစားခန်း ဖွင့်နေတော့သည်။
Skyမာမီလည်း "အကိုရယ် ညီမလည်း အကို့သားကို ပြောနေတာပဲ ဘယ်လိုမှကို ပြောလို့မရတာ။တစ်ခါတစ်လေ အတွေးတွေ ဝင်မိတယ် အလိုလိုက်ခဲ့မိတဲ့ ငါပဲ မှားတာလား ငယ်စဉ်ခနဲက ရွှေမရှား ငွေမရှား ကလေး တစ်ယောက်ဆိုတော့ လိုချင်တာ အကုန်ရနေခြင်းပင်။ငါရဲ့ ကလေး တစ်ယောက်ကို ထိန်းကျောင်းခဲ့တဲ့ ပုံစံပဲ မှားသွားလား" ဆိုပြီး skyမာမီလည်း ကိုယ့်ဘာသာကို အပြစ်တင်နေမိတော့သည်။
____________________________
"Skyရော "
"အပြင်ထွက်သွားတယ် အကို"
"ဘယ်ကို သွားတာလဲ ငါတောင် ကုမ္ပဏီက ပြန်လာပြီ သူက ပြန်မလာသေးဘူးလား "
"အကိုနဲ့ ရှေ့ဆင့်နောက်ဆင့်လေး ထွက်သွားတာ"
"ဘာ! ဘယ်သွားမယ်လို့ ပြောသွားသေးလဲ"
"သူငယ်ချင်းတွေနဲ့လို့ ပြောတယ်"
"မင်းက မတားလိုက်ဘူးလား"
"ညီမလည်း ဘယ်လို တားနိုင်မလဲ အကိုရယ် နေ့လည်ကတောင် ဆုံးမ စကားလေး နည်းနည်း ပြောလိုက်တာ စိတ်ဆိုးပြီး ထမင်းတောင် ကုန်အောင် စားမသွားဘူး"
"ဒီကောင်ကိုလေ ဘယ်လို ထိန်းချုပ်ရမလဲ မသိတော့ဘူး အိမ်ထောင် ချပေးမှ ရတော့မယ် ထင်တယ်"
Skyမာမီ အနည်းငယ် လန့်သွားကာ
"အကိုရယ် သားက ငယ်နေသေးလို့ပါ"
"ဘာကို ငယ်တာလဲ တိုးတက်ချင်တဲ့ နေရာမှာသာ ငယ်နေတာ ကျန်တာ သူမသိတဲ့ဟာဆိုတာ မရှိဘူး" ဆိုပြီး skyဒယ်ဒီ စိတ်တိုတိုနဲ့ ပြောလိုက်သည်။
"အကိုက သားကို ဘယ်သူနဲ့ ပေးစား မလို့လဲ"
"အဲ့တာ တွေးနေတာ"
"သားမှာ ရည်းစားများ ရှိလား မေးကြည့်ပါ့လား"
"တော်စမ်းပါ သူ့အကြိုက် ရွေးခိုင်းလည်း ထွက်လာမှာ မဟုတ်သလို မင်း သားမှာ ရည်းစား ရှိရင်တောင် သူ့လို ပုံစံတူနဲ့ပဲ ရလိမ့်မယ်"
Skyမာမီလည်း "အဲ့လိုတော့ မဖြစ်သေးဘူး အကိုရယ်" ဆိုပြီး ခေါင်းတယမ်းယမ်းသာ လုပ်နေရတော့သည်။
"ဒီကိစ္စကို ငါကိုယ်တိုင် စီစဉ်မယ် "
"သားက လက်ခံ ပါ့မလား အကို"
"သတ္တိရှိရင် စမ်းကြည့်လိုက်လေ ငါက သူ့အဖေပါ "
ဒီသားဖ နှစ်ယောက်ကြား နေရတဲ့ skyရဲ့ မိခင်တစ်ယောက်လည်း ခေါင်းခြောက်နေရောပေါ့အရာရာကို ပေါ့ပေါ့တန်တန် ဖြတ်သန်းနေတဲ့ သားရယ် သားဖြစ်သူကို လေးလေးနက်နက် ရှိပြီး အခုလို ပုံစံကနေ ပြောင်းလဲ စေချင်တဲ့ အဖေရယ် နဲ့တော့ ခက်ပြီပေါ့
_________________________
"ဟုတ်ကဲ့ ကျေးဇူးပါဗျ"
"ဟုတ်ကဲ့ ဒါနဲ့ အကိုက ဒီဆိုင်ပိုင်ရှင်လားရှင့်"
"ဟုတ်ပါတယ် ဘာလို့လဲဗျ"
"အရမ်းချောပြီး ချစ်စရာကောင်းလို့"
"ခမျာ"
ဆိုင်မှာ ကိတ်လာဝယ်တဲ့ ကောင်မလေးကြောင့် naniလည်း လန့်သွားတော့သည်။
"ဆိုင်အပြင်ဆင်လေးက ချစ်စရာလေးလို့ "
"ဟုတ် ကျေးဇူးပါဗျ "
"igမှာ တွေ့လို့ လာခဲ့တာ"
"ဟုတ်ကဲ့"
"အကိုရဲ့ igလေးရော သိလို့......"
"ညီမ အကိုအားနာပါတယ်ဗျ အကိုဆိုင်ပိတ်ချိန်လေး ရောက်တော့မှာမို့ ပါဗျ"
ကောင်မလေးလည်း ရှက်ရမ်း ရမ်းသွားကာ
"ဟုတ်အကို အဲ့တာဆို သွားလိုက်အုန်းမယ်နောက်နေ့လာခဲ့မယ်နော်"
"ဟုတ်ကဲ့ ကျေးဇူးပါဗျ"
Nani ပြောပြီးတော့ ကောင်မလေးရဲ့ ပြန်သွားလေရဲ့
ဟူးးးး Nani တစ်ယောက်လည်း လည်း သက်ပြင်းသာ ချနေမိတော့သည်။ဝါသနာပါလို့ ကော်ဖီဆိုင်လေး ဖွင့်ပါတယ်ဆို ကော်ဖီအရသာကို ကြိုက်လို့ လာတာ မဟုတ်ပဲ သူ့ကို ကြိုက်လို့ လာတဲ့ လူတွေနဲ့ တိုးနေမိတော့သည်။ဆိုင်ကလည်း ဖွင့်ထားတာ မကြာသေးတော့ လူအသိနည်းတော့ ခေတ်လူငယ် ပီပီ igပေါ်တို့ တစ်ခြား social platforms ပေါ်တွေကနေ pgလေး ဖွင့်ပြီး naniတစ်ယောက် လုပ်ကိုင်လိုက်သည်။Nani ဆိုင်လေးမှာ ကိတ်လေးတွေကို အများဆုံး လာစားကြသည်။ဘာလို့ဆို ဆိုင်ရှင် အကိုကြီးကိုလည်း ကြည့်ရင်းပေါ့ဆိုတဲ့ သူလေးတွေပေါ့
Nani လည်း တွေးလက်စတွေကို ရပ်ပြီး ဆိုင်လေးကို ပိတ်သိမ်းကာ ဆိုင်ရှေ့လေးမှာ သူ့ဖေဖေ အလာကို မျှော်နေတော့သည်။
"သား စောင့်ရတာ ကြာသွားပြီလား"ဆိုပြီး Nani ဖေဖေ ကားလေးနဲ့ ရောက်လာတော့သည်။
"မကြာသေးဘူး ဖေဖေ သားလည်း စောနကမှ ပြီးတာ"
"တက်သား မင်း မေမေ အိမ်မှာ စောင့်နေရောပေါ့"
"ဟုတ်ဖေဖေ"
_________________________
"အကို "
"ဟင် ဘာပြောမလို့လဲ"
Pinkတစ်ယောက် သူ့ဘေးမှာ ရှိတဲ့ skyကို ခေါ်လိုက်ခြင်း ဖြစ်သည်။
"အကိုက အသက်ဘယ်လောက်လဲဟင်"
"21 ဘာလို့လဲ "
"ဟုတ်လား pinkက pinkထက် ကြီးတယ် ထင်နေတာ "
"Pinkက ဘယ်လောက်လဲ"
"25"ဆိုပြီး လက်ကလေး အုပ်ကာ ရယ်နေလေရဲ့
"ဟမ် ဟုတ်လား သေးသေးဖြူဖြူလေး ဆိုတော့အသက်အဲ့လောက် ကွာမှန်း မထင်ရဘူး"
"Pinkလည်း skyကို မသိပဲ အကိုလို့ ခေါ်နေတာ "
"အခုက သိသွားပြီ ဆိုတော့ ဘယ်လို ခေါ်ချင်လို့လဲ"
"ကိုကို လို့ ခေါ်ချင်တာ ဘာလို့လဲ ဆိုတော့ အားကိုးချင်လို့ "
Skyလည်း ကားမောင်းနေရင်း လမ်းဘေး ချရပ်လိုက်သည်။
"ကိုကို ဟုတ်လား "
"ဘာလို့လဲ ခေါ်လို့ မရဘူးလား "ဆိုပြီး မျက်နှာငယ်လေးနဲ့ အတူ ချွဲတဲ့ အသံလေးဖြင့် ပြောလိုက်သည်။
"ရပါတယ် ခေါ်ပါ ခေါ်ပါ"
"အဲ့တာဆို ကိုကို သွားရအောင်လေ"
sky နဲ့ pinkတို့ကတော့ ည 9နာရီ မရောက်မချင်း လျှောက်ပတ် သွားနေတော့သည်။
______________________
ဒီလိုနဲ့ ည ၉နာရီလောက် ရောက်တော့ သူတို့ နှစ်ယောက် clubကို ရောက်ရှိလာပြီ ဖြစ်သည်။
တကယ်တော့ သူတို့နှစ်ယောက်က ညနေ ခနဲက လျှောက်သွား နေကြတာ patတို့ နဲ့ကတော့ ညတွေ့ဖို့ ချိန်းထား ပြီးသား ဖြစ်သည်။
"လာကြပြီလား မင်းတို့ နှစ်ယောက် ဘာတွေ ဖြစ်ခဲ့ကြသေးလဲ" ဆိုပြီး patတစ်ယောက် skyကို မေးလိုက်သည်။
"ဘာမှ မဖြစ်ပါဘူး patကလည်း" ဆိုပြီး pinkတစ်ယောက် ရှက်နေလေရဲ့
Patနဲ့ pink သူငယ်ချင်း တို့ကလည်း တစ်တွဲ skyနဲ့ pinkတို့က တစ်တွဲ ဒီနေ့ ထပ်ကဲ ဖြစ်ကြတယ်။
"ကိုကို ဒီနေ့ pinkကို ပြန်လိုက်ပို့ပေးပါလား"
Skyလည်း "ဘာလို့လဲ" ဆိုပြီး မေးမည့်အလုပ် patက
"ပို့ပေးလိုက်ပါ skyရာ ငါလည်း linnကို ပြန်မို့မှာ မလို့"
"နော် ကိုကို"
"အွန်း သွားလေ"
skyသိပ်တော့ ဘဝင် မကျပေ သူ့ဘဝမှာလေ သူဘယ်လောက်ပဲ ကောင်မလေးတွေနဲ့ တွဲတွဲ သူ့ဘက်က ဒီလို လုပ်ပေးရတာတွေ မရှိခဲ့ပေ။ အိမ်ပြန်လိုက်ပို့တာတွေလည်း မလုပ်သလို။အကြိုအပို့ တွေလည်း သူလုပ်ရတာ မကြိုက်ပါ ဘာလို့ဆို သူက driver လည်း မဟုတ်ဘူး ဆိုတဲ့ အတွေးဖြင့် skyဘယ်တော့မှ ပြုမူခဲ့ခြင်း မရှိပါ။
"ရပြီ ကိုကို ဒီရှေ့နားလေး ရပ်လိုက်နော်"
Skyလည်း ကားကို ရပ်ပေးလိုက်သည်။pinkလည်း ကားပေါ်က ဆင်းမဲ့ အလုပ် skyနှုတ်ဆက်အား နမ်းလိုက်ပြီး "ပြန်တော့နော် ကိုကို" ဆိုပြီး ကားပေါ်ကနေ အလျင်အမြန် ထွက်သွားခဲ့သည်။
Pink လည်း ကားပေါ်က ဆင်းသွားတော့ skyလည်း သူ့နှုတ်ခမ်းအား လက်ဖြင့် ဆွဲသုတ်ပစ်လိုက်သည်။ ပြီးတော့ ကားမောင်းကာ အိမ်သို့ ပြန်သွားတော့သည်။
ဒီနေ့ကတော့ တစ်ခြား နေ့တွေနဲ့ မတူပဲ ထူးခြားနေတာ အမှန်ပင်။ဘာလို့လဲ ဆိုတော့ အရင်ကဆို skyဘဝက ခြံကျော်ပြီး အိမ်ထဲ ဝင်ရတဲ့ လူတစ်ယောက်သာ ဖြစ်သည်။ ဒီည ကတော့ သူ့ရဲ့ ကားကို အပြင်မှာ ရပ်စရာ မလိုပဲ အေးအေးဆေးဆေး ခြံ ထဲ ဝင်ပြီး ဂိုဒေါင်ထဲ ရပ်လိုက်သည်။
လေလေး ချွန်ပြီး အိမ်ထဲ ဝင်ကာ အိမ်ပေါ် တက်မဲ့ အလုပ်
"ဟျောင့် လာအုန်း"
"ဒယ်ဒီ ဘာပြောမလို့လဲ"
"မင်းမှာ အခု ချစ်သူရည်းစား ရှိလား"
"ရှိသလိုလို မရှိသလိုလို"
"ဘာကွ မင်းငါ့ကို ရွဲ့နေတာလား"
"ဒယ်ဒီ မေးလို့ ကျွန်တော်ဖြေတာလေ ကျွန်တော့ ဘဝမှာ ဘယ်တုန်းကများ ရည်းစားတွေက အတည်တကျ ရှိလို့လဲ"
"ငါကွာ ဆွဲလုပ်မိတော့မယ်" ဆိုပြီး skyအား သွားလုပ်တော့မည့် အလုပ်
"စိတ်လျော့ပါ အကိုရယ် အေးဆေးမေးပါ သားကလည်း ကိုယ့်ဒယ်ဒီကို ကောင်းကောင်း ဖြေလိုက်" ဆိုပြီး skyမာမီမှာ ဖြန်ဖြေရတော့သည်။
"ကျွန်တော့မှာ အခုတော့ တွဲသွား တွဲလာ လုပ်နေတဲ့ ကောင်မလေး ရှိတယ် ဒါပေမဲ့ သူနဲ့ ဘယ်အချိန်ထိ တူတူ ရှိမလဲ ဆိုတာတော့ မသေချာဘူး"
"အေး အဲ့တာ မင်းကိစ္စ မင်းဘာသာ ရည်းစား ရှိချင်ရှိ မရှိရင်နေ ငါဂရုမစိုက်ဘူး ငါစီစဉ်တဲ့ အတိုင်း မင်းလက်ခံရမယ်"
"ဒယ်ဒီ ဘာတွေ လုပ်မလို့လဲ"
"အဲ့တာ ငါ့ကိစ္စပါ"
"ပြီးတာပဲဗျာ"
ဆိုပြီး skyလည်း စိတ်ရှုပ်ရှုပ်နဲ့ အိမ်ပေါ်တက်လိုက်တော့သည်။
"အကိုရယ် အကို့အစီစဉ်က ဘယ်လို လုပ်မှာလဲ သေချာပြီမို့လို့လား"
"ငါပါကွာ ကြည့်နေ ငါသင့်တော်မဲ့သူကို စုံစမ်းလိုက်အုန်း" မယ် ဆိုပြီး skyဒယ်ဒီကတော့ သူ့အစီစဉ်တွေ စဖို့ လှုပ်ရှား တော့မည် ဖြစ်သည်။
TBCThanks for reading, guys
(Zawgyi)
______________________
"ဟုတျပါပွီဗြာ သားဖွဈသူလေးက လိမ်မာတော့ အဆငျပွတေယျမလား"
"လိမ်မာတယျ ဆိုတာကတော့ ပွောမနနေဲ့ သူ့ဘာသာ သူ အေးအေး ဆေးဆေး နတော"
"ဟုတျပါပွီဗြ "
________________________
____________________________
_________________________
_________________________
______________________
"ဒယျဒီ ဘာတှလေုပျမလို့လဲ"
"အဲ့တာ ငါ့ကိစ်စပါ"
"ပွီးတာပဲဗြာ"
TBCThanks for reading, guys
There are no comments yet. Log in to be the first to leave a review!





