part 1
16:30, 2 February 2025(Unicode)
ညသန်းခေါင်သို့ ရောက်နေသောကြောင့် ဆူညံသံတွေ ကင်းစင်ပြီး ဘေးပတ်ဝန်းကျင်ကပါ တိတ်ဆိတ်လျက်။ ထိုစဉ် ခြံတံခါးပိတ်ထားသောကြောင့် အုတ်တံတိုင်းကနေ ကျော်ဖို့သာ ဆုံးဖြတ်ချက် ချလိုက်တဲ့ ကောင်လေး တစ်ယောက်။ထိုကောင်လေးကတော့ မည်သူမှ မဟုတ် skyသာ ဖြစ်နေသည်။skyလည်း သူ့ သူငယ်ချင်းနဲ့ night outထွက်ကဲပြီး ခြံတံခါးပိတ်ထားသော မိဘနှစ်ပါးကြောင့် သူ့မှာ ခြံကျော်တက်ရတဲ့ လူကို ဖြစ်နေပြီ။
ခြံကျော်တက်ပြီး အိမ်မကြီး တံခါးနား ရောက်တော့ skyတံခါးအား အသာလေး လှပ်ကြည့်လိုက်သည်။ skyတစ်ယောက် အပျော်ကြီး ပျော်သွားတာပေါ့ ဘာလို့ဆို အိမ်မကြီး တံခါးက ကလန့်ထိုးထားခြင်း မရှိပေ။
အိမ်တံခါးကို အသာလေး ပြန်ပိတ်ပြီး အိမ်က လူတွေ ဘယ်သူမှ မသိအောင် အိမ်ပေါ်ထပ်ကို တက်မည့်အလုပ် ရုတ်တရက် မီးတွေ အကုန် လင်းလာခဲ့သည်။
Skyလည်း လန့်သွားတော့ အနောက်လှည့်ကြည့်မိရာ မွေးမိခင်နဲ့ မွေးဖခင်တို့အား ဧည့်ခန်းထဲမှာ ထိုင်နေတာကို တွေ့လိုက်ရခြင်းပင်။
"ညကြီး အချိန်မတော် ထွက်ပြီး ပျော်ပါးရတာ ပျော်လားဗျ" ဟု skyဒယ်ဒီ skyအား ရွဲ့ပြီး မေးလိုက်သည်။
"နည်းနည်းပါ "
"ဘာကွ! မင်းဘယ်တော့မှာ ဒီလိုတွေ အပျော်ပါးမက်နေတာ လျော့မှာလဲ "
"ဘာလို့လဲ ဒယ်ဒီကလည်း ကျွန်တော်လည်း လူငယ်ပဲ အပျော်ပါးလေးတော့ ရှိမှာပေါ့"
"မင်းမပျော်ပါးတဲ့ နေ့ဆိုတာ ရှိခဲ့လား မင်းနေ့တိုင်း အပြင်ထွက်ကဲ ညဆို လူအိပ်ချိန်တွေမှ ပြန်ပြန်လာတာ မင်းမလွန် လွန်းဘူးလားကွ"
"ကျွန်တော်ကတော့ လွန်တယ်မထင်ပါဘူး ကျွန်တော် က လာလို့ အပေါ်မှာ သွားနားတော့မယ်နော်" ဆိုပြီး အိမ်ပေါ်သို့ အမြန်တက်ပြေးသွားတော့သည်။
"ကြည့်စမ်း ကြည့်စမ်း မင်းသား လုပ်သွားတာ ကြည့်စမ်း ငါတော့ ဒီကောင်နဲ့ အသက်ရှည်ရှည် နေရမယ် မထင်ဘူး"
"အကိုရယ် စိတ်လျှော့ပါ သားလေးကို ချော့ပြောကြည့်ပါမယ်"
"မင်းချော့လာတာ ဘယ်နှစ် နှစ်ရှိပြီလဲ မင်း သားက ပြောင်းလဲခဲ့လို့လား အခုတောင် 21နှစ် ရောက်နေပြီ"
"ဟုတ်ပါပြီ အကိုရယ် ကျွန်မ ချော့ပြောကြည့်ပါအုန်းမယ် "
"ပြောပြော ငါသာ သေသွားလိမ့်မယ် မင်း သားက ပြောင်းလဲမှာ မဟုတ်ဘူး မရတော့ဘူး ဒီကောင်ကိုလေ ခြေငြိမ်အောင် တစ်ခုခု လုပ်မှကို ရတော့မှာ" ဆိုပြီး skyအဖေတစ်ယောက်ကတော့ မွေးထားတဲ့ တစ်ဦးတည်းသော သားတစ်ယောက် ကြောင့် ခေါင်းခြောက်နေလေရဲ့
____________________________
"Hello"
"အိုင့်ကို မမှတ်မိဘူးလား"
"မမှတ်မိဘူး ဘယ်သူလဲ"
"ညက တွဲက ခဲ့တဲ့ တစ်ယောက်လေ ယူပဲ ဖုန်းနံပါတ် ပေးခဲ့ပြီးတော့ "
"ငါက ပေးခဲ့တာလား ငါမူးနေလို့ မသိတော့ဘူး"
"အွန်းပါ ညက ကိစ္စတွေကို ယူ မမှတ်မိလဲ ရပါတယ် "
"ဒါနဲ့ အခုက ဘာလို့ ဖုန်းဆက်တာလဲ "
"အိုင့်က ယူ့ကို ခင်ချင်လို့လေ"
"မင်းနဲ့ငါက တစ်ရက်လောက်ပဲ တွဲကတာ တစ်သက်လုံး တွဲကရမှာ မဟုတ်ဘူး နောက်ခါ ဖုန်းမဆက်နဲ့တော့" ဆိုပြီး skyတစ်ယောက် ဖုန်းကို အရင်ချသွားလိုက်ပြီး ph no.ကိုပါ black listထဲ ထည့်လိုက်တော့သည်။
Skyရဲ့ တစ်နေ့တာကတော့ ရှင်းပါတယ်။ကျောင်းပြီးသွားခနဲက ဘာအလုပ်မှလဲ ဆက်မလုပ်ဖြစ်ပေ။အဖေဖြစ်တဲ့သူက သူ့အလုပ်ကို အမွေဆက်ခံရမည့်သူ အနေနဲ့ လက်တွဲခေါ်တော့လည်း မလုပ်ချင်။ကိုယ့်ဘာသာကို ဖြစ်မြောက်အောင် လုပ်လား ဆိုတော့လည်း မလုပ်။ညဆို သူငယ်ချင်းတွေနဲ့ night out လေး ထွက်လိုက် ဟိုလူနဲ့ တွဲလိုက် ဒီလူနဲ့ တွဲလိုက်နဲ့ အချိန်တွေ ကုန်ဆုံးနေတော့သည်။
Skyတစ်ယောက်လည်း စောနက ဝင်လာတဲ့ ဖုန်း ကြောင့်စိတ်ရှုပ်သွားခဲ့တယ်။
သူ့ဘာသာ သူ ကောင်မလေး တွေနဲ့ ဘယ်လောက် တွဲပြီး ကခဲ့ ကခဲ့ သူ့အတွက် ဒီအရာတွေက ညတစ်ည အတွက် အတူရှိခဲ့ရုံ သက်သက်ပဲ။တွဲကရုံကလွှဲပြီး ဘာမှ ပိုမလာခဲ့။skyဆိုရင်ကို သူသွားနေ့ကျ club တွေ barတွေက မသိတဲ့ လူကို မရှိဘူး။skyနားကို ကပ်ချင်တဲ့ ကောင်မလေး တွေ ဆိုတာ ကလည်း ဝိုင်းဝိုင်းလည်။ ကောင်မလေးတွေတင် ဘယ်ဟုတ်မလဲ ကောင်လေးတွေရဲ့ စိတ်ဝင်စားခြင်းကိုပါ ခံရသော sky ပါ။ဒါပေမဲ့ သူ့အတွက် ချစ်ခြင်းမေတ္တာဆိုတာ မရှိသေးဘူး။သူတွဲချင်ရင် တွဲလိုက်တယ် မတွဲချင်ရင် ဖြတ်တယ် ဒီအရာတွေအတွက် သူ့မှာ အကြောင်းပြချက် မရှိဘူး။
"နိုးလာပြီလား မင်းသားလေး"
"ဒယ်ဒီ ကျွန်တော့ကို မရွဲ့ပါနဲ့"
" မရွဲ့ပါဘူးဗျ ဘာ သုံးဆောင်မလဲဗျ"
"မာမီ သားဘာစားရမလဲ ကော်ဖီနဲ့ မုန့်ရော"
"ဟျောင့် မင်းအချိန်လဲ ကြည့်အုန်း ၁၂နာရီ ထိုးနေပြီ နေ့လည်စာ စားရမဲ့ အချိန်တောင် ရောက်နေပြီကွ"
Skyလည်း အပြစ်ရှိသူပီပီ ရေငုံနှုတ်ပိတ်နေလေရဲ့
"ဟုတ်တယ် သားလေးရဲ့ မာမီ ထမင်းပြင်လိုက်မယ်လေ နေ့လည်စာ စားလိုက်တော့"
"ဘာဟင်းလဲ မာမီ"
"သားကြိုက်တဲ့ ပုဇွန်တုံယမ်း ဟင်းရည်လေး လုပ်ထားတယ်"
"ထမင်းစားတော့မယ် ဗျို့"
"လိုက်လည်း လိုက်တဲ့ သားမိတွေ ပြောကို မပြောချင်ဘူး အဲ့တာ မင်းကြောင့် ဒီကောင် ပျက်ဆီးနေတာ" ဆိုပြီး သူ့မိန်းမအား ဖြစ်သူအား အပြစ်သာ ဖို့နေရတော့သည်။
"ကဲပါ အကိုကလည်း ထမင်းစားရအောင်"
ဒီလိုနဲ့ သူတို့ မိသားစုသုံးယောက် နေ့လည်စာ စားနေကြတော့သည်။ထိုအချိန် skyဒယ်ဒီမှ
"Sky မင်းဘာလုပ်ဖို့ စီစဉ်ထားလဲ"
"ဘာကိုလဲ ဒယ်ဒီ"
"မင်းကျောင်းသာ ပြီးသွားတယ် ဘယ်မှာလဲ အလုပ်က ငါ့ရဲ့ ကုမ္ပဏီကိုရော မင်း မဦးစီးတော့ဘူးလား"
'ဒယ်ဒီ ကုမ္ပဏီက ဒီလောက် အဆင် ပြေနေတာ ကျွန်တော်မှ မလိုတာ"
Skyအပြောကြောင့် skyဒယ်ဒီတစ်ယောက် ပေါက်ကွဲ မိတော့မည်။
"အဲ့တာဆို ငါမရှိရင်ရော ဒီကုမ္ပဏီကြီးကို ဘယ်သူ ဦးစီးမှာလဲ ဒီတိုင်းကြီး ထားရမှာလား"
"ဟုတ်ပါပြီ ဒယ်ဒီရယ် ကျွန်တော် နားလည်ပါတယ်။ဒါပေမဲ့ အခုတော့ မလုပ်ချင်သေးဘူး"
"မင်းနဲ့ နေရတာ ငါသွေးတိုးပြီး သေသွားနိုင်တယ် သားတစ်ယောက် ရှိပါတယ် ဘာမှကို လက်လွှဲထားလို့ မရဘူး ငါ့မိတ်ဆွေရဲ့ သားနဲ့ ကွာပါ့ကွာ"
"အဲ့တာသူလေ ကျွန်တော်က ကျွန်တော် မာမီ သား ဗိုက်ဝပြီ" ဆိုပြီး ထမင်းဝိုင်းမှ ထထွက်သွားတော့သည်။
"ပန်းကန်ထားခဲ့ သားလေး"
"မင်းလည်း ကျက်ကျက်လုပ်နေ အဲ့တာကြောင့် ဒီကောင်က ထိန်းလို့ကို မရတာ အသက်က 21 ရှိနေပြီ သူ့ပန်းကန်သူ ဆေးခိုင်းပါ့လားကွာ"
"အော် အကိုရယ် ကလေး လွတ်လွတ်လပ်လပ် နေပါစေ"
"တော်ပြီ တော်ပြီ ငါ ကုမ္ပဏီ ပြန်တော့မယ် ဆက်ပြောနေရင် ငါက ပထွေးဖြစ်တော့မှာ" ဆိုပြီး skyဒယ်ဒီလည်း ကားမောင်းပြီး ထွက်သွားလိုက်တော့သည်။
__________________________
"Skyမင်းဒီနေ့ သွားမှာလား"
"ငါ့ဘဝမှာ ဘယ်တုန်းက မသွားတဲ့ နေ့ဆိုတာ ရှိလို့လဲ Pat ရာ"
"အေးကွာ အဲ့တာဆို ညကျရင် ဆုံမယ် "
"Ok ဟျောင့်"
skyတစ်ယောက် သူ့သူငယ်ချင်းနဲ့ ညကျဆုံဖို့ ချိတ်လိုက်ပြီး အခုတော့ အနားယူလေရဲ့
ည၉နာရီ
တည်နေရာသို့ ရောက်ရှိလာတဲ့ ကားအနက်လေး မကြာပါဘူး ကားပေါ်က ဆင်းလာခဲ့ပြီး သူ့သူငယ်ချင်း နှုတ်ဆက်လိုက်တယ်။
"ငါ့ကို စောင့်လိုက်ရတာ ကြာသွားလား"
"မင်းက ဒီနေ့ကျမှ ဘာလို့ ကြာနေတာလဲ"
"အိမ်က ဒယ်ဒီပေါ့ကွာ ငါဒီလိုတွေ ထွက်တာ မကြိုက်တော့ နည်းမျိုးစုံနဲ့ အိမ်ကိုသော့တွေ ခတ် ငါလည်း ဘယ်ရမလဲ အကွက်စုံနဲ့ သော့တွေ ဖျက်ပြီးသူတို့အလစ် ခိုးထွက်လာတာပေါ့"
"မင်းအိမ်က သိသွားရင်ရော ဘယ်လို လုပ်မလဲ"
"ဘာမှ မဖြစ်ပါဘူး အဲ့တာကြောင့်မို့ ငါ စီးနေကျ ပြိုင်ကားကို မယူခဲ့ပဲ ဂိုဒေါင်ထဲက ကားကို ယူလာခဲ့တာပေါ့ကွာ"
"လေးစားပါတယ်ကွာ"
"အေး နောက်မှ လေးစား အခုတော့ သွားရအောင်"
" အေးအေး"
Patနဲ့ skyဆိုတာ ပုခုံးဖက်ပြီး ပေါင်းလာတဲ့ သူငယ်ချင်း နှစ်ယောက် skyတို့လောက် မချမ်းသာပေမဲ့ အလတ်လောက်တော့ ရှိသည်။skyနဲ့ စိတ်တူ ကိုယ်တူ ပေါင်းဖက်လို့ ရတာလည်း patပဲ ရှိသည်။
လူငယ်တွေကတော့ DJ သံစုံ ကြားထဲမှာ ပျော်ရွှင်မှုတွေကို ရှာဖွေ နေကြသည်။ sky နဲ့ pat အပါအဝင်ပေါ့။ skyနဲ့ patက တစ်ရက်တစ်ခြား bar တစ်ရက် clubတစ်ရက် သွားကြသည်။ဒီနေ့က clubပေါ့။သူတို့ booking ယူထားတဲ့ ဝိုင်းမှာ နေရာယူကြပြီး အသီးတွေနဲ့ သောက်ဖွဲ့စားနေကြသည်။
"ဒီနားမှာ ထိုင်လို့ရမလားဟင်" ဟု မေးလာတဲ့ ကောင်မလေး တစ်ယောက်။အသားလေးက ဖြူဖြူလေး ဆိုသလို ဝတ်ထားတာလေးနဲ့ အလွန် လိုက်ဖက်နေသည်။
Skyနဲ့ patက ကောင်မလေးကို တစ်ချက် ကြည့်လိုက်ပြီး ဘာမှ ပြန်မပြောချေ။
"ဝိုင်းမရလို့ပါ ဝိုင်းခလေးပါ တစ်ဝက်ပေးပါမယ်နော်"
Patတစ်ယောက် ကောင်မလေးက "လှတယ် လက်ခံလိုက် ဟျောင့်"ဆိုတဲ့ အကြည့်လေးဖြင့် ကြည့်လိုက်တော့ skyတစ်ယောက် သဘောပေါက်တာပေါ့
"ရပါတယ် ထိုင်ပါ"
"ဟုတ် ကျေးဇူးပါနော် ညီမ သူငယ်ချင်းနဲ့ နှစ်ယောက် ထိုင်မယ်နော်"
" ရပါတယ်ဗျ သူငယ်ချင်းကို သွားခေါ်လိုက်လေ" patတစ်ယောက်ကတော့ အပျော်ကြီး ပျော်သွားတော့သည်။
Skyနဲ့ patက clubတွေ သွားရတာ ကြိုက်ပေမဲ့ ပုံစံချင်းတော့ အနည်းငယ် ကွဲပြားပါတယ်။skyအတွက် clubတွေ barတွေကတော့ သူရဲ့ အပျော်ရှာတာ သက်သက်ပဲ။ဒီနေ့ပျော်မယ် နောက်နေ့ မေ့မယ်။တစ်ရက်နဲ့ တစ်ရက် မတူအောင် အသစ်လိုပဲ ဖြတ်သန်းဖြစ်တယ်။Patကျတော့ ကောင်မလေးတွေကို သူကြိုက်ရင် အချိန်တစ်ခုကြာတော့ တွဲဖြစ်ပါတယ်။sky ကတော့ အများဆုံး တစ်ပတ်ပဲ သူတွဲဖြစ်တယ်။သူ့အတွက် မိန်းကလေးတွေက ညမှာ ကဖို့ အကဖော် သက်သက်ပဲ။
ဒီလိုနဲ့ skyတို့ ဝိုင်းမှာ ကောင်လေး နှစ်ယောက်နဲ့ ကောင်မလေး နှစ်ယောက် ထပ်တူအချိုး ကြနေသည်။
Skyလည်း သောက်နေတာ သုံးခွက်လောက် ရှိတော့မယ်။ အဲ့တာနဲ့ dance floor ကို သွားမည့်အလုပ် စောနက ရောက်လာတဲ့ ကောင်မလေးက ညီမနဲ့ က မလား တဲ့ skyလည်း တစ်ချက်ကြည့်လိုက်ရာ
"ဟျောင့် ကပေးလိုက်ပါ ငါလည်း ဒီတစ်ယောက်နဲ့ အဖော်လုပ်ပေးလိုက်မယ် "
Patတစ်ယောက်ကတော့ သူ့အကြံနဲ့သူ အောင်မြင်နေတာပေါ့
"အွန်း က လေ" ဆိုပြီး skyလည်း တုံ့ပြန်ချက် တစ်ခု ပေးလိုက်တယ်။
Skyတို့ကို ထိုင်ဖို့ အရင်လာမေးတဲ့ ကောင်မလေးက dance floor ကို သွားပြီးတော့ patကတော့ သူ့သူငယ်ချင်းနဲ့ ဝိုင်းမှာ နေလေရဲ့
ကောင်မလေးကတော့ skyရဲ့ ပုခုံးပေါ်ကို သူ့လက်နှစ်ဖက်အား ယှက်တင်ထားသည်။skyလည်း အလိုက်သင့် ခါးလေးကို သူ့လက်ဖြင့် ကိုင်ထားလိုက်သည်။
သူတို့နှစ်ယောက် ကပြီး ခန အကြာမှာတော့ skyဘက်က စတင် နမ်းလိုက်သည်။ကောင်မလေးမှာလည်း sky ကို ပြန်လှန် နမ်းလိုက်သည်။ dance floor က လူတွေထဲမှာတော့ ကတဲ့သူတွေက, က သူတို့နှစ်ယောက်ကို ဂုဏ်ပြုပေးတဲ့ သူတွေက wow wow နဲ့ ဂုဏ်ပြုနေကြသည်။
သူတို့နှစ်ယောက် ကပြီး သူတို့ဝိုင်း နေရာကို ပြန်သွားကြတော့သည်။
Skyတို့လည်း ဝိုင်းရောက်တော့ patကတော့ ကောင်မလေးကို ရင်ခွင်ထဲ ထည့်လိုက် အသီးလေး ခွံလိုက် ပြုမူနေသည်။
ကောင်မလေးမှ လည်း skyအား အသီးလေး ခွံကျွေးကာ skyရင်ခွင်ထဲ ဝင်နေတော့သည်။
ညသန်းခေါင်း ၁၂ဆိုရင်တော့ သူတို့ အိမ်ကို အမြဲပြန်ဖြစ်ကြသည်။skyက ဘယ်လောက်ပဲ night out ထွက်ထွက် သူဘယ်တုန်းကမှ မနက်မှ ပြန်မလာပေ။ညထွက် ညပြန်ပဲ အမြဲလုပ်ဖြစ်တယ်။
"မင်းနာမည် က ဘယ်လိုခေါ်လဲ"
"Pink ပါ အကိုကရော"
"Sky"
"ဒီလိုနဲ့ သူတို့ နှစ်ယောက် Line IDတွေ အချင်းချင်း shareခဲ့ကြတယ်"
"သွားပြီနော်" ဆိုပြီး ပြန်တော့မယ် အလုပ် Pinkမှ skyရဲ့ နှုတ်ခမ်းအား နမ်းလိုက်သည်။
" မနက်ဖြန် ထပ်တွေ့ကြမလား"
"ရတယ်လေ" ဆိုပြီး pinkအား ပြောခဲ့လိုက်သည်။
Clubအပြင်ရောက် patက skyရဲ့ အပြုမူတွေကြောင့် ထူးဆန်းနေရောပေါ့
"ဟျောင့် မင်းpinkကို တကယ်ကြီး ကြိုက်သွားပြီလား"
"ဘာလို့လဲ"
"မင်းအရင်ကဆို ကောင်မလေးတွေနဲ့ ကရုံပဲ ကခဲ့တာလေ အခုက မင်းတို့ နမ်းခဲ့ကြတယ်မလား"
" ဘာဖြစ်လဲကွာ ဒါက ပုံမှန်ကိစ္စပဲ မဟုတ်ဘူးလား မင်းရော pinkသူငယ်ချင်းနဲ့ မနမ်းဘူးလား"
"မတူဘူးလေကွာ ငါနဲ့ pinkသူငယ်ချင်းက ခံစားချက် ရှိတယ်"
"မင်းဒီနေ့ပြောလို့ ပြီးအုန်းမှာလား မပြန်တော့ဘူးလား"
"ပြန်ပါမယ်ကွာ"
"အဲ့တာဆို ငါပြန်ပြီဟျောင့်"ဆိုပြီး skyနဲ့ pat ကိုယ့်အိမ်ကို အသီးသီး ပြန်ခဲ့ကြတော့သည်။
Sky wongravee ကတော့ သူ့အတွက် ဒီလို ဖြတ်သန်းတာတွေက ပုံမှန်ကိစ္စတွေလိုပင် ဖြစ်နေသည်။
TBCThanks for reading, guys
(Zawgyi )
____________________________
"Hello"
"ငါက ပေးခဲ့တာလား ငါမူးနလေို့ မသိတော့ဘူး"
"အှနျးပါ ညက ကိစ်စတှကေို ယူ မမှတျမိလဲ ရပါတယျ "
__________________________
"Sky"
TBCThanks for reading, guys
There are no comments yet. Log in to be the first to leave a review!





