Fanfics

12🌪️

20:52, 30 July 2023

‘ဘန်‌‌ကောက်ပြန်ရောက်တဲ့နေ့’

သုံးရက်... Fourth သူ့ကိုစကားမပြောသည်မှာသုံးရက်တိတိရှိခဲ့ပြီ...ဘန်ကောက်‌ရောက်လာကတည်းက ကွန်ဒိုကထွက်ကာ မိဘအိမ်တွင်ပြန်သွားနေလေသည်..ပြန်သွားခေါ်တော့လည်း မလိုက်ပေ....အစက မရရအောင်ခေါ်မယ်ဟုစိတ်တင်းထားခဲ့သော်လည်း ထိုအသေးကောင်၏ အမဖြစ်သူLoveမှ 'မမချော့ပြီးပြောလိုက်မယ်နော် မောင်လေးပြန်လိုက်အုန်း' ဟုသောစကားတစ်ခွန်းနှင့်ပင် ပြန်လှည့်လာခဲ့ရသည်...အဲ့ကတည်းကစလို့ Gemini Norawit တို့ဘာတစ်ခုမှကိုအဆင်ပြေမနေခဲ့ပါ..ဟင်းကလည်းမချက်တတ် ဘာမှလဲမလုပ်တတ် အိမ်ကလည်းမပြန်ချင်တာကြောင့် သုံးရက်လုံးလုံး အသင့်စားခေါက်ဆွဲပြုတ်နှင့်သာလုံးလည်ချာလည်လိုက်နေရသည်...ကျောင်းမှာတွေ့လို့ စကားများစလို့ရမလား အောင့်မေ့မိပါရဲ့...သူ့ကိုတွေ့တာနှင့် ရှောင်ထွက်သွားတတ်သည့်အသေးကောင်ကြောင့် ဘယ်လိုမှကိုစကားပြောလို့မရခဲ့ပါ....အတန်း၏အလုပ်တွေကိုလည်း ဆရာမကနှစ်ယောက်ကိုခိုင်းပြီဆိုလျှင် လူလည်လေးမှာသူကိုယ်တိုင်လာမလုပ်ပေ... satang ဟူသော သူ၏အသိဖြစ်သူကိုသာကိုယ်စားလွှတ်လေသည်... canteenမှာတွေ့ပြန်တော့လည်း မြင်သော်ငြားဂရုတောင်မစိုက်ခဲ့ပါ သူဟာသူယူကာ လှည့်ထွက်သွားခဲ့သည်...နာကျင်လိုက်တာ~

"ဟူး~"

Sofa ပေါ်တွင်ထိုင်ကာပေါင်ပေါ်၌ laptop တစ်လုံးဖြင့်စာလုပ်နေသည်ဆိုသော်လည်း စာဆီအာရုံမရှိပေ ထိုကောင်လေးအကြောင်းတွေးရင်း သက်ပြင်းတွေသာလိမ့်ချနေမိသည်...ရုတ်တရက်ဗိုက်ကဆာလာတာကြောင့် laptop ကိုခုံပေါ်တွင်တင်ကာ မီးဖိုချောင်ဘက်သို့ခြေဦးလှည့်မိသည်....

"ဟင်း~"

သက်ပြင်းကထပ်ချမိပြန်သည်.. Fourth ရှိစဉ်တုန်းက ရေခဲသေတ္တာထဲတွင် အသီးအရွက်၊အသားငါးတွေအပြည့်ပင်..အခုတော့ အသီးအရွက်၊အသားငါးတွေအစား အသင့်စားခေါက်ဆွဲခြောက်ထုတ်နှင့် ဘီယာပုလင်းတွေသာပြည့်နှက်လို့နေသည်...စိတ်ပျက်ပျက်ဖြင့်ပင် ဘီယာတစ်ဗူးဆွဲယူရင်း ဖောက်သောက်လိုက်သည်..ငါဘယ်လိုလုပ်ရပါ့...တွေးကြည့်မိသည် သူတစ်ကယ်စဉ်းစားလို့ကိုမရတော့ပေ...နောက်ဆုံးတော့!

"ငါအိမ်ကိုလိုက်ပြီးရအောင်ပြန်ခေါ်ရမယ်!"

........ခြံရှေ့သို့ ကားအနက်တစ်စီးရောက်လာတာကြောင့် ပန်းခင်းရေလောင်းနေရာမှသူစပ်စုလိုက်မိသည်...နောက်တော့သိလိုက်ရသည်..ထိုကားဟာနှစ်ယောက်မရှိသည့် Gemini Norawit ရဲ့ကားပင်...ချက်ချင်းပင် ရေပိုက်ကို ခြံစောင့်ဦးလေးကြီးအား ထိုးပေးကာ အပေါ်ထပ်အခန်းထဲသို့ခပ်မြန်မြန်ပြေးတက်လာခဲ့ပြီးတံခါးလော့ချလိုက်သည်...သူမတွေ့ချင်ပါ သူ့ကို First kiss အပြင် Second kiss ရောThird kissတွေပါအကုန်ယူသွားတဲ့လူကိုသူမကျေနပ်ပါ စိတ်လဲအရမ်းကိုဆိုးမိသည်..ဒါသူမူးနေလို့အခွင့်ကောင်းယူလိုက်တာဘဲလေ..မဟုတ်ဘူးလေးဘာလေးနဲ့..ပြီးတော့ လူကိုတောင်မုဒိန်းကျင့်ယူမယ်ဟုပြောခဲ့သေးသည်..ဘယ်လောက်တောင်မုန်းစရာကောင်းလိုက်သလဲ!!

အခန်းရှေ့မှမမ၏ရီသံကြားတာကြောင့် တံခါးနားကပ်ကာ ခိုးနားထောင်လိုက်သည်။

"မောင်လေးရယ် မမလဲပြောပါသေးတယ် အဲ့ကလေးကအရမ်းခေါင်းမာတာ မောင်လေးသိတဲ့အတိုင်းဘဲ!"

မမကအရီတစ်ဝက်ဖြင့်ပြောသံကိုကြားရသည်...

"ဟုတ် ကျတော်သိပါတယ် မမ ဒီနေ့ကျတော်သူ့ကိုရအောင်ခေါ်မှာပါ"

"အေးကွယ် အဆင်ပြေပါစေနော် ဒါဆိုမမအလုပ်ရှိသေးလို့ သွားတော့မယ်နော် မောင်လေး"

"ဟုတ် "

ခိုးနားထောင်နေရမှမတ်တပ်ပြန်ရပ်ကာ တံခါးကြီးအားမျက်စောင်းထိုးရင်း

"လူကို ဒီနေ့ရအောင်ပြန်ခေါ်မယ်လေးဘာလေးနဲ့.. ငါကသူ့အရုပ်ကျလို့ သေတောင်မလိုက်ဘူး သေနာကောင်!"

တစ်ယောက်ထဲကျိန်ဆဲနေချိန်တံခါးဖွင့်လာသံကြောင့် လန့်ဖြန့်သွားကာနောက်ကိုပင်ယိုင်ကျသွားခဲ့သည်..သို့သော် ကြမ်းပြင်ပါ်သို့ပြုတ်ကျမည့်အစား တစ်စုံတစ်ယောက်၏ဆွဲအားကြောင့်ထိုလူ၏ရင်ခွင်အတွင်းသို့ ပစ်ဝင်သွားခဲ့ရသည်လေ....ချက်ချင်းပြန်ရုန်းထွက်ကာ ဖက်ထားသည့်လူယုတ်မာကောင်အား တွန်းထုတ်ပစ်လိုက်သည်..

"သေနာကျ လော့ချထားတာ ဘယ်လိုဝင်လာတာလဲ?"

မျက်မှောင်ကြုံကာမေးလိုက်တော့ အမြင်ကတ်စရာကောင်းအောင် လက်ထဲတွင်ရှိနေတဲ့သူကိုယ်တိုင်ထိုးကာပေးထားခဲ့သည့်သိုးမွှေးအနီရောင်လုံးနှင့်တွဲထားသောသော့အားလှုပ်ရမ်းပြလာသည်...သေလိုက်ချင်တယ် ငါဘာကြောင့်များဒီမအေလိုးကို ငါ့အခန်းသော့အပိုပေးထားခဲ့မိပါ‌လိမ့်!!

"ပြန်ထွက်သွားပါ မင်းစောက်ခွက်ကြီးကိုမမြင်ချင်ဘူး Norawit!!"

တံခါးဝကိုလက်ညိုးထိုးလိုက်ရင်း ပြန်ထွက်သွားရန်နှင်ထုတ်လိုက်သည်..သို့သော်ထွက်သွားမည့်အစား သူ့ရှေ့သို့ဒူးထောက်လာသော Gem..

"ငါတောင်းပန်ပါတယ်~ငါ့နဲ့ပြန်လိုက်ခဲ့ပေးပါနော်"

မျက်ရည်ကျလုစဲစဲဖြင့်ပြောလာသောGem..သူသိပ်သိတာပေါ့ ဒီလိုအကွက်တွေနဲ့သူ့ကိုလာချုပ်တော့မှာဆိုတာ.. Fourth Nattawat လေ ဒီလိုလာလုပ်လို့မရပါဘူး..

"မင်းဟာမင်းဒူးထောက်ရုံမကလို့ ငိုဘဲငိုငို သေဘဲသေသေ ဘာကြီးဖြစ်ဖြစ် ငါပြန်မလိုက်နိုင်ဘူး မင်းကိုလဲမမြင်ချင်ဘူး ငါအခန်းထဲကထွက်သွား!!"

"အင်းပါ..ငါသွားမှာပါ မင်းမနေစေချင်ဘူးဆိုရင်ငါကအပြီးတိုင်ထွက်သွားပေးမှာ..ရော့ ဒီမှာမင်းရဲ့အခန်းသော့နဲ့ ကွန်ဒိုတိုက်ခန်းသော့"

ကျောပေးကာစိတ်ကောက်နေသောသူ့လက်ထဲသို့မျက်ရည်များဖြင့် သော့တွဲလေးနှစ်ခုကိုထည့်ကာ ပေးလာသည်....ထို့နောက် အခန်းတံခါးပိတ်သံကို ကြားလိုက်ရသည်..

အခု လူကိုမချော့ဘဲ ထွက်သွားမယ်လို့ပြောလိုက်တာလား? နေစမ်းပါအုန်း Norawit ရဲ့ မင်းကိုဘယ်သူကထွက်သွားခွင့်ပေးနေလို့လဲ!!!!!

________________ကြေကွဲ နိုရာဝစ်ကြီးပြီးတော့ ကြေကွဲနထဝက်လာပါတော့မယ်ခမျ 🗿 နည်းနည်း မုန်တိုင်းကြီးဝင်မယ် ဟဲဟဲဟဲ

Z.

‘ဘန္‌‌ေကာက္ျပန္ေရာက္တဲ့ေန႔’

သုံးရက္... Fourth သူ့ကိုစကားမေျပာသည္မွာသုံးရက္တိတိရွိခဲ့ၿပီ...ဘန္ေကာက္‌ေရာက္လာကတည္းက ကြန္ဒိုကထြက္ကာ မိဘအိမ္တြင္ျပန္သြားေနေလသည္..ျပန္သြားေခၚေတာ့လည္း မလိုက္ေပ....အစက မရရေအာင္ေခၚမယ္ဟုစိတ္တင္းထားခဲ့ေသာ္လည္း ထိုအေသးေကာင္၏ အမျဖစ္သူLoveမွ 'မမေခ်ာ့ၿပီးေျပာလိုက္မယ္ေနာ္ ေမာင္ေလးျပန္လိုက္အုန္း' ဟုေသာစကားတစ္ခြန္းႏွင့္ပင္ ျပန္လွည့္လာခဲ့ရသည္...အဲ့ကတည္းကစလို႔ Gemini Norawit တို႔ဘာတစ္ခုမွကိုအဆင္ေျပမေနခဲ့ပါ..ဟင္းကလည္းမခ်က္တတ္ ဘာမွလဲမလုပ္တတ္ အိမ္ကလည္းမျပန္ခ်င္တာေၾကာင့္ သုံးရက္လုံးလုံး အသင့္စားေခါက္ဆြဲျပဳတ္ႏွင့္သာလုံးလည္ခ်ာလည္လိုက္ေနရသည္...ေက်ာင္းမွာေတြ႕လို႔ စကားမ်ားစလို႔ရမလား ေအာင့္ေမ့မိပါရဲ႕...သူ့ကိုေတြ႕တာႏွင့္ ေရွာင္ထြက္သြားတတ္သည့္အေသးေကာင္ေၾကာင့္ ဘယ္လိုမွကိုစကားေျပာလို႔မရခဲ့ပါ....အတန္း၏အလုပ္ေတြကိုလည္း ဆရာမကႏွစ္ေယာက္ကိုခိုင္းၿပီဆိုလွ်င္ လူလည္ေလးမွာသူကိုယ္တိုင္လာမလုပ္ေပ... satang ဟူေသာ သူ၏အသိျဖစ္သူကိုသာကိုယ္စားလႊတ္ေလသည္... canteenမွာေတြ႕ျပန္ေတာ့လည္း ျမင္ေသာ္ျငားဂ႐ုေတာင္မစိုက္ခဲ့ပါ သူဟာသူယူကာ လွည့္ထြက္သြားခဲ့သည္...နာက်င္လိုက္တာ~

"ဟူး~"

Sofa ေပၚတြင္ထိုင္ကာေပါင္ေပၚ၌ laptop တစ္လုံးျဖင့္စာလုပ္ေနသည္ဆိုေသာ္လည္း စာဆီအာ႐ုံမရွိေပ ထိုေကာင္ေလးအေၾကာင္းေတြးရင္း သက္ျပင္းေတြသာလိမ့္ခ်ေနမိသည္...႐ုတ္တရက္ဗိုက္ကဆာလာတာေၾကာင့္ laptop ကိုခုံေပၚတြင္တင္ကာ မီးဖိုေခ်ာင္ဘက္သို႔ေျခဦးလွည့္မိသည္....

"ဟင္း~"

သက္ျပင္းကထပ္ခ်မိျပန္သည္.. Fourth ရွိစဉ္တုန္းက ေရခဲေသတၱာထဲတြင္ အသီးအရြက္၊အသားငါးေတြအျပည့္ပင္..အခုေတာ့ အသီးအရြက္၊အသားငါးေတြအစား အသင့္စားေခါက္ဆြဲေျခာက္ထုတ္ႏွင့္ ဘီယာပုလင္းေတြသာျပည့္ႏွက္လို႔ေနသည္...စိတ္ပ်က္ပ်က္ျဖင့္ပင္ ဘီယာတစ္ဗူးဆြဲယူရင္း ေဖာက္ေသာက္လိုက္သည္..ငါဘယ္လိုလုပ္ရပါ႔...ေတြးၾကည့္မိသည္ သူတစ္ကယ္စဉ္းစားလို႔ကိုမရေတာ့ေပ...ေနာက္ဆုံးေတာ့!

"ငါအိမ္ကိုလိုက္ၿပီးရေအာင္ျပန္ေခၚရမယ္!"

........ၿခံေရွ႕သို႔ ကားအနက္တစ္စီးေရာက္လာတာေၾကာင့္ ပန္းခင္းေရေလာင္းေနရာမွသူစပ္စုလိုက္မိသည္...ေနာက္ေတာ့သိလိုက္ရသည္..ထိုကားဟာႏွစ္ေယာက္မရွိသည့္ Gemini Norawit ရဲ႕ကားပင္...ခ်က္ခ်င္းပင္ ေရပိုက္ကို ၿခံေစာင့္ဦးေလးႀကီးအား ထိုးေပးကာ အေပၚထပ္အခန္းထဲသို႔ခပ္ျမန္ျမန္ေျပးတက္လာခဲ့ၿပီးတံခါးေလာ့ခ်လိုက္သည္...သူမေတြ႕ခ်င္ပါ သူ့ကို First kiss အျပင္ Second kiss ေရာThird kissေတြပါအကုန္ယူသြားတဲ့လူကိုသူမေက်နပ္ပါ စိတ္လဲအရမ္းကိုဆိုးမိသည္..ဒါသူမူးေနလို႔အခြင့္ေကာင္းယူလိုက္တာဘဲေလ..မဟုတ္ဘူးေလးဘာေလးနဲ႔..ၿပီးေတာ့ လူကိုေတာင္မုဒိန္းက်င့္ယူမယ္ဟုေျပာခဲ့ေသးသည္..ဘယ္ေလာက္ေတာင္မုန္းစရာေကာင္းလိုက္သလဲ!!

အခန္းေရွ႕မွမမ၏ရီသံၾကားတာေၾကာင့္ တံခါးနားကပ္ကာ ခိုးနားေထာင္လိုက္သည္။

"ေမာင္ေလးရယ္ မမလဲေျပာပါေသးတယ္ အဲ့ကေလးကအရမ္းေခါင္းမာတာ ေမာင္ေလးသိတဲ့အတိုင္းဘဲ!"

မမကအရီတစ္ဝက္ျဖင့္ေျပာသံကိုၾကားရသည္...

"ဟုတ္ က်ေတာ္သိပါတယ္ မမ ဒီေန႔က်ေတာ္သူ့ကိုရေအာင္ေခၚမွာပါ"

"ေအးကြယ္ အဆင္ေျပပါေစေနာ္ ဒါဆိုမမအလုပ္ရွိေသးလို႔ သြားေတာ့မယ္ေနာ္ ေမာင္ေလး"

"ဟုတ္ "

ခိုးနားေထာင္ေနရမွမတ္တပ္ျပန္ရပ္ကာ တံခါးႀကီးအားမ်က္ေစာင္းထိုးရင္း

"လူကို ဒီေန႔ရေအာင္ျပန္ေခၚမယ္ေလးဘာေလးနဲ႔.. ငါကသူ့အ႐ုပ္က်လို႔ ေသေတာင္မလိုက္ဘူး ေသနာေကာင္!"

တစ္ေယာက္ထဲက်ိန္ဆဲေနခ်ိန္တံခါးဖြင့္လာသံေၾကာင့္ လန္႔ျဖန္႔သြားကာေနာက္ကိုပင္ယိုင္က်သြားခဲ့သည္..သို႔ေသာ္ ၾကမ္းျပင္ပၚသို႔ျပဳတ္က်မည့္အစား တစ္စုံတစ္ေယာက္၏ဆြဲအားေၾကာင့္ထိုလူ၏ရင္ခြင္အတြင္းသို႔ ပစ္ဝင္သြားခဲ့ရသည္ေလ....ခ်က္ခ်င္းျပန္႐ုန္းထြက္ကာ ဖက္ထားသည့္လူယုတ္မာေကာင္အား တြန္းထုတ္ပစ္လိုက္သည္..

"ေသနာက် ေလာ့ခ်ထားတာ ဘယ္လိုဝင္လာတာလဲ?"

မ်က္ေမွာင္ႀကဳံကာေမးလိုက္ေတာ့ အျမင္ကတ္စရာေကာင္းေအာင္ လက္ထဲတြင္ရွိေနတဲ့သူကိုယ္တိုင္ထိုးကာေပးထားခဲ့သည့္သိုးေမႊးအနီေရာင္လုံးႏွင့္တြဲထားေသာေသာ့အားလႈပ္ရမ္းျပလာသည္...ေသလိုက္ခ်င္တယ္ ငါဘာေၾကာင့္မ်ားဒီမေအလိုးကို ငါ႔အခန္းေသာ့အပိုေပးထားခဲ့မိပါ‌လိမ့္!!

"ျပန္ထြက္သြားပါ မင္းေစာက္ခြက္ႀကီးကိုမျမင္ခ်င္ဘူး Norawit!!"

တံခါးဝကိုလက္ညိဳးထိုးလိုက္ရင္း ျပန္ထြက္သြားရန္ႏွင္ထုတ္လိုက္သည္..သို႔ေသာ္ထြက္သြားမည့္အစား သူ့ေရွ႕သို႔ဒူးေထာက္လာေသာ Gem..

"ငါေတာင္းပန္ပါတယ္~ငါ႔နဲ႔ျပန္လိုက္ခဲ့ေပးပါေနာ္"

မ်က္ရည္က်လုစဲစဲျဖင့္ေျပာလာေသာGem..သူသိပ္သိတာေပါ႔ ဒီလိုအကြက္ေတြနဲ႔သူ့ကိုလာခ်ဳပ္ေတာ့မွာဆိုတာ.. Fourth Nattawat ေလ ဒီလိုလာလုပ္လို႔မရပါဘူး..

"မင္းဟာမင္းဒူးေထာက္႐ုံမကလို႔ ငိုဘဲငိုငို ေသဘဲေသေသ ဘာႀကီးျဖစ္ျဖစ္ ငါျပန္မလိုက္ႏိုင္ဘူး မင္းကိုလဲမျမင္ခ်င္ဘူး ငါအခန္းထဲကထြက္သြား!!"

"အင္းပါ..ငါသြားမွာပါ မင္းမေနေစခ်င္ဘူးဆိုရင္ငါကအၿပီးတိုင္ထြက္သြားေပးမွာ..ေရာ့ ဒီမွာမင္းရဲ႕အခန္းေသာ့နဲ႔ ကြန္ဒိုတိုက္ခန္းေသာ့"

ေက်ာေပးကာစိတ္ေကာက္ေနေသာသူ့လက္ထဲသို႔မ်က္ရည္မ်ားျဖင့္ ေသာ့တြဲေလးႏွစ္ခုကိုထည့္ကာ ေပးလာသည္....ထို႔ေနာက္ အခန္းတံခါးပိတ္သံကို ၾကားလိုက္ရသည္..

အခု လူကိုမေခ်ာ့ဘဲ ထြက္သြားမယ္လို႔ေျပာလိုက္တာလား? ေနစမ္းပါအုန္း Norawit ရဲ႕ မင္းကိုဘယ္သူကထြက္သြားခြင့္ေပးေနလို႔လဲ!!!!!

________________ေၾကကြဲ ႏိုရာဝစ္ႀကီးၿပီးေတာ့ ေၾကကြဲနထဝက္လာပါေတာ့မယ္ခမ် 🗿 နည္းနည္း မုန္တိုင္းႀကီးဝင္မယ္ ဟဲဟဲဟဲ

There are no comments yet. Log in to be the first to leave a review!

Similar stories