Fanfics

13🌪️

10:49, 31 July 2023

'ခွမ်း!!!!'

မှောင်မိုက်နေသော ကွန်ဒိုတိုက်ခန်းအတွင်း၌ ဖန်ခွက်များကွဲကျသံတွေဟာ လူကြားလို့တောင်မကောင်းတော့ပေ....ကြမ်းပြင်တွင်ပြန့်ကျဲနေသော ဖန်ကွဲစများကြားဖြတ်လျှောက်ကာအိပ်ခန်းအတွင်းဝင်လာခဲ့သည်....ခြေဖဝါးများသို့ ဖန်ကွဲများစိုက်ဝင်လာသောကြောင့် လျှောက်လာခဲ့သည့်လမ်းတစ်လျှောက်တွင်သွေးစီးကြောင်းကြီးဟာ နီရဲတောက်လို့နေလေသည်....ခြေဖဝါးတွင်ခံစားနေရသော နာကျင်မှုထက် သူ့နှလုံးသားကခံစားနေရသောနာကျင်မှုကပိုဆိုးသည်...အိပ်ခန်းထဲသို့ရောက်ရောက်ချင်းပင် ဘေးနားရှိသော ပန်းအိုးတစ်လုံးအားစိတ်ပြေလျော့စေလို့ငှာ အားဖြင့်ထပ်မံခွဲချလိုက်ပြန်သည်..

'ခလွမ်း!!'

အထီးကျန်ဆန်စွာကြမ်းပြင်‌ပေါ်သို့ပြုတ်ကျသွားခဲ့သော ဒေစီပန်းခြောက်လေးတစ်ပွင့်အားကြည့်လျက်ဆက်လက်လျှောက်သွားရင်း စာရေးခုံလေးပေါ်၌တင်ထားသော ဓာတ်ပုံလေးအားကောက်ယူလိုက်သည်....

"Gemini Norawit!"

ဓာတ်ပုံထဲတွင်ရှိနေသော သူ့ဘေးနားမှလူ၏အမည်နာမအား အံကြိတ်ကာ ခေါ်မိသည်....

"မင်း....မင်းမို့လို့လုပ်ရက်တယ်.!!!မင်းလုပ်ရက်တယ် Gem!!!!"

အသံကုန်အော်ဟစ်ကာ မျက်ဝန်းအိမ်များမှမျက်ရည်ပူများဟာကျဆင်းလို့လာခဲ့သည်....လက်ထဲတွင်ရှိသောဓာတ်ပုံဘောင်လေးအား ရင်ခွင်ထဲပွေ့ပိုက်ရင်း ဖန်ကွဲစများအကြားထိုင်ချလိုက်မိသည်။ ဘာကြောင့်လဲ?ဘာလို့များလုပ်ရက်ခဲ့ရတာလဲ...

Flash back>>>>

သူ့ကိုမချော့ဘဲ အငိုမျက်နှာဖြင့်ထွက်သွားသော Gemini နောက်လိုက်ဖို့ပြင်ခဲ့သာ်လည်း စိတ်ဆိုးနေတဲ့အရှိန်နဲ့ မာနဟာသူ့ကိုတားမြစ်ခဲ့သည်...

"သူမချော့ဘဲသူ့ဘာသူထွက်သွားတာ ငါကဘာကိစ္စလိုက်ရမှာလဲ ဟွန်း!"

လက်ပိုက်ကာ ခုတင်ပေါ်၌ထိုင်ချလိုက်ရင်း သူမလိုက်ခဲ့မိပါ....

1 week later....

သူစိတ်အရမ်းဆိုးသည်...ဘာကြောင့်လဲဆိုတော့ သူ့ကိုမချော့ဘဲထွက်သွားသည့်အပြင်ကို ၁ပတ်တိတိအရိပ်အယောင်လေးတောင်မတွေ့ရတော့ပါ....ကျောင်းလဲမတက်သလို သူ့ဆီလဲမလာပေ...ဘယ်လိုဘဲစိတ်ဆိုးစိတ်ကောက်ပေါ့ အတန်းခေါင်းဆောင်တစ်ယောက် ကျောင်းတစ်ပါတ်လုံးပျက်နေတာကြီးကတော့ နည်းနည်းလွန်လွန်းတယ်မထင်ဘူးလား?‌

ညနေစောင်းနေအေးတာနှင့် Gemini အိမ်သို့ခြေဦးလှည့်လာခဲ့သည်...လေတစ်ချွန်ချွန်ဖြင့် အိမ်ရှေ့သို့ရောက်လာခဲ့ပြီးနောက် တံခါးခေါက်လိုက်သည်..

"အော် သားသားလေး"

တံခါးလာဖွင့်လာသည့် အန်တီkon မျက်နှာမှာအနည်းငယ်ဖြူဖတ်ဖြူလျော်ဖြစ်နေ‌သည်...

"ဟို အန်တီ Gemရောဟင်"

သိချင်ဇောဖြင့်မေးလိုက်သော်လည်း ပြန်ကြားလိုက်ရသောအဖြေဟာ သူရဲ့အသိစိတ်တို့ကို စက္ကန့်ပိုင်းအတွင်းမှာပင် လွှင့်ထွက်သွားအောင်လုပ်ပစ်ခဲ့သည်...ရုတ်တရက်အားအင်တွေယုတ်လျော့ကာ မတ်တပ်ပင်ကောင်းကောင်းမရပ်နိုင်တော့ပါ...

"သားသားလေးရယ် သားGem မနေ့ညကဘဲ မပြောမဆိုနဲ့ နိုင်ငံခြားကိုထွက်သွားပြီတဲ့ကလေးရယ်~ဘယ်ထွက်သွားမှန်းလဲအန်တီတို့တောင်မသိတော့ပါဘူးကွယ်"

အငိုတစ်ဝက်ဖြင့်ပြောလာသော အန်တီkon၏စကားများအားနားထဲတွင်ကြားတစ်ချက်မကြားတစ်ချက်ပင်...သူ့နားထဲတွင် အထပ်ထပ်အခါခါကြားနေသည်က'Gem နိုင်ငံခြားကိုထွက်သွားပြီ' ဆိုတာပင်....

Flash back end>>>>>

"မင်းလုပ်ရက်တယ်...မင်းငါ့ကိုအဲ့လိုမျိုးထားခဲ့ရက်တယ်တဲ့လား Ai Gem! မင်းမကောင်းဘူး!! မင်းကိုမုန်းတယ်!!!"

ဓာတ်ပုံလေးအားရင်ဝယ်ပိုက်ကာ နှလုံးသားတစ်ခုလုံးမီးလောင်ကျွမ်းမတတ်ပင်..မျက်ရည်ပူများဟာကြမ်းပြင်ပါ်သို့တစ်ပေါက်ပေါက်ဖြင့်အဆက်မပြတ်စီးကျလို့နေသည်... တစ်ကိုယ်လုံးမှာသွေးများချွေးများ မျက်ရည်များဖြင့် ရောထွေးလို့နေသည်....နားထဲတွင် 'နိုင်ငံခြားသွားပြီ'ဟူသော စကားတစ်ခွန်းဟာပဲ့တင်ထပ်လို့နေသည်..နောင်တတွေလဲရမိသည်...သူသာထိုနေ့က Gemခါ်ရာသာလိုက်ခဲ့မယ်ဆိုရင်...သူသာမာနတွေခေါက်ထားပြီး Gemနောက်ပြေးလိုက်ခဲ့မယ်ဆိုရင်..သူGemကိုဆုံးရှုံးစရာအကြောင်းရှိကိုရှိလာမှာမဟုတ်ပါ....ရင်ထဲတွင် ဟင်းလင်ပြင်ကြီးလိုလစ်ဟာနေသည်....သူ့အနားတွင် Gemမရှိတော့ဟူသောစိတ်ကြီးက သူ့ကိုပိုလို့ပင်ပန်းစေသည်..ခုတင်ခြေရင်းလေးကိုခေါင်းမှီလျက် အသက်မရှိတော့သည့်လူတစ်ယောက်လိုငြိမ်နေမိသည်....စိတ်ထဲတွင်အထပ်ထပ်အခါခါရေရွတ်နေမိသည့်စကားလေးတစ်ခွန်းကား...

"ဖြစ်နိုင်ရင်ငါ့ဆီကိုပြန်လာခဲ့ပေးပါ Gem~"

................Gemini မရှိတော့သည့်နောက်ပိုင်း Fourth ဟာအရမ်းကိုအေးစက်လာခဲ့သည်....အရယ်အပြုံးလည်းမရှိသလောက်နည်းသွားသလို အမြဲတမ်းလိုလိုစာကိုသာအာရုံစိုက်နေတတ်သည်....ကျောင်းကလူများဟာလည်း သူ့ကိုကြည့်ကာ စိတ်မကောင်းတွေဖြစ်ကြသည်.....သွားရောက်ကာချော့မော့ပြောကြသော်လည်း 'ဘာမှမဖြစ်ဘူး ငါအဆင်ပြေတယ်' ဟူသည့်စကားတစ်ခွန်းနဲ့သာနှင်ထုတ်လိုက်လေ့ရှိသည်...ကွန်ဒိုတွင်တစ်ယောက်တည်းနေကာ ရံဖန်ရံခါမှသာ အိမ်ကိုပြန်လာလေ့ရှိသည်...ပြန်ရောက်ရင်လည်း အခန်းထဲမှာသာအောင်း‌နေတတ်သည်...အကိုအမများဟာလည်း သူတို့မောင်လေးအရင်လိုပြန်ဖြစ်လာစေဖို့ရာအနီးကပ်နေပြီးဂရုစိုက်ပေးကြပေမဲ့ Fourth ကတော့ အေးစက်ဆဲ အေးစက်မြဲသာ....မိဘတွေဟာလည်း သူတို့၏သားလေးဒီလိုဖြစ်နေသည်ကိုမကြည့်ရက်သော်လည်း သူတို့ဘယ်လိုမှပြန်မကုစားနိုင်ခဲ့ကြပေ.... Gemini မရှိတော့သည့်နေ့ရက်တိုင်းဟာ Fourth အတွက်ငရဲတစ်ခုလိုဖြစ်နေခဲ့ရသည်...ဘယ်ထွက်သွားမှန်းမသိသလို စာလေးတစ်စောင်တောင်ရေးမသွားခဲ့သည့် ထိုလူကိုလည်း စိတ်တိုမိရပါသည်...အခုသူလုပ်နိုင်သည့်တစ်ခုတည်းသောအရာဟာ စာကြိုးစားဖို့ပင်...

"မင်းကြည့်နေလိုက်ပါ Gem ငါတစ်နေ့မင်းကိုရအောင်ရှာပြမယ်!"

___________

ညမှအပ်ဖို့လုပ်ထားပေမဲ့ ညဘက်တွေသေသေသွားတော့မသေချာလို့ပါ မုန်တိုင်းကတော့ မပြီးသးပါဘူး နည်းနည်းစောက်ကျင့်ထပ်ယုတ်ပါအုန်းမည်🗿

Z.

'ခြမ္း!!!!'

ေမွာင္မိုက္ေနေသာ ကြန္ဒိုတိုက္ခန္းအတြင္း၌ ဖန္ခြက္မ်ားကြဲက်သံေတြဟာ လူၾကားလို႔ေတာင္မေကာင္းေတာ့ေပ....ၾကမ္းျပင္တြင္ျပန္႔က်ဲေနေသာ ဖန္ကြဲစမ်ားၾကားျဖတ္ေလွ်ာက္ကာအိပ္ခန္းအတြင္းဝင္လာခဲ့သည္....ေျခဖဝါးမ်ားသို႔ ဖန္ကြဲမ်ားစိုက္ဝင္လာေသာေၾကာင့္ ေလွ်ာက္လာခဲ့သည့္လမ္းတစ္ေလွ်ာက္တြင္ေသြးစီးေၾကာင္းႀကီးဟာ နီရဲေတာက္လို႔ေနေလသည္....ေျခဖဝါးတြင္ခံစားေနရေသာ နာက်င္မႈထက္ သူ့ႏွလုံးသားကခံစားေနရေသာနာက်င္မႈကပိုဆိုးသည္...အိပ္ခန္းထဲသို႔ေရာက္ေရာက္ခ်င္းပင္ ေဘးနားရွိေသာ ပန္းအိုးတစ္လုံးအားစိတ္ေျပေလ်ာ့ေစလို႔ငွာ အားျဖင့္ထပ္မံခြဲခ်လိုက္ျပန္သည္..

'ခလြမ္း!!'

အထီးက်န္ဆန္စြာၾကမ္းျပင္‌ေပၚသို႔ျပဳတ္က်သြားခဲ့ေသာ ေဒစီပန္းေျခာက္ေလးတစ္ပြင့္အားၾကည့္လ်က္ဆက္လက္ေလွ်ာက္သြားရင္း စာေရးခုံေလးေပၚ၌တင္ထားေသာ ဓာတ္ပုံေလးအားေကာက္ယူလိုက္သည္....

ďżź

"Gemini Norawit!"

ဓာတ္ပုံထဲတြင္ရွိေနေသာ သူ့ေဘးနားမွလူ၏အမည္နာမအား အံႀကိတ္ကာ ေခၚမိသည္....

"မင္း....မင္းမို႔လို႔လုပ္ရက္တယ္.!!!မင္းလုပ္ရက္တယ္ Gem!!!!"

အသံကုန္ေအာ္ဟစ္ကာ မ်က္ဝန္းအိမ္မ်ားမွမ်က္ရည္ပူမ်ားဟာက်ဆင္းလို႔လာခဲ့သည္....လက္ထဲတြင္ရွိေသာဓာတ္ပုံေဘာင္ေလးအား ရင္ခြင္ထဲေပြ႕ပိုက္ရင္း ဖန္ကြဲစမ်ားအၾကားထိုင္ခ်လိုက္မိသည္။ ဘာေၾကာင့္လဲ?ဘာလို႔မ်ားလုပ္ရက္ခဲ့ရတာလဲ...

Flash back>>>>

သူ့ကိုမေခ်ာ့ဘဲ အငိုမ်က္ႏွာျဖင့္ထြက္သြားေသာ Gemini ေနာက္လိုက္ဖို႔ျပင္ခဲ့သာ္လည္း စိတ္ဆိုးေနတဲ့အရွိန္နဲ႔ မာနဟာသူ့ကိုတားျမစ္ခဲ့သည္...

"သူမေခ်ာ့ဘဲသူ့ဘာသူထြက္သြားတာ ငါကဘာကိစၥလိုက္ရမွာလဲ ဟြန္း!"

လက္ပိုက္ကာ ခုတင္ေပၚ၌ထိုင္ခ်လိုက္ရင္း သူမလိုက္ခဲ့မိပါ....

1 week later....

သူစိတ္အရမ္းဆိုးသည္...ဘာေၾကာင့္လဲဆိုေတာ့ သူ့ကိုမေခ်ာ့ဘဲထြက္သြားသည့္အျပင္ကို ၁ပတ္တိတိအရိပ္အေယာင္ေလးေတာင္မေတြ႕ရေတာ့ပါ....ေက်ာင္းလဲမတက္သလို သူ့ဆီလဲမလာေပ...ဘယ္လိုဘဲစိတ္ဆိုးစိတ္ေကာက္ေပါ႔ အတန္းေခါင္းေဆာင္တစ္ေယာက္ ေက်ာင္းတစ္ပါတ္လုံးပ်က္ေနတာႀကီးကေတာ့ နည္းနည္းလြန္လြန္းတယ္မထင္ဘူးလား?‌

ညေနေစာင္းေနေအးတာႏွင့္ Gemini အိမ္သို႔ေျခဦးလွည့္လာခဲ့သည္...ေလတစ္ခြၽန္ခြၽန္ျဖင့္ အိမ္ေရွ႕သို႔ေရာက္လာခဲ့ၿပီးေနာက္ တံခါးေခါက္လိုက္သည္..

"ေအာ္ သားသားေလး"

တံခါးလာဖြင့္လာသည့္ အန္တီkon မ်က္ႏွာမွာအနည္းငယ္ျဖဴဖတ္ျဖဴေလ်ာ္ျဖစ္ေန‌သည္...

"ဟို အန္တီ Gemေရာဟင္"

သိခ်င္ေဇာျဖင့္ေမးလိုက္ေသာ္လည္း ျပန္ၾကားလိုက္ရေသာအေျဖဟာ သူရဲ႕အသိစိတ္တို႔ကို စကၠန္႔ပိုင္းအတြင္းမွာပင္ လႊင့္ထြက္သြားေအာင္လုပ္ပစ္ခဲ့သည္...႐ုတ္တရက္အားအင္ေတြယုတ္ေလ်ာ့ကာ မတ္တပ္ပင္ေကာင္းေကာင္းမရပ္ႏိုင္ေတာ့ပါ...

"သားသားေလးရယ္ သားGem မေန႔ညကဘဲ မေျပာမဆိုနဲ႔ ႏိုင္ငံျခားကိုထြက္သြားၿပီတဲ့ကေလးရယ္~ဘယ္ထြက္သြားမွန္းလဲအန္တီတို႔ေတာင္မသိေတာ့ပါဘူးကြယ္"

အငိုတစ္ဝက္ျဖင့္ေျပာလာေသာ အန္တီkon၏စကားမ်ားအားနားထဲတြင္ၾကားတစ္ခ်က္မၾကားတစ္ခ်က္ပင္...သူ့နားထဲတြင္ အထပ္ထပ္အခါခါၾကားေနသည္က'Gem ႏိုင္ငံျခားကိုထြက္သြားၿပီ' ဆိုတာပင္....

Flash back end>>>>>

"မင္းလုပ္ရက္တယ္...မင္းငါ႔ကိုအဲ့လိုမ်ိဳးထားခဲ့ရက္တယ္တဲ့လား Ai Gem! မင္းမေကာင္းဘူး!! မင္းကိုမုန္းတယ္!!!"

ဓာတ္ပုံေလးအားရင္ဝယ္ပိုက္ကာ ႏွလုံးသားတစ္ခုလုံးမီးေလာင္ကြၽမ္းမတတ္ပင္..မ်က္ရည္ပူမ်ားဟာၾကမ္းျပင္ပၚသို႔တစ္ေပါက္ေပါက္ျဖင့္အဆက္မျပတ္စီးက်လို႔ေနသည္... တစ္ကိုယ္လုံးမွာေသြးမ်ားေခြၽးမ်ား မ်က္ရည္မ်ားျဖင့္ ေရာေထြးလို႔ေနသည္....နားထဲတြင္ 'ႏိုင္ငံျခားသြားၿပီ'ဟူေသာ စကားတစ္ခြန္းဟာပဲ့တင္ထပ္လို႔ေနသည္..ေနာင္တေတြလဲရမိသည္...သူသာထိုေန႔က Gemခၚရာသာလိုက္ခဲ့မယ္ဆိုရင္...သူသာမာနေတြေခါက္ထားၿပီး Gemေနာက္ေျပးလိုက္ခဲ့မယ္ဆိုရင္..သူGemကိုဆုံးရႈံးစရာအေၾကာင္းရွိကိုရွိလာမွာမဟုတ္ပါ....ရင္ထဲတြင္ ဟင္းလင္ျပင္ႀကီးလိုလစ္ဟာေနသည္....သူ့အနားတြင္ Gemမရွိေတာ့ဟူေသာစိတ္ႀကီးက သူ့ကိုပိုလို႔ပင္ပန္းေစသည္..ခုတင္ေျခရင္းေလးကိုေခါင္းမွီလ်က္ အသက္မရွိေတာ့သည့္လူတစ္ေယာက္လိုၿငိမ္ေနမိသည္....စိတ္ထဲတြင္အထပ္ထပ္အခါခါေရရြတ္ေနမိသည့္စကားေလးတစ္ခြန္းကား...

"ျဖစ္ႏိုင္ရင္ငါ႔ဆီကိုျပန္လာခဲ့ေပးပါ Gem~"

................Gemini မရွိေတာ့သည့္ေနာက္ပိုင္း Fourth ဟာအရမ္းကိုေအးစက္လာခဲ့သည္....အရယ္အၿပဳံးလည္းမရွိသေလာက္နည္းသြားသလို အၿမဲတမ္းလိုလိုစာကိုသာအာ႐ုံစိုက္ေနတတ္သည္....ေက်ာင္းကလူမ်ားဟာလည္း သူ့ကိုၾကည့္ကာ စိတ္မေကာင္းေတြျဖစ္ၾကသည္.....သြားေရာက္ကာေခ်ာ့ေမာ့ေျပာၾကေသာ္လည္း 'ဘာမွမျဖစ္ဘူး ငါအဆင္ေျပတယ္' ဟူသည့္စကားတစ္ခြန္းနဲ႔သာႏွင္ထုတ္လိုက္ေလ့ရွိသည္...ကြန္ဒိုတြင္တစ္ေယာက္တည္းေနကာ ရံဖန္ရံခါမွသာ အိမ္ကိုျပန္လာေလ့ရွိသည္...ျပန္ေရာက္ရင္လည္း အခန္းထဲမွာသာေအာင္း‌ေနတတ္သည္...အကိုအမမ်ားဟာလည္း သူတို႔ေမာင္ေလးအရင္လိုျပန္ျဖစ္လာေစဖို႔ရာအနီးကပ္ေနၿပီးဂ႐ုစိုက္ေပးၾကေပမဲ့ Fourth ကေတာ့ ေအးစက္ဆဲ ေအးစက္ၿမဲသာ....မိဘေတြဟာလည္း သူတို႔၏သားေလးဒီလိုျဖစ္ေနသည္ကိုမၾကည့္ရက္ေသာ္လည္း သူတို႔ဘယ္လိုမွျပန္မကုစားႏိုင္ခဲ့ၾကေပ.... Gemini မရွိေတာ့သည့္ေန႔ရက္တိုင္းဟာ Fourth အတြက္ငရဲတစ္ခုလိုျဖစ္ေနခဲ့ရသည္...ဘယ္ထြက္သြားမွန္းမသိသလို စာေလးတစ္ေစာင္ေတာင္ေရးမသြားခဲ့သည့္ ထိုလူကိုလည္း စိတ္တိုမိရပါသည္...အခုသူလုပ္ႏိုင္သည့္တစ္ခုတည္းေသာအရာဟာ စာႀကိဳးစားဖို႔ပင္...

"မင္းၾကည့္ေနလိုက္ပါ Gem ငါတစ္ေန႔မင္းကိုရေအာင္ရွာျပမယ္!"

___________

ညမွအပ္ဖို႔လုပ္ထားေပမဲ့ ညဘက္ေတြေသေသသြားေတာ့မေသခ်ာလို႔ပါ မုန္တိုင္းကေတာ့ မၿပီးသးပါဘူး နည္းနည္းေစာက္က်င့္ထပ္ယုတ္ပါအုန္းမည္🗿

There are no comments yet. Log in to be the first to leave a review!

Similar stories