Fanfics

11🌪️

17:20, 30 July 2023

××××××Night Time×××××××

"Gem~"

အသေးကောင်၏ခေါ်သံကြောင့်ဘေးနားသို့လှည့်ကြည့်လိုက်သည်...တစ်နေကုန်စားကြသောက်ကြဓာတ်ပုံတွေရိုက်ကြနေရာစုံလျှောက်သွားခဲ့ကြကာ တော်တော်လေးကိုပျော်ခဲ့ကြသည်....ညနေစောင်းနေဝင်ချိန်ကို Fourth Nattawat မှကြည့်ချင်ပါသည် ဟုသောစကားကြောင့် ညနေဘက်ကိုပြန်လာကာ ကမ်းခြေရှိသဲသောင်ပြင်တွင် ခြေဆန့်လက်ဆန့်ဖြင့်ထိုင်နေကြခြင်းသာ...

"လှတယ်နော်~"

လေသံတိုးတိုးဖြင့်ဆိုလာသောကြောင့် ပြုံးလိုက်ရင်း...

"အင်း အရမ်းလှတယ်"

"Gem"

ဒုတိယတစ်ကြိမ်ခေါ်ဆိုမှုကြောင့် မေးငေါ့ပြလိုက်တော့..

"Bar သွားရအောင်"

ဘုရားရေ! နေရင်းထိုင်ရင်းကနေဘာစိတ်ပေါက်သွားရတာလဲ?????အံ့ဩစွာပင်..

"ဘာလဲဟ! နေဝင်ဆည်းဆာကြည့်ရာကနေ ဘယ်လိုဖြစ်လို့အရက်ဘက်စိတ်ကူးရောက်သွားရတာလဲ"

"အင်း ဒီလိုပါဘဲ ငါသွားချင်လို့..သွားမလား"

"သွားမလားဘဲမေးရတယ်ရှိသေး ငါမသွားဘူးဆိုရင်တောင်မင်းကသွားမဲ့ကောင်လေ"

သူပြောလိုက်တော့ ချစ်စရာကောင်းတဲ့အပြုံးလေးတစ်ခုဟာထွက်ပေါ်လို့လာသည်...အသည်းယားစွာပင်ပါးလေးကိုဆွဲလိုက်တော့ လက်ကိုရိုက်ချကာ 'လာမထိနဲ့' တဲ့လေ...မင်းကအရမ်းစွာတာဘဲ Fourth!

.......မီးရောင်စုံများဖြင့်လူပေါင်းစုံရောထွေးနေသောနေရာအတွင်းသို့ တိုးဝင်ခဲ့ကြသည်....အရက်သောက်၍ရသည်ဆိုသော်လည်းသူမသောက်ခဲ့ သူသာသောက်၍မူးသွားခဲ့ရင် Fourth Nattawat ဟူသောထိုလူသားလေးအားသူမထိန်းနိုင်တော့မည်ဆိုးသောကြောင့်ပင်...တစ်ခြားတော့မဟုတ် လူကောင်သေးသော်လည်း မတရားသောက်နိုင်လွန်းသည်ကြောင့်သာ...တစ်ခါတစ်ခါသောက်ပြီဆိုရင်အတိုင်းအတာထက်အလွန်သောက်တတ်သည့် သူငယ်ချင်းဖြစ်သူ၏အမူအကျင့်များအားနောကျေနေတာကြောင့်ဖြစ်သည်...

ကော့တေးတစ်ခွက်မှာရင်း နေရာလွတ်တစ်ခုတွင်ဝင်ထိုင်ကာ ကလပ်ပေါ်‌တွင်မူးမူးရူးရူးဖြင့်ကခုန်နေသော အသေးကောင်အားမျက်ခြေမပြတ်စောင့်ကြည့်နေရသည်...လက်တွင်အရက်ပုလင်းကိုင်လျက် ခုန်ပေါက်နေသည်မှာ သူ့အမြင်တွင်တော်တော်ချစ်စရာကောင်းသည်...သို့သော်လည်း သူ၏စိတ်ကြည်နူးမှုဟာခဏအတွင်းမှာပင်မြင်လိုက်ရသောမြင်ကွင်းကြောင့် စိတ်ရှုပ်ထွေးစရာအဖြစ်ပြောင်းလဲသွားရသည်..အကြောင်းကား ကခုန်နေသော အသေးကောင်၏အနားသို့ကပ်ကာ ပွတ်သီးပွတ်သပ်လုပ်နေကြသော လူနှစ်ယောက်ကြောင့်သာ...အရမ်းကိုကပ်သပ်နေတာကြောင့် Fourth မှာသူတို့ကိုတွန်းထုတ်နေသည်ဆိုသော်လည်း ပိုပိုဆိုးလာတာကြောင့် သူထကာ ထိုကောင်လေးဆီသို့လျှောက်သွားလိုက်သည်....ရောက်ရောက်ခြင်းပင်ရုတ်ချည်းဆိုသလို အသေးကောင်၏ခါးသွယ်သွယ်လေးအားဆွဲဖတ်လိုက်ရင်း...

"မင်းတို့ကိုယ့်ချစ်သူကိုအရမ်းကြီးကပ်နေသလိုဘဲနော်?"

မျက်နှာထားခပ်တည်တည်နှင့်လေသံမာမာမေးလိုက်တော့ လက်ကာပြကာ..

"တောင်းပန်ပါတယ်ဗျာပိုင်ရှင်ရှိတာကျ‌တော်တို့မသိလို့ပါ.."

‌ပြောကာထွက်သွားတာကြောင့် တင်းမာနေသည့်မျက်နှာထားကိုလျော့လိုက်ရင်း Fourth ကိုကြည့်လိုက်သည်..

"သူငယ်ချင်းဆိုတော်ပြီလေ ဘာလဲချစ်သူ?"

မျက်လုံးလေးကလယ်ကလယ်ဖြင့် နှုတ်ခမ်းထော်ကာပြောလာသော အသေးကောင်!

"ငါကအဲ့လိုမပြောရင် မင်းအဖေတွေကသွားမှာလား ကဲပြော!"

လေသံမြင့်ကာပြောလိုက်တော့ မျက်နှာငယ်လေးနှင့်'တောင်းပန်ပါတယ်'တဲ့လေ...ထိုကောင်လေး၏မျက်နှာလေးအားအနီးကပ်မြင်လိုက်ရတော့ ထင်ထားတာထက်ကိုပိုချစ်စရာကောင်းသည်....အယ်လ်ကိုဟောအရှိန်ကြောင့် ပါးလေးနှစ်ဖက်ဟာနီမြန်းနေသည်....မဆီမဆိုင် မျက်လုံးများဟာနှုတ်ခမ်းသားလေးတွေဆီအကြည့်ရောက်မိပြန်တော့ ရုတ်တရက်ရေငတ်သလိုတောင်ဖြစ်လာရသည်...သူကိုယ်‌တိုင်တောင်သတိမထားမိလိုက်ဘဲ ထိုကောင်လေး၏နှုတ်ခမ်းသားအိအိလေးတွေကိုဖိကပ်နမ်းရှိုက်မိလိုက်သည်....

"Ai Gem!!"

ရင်ဘတ်ကိုတွန်းထုတ်ရင်း ပြေးထွက်သွားသော Fourth နောက်သို့အမြန်ပင်လိုက်ရပါတော့သည်...ငါဘယ်လိုတောင်အသိစိတ်လွတ်သွားရတာလဲ!!

.."Fourth! နေအုန်း"

ပြေးလွှားနေသောကောင်လေး၏လက်အားဆောင့်ဆွဲလိုက်တော့ ရင်ခွင်ထဲသို့ပစ်ဝင်လာသည့်ခန္ဓာကိုယ်လေး...

"ဘောဘဲ! ဘာလုပ်အုန်းမလို့လဲ လွှတ်စမ်း အိမ်ပြန်မလို့!!"

အတင်းပင်ရုန်းကန်ကာတိုးထွက်နေသော်လည်းသောက်ထားသည့်အရှိန်ကြောင့်စကားလုံးတွေဟာမပီတပီဖြင့် အားခြင်းကလည်းမမျှတာကြောင့် ထိုကောင်လေးသူ့ရင်ခွင်ထဲကတိုးမထွက်နိုင်ခဲ့ပါ...

"မအေလိုး!! ငါ့ကိုလွှတ်လို့!!"

စကားတစ်ခွန်းမှမဟဘဲ ခန္ဓာကိုယ်လေးအားပွေ့ချီကာ car parking ဆီသို့လျှောက်လာရင်းကားထဲသို့ ပစ်ထည့်လိုက်ပြီးနောက် သူပါဝင်ထိုင်လိုက်သည်..

"ဘော! နာတယ်ဟ"

ဘေးနားတွင်ထိုင်နေသောသူ့အားလက်သီးလက်မောင်းတစ်တန်းတန်းဖြင့် ဆောင့်အောင့်နေသောကောင်လေးအား နောက်ထပ်တစ်ခါ ထပ်မံနမ်းရှိုက်လိုက်သည်...သည်တစ်ခါတော့သူအသိစိတ်လွတ်နေတာမဟုတ်ပါ...ကောင်လေးမှာ မျက်လုံးလေးအပြူးသားဖြင့်ငြိမ်နေလေသည်..ခနအကြာ အသိစိတ်ပြန်ဝင်လာသည်ထင်ပါရဲ့..သူတို့တွန်းထုတ်ပစ်လိုက်သည်။

"မင်း! ငါမူးနေတယ်ဆိုပြီးအခွင့်ကောင်းလာယူနေတာမို့လား!!!"

"မဟုတ်ဘူး!"

"ဘာမဟုတ်တာလဲ ဟုတ်တယ် မင်းတမင်လုပ်နေတာ!! မင်းငါမူးနေတယ်ဆိုပြီးမင်းလုပ်တာ!!!!!"

Car parking တွင်တော့ Fourth ၏အော်သံဟာဟိန်းထွက်လို့နေလေသည်...

"မင်းပါးစပ်မပိတ်ရင် ငါဒီနေရာတင်မင်းကို မုဒိန်းကျင့်ယူပစ်မယ်!"

သူပြောလိုက်သည့်စကားကြောင့် လန့်ဖြန့်ကာ ပါးစပ်အားလက်က်လေးနှစ်ဖက်ဖြင့်ပိတ်ကာငြိမ်ကျသွားခဲ့သည်...

"ဖုန်းပေး"

‌ဘောင်းဘီအိတ်ကပ်ထဲမှဖုန်းကိုဆွဲထုတ်ကာပေးလာသည်...ထိုကောင်လေး၏လက်ထဲမှဖုန်းအားဆွဲယူကာ ဟိုတယ်မန်နေဂျာဆီသို့ဖုန်းဆက်လိုက်သည်..

"ဟယ်လို သူဌေးလေး"

"ဂျာကြီး ကျတော်တို့ဘန်ကောက်ပြန်နှင့်တော့မယ် နောက်မှအထုတ်အပိုးတွေ ကွန်ဒိုကိုပို့ခိုင်းလိုက်ပါ"

"ဟုတ်ကဲ့ပါ သူ‌ဌေးလေး "

ဖုန်းချလိုက်ရင်း ကြောက်လန့်နေသောကောင်လေးအား ပြန်ပေးလိုက်သည်..

"Fourth"

"ဟင်"

"ငါကအခုမင်းကိုအဲ့လိုလုပ်မဲ့ကောင်လား မင်းကြည့်စမ်း!"

"........."

"မကြောက်ပါနဲ့....ငါတောင်းပန်တယ်နော်"

"....."

"ငါတို့ဒီည ကွန်ဒိုပြန်ကြမယ်နော်"

ခေါင်းလေးငြိမ့်ပြကာ တစ်ဖက်သို့လှည့်သည်...သိလိုက်ပါပြီ ကွန်ဒို‌ပြန်ရောက်ရင် တစ်ပါတ်လောက်ထိ သူထိုကောင်လေးအားလိုက်ချော့ရတော့မည်ဖြစ်သည်....,

________________

ဘာတွေလဲ အားး!!! ငါဘာတွေရေးနေတာလဲမသိဘူး🗿🗿

Z.

××××××Night Time×××××××

"Gem~"

အေသးေကာင္၏ေခၚသံေၾကာင့္ေဘးနားသို႔လွည့္ၾကည့္လိုက္သည္...တစ္ေနကုန္စားၾကေသာက္ၾကဓာတ္ပုံေတြ႐ိုက္ၾကေနရာစုံေလွ်ာက္သြားခဲ့ၾကကာ ေတာ္ေတာ္ေလးကိုေပ်ာ္ခဲ့ၾကသည္....ညေနေစာင္းေနဝင္ခ်ိန္ကို Fourth Nattawat မွၾကည့္ခ်င္ပါသည္ ဟုေသာစကားေၾကာင့္ ညေနဘက္ကိုျပန္လာကာ ကမ္းေျခရွိသဲေသာင္ျပင္တြင္ ေျခဆန္႔လက္ဆန္႔ျဖင့္ထိုင္ေနၾကျခင္းသာ...

"လွတယ္ေနာ္~"

ေလသံတိုးတိုးျဖင့္ဆိုလာေသာေၾကာင့္ ၿပဳံးလိုက္ရင္း...

"အင္း အရမ္းလွတယ္"

"Gem"

ဒုတိယတစ္ႀကိမ္ေခၚဆိုမႈေၾကာင့္ ေမးေငါ႔ျပလိုက္ေတာ့..

"Bar သြားရေအာင္"

ဘုရားေရ! ေနရင္းထိုင္ရင္းကေနဘာစိတ္ေပါက္သြားရတာလဲ?????အံ့ဩစြာပင္..

"ဘာလဲဟ! ေနဝင္ဆည္းဆာၾကည့္ရာကေန ဘယ္လိုျဖစ္လို႔အရက္ဘက္စိတ္ကူးေရာက္သြားရတာလဲ"

"အင္း ဒီလိုပါဘဲ ငါသြားခ်င္လို႔..သြားမလား"

"သြားမလားဘဲေမးရတယ္ရွိေသး ငါမသြားဘူးဆိုရင္ေတာင္မင္းကသြားမဲ့ေကာင္ေလ"

သူေျပာလိုက္ေတာ့ ခ်စ္စရာေကာင္းတဲ့အၿပဳံးေလးတစ္ခုဟာထြက္ေပၚလို႔လာသည္...အသည္းယားစြာပင္ပါးေလးကိုဆြဲလိုက္ေတာ့ လက္ကို႐ိုက္ခ်ကာ 'လာမထိနဲ႔' တဲ့ေလ...မင္းကအရမ္းစြာတာဘဲ Fourth!

.......မီးေရာင္စုံမ်ားျဖင့္လူေပါင္းစုံေရာေထြးေနေသာေနရာအတြင္းသို႔ တိုးဝင္ခဲ့ၾကသည္....အရက္ေသာက္၍ရသည္ဆိုေသာ္လည္းသူမေသာက္ခဲ့ သူသာေသာက္၍မူးသြားခဲ့ရင္ Fourth Nattawat ဟူေသာထိုလူသားေလးအားသူမထိန္းႏိုင္ေတာ့မည္ဆိုးေသာေၾကာင့္ပင္...တစ္ျခားေတာ့မဟုတ္ လူေကာင္ေသးေသာ္လည္း မတရားေသာက္ႏိုင္လြန္းသည္ေၾကာင့္သာ...တစ္ခါတစ္ခါေသာက္ၿပီဆိုရင္အတိုင္းအတာထက္အလြန္ေသာက္တတ္သည့္ သူငယ္ခ်င္းျဖစ္သူ၏အမူအက်င့္မ်ားအားေနာေက်ေနတာေၾကာင့္ျဖစ္သည္...

ေကာ့ေတးတစ္ခြက္မွာရင္း ေနရာလြတ္တစ္ခုတြင္ဝင္ထိုင္ကာ ကလပ္ေပၚ‌တြင္မူးမူး႐ူး႐ူးျဖင့္ကခုန္ေနေသာ အေသးေကာင္အားမ်က္ေျခမျပတ္ေစာင့္ၾကည့္ေနရသည္...လက္တြင္အရက္ပုလင္းကိုင္လ်က္ ခုန္ေပါက္ေနသည္မွာ သူ့အျမင္တြင္ေတာ္ေတာ္ခ်စ္စရာေကာင္းသည္...သို႔ေသာ္လည္း သူ၏စိတ္ၾကည္ႏူးမႈဟာခဏအတြင္းမွာပင္ျမင္လိုက္ရေသာျမင္ကြင္းေၾကာင့္ စိတ္ရႈပ္ေထြးစရာအျဖစ္ေျပာင္းလဲသြားရသည္..အေၾကာင္းကား ကခုန္ေနေသာ အေသးေကာင္၏အနားသို႔ကပ္ကာ ပြတ္သီးပြတ္သပ္လုပ္ေနၾကေသာ လူႏွစ္ေယာက္ေၾကာင့္သာ...အရမ္းကိုကပ္သပ္ေနတာေၾကာင့္ Fourth မွာသူတို႔ကိုတြန္းထုတ္ေနသည္ဆိုေသာ္လည္း ပိုပိုဆိုးလာတာေၾကာင့္ သူထကာ ထိုေကာင္ေလးဆီသို႔ေလွ်ာက္သြားလိုက္သည္....ေရာက္ေရာက္ျခင္းပင္႐ုတ္ခ်ည္းဆိုသလို အေသးေကာင္၏ခါးသြယ္သြယ္ေလးအားဆြဲဖတ္လိုက္ရင္း...

"မင္းတို႔ကိုယ့္ခ်စ္သူကိုအရမ္းႀကီးကပ္ေနသလိုဘဲေနာ္?"

မ်က္ႏွာထားခပ္တည္တည္ႏွင့္ေလသံမာမာေမးလိုက္ေတာ့ လက္ကာျပကာ..

"ေတာင္းပန္ပါတယ္ဗ်ာပိုင္ရွင္ရွိတာက်‌ေတာ္တို႔မသိလို႔ပါ.."

‌ေျပာကာထြက္သြားတာေၾကာင့္ တင္းမာေနသည့္မ်က္ႏွာထားကိုေလ်ာ့လိုက္ရင္း Fourth ကိုၾကည့္လိုက္သည္..

"သူငယ္ခ်င္းဆိုေတာ္ၿပီေလ ဘာလဲခ်စ္သူ?"

မ်က္လုံးေလးကလယ္ကလယ္ျဖင့္ ႏႈတ္ခမ္းေထာ္ကာေျပာလာေသာ အေသးေကာင္!

"ငါကအဲ့လိုမေျပာရင္ မင္းအေဖေတြကသြားမွာလား ကဲေျပာ!"

ေလသံျမင့္ကာေျပာလိုက္ေတာ့ မ်က္ႏွာငယ္ေလးႏွင့္'ေတာင္းပန္ပါတယ္'တဲ့ေလ...ထိုေကာင္ေလး၏မ်က္ႏွာေလးအားအနီးကပ္ျမင္လိုက္ရေတာ့ ထင္ထားတာထက္ကိုပိုခ်စ္စရာေကာင္းသည္....အယ္လ္ကိုေဟာအရွိန္ေၾကာင့္ ပါးေလးႏွစ္ဖက္ဟာနီျမန္းေနသည္....မဆီမဆိုင္ မ်က္လုံးမ်ားဟာႏႈတ္ခမ္းသားေလးေတြဆီအၾကည့္ေရာက္မိျပန္ေတာ့ ႐ုတ္တရက္ေရငတ္သလိုေတာင္ျဖစ္လာရသည္...သူကိုယ္‌တိုင္ေတာင္သတိမထားမိလိုက္ဘဲ ထိုေကာင္ေလး၏ႏႈတ္ခမ္းသားအိအိေလးေတြကိုဖိကပ္နမ္းရႈိက္မိလိုက္သည္....

"Ai Gem!!"

ရင္ဘတ္ကိုတြန္းထုတ္ရင္း ေျပးထြက္သြားေသာ Fourth ေနာက္သို႔အျမန္ပင္လိုက္ရပါေတာ့သည္...ငါဘယ္လိုေတာင္အသိစိတ္လြတ္သြားရတာလဲ!!

.."Fourth! ေနအုန္း"

ေျပးလႊားေနေသာေကာင္ေလး၏လက္အားေဆာင့္ဆြဲလိုက္ေတာ့ ရင္ခြင္ထဲသို႔ပစ္ဝင္လာသည့္ခႏၶာကိုယ္ေလး...

"ေဘာဘဲ! ဘာလုပ္အုန္းမလို႔လဲ လႊတ္စမ္း အိမ္ျပန္မလို႔!!"

အတင္းပင္႐ုန္းကန္ကာတိုးထြက္ေနေသာ္လည္းေသာက္ထားသည့္အရွိန္ေၾကာင့္စကားလုံးေတြဟာမပီတပီျဖင့္ အားျခင္းကလည္းမမွ်တာေၾကာင့္ ထိုေကာင္ေလးသူ့ရင္ခြင္ထဲကတိုးမထြက္ႏိုင္ခဲ့ပါ...

"မေအလိုး!! ငါ႔ကိုလႊတ္လို႔!!"

စကားတစ္ခြန္းမွမဟဘဲ ခႏၶာကိုယ္ေလးအားေပြ႕ခ်ီကာ car parking ဆီသို႔ေလွ်ာက္လာရင္းကားထဲသို႔ ပစ္ထည့္လိုက္ၿပီးေနာက္ သူပါဝင္ထိုင္လိုက္သည္..

"ေဘာ! နာတယ္ဟ"

ေဘးနားတြင္ထိုင္ေနေသာသူ့အားလက္သီးလက္ေမာင္းတစ္တန္းတန္းျဖင့္ ေဆာင့္ေအာင့္ေနေသာေကာင္ေလးအား ေနာက္ထပ္တစ္ခါ ထပ္မံနမ္းရႈိက္လိုက္သည္...သည္တစ္ခါေတာ့သူအသိစိတ္လြတ္ေနတာမဟုတ္ပါ...ေကာင္ေလးမွာ မ်က္လုံးေလးအျပဴးသားျဖင့္ၿငိမ္ေနေလသည္..ခနအၾကာ အသိစိတ္ျပန္ဝင္လာသည္ထင္ပါရဲ႕..သူတို႔တြန္းထုတ္ပစ္လိုက္သည္။

"မင္း! ငါမူးေနတယ္ဆိုၿပီးအခြင့္ေကာင္းလာယူေနတာမို႔လား!!!"

"မဟုတ္ဘူး!"

"ဘာမဟုတ္တာလဲ ဟုတ္တယ္ မင္းတမင္လုပ္ေနတာ!! မင္းငါမူးေနတယ္ဆိုၿပီးမင္းလုပ္တာ!!!!!"

Car parking တြင္ေတာ့ Fourth ၏ေအာ္သံဟာဟိန္းထြက္လို႔ေနေလသည္...

"မင္းပါးစပ္မပိတ္ရင္ ငါဒီေနရာတင္မင္းကို မုဒိန္းက်င့္ယူပစ္မယ္!"

သူေျပာလိုက္သည့္စကားေၾကာင့္ လန္႔ျဖန္႔ကာ ပါးစပ္အားလက္က္ေလးႏွစ္ဖက္ျဖင့္ပိတ္ကာၿငိမ္က်သြားခဲ့သည္...

"ဖုန္းေပး"

‌ေဘာင္းဘီအိတ္ကပ္ထဲမွဖုန္းကိုဆြဲထုတ္ကာေပးလာသည္...ထိုေကာင္ေလး၏လက္ထဲမွဖုန္းအားဆြဲယူကာ ဟိုတယ္မန္ေနဂ်ာဆီသို႔ဖုန္းဆက္လိုက္သည္..

"ဟယ္လို သူေဌးေလး"

"ဂ်ာႀကီး က်ေတာ္တို႔ဘန္ေကာက္ျပန္ႏွင့္ေတာ့မယ္ ေနာက္မွအထုတ္အပိုးေတြ ကြန္ဒိုကိုပို႔ခိုင္းလိုက္ပါ"

"ဟုတ္ကဲ့ပါ သူ‌ေဌးေလး "

ဖုန္းခ်လိုက္ရင္း ေၾကာက္လန္႔ေနေသာေကာင္ေလးအား ျပန္ေပးလိုက္သည္..

"Fourth"

"ဟင္"

"ငါကအခုမင္းကိုအဲ့လိုလုပ္မဲ့ေကာင္လား မင္းၾကည့္စမ္း!"

"........."

"မေၾကာက္ပါနဲ႔....ငါေတာင္းပန္တယ္ေနာ္"

"....."

"ငါတို႔ဒီည ကြန္ဒိုျပန္ၾကမယ္ေနာ္"

ေခါင္းေလးၿငိမ့္ျပကာ တစ္ဖက္သို႔လွည့္သည္...သိလိုက္ပါၿပီ ကြန္ဒို‌ျပန္ေရာက္ရင္ တစ္ပါတ္ေလာက္ထိ သူထိုေကာင္ေလးအားလိုက္ေခ်ာ့ရေတာ့မည္ျဖစ္သည္....,

________________

ဘာေတြလဲ အားး!!! ငါဘာေတြေရးေနတာလဲမသိဘူး🗿🗿

There are no comments yet. Log in to be the first to leave a review!

Similar stories