Fanfics

3

02:44, 6 December 2025

တစ်လအတွင်း ကိစ္စတော်တော်များများ ဖြစ်သွားခဲ့သည်။ ကြားထဲမှ ဖေ့အန်း ဟော်မုန်းပြဿနာ အနည်းငယ်ခံစားခဲ့ရတာကြောင့် သူတို့ အတူနေဖို့ကို ပိုပြီး မြန်မြန်ဆန်ဆန် စီစဉ်ဖြစ်သွားတာပါပါသည်။

ဒီနေ့က ဖေ့အန်းနှင့် ကျန်းဟန် သူတို့နှစ်ယောက်အတူနေမဲ့ ကွန်ဒိုကို ပထဆုံး ပြောင်းနေမှာ ဖြစ်တယ်။ မပြောင်းလာခင်မှာလဲ ကျန်းဟန်ကပဲ အိမ်တွင်း လိုအပ်တဲ့ ပရိဘောဂတွေနဲ့ အပြင်အဆင်တွေကို သူကိုယ်တိုင် စီစဉ်ပေးတယ်။

ဖေ့အန်းအကြိုက်တွေကို ကျန်းဟန်က မေးခဲ့ပေမဲ့ ဖေ့အန်း အဲ့တုန်းက နေမကောင်းတာကြောင့် အများကြီး ဝင်မပါခဲ့ဘူး။ ကျန်းဟန်ရယ် သူတို့မိဘတွေရဲ့ အကူအညီနဲ့ပဲ အိမ်တွင်း အပြင်အဆင်တွေကအစ ပရိဘောဂဝယ်တာက အဆုံး အဆင်ပြေခဲ့ပါတယ်။

အိမ်အလုပ်တွေအတွက်တော့ သူတို့မိဘတွေနဲ့ အတော်တိုင်ပင်ခဲ့ရသေးသည်။ နှစ်ယောက်လုံးက အထက်တန်း တတိယနှစ် ကျောင်းသားတွေ ဖြစ်တာကြောင့် အိမ်မှု ကိစ္စတွေကို မနိုင်နင်းမှာနှင့် ဝန်ပိမှာကို မိဘများက စိုးရိမ်သည်။

နောက်ဆုံးမှာတော့ အိမ်ကို တစ်ပတ်မှာ နှစ်ရက် သန့်ရှင်းရေး ခေါ်ဖို့နဲ့ စားရေးသောက်ရေး အတွက်တော့ သူတို့ကိုယ်တိုင် စီစဉ်ကြမယ်ဆိုပြီး ဆုံးဖြတ်ခဲ့ကြတယ်။

ရှေ့ရက်တွေမှာ အသုံးအဆောင်နှင့် အဝတ်အစားအချို့ကို ကြိုတင်ပို့ထားပြီး ဖြစ်သည်။ ဒီနေ့တော့ ကျန်တဲ့ ပစ္စည်းတွေနှင့် စာအုပ်အချို့သာ သယ်စရာကျန်တော့သည်။ ကျန်းဟန်ကတော့ မတွေ့ဖြစ်တာ လေးရက်လောက်ရှိပြီ ဖြစ်သည်။ သူလဲ အိမ်ကိစ္စနှင့် အလုပ်ရှုပ်နေတာ နေမှာ။

ဘယ်လောက်ပင် အလုပ်ရှုပ်နေပါစေ ကျန်းဟန်က မနက်တိုင်း "အစ်ကို နိုးပြီလား ကောင်းသောနေ့လေးဖြစ်ပါစေ" နဲ့ ညတိုင်း "ကောင်းသောညလေး ဖြစ်ပါစေ" ဆိုတဲ့ မက်ဆေ့များကိုတော့ အမြဲပို့တာ ဖေ့အန်း သတိထားမိပါတယ်။

ပြီးတော့ ဖေ့အန်းရဲ့ ခွေးလေး လဲ့လဲ့ကိုတော့ သူအိမ်မှာပဲ ထားခဲ့ပါတယ်။ လဲ့လဲ့က သူတို့နှစ်လုံး ကျောင်းသွားနေတဲ့အချိန်တွေမှာ တစ်ယောက်ထဲ ထားခဲ့ဖို့က အဆင်မပြေနိုင်ဘူး။

ပြောင်းတဲ့နေ့မှာတော့ ကျန်းဟန်က ဖေ့အန်းကိုလာခေါ်သည်။ သူတို့အိမ်နှင့် ကွန်ဒိုနဲ့ဆို ၁:၃၀ လောက် မောင်းရသည်။ တကယ်လို့ အိမ်ကနေသာ ကျောင်းသွားရင် လမ်းပိတ်တာကြောင့် ဒီ့ထက်ပိုကြာလောက်သည်။

ဖေ့အန်း ကွန်ဒိုကို လာကြည့်ခဲ့တာ နေမကောင်းမဖြစ်ခင်က နောက်ဆုံးဖြစ်သည်။ အဲ့တုန်းက အရမ်းရှင်းလင်းနေခဲ့တာပါ။ အခုတော့ ပစ္စည်းတွေချထားတာကလည်း နေရာကျပြီး ဒါက အိမ်တစ်အိမ်လို့ ခံစားချက်မျိုး ရလိုက်သည်။

"အစ်ကို အခု ၁၁ နာရီခွဲနေပြီဆိုတော့ ကျွန်တော်တို့ ချက်ပြုတ်ဖို့ မမီလောက်တော့ဘူးဗျ"

"ဒီတစ်နေ့တော့ ကိုယ်တို့ ဝယ်စားကြတာပေါ့လေ"

" ချက်ပြုတ်ဖို့ လိုအပ်တာတွေ သွားဝယ်ရင်း လမ်းမှာပဲ စားလိုက်မလား အစ်ကိုအချိန်လဲ မနည်းတော့ဘူး"

"အာ ကောင်းပါပြီ ဒါဆိုလဲ သွားကြတာပေါ့"

ကွန်ဒိုအောက်ဘက်မှာလည်း လိုအပ်တာအနည်းငယ်လောက် ဝယ်လို့ရတဲ့ mini mart လေးတွေ ရှိပေမဲ့လည်း မစုံမှာ စိုးရသည်။ ကျန်ဟန်က တစ်နေရာထဲမှာ ဝယ်နိုင်မဲ့ Shopping Mall ကိုသာ ဦးတည်သွားလိုက်သည်။

Shopping Mall က ဆိုင်တစ်ဆိုင်မှာပဲ သူတို့ နေ့လယ်စာ ဝယ်စားဖြစ်သည်။ ဖေ့အန်းက ထမင်းလဲ မစားချင်တာကြောင့် အမဲသားလုံးခေါက်ဆွဲသာ ရွေးချယ်လိုက်တယ်။

ပေါ့ပေါ့ပါးပါး နေ့လယ်စာစားအပြီးမှာ လိုအပ်တဲ့ မီးဖိုချောင်သုံး ပစ္စည်းတွေနဲ့ စားသောက်စရာတွေ ဝယ်ဖို့ စျေးဝယ်စင်တာရဲ့ မြေညီထပ်ကို ဆင်းလာခဲ့သည်။

ပစ္စည်းတွေရွေးနေတဲ့ ဖေ့အန်းနောက်မှာ ကျန်းဟန်က လှည်းတွန်းပြီး လိုက်ပါလာသည်။

"ကျန်းဟန် ကော်ဖီတို့ ဘာတို့များ သောက်တတ်လားတကယ်လို့ မင်းသောက်တတ်မယ်ဆို ဒီတံဆိပ်တွေထဲမှာ မင်းသောက်နေကျများရှိလား "

"ကျွန်တော် ကော်ဖီသောက်ရင် ရင်တုန်ပြီး အိပ်မပျော်တတ်လို့ သိပ်မသောက်ဖြစ်ဘူးဗျ"

" အာ ဒါဆို ဧည်သည်လာရင် ဧည့်ခံဖို့လောက်ပဲ ဝယ်လိုက်မယ်"

သူတို့ရဲ့ ရေခဲသေတ္တာထဲက အခုဆို ရေတဘူးတောင် ရှိမနေဘူး အလွတ်ကြီးဖြစ်နေတာ အဲ့တော့ လိုအပ်သမျှ အကုန်သာ ဝယ်ချနေသည်။

ဖေ့အန်းက ရေသန့်ကဒ်တွေ မပြီးခြင်းထဲထည့်ဖို့ပြင်တော့ ကျန်းဟန်က လာဝိုင်းမသည်။

ရှော့ပင်းမောမှာတင် သူတို့နှစ်ယောက် စျေးပတ်ဝယ်က အခုဆို နှစ်နာရီလောက်ရှိပြီ။ ဖေ့အန်းလဲ လိုမယ်ထင်တာတွေ အကုန်လျှောက်ထည့်နေတာ အခုဆို ခြင်းတွေ များနေပြီ။

"အစ်ကို ဒါပြီးရင် စာရေးကိရိယာဆိုင် သွားကြမလားကျွန်တော်တို့ ကျောင်းတက်ဖို့ ဘာမှ မပြင်ရသေးဘူးလေ"

" ကိုယ်မေ့တော့မလို့ပဲ တစ်ခါထဲ ဝယ်ကြတာပေါ့"

စာရေးကိရိယာဆိုင်ရောက်တော့ ဖေ့အန်း ကျောင်းအတွက်လိုအပ်တာတွေထက် ပန်းချီပစ္စည်းတွေဘက်ကို စိတ်ကရောက်နေသည်။ အဲ့တာကို ကျန်းဟန်က သတိထားမိသည် ထင်ပါတယ်။

" အစ်ကို သွားကြည့်လေ"

" ကျောင်းပြန်တက်ရမှာမလို့ စာပဲ လုပ်တော့မယ်ဆိုပြီး အိမ်ကနေတောင် ပန်းချီနဲ့ ပတ်သက်တာတစ်ခုမှ မယူလာဘူးဒီလိုမြင်တော့လဲ ဘာတွေ အသစ်အဆန်းရှိလဲ စပ်စုချင်တယ်"

" အစ်ကိုက ပုံဆွဲတတ်တာလား "

"အာ နည်းနည်းပါ အရမ်းကြီးမဟုတ်ဘူးကိုယ်မြင်ရင် မဝယ်ရဘဲ မနေနိုင်လောက်ဘူး မကြည့်တော့ပါဘူး"

သူတို့ ရှောပင်းမောကနေ အိမ်ကို ပြန်ရောက်တော့ ညနေ ၄ နာရီတောင် ကျော်နေပြီ။ သူတို့ကားအနောက်ခန်းဆိုလဲ ဝယ်သမျှ ပစ္စည်းတွေနဲ့ ပြည့်နေသည်။

အိမ်အခန်းထိတော့ ကွန်ဒိုက ဝန်ထမ်းတွေ အကူအညီနဲ့ပဲ အထုတ်တွေကို သယ်ရသည်။

ဝယ်သမျှ ပစ္စည်းတွေကို ဖေ့အန်းက ရေခဲသေတ္တာထဲ စီထည့်ပေးပြီးတော့ ကျန်းဟန်ကတော့ အထုတ်တွေထဲကနေ နှိုက်ပြီး ကမ်းပေးတယ်။ ညစာ စားချိန်ရောက်မှ အလုပ်တွေကို လက်စသက်နိုင်တော့တယ်။

"ကျန်းဟန် ကိုယ်တို့ အခုချိန်မှာ ချက်ပြုတ်ရင်လည်း တော်တော်နောက်ကျသွားလိမ့်မယ်ဆိုင်ကပဲ မှာစားလိုက်ကြတာပေါ့"

"အစ်ကို အဆင်ပြေရင် ရပါတယ်"

"အဲ့တာဆို ကိုယ် deli မှာထားလိုက်ပါ့မယ် မင်းရေအရင် သွားချိုးလိုက်ပါ"

ဖေ့အန်းလည်း ကျန်းဟန်ရေချိုးနေတုန်း အစားအသောက်မှာစားလို့ရတဲ့ အက်ပလီကေးရှင်းမှာ ခေါင်းစိုက်နေတယ်။ ဗိုက်ဆာနေတဲ့ အချိန်မလို့ ဘာမြင်မြင် အကုန်စားချင်နေတာမလို့ ကြက်ကြော်ကို အချိုနဲ့ အစပ် တစ်ဝက်စီသာ မှာလိုက်သည်။

အက်ပလီကေးရှင်းမှာ အမှာစာတင်ပြီး စောင့်နေတုန်း မကြာခင်မှာပဲ ကျန်းဟန်က ရေချိုးပြီး ထွက်လာတယ်။ သူ အစားရွေးတာ တော်တော် ကြာသွားတာပဲ။

တကယ်ဆို ဖေ့အန်းတို့ ကွန်ဒိုမှာ ရေချိုးခန်းနဲ့ အိမ်သာတွဲပါတဲ့ master bedroom ကြီးပဲ သုံးခန်းပါတယ်။ သူ့အနေနဲ့ ကျန်းဟန်ကို စောင့်နေစရာမလိုဘူး။ တခြားအခန်းတွေမှာ သွားချိုးလို့ရတယ်။ ဖေ့အန်း အဲ့လို မလုပ်ချင်ဘူး။ သူတို့နှစ်ယောက် ချစ်တယ် ကြိုက်တယ် တစ်ခွန်းမှ မပြောခဲ့ကြပေမဲ့ အရင်ကလောက် နေရခက်မနေတာတော့ သေချာတယ်။

"အစ်ကို ရေသွားချိုးလိုက်ပါ ကျွန်တော် စောင့်ယူလိုက်ပါ့မယ်"

ဖေ့အန်း ရေချိုးပြီး ပြန်ထွက်လာတော့ သူမှာထားတဲ့ ကြက်ကြော်က ရောက်နှင့်နေပြီ။ ကျန်းဟန်က ကြက်ကြော်တွေကို ပန်းကန်ထဲ ထည့်ထားပေးပြီး အချဉ်ရည်အထုတ်တွေကို ဖောက်ထားပေးထားတယ်။

"အစ်ကို စားပါ" ဆိုပြီး ဖေ့အန်းကို ဦးချလိုက်သေးသည်။

"အစ်ကို"

"ဟင်"

"ကျောင်းတက်တဲ့အခါ ကျွန်တော်တို့ တစ်တန်းထဲကျလောက်မှာ မဟုတ်ဘူး"

"အင်း ကိုယ်ထင်ပါတယ်ကြားထဲ နှစ်နှစ်တောင် နားခဲ့တော့ ကိုယ် repeater အတန်းမှာပဲ တက်ရမှာပေါ့"

"ကျွန်တော် အခန်းအတူကျဖို့ ကြိုးစားကြည့်ပါသေးတယ် ဒါပေမဲ့ ကျောင်းစည်းကမ်းတွေကြား အဆင်မပြေခဲ့ဘူး"

"အာ ရပါတယ် ကိုယ်က ကိစ္စမရှိဘူး"

"ပြီးတော့ ဒယ်ဒီက ကျွန်တော်တို့ နှစ်ယောက် ကျောင်းသွားဖို့ ဒရိုက်ဘာ စီစဉ်ပေးမယ်ပြောတယ်။ အထက်တန်းကျောင်းကို ကိုယ်တိုင် ကားမောင်းသွားဖို့ ဒယ်ဒီက ခွင့်မပြုချင်ဘူး"

"ကိုယ်ကတော့ ဘာဖြစ်ဖြစ် အဆင်ပြေပါတယ်"

"အစ်ကို ရင်မခုန်နေဘူးလား"

"ဟင် ဘယ်ကိုလဲ"

"ကျောင်းပြန်တက်ရဖို့လေ"

"အဲ့တာလား ရင်ခုန်နေပြီး ပျော်တာပေါ့။ ကိုယ်က ကျောင်းပြီးသွားရင် တက္ကသိုလ်မှာ ပန်းချီပညာ လေ့လာချင်တာလေ။ မင်းရော အထက်တန်းပြီးရင် ဘာလုပ်ချင်တာလဲ"

"ကျွန်တော်ကတော့ စီပွါးရေးနဲ့ ပတ်သတ်တဲ့ ပညာရပ်တစ်ခုခုလေ့လာဖြစ်မှာပါ။ အိမ်မှာ ကိုကြီးကလဲ ဆရာဝန်ဖြစ်မှာဆိုတော့ အိမ်ရဲ့ စီးပွါးရေးကို သူက စိတ်မဝင်စားဘူး။ ကျွန်တော်ပဲ ရှိတော့တာ"

"မင်းကရော"

"ဘာကိုလဲ"

"စိတ်ဝင်စားတာလားလို့"

"ဟား ကျွန်တော်ကတော့ ဒီအတိုင်းပါပဲ"

ဖေ့အန်းတို့ စကားဝိုင်းက ဟိုရောက်လောက် ဒီရောက်လိုက်နဲ့ ကြက်ကြော်စားရင်း ပြီးဆုံးခဲ့တယ်။

ကြက်ကြော်စားပြီးတော့ သူတို့နှစ်ယောက် TV ရှေ့ထိုင်ကြတယ်။ တော်ရုံဆို နှစ်ယောက်လုံး TV ကြည့်တာ ရှားပေမဲ့ အခုက လုပ်စရာမရှိတော့ ရုပ်သံလိုင်းတွေ တစ်လိုင်းပြီး တစ်လိုင်းပြောင်းရင်း စိတ်ဝင်စားမှုပေးနိုင်မဲ့ အစီအစဉ်တစ်ခုကို ရှာဖွေနေရတယ်။

နောက်ဆုံးတော့ ကျန်းဟန် ဆက်မရှာနိုင်တော့ဘူး ဟင်းချက်ပြိုင်ပွဲတစ်ခုကို ဖွင့်ထားလိုက်တယ်။ ဖန်သားပြင်ပေါ်က အကြောင်းအရာတွေက ဆွဲဆောင်မှုမရှိတော့ သူတို့နှစ်ယောက် ကြိုက်တဲ့ ရုပ်ရှင်ပုံစံတွေကို ပြောပြရင်း ရုပ်ရှင်စကားဝိုင်း ဖြစ်သွားခဲ့တယ်။

ဒီစကားဝိုင်းကနေ သိခဲ့ရတာကတော့ ဖေ့အန်းက ဇွန်ဘီတို့လို သဘာဝလွန်ဇာတ်လမ်းပုံစံမျိုးကို သဘောကျပြီး ကျန်းဟန်က ရှေးခေတ်က နန်းတွင်းကားတွေကို သဘောကျတယ်။

*************

ညဘက်ရောက်တော့ အခန်းတစ်ခန်းထဲမှာ နှစ်ယောက်အတူတူအိပ်ရမှာက ဖေ့အန်းအတွင် နည်းနည်းတော့ နေရခက်စေတယ်။ ကျန်းဟန်က သူရဲ့ အယ်ဖာဆိုတဲ့အသိက ရင်တွေ တဒုန်းဒုန်း ခုန်လာပြန်စေတယ်။

"အစ်ကို အိပ်ပြီလား"

"ဟင့်အင်း"

"အိပ်မပျော်ဘူးလား"

"အိပ်မရသေးတာပါ အိပ်ရာပြောင်းတာကြောင့်နေမယ်"

"အစ်ကို"

"အင်း"

"မနက်ဖြန် ကျွန်တော်တို့ ဆရာဝန်နဲ့ သွားတွေ့ရမှာနော်။"

"ကိုယ်မမေ့ပါဘူး"

"အကို ဖယ်ရိုမုန်းက ဘယ်လိုပြဿနာရှိတာလဲ"

ကျန်းဟန်က ဖေ့အန်းမှာ ဖယ်ရိုမုန်းပြဿနာရှိတာ သိပေမဲ့ ဘယ်လိုဖြစ်မှန်း သူသေချာမသိတာကြောင့် မေးလိုက်သည်။

"မင်း ကိုယ့်ဆီက ဖယ်ရိုမုန်းအနံ့ရလား"

"Sage အနံ့သင်းသင်းလေးတော့ ရပေမဲ့ တကယ်ကိုမှ နည်းနည်းလေးပဲရတယ်အစ်ကို ဖယ်ရိုမုန်း ထုတ်ကြည့်ပါလား"

"ကိုယ် ဖယ်ရိုမုန်းကို ထုတ်ချင်သလို ထုတ်လို့မရဘူး"

သူ့ကို အမှတ်အသားပေးထားတဲ့ အယ်ဖာရဲ့ အကူအညီနဲ့ဆိုရင်တော့ ဖြစ်နိုင်တယ်ဆိုတာကိုတော့ ဖေ့အန်း ထည့်မပြောလိုက်ဘူး။

"ပြီးတော့ ကိုယ့်ရဲ့ Heat က ဘယ်အချိန်မှာ ဖြစ်လာမလဲ ကြိုမခံစားရဘူး အတိအကျ မှတ်ထားလို့မရဘူး။ အဲ့အချိန်တွေမှာ ဖယ်ရိုမုန်းထိန်းချုပ်နိုင်တဲ့ ကပ်ခွါတွေကလဲ ကိုယ့်အပေါ်မှာ အချိန်အကြာကြီး အလုပ်မလုပ်နိုင်ဘူး။"

ဖေ့အန်းက မျက်နှာကျက်ကို ကြည့်ပြီး စကားပြောနေပေမဲ့ ကျန်ဟန်ကတော့ဘေးစောင်းလှဲအိပ်ရင်း ဖေ့အန်းကို ငေးကြည့်နေသည်မှာ သေချာသည်။

"အစ်ကို အိပ်ချင်ပြီလားကောင်းသောညလေး ဖြစ်ပါစေနော်"

************

There are no comments yet. Log in to be the first to leave a review!

Similar stories