Fanfics

4

02:45, 6 December 2025

နောက်တနေ့ မနက်မှာ မနက်စာစားပြီးသည်နှင့် ကျန်းဟန်နဲ့ အတူ ဆေးရုံသို့ ထွက်လာခဲ့သည်။ အခု သူတို့ သွားနေကြတာ ဟယ်စစ်ဆေးရုံက ဖေ့အန်းပြနေကျဖြစ်တဲ့ ဆရာဝန်ဆီပဲ ဖြစ်တယ်။

အခုတစ်ခေါက်သွားနေတာက ဖေ့အန်း အရင်လို နေမကောင်းလို့ မဟုတ်ဘဲ လက်ထပ်ပြီး အိမ်ထောင်သည် ဖြစ်သွားကြတဲ့ သူတို့ နှစ်ယောက်ကြားက လိင်မှုကိစ္စတွေနှင့် သန္ဓေတားဖို့ အသင့်တော်ဆုံး နည်းလမ်းတွေကို တိုင်ပင်ဆွေးနွေးဖို့ ဖြစ်သည်။

သူတို့ရဲ့ ABO ကမ္ဘာမှာ အယ်ဖာရဲ့ Rut ကာလအတွင်းနှင့် အိုမီဂါရဲ့ Heat ကာလတွေက ကိုယ်ဝန်ရဖို့ ရာခိုင်နှုန်း အများဆုံး အချိန်တွေဖြစ်တာကြောင့် အိမ်ထောင်ပြုထားကြတဲ့ စုံတွဲတွေတော့ ဒီလို စိတ်ချရတဲ့ သားဆက်ခြားတဲ့ နည်းလမ်းတွေကို ဆရာဝန်တွေနဲ့ ဆွေးနွေးတတ်ကြတယ်။

"ဖေ့အန်းရဲ့ ခန္ဓာကိုယ်က အခုချိန် ကိုယ်ဝန်ဆောင်မယ်ဆိုရင်တောင် မဖြစ်နိုင်သေးဘူး သူ့ရဲ့ ဖယ်ရိုမုန်းမညီမျှတဲ့ရောဂါက ကိုယ်ဝန်ဆောင်ကာလအတွင်း ပိုဆိုးစေနိုင်တယ်"

ဆရာဝန်က ဖေ့အန်းကိုတစ်လှည့် ကျန်းဟန်ကို တစ်လှည့် ကြည့်ရင်း ရှင်းပြတယ်။ သူတို့ နှစ်ယောက်လုံး ဘာမှ မပြောပဲ ဆရာဝန်ရှင်းပြတာကိုသာ ငြိမ်ပြီး နားထောင်နေရတယ်။ အင်း ကျန်းဟန်လဲ ရှက်နေတယ် ထင်ပါတယ်။ သူလဲ အတူတူပါပဲ။

" နှစ်ယောက်လုံးလည်း ငယ်သေးတာမလို့ ပညာရေးကို အာရုံစိုက်ထားတာ အကောင်းဆုံးပါပဲ။"

"ဟုတ်ကဲ့ပါ ဆရာ"

"အိုမီဂါရဲ့ Heat ကာလအတွင်းကတော့ အယ်ဖာက protection (အကာအကွယ်) သုံးတာလည်း အကောင်းဆုံး နည်းလမ်းပေါ့။ အိုမီဂါအတွက် တခြား ထိုးဆေးတွေကိုတော့ အားမပေးချင်ဘူး။ ဒါက ဖယ်ရိုမုန်းတွေကို ကမောက်ကမ ပိုဖြစ်နိုင်တယ် ဖေ့အန်းလို အခြေအနေမျိုးမှာပေါ့။ Heat ကာလအဆုံးမှာသောက်ဖို့ စိတ်ချရပြီး ဘေးထွက်ဆိုးကျိုး နည်းတဲ့ ဆေးကို ဆရာ အားပေးပါတယ်"

ဆရာဝန်ကပဲ ဆက်ပြီးရှင်းပြသည်။

"Rut ကာလအတွင်းမှာတော့ အယ်ဖာက အကာအကွယ်သုံးဖို့အထိ ထိန်းချုပ်နိုင်စွမ်း ရှိလောက်မယ် မထင်ဘူး"

ဖေ့အန်း ဒီစကားအဆုံးကို မသိမသာလေး ကျန်းဟန်ကို ခိုးကြည့်မိသည်။ ဒီကောင်လေး နားရွက်တွေ နီနေတာပဲ။ အင်းပါ မင်းပဲ ရှက်နေလိုက်။

"အယ်ဖာရဲ့ Rut ကာလအပြီးမှာလည်း ပြောတဲ့ ဆေးကို သုံးရက် အချိန်မှန်သောက်ပေးရင် ရပါပြီ။ ဆရာမှာချင်တာကတော့ ဆေးကို Heat ကာလ Rut ကာလပြီးလို့ ဖယ်ရိုမုန်း ထုတ်လွှတ်တာ တည်ငြိမ်သွားတာနဲ့ ချက်ချင်းသောက်ပေးနိုင်ဖို့ပါပဲ ဒါက အကာအကွယ်မပါပဲ လိင်ဆက်ဆံမိတဲ့အခါလည်း သောက်လို့ရတယ်"

"ဟုတ်ကဲ့ပါ ဆရာ"

"ပြီးတော့ မင်းတို့နှစ်ယောက် ထာဝရအမှတ်အသားပေးပြီးတဲ့ အခါ အယ်ဖာရဲ့ အကူအညီနဲ့ ဖေ့အန်းက ဖယ်ရိုမုန်းတွေကို ထုတ်လွှတ်ကြည့်ပြီး ထိန်းချုပ် ကြိုးစားကြည့်ပါ"

"ကျေးဇူးပါ ဆရာ"

"ဆရာ့ဘက်ကတော့ လိုအပ်တာတွေ ပြောပြီးပါပြီ။ အယ်ဖာရဲ့ rut က ဘယ်အချိန်လောက်လဲ"

" လိုပါသေးတယ် ဆရာ တစ်လကျော်လောက်"

"ဟုတ်ပါပြီ တကယ်လို့ ထာဝရအမှတ်အသား ပေးပြီးလို့ ထူးခြားတာရှိရင် လာပြန်ပြပါ။ ဒီလောက်ပါပဲ"

"ခွင့်ပြုပါဦး ဆရာ"

ကျန်းဟန်နဲ့ ဖေ့အန်းလည် ကောင်တာတွေ ဆေးများ ထုတ်ပြီး ကျသင့်ငွေ ရှင်းကာ ပြန်လာခဲ့သည်။ ကျန်းဟန်ကတော့ သူပေးမယ် ပြောပြီး ပိုက်ဆံအိတ်ထဲက ကဒ်တွေထဲက တစ်ကဒ် ကို ထုတ်ပေးကာ ရှင်းသည်။

***********

ဒီရက်ပိုင်းတွေမှာ သူတို့ကြား ထွေထွေ ထူးထူး မရှိခဲ့ပါဘူး။ ကျောင်းပြန်တက်ကြတဲ့အခါ သူတို့ လက်ထပ်ထားတဲ့ ကိစ္စကို လျှို့ဝှက်ထားဖို့ သဘောတူထားကြတယ်။

အင်း ဒီကိစ္စကို လျှို့ဝှက်ထားသည်ဆိုတာကလည်း မလိုအပ်လို့ မပြောချင်တာမျိုးသာဖြစ်သည်။ တကယ်လို့ လိုအပ်လာတဲ့ အခြေအနေမျိုးမှာလဲ ထုတ်ပြောဖို့ တုံ့ဆိုင်းနေမည် မဟုတ်ပါ။

ကျောင်းစတက်ရတဲ့နေ့မှာ ကျန်းဟန်အဖေ စီစဉ်ပေးထားတဲ့ ကားဒါရိုက်ဘာက ဖေ့အန်းတို့ကို ကွန်ဒိုမှာ လာကြိုပေးသည်။

"အစ်ကို တက်လေ" ကျန်းဟန်က တံခါး ဖွင့်ပေးပြီး ဖေ့အန်းကို တက်ခိုင်းသည်။

"အင်း"

ကျန်းဟန်က ဖေ့အန်း‌ဘေးမှာ ကပ်ထိုင်သည်။ ကားဒရိုက်ဘာဦးလေးသည် ဘီတာ တစ်ဦးဖြစ်ပြီး စိတ်ရှည် သဘောကောင်းတဲ့ထဲပါသည်။

သူတို့ နိုင်ငံ၏ အထက်တန်းကျောင်းများသည် တူညီ ဝတ်စုံများဖြစ်ပြီး တစ်ကျောင်းနှင့် တစ်ကျောင်း အနည်းငယ်ကွာခြားမှုတော့ ရှိသည်။ ပုံမှန်ရက်တွေ မှာတော့ နောက်ကျောမှာ ဒါမှမဟုတ် ရင်ဘက်နားမှာ ကျောင်းတံဆိပ်ပါသည့် track suit jacket မျိုး ဝတ်ကြရသည်။ Formal look ဆိုပြီး နက်ခ်တိုင်နှင့် ဝတ်စုံပြည့် ဝတ်ရသည့် နေ့များလည်း ရှိသည်။ ဥပမာဆိုရင် ဒီနေ့လိုကျောင်းစဖွင့်တဲ့ နေ့မျိုး၊ ပွဲအခမ်းအနားနှင့် အထိမ်းအမှတ်နေ့များတွင် Formal look ကို ဝတ်ဆင်ကြရသည်။

ဖေ့အန်း မနက်က စိတ်လှုပ်ရှားနေလို့ ပြင်ဆင်တာ နောက်ကျပြီး အမြန်လုပ်နေရတာမလို့ ကျန်ဟန်ကို သတိမထားဘူး။ ကားပေါ်ရောက်ပြီး ကျန်းဟန်ကို ကြည့်တော့မှ မူလတန်းကလေး ဝတ်ထားသလိုပဲ။

"ကျန်းဟန် ယူနီဖောင်းကို အပြည့်မဝတ်ဘူးလား။ ဒီနေ့ ကကျောင်းစတက်တဲ့နေ့ကို"

"ဝတ်ပါတယ်"

"မဝတ်ပါဘူး။ အင်္ကျီကော်လံတစ်ဖက်ကလဲ အောက်မှာ လိပ်နေတယ်။ နက်ခ်တိုင်ရော"

"အိတ်ထဲမှာ အစ်ကို"

"အဲ့တာဆို တပ်လေ"

"တပ်မလို့ပဲဗျ မချည်တတ်လို့"

" အရင်ကရော ဘယ်လိုလုပ်လဲ "

"အရင်ကတော့ မာမီ ချည်ပေးတာဗျ"

ဒီစကားကြားတော့ ဖေ့အန်းစိတ်ထဲ တစ်မျိုးတော့ ခံစားလိုက်ရသည်။ ဘာပဲဖြစ်ဖြစ် ကျန်းဟန်က မနေ့တစ်နေ့ကမှ အရွယ်ရောက်တဲ့ ကောင်ငယ်လေးပဲ ရှိသေးတာ။

"ထုတ်လိုက် ကိုယ်ချည်ပေးမယ်"

ဖေ့အန်းက လိပ်နေတဲ့ ကော်လံ တစ်ဖက်ကို အရင်ပြင်ပြီး ပြောလိုက်သည်။

"ကြည့်နေနော် ကိုယ်သင်ပေးမယ်"

ဖေ့အန်းက တစ်ဆင့်ခြင်း နက်ခ်တိုင် ချည်နည်းကို ရှင်းပြရင်း ကိုယ်တိုင် ချည်ပေးသည်။

" ကြည့်နော်... ရပြီ ပြီးပြီ... ပိုကြည့်ကောင်းသွားပြီ "

"ကျေးဇူးပါ အစ်ကို"

" လုပ်တတ်သွားပြီလား "

" တစ်နေ့ထဲနဲ့တော့ သိပ်မမှတ်မိဘူးဗျကျွန်တော်က ဉာဏ်သိပ်မကောင်းဘူး"

‌အထက်တန်း ကျောင်းမှာ ဂိတ်ပေါက်ဝ နှစ်ခုရှိသည်။ အရှေ့ဂိတ်ပေါက်ဝကတော့ ပုံမှန်ကျောင်းအဝင်ဝတွေလို ဖြစ်ပြီး အနောက် ဂိတ်ပေါက်ဝကတော့ ကားနှင့် အကြိုအပို့ လုပ်ကြသည့် အိမ်က ကလေးများ အတွက်ဖြစ်သည်။ ကျောင်းဆင်းချိန် လာကြိုသည့် ကားများကြောင့် ယာဉ်လမ်းကြောပိတ်ခြင်းများ မဖြစ်စေရန် ထိုကဲ့သို့ စီစဉ်ပေးထားခြင်း ဖြစ်သည်။

"အနောက်ဂိတ်ဘက်ကနေပဲ အမြဲ သွားပေးနော် ဦးလေးကျောင်းဆင်းချိန်ဆို အဲ့ဂိတ်မှာပဲ ကားရပ်စောင့်လို့ ရတယ်ဗျ အရှေ့မှာက ကားရပ်စောင့်ခွင့် မပေးဘူး"

"ကောင်းပါပြီ"

"အစ်ကို့ကို အခန်းရှေ့ထိ လိုက်ပို့ပေးမယ်နော်" အခန်းရှေ့ထိဆိုသော်လည်း အဆောင်တစ်ခုထဲမှာဘဲ ဖြစ်သည်။ နှစ်ထပ်ဆောင်တွင် ဖေ့အန်းက အောက်ထပ်အခန်းမှာ ဖြစ်ပြီး ကျန်းဟန်ရဲ့ အခန်းက အပေါ်ထပ်မှာ ဖြစ်သည်။

ကျန်းဟန်က fresher ဖြစ်သည့်အပြင် စာလိုက်နိုင်သည့် ကျောင်းသားမလို့ ထိပ်ဆုံးအခန်းတွေများထဲမှ Alpha တွေပဲ တက်ရသည့် အခန်းမှာ တက်ရ‌သည်။ ဖေ့အန်းက ကျောင်းနားထားတဲ့သူမလို့ repeater တွေနှင့် သူ့လို ကျောင်းနားဖူးတဲ့ သူတွေ ပါသည့် အခန်းမျိုး ဖြစ်‌လောက်သည်။

ကျောင်းမှာက အတန်းတွေကို ယောက်ျားလေး မိန်းကလေး ခွဲထားတာမျိုး မဟုတ်ဘဲ Alphaနှင့် Omega ဆိုပြီး ခွဲထားတာမျိုး ဖြစ်သည်။ ဥပမာ ဆိုရလျှင် Year 12 Class A (Alpha) နှင့် Year 12 Class A (Omega) ဆိုပြီး ခွဲထားတာမျိုး ဖြစ်သည်။

12-H (Omega) " အစ်ကို ဒါ အစ်ကို့အခန်း ကျွန်တော်အခန်းက အပေါ်ထပ်မှာ"

"အင်း သွားတော့လေ ကိုယ်ဝင်တော့မယ်"

"နေ့လည်စာ စားချိန် စာပို့လိုက်မယ်"

"အင်း ကောင်းကောင်းသွား"

ဖေ့အန်းအတန်းကို မျက်လုံးကစားကြည့်တော့ ထိုင်ခုံတွေက တစ်ယောက်ခုံတွေ ဖြစ်ပြီး အကွာအဝေးကို ညီမျှစွာခြားထားသည်။ ထိပ်ဆုံးတန်းမှာ ထိုင်ဖို့တော့ သူစိတ်မဝင်စားပါဘူး။ အဲ့တာကြောင့် နောက်ဆုံးတန်းရဲ့ အရှေ့တစ်တန်းမှာသာ နေရာယူလိုက်သည်။ သူက စောပြီး ရောက်နေတာဖြစ်လို့ သူသဘောကျတဲ့ အစွန်ဘက်ကိုလည်း ရသည်။ ဖေ့အန်း၏ ထိုင်ခုံကနေ လှမ်းကြည့်ရင် အပြင်က ကျောင်းအားကစားကွင်း လှမ်းမြင်ရသည်။

ဖေ့အန်းရောက်ပြီး မကြာခင်မှာပဲ အတန်းထဲသို့ ကျောင်းသားများ တစ်ယောက်စ၊ နှစ်ယောက်စ ရောက်လာကြပြီး အတန်းတက်ခါနီးမှာတော့ တစ်ခန်းလုံးပြည့်လုနီးပါးရှိပြီဖြစ်သည်။

အရင်နှစ်က ကျောင်းသားကျောင်းသူများကတော့ အချင်းချင်း အဖွဲ့ကျနေပြီး သူ့လိုကျောင်းသားအသစ်များလဲ ပါမည်ထင်သည်။

ကျောင်းခေါင်းလောင်းထိုးသည်နှင့် အတန်းပိုင်ဆရာမက မိတ်ဆက်သည်။ လုလောင်ရှီးက သူတို့ အတန်းပိုင်ဆရာဖြစ်ပြီး အိုမီဂါ တစ်ဦးဖြစ်သည်။

"ဝင်ခွင့်ပြုပါ" ပထမအချိန်က တရုတ်စာပေ အချိန်ဖြစ်ပြီး စာသင်ချိန် တစ်ဝက်လောက်ရောက်နေမှ ကျောင်းသား တစ်ဦးက ခွင့်တောင်းပြီ ဝင်လာသည်။

" ကျောင်းစတတ်တဲ့နေ့မှာတောင် နောက်ကျနေပါ့လား"

လုလောင်ရှီးက သဘောကောင်းသူပီပီ ဆူပူသည့် အသံမျိုးနှင့် မပြောပါ။

" နောက်တစ်ခါ ဒီလောက်ကြီး နောက်မကျနဲ့တော့နော်"

"ဟုတ်ကဲ့ပါ လောင်ရှီး"

အတန်းနောက်ကျတဲ့ ကျောင်းသားက ဖေ့အန်းနောက်က လွတ်နေတဲ့ ခုံမှာ ဝင်ထိုင်သည်။

"ဟိတ် အတန်းဖော်"

ဖေ့အန်းကို တိုးတိုးလေးခေါ်တာမလို့ ကိုယ်လေးကို အနောက်သို့မှီပြီး ခေါ်နေသူနှင့် နီးသည့် အနေအထားသို့ ရွှေ့လိုက်၏။

"သူ ဘာတွေ သင်နေတာလဲ စာအုပ်ထဲမှာ မတွေ့ဘူး"

" တရုတ်ပြည် ချင်ခေတ်ကဗျာများထဲက ပထမဆုံး အပုဒ်ပါ"

"ကျေးဇူးပါ"

11 နာရီခွဲတော့ နေ့လယ်ထမင်းစားချိန် ရောက်ပြီ ဖြစ်သည်။

"အတန်းဖော် မင်းမှာ နေ့လယ်စာ အတူတူသွားစားဖို့ အဖော်များရှိလားမရှိရင် အတူသွားကြမလား ဟီးဟီး"

" မရှိဘူးထင်တာပဲ သွားကြတာပေါ့ မိတ်ဆက်ကြမလား ငါ့နာမည်က လီဖေ့အန်းပါ"

" ဟုတ်သားပဲနော် ငါက ချိုးတင်းကျယ်ပါ"

တောင် 💬

ကျန်းဟန်ဆီမှာ message ဝင်လာခြင်းဖြစ်သည်။

💬/အစ်ကို ကျွန်တော်တို့ အတန်း မပြီးဘူးနေ့လယ်စာစားဖို့ လာခေါ်ရမလားဒါမှမဟုတ် အတူတူသွားဖို့ သူငယ်ချင်းရပြီလား/

💬/ကိုယ် သူငယ်ချင်းနဲ့ သွားလိုက်မယ်/

💬/ကောင်းကောင်းစားပါ အစ်ကို/

ကျန်းဟန်ကို စာပြန်ပြီး နေ့လယ်စာ သွားစားဖို့ လုပ်ရသည်။

" ငါက ကျောင်းနှစ်နှစ်လောက် နားထားတာ အသက်ကတော့ မင်းထက်ကြီးလောက်မယ်ထင်တယ်" "ဒါဆို ဖေ့အန်းကော သွားရအောင်နော် ဒီက ချိုးချိုးလေး ဗိုက်ဆာနေပြီ"

ဖေ့အန်းက သူ့ကိုယ်သူ "ချိုးချိုး" လို့ သုံးသွားတဲ့ သူငယ်ချင်းအသစ်လေးနောက် ပြုံးရင်းသာ လိုက်သွားလိုက်သည်။ သူငယ်ချင်း အသစ်လေးရဲ့ အင်နာဂျီကို သူမနည်းလိုက်နေရ၏။

ထမင်းစားဖို့ သွားရမည့် အဆောင်နှင့် မုန့်ဆိုင်များရှိသည့် နေရာသည် သူတို့၏ အတန်းအဆောက်အအုံ နှင့်ဆိုလျှင် တော်တော်လှမ်းသည့်ထဲ ပါသည်။ လမ်းညွှန် ဆိုင်းဘုတ်တွေ ရှိသည်မလို့ အဆောင်က ရှာရလွယ်သေးလို့ တော်ပါသေးသည်။

ဖေ့အန်းတို့ စားပြီး ပြန်အထွက်မှာ ကျန်းဟန်နှင့် တိုးသည်။

ကျန်းဟန်က ဖေ့အန်းဘေးက ချိုးချိုးကိုစူးစမ်းရင်း"အစ်ကို စားပြီးပြီလား"

"ပြီးပြီ အတန်းက အခုမှပြီးတာလား"

"ဟုတ်တယ်ဗျ သင်္ချာဆရာက သင်နေတာ မပြီးနိုင်ဘူး"

"သွားစားတော့နော် ကိုယ်တို့လဲ သွားပြီ"

"လမ်းပျောက်မယ်နော် အစ်ကို အဆောင်နဲ့က ဝေးတယ်"

"ကိုယ်ဂရုစိုက်ပါ့မယ် စိတ်ချလက်ချ သွားစား သွား"

အပြန်လမ်းတွင် ချိုးချိုးက စပ်စုတော့သည်။

"ဖေ့အန်းကောနဲ့ ဘာညာတွေလား"

ချိုးချိုးက ချစ်စရာကောင်းပြီး ရယ်ရသည်ဟု ဖေ့အန်းထင်မိသည်။

" ဘာညာတွေဆိုတာ ဘာတုန်း"

"မထင်ရဘူးနော် ဖေ့အန်းကောက ဒီနေ့မှ ကျောင်းစတက်တာကိုအတွဲတွေလား အီစီကလီလား"

"မသိဘူးလေ"

"ဟာ မသိလို့မရဘူးလေ ဖေ့အန်းကောကလဲ"

"မသိလို့ရပါတယ် မသိဘူး ဟား"

ဖေ့အန်း ချိုးချိုးမေးတာကို မဖြေပဲ စနောက်နေမိသည်။ တမင်ကြီး မဖြေချင်လို့ မဟုတ်ပဲ ပျော်စရာကောင်းလို့ စနေခြင်းဖြစ်သည်။

နေ့လယ်စာစားချိန်ကုန်ခါနီးလောက်တွင် ကျန်းဟန်က စာထပ်ပို့လာသည်။/တောင် 💬/

/အတူတူပြန်မယ်နော် အစ်ကိုကျွန်တော်မရောက်သေးရင်အဆောင်အဝင်ဝမှာ စောင့်နေမလား/

/အင်း စောင့်နေမယ်/

ဖေ့အန်းနှင့် ရှင်းရှင်း တစ်ရက်တောင် မပြည့်သေးခင် တော်တော်ခင်မင်သွားခဲ့ပါတယ်။ အချင်းချင်း ဖုန်းနံပါတ်လဲထားပြီး WeChat လဲ အပ်ကြ ပြီးပြီဖြစ်သည်။

ကျောင်းဆင်းတော့ ချိုးချိုးက အရှေ့ဂိတ်ကို အရင် ထွက်သွားပြီ ဖြစ်သည်။ သွားစရာ ရှိတယ်ဆိုပြီး လောနေသည်မလို့   ဖေ့အန်းကိုတောင် မစောင့်နိုင်ပါ။

ကျောင်းပထမဆုံးမှာ ဖေ့အန်းနှင့် ကျန်းဟန် ကျောင်းအတူတူသွား ကျောင်းအတူတူပြန်ခဲ့ကြပါတယ်။

*********

ချိုးချိုးလေး ပါလာပါပြီ။ ဟီးဟီးအပေါ်က သုံးပိုင်းရေးပြီး project တွေ assignment တွေပုံနေလို့ wattpad ထဲမဝင်ဖြစ်တာ noti တွေ အများကြီးတွေ့လို့ ဝမ်းသာရပါတယ်။ ကျေးဇူးတင်ပါတယ်ရှင့်။🫶🏻🫶🏻

There are no comments yet. Log in to be the first to leave a review!

Similar stories