2
02:44, 6 December 2025ဖေ့အန်း "အင်း" တစ်လုံးသာ ပြန်ပို့ပြီး ဖုန်းကို အားသွင်းထားလိုက်သည်။
နေ့လယ်ပိုင်းထဲက အိပ်ပြီး အခု နိုးလာတော့ လူက ထွေထွေကြီး ဖြစ်နေတာကြောင့် လန်းဆန်းအောင် ရေချိုးလိုက်သည်။ ရေချိုးပြီးတော့ ထမင်းစားချိန်ရောက်ပြီမလို့ အိမ်အောက်ကိုသာ ဆင်းလာခဲ့သည်။
ဖေ့အန်းဆင်းလာတော့ ဖေဖေပြန်ရောက်နေပြီ ဖြစ်သည်။
"ဥက္ကဌကျန်း ဘက်က ဖုန်းဆက်ပြီးပြောတယ် လက်ထပ်ပွဲအတွက် နှစ်ဖက်မိဘတွေ့ဆုံပြီး စီစဉ်ကြဖို့ ဖေ့အန်း သားဘက်က သေချာပြီလား"
ဖေ့အန်းရဲ့ အဖေက Alpha တစ်ယောက်ဖြစ်သည်။ မိသားစုမှာလည်း ဖေ့အန်းက တစ်ဦးတည်းသော သား၊ မွေးချင်းမောင်နှမလည်းမရှိ။ ဖေဖေအနေနဲ့ကလည်း ဖေ့အန်းကျန်းမာရေးကြောင့်သာ လက်ထပ်ပွဲကို စီစဉ်ပေးရခြင်းဖြစ်သည်။ တစ်ဦးတည်းသော အိုမီဂါသားလေးကို မိဘတွေကလည်း စိတ်ချသည် မဟုတ်ပေ။ ဖေ့အန်းကလည်း အခုမှ အသက် ၂၀ ကျော်ကျော်လေးပဲ ရှိသေးတာလေ။
" သား ဆုံးဖြတ်ပြီးပါပြီ ဖေဖေ လက်ထပ်ပြီးရင် ကျောင်းလည်းပြန်တက်ချင်တယ်"
" အင်း ဒါကို ဟိုဘက်နဲ့ တိုင်ပင်ကြည့်ကြတာပေါ့သားတို့နှစ်ယောက် အဆင်ပြေတဲ့ရက် သက်မှတ်ပြီး လူကြီးတွေကို အသိပြန်ပေးပါ"
"ဟုတ်ကဲ့ ဖေဖေ"
ဧည့်ခန်းထဲကနေ ထမင်းစားဖို့ မေမေလာခေါ်တော့ စကားကပျက်သွားသည်။
ဖေ့အန်း ထမင်းစားရင်း ဖေဖေကို ကြည့်တော့လည်း တိတ်ဆိတ်နေသည်။ အရင်က ဟင်းတွေထည့်ပေးနေကျ မေမေလည်း သူ့ဘာသာ စားနေသည်။ ဒေါ်လေးနဲ့ မျက်လုံးချင်းဆုံတော့ ဒေါ်လေးက အဆင်ပြေသွားမှာပါသဘောနှင့် ပြုံးပြလာသည်။
အင်း သူတို့လည်း အတွေးများနေမှာပဲလေ။
********
💬/အစ်ကို ဘာလုပ်နေလဲဗျ/
ဖေ့အန်း အိမ်ပေါ်ပြန်တက်လာပြီး ဖုန်းဖွင့်ကြည့်မိတော့ ကျန်ဟန်က စာပို့ထားပြန်သည်။
💬/ကိုယ်အခုပဲ ညစာစားပြီးတာ/
ဖေ့အန်း စာပြန်ပို့ပြီး သိပ်မကြာခင်ပဲ ကျန်ဟန်ဆီက ပြန်စာဝင်လာသည်။
💬/အစ်ကို ညစာစားတာ စောသားပဲ/
💬/ကျန်းဟန်/
💬/ဗျာ/
💬/ကိုယ်တို့နှစ်ဖက်မိဘတွေနဲ့ တွေ့ဖို့ ရက်ရွေးထားဖို့ ပြောတယ် မင်းဘယ်ရက်တွေ အဆင်ပြေမလဲ သိလို့ရမလား/
ဖေ့အန်း စာပြန်ပြန်ပြီးချင်းပဲ ကျန်းဟန်ဘက်ကနေ ဖုန်းခေါ်လာသည်။
"ဟယ်လို"
"စာရိုက်ပြီး ပြောထားတာထက် ဖုန်းနဲ့ပြောတာပိုကောင်းမလားလို့လေအင်း အပြင်မှာတွေ့ပြီး ပြောတာဆို ပိုကောင်းမယ်နော် အစ်ကို"
"အာ ဟုတ်လား ဖုန်းနဲ့ပြောလဲ အဆင်ပြေပါတယ်"
"ဟုတ်ပါပြီ အစ်ကို့သဘောပါ"
"ဒါဆို မင်းဘက်က အဆင်ပြေတဲ့ရက်များ ကိုယ်သိလို့ရမလား"
"ကျွန်တော်ကတော့ ဘယ်ရက်မဆိုအဆင်ပြေပါတယ် မနက်ဖြန်ဆိုလဲ ရပါတယ်ဗျ"
"မနက်ဖြန်ကျ အရမ်းကြီးများ ကပ်လွန်းသွားမလားလို့"
"ကျွန်တော်ကစတာပါဗျာ"ဆိုပြီး ကျန်းဟန်က ရယ်သံ တစ်ဝက်နဲ့ ပြောလာသည်။
"ဒီနေ့က ကြာသပတေးနေ့ဆိုတော့ အင်း တနင်္ဂနွေနေ့ဆိုရင်ရော"
"အဲ့တာဆို ကျွန်တော် တနင်္ဂနွေနေ့လို့ ဒယ်ဒီ့ကို ပြောလိုက်ပါမယ်နော်နေရာကိုတော့ ကျွန်တော့ဘက်က ဘိုကင်တင်ပြီး အကို့ကို လှမ်းပို့ထားပါ့မယ်"
"ဟုတ်ပါပြီ"
"ဒါနဲ့ အစ်ကို မနက်ဘယ်အချိန် ထလဲဗျ"
"ကိုယ်က ငါးနာရီခွဲလောက်ဆိုထပါပြီကျန်းဟန် ပြောစရာမရှိရင် ကိုယ်ဖုန်းချလိုက်တော့မယ်နော်ကိုယ့်ခွေးလေးကို အစာကျွေးရဦးမယ်"
ကျန်းဟန်အပြောကို မစောင့်အားဘဲ ဖေ့အန်းက ချက်ချင်းပဲ ဖုန်းချလိုက်သည်။ လဲ့လဲ့က တံခါးကိုကုတ်ပြီး အခန်းထဲ ဝင်ဖို့ သောင်းကျန်းနေပြီမလို့ ဖေ့အန်း တံခါးထဖွင့်ပေးပြီး လဲ့လဲ့စားနေကျ snack ကျွေးရသည်။
လဲ့လဲ့က ဖေ့အန်းမွေးထားတဲ့ ခွေးလေးပေမဲ့ သူက မနက်ပိုင်းနဲ့ နေ့လယ်ပိုင်းတွေမှာ ခြံထဲနဲ့ ဒေါ်လေးနားမှာသာ နေတတ်သည်။ အိပ်ချိန်သာ ဖေ့အန်းဆီ ပြန်လာတတ်သည်။
လဲ့လဲ့ကို အစာကျွေးပြီး ဖေ့အန်း ဒရမ်မာကြည့်နေလိုက်သည်။ လဲ့လဲ့ကတော့ ဖေ့အန်းအခန်းမှာ သူ့အိပ်ရာလေးနဲ့ အိပ်နေပြီ ဖြစ်သည်။
ဖေ့အန်းမအိပ်ခင်မှာ ကျန်းဟန်ဆီက စာဝင်လာသည်။
💬/ကောင်းသောညပါ အစ်ကို/
ဒီနေ့မှ စသိခဲ့ပေမဲ့ အယ်ဖာကောင်လေး ကျန်းဟန်ရဲ့ အပြုအမူတွေ ဖေ့အန်းရင်ကို ခုန်စေတာတော့ အမှန်ပါပဲ။
**********5:30 a.m.
💬/ နိုးပြီလား အစ်ကို ကောင်းသော မနက်ခင်းလေးဖြစ်ပါစေ/
ဖေ့အန်း မနက်နိုးတော့ ကျန်းဟန်ရဲ့ မက်ဆေ့မြင်ပြီး သူအကြာကြီး တွေးမိတယ်။ တကယ်ဆို ကျောင်းတောင် မပြီးသေးတဲ့ သူတို့ နှစ်ယောက်အတွက် လက်ထပ်ဖို့ဆိုတာ တွေးကြည့်ရင် ခက်ခဲတဲ့ ကိစ္စပဲလေ။ ဘယ်လိုပဲ ငွေကြေး အဆင်ပြေတဲ့ အသိုင်းအဝိုင်းက ဆိုစေကာမူ အိမ်ထောင်ပြုတာက လွယ်တဲ့အရာတစ်ခုတော့ မဟုတ်ဘူး။
အယ်ဖာတွေရဲ့ ဗီဇအရ ဦးဆောင်နိုင်တာကို ဖေ့အန်းယုံကြည်ပါသည်။ ကျန်းဟန်က အခုမှ အသက်ပြည့်ခါစ အယ်ဖာဖြစ်သည့် အပြင် ဖေ့အန်းထက် အသက်ငယ်သော်လည်း ကျန်းဟန် မှာ အယ်ဖာဆိုတဲ့ အရှိန်တစ်ခုတော့ ရှိတာတော့ ခံစားရမိသည်။
မေမေတို့က ဖေ့အန်းကို လက်ထပ်ဖို့ စီစဉ်ပေးမယ် စပြောတုန်းကတော့ စိုးရိမ်မိသည်။ အခုတော့လဲ ကျန်းဟန်ကို တွေ့တော့ သူစိတ်သက်သာမှုရသည်ဟု ခံစားရသည်။ ငယ်ရွယ်တက်ကြွတဲ့ အယ်ဖာလေးက သူ့ကိုပါ ရွှင်လန်းစေသည်။
နောက်ရက်တွေလဲ ကျန်းဟန်ဘက်က ဖေ့အန်း ထနေကျ အချိန်ရောက်ရန် "အစ်ကို နိုးပြီးလား" ဆိုပြီးစာပို့တတ်ပြီး အိပ်ချိန်ဆိုလည်း "ကောင်းသောညပါ" ဆိုပြီး အချိန်မှန်ပို့တတ်သည်။
***********
နှစ်ဖက်မိဘတွေ့ဆုံပွဲနေ့မှာ ဖေ့အန်းဘက်က ဖေဖေရယ် မေမေရယ် ဒေါ်ဒေါ်ရယ် လိုက်ခဲ့ပြီးတော့ ကျန်းဟန်ဘက်ကတော့ ကျန်းဟန်ရဲ့ မိဘတွေအပြင် ကျန်းဟန်ရဲ့ အစ်ကိုပါလိုက်ပါလာသည်။
ကျန်းအိမ်တော်မှာ သားနှစ်ယောက်ရှိတာ ဖေ့အန်း ဒီနေ့မှ သိရတယ်။ ကျန်းဟန်ရဲ့ အစ်ကိုက နောက်ဆုံးနှစ် ဆေးကျောင်းသားတစ်ဦးဖြစ်ပြီး ကျန်းဟန်ထက် ၆ နှစ်ကျော်တောင် ကြီးသည်။
ကျန်းဟန်အဖေ ဥက္ကဌကျန်းက စကားစသည်။
"မင်္ဂလာပွဲအတွက် လိုအပ်တာမှန်သမျှကို ကျွန်တော်တို့ဘက်က စီစဉ်ပေးပါ့မယ်ဒါပေမဲ့လည်း ကလေးတွေ သဘောကရော ဘယ်လိုလဲ သိချင်တယ်ကလေးနှစ်ယောက် ဆန္ဒကို အရင်မေးပါရစေ"
"ကျွန်တော်ကတော့ အစ်ကို့သဘောပါ"
ဖေ့အန်းဘာမှ မပြောရသေးတာတောင် ကျန်းဟန်က ဖေ့အန်းသဘောထလုပ်သည်။
ဖေ့အန်း မပြောခင် ဖေဖေ့ကို လှမ်းကြည့်မိတော့ ဖေဖေက ခေါင်းလေးလှမ်းငြိမ့်ပြသည်။
"ကျွန်တော်က လက်ထပ်ပွဲထက် တရားရုံမှာ လက်ထပ်မှတ်ပုံတင်တာဆိုအဆင်ပြေပါတယ်။ လက်ထပ်ပြီးရင် ကျွန်တော် အထက်တန်း နောက်ဆုံးနှစ်ကို ပြန်တက်ချင်ပါသေးတယ်။ အထက်တန်းကျောင်းဆိုတော့ ကျွန်တော်တို့ လက်ထပ်ထားတာ သိကြရင် နှစ်ယောက်လုံး အနေခက်မှာ ဆိုးမိပါတယ်"
"ကျောင်းပြန်တက်မှာဆို သားက ကျန်းဟန်နဲ့ တူတူတက်မှာလား"
"အဲ့တာကတော့ လူကြီးတွေ သင့်သလို စီစဉ်လို့ပါတယ်ကျွန်တော်ကတော့ ကျောင်းပြန်တက်ရရင် အဆင်ပြေပါတယ်"
ကျန်းဟန်က ဒီတစ်ခါတော့ ဝင်ပြောသည်။
"အစ်ကိုက ကျွန်တော်နဲ့ နီးနီးမှာ ရှိတော့ ပိုကောင်းပါတယ် အစ်ကို့ ကျန်းမာရေးအတွက်ပြောတာပါ" ပြောပြီးတော့ ကျန်းဟန်က ဖေ့အန်းကို ရယ်ပြသည်။
နှစ်ဖက်မိဘတွေဆုံပွဲက အဆင်ပြေပြေနဲ့ ပြီးဆုံးခဲ့သည်။ သူတို့ ကျောင်းမပြီးခင်တော့ တရားရုံးမှာ လက်ထပ်မှတ်ပုံတင်ဖို့သာ သဘောတူခဲ့ကြသည်။ ကျန်းဟန်နဲ့ အတူတူ ကျောင်းသွားတက်ရန် ဖြစ်ခဲ့ပြီး ကျန်းဟန်ရဲ့ မိဘတွေက အထက်တန်းကျောင်းနဲ့ နီးတဲ့ နေရာမှာ ကွန်ဒိုတစ်ခု လက်ဖွဲ့မည်ပြောသည်။ ဖေ့အန်းနှင့် ကျန်းဟန် ထိုကွန်ဒိုမှာသာ နှစ်ယောက်ထဲ အတူတူနေရမည် ဖြစ်သည်။
************
There are no comments yet. Log in to be the first to leave a review!





