Fanfics

3

17:20, 2 August 2024

ထသွားမလို့လုပ်တာနဲ့

"ပန်းကန်ဆေးသွားဦးလေကိုယ်စားပြီးသားပန်းကန်တော့ဆေး‌ဦးမှာပေါ့" ဆိုပြီးပြောလိုက်တော့နီခီလည်းဆောင့်ဆောင့်အောင့်အောင့်နဲ့ပန်းကန်ကိုယူလာ၍မီးဖိုချောင်ထဲကိုရောက်လာတော့တယ်။

"ဆပ်ပြာရည်ဘူးကော?" ဆိုပြီးလိုက်ရှာနေတော့ဆပ်ပြာရည်ဘူးကိုလှမ်းယူပေးလိုက်ပြီး

"ရော့" ဆိုပြီးအနောက်ကနေဆပ်ပြာရည်ဘူးပေးတာကလည်းမျက်နှာနားကြီးကပ်ပြီးပေါ့။

လှည့်မကြည့်ဘဲယူလိုက်ကာ

"အနားအရမ်းမကပ်နဲ့" ဆိုပြီးပန်းကန်ကိုမြန်မြန်ဆေးပြီးအပေါ်ကိုပြေးတက်တော့ပြုတ်ကျမလို့ဖြစ်သွား၍

"အားးး" ဆိုပြီးအော်လိုက်ချိန်ဟီဆွန်းကပြေးလာပြီးခါးကနေလှမ်းဖမ်းထိန်းလိုက်တော့တယ်။

"အခုဘယ်ကိုကိုင်ထားတာလဲ?" ဆိုပြီးလက်ကိုဖယ်ထုတ်ပလိုက်ကာ

"နှာဘူးပဲနှာဘူး" ဆိုပြီးထပ်ပြေးတက်သွားပြန်တော့

"ချော်လဲမယ်နော်" ဆိုပြီးအော်လိုက်တာပေါ့။

တံခါးကိုမြန်မြန်ပိတ်လိုက်ပြီး

"‌အနှေးနဲအမြန်ဒီကနေထွက်ကိုထွက်ပြေးရတော့မယ်ဟုတ်တယ်" ဆိုပြီးထွက်ပြေးဖို့အပေါက်ကိုလိုက်ရှာဖို့ပါပဲ၊သို့သော်အိပ်ချင်စိတ်ကိုတားမရတော့တာကြောင့်ဆိုဖာပေါ်မှာအိပ်ပျော်သွားပြန်တော့တယ်။

ညနေလောက်ရောက်တော့ဗိုက်ဆာလာတာနဲ့နိုးလာပြန်ပြီးတံခါးကိုဖွင့်ကြည့်ကာအောက်ကိုကြည့်လိုက်တာပေါ့။

ဘယ်သူမှမရှိနေဘဲ

"ဘာလား?မရှိတော့ဘူးလား?" ဆိုပြီးအောက်ကိုဆင်းလာပြီးပတ်ကြည့်နေချိန်မီးဖိုချောင်ထဲကညစာပန်းကန်ကိုမြင်သွားပြီး

"ညစာပြင်ပေးသွားတာလား?ဒီလူသဘောတော့ကောင်းသား" ဆိုပြီးကိုင်မလို့လုပ်နေတုန်း

"နေဦးဆေးတွေဘာတွေတစ်ခုခုခတ်ထားရင်ဘယ်လိုလုပ်မလဲ?တစ်နေရာရာကကြည့်နေတာများလား?" ဆိုပြီးအရူးလိုလိုက်ရှာနေမိကာ

"မရှ်ိဘူးပဲဟာ...ဗိုက်ကလည်းဆာလာပြီကွာ" ဆိုပြီးထမင်းပန်းကန်ကိုယူသွားပြီးခုံမှာထိုင်လိုက်၍စတင်စားတော့တယ်။

ဗိုက်ကြီးတင်းကားသွားပြီးလေတွေကလည်းအရမ်းတိုက်လာတော့ပြတင်းပေါက်ကဝုန်းဆိုပြီးဝိတ်မနိုင်ဘဲပွင့်ကျလာကာ

"နောက်ဆုံးတော့ထွက်ပေါက်တွေ့ခဲ့ပြီ" ဆိုပြီးပြေးသွား၍

"ခုန်ချလို့ရနိုင်တဲ့အမြင့်ပဲသေတော့မသေလောက်ပါဘူး" ဆိုပြီးတံခါးစောင့်နတ်ကိုကန်တော့လိုက်တာပေါ့။

တံခါးဘောင်ပေါ်တက်လိုက်ပြီး

"ဒီကနေသွားရင်ဘယ်ကိုရောက်-" ဆိုပြီးပဲရှိသေးဟီဆွန်းကအနောက်ကနေရောက်လာကာခါးကနေဆွဲမလိုက်ပြီး

"ခင်ဗျား?ဘယ်လိုရောက်လာတာလဲ?"

"ထွက်ပြေးမယ်ပေါ့ဪ?"

"ဖယ်လွှတ်!!!လွှတ်လို့"

"မရှိလိုက်တာနဲ့ကိုဖြစ်ချင်တိုင်းဖြစ်နေတော့တာ"

"ခင်ဗျားကိုဖယ်လို့ပြောနေတယ်လေ!!!"

"မဖယ်ဘူး" ဆိုပြီးပြောတော့လက်ကိုကုန်းကိုက်လိုက်၍

"အားးး"

"လက်ကိုကိုက်တာတောင်မဖယ်သေးဘူးလား?ဖယ်!!!ကျွန်တော့်ကောင်မလေးတွေနဲ့သွားတွေ့ရဦးမယ်သူတို့စိတ်ပူနေမှာ" ဆိုပြီးပြောတော့ဒေါသထွက်သွားတော့တယ်။

အရှေ့ကိုအားနဲ့လှည့်ချပလိုက်ပြီးနီခီလည်းလက်ကိုကြည့်မိသွားကာလက်ကနေသွေးတွေအများကြီးထွက်နေတော့အားနာစိတ်ဖြစ်သွားတာပေါ့။

ချပေးလိုက်ပြီး

"သွားချင်ရင်သွား" ဆိုပြီးစားပွဲပေါ်ကပန်းကန်ကိုယူသွားကာဆေးနေပြီး

"အလုပ်ကပြန်လာတာများလား?" ဆိုပြီးအလုပ်အိတ်ကိုစိုက်ကြည့်နေတော့တယ်။

"အလုပ်က?ညဘက်သွားရတဲ့ဟာမျိုးလား?"

"ဪ"

"အောက်မှာချမ်းတယ်တက်အိပ်တော့မယ်" ဆိုပြီးပြတင်းပေါက်ကိုပိတ်လိုက်ပြီးအပေါ်ကိုပြေးတက်သွားကာအခန်းထဲလည်းရောက်ကော

"ငါဘာလို့ထွက်မပြေးတာလဲ?ဟာ...ရူးနေပြီရူးနေပြီနီခီမင်း!!!" ဆိုပြီးဆိုဖာပေါ်လှဲအိပ်လိုက်ရင်းလူးလိမ့်နေတာပေါ့။

မနက်လည်းရောက်ကောမျက်လုံးနှစ်လုံးဖွင့်လိုက်တာနဲ့ယောင်မင်းကိုမြင်လိုက်ရတော့လန့်သွားပြီး

"အမလေး"

"ဘာဖြစ်တာလဲ?"

"ယောင်မင်း?မင်းကဒီကိုဘယ်လို?လက်ထပ်ရတော့မှာလားအခုလား???"

"အမ်?လက်ထပ်ရမယ်?ဘယ်သူနဲ့"

"မင်းနဲ့လေမင်းအကိုကငါ့ကိုပြန်ပေးဆွဲထားတာမင်းနဲ့လက်ထပ်ခိုင်းဖို့"

"လက်ထပ်ခိုင်းဖို့အကိုကပြန်ပေးဆွဲခိုင်းထားတယ်?"

"ဪဟုတ်ပါတယ်ဆို" ဆိုပြီးပြောနေတုန်းဟီဆွန်းကအခန်းထဲကိုရောက်လာကာ

"ဒီအကိုဘာတွေပြောနေတာလဲ?"

"သူ့ကိုမပြောပြရသေးဘူး"

"အာ...အဲ့လိုကိုးကိုကြီးဟီဆွန်းကအကိုနီခီကိုခေါ်သွားပေးလို့ကျွန်တော်တို့လက်မထပ်ရတော့တာလေအကယ်၍ကျွန်တော်တို့နှစ်ယောက်ပဲပြေးတယ်ဆိုလည်းကိုကြီးစံအိမ်မှာပဲပုန်းခိုဖို့စဉ်းစားထားတာအကိုနီခီမှားခေါ်သွားလို့သာ"

"အမ်?အဲ့ဆို???ပြန်ပေးဆွဲတာမဟုတ်ဘဲဖွက်ထားတာလား?"

"ဪအကိုမိဘတွေကလိုက်ရှာနေကြပြီဒါပေမဲ့စိတ်မပူပါနဲ့ကိုကြီးအဲ့နေရာကနေပျောက်သွားတာကိုဘယ်သူမှမရိပ်မိကြဘူးအကို့ကိုပဲလိုက်ရှာနေတာနဲ့ကျွန်တော်ကလည်းကျောင်းတစ်ဖက်နဲ့မအားလို့အခုမှရောက်လာတာခိုးလာရတယ်" ဆိုပြီးပြောလိုက်တော့အရမ်းအားနာသွားတော့တယ်။

အတူတူထိုင်ပြီးမနက်စာစားကြကာ

"ဒီမှာနေရတာအဆင်ပြေတယ်မလား?ကိုကြီးကသဘောကောင်းတော့"

"ပြေပါတယ်အိမ်ပြန်ပြီးလက်မထပ်ရတာထက်စာရင်တော့" ဆိုပြီးပလုံပလောင်းနဲ့စားနေကြပြီး

"သားကျောင်းပြန်သွားရတော့မယ်လာကြည့်တာအခြေအနေခန"

"ဪဂရုစိုက်သွားဦး"

"ဟုတ်ကဲ့ချစ်တယ်ကိုကြီး""အကိုနီခီတာ့တာ"

"ဪ" ဆိုပြီးပြောလိုက်၍ယောင်မင်းလည်းထွက်သွားတာ‌ပေါ့။

"ဒီမှာ"

"..."

"ဟေ့လူ"

"နာမည်ကဟီဆွန်းဟေ့လူမဟုတ်ဘူး"

"ဘယ်လိုပဲဖြစ်ဖြစ်ကျေးဇူးပါတောင်းလည်းပန်တယ်တကယ်ဆိုခင်ဗျားကပွင့်ပွင့်လင်းလင်းပြောခဲ့သင့်တာပေါ့"

"အခုကအပြစ်တင်နေတာလား?ကျေးဇူးတင်နေတာလား?တောင်းပန်နေတာလား"

"တစ်ခုခုပေါ့" ဆိုပြီးအပေါ်ကိုပြေးတက်သွား‌တော့တယ်။

There are no comments yet. Log in to be the first to leave a review!

More by allaskarmoh812

Similar stories