Fanfics

4

17:40, 3 August 2024

ဟီဆွန်းကအခန်းရှေ့ကိုရောက်လာပြီး

"မူ...အလုပ်သွားရတော့မှာမို့လို့နေ့လည်စာခုံပေါ်မှာပဲထားခဲ့ပေးတယ်နော်စားလိုက်ဦးအိပ်နေတာလား?"

"မူ???မူတဲ့လား?"

"မူ?မူ?"

"ဪကြားတယ်ကြားတယ်လို့"

"ဪဒါဆိုသွားပြီနော်"

"အင်း" ဆိုပြီးပြန်ပြောမှအောက်ကိုဆင်းသွားကာနီခီလည်းဟီဆွန်းတံခါးဖွင့်ပြီးထွက်သွားတဲ့အသံကိုကြားမှတံခါးကိုဖွင့်လိုက်၍တံခါးဝ‌ကနေခေါင်းလေးပြူးထွက်လာတာပေါ့။

"ဝါးးးဒီအထိတောင်အနံ့ရတယ်မွှေးနေတာပဲဟင်းချက်လည်းတော်တယ်အလုပ်မှာလည်းတော်မယ့်ပုံပဲ" ဆိုပြီးအောက်ကိုဆင်းသွားပြီးပန်းကန်ကိုယူလိုက်ကာချက်ချင်းထိုင်စားတော့တယ်။

"ဗိုက်ကတင်းသွားတာပဲငါ့အမေလက်ရာတောင်အဲ့လောက်မကောင်းဘူး" ဆိုပြီးခုံကိုမှီလိုက်ပြီး

"အရမ်းချမ်းသာမှန်းသိသာတယ်အပန်းဖြေစံအိမ်တောင်အကြီးကြီးပဲ" ဆိုပြီးပြောရင်းနံရံတွေကိုလိုက်ကြည့်နေကာပန်းချီကားချပ်တွေကလည်းတကယ့်ကိုအဖိုးတန်တာပေါ့။

"ဪ?အဲ့ပန်းချီကားကလိုင်းပေါ်မှာဟိုတစ်ခေါက်ကတွေ့တာသိန်းတစ်ထောင်မဟုတ်ဘူးလား???wow like bro what the f*ck?" ဆိုပြီးထသွားပြီးအနီးကပ်ကြည့်နေကာ

"ဒါနဲ့ဒီကြောင်ကုတ်ရာကြီးကဘာကြီးလဲ?လက်ရာကလည်းငါပဲအနုပညာမခံစားတတ်လို့လား?" ဆိုပြီးတခြားပန်းချီကားတွေပါသွားကြည့်ပြီး

"ဒါကြီးကအမြင့်ကြီးပဲ" ဆိုပြီးခုန်ရင်းကြည့်တော့တယ်။

ဖြစ်ချင်တော့ခုန်ပါများလာတော့ခြေထောက်ကခေါက်လဲပြီးအနောက်ကပန်းအိုးကိုတိုက်မိသွားကာပန်းအိုးလည်းကျကွဲသွားပြီးသူလည်းလဲကျသွား၍လက်ပါထိသွားတာပေါ့။

"အာ့နာလိုက်တာ" ဆိုပြီးပန်းအိုးရဲ့အစတွေကလက်မှာစိုက်ဝင်သွားပြီး

"အာ့" ဆိုပြီးလက်ကိုဖြည်းဖြည်းချင်းမလိုက်ကာ

"သေရောအစတွေအများကြီးပဲငါဘယ်လိုဆွဲနှုတ်ရမှာလဲ?" ဆိုပြီးစိတ်ညစ်နေချိန်ဟီဆွန်းကပြန်ရောက်လာပြီးအောက်မှာလဲကျနေတဲ့နီခီကိုမြင်သွားတော့လန့်သွားတာပေါ့။

ချက်ချင်းအလုပ်အိတ်ကိုချပြီးအနားကိုရောက်လာကာ

"ဘာဖြစ်တာလဲ?"

"နာတယ်" ဆိုပြီးငိုနေပြီး

"ပန်းအိုးကျကွဲသွားတာလား?"

"အွန်း"

"ထငါကူပေးမယ်" ဆိုပြီးပြောတော့ထကြည့်ပေမဲ့ထလို့မရနေ၍

"မရဘူးဖြစ်နေတယ်"

"နေဦး" ဆိုပြီးခြေထောက်ကိုကြည့်လိုက်တာပေါ့။

ခြေထောက်မှာအစတွေအများကြီးစိုက်နေပြီး

"ဘယ်ထရမလဲ?" ဆိုပြီးရုတ်တရက်ကြီးပွေ့ချီလိုက်တော့မျက်လုံးကိုမှိတ်လိုက်ကာဟီဆွန်းလည်းသူ့ကုတင်ပေါ်ခေါ်သွားတော့တယ်။

အစတွေကိုဇာဂနာနဲ့သေချာထုတ်ပေးကာ

"အာ့" ဆိုပြီးဟီဆွန်းပခုံးကိုဆုပ်ကိုင်ထားပြီးဟီဆွန်းကသေချာခြေထောက်နားကိုမျက်နှာကြီးကပ်ရင်းမှုတ်ပေးနေတော့မေတ္တာရသလိုခံစားလိုက်ရပြီး

"နာနေလား?" ဆိုပြီးနူးညံ့တဲ့မျက်လုံးနဲ့မော့ကြည့်လိုက်တာပေါ့။

ရင်တွေတဒိတ်ဒိတ်နဲ့ခုန်လာပြီး

"မူ?မူ???"

"ဪ?"

"ပြီးပြီလို့"

"ပြီးပြီ?ဪ...ကျေးဇူးပါ"

"ပခုံးနာနေပြီ"

"အာဆောရီး"

"ဖိုင်မေ့ကျန်ခဲ့လို့ပြန်လာလိုက်တာပဲခပ်ကောင်းကောင်းဖြစ်သွားတယ်"

"ပန်းအိုးအတွက်တောင်းပန်ပါတယ်"

"ဟင့်အင်းမင်းကိုပဲစိတ်ပူတာ"

"..."

"နောက်တစ်ခါသတိထားပါစိတ်ပူတာမို့လို့"

"..."

"ဒီအခန်းထဲမှာပဲပြန်လာတဲ့အထိနေနေလိုက်ပါမထလာနဲ့တော့နောက်နှစ်နာရီလောက်နေရင်ပြန်လာခဲ့မယ်"

"ဪ" ဆိုပြီးပြန်ပြောလိုက်ကာဟီဆွန်းကစောင်သေချာခြုံပေးလိုက်ပြီးအခန်းထဲကနေထွက်သွား၍အိမ်ထဲကနေထွက်သွားမှ

"အားးးးးးးး" ဆိုပြီးခေါင်းအုံးထဲမျက်နှာနှစ်ပြီးထအော်တော့တယ်။

"ရူးနေပြီဘာလို့ဒီနှလုံးကအသေတွေကိုခုန်နေရတာလဲ?" ဆိုပြီးရင်ဘတ်ကိုထုနေကာ

"အာ့အာ့နာလိုက်တာ" ဆိုပြီးလက်ကပတ်တီးကိုကြည့်မိသွားပြန်တော့လည်း

"နာနေလား?မူ?မူ?ဟင့်အင်းမင်းကိုပဲစိတ်ပူတာနောက်တစ်ခါသတိထားပါစိတ်ပူတာမို့လို့" ဆိုပြီးပြောခဲ့တဲ့စကားတွေကိုပဲပြန်ပြန်ကြားယောင်နေ၍

"အားးးနီခီမင်း!!!ဒီခံစားချက်ကြီးကဘာကြီးလည်း?ငါ့ကောင်မလေးတွေနဲ့မတွေ့ရတာနဲ့ဂေါက်သွားတာထင်တယ်မဖြစ်နိုင်တာငါက?ယောင်္ကျားလေးတစ်ယောက်ကို?ဟာနိုးနိုးမဟုတ်ဘူးမဟုတ်ဘူး" ဆိုပြီးစောင်ကိုမှာခေါင်းထိခြုံလိုက်တာပေါ့။

ဖြစ်ချင်တော့ဟီဆွန်းရဲ့ကိုယ်သင်းရနံ့ကထိုစောင်မှာစွဲနေပြီး

"မွှေးလိုက်တာသူ့အနံ့လား?" ဆိုပြီးပြုံးနေတုန်းအသိစိတ်ပြန်ဝင်လာပြန်ကာ

"ဟာ...နီခီ!!!!အခုဘာလုပ်နေတာလဲ?ဝါးးရူးနေပြီရူးနေပြီအိပ်မှဖြစ်တော့မယ်" ဆိုပြီးလှဲအိပ်လိုက်ပြန်တော့လည်းထပ်ပြီးဟီဆွန်းအသံကိုပဲပြန်ပြန်ကြားနေရတော့တယ်။

ထိုစိတ်နဲ့ပဲအိပ်ပျော်သွားပြီးအိပ်မက်ထဲထိပါပါလာကာ

"မူ" ဆိုပြီးအနားကိုရောက်လာပြီးပါးလေးကိုနူးနူးညံ့ညံ့ကိုင်လိုက်ရင်း

"အရမ်းချစ်တယ်" ဆိုပြီးနမ်းလိုက်ချိန်အိပ်မက်ထဲကနေလန့်နိုးလာတာပေါ့။

"အိပ်မက်လား?ဝါးးအိပ်မက်ပဲအိပ်မက်ဝါးးနီခီမင်း!!!ဟားဟားရူးနေပြီပဲပန်းအိုးစတွေဝင်ပြီးရူးသွားပြီဒီလိုအိပ်မက်မျိုးကို?ငါလိုလူက???ဟာမဖြစ်နိုင်တာ" ဆိုပြီးမှောက်ရက်လှဲလိုက်ကာခေါင်းအုံးအောက်ထဲဝင်နေတုန်းဟီဆွန်းကပြန်ရောက်လာပြီး

"အခုမှပဲဘာမှကိုမကြားရတော့ဘူးကောင်းလိုက်တာ" ဆိုပြီးပြုံးနေတော့တယ်။

ဟီဆွန်းကအခန်းထဲရောက်လာကာနီခီကိုမြင်ပြီးလန့်သွား၍

"မူ?မူ???"

"ဝါးးခေါင်းအုံးအောက်ထဲဝင်နေနေပြီလေဘာအတွက်သူ့အသံကကြားနေရတာတုန်းလို့???"

"မူ" ဆိုပြီးပခုံးကနေဆွဲထူလိုက်ပြီး

"မူ?ရရဲ့လား?" ဆိုပြီးမျက်နှာနားကြီးကပ်ရင်းမေးတာပေါ့။

ရင်တွေတဒိတ်ဒိတ်နဲ့ခုန်လာပြီး

"တကယ်ကြီးပဲ" ဆိုပြီးမေ့လဲသွားကာနိုးလည်းနိုးလာကော

"တကယ်အဆင်ပြေရဲ့လား?"

"ရှက်ဖို့ကောင်းတယ်မေ့ပါလဲသွားရတယ်လို့"

"မေးခိုင်ပိုးဝင်သွားတာများလား?မေ့ပါလဲ-"

"အဲ့ကြောင့်မဟုတ်ပါဘူးအဆင်ပြေပါတယ်"

"တကယ်သေချာလား?"

"ဪ" ဆိုပြီးညလည်းရောက်ကောဟီဆွန်းကနီခီအနားမှာပဲအလုပ်လုပ်တော့တယ်။

နီခီကစိတ်ဝင်စားနေပြီးကွန်ပျုတာကိုလှမ်းကြည့်နေတော့

"စိတ်ဝင်စားလို့လား?"

"ဒီအတိုင်းကြည့်ကြည့်တာပါ"

"အလုပ်တစ်ခုပေးမယ်လေမင်းလည်းအိမ်မှာတောက်လျှောက်ကြီးနေနေရတော့ပျင်းမှာပေါ့"

"အလုပ်?အလုပ်မပြောနဲ့အိမ်မှုကိစ္စတောင်မလုပ်တတ်ဘူး"

"မဖြစ်နိုင်ဘူးဆိုတာမရှိဘူးမဖြစ်သေးတာပဲရှိတယ်အရမ်းအားစိုက်စရာမလိုပါဘူးဒါပေမဲ့မင်းလက်သက်သာမှတော့လုပ်ပါဒီစာရင်း‌လေးတွေကိုဟိုကွန်ပျူတာထဲရိုက်ထည့်ပေးရုံပဲတစ်လ၅သိန်းပေးမယ်"

"တစ်လ၅သိန်း???"

"ဪ"

"တကယ်ပြောတာလား?"

"ဪဒါနဲ့ခုနက-"

"လုပ်နိုင်သွားပြီသန်မာသွားပြီသူဌေးပြောသလိုပဲမဖြစ်သေးဘူးဆိုတာပဲရှ်ိတာလေနော့်အခုလုပ်ရမှာလား?"

"ဟားဟားအခုချက်ချင်းတော့မဟုတ်သေးပါဘူးလက်သက်သာမှလို့"

"ရယ်လိုက်တာပဲချောလိုက်တာ"

"ဪ?"

"ဪခြင်ပြောတာခြင်ခြင်တွေအများကြီးပဲ"

"ခြင်ရှိတာလား?ဒီအခန်းထဲမှာလေ???"

"ဪခုနကအများကြီးပဲ"

"မဖြစ်နိုင်တာထားပါတော့" ဆိုပြီးအလုပ်ကိုပဲအာရုံစိုက်ဆက်လုပ်တာပေါ့။

There are no comments yet. Log in to be the first to leave a review!

More by allaskarmoh812

Similar stories