Fanfics

2

17:21, 1 August 2024

သတိလည်းရလာကောခုံပေါ်ကြိုးချည်ခံထားရပြီးနီခီလည်းရုန်းနေကာ

"လွှတ်ပေး!!လွှတ်ပေးလို့!!!" ဆိုပြီးအော်ဟစ်သောင်းကျန်းနေချိန်ဟီဆွန်းကရောက်လာပြီး

"ရှူးပေါက်ချင်တယ်ရှူး" ဆိုပြီးပြောတာကိုဂရုမစိုက်ဘဲမျက်နှာနားကိုတိုးလာတော့

"ထွီ" ဆိုပြီးတံတွေးထွေးလိုက်တာပေါ့။

ဒေါသထွက်သွားပြီးစိတ်တိုတဲ့အပြုံးနဲ့ပြုံးလိုက်ချိိန်ခုံပေါ်ကနေအတင်းဆင်းပြီးလေး‌ဖက်ထောက်လျက်သားသွားနေတဲ့နီခီကိုဟီဆွန်းကခြေထောက်ကနေကိုင်ဆွဲထားတော့တယ်။

ဆက်သွားလို့မရတော့ပဲအဲ့နားမှာပဲတစ်နေကာ

"ဘယ်ထွက်ပြေးမှာလဲ?"

"ဖယ်" ဆိုပြီးအတင်းရုန်းသော်လည်းဟီဆွန်းကပိုအားကြီးတာကြောင့်တရွတ်တိုက်လေးပါသွားပြီး

"တောင်းပန်ပါတယ်ကျွန်တော်မှားမှန်းသိပါတယ်ဒါကြောင့်မို့ကျေးဇူးပြုပြီး...ပြန်မပို့ပါနဲ့လက်လည်းတကယ်မထပ်ချင်လို့ပါ" ဆိုပြီးလက်အုပ်ချီရင်းတောင်းဆိုတာပေါ့။

"ပြီးတော့အကိုညီလည်းလက်မထပ်ချင်ပါဘူးသူနဲ့အတူတူဒီအစီအစဉ်ကိုဆွဲလိုက်ကြတာပါ"

"..."

"မသိဘူးလား?မပြောပြဖူးဘူးလား?"

"..."

"သူ့ကိုမေးလိုက်ပါမေးကြည့်ရင်သိရပါလိမ့်မယ်"

"ဒါပေမဲ့ငါ့မိဘတွေကလက်ထပ်စေချင်ရင်လက်ထပ်ခိုင်းရမှာပဲသူ့ဆန္ဒတွေမင်းဆန္ဒတွေငါဂရုမစိုက်ဘူး" ဆိုပြီးထသွားပြီး

"ရားးးကိုယ့်ညီဆန္ဒကိုနည်းနည်းပါးပါးလေးကြည့်ဦးမှပေါ့ဘယ်လိုအကိုမျိုးလဲ?" ဆိုပြီးပြောလိုက်တော့ကြောက်ဖို့ကောင်းစွာပြန်လှည့်လာကာမျက်နှာနားကြီးတိုးလာပြီးစိုက်ပဲကြည့်နေတော့တယ်။

ဘာမှဆက်မပြောတော့မှထသွားပြီးအခန်းထဲကနေထွက်သွားကာ

"နေပါဦးငါနေရတာတစ်-ရားးးခုံကိုပြန်တညိ့ပေးသွားဦးလေငါဒီလိုတစ်ဇောင်းကြီးပဲနေနေရတော့မှာလားလို့???ဪ???လူစိတ်မရှိတဲ့သူဘယ်လိုလူလား?" ဆိုပြီးအော်ဟစ်နေပြီး

"သေချင်တာပဲဒီအတိုင်းကြီးနေနေရမှာလားလို့?" ဆိုပြီးစိတ်တွေညစ်နေ၍အချိန်ကြာလာတော့အိပ်ငိုက်လာတာနဲ့နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတာပေါ့။

နောက်တစ်နေ့မနက်လည်းရောက်ကော‌နီခီနိုးလာပြီးနေကသူ့မျက်နှာကိုပိတ်ထိုးနေတာကြောင့်မျက်လုံးကိုလက်နဲ့ကာထားကာသူ‌ကြမ်းပြင်မှာလှဲကျလျက်သားလေးမဟုတ်တော့ပဲဆိုဖာပေါ်ရောက်နေပြီပေါ့။

"ဪ?ငါဘယ်လိုဆိုဖာ-မနေ့ညကတည်းကအဲ့လိုလုပ်လိုက်ရောပေါ့" ဆိုပြီးစောင်ကိုငုံကြည့်လိုက်တော့hello kittyရုပ်အပြည့်စောင်လေးဖြစ်နေပြီးနီခီလည်းရယ်ချင်သွားကာ

"ဘာလား?သူငယ်ပြန်လား?hello kittyရုပ်နဲ့အဲ့ဒါကအရေးမကြီးဘူးလေထွက်ပြေးရမယ်" ဆိုပြီးထလိုက်တော့တယ်။

ပြေးဖို့အပေါက်လိုက်ရှာပြီး

"ပြတင်းပေါက်...ပြတင်းပေါက်" ဆိုပြီးရှာနေရင်း

"ငါတော်တော်တုံးပါလား?နီခီနီခီမင်းရူးနေပြီ" ဆိုပြီးသူအိပ်တဲ့နားမှာပဲပြတင်းပေါက်ကရှိနေတာကြောင့်လည်းသူ့မျက်နှာကိုနေကပိတ်ထိုးတယ်ဆိုတာကိုစဉ်းစားမိသွား၍ပြတင်းပေါက်ကိုဖွင့်ဖို့ကြိုးစားတော့တာပေါ့။

"ဖွင့်ရဘာလို့အဲ့လောက်ခက်နေတာလဲ?" ဆိုပြီးအားသုံးပြီးဖွင့်သော်လည်းဖွင့်မရဘဲ

"‌လက်ကျိုးတော့မယ်သောက်လခွမ်း" ဆိုပြီးအတင်းဖွင့်နေချိန်အနောက်ကနေလက်ကြီးထွက်လာကာပြတင်းပေါက်လည်းပွင့်သွားပြီး

"ကျေးဇူးပါ"

"ရပါတယ်"

"ဟမ်?ဒါနဲ့ဒီလက်ကဘယ်က?သရဲ!!!!" ဆိုပြီးရင်ခွင်ထဲတိုးဝင်တော့လေရဲ့။

"သရဲကြီးသရဲကြီး"

"သရဲကြီးဆိုပြီးသရဲကြီးရင်ခွင်ထဲလည်းဝင်တာပဲလား?" ဆိုပြီးမေးတော့ထွက်လိုက်ပြီး

"ခုနကဘာလုပ်နေတာလဲ?"

"..."

"အင်းပေါ့လေဘယ်လက်လျှော့သေးဦးမလဲ?" ဆိုပြီးထသွားကာ

"ခြေသံလည်းမကြားဘဲနဲ့ဧကန္တသူကမိစ္ဆာများလား?"

"ကြားတယ်နော်ပွစိပွစိနဲ့ပြောမနေနဲ့မနက်စာစားလိုက်ရော့" ဆိုပြီးပေးတော့မယူဘဲရှူကြည့်နေတာနဲ့

"ခွေးလားမင်းက?"

"မသိနိုင်ဘူးလေအဆိပ်ထည့်ထားမလားဆိုတာ?"

"မင်းကိုသေအောင်မသတ်ပါဘူး"

"အဲ့ဆိုရင်တော့သေ‌ပဲသေလိုက်တော့မယ်" ဆိုပြီးယူလိုက်ရင်းသရေကလည်းကျနေပြီပေါ့။

"အစောကြီးတော့မသေချင်သေးဘူးတကယ်?အဆိပ်‌မထည့်ထားဘူးမလား?" ဆိုပြီးမေးတော့မျက်နှာနားကိုတိုးလာပြီးစားပြလိုက်ကာလျှာကိုသပ်ရင်း

"ယုံပြီလား?"

"..."

"စားတော့စကားသိပ်မများနဲ့မဟုတ်ရင်သိတယ်နော်?စကားတွေအများကြီးမပြောတော့ဘူး" ဆိုပြီးအခန်းထဲကနေထွက်သွားတော့တယ်။

"ဗိုက်အရမ်းဆာနေပြီ" ဆိုပြီးအားပါးတရစားပြီးမဟုတ်ရင်ပြန်ပေးဆွဲခံထားရတဲ့သူလိုပဲပေါ့။

ဗိုက်ကြီးတင်းကားပြီးအိပ်ပျော်သွားကာအခုလိုနေရတာကတောင်ပိုဇိမ်ရှိနေသေးသလိုပါပဲ။

နေ့လည်‌လောက်ကျတော့ဗိုက်ဆာတာနဲ့နိုးလာပြီးအခန်းတံခါးဝကနေခေါင်းလေးပြူးထွက်ရင်းကြည့်နေကာအိမ်ကြီးကအရမ်းသန့်ပြန့်ပြီးလှပခမ်းနားတာပေါ့။

ဟင်းနံ့မွှေးမွှေးလေးတွေကလည်း‌နီခီနှာခေါင်းထဲဝင်လာခဲ့ပြီး

"မွှေးနေတာပဲ" ဆိုပြီးအနံ့ဆီမှာ‌မျောပါသွားကာဝိဉာဉ်လိုမျိုးအနံ့ရှူရင်းဟီဆွန်းနားကိုရောက်လာတော့တယ်။

"စားလို့ကောင်းမှာပဲ"

"နိုးလာပြီလား?"

"နေပါဦးအိပ်တာကိုဘယ်လိုသိတာလဲ?"

"အသံမှမကြားရတော့တာမဟုတ်ရင်ထွက်ပြေးဖို့ကြိုးစားမှာလေ"

"ဒါစားလို့ရလား?"

"မင်းအတွက်ပဲ"

"ခင်ဗျားကကော?"

"ကြာလာ‌တော့နားကခါးလာပြီမင်းထက်၈နှစ်ကြီးတယ်ငါက..အသက်၂၈"

"ဒါဆို၈နှစ်တောင်ကွာတာဆိုတော့ဘိုးဘိုးပေါ့" ဆိုပြီးပြောတာကိုဂရုမစိုက်တော့ပဲအိမ်သန့်ရှင်းရေးသွားလုပ်နေကာ

"ဒီလောက်အိမ်အကြီးကြီးမှာခင်ဗျားတစ်ယောက်တည်းနေတာလား?"

"ဪ"

"ကိုယ့်ညီနဲ့အတူတူဘာလို့မနေတာလဲ?"

"ဒါအပန်းဖြေစံအိမ်"

"အပန်းဖြေစံအိမ်???"

"ဪကိုယ့်ပိုက်ဆံနဲ့ကိုယ်ဝယ်ထားတာ"

"ဝါးးးဒီအိမ်နဲ့ဆိုကလပ်၅ခုလောက်ဝယ်လို့ရတယ်"

"မင်းအသက်၂၀မလား?"

"ဟုတ်တယ်လေ"

"တော်တော်စပ်စုတာပဲကလေးအတိုင်းပဲ"

"ကလေးမဟုတ်‌ပါဘူးနော်ကြီးနေပါပြီ"

"ဘာကြီးတာလဲ?"

"အသက်ပြောတာအသက်" ဆိုပြီးနေ့လည်စာပန်းကန်ကိုယူသွားပြီးခုံမှာသွားထိုင်‌စားနေလိုက်တာပေါ့။

"ဘာတွေတွေးနေမှန်းကိုမသိဘူးဒီလူ""ခင်ဗျားကောမစားဘူးလား?"

"မင်းကငါ့ကိုစိတ်ဝင်စားနေတာလား?ဘာလို့ခုနကတည်းကမေးနေတာလဲခနခန?"

"စိတ်ဝင်စားတယ်?မဖြစ်နိုင်တာတွေမပြောနဲ့မိန်းကလေးပဲစိတ်ဝင်စားတာ" ဆိုပြီးမြိတ်‌ရေရှက်ရည်စားနေကာဟီဆွန်းကဘေစင်ပေါ်လက်ထောက်ရင်းစတိုင်မိုက်မိုက်နဲ့ကာတွန်းစာအုပ်ဖတ်နေတော့တယ်။

"ကာတွန်းစာအုပ်အရမ်းဖတ်တယ်နော်?ဘာကာတွန်းလဲဟင်?လင်းပါလား?"

"ဖတ်မလို့လား?"

"ဪစိတ်ဝင်စားတယ်" ဆိုပြီးပြောတော့အနားကိုလျှောက်လာပြီး

"ရော့" ဆိုပြီးပေးလိုက်ကာ

"ထမင်းစားနေရင်းဖတ်ရင်ပိုကောင်းတယ်" ဆိုပြီးခနဲ့အပြုံးနဲ့ပြုံးလိုက်ပြီးမီးဖိုချောင်ထဲပြန်ဝင်သွားတာပေါ့။

"စိတ်ဝင်စားဖို့-" ဆိုပြီးထမင်းဝါးနေရင်းပြောနေတုန်းထိုဇာတ်ဝင်ခန်းတစ်ခန်းလည်း ရောက်ကောထမင်းတွေအကုန်ပါးစပ်ထဲကနေပြန်ထွက်သွားကာ

"အဟွတ်အဟွတ်" ဆိုပြီးရေမြန်မြန်သောက်လိုက်ပြီး

"ဘာကြီးလဲ?ယောင်္ကျားလေးအချင်းချင်းကြီးလား?"

"သုတ်ရည်သောက်တဲ့အခန်းလား?ဒါမှမဟုတ်-"

"တော်ပြီမဖတ်တော့ဘူးဘာတွေလာဖတ်ခိုင်းမှန်းကိုမသိဘူး"

"မင်းပဲဖတ်ချင်တယ်ဆို"

"ဒါကြီးမှန်းမှမသိတာစားပြီးသားထမင်းတွေတောင်ပြန်ထွက်ကုန်ပြီခင်ဗျား?"

"ဘာလဲ?"

"ဂေးလား?"

"ဪငါယောင်္ကျားလေးပဲစိတ်ဝင်စားတာအဲ့ကြောင့်လည်းအခုထိမိန်းမမယူသေးတာပေါ့" ဆိုပြီးစာအုပ်ကိုယူသွားတော့တယ်။

"ငါ့စာအုပ်တော့ပေပါပြီ" ဆိုပြီးပုဝါစနဲ့သုတ်နေကာ

"သေချာပေါက်ဒီစာအုပ်လာဖတ်ခိုင်းတာဆိုရင်..." ဆိုပြီးစဉ်းစားလိုက်ပြီးဟီဆွန်းကညတစ်ညမှာအခန်းထဲကိုခိုးဝင်လာ၍

"နီခီ"

"ဘယ်လို-"

"ရှူးးး" ဆိုပြီး‌အပေါ်ကနေခွတက်လိုက်ရင်း

"ဘာလုပ်နေတာလဲ?"

"အရမ်းထန်နေပြီ"  ဆိုပြီးအင်္ကျီတွေဆွဲဖြဲပစ်တော့တာပေါ့။

"မလုပ်ပါနဲ့မလုပ်ပါနဲ့အားးးး" ဆိုပြီးစိတ်ထဲအော်နေရင်းအပြင်မှာပါတကယ်အော်မိသွားကာ

"ဘာလို့အော်နေတာလဲ?"

"ဪ?ဪ...""ငါလုံးဝမလုံခြုံတော့ဘူးထွက်ပြေးရမယ်ဟုတ်တယ်ထွက်ပြေးရမယ်ဒီပုံစံအတိုင်ဆိုမုဒိန်းကျင့်ခံနိုင်ရခြေ၁၀၀%သေချာသွားပြီ" ဆိုပြီးအတွေးနဲ့တင်ကိုကြက်သီးထနေတော့တယ်။

There are no comments yet. Log in to be the first to leave a review!

More by allaskarmoh812

Similar stories