12
14:53, 24 February 2025U.
ဒီနေ့နာနီ အဝတ်သေတ္တာထဲက အဖြူရောင်ချည်ထည်လေးကိုထုတ်ယူရင်း သပ်သပ်ရပ်ရပ်ဝတ်ဆင်လိုက်တယ်။ ဆံပင်ကိုလည်းသေချာသပ်ရင်း မှန်ကြည့်လိုက်တယ်။
နာနီဒီနေ့တကယ်ကိုကြည့်ကောင်းနေတာပင်။ ဘာလို့လဲဆိုတော့ ဒီနေ့နာနီက ခွန်စကိုင်းရဲ့ဆုတောင်းပွဲကိုသွားရမှာမို့ဖြစ်တယ်။
နာနီ အဆောင်တံခါးကိုဖွင့်ပြီးအပြင်ထွက်သွားလိုက်တယ်။ နာနီတို့က မိသားစုလေးယောက်လုံးတူတူသွားကြရမှာမို့ လှေအကြီးကိုအသုံးပြုရမှာဖြစ်တယ်။
အိုက်ကန်နဲ့အခြားအစေခံတွေကတော့ အစေခံတွေစီးရတဲ့လှေနဲ့သွားရတယ်။လှေပေါ်ရောက်တော့လည်း လီနာက နာနီ့ကိုရှိတယ်လို့တောင်မဆက်ဆံပေ။ သခင်ကြီးကတော့အရင်ထဲကသိပ်စကားမပြောတဲ့သူမို့အေးအေးဆေးဆေးသာနေတယ်။ သခင်ကြီးက နာနီ့ကိုတော့ အမှုရဲ့အတွေ့အကြုံတွေမေးနေသေးတာ။
တရွေ့ရွေ့နဲ့သွားလာခဲ့ရင်း နောက်ဆုံးမှာတော့ ဝုန်ဂရာဝီးစံအိမ်ကိုရောက်လာခဲ့တယ်။ စံအိမ်ကကျယ်ဝန်းပြီး သစ်သီးဝလံအပင်တွေကပေါများတယ်။ တံတားပေါ်မှာတော့ အစေခံမိန်းကလေးနှစ်ဦးက စောင့်ကြိုနေရတယ်။
နာနီက လှေပေါ်ကတက်ခါနီးတိုင်း အရှိန်ကိုမထိန်းနိုင်သေးပေ။ အားလုံးတံတားပေါ်တက်သွားကြသည်မို့ နာနီလည်း စိတ်ဆုံးဖြတ်ပြီး ဖြေးဖြေးချင်းထရပ်လိုက်တယ်။ ခြေထောက်လှမ်းဖို့လုပ်နေတုန်း လက်တစ်ဖက်က နာနီ့အရှေ့ကမ်းလာပေးတယ်။
နာနီ ထိုလက်ကိုကိုင်လိုက်ရင်း
" ခွန်စ..အယ် မင်းသားဒျူးပါလား "
မျက်နှာကိုကြည့်လိုက်မှ မင်းသားဒျူးမှန်းသိရပြီး နာနီ့ကိုပြုံးရင်းကြည့်နေတာ။ နာနီလည်းဒျူးရဲ့လက်ကိုကိုင်ထားလက်စနဲ့မို့ပင် တံတားပေါ်တက်လာလိုက်တယ်။ တံတားပေါ်ရောက်တာနဲ့ မင်းသားဒျူးရဲ့လက်ကိုအမြန်လွှတ်လိုက်တယ်။
" မင်းသားဒျူးလည်းရောက်လာတာလားဗျ "
" ဟုတ်တယ်ဗျ သခင်လေးစကိုင်းရဲ့အဖေက ကျုပ်ရဲ့ဦးလေးလေ "
" အဲ့တာဆို မင်းသားဒျူးနဲ့ ခွန်စကိုင်းတို့က ညီအစ်ကိုဝမ်းကွဲတော်တာပေါ့ "
" ဟုတ်တယ်ဗျ ကျုပ်တို့ကအမျိုးတော်စပ်ကြတယ် "
နာနီက မင်းသားဒျူးနဲ့စကားပြောနေရင်းစံအိမ်ဝန်းထဲသို့ဝင်လာခဲ့တယ်။ အခြားစံအိမ်တွေကလူတွေရောပါပုံရတယ် အများကြီးပင်။
" သခင်လေးနာနီ ဒီနေ့ကြည့်လို့ကောင်းနေတယ်နော် "
နာနီက စကိုင်းကိုရှာနေတာမလို့ မင်းသားဒျူးရဲ့စကားကိုသေချာမကြားလိုက်ရတာကြောင့် မင်းသားဒျူးဘက်ကိုလှည့်ပြီးပြန်မေးလိုက်ရတယ်။
" ဗျာ ဘာပြောတာလဲဗျ "
" သခင်လေးနာနီ လှတယ်လို့လေ "
တည့်တိုးကြီးပြောတာကြောင့်ရော မထင်မှတ်ထားတဲ့စကားကြောင့်ရော နာနီအံ့အားသင့်သွားရတယ်။
" အာ မင်းသားဒျူးလည်း တကယ်ကြည့်ကောင်းပါတယ်ဗျ "
နာနီကပြုံး၍ပြောလိုက်ပြီး လက်မနှစ်ဖက်ပါထောင်ပြလိုက်သေးသည်။
" ခွန်နာနီဗျ "
နာနီမင်းသားဒျူးနဲ့စကားပြောနေချိန် နာနီ့ရဲ့အနောက်မှခေါ်သံထွက်လာတာကြောင့် နာနီပြုံးမိသွားသည်။ နာနီ ပြုံးရင်းလှည့်ကြည့်လိုက်တော့ စကိုင်းကိုတွေ့လိုက်ရတယ်။
စကိုင်းက နီညိုရောင်ပိုးထည်ကိုအပေါ်မှ ရွှေမျှင်တွေနဲ့ဖောက်ထားတဲ့ဝတ်စုံကိုဝတ်ဆင်ထားခြင်းဖြစ်တယ်။ အလွန်ချောမောသောပါပဲ။
" ခွန်စကိုင်းး"
နာနီကစကိုင်းရဲ့နာမည်ခေါ်လိုက်တော့ စကိုင်းရဲ့မျက်နှာက ချက်ချင်းဆိုသလိုပြုံးသွားတယ်။
" အရင် အထဲဝင်ပြီးသွားထိုင်ရအောင် နာနီ့အဖေတို့လည်းရောက်နေပြီလေ ကိုယ်နောက်မှ အခြားနေရာတွေလိုက်ပြပေးမယ် "
" ဟုတ်ကဲ့ပါဗျ ခွန်စကိုင်း "
နာနီက ဒျူးအနားကနေခွာက စကိုင်းဘေးနားကိုချက်ချင်းဆိုသလိုရောက်သွားတယ်။ စကိုင်းက ဒျူးကိုကြည့်ပြီး
" မင်းသားဒျူးရောက်နေတာကြာပြီထင်တယ်ဗျ အထဲလိုက်လာခဲ့လို့ရတယ်ဗျ အော်ဒါနဲ့ ကျွန်တော့်ဓားကိုပြန်ယူလာပေးလို့ ကျေးဇူးတင်ပါတယ်ဗျ "
စကိုင်းကကျေးဇူးတင်ကြောင်းပြောတော့ မင်းသားဒျူးက ပြုံးလိုက်ပြီး စကိုင်းရဲ့ပုခုံးကိုပုတ်ကာ
" ဓားဆိုတာ အရင်ကသခင်လေးစကိုင်းအတွက်အဖိုးတန်ဖြစ်ခဲ့တာမဟုတ်လားဗျ နောက်ဆို ဘယ်သူ့အတွက်နဲ့မှ မပျောက်စေနဲ့တော့ပေါ့ဗျာ " လို့ပြောပြီး အထဲဝင်သွားတယ်။
စကိုင်းကလည်းနာနီဘက်လှည့်ပြီး နာနီ့နှဖူးပေါ်ကဆံပင်လေးကိုသပ်တင်ပေးကာ
" ဒီနေ့ ကိုယ့်နာနီက အလှဆုံးလေးဖြစ်နေပါရောလားဗျ "
" နာနီလှတော့ ခွန်စကိုင်းကမကြိုက်လို့လားဗျ "
စကိုင်းကနာနီ့နှာခေါင်းကိုအမြတ်တနိုးညှစ်လိုက်တာမလို့ နာနီက လူတွေမြင်မှာစိုးတာကြောင့် အမြန်ရှောင်လိုက်မိတယ်။
" ခွန်စကိုင်း..နာနီက "
" ကိုယ်နားလည်တယ်နော် နာနီ ဘာမှမဖြစ်ဘူး သွားကြတာပေါ့ "
စကိုင်းကပြုံးပြီးပြောနေပေမယ့် စိတ်မကောင်းဖြစ်နေမယ်ဆိုတာ နာနီတကယ်ခန့်မှန်းလို့ရပါတယ်။ ဒါပေမယ့် နာနီ ပြဿနာတွေမရှင်းချင်ဘူးလေ။
စကိုင်းကနာနီ့ကို ခန်းမနေရာကိုခေါ်လာပြီး ထိုင်ဖို့နေရာချပေးတယ်။နောက်ပြီးစကိုင်းက နာနီ့ဘေးမှာအဖော်ပြုပေးတဲ့အနေနဲ့စကားတွေပြောပေးနေသေးတာ။
" သခင်လေးစကိုင်းရှင့် သခင်ကြီးကလာခဲ့ဖို့မှာလိုက်ပါတယ်ရှင့် "
အစေခံမိန်းကလေးက လာခေါ်တာမို့ စကိုင်းက နာနီ့ကိုကြည့်လိုက်တယ်။ နာနီကလည်း စကိုင်းရဲ့အကြည့်ကို နားလည်တာမို့ ခေါင်းငြိမ့်ပြလိုက်တယ်။
" ခွန်စကိုင်းသွားပါ နာနီ့အနားကြီးပဲနေ နေလို့မရဘူးလေ သွားလိုက်ပါ နာနီ နေလို့ရပါတယ် "
" အွန်း ခနနေ ကိုယ်ပြန်လာမယ်နော် လိုတာရှိရင် အစေခံတွေကို ခေါ်ခိုင်းလိုက်နော် ဟုတ်ပြီလား "
" ဟုတ်ကဲ့ပါဗျ "
စကိုင်းက နာနီ့နားမှ ထလာပြီး အဖေဖြစ်သူဆီ သွားလိုက်တယ်။ အဖေက ဘုန်းကြီးနဲ့စကားပြောနေတာမို့ စကိုင်းက အောက်မှာပဲထိုင်ပြီး အရင်ကန်တော့လိုက်တယ်။
ဘုန်းကြီးက စကိုင်းကိုသေချာကြည့်ရင်းနဲ့ နောက်တော့ စကိုင်းရဲ့ခေါင်းကိုကိုင်လာရင်း စကိုင်းကြားရုံမျှအသံနဲ့သာပြောလာတယ်။
" ဒကာလေးက မဖြစ်နိုင်တဲ့သူကို ချစ်နေမိတာပဲ "
စကိုင်းရဲ့မျက်လုံးကဝိုင်းစက်သွားပြီး
" အရှင်ဘုရား ဘယ်လိုသိတာပါလဲဘုရား "
" သူ့ကြောင့်ဒုက္ခတွေနဲ့ကြုံတွေ့ရလိမ့်မယ်၊သူ့ကြောင့် လူတိုင်းက ဒကာလေးကိုဆန့်ကျင်ကလိမ့်မယ် ကမ္ဘာမတူတဲ့ လူနှစ်ဦးဟာ ချစ်ကြလို့မရဘူးကွယ့်၊ အခုချိန်ရပ်တန့်လိုက်တာဟာ အကောင်းဆုံးဖြစ်လိမ့်မယ် "
စကိုင်းက ထိုင်နေတဲ့နာနီ့ကိုလှမ်းကြည့်ရင်းပြုံးတယ်။
" ဒုက္ခကိုပဲ ခံယူလိုက်ပါ့မယ် အရှင်ဘုရား "
ဘုန်းကြီးက သက်ပြင်းချလိုက်ကာ
" မလွယ်ကူဘူး ရင်ဆိုင်ရမယ့် ကံကြမ္မာတွေက ပြင်းထန်လွန်းတယ် "
"....."
" ကံကြမ္မာက ဒကာလေးတို့အပေါ် ပြစ်ဒဏ်ကို သက်သက်ညှာညှာပဲပေးဖို့ ဘုန်းကြီးက ဆုတောင်းပေးပါတယ် "
" ပေးတဲ့ဆုနဲ့ပြည့်ရပါလို၏ အရှင်ဘုရား "
" သူ့ကိုကာကွယ်ပေးနိုင်ပါစေကွယ် "
ဘုန်းကြီးပြန်သွားပြီးတဲ့နောက် အခြားစံအိမ်တွေမှာရှိတဲ့ သခင်မလေးတွေက ကိုယ်စီရေးစပ်ထားတဲ့ကဗျာလေးတွေနဲ့ဖျော်ဖြေကြတယ်။ စကိုင်းက သူ့မိသားစုအနားမှာထိုင်နေရသည်မို့ နာနီ့အနားမှာဘယ်သူမှရှိမနေ။
နာနီ စကိုင်းကိုကြည့်မိတော့ စကိုင်းက ထိုင်နေရင်းပင် ပန်းချီဆွဲလေ့ရှိကြတဲ့စာရွက်မှာ ပန်းချီဆွဲနေဟန်။
နာနီပျင်းလာတာမို့ နှုတ်ခမ်းစူလိုက်မိတယ်။ ဟွန်း ခွန်စကိုင်းတို့ကမနေ့ကတစ်မျိုး ဒီနေ့တစ်မျိုး အခုကျ အနားတောင်မကပ်တော့ဘူး ဟွန်း။
နာနီ အပြင်ဘက်ကိုကြည့်လိုက်တော့ လမင်းက ထိန်နေတာနဲ့ နာနီအပြင်ဘက်မှာ သွားထိုင်နေဖို့ကြံလိုက်တယ်။ နာနီ ထထွက်သွားတာတောင် ဘယ်သူ့မှဂရုစိုက်မိဟန်မပေါ်။
နာနီအပြင်ထွက် လေညှင်းခံရင်း မတ်တပ်ရပ်ကာ ကောင်းကင်ကိုမော့ကြည့်နေလိုက်တယ်။
" အမေနဲ့အဖေဗျ..နာနီအဲ့မှာအခုထိအသက်ရှင်နေသေးရဲ့လားဗျ။ နာနီအမေတို့ကိုလွမ်းတယ်နော်၊ အကယ်၍ နာနီတို့နောက်တစ်ခါပြန်တွေ့ခဲ့ရရင် နာနီအကြာကြီးအမေတို့နားမှာရှိနေပေးနိုင်အောင်ကြိုးစားပါ့မယ်ဗျ...နာနီအဖေနဲ့..အမေ့ကိုအရမ်းသတိရတာပဲ "
" နာနီဗျ "
စကိုင်းက နာနီ့အနောက်ရောက်နေတာကြာပြီဖြစ်တယ်။ နာနီ ထထွက်သွားတဲ့အချိန်ထဲက စကိုင်းက လိုက်လာခဲ့တာဖြစ်ပြီး နာနီပြောတဲ့စကားသံတွေကိုကြားမိတော့ ဘုန်းကြီးပြောခဲ့တဲ့ ကမ္ဘာမတူတဲ့လူနှစ်ယောက်ဆိုတဲ့ စကားကိုပိုပြီးအတွေးများစေတယ်။ စကိုင်းဘက်က မေးဖို့စိတ်ကူးမရှိပါဘူး နာနီ့ဘက်က လိုလိုလားလားပြောမယ့်အချိန်ကိုပဲစောင့်နေအုံးမှာ။
နာနီက စကိုင်းအသံကြားတာမို့ ပါးပေါ်ကျနေတဲ့ မျက်ရည်တွေကိုသုတ်လိုက်ပြီးမှ အနောက်လှည့်ကာ စကိုင်းကိုပြုံးပြလိုက်တယ်။
" ခွန်စကိုင်း ဘာလို့ထွက်လာရတာလဲ "
" နာနီ မရှိတော့လို့လေ "
စကိုင်းက နာနီ့အနားကိုပိုတိုးလို့ကပ်လာတယ်။
" ဟွန်း ခွန်စကိုင်း မလိမ်ပါနဲ့နော်၊ ခုနက နာနီ့ကိုတစ်ချက်တောင်မကြည့်ပဲနဲ့များ "
စကိုင်းက ခပ်ဟဟရယ်ရင်း
" ကိုယ် နာနီ့ကိုမကြည့်ဘူးလို့ ဘယ်သူကပြောတုန်းဗျ "
" ဟွန့် နာနီကိုယ်တိုင်သိတာပါနော် နာနီက ခွန်စကိုင်းကိုကြည့်တာတောင် ခွန်စကိုင်းကပြန်မကြည့်ဘဲနဲ့ "
" နာနီက ကိုယ့်ကိုကြည့်နေခဲ့တာပေါ့ "
စကိုင်းမေးတော့မှ နာနီကမသိချင်ယောင်ဆောင်ကာ အကြည့်လွှဲလိုက်ပြီး တံတားအစပ်မှာထိုင်လိုက်တယ်။ ပြီးမှ နာနီက ဘေးကနေရာအလွတ်လေးကို လက်နဲ့ပုတ်ပြရင်း စကိုင်းကိုလာထိုင်ခိုင်းလိုက်တယ်။
" နာနီဗျ "
" အွန် "
" ကိုယ်နာနီ့ကိုပေးစရာရှိတယ် "
စကိုင်းကပြောရင်း လက်ထဲမှာကိုင်ထားတဲ့ ပန်းချီကားကို နာနီ့လက်ထဲ ထည့်ပေးလိုက်တယ်။ နာနီ စာရွက်ကိုကြည့်မိတော့ အမှန်ပင်အံ့ဩသွားရတယ်။
" ခွန်စကိုင်းးး "
" သဘောကျရဲ့လားဗျ "
စာရွက်ပေါ်က ပန်းချီကားက နာနီ့ ခုနကထိုင်နေရင်း သူများတွေစကားပြောတာကို ပြုံးရင်းနားထောင်နေတဲ့ပုံလေးဖြစ်တယ်။ မတူတာက စကိုင်းက ပုံထဲကနာနီ့ရဲနားမှာ တရုတ်စံကားဝါပန်းလေးကိုပန်ပေးထားတယ်။
နာနီ မျက်ရည်ပင်ဝဲလာမိတယ်။
" ခွန်စကိုင်း "
" မငိုပါနဲ့ဗျ ကိုယ့်ကြောင့်တော့ ပျော်သည်ဖြစ်ဖြစ် ဝမ်းနည်းသည်ဖြစ်ဖြစ် နာနီက မငိုပါနဲ့ဗျ "
" ကျေးဇူးတင်ပါတယ် ခွန်စကိုင်း "
" ကိုယ် နာနီ့ကို ချစ်တယ်ဗျ "
ရုတ်တရက်ဆန်စွာ ဖွင့်ပြောလိုက်တဲ့စကိုင်းကြောင့် နာနီ့မှာ ပြောစရာစကားပင်မရှိတော့။
" နာနီသတိထားမိနေမယ်ထင်ပါတယ် ကိုယ်နာနီ့ကိုချစ်တာအခုမှမဟုတ်ဘဲ ကိုယ်တို့စစတွေ့ကတည်းကဆိုတာကိုပေါ့ "
စကိုင်းက နာနီ့မျက်လုံးကို တည့်တည့်ကြည့်ပြီးပြောတယ်။
" ကိုယ် နာနီ့ကိုချစ်တယ်ဗျ၊ ကိုယ့်အနားမှာပဲရှိစေချင်တယ် နာနီ့ကိုကာကွယ်ပေးချင်တယ် ကိုယ့်ကိုလက်ခံပေးနိုင်မလား "
" .... "
" နာနီအဆင်သင့်မဖြစ်သေးတာ ကိုယ်သိပါတယ်၊ ကိုယ်နားလည်ပေးနိုင်ပါတယ်။ နာနီကမပြောချင်ဘူးဆိုလည်းရပါ-"
" ဟင့်အင်း နာနီလည်း ခွန်စကိုင်းကိုချစ်တယ်၊ ခွန်စကိုင်း ဘာလို့အခုမှပြောတာလဲ လူကိုငိုချင်အောင်လို့ ဟိုမှာထဲက နာနီတို့ အတွဲတွေဖြစ်သွားကြပြီလို့ထင်ထားတာကို "
နာနီက မျက်ရည်ထိန်းနေတာမလို့ မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ရင်းပြောနေတာကြောင့် စကိုင်းကရယ်လိုက်ပြီး
" ကိုယ် နာနီ့ကို ချစ်တယ်လို့မပြောလိုက်ရမှာစိုးရိမ်လို့ဗျ၊ ကိုယ့်ကိုပြန်ချစ်ပေးလို့ ကိုယ်က နာနီ့ကိုကျေးဇူးတင်ပါတယ်နော် "
စကိုင်းက နာနီ့လက်ကို နူးနူးညံ့ညံ့လေး ဆုပ်ကိုင်လာရင်းပြောတယ်။
" ကိုယ့်ခြံထဲမှာ တရုတ်စံကားပန်းပင်ရှိတယ်သိလား နာနီကြည့်ချင်လား ကိုယ်လိုက်ပို့ရမလား "
နာနီက စကိုင်းလက်ကိုလွှတ်ပြီးထမယ်အလုပ် စကိုင်းက လက်ကိုမလွှတ်ပေးဘဲ မတ်တပ်ရပ်ပြီး
" ဒီလိုလေးပဲကိုင်ထားရင်းသွားလို့မရဘူးလားဗျ အားလုံးကအထဲမှာပဲလေ "
" မြင်သွားရင်ဘယ်လိုလုပ်မလဲ "
" စိတ်မပူပါနဲ့ဗျ ကိုယ်ပြောတာယုံလို့ရပါတယ်။ "
" ကောင်းပြီလေ ခွန်စကိုင်းရဲ့စကားကိုယုံလိုက်ပါမယ် "
နာနီက စကိုင်းရဲ့လက်ကိုရဲရဲကိုင်ထားလိုက်ရင်း ခြံဝန်းထဲထိ တူတူသွားလိုက်ကြတယ်။
တရုတ်စံကားပန်းပင်က နာနီ့တို့ခြံထဲမှာရှိတဲ့အပင်ထက်ကြီးတယ်။ အခြားသောအသီးပင်တွေ၊ ပန်းပင်တွေလည်းရှိနေသေးတယ်။
နာနီက တရုတ်စံကားပန်းအပင်အောက်မှာ ရပ်နေရင်း ကြွေကျတော့မယ့် ပန်းလေးကို လက်လေးနဲ့ဖြန့်ထားရင်းစောင့်နေလိုက်တယ်။ နာနီ့ရဲ့ လက်ဖဝါးပေါ်ကျလာတဲ့ တရုတ်စံကားပန်းကို နာနီက အရင်ဆုံးနမ်းလိုက်ပြီး စကိုင်းရဲ့ခေါင်းမှာပန်ပေးလိုက်တယ်။
" ခွန်စကိုင်း အရမ်းကြည့်ကောင်းသွားပါပြီဗျ "
စကိုင်းကလည်း ပန်းတစ်ပွင့်ကိုယူလိုက်ပြီး နာနီ့ရဲ့နားရွက်ပေါ်တင်ပေးလိုက်တယ်။ နောက်ပြီးမှ အဲ့ပန်းပွင့်လေးကိုနမ်းလိုက်တယ်။
" ခွန်စကိုင်းး "
" နာနီနဲ့ပိုလှတယ်ဗျ "
" ဟွန်း တော်ပြီ ပြီးနေပြီလားတောင်မသိဘူး ခွန်စကိုင်း နာနီတို့သွားကြရအောင်လေ "
စကိုင်းက နာနီ့ရဲ့လက်ကိုထပ်မံဆုပ်ကိုင်လိုက်ပြီး ဒီတစ်ခါတော့ နာနီ့ရဲ့လက်လေးကိုနမ်းလိုက်တယ်။
" ကိုယ် ဘယ်တော့မှ နာနီ့လက်ကိုလွှတ်ချမှာမဟုတ်ဘူးလို့ ကိုယ်ကတိပေးပါမယ် "
" ခွန်စကိုင်း လူတွေမြင်ကုန်လိမ့်မယ် သွားကြမယ်လို့ "
နာနီက စကိုင်းခေါင်းပေါ်တင်ထားတဲ့ပန်းကို စကိုင်းရဲ့ အင်္ကျီရင်ဘတ်အိပ်ကပ်ထဲထည့်ပေးလိုက်ပြီး နာနီကအရှေ့ကအရင်ထွကိသွားလိုက်တယ်။
နာနီတို့နှစ်ယောက်လုံး ပြန်ရောက်တော့ နာနီ့အဖေနဲ့ စကိုင်းရဲ့အဖေက စကားပြောရင်းရယ်နေကြတာဖြစ်တယ်။ နာနီနဲ့စကိုင်းက အနားမှာသွားရပ်လိုက်တော့ စကိုင်းရဲ့အဖေက နာနီ့ကိုကြည့်ရင်း
" နာနီက ဒီကိုပထမဆုံးရောက်တာမဟုတ်လား ဘယ်လိုလဲ ပျော်ဖို့ကောင်းရဲ့လား "
နာနီကပြုံးကာ
" ပျော်ခဲ့ပါတယ်ဦးလေးဗျ "
" နောက်ဆိုလည်း ခဏခဏ လာရတော့မယ်ထင်တယ်နော် "
စကိုင်းရဲ့အဖေပြောတဲ့စကားကို နာနီကနားမလည်ပေ။ နာနီ့ရဲ့မျက်နှာထားကိုမြင်တော့ စကိုင်းရဲ့အဖေက စကားကိုဆက်ပြီးပြောတယ်။
" နောက်ထပ် အခမ်းအနားတစ်ခုလုပ်စရာရှိသေးတယ်ကွ လုံးဝအကြီးကျယ်ဆုံးနဲ့ အခမ်းနားဆုံးဖြစ်မှာကွ ဟားဟား "
" ဘာ အခမ်းအနားထပ်ရှိသေးတာလဲ အဖေဗျ "
ဒီတစ်ခါ စကိုင်းကမေးလိုက်ခြင်းဖြစ်တယ်။
" သားရဲ့ အခမ်းအနားလေ သားနဲ့လီနာလေးကိုစေ့စပ်ပေးမလို့ "
သခင်ကြီးဝုဂရာဝီးရဲ့ စကားအဆုံး နာနီ့ရဲ့ နှလုံးသားဟာ ဟိုးချောက်နက်ကြီးထဲပစ်ချခံလိုက်ရသလိုပဲ ဘာစကားမှမပြောနိုင်တော့ပဲ အနောက်ကစကိုင်းကိုလှည့်ကြည့်မိတယ်။
စကိုင်းပုံစံကလည်းအခုမှသိတဲ့ပုံစံလိုမျိုးဖြစ်နေပြီး လီနာကိုကြည့်မိတော့ လီနာက ရှက်သွေးဖျာနေတယ်။
" အဲ့နေ့ကြရင်လည်း နာနီက လိုက်လာပြီး ဂုဏ်ပြုပေးရမယ်နော် "
" အာ.. ဟုတ် ဟုတ်ကဲ့ပါဗျ "
နာနီ အရာအားလုံးကြိုသိနေတာတောင် ခံနိုင်ရည်ကရှိမနေသေးဘူး။ ဒါကမှ တကယ်ဖြစ်သင့်တာမဟုတ်လား ယောင်္ကျားလေးက မိန်းကလေးနဲ့ပဲ လက်ထပ်ရမှာလေ။ သူတို့ က ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
/////////////////
ဟီးဟီး ရယ်ပြီးသွားကြပြီဆိုတော့ ဟီးဟီး။
Z.
ဒီေန႕နာနီ အဝတ္ေသတၱာထဲက အျဖဴေရာင္ခ်ည္ထည္ေလးကိုထုတ္ယူရင္း သပ္သပ္ရပ္ရပ္ဝတ္ဆင္လိုက္တယ္။ ဆံပင္ကိုလည္းေသခ်ာသပ္ရင္း မွန္ၾကည့္လိုက္တယ္။
နာနီဒီေန႕တကယ္ကိုၾကည့္ေကာင္းေနတာပင္။ ဘာလို႔လဲဆိုေတာ့ ဒီေန႕နာနီက ခြန္စကိုင္းရဲ႕ဆုေတာင္းပြဲကိုသြားရမွာမို႔ျဖစ္တယ္။
နာနီ အေဆာင္တံခါးကိုဖြင့္ၿပီးအျပင္ထြက္သြားလိုက္တယ္။ နာနီတို႔က မိသားစုေလးေယာက္လုံးတူတူသြားၾကရမွာမို႔ ေလွအႀကီးကိုအသုံးျပဳရမွာျဖစ္တယ္။
အိုက္ကန္နဲ႕အျခားအေစခံေတြကေတာ့ အေစခံေတြစီးရတဲ့ေလွနဲ႕သြားရတယ္။ေလွေပၚေရာက္ေတာ့လည္း လီနာက နာနီ႕ကိုရွိတယ္လို႔ေတာင္မဆက္ဆံေပ။ သခင္ႀကီးကေတာ့အရင္ထဲကသိပ္စကားမေျပာတဲ့သူမို႔ေအးေအးေဆးေဆးသာေနတယ္။ သခင္ႀကီးက နာနီ႕ကိုေတာ့ အမႈရဲ႕အေတြ႕အႀကဳံေတြေမးေနေသးတာ။
တေ႐ြ႕ေ႐ြ႕နဲ႕သြားလာခဲ့ရင္း ေနာက္ဆုံးမွာေတာ့ ဝုန္ဂရာဝီးစံအိမ္ကိုေရာက္လာခဲ့တယ္။ စံအိမ္ကက်ယ္ဝန္းၿပီး သစ္သီးဝလံအပင္ေတြကေပါမ်ားတယ္။ တံတားေပၚမွာေတာ့ အေစခံမိန္းကေလးႏွစ္ဦးက ေစာင့္ႀကိဳေနရတယ္။
နာနီက ေလွေပၚကတက္ခါနီးတိုင္း အရွိန္ကိုမထိန္းနိုင္ေသးေပ။ အားလုံးတံတားေပၚတက္သြားၾကသည္မို႔ နာနီလည္း စိတ္ဆုံးျဖတ္ၿပီး ေျဖးေျဖးခ်င္းထရပ္လိုက္တယ္။ ေျခေထာက္လွမ္းဖို႔လုပ္ေနတုန္း လက္တစ္ဖက္က နာနီ႕အေရွ႕ကမ္းလာေပးတယ္။
နာနီ ထိုလက္ကိုကိုင္လိုက္ရင္း
" ခြန္စ..အယ္ မင္းသားဒ်ဴးပါလား "
မ်က္ႏွာကိုၾကည့္လိုက္မွ မင္းသားဒ်ဴးမွန္းသိရၿပီး နာနီ႕ကိုၿပဳံးရင္းၾကည့္ေနတာ။ နာနီလည္းဒ်ဴးရဲ႕လက္ကိုကိုင္ထားလက္စနဲ႕မို႔ပင္ တံတားေပၚတက္လာလိုက္တယ္။ တံတားေပၚေရာက္တာနဲ႕ မင္းသားဒ်ဴးရဲ႕လက္ကိုအျမန္လႊတ္လိုက္တယ္။
" မင္းသားဒ်ဴးလည္းေရာက္လာတာလားဗ် "
" ဟုတ္တယ္ဗ် သခင္ေလးစကိုင္းရဲ႕အေဖက က်ဳပ္ရဲ႕ဦးေလးေလ "
" အဲ့တာဆို မင္းသားဒ်ဴးနဲ႕ ခြန္စကိုင္းတို႔က ညီအစ္ကိုဝမ္းကြဲေတာ္တာေပါ့ "
" ဟုတ္တယ္ဗ် က်ဳပ္တို႔ကအမ်ိဳးေတာ္စပ္ၾကတယ္ "
နာနီက မင္းသားဒ်ဴးနဲ႕စကားေျပာေနရင္းစံအိမ္ဝန္းထဲသို႔ဝင္လာခဲ့တယ္။ အျခားစံအိမ္ေတြကလူေတြေရာပါပုံရတယ္ အမ်ားႀကီးပင္။
" သခင္ေလးနာနီ ဒီေန႕ၾကည့္လို႔ေကာင္းေနတယ္ေနာ္ "
နာနီက စကိုင္းကိုရွာေနတာမလို႔ မင္းသားဒ်ဴးရဲ႕စကားကိုေသခ်ာမၾကားလိုက္ရတာေၾကာင့္ မင္းသားဒ်ဴးဘက္ကိုလွည့္ၿပီးျပန္ေမးလိုက္ရတယ္။
" ဗ်ာ ဘာေျပာတာလဲဗ် "
" သခင္ေလးနာနီ လွတယ္လို႔ေလ "
တည့္တိုးႀကီးေျပာတာေၾကာင့္ေရာ မထင္မွတ္ထားတဲ့စကားေၾကာင့္ေရာ နာနီအံ့အားသင့္သြားရတယ္။
" အာ မင္းသားဒ်ဴးလည္း တကယ္ၾကည့္ေကာင္းပါတယ္ဗ် "
နာနီကၿပဳံး၍ေျပာလိုက္ၿပီး လက္မႏွစ္ဖက္ပါေထာင္ျပလိုက္ေသးသည္။
" ခြန္နာနီဗ် "
နာနီမင္းသားဒ်ဴးနဲ႕စကားေျပာေနခ်ိန္ နာနီ႕ရဲ႕အေနာက္မွေခၚသံထြက္လာတာေၾကာင့္ နာနီၿပဳံးမိသြားသည္။ နာနီ ၿပဳံးရင္းလွည့္ၾကည့္လိုက္ေတာ့ စကိုင္းကိုေတြ႕လိုက္ရတယ္။
စကိုင္းက နီညိုေရာင္ပိုးထည္ကိုအေပၚမွ ေ႐ႊမွ်င္ေတြနဲ႕ေဖာက္ထားတဲ့ဝတ္စုံကိုဝတ္ဆင္ထားျခင္းျဖစ္တယ္။ အလြန္ေခ်ာေမာေသာပါပဲ။
" ခြန္စကိုင္းး"
နာနီကစကိုင္းရဲ႕နာမည္ေခၚလိုက္ေတာ့ စကိုင္းရဲ႕မ်က္ႏွာက ခ်က္ခ်င္းဆိုသလိုၿပဳံးသြားတယ္။
" အရင္ အထဲဝင္ၿပီးသြားထိုင္ရေအာင္ နာနီ႕အေဖတို႔လည္းေရာက္ေနၿပီေလ ကိုယ္ေနာက္မွ အျခားေနရာေတြလိုက္ျပေပးမယ္ "
" ဟုတ္ကဲ့ပါဗ် ခြန္စကိုင္း "
နာနီက ဒ်ဴးအနားကေနခြာက စကိုင္းေဘးနားကိုခ်က္ခ်င္းဆိုသလိုေရာက္သြားတယ္။ စကိုင္းက ဒ်ဴးကိုၾကည့္ၿပီး
" မင္းသားဒ်ဴးေရာက္ေနတာၾကာၿပီထင္တယ္ဗ် အထဲလိုက္လာခဲ့လို႔ရတယ္ဗ် ေအာ္ဒါနဲ႕ ကြၽန္ေတာ့္ဓားကိုျပန္ယူလာေပးလို႔ ေက်းဇူးတင္ပါတယ္ဗ် "
စကိုင္းကေက်းဇူးတင္ေၾကာင္းေျပာေတာ့ မင္းသားဒ်ဴးက ၿပဳံးလိုက္ၿပီး စကိုင္းရဲ႕ပုခုံးကိုပုတ္ကာ
" ဓားဆိုတာ အရင္ကသခင္ေလးစကိုင္းအတြက္အဖိုးတန္ျဖစ္ခဲ့တာမဟုတ္လားဗ် ေနာက္ဆို ဘယ္သူ႕အတြက္နဲ႕မွ မေပ်ာက္ေစနဲ႕ေတာ့ေပါ့ဗ်ာ " လို႔ေျပာၿပီး အထဲဝင္သြားတယ္။
စကိုင္းကလည္းနာနီဘက္လွည့္ၿပီး နာနီ႕ႏွဖူးေပၚကဆံပင္ေလးကိုသပ္တင္ေပးကာ
" ဒီေန႕ ကိုယ့္နာနီက အလွဆုံးေလးျဖစ္ေနပါေရာလားဗ် "
" နာနီလွေတာ့ ခြန္စကိုင္းကမႀကိဳက္လို႔လားဗ် "
စကိုင္းကနာနီ႕ႏွာေခါင္းကိုအျမတ္တနိုးညွစ္လိုက္တာမလို႔ နာနီက လူေတြျမင္မွာစိုးတာေၾကာင့္ အျမန္ေရွာင္လိုက္မိတယ္။
" ခြန္စကိုင္း..နာနီက "
" ကိုယ္နားလည္တယ္ေနာ္ နာနီ ဘာမွမျဖစ္ဘူး သြားၾကတာေပါ့ "
စကိုင္းကၿပဳံးၿပီးေျပာေနေပမယ့္ စိတ္မေကာင္းျဖစ္ေနမယ္ဆိုတာ နာနီတကယ္ခန႔္မွန္းလို႔ရပါတယ္။ ဒါေပမယ့္ နာနီ ျပႆနာေတြမရွင္းခ်င္ဘူးေလ။
စကိုင္းကနာနီ႕ကို ခန္းမေနရာကိုေခၚလာၿပီး ထိုင္ဖို႔ေနရာခ်ေပးတယ္။ေနာက္ၿပီးစကိုင္းက နာနီ႕ေဘးမွာအေဖာ္ျပဳေပးတဲ့အေနနဲ႕စကားေတြေျပာေပးေနေသးတာ။
" သခင္ေလးစကိုင္းရွင့္ သခင္ႀကီးကလာခဲ့ဖို႔မွာလိုက္ပါတယ္ရွင့္ "
အေစခံမိန္းကေလးက လာေခၚတာမို႔ စကိုင္းက နာနီ႕ကိုၾကည့္လိုက္တယ္။ နာနီကလည္း စကိုင္းရဲ႕အၾကည့္ကို နားလည္တာမို႔ ေခါင္းၿငိမ့္ျပလိုက္တယ္။
" ခြန္စကိုင္းသြားပါ နာနီ႕အနားႀကီးပဲေန ေနလို႔မရဘူးေလ သြားလိုက္ပါ နာနီ ေနလို႔ရပါတယ္ "
" အြန္း ခနေန ကိုယ္ျပန္လာမယ္ေနာ္ လိုတာရွိရင္ အေစခံေတြကို ေခၚခိုင္းလိုက္ေနာ္ ဟုတ္ၿပီလား "
" ဟုတ္ကဲ့ပါဗ် "
စကိုင္းက နာနီ႕နားမွ ထလာၿပီး အေဖျဖစ္သူဆီ သြားလိုက္တယ္။ အေဖက ဘုန္းႀကီးနဲ႕စကားေျပာေနတာမို႔ စကိုင္းက ေအာက္မွာပဲထိုင္ၿပီး အရင္ကန္ေတာ့လိုက္တယ္။
ဘုန္းႀကီးက စကိုင္းကိုေသခ်ာၾကည့္ရင္းနဲ႕ ေနာက္ေတာ့ စကိုင္းရဲ႕ေခါင္းကိုကိုင္လာရင္း စကိုင္းၾကား႐ုံမွ်အသံနဲ႕သာေျပာလာတယ္။
" ဒကာေလးက မျဖစ္နိုင္တဲ့သူကို ခ်စ္ေနမိတာပဲ "
စကိုင္းရဲ႕မ်က္လုံးကဝိုင္းစက္သြားၿပီး
" အရွင္ဘုရား ဘယ္လိုသိတာပါလဲဘုရား "
" သူ႕ေၾကာင့္ဒုကၡေတြနဲ႕ႀကဳံေတြ႕ရလိမ့္မယ္၊သူ႕ေၾကာင့္ လူတိုင္းက ဒကာေလးကိုဆန႔္က်င္ကလိမ့္မယ္ ကမၻာမတူတဲ့ လူႏွစ္ဦးဟာ ခ်စ္ၾကလို႔မရဘူးကြယ့္၊ အခုခ်ိန္ရပ္တန႔္လိုက္တာဟာ အေကာင္းဆုံးျဖစ္လိမ့္မယ္ "
စကိုင္းက ထိုင္ေနတဲ့နာနီ႕ကိုလွမ္းၾကည့္ရင္းၿပဳံးတယ္။
" ဒုကၡကိုပဲ ခံယူလိုက္ပါ့မယ္ အရွင္ဘုရား "
ဘုန္းႀကီးက သက္ျပင္းခ်လိဳက္ကာ
" မလြယ္ကူဘူး ရင္ဆိုင္ရမယ့္ ကံၾကမၼာေတြက ျပင္းထန္လြန္းတယ္ "
"....."
" ကံၾကမၼာက ဒကာေလးတို႔အေပၚ ျပစ္ဒဏ္ကို သက္သက္ညွာညွာပဲေပးဖို႔ ဘုန္းႀကီးက ဆုေတာင္းေပးပါတယ္ "
" ေပးတဲ့ဆုနဲ႕ျပည့္ရပါလို၏ အရွင္ဘုရား "
" သူ႕ကိုကာကြယ္ေပးနိုင္ပါေစကြယ္ "
ဘုန္းႀကီးျပန္သြားၿပီးတဲ့ေနာက္ အျခားစံအိမ္ေတြမွာရွိတဲ့ သခင္မေလးေတြက ကိုယ္စီေရးစပ္ထားတဲ့ကဗ်ာေလးေတြနဲ႕ေဖ်ာ္ေျဖၾကတယ္။ စကိုင္းက သူ႕မိသားစုအနားမွာထိုင္ေနရသည္မို႔ နာနီ႕အနားမွာဘယ္သူမွရွိမေန။
နာနီ စကိုင္းကိုၾကည့္မိေတာ့ စကိုင္းက ထိုင္ေနရင္းပင္ ပန္းခ်ီဆြဲေလ့ရွိၾကတဲ့စာ႐ြက္မွာ ပန္းခ်ီဆြဲေနဟန္။
နာနီပ်င္းလာတာမို႔ ႏႈတ္ခမ္းစူလိုက္မိတယ္။ ဟြန္း ခြန္စကိုင္းတို႔ကမေန႕ကတစ္မ်ိဳး ဒီေန႕တစ္မ်ိဳး အခုက် အနားေတာင္မကပ္ေတာ့ဘူး ဟြန္း။
နာနီ အျပင္ဘက္ကိုၾကည့္လိုက္ေတာ့ လမင္းက ထိန္ေနတာနဲ႕ နာနီအျပင္ဘက္မွာ သြားထိုင္ေနဖို႔ႀကံလိုက္တယ္။ နာနီ ထထြက္သြားတာေတာင္ ဘယ္သူ႕မွဂ႐ုစိုက္မိဟန္မေပၚ။
နာနီအျပင္ထြက္ ေလညွင္းခံရင္း မတ္တပ္ရပ္ကာ ေကာင္းကင္ကိုေမာ့ၾကည့္ေနလိုက္တယ္။
" အေမနဲ႕အေဖဗ်..နာနီအဲ့မွာအခုထိအသက္ရွင္ေနေသးရဲ႕လားဗ်။ နာနီအေမတို႔ကိုလြမ္းတယ္ေနာ္၊ အကယ္၍ နာနီတို႔ေနာက္တစ္ခါျပန္ေတြ႕ခဲ့ရရင္ နာနီအၾကာႀကီးအေမတို႔နားမွာရွိေနေပးနိုင္ေအာင္ႀကိဳးစားပါ့မယ္ဗ်...နာနီအေဖနဲ႕..အေမ့ကိုအရမ္းသတိရတာပဲ "
" နာနီဗ် "
စကိုင္းက နာနီ႕အေနာက္ေရာက္ေနတာၾကာၿပီျဖစ္တယ္။ နာနီ ထထြက္သြားတဲ့အခ်ိန္ထဲက စကိုင္းက လိုက္လာခဲ့တာျဖစ္ၿပီး နာနီေျပာတဲ့စကားသံေတြကိုၾကားမိေတာ့ ဘုန္းႀကီးေျပာခဲ့တဲ့ ကမၻာမတူတဲ့လူႏွစ္ေယာက္ဆိုတဲ့ စကားကိုပိုၿပီးအေတြးမ်ားေစတယ္။ စကိုင္းဘက္က ေမးဖို႔စိတ္ကူးမရွိပါဘူး နာနီ႕ဘက္က လိုလိုလားလားေျပာမယ့္အခ်ိန္ကိုပဲေစာင့္ေနအုံးမွာ။
နာနီက စကိုင္းအသံၾကားတာမို႔ ပါးေပၚက်ေနတဲ့ မ်က္ရည္ေတြကိုသုတ္လိုက္ၿပီးမွ အေနာက္လွည့္ကာ စကိုင္းကိုၿပဳံးျပလိုက္တယ္။
" ခြန္စကိုင္း ဘာလို႔ထြက္လာရတာလဲ "
" နာနီ မရွိေတာ့လို႔ေလ "
စကိုင္းက နာနီ႕အနားကိုပိုတိုးလို႔ကပ္လာတယ္။
" ဟြန္း ခြန္စကိုင္း မလိမ္ပါနဲ႕ေနာ္၊ ခုနက နာနီ႕ကိုတစ္ခ်က္ေတာင္မၾကည့္ပဲနဲ႕မ်ား "
စကိုင္းက ခပ္ဟဟရယ္ရင္း
" ကိုယ္ နာနီ႕ကိုမၾကည့္ဘူးလို႔ ဘယ္သူကေျပာတုန္းဗ် "
" ဟြန႔္ နာနီကိုယ္တိုင္သိတာပါေနာ္ နာနီက ခြန္စကိုင္းကိုၾကည့္တာေတာင္ ခြန္စကိုင္းကျပန္မၾကည့္ဘဲနဲ႕ "
" နာနီက ကိုယ့္ကိုၾကည့္ေနခဲ့တာေပါ့ "
စကိုင္းေမးေတာ့မွ နာနီကမသိခ်င္ေယာင္ေဆာင္ကာ အၾကည့္လႊဲလိုက္ၿပီး တံတားအစပ္မွာထိုင္လိုက္တယ္။ ၿပီးမွ နာနီက ေဘးကေနရာအလြတ္ေလးကို လက္နဲ႕ပုတ္ျပရင္း စကိုင္းကိုလာထိုင္ခိုင္းလိုက္တယ္။
" နာနီဗ် "
" အြန္ "
" ကိုယ္နာနီ႕ကိုေပးစရာရွိတယ္ "
စကိုင္းကေျပာရင္း လက္ထဲမွာကိုင္ထားတဲ့ ပန္းခ်ီကားကို နာနီ႕လက္ထဲ ထည့္ေပးလိုက္တယ္။ နာနီ စာ႐ြက္ကိုၾကည့္မိေတာ့ အမွန္ပင္အံ့ဩသြားရတယ္။
" ခြန္စကိုင္းးး "
" သေဘာက်ရဲ႕လားဗ် "
စာ႐ြက္ေပၚက ပန္းခ်ီကားက နာနီ႕ ခုနကထိုင္ေနရင္း သူမ်ားေတြစကားေျပာတာကို ၿပဳံးရင္းနားေထာင္ေနတဲ့ပုံေလးျဖစ္တယ္။ မတူတာက စကိုင္းက ပုံထဲကနာနီ႕ရဲနားမွာ တ႐ုတ္စံကားဝါပန္းေလးကိုပန္ေပးထားတယ္။
နာနီ မ်က္ရည္ပင္ဝဲလာမိတယ္။
" ခြန္စကိုင္း "
" မငိုပါနဲ႕ဗ် ကိုယ့္ေၾကာင့္ေတာ့ ေပ်ာ္သည္ျဖစ္ျဖစ္ ဝမ္းနည္းသည္ျဖစ္ျဖစ္ နာနီက မငိုပါနဲ႕ဗ် "
" ေက်းဇူးတင္ပါတယ္ ခြန္စကိုင္း "
" ကိုယ္ နာနီ႕ကို ခ်စ္တယ္ဗ် "
႐ုတ္တရက္ဆန္စြာ ဖြင့္ေျပာလိုက္တဲ့စကိုင္းေၾကာင့္ နာနီ႕မွာ ေျပာစရာစကားပင္မရွိေတာ့။
" နာနီသတိထားမိေနမယ္ထင္ပါတယ္ ကိုယ္နာနီ႕ကိုခ်စ္တာအခုမွမဟုတ္ဘဲ ကိုယ္တို႔စစေတြ႕ကတည္းကဆိုတာကိုေပါ့ "
စကိုင္းက နာနီ႕မ်က္လုံးကို တည့္တည့္ၾကည့္ၿပီးေျပာတယ္။
" ကိုယ္ နာနီ႕ကိုခ်စ္တယ္ဗ်၊ ကိုယ့္အနားမွာပဲရွိေစခ်င္တယ္ နာနီ႕ကိုကာကြယ္ေပးခ်င္တယ္ ကိုယ့္ကိုလက္ခံေပးနိုင္မလား "
" .... "
" နာနီအဆင္သင့္မျဖစ္ေသးတာ ကိုယ္သိပါတယ္၊ ကိုယ္နားလည္ေပးနိုင္ပါတယ္။ နာနီကမေျပာခ်င္ဘူးဆိုလည္းရပါ-"
" ဟင့္အင္း နာနီလည္း ခြန္စကိုင္းကိုခ်စ္တယ္၊ ခြန္စကိုင္း ဘာလို႔အခုမွေျပာတာလဲ လူကိုငိုခ်င္ေအာင္လို႔ ဟိုမွာထဲက နာနီတို႔ အတြဲေတြျဖစ္သြားၾကၿပီလို႔ထင္ထားတာကို "
နာနီက မ်က္ရည္ထိန္းေနတာမလို႔ မ်က္ေတာင္ပုတ္ခတ္ပုတ္ခတ္လုပ္ရင္းေျပာေနတာေၾကာင့္ စကိုင္းကရယ္လိုက္ၿပီး
" ကိုယ္ နာနီ႕ကို ခ်စ္တယ္လို႔မေျပာလိုက္ရမွာစိုးရိမ္လို႔ဗ်၊ ကိုယ့္ကိုျပန္ခ်စ္ေပးလို႔ ကိုယ္က နာနီ႕ကိုေက်းဇူးတင္ပါတယ္ေနာ္ "
စကိုင္းက နာနီ႕လက္ကို ႏူးႏူးညံ့ညံ့ေလး ဆုပ္ကိုင္လာရင္းေျပာတယ္။
" ကိုယ့္ၿခံထဲမွာ တ႐ုတ္စံကားပန္းပင္ရွိတယ္သိလား နာနီၾကည့္ခ်င္လား ကိုယ္လိုက္ပို႔ရမလား "
နာနီက စကိုင္းလက္ကိုလႊတ္ၿပီးထမယ္အလုပ္ စကိုင္းက လက္ကိုမလႊတ္ေပးဘဲ မတ္တပ္ရပ္ၿပီး
" ဒီလိုေလးပဲကိုင္ထားရင္းသြားလို႔မရဘူးလားဗ် အားလုံးကအထဲမွာပဲေလ "
" ျမင္သြားရင္ဘယ္လိုလုပ္မလဲ "
" စိတ္မပူပါနဲ႕ဗ် ကိုယ္ေျပာတာယုံလို႔ရပါတယ္။ "
" ေကာင္းၿပီေလ ခြန္စကိုင္းရဲ႕စကားကိုယုံလိုက္ပါမယ္ "
နာနီက စကိုင္းရဲ႕လက္ကိုရဲရဲကိုင္ထားလိုက္ရင္း ၿခံဝန္းထဲထိ တူတူသြားလိုက္ၾကတယ္။
တ႐ုတ္စံကားပန္းပင္က နာနီ႕တို႔ၿခံထဲမွာရွိတဲ့အပင္ထက္ႀကီးတယ္။ အျခားေသာအသီးပင္ေတြ၊ ပန္းပင္ေတြလည္းရွိေနေသးတယ္။
နာနီက တ႐ုတ္စံကားပန္းအပင္ေအာက္မွာ ရပ္ေနရင္း ေႂကြက်ေတာ့မယ့္ ပန္းေလးကို လက္ေလးနဲ႕ျဖန႔္ထားရင္းေစာင့္ေနလိုက္တယ္။ နာနီ႕ရဲ႕ လက္ဖဝါးေပၚက်လာတဲ့ တ႐ုတ္စံကားပန္းကို နာနီက အရင္ဆုံးနမ္းလိုက္ၿပီး စကိုင္းရဲ႕ေခါင္းမွာပန္ေပးလိုက္တယ္။
" ခြန္စကိုင္း အရမ္းၾကည့္ေကာင္းသြားပါၿပီဗ် "
စကိုင္းကလည္း ပန္းတစ္ပြင့္ကိုယူလိုက္ၿပီး နာနီ႕ရဲ႕နား႐ြက္ေပၚတင္ေပးလိုက္တယ္။ ေနာက္ၿပီးမွ အဲ့ပန္းပြင့္ေလးကိုနမ္းလိုက္တယ္။
" ခြန္စကိုင္းး "
" နာနီနဲ႕ပိုလွတယ္ဗ် "
" ဟြန္း ေတာ္ၿပီ ၿပီးေနၿပီလားေတာင္မသိဘူး ခြန္စကိုင္း နာနီတို႔သြားၾကရေအာင္ေလ "
စကိုင္းက နာနီ႕ရဲ႕လက္ကိုထပ္မံဆုပ္ကိုင္လိုက္ၿပီး ဒီတစ္ခါေတာ့ နာနီ႕ရဲ႕လက္ေလးကိုနမ္းလိုက္တယ္။
" ကိုယ္ ဘယ္ေတာ့မွ နာနီ႕လက္ကိုလႊတ္ခ်မွာမဟုတ္ဘူးလို႔ ကိုယ္ကတိေပးပါမယ္ "
" ခြန္စကိုင္း လူေတြျမင္ကုန္လိမ့္မယ္ သြားၾကမယ္လို႔ "
နာနီက စကိုင္းေခါင္းေပၚတင္ထားတဲ့ပန္းကို စကိုင္းရဲ႕ အကၤ်ီရင္ဘတ္အိပ္ကပ္ထဲထည့္ေပးလိုက္ၿပီး နာနီကအေရွ႕ကအရင္ထြကိသြားလိုက္တယ္။
နာနီတို႔ႏွစ္ေယာက္လုံး ျပန္ေရာက္ေတာ့ နာနီ႕အေဖနဲ႕ စကိုင္းရဲ႕အေဖက စကားေျပာရင္းရယ္ေနၾကတာျဖစ္တယ္။ နာနီနဲ႕စကိုင္းက အနားမွာသြားရပ္လိုက္ေတာ့ စကိုင္းရဲ႕အေဖက နာနီ႕ကိုၾကည့္ရင္း
" နာနီက ဒီကိုပထမဆုံးေရာက္တာမဟုတ္လား ဘယ္လိုလဲ ေပ်ာ္ဖို႔ေကာင္းရဲ႕လား "
နာနီကၿပဳံးကာ
" ေပ်ာ္ခဲ့ပါတယ္ဦးေလးဗ် "
" ေနာက္ဆိုလည္း ခဏခဏ လာရေတာ့မယ္ထင္တယ္ေနာ္ "
စကိုင္းရဲ႕အေဖေျပာတဲ့စကားကို နာနီကနားမလည္ေပ။ နာနီ႕ရဲ႕မ်က္ႏွာထားကိုျမင္ေတာ့ စကိုင္းရဲ႕အေဖက စကားကိုဆက္ၿပီးေျပာတယ္။
" ေနာက္ထပ္ အခမ္းအနားတစ္ခုလုပ္စရာရွိေသးတယ္ကြ လုံးဝအႀကီးက်ယ္ဆုံးနဲ႕ အခမ္းနားဆုံးျဖစ္မွာကြ ဟားဟား "
" ဘာ အခမ္းအနားထပ္ရွိေသးတာလဲ အေဖဗ် "
ဒီတစ္ခါ စကိုင္းကေမးလိုက္ျခင္းျဖစ္တယ္။
" သားရဲ႕ အခမ္းအနားေလ သားနဲ႕လီနာေလးကိုေစ့စပ္ေပးမလို႔ "
သခင္ႀကီးဝုဂရာဝီးရဲ႕ စကားအဆုံး နာနီ႕ရဲ႕ ႏွလုံးသားဟာ ဟိုးေခ်ာက္နက္ႀကီးထဲပစ္ခ်ခံလိုက္ရသလိုပဲ ဘာစကားမွမေျပာနိုင္ေတာ့ပဲ အေနာက္ကစကိုင္းကိုလွည့္ၾကည့္မိတယ္။
စကိုင္းပုံစံကလည္းအခုမွသိတဲ့ပုံစံလိုမ်ိဳးျဖစ္ေနၿပီး လီနာကိုၾကည့္မိေတာ့ လီနာက ရွက္ေသြးဖ်ာေနတယ္။
" အဲ့ေန႕ၾကရင္လည္း နာနီက လိုက္လာၿပီး ဂုဏ္ျပဳေပးရမယ္ေနာ္ "
" အာ.. ဟုတ္ ဟုတ္ကဲ့ပါဗ် "
နာနီ အရာအားလုံးႀကိဳသိေနတာေတာင္ ခံနိုင္ရည္ကရွိမေနေသးဘူး။ ဒါကမွ တကယ္ျဖစ္သင့္တာမဟုတ္လား ေယာကၤ်ားေလးက မိန္းကေလးနဲ႕ပဲ လက္ထပ္ရမွာေလ။ သူတို႔ က ဘယ္လိုလုပ္ျဖစ္နိုင္မွာလဲ။
/////////////////
ဟီးဟီး ရယ္ၿပီးသြားၾကၿပီဆိုေတာ့ ဟီးဟီး။
There are no comments yet. Log in to be the first to leave a review!





