Fanfics

13

08:30, 25 February 2025

U.

" အဖေဗျ ကျွန်တော် လီနာနဲ့မစေ့စပ်ချင်ဘူးဗျ "

" သားက လီနာလေးကိုသဘောကျနေတာပဲမဟုတ်ဘူးလား ပြီးတော့ အမေ့အမြင် ဘယ်စံအိမ်က မိန်းကလေးတွေက လီနာ့လောက် သားနဲ့ မသင့်တော်ဘူးလေကွဲ့ "

အဖေ့အနားမှာထိုင်နေတဲ့ အမေဖြစ်သူကဝင်ပြောတာဖြစ်တယ်။

" ဒါပေမယ့် ကျွန်တော် ကျွန်တော် သူ့ကိုသဘောမကျပါဘူး "

" လက်ခံလိုက်တော့ စီစဉ်ပြီးသွားပြီ ငါတို့ကိုအရှက်ရအောင်မလုပ်နဲ့ တစ်ဖက်ကိုလည်းအရှက်ရအောင်မလုပ်နဲ့ "

" အဖေ ကျွန်တော်တကယ်တောင်းပန်ပါတယ် ဒီစေ့စပ်မှုကိုဖျက်သိမ်းပေးပါ ကျေးဇူးပြုပြီး ကျွန်တော်တောင်းပန်ပါတယ် "

" တောက်ခ် မင်း ငါ့မျက်စိရှေ့ကအခုထွက်သွား ဒါငါ့အမိန့်ပဲ ဘယ်သူမှလွန်ဆန်လို့မရဘူး "

စကိုင်းက ဖခင်ဖြစ်သူနဲ့ တစ်ခါမှဒီလိုမဖြစ်ဖူးပေ။ အရင်ထဲကစကားနားထောင်လာသူမို့  အဖေဖြစ်သူကလည်း သူ့အပေါ်တစ်ခါမှ ဒီလိုမပြုမှုဖူးပေ။

" သား သွားသွား စိတ်အေးအေးထား မင်းအဖေကဒေါသထွက်နေတာ သွားနားတော့သွား "

" အမေဗျ "

" သွားတော့ သွား "

စကိုင်းလည်းပြောလို့မရတော့တာမလို့ အိမ်ဆောင်ခန်းထဲပဲဝင်နေလိုက်တော့တယ်။ အခုထိ သူ့မျက်လုံးထဲ နာနီ့ရဲ့ဖြစ်သွားတဲ့အမူအယာကိုပြန်မြင်နေတုန်း၊ နာနီ့လက်ကိုကိုင်လိုက်တုန်းကတောင် နာနီ့လက်ကအေးစိမ့်နေပြီး တုန်ရီနေတယ်ဆိုတာအမှတ်ရနေတုန်း။

*မဖြစ်ဘူး နာနီအတွေးလွန်နေလိမ့်မယ် နာနီငိုနေလိမ့်မယ် နာနီစိတ်မကောင်းဖြစ်နေမှာ အဲ့လိုဖြစ်လို့မရဘူး ဟုတ်တယ် ဟီရမ်ကစ်စံအိမ်ကိုသွားပြီး လီနာ့ကို လီနာ့ကို စေ့စပ်မှုကိုဖျက်သိမ်းခိုင်းရမယ် ဟုတ်တယ် သွားရမယ်*

စကိုင်းအတွေးတွေအရမ်းများလာတယ်။အတွေးတွေမှာလည်းနာနီတစ်ယောက်ပဲရှိတော့တယ်။ အိပ်ခန်းဆောင်တံခါးကိုဖွင့်ကြည့်တော့ မပွင့်တော့ပေ။

စကိုင်းတံခါးကိုထုရိုက်ရင်းအော်ခေါ်မိလေတော့

" သခင်လေးကိုသခင်ကြီးက အပြင်မထွက်ခိုင်းပါဘူး "

တံခါးအပြင်ဘက်ကထွက်လာတဲ့ အစေခံရဲ့အသံက စကိုင်းရဲ့အစေခံဖြစ်နေတာမို့

" တံခါးဖွင့်ပေး အိုက်လုံ "

" တောင်းပန်ပါတယ်သခင်လေး ကျွန်တော်တကယ်မရလို့ပါ "

စကိုင်းတကယ်ကိုအကျပ်ရိုက်သွားတယ်။ သူအခုအပြင်ထွက်လို့မရတော့ဘူး။ စကိုင်းအတတ်နိုင်ဆုံးစိတ်ကိုတည်ငြိမ်အောင် အရင်လုပ်ရတယ်။ စကိုင်းအမြဲ တရားထိုင်နေကြနေရာမှ ထိုင်လိုက်ပြီး စိတ်ကိုအတတ်နိုင်ဆုံးတည်ငြိမ်အောင်၊အတွေးမများအောင်လုပ်ရတယ်။

စကိုင်းရဲ့အခြေအနေတွေကို တံခါးအပြင်ဘက်ကနေ စောင့်နေကြတဲ့ စကိုင်းရဲ့အမေဖြစ်သူက

" အစ်ကို သားကိုဒီလိုလုပ်ထားလို့အဆင်ပြေပါ့မလားရှင် "

" ထားလိုက် စိတ်မပူနဲ့။ မဖြစ်သင့်တာ မဖြစ်ရအောင် တားရမှာပဲ ငါ သူ့ကြောင့်မျက်နှာမပျက်ချင်ဘူး ဒီစေ့စပ်ပွဲက အမြန်ဆုံးဖြစ်ကိုဖြစ်ရမယ်။ သူ့ကိုအဲ့ စံအိမ်ကိုမသွားစေနဲ့ အိုက်လုံ "

" ဟုတ်ကဲ့ပါဗျ ကျွန်တော်သေချာစောင့်ကြည့်ထားလိုက်ပါ့မယ် "

စကိုင်းရဲ့မိခင်က သက်ပျင်းသာချနေရတော့တယ်။ မနေ့ညက အခမ်းအနားမှာ  စကိုင်းနဲ့ နာနီနမ်းနေတာကို ဒီအိမ်ရဲ့အစေခံကတွေ့ပြီးလာပြောတာကြောင့် အပြင်ကိုမပေါက်ကြားစေဘဲ စကိုင်းကို လီနာနဲ့စေ့စပ်ပေးဖို့ဆုံးဖြတ်လိုက်ကြတာဖြစ်တယ်။

ဘယ်လိုလုပ် ယောင်္ကျားလေးတစ်ယောက်က အခြားယောင်္ကျားလေးတစ်ယောက်ကို ချစ်နေနိုင်ရတာလဲ၊ ကောင်းကင်က အပြစ်ပေးရင် ဘယ်လိုလုပ်မလဲ။ ဘယ်သူကမှလက်ခံနိုင်မှာမဟုတ်တာမို့ ဒါမျိုးကို ပိုမဆိုးခင် တားလိုက်တာက အသင့်တော်ဆုံးဖြစ်မှာ။

ပြီးတော့ နာနီဆိုတာ လီနာ့ကိုအမြဲနှိပ်စက်နေတဲ့သူလေ။ လီနာ့ကိုမုန်းနေတဲ့သူ အဲ့တော့ သူကလီနာ့ကိုအနိုင်ရဖို့အတွက်ဘာလုပ်ရလုပ်ရ လုပ်မှာပဲ။ စကိုင်းကိုလည်း ဒီလိုစိတ်တွေဝင်အောင် တစ်ခုခုလုပ်ထားတာပဲနေမယ်။ သိပ်ကိုရွံဖို့ကောင်းတယ်။

//////

" သခင်လေး နေ့လည်စာစားတော့မလားဗျ "

" ဟင့်အင်း မစားသေးဘူး အိုက်ကန် "

" သခင်လေး မနက်ထဲကဘာမှမစားရသေးဘူးလေ တစ်ခုခုတော့စားပါအုံးဗျ မဟုတ်ရင် သခင်လေးမကျန်းမာဘဲဖြစ်လိမ့်မယ်ဗျ "

" ရတယ် ပြန်သွားထားလိုက်အိုက်ကန် ငါတစ်ယောက်ထဲနေချင်သေးလို့ "

နာနီအခု အပန်းဖြေအဆောင်မှာထိုင်နေရင်း တစ်ယောက်ယောက်ကိုမျှော်နေမိနေတာပင်။ နာနီစိတ်ထဲ တင်းကျပ်နေပြီးနေလို့မကောင်းပေ။ စကိုင်းသာ အခုသူ့အနားရှိနေပေးရင်သိပ်ကောင်းမှာ။

စကိုင်းကအမြဲ သူ့မျက်နှာညှိုးတာနဲ့ " အဆင်ပြေရဲ့လား" လို့အရင်မေးပြီး နှစ်သိမ့်ပေးတတ်တာ။ စကိုင်းက ဒီကိုမလာတာဟာ အကြောင်းပြချက်တစ်ခုခုရှိနေမယ်လို့ နာနီယုံကြည်မိတယ်။ ဘာလို့ဆို စကိုင်းက နာနီစိတ်မကောင်းဖြစ်နေမှာကိုသိတာနဲ့ပင် ပြေးလာချင်နေခဲ့မှာကိုလည်းသိတယ်။

စကိုင်း နာနီ့ဆီကိုမလာတာဟာလည်း နှစ်ဖက်လုံးအတွက်အဆင်ပြေပါတယ်။ စေ့စပ်ပွဲဟာသေချာသွားပြီနှင့်အတူ နာနီနဲ့စကိုင်းရဲ့ဝေးကွာခြင်းဟာလည်းသေချာသွားလေပြီ။ အစောထဲက ဘယ်သူ့ကိုမှ ကောင်းကျိုးပေးနိုင်မှာ မဟုတ်တတဲ့ဆက်ဆံရေးမျိုးမှန်းသိရက်နဲ့ ရှေ့ဆက်တိုးခဲ့မိတဲ့ နာနီတို့ကအမှားကြီးမှားတာပဲ။

နာနီ စကိုင်းဆွဲပေးထားတဲ့ ပုံလေးကိုကြည့်ရင်း မျက်ရည်ကျလာတယ်။

" နာနီ ခွန်စကိုင်းကို သတိရတယ်။ "

တွေးမိတော့လည်း ဒီစေ့စပ်ပွဲဖြစ်သွားခဲ့ရင် နာနီ လက်ရှိဘဝကိုပြန်ရောက်သွားမှာမဟုတ်လား။ ပျော်နေသင့်ပေမယ့် နာနီကိုယ်တိုင်ကပျော်မနေခဲ့ဘူး။

//////

ဒုတိယမြောက်ရက်မှာလည်း စကိုင်းကို အခန်းထဲက မလွတ်ပေးသေးပေ။ အစားကိုလည်း အခန်းထဲမှာပဲစားရပြီး အပြင်ကိုလုံးဝထွက်ခွင့်မရအောင်ကို ပိတ်ထားဆဲဖြစ်တယ်။

မန္တာန်နဲ့ပိတ်ထားတာမို့ တံခါးကိုသာမန်လိုဖွင့်လို့မရပေ။ စကိုင်းက နေရာမှာပြန်ထိုင်ကာ တရားပြန်ထိုင်နေလိုက်တယ်။ သူ့လေ့လာခဲ့ဖူးတဲ့ မန္တာန်တွေကို အမှတ်ရအောင်ပြန်လုပ်တယ်။

တံခါးဖွင့်ရာတွင် မန္တာန်ကိုသုံးခုသာရွတ်‌ဆိုလို့ရနိုင်ပြီး သုံးခုလုံးလွှဲမှားခဲ့တဲ့အခါ တံခါးချပ်ဟာ ပိတ်ထားသူမှမဖွင့်ပေးရင် တသက်လုံးပိတ်သွားမှာဖြစ်တယ်။

စကိုင်း မှတ်မိသလောက်မန္တာန်တွေကိုစဉ်းစားရင်း တံခါးဖွင့်ဖို့ကြိုးစားကြည့်လိုက်တယ်။နှစ်ကြိမ်ဟာလွှဲမှားသွားခဲ့ပြီဖြစ်တယ်။ စကိုင်းစိတ်ထဲဇဝေဇဝါဖြစ်နေတဲ့ မန္တာန်က နှစ်ခုရှိနေသေးတာဖြစ်တယ်။

ဒီတစ်ခါဟာ နောက်ဆုံးအခွင့်အရေးဖြစ်ပြီး လွဲမှားခဲ့ရင် သူဟာနာနီ့ကိုဘယ်တော့မှထပ်တွေ့ခွင့်ရမှာမဟုတ်တော့ပေ။ စကိုင်းတစ်ခုကိုစိတ်ဆုံးဖြတ်ကာ ရွေးချယ်လိုက်ရင်း မန္တာန်ရွတ်ဆိုလိုက်တယ်။

ကံကောင်းစွာနဲ့တံခါးဟာပွင့်သွားတယ်။ စောင့်နေတဲ့အစေခံလည်းရှိမနေပေ။ စကိုင်းတံခါးကြပြန်ပိတ်ခဲ့ပြီး ဘယ်သူမှမရှိသေးခင် မြစ်ကမ်းဆိပ်ကိုသွားလိုက်တယ် ပြီးတော့ အစေခံတစ်ယောက်ကိုမှမခေါ်ဘဲ လှေတစ်စီးကိုယူပြီး သူကိုယ်တိုင်ပဲလှော်လာခဲ့တော့တယ်။

စကိုင်းဟာ သူ့ရဲ့ကြိုးနီလေးကိုတွေ့ချင်စိတ်နဲ့ လှော်လာတဲ့လှေဟာ အချိန်ဘယ်လောက်မှမကြာဘဲနဲ့ ကြိုးနီလေးရဲ့စံအိမ်စီရောက်ရှိလာပါတယ်။

တံတားအဝမှာတော့ ဆွမ်းကပ်နေတဲ့ လီနာနဲ့ အစေခံကိုတွေ့လိုက်ရတယ်။အပန်းဖြေဆောင်ဘက်ကိုလှမ်းကြည့်မိတော့ နာနီထိုင်နေတာကိုတွေ့လိုက်ရတယ်။ နာနီကတစ်ချက်အပြင်ဘက်ကိုကြည့်မိတော့စကိုင်းနဲ့အကြည့်ချင်းစုံသွားတယ်။

စကိုင်းလည်း လှေကိုသေချာထိန်းရပ်ရင်း တံတားအပေါ်ကိုတက်လာလိုက်တယ်။

" သခင်လေးစကိုင်း "

" လီနာ ခနလေးနော် "

လီနာ ဘယ်လိုကျန်နေခဲ့မလဲဆိုတာကိုစိတ်မဝင်စားပဲ အပန်းဖြေဆောင်ဘက်ကို ပြေးသွားလိုက်တယ်။ လမ်းတစ်ဝက်မှာတင် ပြေးထွက်လာတဲ့နာနီ့ကိုတွေ့လိုက်ရတာကြောင့် စကိုင်းပြေးနေရာမှရပ်လိုက်တယ်။

" ခွန်စကိုင်း "

နာနီက စကိုင်းရဲ့ရင်ခွင်ထဲကိုတည့်တည့်မတ်မတ်တိုးဝင်လာခဲ့တယ်။စကိုင်းလည်းရင်ခွင်ထဲက နာနီ့ကိုတင်းကျပ်နေအောင်ဖက်ထားလိုက်တယ်။

" အဆင်ပြေရဲ့လား ကိုယ်တောင်းပန်ပါတယ် ချက်ချင်းလာမတွေ့နိုင်ခဲ့ဘူး ကိုယ်တောင်းပန်ပါတယ်။ ကိုယ်အဲ့စေ့စပ်ပွဲကို ကိုယ်ဖျက်မှာ ကိုယ်ဘယ်သူနဲ့မှစေ့စပ်မှာမဟုတ်ဘူး ကိုယ်နာနီ့ကိုပဲချစ်တာ ဘယ်သူ့ကိုမှမချစ်ဘူး "

စကိုင်းရင်ခွင်ထဲက နာနီ့ရဲ့ခန္ဓာကိုယ်လေးဟာ ငိုနေတာမို့တသိမ့်သိမ့်တုန်နေတယ်။

" ကိုယ်တောင်းပန်ပါတယ် မငိုပါနဲ့ "

" ခွန်စကိုင်း နာနီ.. နာနီ ခွန်စကိုင်းကိုချစ်တယ်နော် "

" အွန်း ကိုယ်သိတယ် "

စကိုင်းက နာနီ့ကိုရင်ခွင်ထဲကနေထုတ်ပြီး မျက်ရည်တွေသုတ်ပေးလိုက်တယ်။ နာနီ့နဖူးကိုဖွဖွလေး နမ်းပြီး

" နာနီ ဒီမှာ ကိုယ့်ကို ခနလောက်စောင့်နေပေးနော် ကိုယ်အပြီးသတ်စရာလေးတွေရှိသေးလို့ "

" ဟင့်အင်း နာနီလည်းလိုက်ခဲ့မယ် "

" ကိုယ်ပြန်လာမှာမို့ ကိုယ့်ကိုဒီမှာပဲစောင့်နေပေးနော် ကိုယ်နာနီ့ကို အိပ်ခန်းအဆောင်စီလိုက်ပို့ပေးမယ်။ "

စကိုင်းက နာနီ့ကိုအိပ်ခန်းအဆောင်စီ လိုက်ပို့ပြီးနောက် လီနာ့ကိုသွားရှာရတော့တယ်။

လီနာက အပန်းဖြေဆောင်မှာထိုင်စောင့်နေတာဖြစ်တယ်။ စကိုင်းကိုမြင်တော့ လီနာက မတ်တပ်ရပ်ပြီး အစေခံတွေကို မောင်းထုတ်လိုက်တယ်။

" သခင်လေးစကိုင်း "လီနာက စကိုင်းကို ထိုင်ဖို့ပြောတုန်းပဲရှိနေသေး စကိုင်းက လီနာ့ရှေ့မှာဒူးထောက်လိုက်ပြီး

" ကျွန်တော်တောင်းပန်ပါတယ်ဗျ.."

" အယ် သခင်လေး ထပါ..ဒီလိုကြီးကမသင့်တော်ပါဘူး "

" ကျွန်တော်တို့စေ့စပ်မှုကို ရုတ်သိမ်းပေးပါ ကျွန်တော်တောင်းဆိုတာပါ "

စကိုင်းကိုမတ်တပ်ရပ်နိုင်အောင်ကူမေးနေတဲ့ လီနာလက်တွေကတောင့်သွားတယ်။စကိုင်းစီကလက်ကိုဖယ်လိုက်ပြီး

" အကြောင်းပြချက်က "

" ကျွန်တော် လီနာ့ကို သဘောမကျပါဘူး ပြီးတော့ ကျွန်တော် ကျွန်တော့်မှာ သဘောကျရတဲ့သူရှိပြီးသားပါ "

" နာနီမဟုတ်လား ဟက့် "

လီနာ ရုတ်တရက်ပြောလိုက်တဲ့စကားကြောင့် စကိုင်းအနည်းငယ်တော့ အံ့အားသင့်မိသွားတယ်။

" သခင်လေး ပြန်ပါတော့ "

" ကျွန်တော်တောင်းပန်ပါတယ် "

" ကျွန်မလည်းတောင်းပန်ပါတယ် သခင်လေးပြန်ပါတော့ ကျွန်မကိုလည်း အချိန်ပေးပါ "

စကိုင်းက သေချာပေါက် စိတ်မအေးသေးပေမဲ့ စံအိမ်မှာဆူညံတာမျိုးတွေမဖြစ်စေချင်တာကြောင့် သူပြန်ဖို့ပဲဆုံးဖြတ်လိုက်တော့။ စကိုင်း နေရာကထွက်သွားတာနဲ့တစ်ပြိုင်နက် လီနာက စားပွဲပေါ်မှာရှ်ိနေတဲ့ ရေနွေးကြမ်း ပန်းကန်တွေကို တွန်းချလိုက်တယ်။

" ငါကရူးနေလို့ ငါကရူးနေလို့စေ့စပ်ပွဲကိုဖျက်သိမ်းပေးရမှာလားဟမ်၊ ငါကရူးနေလို့အဲ့အကောင်ကိုပဲ အနိုင်ရအောင်ခွင့်ပေးလိုက်ရမှာလား အားးး"

လီနာက စိတ်မထိန်းချုပ်နိုင်တော့ပေ ရှိသမျှ ပစ္စည်းတွေကိုပစ်ပေါက်ရင်းအော်ဟစ်နေမိတယ်။

" အရူးတွေ မဖြစ်လာစေရဘူး နင်တို့ဖြစ်ချင်တာတွေ ဘာတစ်ခုမှ ဖြစ်မလာစေရဘူး စကိုင်းက ငါနဲ့ပဲလက်ထပ်ရမယ် ဟုတ်တယ် ငါနဲ့ပဲ ဖြစ်ရမယ် "

လီနာက နာနီရဲ့ အဆောင်ကိုသွားဖို့ ဆုံးဖြတ်လိုက်တယ်။

နာနီ ခြေသံကြားတာကြောင့် စကိုင်းလာတယ်အမှတ်နဲ့ ထွက်ကြည့်မိတော့ စကိုင်းမဟုတ်ဘဲ လီနာဖြစ်နေတာကိုတွေ့ရတယ်။လီနာ့မျက်လုံးတွေက ရဲနေပြီး လက်တွေကတုန်ရီနေတယ်။

" လီနာ.."

*ဖြောင်း*

နာနီဘာမှမပြောလိုက်နိုင်ခင် လီနာ့ရဲ့လက်ဖဝါးက နာနီ့ရဲ့မျက်နှာတစ်ခြမ်းပေါ်ကျလာပြီး နာနီပါးတစ်ခြမ်းက ပူထူသွားတယ်။

" ရွံဖို့ကောင်းလိုက်တဲ့အကောင် နင်ကလေ ငယ်ငယ်လေးထဲက ငါလိုချင်သမျှကို လုယူတတ်တာက အကျင့်ဖြစ်နေတာလားဟမ် အခု ငါနဲ့လက်ထပ်ရမယ့်လူကိုတောင် နင်က လုချင်သေးတာလား နင့်မှာအရှက်သိက္ခာမရှိဘူးလား "

" မဟုတ်.."

" ငါတောင်းပန်ပါတယ် နင် နင်ဘဝတစ်လျှောက်လုံး နင်လိုချင်တာတွေအကုန်ရခဲ့ပြီးပြီမဟုတ်လား နင်ကိုယ်တိုင်မှသူ့ကိုလက်ထပ်လို့မဖြစ်နိုင်တာ မတောင်းပန်ပါတယ် ထပ်ပြမပက်သတ်ပါနဲ့တော့ "

" ဒါဘာတွေဖြစ်နေကြတာလဲ "

နာနီ့ရဲ့အဖေနဲ့ လီနာ့အမေက ရောက်လာပြီးမေးကြတယ်။

" အမေ သမီး..."လီနာက သူ့အမေကိုတွေ့တာနဲ့ သူအမေရင်ခွင်ထဲဝင်ပြီးငိုကြွေးပြတယ်။

" သခင်လေးစကိုင်းကလာပြောသွားတယ် သမီးကို သမီးကိုစေ့စပ်ပွဲကိုဖျက်သိမ်းပေးပါတဲ့ သူက သူကသမီးကိုမချစ်ဘူးတဲ့ သူကနာနီ့ကိုချစ်နေတာတဲ့ "

နာနီကတော့ နေရာမှာကျောက်ရုပ်အသားအလှုပ်မယှက်ဘဲရပ်နေမိတယ်။အစေခံတွေရဲ့အကြည့်ကိုတောင် မရင်ဆိုင်နိုင်တော့ပေ။ ရွံရှာစရာသတ္တဝါတစ်ကောင်ကိုကြည့်တဲ့အကြည့်မျိုးနဲ့ကြည့်နေကြတာ။

*ခွပ်*

" အ..အဖေ "

နာနီထပ်ပြီးအထိုးခံလိုက်ရတယ်။

"တောက်ခ် ကြားလို့မှမကောင်းကွာ မင်းကိုဒီလောက်ထိ ဖြစ်ချင်တာမှန်သမျှလိုက်လျှောပေးထားခဲ့တာတောင် ဒီစံအိမ်ကိုစိတ်ဆင်းရဲအောင်လုပ်တုန်း မင်းအမေနဲ့မတူအောင်နေပေးလို့မရဘူးလားဟမ် သားရောအမေရောက စိတ်ကုန်စရာကောင်းလွန်းတယ် အခုကစပြီး နာနီ့ကိုအပြင်မထွက်စေနဲ့ ဒီအဆောင်ကတောင်မထွက်စေနဲ့ မြင်ရတာကျက်သရေမရှိလို့ "

ပြောချင်တာပြောပြီး သခင်ကြီးနဲ့အစေခံတွေကထွက်သွားတယ်။ နာနီမတ်တပ်ရပ်နေရာမှ ခြေထောက်မခိုင်တော့ဘဲမြေပေါ်ထိုင်လျက်သားဖြစ်သွားတယ်။

ကျန်ခဲ့တဲ့ လီနာနဲ့ သူ့အမေဖြစ်သူက နာနီ့အနားရောက်လာတယ်။ ငိုထားတဲ့ပုံစံနဲ့မတူတော့ဘဲ ပြုံးနေတဲ့မျက်နှာနဲ့ဖြစ်တယ်။

လီနာက နာနီ့ရဲ့မျက်နှာကိုသူ့လက်တစ်ဖက်နဲ့ညှစ်ပြီး

" ဒါက နင်ခံရသင့်တာပဲ နင့်လိုမျိုးလူကိုဘယ်လိုသတ္တဝါနဲ့နှိုင်းယှဉ်ဖော်ပြရမလဲဟမ်! ကိုယ့်ညီမဖြစ်သူရဲ့လင်ကို လုတာဆိုတော့ "

နာနီဘာမှမပြောဘဲ လီနာရဲ့မျက်နှာကိုတံတွေးနဲ့ထွေးထုတ်လိုက်တယ်။

" တောက်ခ် ဒီကောင်ကတော့ "

*ဖြောင်း*

ဒီတစ်ခါနာနီ့ကိုရိုက်တာက လီနာ့ရဲ့အမေဖြစ်တယ်။ နာနီနှုတ်ခမ်းထောင့်ကနေသွေးတွေစီးကျလာတယ်။ နာနီပြုံးပြီးသွေးကိုလျှာနဲ့လျက်ပြလိုက်တယ်။

" တော်လိုက်တော့အမေ ဒီကောင့်ကိုလွှတ်ထားလိုက် ဒီကောင်က အမြဲတမ်းအရှုံးသမားပဲဖြစ်နေမှာ သခင်လေးစကိုင်းကသူ့ကိုတကယ်ချစ်တယ်လို့ပဲသူကထင်နေတာ ဘယ်သူကများ တကယ်ချစ်မှာလဲ သနားဖို့ကောင်းလိုက်တာ လှည့်စားတိုင်းခံနေရတာ "

" အရူးမ "

နာနီကပြန်ပြောလိုက်တော့ လီနာက နာနီ့မျက်နှာကိုပြန်ညှစ်လာပြန်တယ်။

" နင် အခုချိန်ထိ အသိတရားမရသေးတာလား ဦးနှောက်ရောရှိသေးရဲ့လားဟမ် ရူးနေတာကနင် ဒါကအခုမှအစပဲရှိသေးတာ နောက်ဆို နင်ဒီ့ထပ်ပိုဆိုးလိမ့်မယ် "

လီနာက သူ့အမေနဲ့ပြန်ထွက်သွားပြီး အဆောင်တံခါးကိုပိတ်သွားတယ်။ နာနီမျက်ရည်တွေနဲ့ နှုတ်ခမ်းက သွေးတွေကိုသုတ်ပစ်လိုက်တယ်။

နောက်ပိုင်း ဘာတွေဆက်ဖြစ်မလဲဆိုတာကိုမသိနိုင်ပေ။ ဒီထပ်ပိုဆိုးလာမယ်ဆိုတာကိုတော့ နာနီခန့်မှန်းမိပါတယ်။ နာနီ မနည်းအားယူပြီးမတ်တပ်ထရပ်လိုက်ရတယ်။

အဆောင်တံခါးကို ဖွင့်ဖို့အစီအစဉ်မရှိပါ။ ခုနကတင် လူတိုင်းရဲ့အကြည့်တွေ အဓိပ္ပာယ်တောင်အတိအကျမဖော်နိုင်တဲ့အကြည့်တွေနဲ့ကြည့်နေကြတာ။ ထပ်ပြီး မခံနိုင်တော့ဘူး။

စကိုင်းရော၊စကိုင်းရောအဆင်ပြေရဲ့လားမသိဘူး။ စကိုင်းကနာနီ့ကိုချစ်တယ်ဆိုတာကိုနာနီကယုံကြည်ပါတယ်။ ပြီးတော့ တစ်နည်းနည်းနဲ့စကိုင်းနာနီ့ဆီအရောက်လာမယ်ဆိုတာလည်းနာနီယုံတယ်။

////////////////

Have a nice day💗

Z.

" အေဖဗ် ကြၽန္ေတာ္ လီနာနဲ႕မေစ့စပ္ခ်င္ဘူးဗ် "

" သားက လီနာေလးကိုသေဘာက်ေနတာပဲမဟုတ္ဘူးလား ၿပီးေတာ့ အေမ့အျမင္ ဘယ္စံအိမ္က မိန္းကေလးေတြက လီနာ့ေလာက္ သားနဲ႕ မသင့္ေတာ္ဘူးေလကြဲ႕ "

အေဖ့အနားမွာထိုင္ေနတဲ့ အေမျဖစ္သူကဝင္ေျပာတာျဖစ္တယ္။

" ဒါေပမယ့္ ကြၽန္ေတာ္ ကြၽန္ေတာ္ သူ႕ကိုသေဘာမက်ပါဘူး "

" လက္ခံလိုက္ေတာ့ စီစဥ္ၿပီးသြားၿပီ ငါတို႔ကိုအရွက္ရေအာင္မလုပ္နဲ႕ တစ္ဖက္ကိုလည္းအရွက္ရေအာင္မလုပ္နဲ႕ "

" အေဖ ကြၽန္ေတာ္တကယ္ေတာင္းပန္ပါတယ္ ဒီေစ့စပ္မႈကိုဖ်က္သိမ္းေပးပါ ေက်းဇူးျပဳၿပီး ကြၽန္ေတာ္ေတာင္းပန္ပါတယ္ "

" ေတာက္ခ္ မင္း ငါ့မ်က္စိေရွ႕ကအခုထြက္သြား ဒါငါ့အမိန႔္ပဲ ဘယ္သူမွလြန္ဆန္လို႔မရဘူး "

စကိုင္းက ဖခင္ျဖစ္သူနဲ႕ တစ္ခါမွဒီလိုမျဖစ္ဖူးေပ။ အရင္ထဲကစကားနားေထာင္လာသူမို႔  အေဖျဖစ္သူကလည္း သူ႕အေပၚတစ္ခါမွ ဒီလိုမျပဳမႈဖူးေပ။

" သား သြားသြား စိတ္ေအးေအးထား မင္းအေဖကေဒါသထြက္ေနတာ သြားနားေတာ့သြား "

" အေမဗ် "

" သြားေတာ့ သြား "

စကိုင္းလည္းေျပာလို႔မရေတာ့တာမလို႔ အိမ္ေဆာင္ခန္းထဲပဲဝင္ေနလိုက္ေတာ့တယ္။ အခုထိ သူ႕မ်က္လုံးထဲ နာနီ႕ရဲ႕ျဖစ္သြားတဲ့အမူအယာကိုျပန္ျမင္ေနတုန္း၊ နာနီ႕လက္ကိုကိုင္လိုက္တုန္းကေတာင္ နာနီ႕လက္ကေအးစိမ့္ေနၿပီး တုန္ရီေနတယ္ဆိုတာအမွတ္ရေနတုန္း။

*မျဖစ္ဘူး နာနီအေတြးလြန္ေနလိမ့္မယ္ နာနီငိုေနလိမ့္မယ္ နာနီစိတ္မေကာင္းျဖစ္ေနမွာ အဲ့လိုျဖစ္လို႔မရဘူး ဟုတ္တယ္ ဟီရမ္ကစ္စံအိမ္ကိုသြားၿပီး လီနာ့ကို လီနာ့ကို ေစ့စပ္မႈကိုဖ်က္သိမ္းခိုင္းရမယ္ ဟုတ္တယ္ သြားရမယ္*

စကိုင္းအေတြးေတြအရမ္းမ်ားလာတယ္။အေတြးေတြမွာလည္းနာနီတစ္ေယာက္ပဲရွိေတာ့တယ္။ အိပ္ခန္းေဆာင္တံခါးကိုဖြင့္ၾကည့္ေတာ့ မပြင့္ေတာ့ေပ။

စကိုင္းတံခါးကိုထုရိုက္ရင္းေအာ္ေခၚမိေလေတာ့

" သခင္ေလးကိုသခင္ႀကီးက အျပင္မထြက္ခိုင္းပါဘူး "

တံခါးအျပင္ဘက္ကထြက္လာတဲ့ အေစခံရဲ႕အသံက စကိုင္းရဲ႕အေစခံျဖစ္ေနတာမို႔

" တံခါးဖြင့္ေပး အိုက္လုံ "

" ေတာင္းပန္ပါတယ္သခင္ေလး ကြၽန္ေတာ္တကယ္မရလို႔ပါ "

စကိုင္းတကယ္ကိုအက်ပ္ရိုက္သြားတယ္။ သူအခုအျပင္ထြက္လို႔မရေတာ့ဘူး။ စကိုင္းအတတ္နိုင္ဆုံးစိတ္ကိုတည္ၿငိမ္ေအာင္ အရင္လုပ္ရတယ္။ စကိုင္းအၿမဲ တရားထိုင္ေနၾကေနရာမွ ထိုင္လိုက္ၿပီး စိတ္ကိုအတတ္နိုင္ဆုံးတည္ၿငိမ္ေအာင္၊အေတြးမမ်ားေအာင္လုပ္ရတယ္။

စကိုင္းရဲ႕အေျခအေနေတြကို တံခါးအျပင္ဘက္ကေန ေစာင့္ေနၾကတဲ့ စကိုင္းရဲ႕အေမျဖစ္သူက

" အစ္ကို သားကိုဒီလိုလုပ္ထားလို႔အဆင္ေျပပါ့မလားရွင္ "

" ထားလိုက္ စိတ္မပူနဲ႕။ မျဖစ္သင့္တာ မျဖစ္ရေအာင္ တားရမွာပဲ ငါ သူ႕ေၾကာင့္မ်က္ႏွာမပ်က္ခ်င္ဘူး ဒီေစ့စပ္ပြဲက အျမန္ဆုံးျဖစ္ကိုျဖစ္ရမယ္။ သူ႕ကိုအဲ့ စံအိမ္ကိုမသြားေစနဲ႕ အိုက္လုံ "

" ဟုတ္ကဲ့ပါဗ် ကြၽန္ေတာ္ေသခ်ာေစာင့္ၾကည့္ထားလိုက္ပါ့မယ္ "

စကိုင္းရဲ႕မိခင္က သက္ပ်င္းသာခ်ေနရေတာ့တယ္။ မေန႕ညက အခမ္းအနားမွာ  စကိုင္းနဲ႕ နာနီနမ္းေနတာကို ဒီအိမ္ရဲ႕အေစခံကေတြ႕ၿပီးလာေျပာတာေၾကာင့္ အျပင္ကိုမေပါက္ၾကားေစဘဲ စကိုင္းကို လီနာနဲ႕ေစ့စပ္ေပးဖို႔ဆုံးျဖတ္လိုက္ၾကတာျဖစ္တယ္။

ဘယ္လိုလုပ္ ေယာကၤ်ားေလးတစ္ေယာက္က အျခားေယာကၤ်ားေလးတစ္ေယာက္ကို ခ်စ္ေနနိုင္ရတာလဲ၊ ေကာင္းကင္က အျပစ္ေပးရင္ ဘယ္လိုလုပ္မလဲ။ ဘယ္သူကမွလက္ခံနိုင္မွာမဟုတ္တာမို႔ ဒါမ်ိဳးကို ပိုမဆိုးခင္ တားလိုက္တာက အသင့္ေတာ္ဆုံးျဖစ္မွာ။

ၿပီးေတာ့ နာနီဆိုတာ လီနာ့ကိုအၿမဲႏွိပ္စက္ေနတဲ့သူေလ။ လီနာ့ကိုမုန္းေနတဲ့သူ အဲ့ေတာ့ သူကလီနာ့ကိုအနိုင္ရဖို႔အတြက္ဘာလုပ္ရလုပ္ရ လုပ္မွာပဲ။ စကိုင္းကိုလည္း ဒီလိုစိတ္ေတြဝင္ေအာင္ တစ္ခုခုလုပ္ထားတာပဲေနမယ္။ သိပ္ကို႐ြံဖို႔ေကာင္းတယ္။

//////

" သခင္ေလး ေန႕လည္စာစားေတာ့မလားဗ် "

" ဟင့္အင္း မစားေသးဘူး အိုက္ကန္ "

" သခင္ေလး မနက္ထဲကဘာမွမစားရေသးဘူးေလ တစ္ခုခုေတာ့စားပါအုံးဗ် မဟုတ္ရင္ သခင္ေလးမက်န္းမာဘဲျဖစ္လိမ့္မယ္ဗ် "

" ရတယ္ ျပန္သြားထားလိုက္အိုက္ကန္ ငါတစ္ေယာက္ထဲေနခ်င္ေသးလို႔ "

နာနီအခု အပန္းေျဖအေဆာင္မွာထိုင္ေနရင္း တစ္ေယာက္ေယာက္ကိုေမွ်ာ္ေနမိေနတာပင္။ နာနီစိတ္ထဲ တင္းက်ပ္ေနၿပီးေနလို႔မေကာင္းေပ။ စကိုင္းသာ အခုသူ႕အနားရွိေနေပးရင္သိပ္ေကာင္းမွာ။

စကိုင္းကအၿမဲ သူ႕မ်က္ႏွာညွိုးတာနဲ႕ " အဆင္ေျပရဲ႕လား" လို႔အရင္ေမးၿပီး ႏွစ္သိမ့္ေပးတတ္တာ။ စကိုင္းက ဒီကိုမလာတာဟာ အေၾကာင္းျပခ်က္တစ္ခုခုရွိေနမယ္လို႔ နာနီယုံၾကည္မိတယ္။ ဘာလို႔ဆို စကိုင္းက နာနီစိတ္မေကာင္းျဖစ္ေနမွာကိုသိတာနဲ႕ပင္ ေျပးလာခ်င္ေနခဲ့မွာကိုလည္းသိတယ္။

စကိုင္း နာနီ႕ဆီကိုမလာတာဟာလည္း ႏွစ္ဖက္လုံးအတြက္အဆင္ေျပပါတယ္။ ေစ့စပ္ပြဲဟာေသခ်ာသြားၿပီႏွင့္အတူ နာနီနဲ႕စကိုင္းရဲ႕ေဝးကြာျခင္းဟာလည္းေသခ်ာသြားေလၿပီ။ အေစာထဲက ဘယ္သူ႕ကိုမွ ေကာင္းက်ိဳးေပးနိုင္မွာ မဟုတ္တတဲ့ဆက္ဆံေရးမ်ိဳးမွန္းသိရက္နဲ႕ ေရွ႕ဆက္တိုးခဲ့မိတဲ့ နာနီတို႔ကအမွားႀကီးမွားတာပဲ။

နာနီ စကိုင္းဆြဲေပးထားတဲ့ ပုံေလးကိုၾကည့္ရင္း မ်က္ရည္က်လာတယ္။

" နာနီ ခြန္စကိုင္းကို သတိရတယ္။ "

ေတြးမိေတာ့လည္း ဒီေစ့စပ္ပြဲျဖစ္သြားခဲ့ရင္ နာနီ လက္ရွိဘဝကိုျပန္ေရာက္သြားမွာမဟုတ္လား။ ေပ်ာ္ေနသင့္ေပမယ့္ နာနီကိုယ္တိုင္ကေပ်ာ္မေနခဲ့ဘူး။

//////

ဒုတိယေျမာက္ရက္မွာလည္း စကိုင္းကို အခန္းထဲက မလြတ္ေပးေသးေပ။ အစားကိုလည္း အခန္းထဲမွာပဲစားရၿပီး အျပင္ကိုလုံးဝထြက္ခြင့္မရေအာင္ကို ပိတ္ထားဆဲျဖစ္တယ္။

မႏၱာန္နဲ႕ပိတ္ထားတာမို႔ တံခါးကိုသာမန္လိုဖြင့္လို႔မရေပ။ စကိုင္းက ေနရာမွာျပန္ထိုင္ကာ တရားျပန္ထိုင္ေနလိုက္တယ္။ သူ႕ေလ့လာခဲ့ဖူးတဲ့ မႏၱာန္ေတြကို အမွတ္ရေအာင္ျပန္လုပ္တယ္။

တံခါးဖြင့္ရာတြင္ မႏၱာန္ကိုသုံးခုသာ႐ြတ္‌ဆိုလို႔ရနိုင္ၿပီး သုံးခုလုံးလႊဲမွားခဲ့တဲ့အခါ တံခါးခ်ပ္ဟာ ပိတ္ထားသူမွမဖြင့္ေပးရင္ တသက္လုံးပိတ္သြားမွာျဖစ္တယ္။

စကိုင္း မွတ္မိသေလာက္မႏၱာန္ေတြကိုစဥ္းစားရင္း တံခါးဖြင့္ဖို႔ႀကိဳးစားၾကည့္လိုက္တယ္။ႏွစ္ႀကိမ္ဟာလႊဲမွားသြားခဲ့ၿပီျဖစ္တယ္။ စကိုင္းစိတ္ထဲဇေဝဇဝါျဖစ္ေနတဲ့ မႏၱာန္က ႏွစ္ခုရွိေနေသးတာျဖစ္တယ္။

ဒီတစ္ခါဟာ ေနာက္ဆုံးအခြင့္အေရးျဖစ္ၿပီး လြဲမွားခဲ့ရင္ သူဟာနာနီ႕ကိုဘယ္ေတာ့မွထပ္ေတြ႕ခြင့္ရမွာမဟုတ္ေတာ့ေပ။ စကိုင္းတစ္ခုကိုစိတ္ဆုံးျဖတ္ကာ ေ႐ြးခ်ယ္လိုက္ရင္း မႏၱာန္႐ြတ္ဆိုလိုက္တယ္။

ကံေကာင္းစြာနဲ႕တံခါးဟာပြင့္သြားတယ္။ ေစာင့္ေနတဲ့အေစခံလည္းရွိမေနေပ။ စကိုင္းတံခါးၾကျပန္ပိတ္ခဲ့ၿပီး ဘယ္သူမွမရွိေသးခင္ ျမစ္ကမ္းဆိပ္ကိုသြားလိုက္တယ္ ၿပီးေတာ့ အေစခံတစ္ေယာက္ကိုမွမေခၚဘဲ ေလွတစ္စီးကိုယူၿပီး သူကိုယ္တိုင္ပဲေလွာ္လာခဲ့ေတာ့တယ္။

စကိုင္းဟာ သူ႕ရဲ႕ႀကိဳးနီေလးကိုေတြ႕ခ်င္စိတ္နဲ႕ ေလွာ္လာတဲ့ေလွဟာ အခ်ိန္ဘယ္ေလာက္မွမၾကာဘဲနဲ႕ ႀကိဳးနီေလးရဲ႕စံအိမ္စီေရာက္ရွိလာပါတယ္။

တံတားအဝမွာေတာ့ ဆြမ္းကပ္ေနတဲ့ လီနာနဲ႕ အေစခံကိုေတြ႕လိုက္ရတယ္။အပန္းေျဖေဆာင္ဘက္ကိုလွမ္းၾကည့္မိေတာ့ နာနီထိုင္ေနတာကိုေတြ႕လိုက္ရတယ္။ နာနီကတစ္ခ်က္အျပင္ဘက္ကိုၾကည့္မိေတာ့စကိုင္းနဲ႕အၾကည့္ခ်င္းစုံသြားတယ္။

စကိုင္းလည္း ေလွကိုေသခ်ာထိန္းရပ္ရင္း တံတားအေပၚကိုတက္လာလိုက္တယ္။

" သခင္ေလးစကိုင္း "

" လီနာ ခနေလးေနာ္ "

လီနာ ဘယ္လိုက်န္ေနခဲ့မလဲဆိုတာကိုစိတ္မဝင္စားပဲ အပန္းေျဖေဆာင္ဘက္ကို ေျပးသြားလိုက္တယ္။ လမ္းတစ္ဝက္မွာတင္ ေျပးထြက္လာတဲ့နာနီ႕ကိုေတြ႕လိုက္ရတာေၾကာင့္ စကိုင္းေျပးေနရာမွရပ္လိုက္တယ္။

" ခြန္စကိုင္း "

နာနီက စကိုင္းရဲ႕ရင္ခြင္ထဲကိုတည့္တည့္မတ္မတ္တိုးဝင္လာခဲ့တယ္။စကိုင္းလည္းရင္ခြင္ထဲက နာနီ႕ကိုတင္းက်ပ္ေနေအာင္ဖက္ထားလိုက္တယ္။

" အဆင္ေျပရဲ႕လား ကိုယ္ေတာင္းပန္ပါတယ္ ခ်က္ခ်င္းလာမေတြ႕နိုင္ခဲ့ဘူး ကိုယ္ေတာင္းပန္ပါတယ္။ ကိုယ္အဲ့ေစ့စပ္ပြဲကို ကိုယ္ဖ်က္မွာ ကိုယ္ဘယ္သူနဲ႕မွေစ့စပ္မွာမဟုတ္ဘူး ကိုယ္နာနီ႕ကိုပဲခ်စ္တာ ဘယ္သူ႕ကိုမွမခ်စ္ဘူး "

စကိုင္းရင္ခြင္ထဲက နာနီ႕ရဲ႕ခႏၶာကိုယ္ေလးဟာ ငိုေနတာမို႔တသိမ့္သိမ့္တုန္ေနတယ္။

" ကိုယ္ေတာင္းပန္ပါတယ္ မငိုပါနဲ႕ "

" ခြန္စကိုင္း နာနီ.. နာနီ ခြန္စကိုင္းကိုခ်စ္တယ္ေနာ္ "

" အြန္း ကိုယ္သိတယ္ "

စကိုင္းက နာနီ႕ကိုရင္ခြင္ထဲကေနထုတ္ၿပီး မ်က္ရည္ေတြသုတ္ေပးလိုက္တယ္။ နာနီ႕နဖူးကိုဖြဖြေလး နမ္းၿပီး

" နာနီ ဒီမွာ ကိုယ့္ကို ခနေလာက္ေစာင့္ေနေပးေနာ္ ကိုယ္အၿပီးသတ္စရာေလးေတြရွိေသးလို႔ "

" ဟင့္အင္း နာနီလည္းလိုက္ခဲ့မယ္ "

" ကိုယ္ျပန္လာမွာမို႔ ကိုယ့္ကိုဒီမွာပဲေစာင့္ေနေပးေနာ္ ကိုယ္နာနီ႕ကို အိပ္ခန္းအေဆာင္စီလိုက္ပို႔ေပးမယ္။ "

စကိုင္းက နာနီ႕ကိုအိပ္ခန္းအေဆာင္စီ လိုက္ပို႔ၿပီးေနာက္ လီနာ့ကိုသြားရွာရေတာ့တယ္။

လီနာက အပန္းေျဖေဆာင္မွာထိုင္ေစာင့္ေနတာျဖစ္တယ္။ စကိုင္းကိုျမင္ေတာ့ လီနာက မတ္တပ္ရပ္ၿပီး အေစခံေတြကို ေမာင္းထုတ္လိုက္တယ္။

" သခင္ေလးစကိုင္း "လီနာက စကိုင္းကို ထိုင္ဖို႔ေျပာတုန္းပဲရွိေနေသး စကိုင္းက လီနာ့ေရွ႕မွာဒူးေထာက္လိုက္ၿပီး

" ကြၽန္ေတာ္ေတာင္းပန္ပါတယ္ဗ်.."

" အယ္ သခင္ေလး ထပါ..ဒီလိုႀကီးကမသင့္ေတာ္ပါဘူး "

" ကြၽန္ေတာ္တို႔ေစ့စပ္မႈကို ႐ုတ္သိမ္းေပးပါ ကြၽန္ေတာ္ေတာင္းဆိုတာပါ "

စကိုင္းကိုမတ္တပ္ရပ္နိုင္ေအာင္ကူေမးေနတဲ့ လီနာလက္ေတြကေတာင့္သြားတယ္။စကိုင္းစီကလက္ကိုဖယ္လိုက္ၿပီး

" အေၾကာင္းျပခ်က္က "

" ကြၽန္ေတာ္ လီနာ့ကို သေဘာမက်ပါဘူး ၿပီးေတာ့ ကြၽန္ေတာ္ ကြၽန္ေတာ့္မွာ သေဘာက်ရတဲ့သူရွိၿပီးသားပါ "

" နာနီမဟုတ္လား ဟက့္ "

လီနာ ႐ုတ္တရက္ေျပာလိုက္တဲ့စကားေၾကာင့္ စကိုင္းအနည္းငယ္ေတာ့ အံ့အားသင့္မိသြားတယ္။

" သခင္ေလး ျပန္ပါေတာ့ "

" ကြၽန္ေတာ္ေတာင္းပန္ပါတယ္ "

" ကြၽန္မလည္းေတာင္းပန္ပါတယ္ သခင္ေလးျပန္ပါေတာ့ ကြၽန္မကိုလည္း အခ်ိန္ေပးပါ "

စကိုင္းက ေသခ်ာေပါက္ စိတ္မေအးေသးေပမဲ့ စံအိမ္မွာဆူညံတာမ်ိဳးေတြမျဖစ္ေစခ်င္တာေၾကာင့္ သူျပန္ဖို႔ပဲဆုံးျဖတ္လိုက္ေတာ့။ စကိုင္း ေနရာကထြက္သြားတာနဲ႕တစ္ၿပိဳင္နက္ လီနာက စားပြဲေပၚမွာရွ္ိေနတဲ့ ေရႏြေးၾကမ္း ပန္းကန္ေတြကို တြန္းခ်လိဳက္တယ္။

" ငါက႐ူးေနလို႔ ငါက႐ူးေနလို႔ေစ့စပ္ပြဲကိုဖ်က္သိမ္းေပးရမွာလားဟမ္၊ ငါက႐ူးေနလို႔အဲ့အေကာင္ကိုပဲ အနိုင္ရေအာင္ခြင့္ေပးလိုက္ရမွာလား အားးး"

လီနာက စိတ္မထိန္းခ်ဳပ္နိုင္ေတာ့ေပ ရွိသမွ် ပစၥည္းေတြကိုပစ္ေပါက္ရင္းေအာ္ဟစ္ေနမိတယ္။

" အ႐ူးေတြ မျဖစ္လာေစရဘူး နင္တို႔ျဖစ္ခ်င္တာေတြ ဘာတစ္ခုမွ ျဖစ္မလာေစရဘူး စကိုင္းက ငါနဲ႕ပဲလက္ထပ္ရမယ္ ဟုတ္တယ္ ငါနဲ႕ပဲ ျဖစ္ရမယ္ "

လီနာက နာနီရဲ႕ အေဆာင္ကိုသြားဖို႔ ဆုံးျဖတ္လိုက္တယ္။

နာနီ ေျခသံၾကားတာေၾကာင့္ စကိုင္းလာတယ္အမွတ္နဲ႕ ထြက္ၾကည့္မိေတာ့ စကိုင္းမဟုတ္ဘဲ လီနာျဖစ္ေနတာကိုေတြ႕ရတယ္။လီနာ့မ်က္လုံးေတြက ရဲေနၿပီး လက္ေတြကတုန္ရီေနတယ္။

" လီနာ.."

*ေျဖာင္း*

နာနီဘာမွမေျပာလိုက္နိုင္ခင္ လီနာ့ရဲ႕လက္ဖဝါးက နာနီ႕ရဲ႕မ်က္ႏွာတစ္ျခမ္းေပၚက်လာၿပီး နာနီပါးတစ္ျခမ္းက ပူထူသြားတယ္။

" ႐ြံဖို႔ေကာင္းလိုက္တဲ့အေကာင္ နင္ကေလ ငယ္ငယ္ေလးထဲက ငါလိုခ်င္သမွ်ကို လုယူတတ္တာက အက်င့္ျဖစ္ေနတာလားဟမ္ အခု ငါနဲ႕လက္ထပ္ရမယ့္လူကိုေတာင္ နင္က လုခ်င္ေသးတာလား နင့္မွာအရွက္သိကၡာမရွိဘူးလား "

" မဟုတ္.."

" ငါေတာင္းပန္ပါတယ္ နင္ နင္ဘဝတစ္ေလွ်ာက္လုံး နင္လိုခ်င္တာေတြအကုန္ရခဲ့ၿပီးၿပီမဟုတ္လား နင္ကိုယ္တိုင္မွသူ႕ကိုလက္ထပ္လို႔မျဖစ္နိုင္တာ မေတာင္းပန္ပါတယ္ ထပ္ျပမပက္သတ္ပါနဲ႕ေတာ့ "

" ဒါဘာေတြျဖစ္ေနၾကတာလဲ "

နာနီ႕ရဲ႕အေဖနဲ႕ လီနာ့အေမက ေရာက္လာၿပီးေမးၾကတယ္။

" အေမ သမီး..."လီနာက သူ႕အေမကိုေတြ႕တာနဲ႕ သူအေမရင္ခြင္ထဲဝင္ၿပီးငိုေႂကြးျပတယ္။

" သခင္ေလးစကိုင္းကလာေျပာသြားတယ္ သမီးကို သမီးကိုေစ့စပ္ပြဲကိုဖ်က္သိမ္းေပးပါတဲ့ သူက သူကသမီးကိုမခ်စ္ဘူးတဲ့ သူကနာနီ႕ကိုခ်စ္ေနတာတဲ့ "

နာနီကေတာ့ ေနရာမွာေက်ာက္႐ုပ္အသားအလႈပ္မယွက္ဘဲရပ္ေနမိတယ္။အေစခံေတြရဲ႕အၾကည့္ကိုေတာင္ မရင္ဆိုင္နိုင္ေတာ့ေပ။ ႐ြံရွာစရာသတၱဝါတစ္ေကာင္ကိုၾကည့္တဲ့အၾကည့္မ်ိဳးနဲ႕ၾကည့္ေနၾကတာ။

*ခြပ္*

" အ..အေဖ "

နာနီထပ္ၿပီးအထိုးခံလိုက္ရတယ္။

"ေတာက္ခ္ ၾကားလို႔မွမေကာင္းကြာ မင္းကိုဒီေလာက္ထိ ျဖစ္ခ်င္တာမွန္သမွ်လိုက္ေလွ်ာေပးထားခဲ့တာေတာင္ ဒီစံအိမ္ကိုစိတ္ဆင္းရဲေအာင္လုပ္တုန္း မင္းအေမနဲ႕မတူေအာင္ေနေပးလို႔မရဘူးလားဟမ္ သားေရာအေမေရာက စိတ္ကုန္စရာေကာင္းလြန္းတယ္ အခုကစၿပီး နာနီ႕ကိုအျပင္မထြက္ေစနဲ႕ ဒီအေဆာင္ကေတာင္မထြက္ေစနဲ႕ ျမင္ရတာက်က္သေရမရွိလို႔ "

ေျပာခ်င္တာေျပာၿပီး သခင္ႀကီးနဲ႕အေစခံေတြကထြက္သြားတယ္။ နာနီမတ္တပ္ရပ္ေနရာမွ ေျခေထာက္မခိုင္ေတာ့ဘဲေျမေပၚထိုင္လ်က္သားျဖစ္သြားတယ္။

က်န္ခဲ့တဲ့ လီနာနဲ႕ သူ႕အေမျဖစ္သူက နာနီ႕အနားေရာက္လာတယ္။ ငိုထားတဲ့ပုံစံနဲ႕မတူေတာ့ဘဲ ၿပဳံးေနတဲ့မ်က္ႏွာနဲ႕ျဖစ္တယ္။

လီနာက နာနီ႕ရဲ႕မ်က္ႏွာကိုသူ႕လက္တစ္ဖက္နဲ႕ညွစ္ၿပီး

" ဒါက နင္ခံရသင့္တာပဲ နင့္လိုမ်ိဳးလူကိုဘယ္လိုသတၱဝါနဲ႕ႏွိုင္းယွဥ္ေဖာ္ျပရမလဲဟမ္! ကိုယ့္ညီမျဖစ္သူရဲ႕လင္ကို လုတာဆိုေတာ့ "

နာနီဘာမွမေျပာဘဲ လီနာရဲ႕မ်က္ႏွာကိုတံေတြးနဲ႕ေထြးထုတ္လိုက္တယ္။

" ေတာက္ခ္ ဒီေကာင္ကေတာ့ "

*ေျဖာင္း*

ဒီတစ္ခါနာနီ႕ကိုရိုက္တာက လီနာ့ရဲ႕အေမျဖစ္တယ္။ နာနီႏႈတ္ခမ္းေထာင့္ကေနေသြးေတြစီးက်လာတယ္။ နာနီၿပဳံးၿပီးေသြးကိုလွ်ာနဲ႕လ်က္ျပလိုက္တယ္။

" ေတာ္လိုက္ေတာ့အေမ ဒီေကာင့္ကိုလႊတ္ထားလိုက္ ဒီေကာင္က အၿမဲတမ္းအရႈံးသမားပဲျဖစ္ေနမွာ သခင္ေလးစကိုင္းကသူ႕ကိုတကယ္ခ်စ္တယ္လို႔ပဲသူကထင္ေနတာ ဘယ္သူကမ်ား တကယ္ခ်စ္မွာလဲ သနားဖို႔ေကာင္းလိုက္တာ လွည့္စားတိုင္းခံေနရတာ "

" အ႐ူးမ "

နာနီကျပန္ေျပာလိုက္ေတာ့ လီနာက နာနီ႕မ်က္ႏွာကိုျပန္ညွစ္လာျပန္တယ္။

" နင္ အခုခ်ိန္ထိ အသိတရားမရေသးတာလား ဦးႏွောက္ေရာရွိေသးရဲ႕လားဟမ္ ႐ူးေနတာကနင္ ဒါကအခုမွအစပဲရွိေသးတာ ေနာက္ဆို နင္ဒီ့ထပ္ပိုဆိုးလိမ့္မယ္ "

လီနာက သူ႕အေမနဲ႕ျပန္ထြက္သြားၿပီး အေဆာင္တံခါးကိုပိတ္သြားတယ္။ နာနီမ်က္ရည္ေတြနဲ႕ ႏႈတ္ခမ္းက ေသြးေတြကိုသုတ္ပစ္လိုက္တယ္။

ေနာက္ပိုင္း ဘာေတြဆက္ျဖစ္မလဲဆိုတာကိုမသိနိုင္ေပ။ ဒီထပ္ပိုဆိုးလာမယ္ဆိုတာကိုေတာ့ နာနီခန႔္မွန္းမိပါတယ္။ နာနီ မနည္းအားယူၿပီးမတ္တပ္ထရပ္လိုက္ရတယ္။

အေဆာင္တံခါးကို ဖြင့္ဖို႔အစီအစဥ္မရွိပါ။ ခုနကတင္ လူတိုင္းရဲ႕အၾကည့္ေတြ အဓိပၸာယ္ေတာင္အတိအက်မေဖာ္နိုင္တဲ့အၾကည့္ေတြနဲ႕ၾကည့္ေနၾကတာ။ ထပ္ၿပီး မခံနိုင္ေတာ့ဘူး။

စကိုင္းေရာ၊စကိုင္းေရာအဆင္ေျပရဲ႕လားမသိဘူး။ စကိုင္းကနာနီ႕ကိုခ်စ္တယ္ဆိုတာကိုနာနီကယုံၾကည္ပါတယ္။ ၿပီးေတာ့ တစ္နည္းနည္းနဲ႕စကိုင္းနာနီ႕ဆီအေရာက္လာမယ္ဆိုတာလည္းနာနီယုံတယ္။

////////////////

Have a nice day 💗

There are no comments yet. Log in to be the first to leave a review!

Similar stories