Fanfics

11

06:53, 24 February 2025

U

အခုက ကိစ္စတွေအားလုံးအဆင်ပြေသွားပြီမလို့ နာနီတို့က တည်းခိုဆောင်ကိုပြန်ရောက်လာတာဖြစ်တယ်။ မင်းသားဒျူးက အခြားကိစ္စရှိတာမို့ လီနာရော အိုက်ကန်ရောကိုခေါ်ရင်း မြို့တော်ဆီပြန်သွားကြပြီဖြစ်တယ်။

နာနီတို့က တည်းခိုဆောင်ရဲ့ခေါင်မိုးပေါ်မှာထိုင်နေကြတာဖြစ်တယ်။ ဒါပေမယ့် နာနီကတော့ ထိုင်နေတာမဟုတ်ဘဲ စကိုင်းရဲ့ပေါင်ပေါ်မှာလှဲနေရင်း ကြယ်တွေကိုကြည့်နေတာပေါ့နော်။

စကိုင်းကလည်း ကောင်းကင်ထက်ကကြယ်တွေကိုကြည့်နေတာမဟုတ်ဘဲ နာနီ့ရဲ့မျက်လုံးထဲကအရောင်လက်နေတဲ့ကြယ်လေးတွေကိုကြည့်နေတာဖြစ်တယ်။

" ခွန်စကိုင်း "

" ဗျ "

" နာနီတို့ ဘယ်လိုပြန်ထွက်လာနိုင်ခဲ့တာလဲဟင် "

နာနီမေးတော့ စကိုင်းကပြုံးလိုက်ပြီး နာနီ့နဖူးပေါ်ဝဲကျနေတဲ့ ဆံပင်လေးတွေကိုသပ်ပေးရင်းဖြေတယ်။

" ကိုယ်တို့တွေလွတ်လာရတာ နာနီ့ကြောင့်ပါဗျ "

" ဟွန် ဘယ်လိုလုပ် နာနီ့ကြောင့်လဲ နာနီက မေ့လဲသွားတာ ဟီး တကယ်ဆို သေသွားပြီလို့တောင်ထင်မိသွားတာ "

စကိုင်းက နာနီ့နှုတ်ခမ်းရဲရဲလေးပေါ်လက်ကိုတင်လိုက်ပြီး

" နာနီဗျ အဲ့လိုမပြောရဘူးနော် မဦးမချွတ်တွေ ကံဆိုးတတ်တယ်ဗျ "

" စိတ်မပူပါနဲ့ ခွန်စကိုင်းဗျ၊ ခွန်စကိုင်းက နာနီ့အနားမှာရှိနေတိုင်းနာနီကံကောင်းနေမှာပါ "

သူပြောပြီးသူရှက်သွားတဲ့ ကလေးပေါက်စလေးနာနီ့ကို အသည်းယားလွန်းပြီး ပါးလေးဆွဲညှစ်လိုက်တော့ နှုတ်ခမ်းလေးကဆူထွက်ရင်းရန်တွေ့ပြန်လေရဲ့။

" နာနီက ကလေးတွေကိုကယ်ချင်တဲ့စိတ်ရှိခဲ့တာလေ အဲ့မေတ္တာလေးကမှန်တော့ရောင်ပြန်တဲ့သဘောပေါ့၊ နာနီအသက်စွန့်ပြီးကယ်ခဲ့တဲ့ကလေးတွေက နာနီ့အတွက် နတ်ဆရာကိုဝိုင်းပြီး တိုက်ပေးကြတာ ပြီးတော့ ကိုယ်လွှတ်ထားတဲ့ လူတွေကလည်း မြစ်ဆိပ်က လူကုန်သည်တွေကိုဖမ်းလာနိုင်တော့ ရွာကလူတွေအားလုံးကိုရှင်းပြရတာလွယ်ကူသွားခဲ့တာ "

နာနီက မျက်လုံးလေးပါကွေးသွားတဲ့ထိပြုံးမိလိုက်တယ်။ မေတ္တာရောင်ပြန်တယ်ဆိုတာဒီလိုမျိုးပဲနေမယ်လေ။

" နာနီအိပ်ချင်နေပြီလား ပြန်ဆင်းကြတော့မလား "

" ဟင့်အင်း ခွန်စကိုင်းနဲ့ ဒီတိုင်းလေးပဲနေချင်သေးတယ် ခွန်စကိုင်း ဟိုကိုကြည့် လမင်းကြီးရဲ့အောက်မှာ ကြယ်လေးထင်းနေတာ မလှဘူးလား "

နာနီက ကောင်းကင်ကိုညွှန်ပြရင်းပြောတယ်။

" အွန်း အရမ်းလှတယ်ဗျ နာနီ့လည်ပင်းကမှည့်စက်လေးလိုပဲဗျ "

နာနီအံ့အားသင့်သွားတယ် ဒီဘက်ခေတ်ကနာနီရဲ့လည်ပင်းမှာလည်းမှည့်ရှိနေသေးတာလား။နာနီတကယ်ကိုသတိမထားမိခဲ့တာ။

" ခွန်စကိုင်း တကယ်ပြောတာလား တကယ်ရှိနေတာလား နာနီ့မှာ "

" အွန်း ရှိနေတယ်ဗျ "

" ဒီနာမှာလား ခွန်စကိုင်း "နာနီက သူထင်တဲ့နေရာကိုလက်ညှိုးထိုးပြီးပြတော့ စကိုင်းက ခေါင်းခါပြလိုက်တယ်။

" ဟွန်း အဲ့တာဆိုဘယ်နေ့ရာမှာလဲ ခွန်စကိုင်း "

စကိုင်းကပြုံးလိုက်ပြီး နာနီ့လည်ပင်းကမှဲ့နက်ကလေးကိုငုံ့ပြီးနမ်းလိုက်တယ်။ နာနီကတော့ အံ့ဩသွားတာထင်တယ်။ မျက်လုံးတွေမှိတ်တုတ်မှိတ်တုတ်လုပ်နေတာ။

" ခွန်စကိုင်း!!"

" ဗျ "

နာနီ ရှက်လွန်းတာကြောင့် မတ်တပ်ထရပ်လိုက်ပြီး "ပြန်ဆင်းကြမယ်" ဟုဆိုပြီး အရင်ဆင်းသွားလိုက်တယ်။ စကိုင်းကလည်းနာနီ့အနောက်ကနေ ချက်ချင်းလိုက်ဆင်းလာလိုက်တယ်။

" နာနီဗျ "

" အိပ်တော့မယ်မနှောင့်ယှက်နဲ့ "

" ဒါလေးပေးချင်လို့ပါဗျ "စကိုင်းက ကျောက်စိမ်းလက်ပတ်လေးကိုပြတာကြောင့် နာနီအိပ်ယာပေါ်လှဲနေရာကထလိုက်ပြီး စကိုင်းဘေးနားသွားထိုင်လိုက်တယ်။

စကိုင်းက နာနီ့လက်မှာ ကျောက်စိမ်းလက်ပတ်ကိုဝတ်ပေးရင်း

" ကိုယ့်ကိုစိတ်ပူပြီးလိုက်လာပေးတာကျေးဇူးတင်ပါတယ်နော် နာနီ ပြီးတော့ ကိုယ့်ကိုလက်ခံပေးတာရောပဲ "

နာနီက ပြုံးလိုက်ပြီး ခေါင်းတဆက်ဆက်ညိမ့်ပြလိုက်တော့ စကိုင်းက အသည်းယားလွန်းတာကြောင့် နာနီ့ပါးလေးကိုထပ်မံ လိမ်ဆွဲမိပြန်တယ်။

" နာနီက အရမ်းတွေချစ်ဖို့ကောင်းလွန်းနေတော့တာပဲဗျ "

" ခွန်စကိုင်းဗျ နာနီမေးစရာတစ်ခုရှိတယ် "

" မေးပါဗျ "

" ဒီလက်ပတ်ကို ဘာလို့ဝယ်လာခဲ့တာလဲ အမှန်တိုင်းပြောရရင် နာနီ လီနာနဲ့ဈေးသွားခဲ့တဲ့နေ့တုန်းက ‌ဒီလက်ပတ်လေးကိုတွေ့ခဲ့သေးတယ် ဒါပေမယ့် နာနီမယူဖြစ်ခဲ့တာ "

" အွန်း ကိုယ်သိတယ် "

" ခွန်စကိုင်းကသိတယ်? "

" အွန်း သိတယ်ဗျ တကယ်တော့ အဲ့နေ့က ကိုယ်လည်းဈေးထဲရောက်နေခဲ့တာလေ နာနီကိုရုတ်တရက်တွေ့မိတော့ နာနီ့နောက်ကိုလိုက်ကြည့်ရင်း နာနီအဲ့လက်ပတ်လေးကိုအရမ်းသဘောကျနေတာကိုသတိထားမိတာနဲ့ ကိုယ်ဝယ်လိုက်တာ "

" အွန်းး ခွန်စကိုင်းးး"

နာနီက စကိုင်းရင်ခွင်ထဲဝင်ပြီးစကိုင်းကိုလည်ပင်းကနေသိုင်းပြီးဖတ်လိုက်တော့ စကိုင်းက နာနီ့ခါးလေးကိုပြန်ဖက်လာတယ်။

" ခွန်စကိုင်း နာနီ့အပေါ်အရမ်းမကောင်းပေးပါနဲ့ နာနီ ခွန်စကိုင်းအပေါ်အရမ်းဆိုးနေမိလိမ့်မယ် "

" ကိစ္စမရှိပါဘူးဗျ နာနီဆိုးလည်း ကိုယ်ကထိန်းနိုင်ပါတယ်ဗျ "

နာနီက ဖက်ထားရာမှလွှတ်လိုက်ပြီး သူ့အိပ်ယာပေါ်ကခေါင်းအုံးကိုယူပြီး စကိုင်းရဲ့အိပ်ယာပေါ်လာထားလိုက်တယ်။ပြီးတော့ စကိုင်းအိပ်ယာပေါ်မှာတက်အိပ်လိုက်ပြီး လက်နှစ်ဖက်ကိုကားပေးရင်း

" ခွန်စကိုင်း နာနီတို့အတူတူဖက်အိပ်ကြရအောင်လေ "

စကိုင်းမှာ ဘာစကားမှတောင်ပြန်မပြောနိုင်တော့ဘဲ နာနီ့ဘေးနားဝင်လှဲပြီးနာနီ့ကိုသူ့ရင်ခွင်ထဲထည့်ထားလိုက်တယ်။

" တကယ်ဆိုခေါင်းအုံးတောင်သွားယူဖို့မလိုပါဘူး ကိုယ့်လက်မောင်းကိုနာနီခေါင်းအုံးပြီးအိပ်လို့တောင်ရပါတယ်ဗျ "

" စကားများကြီးမပြောပါနဲ့ခွန်စကိုင်း နာနီအိပ်တော့မယ် "

စကိုင်းက အသံထွက်သည်ထိရယ်လိုက်မိပြီး နာနီ့ရဲ့နဖူးလေးကိုဖွဖွလေးနမ်းလိုက်တယ်။နာနီကတော့ရှက်လို့ထင်တယ် နားရွက်လေးတွေတောင် ရဲနေပြန်တယ်။

စကိုင်းထပ်ပြီးသိလိုက်ရတဲ့နာနီ့အကြောင်းက နာနီကသူသဘောကျတဲ့သူနဲ့ဆို လူအရမ်းကပ်တာကိုပဲ။စကိုင်းကနာနီ့ကိုတဖွဖွနမ်းရင်းနဲ့ပဲအိပ်ပျော်သွားတယ်။

အိပ်မပျော်သေးတဲ့နာနီက စကိုင်းအိပ်ပျော်သွားကာမှ စကိုင်းရဲ့နဖူး‌ကိုမော့ပြီးနမ်းလိုက်တယ်။ပြီးတော့ဖက်ထားတဲ့အတိုင်းလေးပဲ နာနီပြန်အိပ်လိုက်တယ်။

တစ်ခါတစ်လေကျတော့လည်း အချစ်ဆိုတာကထုတ်ဖော်ပြောပြနေစရာမလိုဘဲ အချင်းချင်းသိနေကြရုံနဲ့တင် တကယ်ကိုလှပနေခဲ့တာပဲ။

ချစ်ခြင်းတရားမှာဘယ်သူကပိုချစ်တယ်၊လျှော့ချစ်တယ်ဆိုတာမရှိပါဘူး။ပိုချစ်ပေးဖို့လည်းမလိုသလို လျှော့စရာလည်းမလိုဘူး၊ ဒီတိုင်းလေးချစ်ပေးနေခြင်းဟာလည်း ချစ်ခြင်းတရားပါပဲ။

ကြိုးနီလေးဟာ ဖူးစာကြိုးနီလေးဖြစ်ပြီး ကိုယ်တိုင်မဖြတ်ချင်တဲ့အခါ ဘယ်တော့မှပြတ်မသွားမယ့်ကြိုးလေးဖြစ်တယ်။ နောက်ထပ်ဘဝတွေထိ ကြိုးနီလေးရဲ့ကံကြမ္မာဟာ ဆက်လက်တည်ရှိနေမှာပဲလေ။

//////////////

နာနီတို့က ပြန်ရတော့မှာဖြစ်တာကြောင့် ရွာသားတွေကလာပြီးနုတ်ဆက်နေကြလေသည်။ ကလေးတွေကလည်းနာနီကိုလာဖက်နေရင်း ငိုနေကြသည်မို့ နာနီကိုယ်တိုင်ပင်စိတ်မကောင်းဖြစ်ရသည်။

နာနီက စာအုပ်အပြင်ဘက်ကမ္ဘာမှာကတည်းက တစ်ယောက်ထဲနေခဲ့ရပြီး မိသားစုနဲ့ပဲအနေများသည် တက္ကသိုလ်ရောက်မှ အမြွှာနှစ်ကောင်နဲ့ခင်ခဲ့တာမလို့ ဒီလိုမျိုးခံစားချက်တွေတစ်ခါမှမခံစားဖူးပေ။ ကြည်နူးတယ်လို့ပင်ဆိုရမယ်။

" သခင်လေးတို့ နောက်လမ်းကြုံတဲ့အခါ လာခဲ့ကြပါနော် ကျွန်မတို့ရွာက သခင်လေးတို့ကိုအမြဲတမ်းကြိုဆိုနေပါတယ် "

" ကျေးဇူးတင်ပါတယ်ဗျ နောက်တစ်ခါ ကျွန်တော်တို့တကယ်ကိုဆက်ဆက်လာခဲ့ပါ့မယ် "

နာနီပြောကာမှ အားလုံးကခေါင်းညိမ့်ကြရင်း လက်ဆောင်ပစ္စည်းတွေတောင်ထည့်ပေးချင်ကြသေးတာ။ နာနီက အားနာလို့မယူပါရစေနဲ့ဟုအတင်းငြင်းလို့သာ ထည့်မပေးကြတော့တာ။

" သွားတော့မယ်ဗျ အားလုံးကျန်းကျန်းမာမာနဲ့နေခဲ့ကြပါဗျ "

နာနီက အားလုံးကိုမှာရင်းထွက်လာခဲ့လိုက်တယ်။စကိုင်းရဲ့လှေပေါ်ကိုသွားရင်းလမ်းမှာ စကိုင်းရဲ့တပည့်နှစ်ကောင်ပြောတာကြားလိုက်မိသေးတယ်။

" သခင်လေးစကိုင်းက ဟီရမ်ကစ်အိမ်က သခင်မလေးကိုပဲစကားနူးနူးညံ့ညံ့ပြောတာနော်! သခင်လေးက ချစ်မိနေတာများလား "

" ဖြစ်ရင်လည်းဖြစ်မှာပေါ့ သခင်မလေးလီနာကလည်းအရမ်းလှတာလေ ပြီးတော့အရမ်းလည်းသိမ်မွေ့သေးတာ "

နာနီသူတို့ရဲ့စကားကိုကြားတော့ ဟွန်းခနဲ နှာမှုတ်လိုက်သေးတယ်။ ပြီးတော့ စိတ်ထဲကနေပြန်ချေပလိုက်ပါတယ်။

* ငါနဲ့နှစ်ယောက်ထဲရှိနေတဲ့အချိန် ခွန်စကိုင်းရဲ့စကားပြောပုံကိုတကယ်မြင်စေချင်တယ်၊ အဲ့အခါကျ အရမ်းနူးညံ့လွန်းလို့ ငါတို့သခင်လေးမဟုတ်ဘူး မကောင်းဆိုးဝါးကပ်နေတာလို့တောင်ပြောကြမလားပဲ ဟွန်း *

နာနီလှေပေါ်တက်လာတော့ စကိုင်းက နာနီ့လက်ကိုကိုင်ပြီး ခေါ်သေးတာကြောင့် နာနီက စကိုင်းနဲ့လီနာအကြောင်းပြောနေတဲ့ နှစ်ယောက်ကိုကြည့်ပြီး နှုတ်ခမ်းတစ်ဖက်ထဲပြုံးပြီး မျက်ခုံးပါလှုပ်ပြလိုက်သေးတယ်။

*ဟမ့် နာနီ့ကိုလာကြောဖို့မစဉ်းစားကြနဲ့ လာကြောချင်ရင်အားလုံးတန်းစီ ပြီးရင် ချောက်ကမ်းပါးကနေခုန်ချလိုက်ကြ ဟမ့်*

စကိုင်းက နာနီ့ကို စံအိမ်ရောက်သည်ထိလိုက်ပို့ပေးတယ်။ အိုက်ကန်က နာနီ့ကိုစိတ်ပူတာကြောင့်ထင်တယ် လှေဆိပ်ကတံတားမှာစောင့်နေတာ။

" သခင်လေး!! "

အိုက်ကန်က နာနီ့ကိုတွေ့တာနဲ့တင် လှမ်းခေါ်ရှာတယ်။ နာနီကလည်း ပြုံးပြပီုး လက်ကိုဝှေ့ပြလိုက်တယ်။

" အိုက်ကန်!! "

" သခင်လေး!! "

" အိုက်ကန်! "

စကိုင်း ဟိုနဲ့ဒီကိုအော်ခေါ်နေကြတဲ့ သခင်နဲ့အစေခံကိုကြည့်ပြီးတကယ်ကိုကြည့်ပြီးတကယ်စဉ်းစားလို့မရပေ။ အိုက်ကန်ကိုမျက်မှောင်ကြုတ်ပြီးသာကြည့်လိုက်တယ်။

လှေရပ်သွားတော့စကိုင်းက တံတားပေါ်ကိုအရင်တက်ပြီး နာနီ့ကိုလက်လှမ်းပေးရင်းတက်စေတယ်။

" ကြင်နာမှုကို ကျေးဇူးတင်ပါတယ် ခွန်စကိုင်းဗျ "

နာနီရွဲ့ပြောမှန်းသိတဲ့ စကိုင်းက ခေါင်းသာခါယမ်းနိုင်တော့တယ်။

" သခင်လေးရာ ကျွန်တော်က အရင်ပြန်လာရပေမယ့် သခင်လေးကိုစိတ်ပူလွန်းလို့ ဒီမှာထိုင်စောင့်နေရတာဗျ! သခင်လေးဘယ်နေရာတွေ ထိခိုက်သွားသေးလဲ " အိုက်ကန်ကပြောနေရင်း နာနီ့ကိုလှည့်ဖို့အလုပ် သခင်လေးစကိုင်းကိုအရင်ကြည့်မိလိုက်သည်။

သခင်လေးစကိုင်းအကြည့်ကို သဘောပေါက်စွာနဲ့ သခင်လေးနာနီ့ကိုမထိတော့ပဲ အနောက်ဆုတ်ပြီးနေလိုက်တယ်။ ဒီတစ်ခါလက်အချိုးခံရမှာမဟုတ်ပဲ ရေကန်ထဲ ကန်ချခံရမှာသိနေလို့ပင်။

အိုက်ကန်လည်းမသိဘူး သခင်လေးစကိုင်းက ကျွန်တော်တို့ရဲ့သခင်လေးနာနီ့ကိုဆိုသိပ်ဂရုစိုက်တာဗျ။ ဘာမှလည်းမတော်စပ်ကြပဲနဲ့ အဲ့လောက်ကြီးဂရုစိုက်တာကြ ညီအစ်ကိုအချစ်ထင်ပါရဲ့။ အရမ်းလေးနက်ကြတာပဲ အိုက်ကန်လည်းအဲ့လိုညီအစ်ကိုကောင်းတစ်ယောက်တော့ လိုချင်မိပါသေးတယ်။

" အဲ့တာဆို ကိုယ်ပြန်တော့မယ်နာနီဗျ "

ကြည့်ပါလား သခင်လေးစကိုင်းက ကျွန်တော်တို့သခင်လေးကိုဆိုအရမ်းနူးနူးညံ့ညံ့ ဆက်ဆံပေးတာပဲ။ ကျွန်တော်တို့သခင်လေးက ပိုငယ်တာမို့လို့ထင်တယ်။သူ့ညီလေးအရင်းတစ်ယောက်လိုမျိုးဆက်ဆံတာနေမှာ။

" အိုက်ကန် ငါ့ကို အစားအသောက်သွားပြင်ပေးထား ဗိုက်ဆာလာလို့ "

" ဟုတ်ကဲ့ဗျ " ဟုဆိုကာ အိုက်ကန်က ‌နေရာကနေထွက်သွားတယ်။

" အွန်းးခွန်စကိုင်း ဂရုစိုက်ပြီးပြန်ပါနော်ဗျ "

" ကောင်းပါပြီဗျ "

" ခွန်စကိုင်းကို နှုတ်မဆက်ချင်သေးဘူးကို " နာနီက နှုတ်ခမ်းလေးဆူထားကာပြောလာတယ်။ စကိုင်းကနာနီ့ရဲ့နား အနားကပ်ကာ

" ခွန်နာနီဗျ ဒီလိုဆက်လုပ်နေလို့ ကိုယ်အရမ်းအသည်းယားလို့ နမ်းမိသွားတဲ့အခါ ဘယ်လိုလုပ်ရမလဲဗျ "

နာနီ့နားရွက်လေးကရဲတက်လာပြီး စကိုင်းရဲ့ရင်ဘတ်ကို လက်သီးနဲ့ဖွဖွလေးထိုးလိုက်တယ်။

" ဟွန်း တော်ပြီ ပြန်တော့ "

စကိုင်းကပြုံးလိုက်ရင်း မျက်လုံးဝှေ့ကြည့်ကာဘယ်သူမှမရှိဘူးသေချာသွားတော့မှာ နာနီ့ရဲ့ပါးကိုရွှတ်ခနဲနမ်းလိုက်တယ်။ပြီးတာနဲ့

" တကယ်ပြန်ပါတော့မယ်ဗျ " လို့ပြောပြီး လှေပေါ်တက်သွားတယ်။

နာနီက ကြောင်ရပ်နေဆဲဖြစ်တယ်။ နာနီလို ကြောင်ပြီးရပ်နေတာကတော့ အိုက်ကန်ပဲဖြစ်တယ်။

အိုက်ကန်က ကြီးတော်ပရစ်ကိုပြောပြီး ပြန်အထွက်လာ မြင်လိုက်ရတာဖြစ်တယ်။ သခင်လေးနာနီနဲ့သခင်လေးစကိုင်းကတကယ့်ညီအစ်ကိုအရင်းတွေများလားမသိဘူး အရမ်းလည်းချစ်ကြပြီး နမ်းတောင်နမ်းနေကြတယ်။ ဒါနဲ့ ညီအစ်ကိုတွေကရော နမ်းကြတာပဲလား။

////////////

စကိုင်းစံအိမ်ကို ပြန်ရောက်တော့ အမေဖြစ်သူကစီးကြိုတယ်။

" သားစကိုင်း အဆင်ပြေရဲ့လား မင်းသားဒျူးပြောလို့ သိပြီးသွားရပြီ ဒီတစ်ခါအရမ်းအန္တရာယ်ရှိတာပဲကို ဘယ်နေရာတွေထိခိုက်လာသေးလဲ "

" အမေဗျ ကျွန်တော်အဆင်ပြေပါတယ်နော် စိတ်မပူပါနဲ့ "

စကိုင်းရဲ့အမေကခေါင်းငြိမ့်ရင်း

" သားအဖေက စာကြည့်ခန်းထဲမှာ ခုနထဲက သားကိုထွက်ထွက်ကြည့်နေတာ ကြာနေလို့ "

" ဟုတ်ကဲ့ဗျ သားသွားလိုက်ပါမယ်ဗျ "

စကိုင်းလည်းအမေ့စီကနေ စာကြည့်ခန်းထဲကိုဦးတည်ပြီးသွားလိုက်တယ်။ စကိုင်းဝင်လာသည်ကိုသိသွားတော့ စကိုင်းရဲ့အဖေက စာဖတ်နေရာမှထလာပြီး

" ဒီမှာ သားရဲ့ဓား မင်းသားဒျူးယူလာခဲ့ပေးတာ "

ပစ်ပေးလာတဲ့ဓားကိုလှန်းဖမ်းလိုက်ပြီး ဓားကိုထုတ်ကြည့်လိုက်တယ်။ စကိုင်းပြုံးလိုက်ပြီး

" မင်းသားဒျူးကို ကျေးဇူးတင်လိုက်ပါမယ်ဗျ "

" ပြီးတော့ မနက်ဖြန်ဆုတောင်းပွဲလုပ်ရမယ် ဒီတစ်ခေါက်အမှုကတောင် အန္တရာယ်ဒီလောက်ရှိနေတာ နောက်အမှုတွေလည်း ဒီထက်ဆိုးရငတောင်ဆိုးနေအုံးမှာ အဲ့တာကြောင့် ဘုန်းကြီးတွေကိုလည်းပင့်ဖိတ်ထားတယ်၊ ပြီးတော့ သားကိုဂုဏ်ပြုဖို့ အခြားစံအိမ်က လူတွေလည်းလာကြလိမ့်မယ် "

စကိုင်း ပြုံးသာပြလိုက်ပြီး

" ကျွန်တော် ပြင်ဆင်ထားလိုက်ပါ့မယ်ဗျ "

စကိုင်းလည်းစကားပြောပြီးတာနဲ့ အိပ်ခန်းဆောင်ဘက်ကိုသာထွက်လာခဲ့လိုက်တယ်။အိပ်ယာပေါ်ထက်လှဲလိုက်ပြီး စကိုင်းမှာအတွေးတွေများနေခဲ့တယ်။

နာနီနဲ့သူရဲ့အခြေအနေက တစ်ယောက်နဲ့တစ်ယောက်ချစ်နေကြတဲ့အခြေအနေမျိုးကိုရောက်နေကြပေမယ့် ဘယ်သူ့ဘက်ကမှ ဖွင့်ဟဝန်ခံထားတာခြင်းမျိုးမရှိပေ။ ဒီစကားမျိုးမပြောခဲ့လို့ နောက်အချိန်မှာပြဿနာရှိလာနိုင်လား၊ ပြောခဲ့မှသာ ပြဿနာရှိလာနိုင်မလားကိုမသိပေမယ့် စကိုင်းက တကယ်ကို နာနီ့အပေါ်ရှိတဲ့ခံစားချက်တွေကိုအားလုံးသိအောင်ပြောချင်တယ်။

လက်ထပ်ရမယ်ဆိုရင်လည်း နာနီနဲ့ပဲလက်ထပ်ပြီး နာနီ့ကိုအနားမှာခေါ်ထားရင်းတစ်သက်လုံးကာကွယ်ပေးချင်တယ်။ နာနီ့ကို မျက်လုံးနဲ့ကြည့်ကြတာတောင် စကိုင်းကတကယ်အူတိုပါတယ်။ မကြိုက်ဘူး နာနီကတကယ်ကိုအရမ်းလှတယ် သူများတွေငေးကြည့်နေတာမျိုးကိုသဘောမကျပါဘူး။

ဒါကလည်းအချစ်ပါပဲ။ လက်ခံလို့ရတဲ့အချစ်ပဲလေ လူတစ်ယောက်က လူတစ်ယောက်ကိုချစ်ကြတဲ့အချစ်ပဲ။ ယောင်္ကျားလေးက အမြဲတမ်းမိန်းကလေးကိုပဲချစ်ရမယ်ဆိုတာမျိုးကိုကြ လက်ခံနိုင်ပြီး ဒါမျိုးကိုကျ ဘာလို့လက်ခံဖို့ခက်ခဲနေကြမှန်းနားမလည်နိုင်။

နာနီ့ကိုချစ်မိတာ အပြစ်လို့ ကိုယ့်ကိုကိုယ်မသတ်မှတ်ထားခဲ့ဘူး။ စကိုင်းက ကိုယ်တိုင်ကိုကလိုလိုလားလားလက်ခံခဲ့တဲ့ ကံကြမ္မာလေးမို့ ဘယ်သူဖျက်ဆီးတာမှခံနေမှာမဟုတ်ဘူး။

စကိုင်းက သူ့အတ္တကိုရှေ့တန်းတင်ချင်ပေမယ့် နာနီ့အတွက်တွေးပေးရအုံးမှာပဲ။နာနီက တစ်ခုခုဆို ခံစားလွယ်တတ်တာ အကယ်၍ အကယ်၍ပေါ့နော် သူတို့အကြောင်းအကုန်သိသွားလို့ ပြဿနာတွေနဲ့ရင်ဆိုင်ရတဲ့အခါ နာနီကရော တကယ်ရင်ဆိုင်နိုင်ပါ့မလား၊။ စိတ်ပင်ပန်းနေလောက်မှာ။

နာနီက အမြဲစဉ်းစားတတ်တဲ့ကလေးမို့ အလွန်အကျွံတွေးနေမှာတော့စိတ်ပူမိပါတယ်။ နောက်တစ်ရက်သွားတွေ့တဲ့အခါ စိတ်မပူဖို့ အများကြီးမတွေးဖို့ကိုမှာရအုံးမယ်။

စကိုင်းအတွက် နာနီနဲ့ပတ်သက်သမျှဟာ ပထမဦးဆုံးရွေးချယ်မှုလေးဘဲ။ဘယ်အရာနဲ့ပဲယှဉ်ရွေးချယ်ရရွေးချယ်ရ နာနီကစကိုင်းအတွက်အမြဲတမ်းဦးစားပေး ရွေးချယ်မှုလေးဖြစ်နေအုံးမှာပဲ။

အကြောင်းပြချက်ကတော့ စကိုင်းက နာနီ့ကိုချစ်တယ်ဆိုတာထက်ပိုပြီး မြတ်နိုးသွားခဲ့တာလေ။

ဒီအကြောင်းကိုလည်း တစ်ချိန်ချိန်မှာ နာနီသိအောင်ပြောခွင့်ရမယ်ဆိုတာ စကိုင်းကယုံကြည်နေတုန်း။

////////////////

လိုချင်တဲ့ plotကိုမရောက်ဘဲ ပျင်းဖို့ကောင်းနေမှာစိုးလို့ update များများပေးဖြစ်နေတာပါရှင့် ။ လိုအပ်ချက်လေးတွေ ပြင်ဆင်စေချင်တာလေးတွေကိုလည်း ပြောပေးစေချင်တယ်နော်💗

Z

အခုက ကိစၥေတြအားလုံးအဆင္ေျပသြားၿပီမလို႔ နာနီတို႔က တည္းခိုေဆာင္ကိုျပန္ေရာက္လာတာျဖစ္တယ္။ မင္းသားဒ်ဴးက အျခားကိစၥရွိတာမို႔ လီနာေရာ အိုက္ကန္ေရာကိုေခၚရင္း ၿမိဳ႕ေတာ္ဆီျပန္သြားၾကၿပီျဖစ္တယ္။

နာနီတို႔က တည္းခိုေဆာင္ရဲ႕ေခါင္မိုးေပၚမွာထိုင္ေနၾကတာျဖစ္တယ္။ ဒါေပမယ့္ နာနီကေတာ့ ထိုင္ေနတာမဟုတ္ဘဲ စကိုင္းရဲ႕ေပါင္ေပၚမွာလွဲေနရင္း ၾကယ္ေတြကိုၾကည့္ေနတာေပါ့ေနာ္။

စကိုင္းကလည္း ေကာင္းကင္ထက္ကၾကယ္ေတြကိုၾကည့္ေနတာမဟုတ္ဘဲ နာနီ႕ရဲ႕မ်က္လုံးထဲကအေရာင္လက္ေနတဲ့ၾကယ္ေလးေတြကိုၾကည့္ေနတာျဖစ္တယ္။

" ခြန္စကိုင္း "

" ဗ် "

" နာနီတို႔ ဘယ္လိုျပန္ထြက္လာနိုင္ခဲ့တာလဲဟင္ "

နာနီေမးေတာ့ စကိုင္းကၿပဳံးလိုက္ၿပီး နာနီ႕နဖူးေပၚဝဲက်ေနတဲ့ ဆံပင္ေလးေတြကိုသပ္ေပးရင္းေျဖတယ္။

" ကိုယ္တို႔ေတြလြတ္လာရတာ နာနီ႕ေၾကာင့္ပါဗ် "

" ဟြန္ ဘယ္လိုလုပ္ နာနီ႕ေၾကာင့္လဲ နာနီက ေမ့လဲသြားတာ ဟီး တကယ္ဆို ေသသြားၿပီလို႔ေတာင္ထင္မိသြားတာ "

စကိုင္းက နာနီ႕ႏႈတ္ခမ္းရဲရဲေလးေပၚလက္ကိုတင္လိုက္ၿပီး

" နာနီဗ် အဲ့လိုမေျပာရဘူးေနာ္ မဦးမခြၽတ္ေတြ ကံဆိုးတတ္တယ္ဗ် "

" စိတ္မပူပါနဲ႕ ခြန္စကိုင္းဗ်၊ ခြန္စကိုင္းက နာနီ႕အနားမွာရွိေနတိုင္းနာနီကံေကာင္းေနမွာပါ "

သူေျပာၿပီးသူရွက္သြားတဲ့ ကေလးေပါက္စေလးနာနီ႕ကို အသည္းယားလြန္းၿပီး ပါးေလးဆြဲညွစ္လိုက္ေတာ့ ႏႈတ္ခမ္းေလးကဆူထြက္ရင္းရန္ေတြ႕ျပန္ေလရဲ႕။

" နာနီက ကေလးေတြကိုကယ္ခ်င္တဲ့စိတ္ရွိခဲ့တာေလ အဲ့ေမတၱာေလးကမွန္ေတာ့ေရာင္ျပန္တဲ့သေဘာေပါ့၊ နာနီအသက္စြန႔္ၿပီးကယ္ခဲ့တဲ့ကေလးေတြက နာနီ႕အတြက္ နတ္ဆရာကိုဝိုင္းၿပီး တိုက္ေပးၾကတာ ၿပီးေတာ့ ကိုယ္လႊတ္ထားတဲ့ လူေတြကလည္း ျမစ္ဆိပ္က လူကုန္သည္ေတြကိုဖမ္းလာနိုင္ေတာ့ ႐ြာကလူေတြအားလုံးကိုရွင္းျပရတာလြယ္ကူသြားခဲ့တာ "

နာနီက မ်က္လုံးေလးပါေကြးသြားတဲ့ထိၿပဳံးမိလိုက္တယ္။ ေမတၱာေရာင္ျပန္တယ္ဆိုတာဒီလိုမ်ိဳးပဲေနမယ္ေလ။

" နာနီအိပ္ခ်င္ေနၿပီလား ျပန္ဆင္းၾကေတာ့မလား "

" ဟင့္အင္း ခြန္စကိုင္းနဲ႕ ဒီတိုင္းေလးပဲေနခ်င္ေသးတယ္ ခြန္စကိုင္း ဟိုကိုၾကည့္ လမင္းႀကီးရဲ႕ေအာက္မွာ ၾကယ္ေလးထင္းေနတာ မလွဘူးလား "

နာနီက ေကာင္းကင္ကိုၫႊန္ျပရင္းေျပာတယ္။

" အြန္း အရမ္းလွတယ္ဗ် နာနီ႕လည္ပင္းကမွည့္စက္ေလးလိုပဲဗ် "

နာနီအံ့အားသင့္သြားတယ္ ဒီဘက္ေခတ္ကနာနီရဲ႕လည္ပင္းမွာလည္းမွည့္ရွိေနေသးတာလား။နာနီတကယ္ကိုသတိမထားမိခဲ့တာ။

" ခြန္စကိုင္း တကယ္ေျပာတာလား တကယ္ရွိေနတာလား နာနီ႕မွာ "

" အြန္း ရွိေနတယ္ဗ် "

" ဒီနာမွာလား ခြန္စကိုင္း "နာနီက သူထင္တဲ့ေနရာကိုလက္ညွိုးထိုးၿပီးျပေတာ့ စကိုင္းက ေခါင္းခါျပလိုက္တယ္။

" ဟြန္း အဲ့တာဆိုဘယ္ေန႕ရာမွာလဲ ခြန္စကိုင္း "

စကိုင္းကၿပဳံးလိုက္ၿပီး နာနီ႕လည္ပင္းကမွဲ႕နက္ကေလးကိုငုံ႕ၿပီးနမ္းလိုက္တယ္။ နာနီကေတာ့ အံ့ဩသြားတာထင္တယ္။ မ်က္လုံးေတြမွိတ္တုတ္မွိတ္တုတ္လုပ္ေနတာ။

" ခြန္စကိုင္း!!"

" ဗ် "

နာနီ ရွက္လြန္းတာေၾကာင့္ မတ္တပ္ထရပ္လိုက္ၿပီး "ျပန္ဆင္းၾကမယ္" ဟုဆိုၿပီး အရင္ဆင္းသြားလိုက္တယ္။ စကိုင္းကလည္းနာနီ႕အေနာက္ကေန ခ်က္ခ်င္းလိုက္ဆင္းလာလိုက္တယ္။

" နာနီဗ် "

" အိပ္ေတာ့မယ္မႏွောင့္ယွက္နဲ႕ "

" ဒါေလးေပးခ်င္လို႔ပါဗ် "စကိုင္းက ေက်ာက္စိမ္းလက္ပတ္ေလးကိုျပတာေၾကာင့္ နာနီအိပ္ယာေပၚလွဲေနရာကထလိုက္ၿပီး စကိုင္းေဘးနားသြားထိုင္လိုက္တယ္။

စကိုင္းက နာနီ႕လက္မွာ ေက်ာက္စိမ္းလက္ပတ္ကိုဝတ္ေပးရင္း

" ကိုယ့္ကိုစိတ္ပူၿပီးလိုက္လာေပးတာေက်းဇူးတင္ပါတယ္ေနာ္ နာနီ ၿပီးေတာ့ ကိုယ့္ကိုလက္ခံေပးတာေရာပဲ "

နာနီက ၿပဳံးလိုက္ၿပီး ေခါင္းတဆက္ဆက္ညိမ့္ျပလိုက္ေတာ့ စကိုင္းက အသည္းယားလြန္းတာေၾကာင့္ နာနီ႕ပါးေလးကိုထပ္မံ လိမ္ဆြဲမိျပန္တယ္။

" နာနီက အရမ္းေတြခ်စ္ဖို႔ေကာင္းလြန္းေနေတာ့တာပဲဗ် "

" ခြန္စကိုင္းဗ် နာနီေမးစရာတစ္ခုရွိတယ္ "

" ေမးပါဗ် "

" ဒီလက္ပတ္ကို ဘာလို႔ဝယ္လာခဲ့တာလဲ အမွန္တိုင္းေျပာရရင္ နာနီ လီနာနဲ႕ေဈးသြားခဲ့တဲ့ေန႕တုန္းက ‌ဒီလက္ပတ္ေလးကိုေတြ႕ခဲ့ေသးတယ္ ဒါေပမယ့္ နာနီမယူျဖစ္ခဲ့တာ "

" အြန္း ကိုယ္သိတယ္ "

" ခြန္စကိုင္းကသိတယ္? "

" အြန္း သိတယ္ဗ် တကယ္ေတာ့ အဲ့ေန႕က ကိုယ္လည္းေဈးထဲေရာက္ေနခဲ့တာေလ နာနီကို႐ုတ္တရက္ေတြ႕မိေတာ့ နာနီ႕ေနာက္ကိုလိုက္ၾကည့္ရင္း နာနီအဲ့လက္ပတ္ေလးကိုအရမ္းသေဘာက်ေနတာကိုသတိထားမိတာနဲ႕ ကိုယ္ဝယ္လိုက္တာ "

" အြန္းး ခြန္စကိုင္းးး"

နာနီက စကိုင္းရင္ခြင္ထဲဝင္ၿပီးစကိုင္းကိုလည္ပင္းကေနသိုင္းၿပီးဖတ္လိုက္ေတာ့ စကိုင္းက နာနီ႕ခါးေလးကိုျပန္ဖက္လာတယ္။

" ခြန္စကိုင္း နာနီ႕အေပၚအရမ္းမေကာင္းေပးပါနဲ႕ နာနီ ခြန္စကိုင္းအေပၚအရမ္းဆိုးေနမိလိမ့္မယ္ "

" ကိစၥမရွိပါဘူးဗ် နာနီဆိုးလည္း ကိုယ္ကထိန္းနိုင္ပါတယ္ဗ် "

နာနီက ဖက္ထားရာမွလႊတ္လိုက္ၿပီး သူ႕အိပ္ယာေပၚကေခါင္းအုံးကိုယူၿပီး စကိုင္းရဲ႕အိပ္ယာေပၚလာထားလိုက္တယ္။ၿပီးေတာ့ စကိုင္းအိပ္ယာေပၚမွာတက္အိပ္လိုက္ၿပီး လက္ႏွစ္ဖက္ကိုကားေပးရင္း

" ခြန္စကိုင္း နာနီတို႔အတူတူဖက္အိပ္ၾကရေအာင္ေလ "

စကိုင္းမွာ ဘာစကားမွေတာင္ျပန္မေျပာနိုင္ေတာ့ဘဲ နာနီ႕ေဘးနားဝင္လွဲၿပီးနာနီ႕ကိုသူ႕ရင္ခြင္ထဲထည့္ထားလိုက္တယ္။

" တကယ္ဆိုေခါင္းအုံးေတာင္သြားယူဖို႔မလိုပါဘူး ကိုယ့္လက္ေမာင္းကိုနာနီေခါင္းအုံးၿပီးအိပ္လို႔ေတာင္ရပါတယ္ဗ် "

" စကားမ်ားႀကီးမေျပာပါနဲ႕ခြန္စကိုင္း နာနီအိပ္ေတာ့မယ္ "

စကိုင္းက အသံထြက္သည္ထိရယ္လိုက္မိၿပီး နာနီ႕ရဲ႕နဖူးေလးကိုဖြဖြေလးနမ္းလိုက္တယ္။နာနီကေတာ့ရွက္လို႔ထင္တယ္ နား႐ြက္ေလးေတြေတာင္ ရဲေနျပန္တယ္။

စကိုင္းထပ္ၿပီးသိလိုက္ရတဲ့နာနီ႕အေၾကာင္းက နာနီကသူသေဘာက်တဲ့သူနဲ႕ဆို လူအရမ္းကပ္တာကိုပဲ။စကိုင္းကနာနီ႕ကိုတဖြဖြနမ္းရင္းနဲ႕ပဲအိပ္ေပ်ာ္သြားတယ္။

အိပ္မေပ်ာ္ေသးတဲ့နာနီက စကိုင္းအိပ္ေပ်ာ္သြားကာမွ စကိုင္းရဲ႕နဖူး‌ကိုေမာ့ၿပီးနမ္းလိုက္တယ္။ၿပီးေတာ့ဖက္ထားတဲ့အတိုင္းေလးပဲ နာနီျပန္အိပ္လိုက္တယ္။

တစ္ခါတစ္ေလက်ေတာ့လည္း အခ်စ္ဆိုတာကထုတ္ေဖာ္ေျပာျပေနစရာမလိုဘဲ အခ်င္းခ်င္းသိေနၾက႐ုံနဲ႕တင္ တကယ္ကိုလွပေနခဲ့တာပဲ။

ခ်စ္ျခင္းတရားမွာဘယ္သူကပိုခ်စ္တယ္၊ေလွ်ာ့ခ်စ္တယ္ဆိုတာမရွိပါဘူး။ပိုခ်စ္ေပးဖို႔လည္းမလိုသလို ေလွ်ာ့စရာလည္းမလိုဘူး၊ ဒီတိုင္းေလးခ်စ္ေပးေနျခင္းဟာလည္း ခ်စ္ျခင္းတရားပါပဲ။

ႀကိဳးနီေလးဟာ ဖူးစာႀကိဳးနီေလးျဖစ္ၿပီး ကိုယ္တိုင္မျဖတ္ခ်င္တဲ့အခါ ဘယ္ေတာ့မွျပတ္မသြားမယ့္ႀကိဳးေလးျဖစ္တယ္။ ေနာက္ထပ္ဘဝေတြထိ ႀကိဳးနီေလးရဲ႕ကံၾကမၼာဟာ ဆက္လက္တည္ရွိေနမွာပဲေလ။

//////////////

နာနီတို႔က ျပန္ရေတာ့မွာျဖစ္တာေၾကာင့္ ႐ြာသားေတြကလာၿပီးႏုတ္ဆက္ေနၾကေလသည္။ ကေလးေတြကလည္းနာနီကိုလာဖက္ေနရင္း ငိုေနၾကသည္မို႔ နာနီကိုယ္တိုင္ပင္စိတ္မေကာင္းျဖစ္ရသည္။

နာနီက စာအုပ္အျပင္ဘက္ကမၻာမွာကတည္းက တစ္ေယာက္ထဲေနခဲ့ရၿပီး မိသားစုနဲ႕ပဲအေနမ်ားသည္ တကၠသိုလ္ေရာက္မွ အႁမႊာႏွစ္ေကာင္နဲ႕ခင္ခဲ့တာမလို႔ ဒီလိုမ်ိဳးခံစားခ်က္ေတြတစ္ခါမွမခံစားဖူးေပ။ ၾကည္ႏူးတယ္လို႔ပင္ဆိုရမယ္။

" သခင္ေလးတို႔ ေနာက္လမ္းႀကဳံတဲ့အခါ လာခဲ့ၾကပါေနာ္ ကြၽန္မတို႔႐ြာက သခင္ေလးတို႔ကိုအၿမဲတမ္းႀကိဳဆိုေနပါတယ္ "

" ေက်းဇူးတင္ပါတယ္ဗ် ေနာက္တစ္ခါ ကြၽန္ေတာ္တို႔တကယ္ကိုဆက္ဆက္လာခဲ့ပါ့မယ္ "

နာနီေျပာကာမွ အားလုံးကေခါင္းညိမ့္ၾကရင္း လက္ေဆာင္ပစၥည္းေတြေတာင္ထည့္ေပးခ်င္ၾကေသးတာ။ နာနီက အားနာလို႔မယူပါရေစနဲ႕ဟုအတင္းျငင္းလို႔သာ ထည့္မေပးၾကေတာ့တာ။

" သြားေတာ့မယ္ဗ် အားလုံးက်န္းက်န္းမာမာနဲ႕ေနခဲ့ၾကပါဗ် "

နာနီက အားလုံးကိုမွာရင္းထြက္လာခဲ့လိုက္တယ္။စကိုင္းရဲ႕ေလွေပၚကိုသြားရင္းလမ္းမွာ စကိုင္းရဲ႕တပည့္ႏွစ္ေကာင္ေျပာတာၾကားလိုက္မိေသးတယ္။

" သခင္ေလးစကိုင္းက ဟီရမ္ကစ္အိမ္က သခင္မေလးကိုပဲစကားႏူးႏူးညံ့ညံ့ေျပာတာေနာ္! သခင္ေလးက ခ်စ္မိေနတာမ်ားလား "

" ျဖစ္ရင္လည္းျဖစ္မွာေပါ့ သခင္မေလးလီနာကလည္းအရမ္းလွတာေလ ၿပီးေတာ့အရမ္းလည္းသိမ္ေမြ႕ေသးတာ "

နာနီသူတို႔ရဲ႕စကားကိုၾကားေတာ့ ဟြန္းခနဲ ႏွာမႈတ္လိုက္ေသးတယ္။ ၿပီးေတာ့ စိတ္ထဲကေနျပန္ေခ်ပလိုက္ပါတယ္။

* ငါနဲ႕ႏွစ္ေယာက္ထဲရွိေနတဲ့အခ်ိန္ ခြန္စကိုင္းရဲ႕စကားေျပာပုံကိုတကယ္ျမင္ေစခ်င္တယ္၊ အဲ့အခါက် အရမ္းႏူးညံ့လြန္းလို႔ ငါတို႔သခင္ေလးမဟုတ္ဘူး မေကာင္းဆိုးဝါးကပ္ေနတာလို႔ေတာင္ေျပာၾကမလားပဲ ဟြန္း *

နာနီေလွေပၚတက္လာေတာ့ စကိုင္းက နာနီ႕လက္ကိုကိုင္ၿပီး ေခၚေသးတာေၾကာင့္ နာနီက စကိုင္းနဲ႕လီနာအေၾကာင္းေျပာေနတဲ့ ႏွစ္ေယာက္ကိုၾကည့္ၿပီး ႏႈတ္ခမ္းတစ္ဖက္ထဲၿပဳံးၿပီး မ်က္ခုံးပါလႈပ္ျပလိုက္ေသးတယ္။

*ဟမ့္ နာနီ႕ကိုလာေၾကာဖို႔မစဥ္းစားၾကနဲ႕ လာေၾကာခ်င္ရင္အားလုံးတန္းစီ ၿပီးရင္ ေခ်ာက္ကမ္းပါးကေနခုန္ခ်လိဳက္ၾက ဟမ့္*

စကိုင္းက နာနီ႕ကို စံအိမ္ေရာက္သည္ထိလိုက္ပို႔ေပးတယ္။ အိုက္ကန္က နာနီ႕ကိုစိတ္ပူတာေၾကာင့္ထင္တယ္ ေလွဆိပ္ကတံတားမွာေစာင့္ေနတာ။

" သခင္ေလး!! "

အိုက္ကန္က နာနီ႕ကိုေတြ႕တာနဲ႕တင္ လွမ္းေခၚရွာတယ္။ နာနီကလည္း ၿပဳံးျပပီုး လက္ကိုေဝွ႕ျပလိုက္တယ္။

" အိုက္ကန္!! "

" သခင္ေလး!! "

" အိုက္ကန္! "

စကိုင္း ဟိုနဲ႕ဒီကိုေအာ္ေခၚေနၾကတဲ့ သခင္နဲ႕အေစခံကိုၾကည့္ၿပီးတကယ္ကိုၾကည့္ၿပီးတကယ္စဥ္းစားလို႔မရေပ။ အိုက္ကန္ကိုမ်က္ေမွာင္ၾကဳတ္ၿပီးသာၾကည့္လိုက္တယ္။

ေလွရပ္သြားေတာ့စကိုင္းက တံတားေပၚကိုအရင္တက္ၿပီး နာနီ႕ကိုလက္လွမ္းေပးရင္းတက္ေစတယ္။

" ၾကင္နာမႈကို ေက်းဇူးတင္ပါတယ္ ခြန္စကိုင္းဗ် "

နာနီ႐ြဲ႕ေျပာမွန္းသိတဲ့ စကိုင္းက ေခါင္းသာခါယမ္းနိုင္ေတာ့တယ္။

" သခင္ေလးရာ ကြၽန္ေတာ္က အရင္ျပန္လာရေပမယ့္ သခင္ေလးကိုစိတ္ပူလြန္းလို႔ ဒီမွာထိုင္ေစာင့္ေနရတာဗ်! သခင္ေလးဘယ္ေနရာေတြ ထိခိုက္သြားေသးလဲ " အိုက္ကန္ကေျပာေနရင္း နာနီ႕ကိုလွည့္ဖို႔အလုပ္ သခင္ေလးစကိုင္းကိုအရင္ၾကည့္မိလိုက္သည္။

သခင္ေလးစကိုင္းအၾကည့္ကို သေဘာေပါက္စြာနဲ႕ သခင္ေလးနာနီ႕ကိုမထိေတာ့ပဲ အေနာက္ဆုတ္ၿပီးေနလိုက္တယ္။ ဒီတစ္ခါလက္အခ်ိဳးခံရမွာမဟုတ္ပဲ ေရကန္ထဲ ကန္ခ်ခံရမွာသိေနလို႔ပင္။

အိုက္ကန္လည္းမသိဘူး သခင္ေလးစကိုင္းက ကြၽန္ေတာ္တို႔ရဲ႕သခင္ေလးနာနီ႕ကိုဆိုသိပ္ဂ႐ုစိုက္တာဗ်။ ဘာမွလည္းမေတာ္စပ္ၾကပဲနဲ႕ အဲ့ေလာက္ႀကီးဂ႐ုစိုက္တာၾက ညီအစ္ကိုအခ်စ္ထင္ပါရဲ႕။ အရမ္းေလးနက္ၾကတာပဲ အိုက္ကန္လည္းအဲ့လိုညီအစ္ကိုေကာင္းတစ္ေယာက္ေတာ့ လိုခ်င္မိပါေသးတယ္။

" အဲ့တာဆို ကိုယ္ျပန္ေတာ့မယ္နာနီဗ် "

ၾကည့္ပါလား သခင္ေလးစကိုင္းက ကြၽန္ေတာ္တို႔သခင္ေလးကိုဆိုအရမ္းႏူးႏူးညံ့ညံ့ ဆက္ဆံေပးတာပဲ။ ကြၽန္ေတာ္တို႔သခင္ေလးက ပိုငယ္တာမို႔လို႔ထင္တယ္။သူ႕ညီေလးအရင္းတစ္ေယာက္လိုမ်ိဳးဆက္ဆံတာေနမွာ။

" အိုက္ကန္ ငါ့ကို အစားအေသာက္သြားျပင္ေပးထား ဗိုက္ဆာလာလို႔ "

" ဟုတ္ကဲ့ဗ် " ဟုဆိုကာ အိုက္ကန္က ‌ေနရာကေနထြက္သြားတယ္။

" အြန္းးခြန္စကိုင္း ဂ႐ုစိုက္ၿပီးျပန္ပါေနာ္ဗ် "

" ေကာင္းပါၿပီဗ် "

" ခြန္စကိုင္းကို ႏႈတ္မဆက္ခ်င္ေသးဘူးကို " နာနီက ႏႈတ္ခမ္းေလးဆူထားကာေျပာလာတယ္။ စကိုင္းကနာနီ႕ရဲ႕နား အနားကပ္ကာ

" ခြန္နာနီဗ် ဒီလိုဆက္လုပ္ေနလို႔ ကိုယ္အရမ္းအသည္းယားလို႔ နမ္းမိသြားတဲ့အခါ ဘယ္လိုလုပ္ရမလဲဗ် "

နာနီ႕နား႐ြက္ေလးကရဲတက္လာၿပီး စကိုင္းရဲ႕ရင္ဘတ္ကို လက္သီးနဲ႕ဖြဖြေလးထိုးလိုက္တယ္။

" ဟြန္း ေတာ္ၿပီ ျပန္ေတာ့ "

စကိုင္းကၿပဳံးလိုက္ရင္း မ်က္လုံးေဝွ႕ၾကည့္ကာဘယ္သူမွမရွိဘူးေသခ်ာသြားေတာ့မွာ နာနီ႕ရဲ႕ပါးကို႐ႊတ္ခနဲနမ္းလိုက္တယ္။ၿပီးတာနဲ႕

" တကယ္ျပန္ပါေတာ့မယ္ဗ် " လို႔ေျပာၿပီး ေလွေပၚတက္သြားတယ္။

နာနီက ေၾကာင္ရပ္ေနဆဲျဖစ္တယ္။ နာနီလို ေၾကာင္ၿပီးရပ္ေနတာကေတာ့ အိုက္ကန္ပဲျဖစ္တယ္။

အိုက္ကန္က ႀကီးေတာ္ပရစ္ကိုေျပာၿပီး ျပန္အထြက္လာ ျမင္လိုက္ရတာျဖစ္တယ္။ သခင္ေလးနာနီနဲ႕သခင္ေလးစကိုင္းကတကယ့္ညီအစ္ကိုအရင္းေတြမ်ားလားမသိဘူး အရမ္းလည္းခ်စ္ၾကၿပီး နမ္းေတာင္နမ္းေနၾကတယ္။ ဒါနဲ႕ ညီအစ္ကိုေတြကေရာ နမ္းၾကတာပဲလား။

////////////

စကိုင္းစံအိမ္ကို ျပန္ေရာက္ေတာ့ အေမျဖစ္သူကစီးႀကိဳတယ္။

" သားစကိုင္း အဆင္ေျပရဲ႕လား မင္းသားဒ်ဴးေျပာလို႔ သိၿပီးသြားရၿပီ ဒီတစ္ခါအရမ္းအႏၱရာယ္ရွိတာပဲကို ဘယ္ေနရာေတြထိခိုက္လာေသးလဲ "

" အေမဗ် ကြၽန္ေတာ္အဆင္ေျပပါတယ္ေနာ္ စိတ္မပူပါနဲ႕ "

စကိုင္းရဲ႕အေမကေခါင္းၿငိမ့္ရင္း

" သားအေဖက စာၾကည့္ခန္းထဲမွာ ခုနထဲက သားကိုထြက္ထြက္ၾကည့္ေနတာ ၾကာေနလို႔ "

" ဟုတ္ကဲ့ဗ် သားသြားလိုက္ပါမယ္ဗ် "

စကိုင္းလည္းအေမ့စီကေန စာၾကည့္ခန္းထဲကိုဦးတည္ၿပီးသြားလိုက္တယ္။ စကိုင္းဝင္လာသည္ကိုသိသြားေတာ့ စကိုင္းရဲ႕အေဖက စာဖတ္ေနရာမွထလာၿပီး

" ဒီမွာ သားရဲ႕ဓား မင္းသားဒ်ဴးယူလာခဲ့ေပးတာ "

ပစ္ေပးလာတဲ့ဓားကိုလွန္းဖမ္းလိုက္ၿပီး ဓားကိုထုတ္ၾကည့္လိုက္တယ္။ စကိုင္းၿပဳံးလိုက္ၿပီး

" မင္းသားဒ်ဴးကို ေက်းဇူးတင္လိုက္ပါမယ္ဗ် "

" ၿပီးေတာ့ မနက္ျဖန္ဆုေတာင္းပြဲလုပ္ရမယ္ ဒီတစ္ေခါက္အမႈကေတာင္ အႏၱရာယ္ဒီေလာက္ရွိေနတာ ေနာက္အမႈေတြလည္း ဒီထက္ဆိုးရငေတာင္ဆိုးေနအုံးမွာ အဲ့တာေၾကာင့္ ဘုန္းႀကီးေတြကိုလည္းပင့္ဖိတ္ထားတယ္၊ ၿပီးေတာ့ သားကိုဂုဏ္ျပဳဖို႔ အျခားစံအိမ္က လူေတြလည္းလာၾကလိမ့္မယ္ "

စကိုင္း ၿပဳံးသာျပလိုက္ၿပီး

" ကြၽန္ေတာ္ ျပင္ဆင္ထားလိုက္ပါ့မယ္ဗ် "

စကိုင္းလည္းစကားေျပာၿပီးတာနဲ႕ အိပ္ခန္းေဆာင္ဘက္ကိုသာထြက္လာခဲ့လိုက္တယ္။အိပ္ယာေပၚထက္လွဲလိုက္ၿပီး စကိုင္းမွာအေတြးေတြမ်ားေနခဲ့တယ္။

နာနီနဲ႕သူရဲ႕အေျခအေနက တစ္ေယာက္နဲ႕တစ္ေယာက္ခ်စ္ေနၾကတဲ့အေျခအေနမ်ိဳးကိုေရာက္ေနၾကေပမယ့္ ဘယ္သူ႕ဘက္ကမွ ဖြင့္ဟဝန္ခံထားတာျခင္းမ်ိဳးမရွိေပ။ ဒီစကားမ်ိဳးမေျပာခဲ့လို႔ ေနာက္အခ်ိန္မွာျပႆနာရွိလာနိုင္လား၊ ေျပာခဲ့မွသာ ျပႆနာရွိလာနိုင္မလားကိုမသိေပမယ့္ စကိုင္းက တကယ္ကို နာနီ႕အေပၚရွိတဲ့ခံစားခ်က္ေတြကိုအားလုံးသိေအာင္ေျပာခ်င္တယ္။

လက္ထပ္ရမယ္ဆိုရင္လည္း နာနီနဲ႕ပဲလက္ထပ္ၿပီး နာနီ႕ကိုအနားမွာေခၚထားရင္းတစ္သက္လုံးကာကြယ္ေပးခ်င္တယ္။ နာနီ႕ကို မ်က္လုံးနဲ႕ၾကည့္ၾကတာေတာင္ စကိုင္းကတကယ္အူတိုပါတယ္။ မႀကိဳက္ဘူး နာနီကတကယ္ကိုအရမ္းလွတယ္ သူမ်ားေတြေငးၾကည့္ေနတာမ်ိဳးကိုသေဘာမက်ပါဘူး။

ဒါကလည္းအခ်စ္ပါပဲ။ လက္ခံလို႔ရတဲ့အခ်စ္ပဲေလ လူတစ္ေယာက္က လူတစ္ေယာက္ကိုခ်စ္ၾကတဲ့အခ်စ္ပဲ။ ေယာကၤ်ားေလးက အၿမဲတမ္းမိန္းကေလးကိုပဲခ်စ္ရမယ္ဆိုတာမ်ိဳးကိုၾက လက္ခံနိုင္ၿပီး ဒါမ်ိဳးကိုက် ဘာလို႔လက္ခံဖို႔ခက္ခဲေနၾကမွန္းနားမလည္နိုင္။

နာနီ႕ကိုခ်စ္မိတာ အျပစ္လို႔ ကိုယ့္ကိုကိုယ္မသတ္မွတ္ထားခဲ့ဘူး။ စကိုင္းက ကိုယ္တိုင္ကိုကလိုလိုလားလားလက္ခံခဲ့တဲ့ ကံၾကမၼာေလးမို႔ ဘယ္သူဖ်က္ဆီးတာမွခံေနမွာမဟုတ္ဘူး။

စကိုင္းက သူ႕အတၱကိုေရွ႕တန္းတင္ခ်င္ေပမယ့္ နာနီ႕အတြက္ေတြးေပးရအုံးမွာပဲ။နာနီက တစ္ခုခုဆို ခံစားလြယ္တတ္တာ အကယ္၍ အကယ္၍ေပါ့ေနာ္ သူတို႔အေၾကာင္းအကုန္သိသြားလို႔ ျပႆနာေတြနဲ႕ရင္ဆိုင္ရတဲ့အခါ နာနီကေရာ တကယ္ရင္ဆိုင္နိုင္ပါ့မလား၊။ စိတ္ပင္ပန္းေနေလာက္မွာ။

နာနီက အၿမဲစဥ္းစားတတ္တဲ့ကေလးမို႔ အလြန္အကြၽံေတြးေနမွာေတာ့စိတ္ပူမိပါတယ္။ ေနာက္တစ္ရက္သြားေတြ႕တဲ့အခါ စိတ္မပူဖို႔ အမ်ားႀကီးမေတြးဖို႔ကိုမွာရအုံးမယ္။

စကိုင္းအတြက္ နာနီနဲ႕ပတ္သက္သမွ်ဟာ ပထမဦးဆုံးေ႐ြးခ်ယ္မႈေလးဘဲ။ဘယ္အရာနဲ႕ပဲယွဥ္ေ႐ြးခ်ယ္ရေ႐ြးခ်ယ္ရ နာနီကစကိုင္းအတြက္အၿမဲတမ္းဦးစားေပး႐ြယ္ခ်ယ္မႈေလးျဖစ္ေနအုံးမွာပဲ။

အေၾကာင္းျပခ်က္ကေတာ့ စကိုင္းက နာနီ႕ကိုခ်စ္တယ္ဆိုတာထက္ပိုၿပီး ျမတ္နိုးသြားခဲ့တာေလ။

ဒီအေၾကာင္းကိုလည္း တစ္ခ်ိန္ခ်ိန္မွာ နာနီသိေအာင္ေျပာခြင့္ရမယ္ဆိုတာ စကိုင္းကယုံၾကည္ေနတုန္း။

////////////////

လိုခ်င္တဲ့ plotကိုမေရာက္ဘဲ ပ်င္းဖို႔ေကာင္းေနမွာစိုးလို႔ update မ်ားမ်ားေပးျဖစ္ေနတာပါရွင့္ ။ လိုအပ္ခ်က္ေလးေတြ ျပင္ဆင္ေစခ်င္တာေလးေတြကိုလည္း ေျပာေပးေစခ်င္တယ္ေနာ္💗

There are no comments yet. Log in to be the first to leave a review!

Similar stories