Fanfics

10

18:52, 23 February 2025

U

စကိုင်းကမယုံနိုင်စွာဖြစ် နာနီ့ကိုထပ်ကာထပ်ကာမေးနေမိတယ်။ အခုသူတို့ဘယ်လိုအခြေအနေဖြစ်သွားပြီလဲဆိုတာသေချာမသိပေမယ့် စကိုင်းသဘောကျတယ်။

" နာနီပြောတာ တကယ်လားဗျ "

အခု နာနီက အရှေ့ကနေမီးအိမ်ကိုကိုင်ရင်း ထွက်ပေါက်ရှာနေတာဖြစ်ပြီး စကိုင်းကအနောက်မှာနေရင်း တကယ်လားဆိုပြီး ခနခနမေးနေခြင်းဖြစ်တယ်။

" ခွန်စကိုင်း နာနီမဖြေချင်တော့ဘူးနော် "

" ကိုယ်မယုံနိုင်လို့ "

" မယုံရင်နေခဲ့ မလိုက်လာနဲ့ နားငြီးလာပြီ။ တကယ်ပါဆိုတာပြောရတာ ၁၉၆ခေါက်ရှိနေပြီ တကယ်ပါပဲ။ "

နာနီရဲ့စိတ်မရှည်ပဲပြောကြားမှုက စကိုင်းကိုပြုံးစေတယ်။ နာနီနဲ့ပတ်သက်သမျှဟာ စကိုင်းအတွက်တကယ်ကို ကံကြမ္မာလှလှကလေးဖြစ်နေခဲ့တာ။

စကိုင်းကပြုံးလိုက်ပြီး နာနီ့လက်ကိုဆုတ်ကိုင်လိုက်တယ်။

" တူတူသွားကြတာပေါ့ "

" အခုလည်းအတူတူသွားနေတာပဲလေ "

စကိုင်း မနိုင်ဘူးဆိုတဲ့ပုံစံနဲ့ခေါင်းသာခါယမ်းနေမိတော့တယ်။ တကယ်ကိုတခွန်းမကျန်ပြန်ပြန်ပြောနေတဲ့အစွာကလေးပဲ။

" ခွန်စကိုင်း ဒီစင်ကြီးကိုကြည့်ကြည့် ထူးဆန်းနေသလိုပဲ "

နာနီ ပြတဲ့စင်က အခြားစင်တွေလို ခန္ဓာကိုယ်အစိတ်အပိုင်းတွေတင်ထားတာမဟုတ်ဘဲ အထည်အလိပ်တွေ ‌ကိုစီစီရီရီထပ်ထားတာဖြစ်တယ်။

နာနီကိုင်ကြည့်လိုက်တော့ အခြားစင်တွေလို လှုပ်ယမ်းနေတာမျိုးမဟုတ်ဘဲ တောင့်တောင့်တင်းတင်းဖြစ်နေတယ်။

" ခွန်စကိုင်း ဒီဟာက တံခါးပေါက်ဖြစ်လောက်တယ် ဆွဲကြည့် "

နာနီပြောတာကြောင့် စကိုင်းက စင်ကြီးကိုဘေးဘက်ကိုတွန်းကြည့်လိုက်တယ်။ အလွန်လေးတာဖြစ်ပြီး အားစိုက်ပြီးတွန်းတာတောင် အနည်းငယ်လောက်ပဲပွင့်တယ်။

" နာနီ ဒါကတကယ်တံခါးပေါက်ဖြစ်နေခဲ့တာပဲ နာနီဖော့ခ်ယူဗျ "

" ခွန်စကိုင်း!! ပါးစပ်ပိတ်ပြီး အမြန်သာလုပ်ပါ "

နာနီလည်းတကယ်စိတ်ညစ်မိတာပါ ခနခနသူကြီးပဲအဆဲခံနေရပြီ မပျော်တော့ဘူးလေ။

စကိုင်းဘယ်လောက်အားစိုက်စိုက် လုံးဝမပွင့်သွား‌ချေ။ နာနီသဘောပေါက်သွားလေပြီ ဒီတံခါးက မန္တာန်နဲ့ဖွင့်မှပွင့်မှာ။ ဒါပေမယ့်နာနီက ရေးခဲ့တဲ့ မန္တာန်ကိုမမှတ်မိပေ။

" ခွန်စကိုင်း မန္တာန်တစ်ခုခုစဉ်းစားကြည့်ပါအုံး တံခါးက ဒီလိုဆက်ဖွင့်ဖို့မဖြစ်နိုင်လောက်တော့ဘူး "

" ကိုယ်က ဓားရေးပဲလေ့ကျင့်ရတာနာနီ မန္တာန်ကို ကိုယ် ကိုယ်တိုင်မနှစ်သက်လို့မလေ့ကျင့်ခဲ့တာဗျ "

" မင်းသားဒျူးရှ်ိရင်ကောင်းမယ်နော်၊ သူကမန္တာန်တွေရော ဓားရေးရောလေ့ကျင့်ထားတာ "

ဒျူးအကြောင်းပြောလိုက်တာနဲ့ စကိုင်းရဲ့မျက်နှာက သိသိသာသာကို တင်းမာသွားတယ်။

" မလိုပါဘူး ကိုယ်ဒီတံခါးကိုရအောင်ဖွင့်ပြမယ် "

စကိုင်းကတံခါးကို ရှိသမျှအားတွေကိုသုံးရင်း တွန်းဖွင့်ပေမယ့်လုံးဝမရပေ။ စကိုင်းမန္တာန်ကိုမလေ့လာခဲ့ပေမယ့် ကြားဖူးတဲ့မန္တာန်တွေထဲက တစ်ခုကိုအသည်းအသန်စဉ်းစားနေမိတယ်။

စကိုင်းပုံစံက မသေမချာဖြစ်နေပြီး စင်ပေါ်ကိုလက်တင်က နှုတ်မှတစ်ခုခုကိုရွတ်ဆိုလိုက်တယ်။ ရုတ်တရက်ဆိုသလို အဝတ်တွေတင်ထားတဲ့စင်မှ ကျောက်တံခါးကြီးအဖြစ်ပြောင်းသွားပြီး ပွင့်သွားတယ်။

အဲ့တော့မှ စကိုင်းက သူပါဆိုတဲ့ပုံစံနဲ့ နှုတ်ခမ်းတစ်ဖက်ထဲပြုံးပြီးနာနီ့ကိုကြည့်လာတယ်။ နာနီလည်းအရမ်းအံ့ဩတဲ့ပုံစံလုပ်ပြလိုက်တယ်။

" ဝိုး ခွန်စကိုင်းအရမ်းတော်တာပဲဗျ "

" ဟမ့် "

အတွင်းပိုင်းကအရမ်းမှောင်နေဆဲဖြစ်တယ်။ နာနီ့လက်ထဲမှာရှိနေတဲ့မီးအိမ်ရဲ့အလင်းရောင်က အရမ်းသေးပေမယ့် တစ်ခန်းလုံးတစ်ဆောင်လုံးကိုထိန်လင်းစေတယ်။

တံခါးရဲ့တစ်ဖက်မှာကတော့မီးအလင်းရောင်ကမကူးနိုင်ဘဲမှောင်မဲနေဆဲ။ နာနီစကိုင်းနောက်လိုက်ပြီးတံခါးအတွင်းကို ဝင်ဝင်ချင်းပင် တံခါးအတွင်းပိုင်းမှာ အရမ်းလင်းထိန်သွားပြီး နာနီတို့နေခဲ့တဲ့နေရာကလုံးဝကိုမှောင်မဲသွားတယ်။

နာနီတို့နှစ်ယောက်လုံး အထဲကိုရောက်တာနဲ့ပင် ကျောက်တံခါးကြီးကပြန်လည်ပိတ်သွားတယ်။ အတွင်းပိုင်းမှာက ဂူပေါက်ကြီးဖြစ်ပြီး လမ်းသုံးလမ်းခွဲထားတယ်။

နာနီ ရုတ်တရက် အော်သံတစ်ခုကြားရတာကြောင့် နားကိုပိတ်ထားလိုက်တယ်။

" နာနီအဆင်ပြေရဲ့လား ဘာဖြစ်တာလဲ "

စကိုင်းရဲ့အသံကိုတောင်မကြားနိုင်လောက်အောင်ပင် အသံတွေကအရမ်းငိုဆူညံနေတယ်။

" ခွန်စကိုင်း နာနီ့နား နား နားအူတယ် "

နာနီထိုင်ချပြီး လက်ထဲက မီးအိမ်ကိုပစ်ချကာ နားကိုလက်နှစ်ဖက်နဲ့အသည်းအသန်ပိတ်ထားရတဲ့အခြေအနေကိုရောက်သွားတယ်။

ပစ်ချခံရတဲ့မီးအိမ်က တစ်ချက်ကလေးတောင် မီးမငြိမ်းသွားခဲ့ဘူး။ မီးတောက်လေးတောင် လှုပ်ယမ်းမသွားခဲ့ပါဘူး။

' ကယ်ကြပါအုံး '

' သားကိုကယ်ပေးကြပါ '

' သားမသေချင်သေးဘူးလေမေမေ သားကို အဲ့လိုကြီးမလုပ်ပါနဲ့ '

' သမီးကြောက်တယ်မေမေ '

' သမီးကို နတ်ဆရာမကြီးဆီ မပို့ပါနဲ့ သမီးတောင်းပန်ပါတယ်မေမေ '

" မလုပ်နဲ့ မလုပ်နဲ့ "

နာနီ့ပုံစံက တုန်လှုပ်နေပြီး မျက်ရည်တွေကျကာ အော်ဟစ်နေမိတယ်။

" နာနီ နာနီ အဆင်ပြေရဲ့လား နာနီ "

နာနီကြားနေရတဲ့ဆူညံသံတွေက ငြိမ်သက်သွားပြီး စကိုင်းရဲ့အသံကို ရှင်းရှင်းလင်းလင်းပြန်ကြားလာရတယ်။

" ခွန်စကိုင်း ဒီ ဒီထဲမှာ ကလေးတွေရှိနေလောက်သေးတယ် "

" နာနီ စိတ်အေးအေးထားနော် စိတ်ကိုလျှော့ "

နာနီတစ်ကိုယ်လုံးချွေးတွေရွဲပြီးတုန်လှုပ်နေမိတယ်။ နာနီ မတ်တပ်ထရပ်လိုက်ပြီး

" ကလေးတွေကိုကယ်ကြရအောင်နော် ကယ်ကြရအောင်ခွန်စကိုင်း "

နာနီက စိတ်လှုပ်ရှားစွာဖြင့် တစ်ယောက်ထဲ အရှေ့ကနေပြေးထွက်သွားတာကြောင့် စကိုင်းက ပြုတ်ကျနေတဲ့ မီးအိမ်ကို ကိုင်ကာ အနောက်မှ လိုက်ရပြန်တယ်။

နာနီက လမ်းစုံရဲ့အလယ်တည့်တည့်မှာကြောင်ပြီးရပ်နေမိတယ်။ လမ်းစုံက အပေါင်းလက္ခဏာပုံစံမို့ သူ့မှာရွေးချယ်ဖို့ သုံးလမ်းရှ်ိနေသေးတာပင်။

နာနီ ခေါင်းတွေက မူးနောက်လာပြီး မြင်နေရသမျှက ချာချာလည်နေတယ်။ သွားရမယ့်လမ်းတွေက နာနီ့ကိုလှည့်ပတ်နေတာကြောင့်ပင်။

စကိုင်းက နာနီ့ကိုကြည့်မိတော့ အလွန်အမင်းကြောက်နေတဲ့ပုံစံနဲ့စိုးထိပ်နေသလိုပင်။ နာနီ့ရဲ့လက်ကိုဆုတ်ကိုင်လိုက်ပြီး

" နာနီ ကိုယ်တို့ အရှေ့ကိုပဲဆက်သွားကြမယ်၊ ကိုယ်နာနီ့လက်ကိုတွဲထားပေးမယ် လမ်းမပျောက်ရအောင် "

စကိုင်းက တစ်လှည့်ပြန်ဦးဆောင်ရင်းနာနီ့လက်ကိုကိုင်ကာ အရှေ့တည့်တည့်ကိုဦးစွာဝင်သွားလိုက်တယ်။

နာနီက ကြောင်အနေရင်းသာလိုက်လာတယ်။ နာနီသွားနေရင်း စိတ်ထဲလေးလေး လာကာ ဘာကြောင့်မှန်းမသိ မျက်ရည်တွေစီးကျလာတယ်။

စကိုင်းက နာနီ့လက်ကိုဆုတ်ကိုင်ရင်း အရှေ့ကိုဆက်လျှောက်လာရင်း တွေ့လိုက်ရတဲ့အရာကြောင့် အလွန်အံ့အားသင့်သွားတယ်။

သံတိုင်တွေကိုလှောင်အိမ်ပုံစံမျိုးလုပ်ထားပြီး လှောင်အိမ်ထဲ ကလေးတွေကို ထည့်ထားတယ်။ စုစုပေါင်း အယောက် နှစ်ဆယ်ကျော်လောက်တောင်ရှ်ိမယ်ထင်ရတယ်။ အားလုံးကသတိလစ်နေတယ်။

ကလေးတွေက ဒီရွာကတင်မဟုတ်ဘဲ အခြားရွာတွေကပါဖြစ်မယ်ထင်တယ်။ စကိုင်းတကယ်ကိုမထင်မှတ်ထားတာပင်ဖြစ်တယ်။ လူတွေအချင်းချင်း ဒီလောက်ရက်စက်ကြရသလား။

ကလေးတွေရဲ့ ခန္ဓာကိုယ်ပေါ်မှာ ကြာပွတ်နဲ့ရိုက်ခံထားရတဲ့ ဒဏ်ရာတွေရှိနေတယ်။ နာနီ့ကိုစိတ်မကောင်းမဖြစ်စေချင်တာမို့ နာနီ့အရှေ့ကနေ ပိတ်ပြီးရပ်လိုက်တယ်။

သတိမထားမိသေးတဲ့နာနီက ကြောင်အနေဆဲပင်ဖြစ်တယ်။

" နာနီ ပြန်ထွက်ရအောင်ဗျ "စကိုင်းရဲ့စကားကိုကြားတော့မှ နာနီက အနည်းငယ်အသိစိတ်ပြန်ဝင်လာတယ်။

" ခွန်စကိုင်း အရှေ့မှာဘာရှိလို့လဲ ရပ်မနေဘဲဖယ်ပေးပါ "

နာနီက စကိုင်းကို အတင်းတွန်းထုတ်လိုက်ပြီးနောက် မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် မြေပြင်ထက် ပျော့ခွေပြီးထိုင်ချမိသွားတယ်။

ကလေးတွေက သတိလစ်နေကြတယ်။ နာနီ့နားထဲမှာကြားနေရတဲ့ကလေးတွေရဲ့အကူအညီတောင်းသံတွေက မြင်နေရတဲ့ ကလေးတွေရဲ့အသံတွေပင်ဖြစ်နေလိမ့်မယ်။ မိန်းကလေးအငယ်လေးတွေကအစ အဖမ်းခံထားရတာဖြစ်ပြီး ကျောမှာလည်းကြာပွတ်နဲ့ရိုက်ခံထားရတဲ့ရိုက်ချက်တွေ။

စကိုင်းက နာနီ့ရဲ့ပုခုံးနှစ်ဖက်ကိုဆုပ်ကိုင်လိုက်ပြီး နှစ်သိမ့်ပေးလိုက်တယ်

" စိတ်မပူပါနဲ့နာနီ ကိုယ်တို့ ကလေးတွေကို ကယ်တင်နိုင်မှာပါ ကလေးတွေကိုခေါ်ထုတ်ပြီး ကိုယ်တိုင်ပြန်ထွက်နိုင်မှာပါ "

နာနီက ခေါင်းကိုတဆက်ဆက်ညိမ့်နေပြီး မျက်ရည်ကိုသုတ်လိုက်တယ်။

" ကလေးတွေကို ကယ်ကြရအောင်နော် "

" အင်း ကိုယ်တို့တွေကယ်ကြတာပေါ့ "

" ခွန်စကိုင်း သူတို့လေးတွေက သတိလစ်နေကြတာဟုတ်တယ်မလားဟင်"

" အင်း ဟုတ်တယ် မန္တာန်ကြောင့်သတိလစ်နေကြတာ "

နာနီက စိတ်ကိုမနည်းပြန်စုစည်းရတယ်။နာနီ မီးအိမ်ရဲ့မီးတောက်ကိုကြည့်မိတော့ လှုပ်နေတာကြောင့်

" ခွန်စကိုင်း မီးတောက်လှုပ်နေတယ်၊ လေဝင်ပေါက်ရှိနေတာပဲ၊ အဲ့တာဆို ဒါကြီးကိုဖွင့်ကြရအောင်လေ ခွန်စကိုင်း "

နာနီက သံလှောင်အိမ်ကြီးကို လက်ညိုးထိုးပြလေတယ်။  စကိုင်းလည်း ဘေးပတ်ပတ်လည်ကိုရှာကြည့်လိုက်တော့ သော့အိမ်လေးကိုတွေ့ရတယ်။

" နာနီ ဒီမှာ သော့အိမ်ရှိတယ် ကိုယ်တို့ဒါကိုဖွင့်ဖို့ သော့အတံလိုတယ် "

နာနီလည်းစကိုင်းနားကိုသွားလိုက်ပြီး သော့အိမ်လေးကိုကိုင်ကြည့်လိုက်တယ်။

" ခွန်စကိုင်း နာနီတို့ ဒီသော့အိမ်ကိုဖျက်ဆီးဖို့လိုတယ်၊ ထုရိုက်လို့ရမယ့် ခပ်မာမာအရာတစ်ခု ရှာပေး "

စကိုင်းလည်း နာနီရှာခိုင်းတဲ့အရာကို ပတ်၍ရှာကြည့်တော့ ကျောက်တုံးအကြွင်းအစတွေကိုသာတွေ့တယ် ပြီးတော့ သစ်သားချောင်းတွေကိုပုံထားတာကြောင့် တစ်ခုကိုယူလာလိုက်တယ်။

" နာနီ ဒီမှာ ကိုယ်ဒီနှစ်ခုပဲတွေ့တယ် "

နာနီက စကိုင်းပေးတဲ့ ကျောက်တုံးနဲ့သစ်သားတုတ်ကြီးကိုလှမ်းယူပြီး သော့အိမ်ကို ကျောက်တုံးနဲ့ အရင်ထုရိုက်ကြည့်တယ်။ အရာတောင်မယွင်းပေ။ နာနီ သစ်သားတုတ်နဲ့ထပ်ရိုက်ကြည့်တယ်။ထပ်တူပဲ ပုံစံပင်မပျက်။

သော့အိမ်က တကယ်ကိုဆွေးနေတဲ့ပုံစံနဲ့ လက်နဲ့ဖျက်ရင်တောင်ပျက်မယ့်ပုံစံရှိနေပေမယ့် လုံးဝကိုဖျက်ဆီးပစ်လို့တောင်မရပေ။နာနီတစ်ခုကိုသတိရသွားပြီး

" ခွန်စကိုင်း နာနီ့ကို အဲ့မီးအိမ်ပေးပါ "

" မီးအိမ်နဲ့လား နာနီ "

" ဟုတ်တယ် ခွန်စကိုင်း နာနီတို့ ဒီကိုဝင်လာထဲက လုံးဝ ပုံစံမယွင်မပျက်စီးပဲဖြစ်နေတာ ဒီမီးအိမ်တစ်ခုပဲရှိနေခဲ့တာလေ "

နာနီပြောကာမှ စကိုင်းလည်းသတိထားမိသွားတယ်။ တံခါးအတွင်းထဲမဝင်ခင်ထဲက မီးအိမ်ကခနခနပြုတ်ကျနေပေမယ့် မီးတောက်လေးတောင်ယိုင်သွားခြင်းမရှိခဲ့ဘူး။

နာနီက စိတ်ကိုဆုံးဖြတ်ကာ မီးအိမ်ရဲ့ အောက်ခြေနဲ့ သော့အိမ်ကို ဖြေးဖြေးသာသာလေးပဲထိလိုက်တာ သံလှောင်အိမ်က ရုတ်တရက်ပျောက်ကွယ်သွားပြီး ကလေးတွေကပါ လှုပ်လှုပ်ရှားရှားဖြစ်လာတယ်။

နာနီမီးအိမ်ရဲ့အောက်ခြေကိုလှန်ကြည့်မိတော့ သော့ပုံစံရေးဆွဲထားတာကိုတွေ့လိုက်ရတယ်။

" နာနီ မီးတောက်က ဘယ်ဘက်ကိုယိမ်းနေတာဆိုတော့ ညာဘက်ခြမ်းကလေတိုက်လို့ပဲ ကိုယ်တို့တွေအဲ့ဘက်ကိုသွားရင် ထွက်ပေါက်တွေ့နိုင်မယ်ထင်တယ် "

ကလေးတွေက သတိရလာကြပြီး နာနီတို့ကိုမြင်တော့ ထောင့်တွေကိုကပ်သွားကြတယ်။

" ကလေးတွေ မကြောက်ကြပါနဲ့ အစ်ကိုတို့က မင်းတို့ကိုကယ်ဖို့လာတာ ဒုက္ခပေးဖို့မဟုတ်ဘူး "

ကလေးတွေကကြောက်ပေမယ့် နားလည်နေသလိုသဘောတော့ရှိနေတယ်။

" သားတို့ကို အိမ်ကိုပြန်ခေါ်သွားပေးမှာလားဟင် "

" အင်း အစ်ကိုတို့က ကလေးတွေကို အိမ်ကိုပြန်ခေါ်သွားပေးမှာ စိတ်မပျက်စေရဘူး အစ်ကိုတို့ကိုယုံပြီးလိုက်ခဲ့ပေးနော် "

ကလေးတွေက အချင်းချင်းကြည့်လိုက်ကြပြီး ခေါင်းကိုအလျင်အမြန်ငြိမ့်လာကြတယ်။

" ကောင်းပြီ အဲ့တာဆိုအတူထွက်ကြမယ် ဒါပေမယ့် ဟိုမှာတွေ့လား အဲ့သစ်သားချောင်းတွေကိုယူ ဟိုနတ်ဆရာတွေနဲ့တွေ့ခဲ့ရင်လုံးဝမကြောက်နဲ့ ပြန်တိုက်နိုင်ရမယ် ဟုတ်ပြီလား "

စကိုင်းက ကလေးတွေကိုပြန်တိုက်ခိုက်ဖို့သင်ပေးနေခြင်းဖြစ်တယ်။

" အချိန်မရှိဘူး မြန်မြန်သွားကြရအောင် "

နာနီက ညာဘက်လမ်းကိုသွားမယ်အလုပ် ကလေးမလေးတစ်ယောက်က

" ကိုကို အဲ့ဘက်ကိုမဟုတ်ဘူး ဒီဘက်ကိုသွားရမှာ "ဆိုပြီး ဘယ်ဘက်ခြမ်းကိုလက်ညိုးညွှန်ပြတယ်။

" ဒါပေမယ့် လေက ဒီဘက်ခြမ်းက တိုက်နေတာလေ "

" ဟုတ်တယ်ကိုကို သမီးတို့ထွက်ပြေးဖူးပါတယ် အဲ့ဘက်က လုံးဝပိတ်ထားတာ သမီးကိုယုံပါ သူတို့တွေ ဝင်လာပြီး ဒီဘက်ကပဲပြန်သွားကြတာ "

နာနီနဲ့စကိုင်းတစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိတယ်။

" ကောင်းပြီ အဲ့တာဆိုဒီဘက်ကပဲ သွားကြတာပေါ့ ကလေးတွေ "

နာနီတို့ ကလေးမလေးပြောတဲ့လမ်းတစ်လျှောက်ထွက်လာကြတယ်။ တော်တော်လျှောက်ယူရတယ်။ နောက်ဆုံးတော့ မီးအိမ်ရဲ့အလင်းကြောင့်မဟုတ်ဘဲ နေရဲ့အလင်းကြောင့်လင်းနေတဲ့နေရာကိုမြင်နေရပြီး ဂူပေါက်ဝကိုတွေ့လိုက်ရတယ်။

" မြန်မြန်သွားကြရအောင် "

ကလေးတွေကလည်းအလွန်ပျော်သွားပြီး ပြေးလွှားကြတယ်။

" ဟမ့် အဲ့လောက်လွယ်တယ်ထင်နေကြတာလား သခင်လေးတို့ "

အနောက်ကနေ အသံနက်ကြီးထွက်လာတာမို့နာနီကျောပြင်တစ်လျှောက်ချမ်းတက်သွားတယ်။အနောက်လှည့်ကြည့်လိုက်တော့ နတ်ဆရာဖြစ်တယ်နဲ့ အတူ သူ့တပည့်နှစ်ယောက်သာဖြစ်တယ်။

" ဟိုကောင်တွေအထဲကိုပြန်ဝင်ကြ "ကလေးတွေကိုအမိန့်ပေးနေတာမို့ နာနီက ကလေးတွေရဲ့အရှေ့မှ ရပ်ကာ

" သူပြောတိုင်းလုပ်စရာမလိုဘူး မင်းတို့အခါလွှတ်ဖို့လမ်းတွေနေပြီ ပြေးကြတော့ "

နာနီပြောတော့ နတ်ဆရာက နာနီ့အနားကိုရုတ်တရက်ရောက်လာပြီး နာနီ့ရဲ့လည်ပင်းကိုညှစ်ထားတယ်။

" ပြေး...တော့ "

နာနီက ကလေးတွေကိုပြေးခိုင်းတော့ ကလေးတွေက ပြေးသွားကြတာကြောင့် ကလေးတွေကထွက်ပြေးကြတယ်။ စကိုင်းကတော့ နတ်ဆရာရဲ့ တပည့်တွေနဲ့တိုက်နေရတယ်။

" ဟက်..အခု ခင်ဗျားရဲ့..အစ်.. အစီအစဉ်တွေ အား လုံး.. ပျက်ပြီ ဟက်ဟက် "

နာနီကလှောင်ရယ်တော့ နတ်ဆရာကဒေါသစိတ်နဲ့ နာနီ့လည်ပင်းကိုပိုတိုးလို့ညှစ်လာတယ်။ နာနီအသက်ရှုလို့ပင် မရတော့ဘဲ မွန်းကျပ်လာပြီး နောက်ဆုံး လုံးဝအမှောင်ကျသွားတော့တယ်။ ဒုတိယအကြိမ်သေခြင်းဆိုတာမျိုးကိုခံစားလိုက်ရတာပဲ။

နာနီ နောက်ဆုံးသတိရှိစဉ် စကိုင်းရဲ့စိုးရိမ်တကြီးနဲ့အော်ခေါ်တဲ့ * နာနီ* ဆိုတဲ့ ခေါ်သံလေးကိုတော့ကြားလိုက်ရတယ်။

///////

နာနီ ခေါင်းတွေအုံခဲနေတယ်။ နာကျင်မှုကိုခံစားနိုင်သေးတာဆိုတော့ မသေသေးဘူးပေါ့။ နာနီ စာအုပ်ရဲ့အပြင်ဘက်ကိုရောက်လာတာလားဟုတွေးမိရင်း မျက်လုံးကိုအသည်းအသန်ဖွင့်မိလိုက်တယ်။

တော်သေးတာပေါ့ အခုထိစာအုပ်ကမ္ဘာထဲမှာဖြစ်နေတုန်း။

*ဟင် ခွန်စကိုင်းရော*

နာနီဘေးပတ်ကိုခေါင်းစောင်းကြည့်မိတော့ ကလေးတွေနဲ့အတူမိဘတွေရော၊ မင်းသားဒျူးရော၊ စကိုင်းရော၊ လီနာရော အိုက်ကန်ရောအကုန်လုံးရှိနေကြတယ်။

နာနီ ထထိုင်လိုက်တော့ စကိုင်းက ဝမ်းသာအားရစွာပြုံးရင်း

" ကဲ အားလုံး ခုနကပြောထားသလိုလုပ်ကြမယ် "

စကိုင်းရဲ့စကားအဆုံး ရွာကလူတွေက လက်ခလယ်တွေထောင်ကြရင်း

" သခင်လေးနာနီကိုအရမ်းကျေးဇူးတင်ပါတယ် အားလုံးကိုအမြင်မှန်ရအောင်လုပ်ပေးလို့တကယ်ကျေးဇူးတင်ပါတယ်နောက်ပြီး သခင်လေးနာနီက ဖော့ခ်ယူပါဗျ "

နာနီစကိုင်းကိုကြည့်မိတော့ သူကပြုံးရယ်နေပြီး လက်ခလယ်ကိုနှစ်ဖက်တောင်ထောင်ထားသေးတာ။ မှတ်သားလောက်စရာကျေးဇူးတရားကိုဖော်ပြနည်းပဲ။

ကိုယ့်ထိုက်နဲ့ကိုယ့်ကံပဲ ခံပေအုံးပေါ့နာနီရေ။

//////////////ကျွန်မတို့ကလေးလေးသနားဖို့ကောင်းလွန်းနေပြီ 😭

Z

စကိုင္းကမယုံနိုင္စြာျဖစ္ နာနီ႕ကိုထပ္ကာထပ္ကာေမးေနမိတယ္။ အခုသူတို႔ဘယ္လိုအေျခအေနျဖစ္သြားၿပီလဲဆိုတာေသခ်ာမသိေပမယ့္ စကိုင္းသေဘာက်တယ္။

" နာနီေျပာတာ တကယ္လားဗ် "

အခု နာနီက အေရွ႕ကေနမီးအိမ္ကိုကိုင္ရင္း ထြက္ေပါက္ရွာေနတာျဖစ္ၿပီး စကိုင္းကအေနာက္မွာေနရင္း တကယ္လားဆိုၿပီး ခနခနေမးေနျခင္းျဖစ္တယ္။

" ခြန္စကိုင္း နာနီမေျဖခ်င္ေတာ့ဘူးေနာ္ "

" ကိုယ္မယုံနိုင္လို႔ "

" မယုံရင္ေနခဲ့ မလိုက္လာနဲ႕ နားၿငီးလာၿပီ။ တကယ္ပါဆိုတာေျပာရတာ ၁၉၆ေခါက္ရွိေနၿပီ တကယ္ပါပဲ။ "

နာနီရဲ႕စိတ္မရွည္ပဲေျပာၾကားမႈက စကိုင္းကိုၿပဳံးေစတယ္။ နာနီနဲ႕ပတ္သက္သမွ်ဟာ စကိုင္းအတြက္တကယ္ကို ကံၾကမၼာလွလွကေလးျဖစ္ေနခဲ့တာ။

စကိုင္းကၿပဳံးလိုက္ၿပီး နာနီ႕လက္ကိုဆုတ္ကိုင္လိုက္တယ္။

" တူတူသြားၾကတာေပါ့ "

" အခုလည္းအတူတူသြားေနတာပဲေလ "

စကိုင္း မနိုင္ဘူးဆိုတဲ့ပုံစံနဲ႕ေခါင္းသာခါယမ္းေနမိေတာ့တယ္။ တကယ္ကိုတခြန္းမက်န္ျပန္ျပန္ေျပာေနတဲ့အစြာကေလးပဲ။

" ခြန္စကိုင္း ဒီစင္ႀကီးကိုၾကည့္ၾကည့္ ထူးဆန္းေနသလိုပဲ "

နာနီ ျပတဲ့စင္က အျခားစင္ေတြလို ခႏၶာကိုယ္အစိတ္အပိုင္းေတြတင္ထားတာမဟုတ္ဘဲ အထည္အလိပ္ေတြ ‌ကိုစီစီရီရီထပ္ထားတာျဖစ္တယ္။

နာနီကိုင္ၾကည့္လိုက္ေတာ့ အျခားစင္ေတြလို လႈပ္ယမ္းေနတာမ်ိဳးမဟုတ္ဘဲ ေတာင့္ေတာင့္တင္းတင္းျဖစ္ေနတယ္။

" ခြန္စကိုင္း ဒီဟာက တံခါးေပါက္ျဖစ္ေလာက္တယ္ ဆြဲၾကည့္ "

နာနီေျပာတာေၾကာင့္ စကိုင္းက စင္ႀကီးကိုေဘးဘက္ကိုတြန္းၾကည့္လိုက္တယ္။ အလြန္ေလးတာျဖစ္ၿပီး အားစိုက္ၿပီးတြန္းတာေတာင္ အနည္းငယ္ေလာက္ပဲပြင့္တယ္။

" နာနီ ဒါကတကယ္တံခါးေပါက္ျဖစ္ေနခဲ့တာပဲ နာနီေဖာ့ခ္ယူဗ် "

" ခြန္စကိုင္း!! ပါးစပ္ပိတ္ၿပီး အျမန္သာလုပ္ပါ "

နာနီလည္းတကယ္စိတ္ညစ္မိတာပါ ခနခနသူႀကီးပဲအဆဲခံေနရၿပီ မေပ်ာ္ေတာ့ဘူးေလ။

စကိုင္းဘယ္ေလာက္အားစိုက္စိုက္ လုံးဝမပြင့္သြား‌ေခ်။ နာနီသေဘာေပါက္သြားေလၿပီ ဒီတံခါးက မႏၱာန္နဲ႕ဖြင့္မွပြင့္မွာ။ ဒါေပမယ့္နာနီက ေရးခဲ့တဲ့ မႏၱာန္ကိုမမွတ္မိေပ။

" ခြန္စကိုင္း မႏၱာန္တစ္ခုခုစဥ္းစားၾကည့္ပါအုံး တံခါးက ဒီလိုဆက္ဖြင့္ဖို႔မျဖစ္နိုင္ေလာက္ေတာ့ဘူး "

" ကိုယ္က ဓားေရးပဲေလ့က်င့္ရတာနာနီ မႏၱာန္ကို ကိုယ္ ကိုယ္တိုင္မႏွစ္သက္လို႔မေလ့က်င့္ခဲ့တာဗ် "

" မင္းသားဒ်ဴးရွ္ိရင္ေကာင္းမယ္ေနာ္၊ သူကမႏၱာန္ေတြေရာ ဓားေရးေရာေလ့က်င့္ထားတာ "

ဒ်ဴးအေၾကာင္းေျပာလိုက္တာနဲ႕ စကိုင္းရဲ႕မ်က္ႏွာက သိသိသာသာကို တင္းမာသြားတယ္။

" မလိုပါဘူး ကိုယ္ဒီတံခါးကိုရေအာင္ဖြင့္ျပမယ္ "

စကိုင္းကတံခါးကို ရွိသမွ်အားေတြကိုသုံးရင္း တြန္းဖြင့္ေပမယ့္လုံးဝမရေပ။ စကိုင္းမႏၱာန္ကိုမေလ့လာခဲ့ေပမယ့္ ၾကားဖူးတဲ့မႏၱာန္ေတြထဲက တစ္ခုကိုအသည္းအသန္စဥ္းစားေနမိတယ္။

စကိုင္းပုံစံက မေသမခ်ာျဖစ္ေနၿပီး စင္ေပၚကိုလက္တင္က ႏႈတ္မွတစ္ခုခုကို႐ြတ္ဆိုလိုက္တယ္။ ႐ုတ္တရက္ဆိုသလို အဝတ္ေတြတင္ထားတဲ့စင္မွ ေက်ာက္တံခါးႀကီးအျဖစ္ေျပာင္းသြားၿပီး ပြင့္သြားတယ္။

အဲ့ေတာ့မွ စကိုင္းက သူပါဆိုတဲ့ပုံစံနဲ႕ ႏႈတ္ခမ္းတစ္ဖက္ထဲၿပဳံးၿပီးနာနီ႕ကိုၾကည့္လာတယ္။ နာနီလည္းအရမ္းအံ့ဩတဲ့ပုံစံလုပ္ျပလိုက္တယ္။

" ဝိုး ခြန္စကိုင္းအရမ္းေတာ္တာပဲဗ် "

" ဟမ့္ "

အတြင္းပိုင္းကအရမ္းေမွာင္ေနဆဲျဖစ္တယ္။ နာနီ႕လက္ထဲမွာရွိေနတဲ့မီးအိမ္ရဲ႕အလင္းေရာင္က အရမ္းေသးေပမယ့္ တစ္ခန္းလုံးတစ္ေဆာင္လုံးကိုထိန္လင္းေစတယ္။

တံခါးရဲ႕တစ္ဖက္မွာကေတာ့မီးအလင္းေရာင္ကမကူးနိုင္ဘဲေမွာင္မဲေနဆဲ။ နာနီစကိုင္းေနာက္လိုက္ၿပီးတံခါးအတြင္းကို ဝင္ဝင္ခ်င္းပင္ တံခါးအတြင္းပိုင္းမွာ အရမ္းလင္းထိန္သြားၿပီး နာနီတို႔ေနခဲ့တဲ့ေနရာကလုံးဝကိုေမွာင္မဲသြားတယ္။

နာနီတို႔ႏွစ္ေယာက္လုံး အထဲကိုေရာက္တာနဲ႕ပင္ ေက်ာက္တံခါးႀကီးကျပန္လည္ပိတ္သြားတယ္။ အတြင္းပိုင္းမွာက ဂူေပါက္ႀကီးျဖစ္ၿပီး လမ္းသုံးလမ္းခြဲထားတယ္။

နာနီ ႐ုတ္တရက္ ေအာ္သံတစ္ခုၾကားရတာေၾကာင့္ နားကိုပိတ္ထားလိုက္တယ္။

" နာနီအဆင္ေျပရဲ႕လား ဘာျဖစ္တာလဲ "

စကိုင္းရဲ႕အသံကိုေတာင္မၾကားနိုင္ေလာက္ေအာင္ပင္ အသံေတြကအရမ္းငိုဆူညံေနတယ္။

" ခြန္စကိုင္း နာနီ႕နား နား နားအူတယ္ "

နာနီထိုင္ခ်ၿပီး လက္ထဲက မီးအိမ္ကိုပစ္ခ်ကာ နားကိုလက္ႏွစ္ဖက္နဲ႕အသည္းအသန္ပိတ္ထားရတဲ့အေျခအေနကိုေရာက္သြားတယ္။

ပစ္ခ်ခံရတဲ့မီးအိမ္က တစ္ခ်က္ကေလးေတာင္ မီးမၿငိမ္းသြားခဲ့ဘူး။ မီးေတာက္ေလးေတာင္ လႈပ္ယမ္းမသြားခဲ့ပါဘူး။

' ကယ္ၾကပါအုံး '

' သားကိုကယ္ေပးၾကပါ '

' သားမေသခ်င္ေသးဘူးေလေမေမ သားကို အဲ့လိုႀကီးမလုပ္ပါနဲ႕ '

' သမီးေၾကာက္တယ္ေမေမ '

' သမီးကို နတ္ဆရာမႀကီးဆီ မပို႔ပါနဲ႕ သမီးေတာင္းပန္ပါတယ္ေမေမ '

" မလုပ္နဲ႕ မလုပ္နဲ႕ "

နာနီ႕ပုံစံက တုန္လႈပ္ေနၿပီး မ်က္ရည္ေတြက်ကာ ေအာ္ဟစ္ေနမိတယ္။

" နာနီ နာနီ အဆင္ေျပရဲ႕လား နာနီ "

နာနီၾကားေနရတဲ့ဆူညံသံေတြက ၿငိမ္သက္သြားၿပီး စကိုင္းရဲ႕အသံကို ရွင္းရွင္းလင္းလင္းျပန္ၾကားလာရတယ္။

" ခြန္စကိုင္း ဒီ ဒီထဲမွာ ကေလးေတြရွိေနေလာက္ေသးတယ္ "

" နာနီ စိတ္ေအးေအးထားေနာ္ စိတ္ကိုေလွ်ာ့ "

နာနီတစ္ကိုယ္လုံးေခြၽးေတြ႐ြဲၿပီးတုန္လႈပ္ေနမိတယ္။ နာနီ မတ္တပ္ထရပ္လိုက္ၿပီး

" ကေလးေတြကိုကယ္ၾကရေအာင္ေနာ္ ကယ္ၾကရေအာင္ခြန္စကိုင္း "

နာနီက စိတ္လႈပ္ရွားစြာျဖင့္ တစ္ေယာက္ထဲ အေရွ႕ကေနေျပးထြက္သြားတာေၾကာင့္ စကိုင္းက ျပဳတ္က်ေနတဲ့ မီးအိမ္ကို ကိုင္ကာ အေနာက္မွ လိုက္ရျပန္တယ္။

နာနီက လမ္းစုံရဲ႕အလယ္တည့္တည့္မွာေၾကာင္ၿပီးရပ္ေနမိတယ္။ လမ္းစုံက အေပါင္းလကၡဏာပုံစံမို႔ သူ႕မွာေ႐ြးခ်ယ္ဖို႔ သုံးလမ္းရွ္ိေနေသးတာပင္။

နာနီ ေခါင္းေတြက မူးေနာက္လာၿပီး ျမင္ေနရသမွ်က ခ်ာခ်ာလည္ေနတယ္။ သြားရမယ့္လမ္းေတြက နာနီ႕ကိုလွည့္ပတ္ေနတာေၾကာင့္ပင္။

စကိုင္းက နာနီ႕ကိုၾကည့္မိေတာ့ အလြန္အမင္းေၾကာက္ေနတဲ့ပုံစံနဲ႕စိုးထိပ္ေနသလိုပင္။ နာနီ႕ရဲ႕လက္ကိုဆုတ္ကိုင္လိုက္ၿပီး

" နာနီ ကိုယ္တို႔ အေရွ႕ကိုပဲဆက္သြားၾကမယ္၊ ကိုယ္နာနီ႕လက္ကိုတြဲထားေပးမယ္ လမ္းမေပ်ာက္ရေအာင္ "

စကိုင္းက တစ္လွည့္ျပန္ဦးေဆာင္ရင္းနာနီ႕လက္ကိုကိုင္ကာ အေရွ႕တည့္တည့္ကိုဦးစြာဝင္သြားလိုက္တယ္။

နာနီက ေၾကာင္အေနရင္းသာလိုက္လာတယ္။ နာနီသြားေနရင္း စိတ္ထဲေလးေလး လာကာ ဘာေၾကာင့္မွန္းမသိ မ်က္ရည္ေတြစီးက်လာတယ္။

စကိုင္းက နာနီ႕လက္ကိုဆုတ္ကိုင္ရင္း အေရွ႕ကိုဆက္ေလွ်ာက္လာရင္း ေတြ႕လိုက္ရတဲ့အရာေၾကာင့္ အလြန္အံ့အားသင့္သြားတယ္။

သံတိုင္ေတြကိုေလွာင္အိမ္ပုံစံမ်ိဳးလုပ္ထားၿပီး ေလွာင္အိမ္ထဲ ကေလးေတြကို ထည့္ထားတယ္။ စုစုေပါင္း အေယာက္ ႏွစ္ဆယ္ေက်ာ္ေလာက္ေတာင္ရွ္ိမယ္ထင္ရတယ္။ အားလုံးကသတိလစ္ေနတယ္။

ကေလးေတြက ဒီ႐ြာကတင္မဟုတ္ဘဲ အျခား႐ြာေတြကပါျဖစ္မယ္ထင္တယ္။ စကိုင္းတကယ္ကိုမထင္မွတ္ထားတာပင္ျဖစ္တယ္။ လူေတြအခ်င္းခ်င္း ဒီေလာက္ရက္စက္ၾကရသလား။

ကေလးေတြရဲ႕ ခႏၶာကိုယ္ေပၚမွာ ၾကာပြတ္နဲ႕ရိုက္ခံထားရတဲ့ ဒဏ္ရာေတြရွိေနတယ္။ နာနီ႕ကိုစိတ္မေကာင္းမျဖစ္ေစခ်င္တာမို႔ နာနီ႕အေရွ႕ကေန ပိတ္ၿပီးရပ္လိုက္တယ္။

သတိမထားမိေသးတဲ့နာနီက ေၾကာင္အေနဆဲပင္ျဖစ္တယ္။

" နာနီ ျပန္ထြက္ရေအာင္ဗ် "စကိုင္းရဲ႕စကားကိုၾကားေတာ့မွ နာနီက အနည္းငယ္အသိစိတ္ျပန္ဝင္လာတယ္။

" ခြန္စကိုင္း အေရွ႕မွာဘာရွိလို႔လဲ ရပ္မေနဘဲဖယ္ေပးပါ "

နာနီက စကိုင္းကို အတင္းတြန္းထုတ္လိုက္ၿပီးေနာက္ ျမင္လိုက္ရတဲ့ျမင္ကြင္းေၾကာင့္ ေျမျပင္ထက္ ေပ်ာ့ေခြၿပီးထိုင္ခ်မိသြားတယ္။

ကေလးေတြက သတိလစ္ေနၾကတယ္။ နာနီ႕နားထဲမွာၾကားေနရတဲ့ကေလးေတြရဲ႕အကူအညီေတာင္းသံေတြက ျမင္ေနရတဲ့ ကေလးေတြရဲ႕အသံေတြပင္ျဖစ္ေနလိမ့္မယ္။ မိန္းကေလးအငယ္ေလးေတြကအစ အဖမ္းခံထားရတာျဖစ္ၿပီး ေက်ာမွာလည္းၾကာပြတ္နဲ႕ရိုက္ခံထားရတဲ့ရိုက္ခ်က္ေတြ။

စကိုင္းက နာနီ႕ရဲ႕ပုခုံးႏွစ္ဖက္ကိုဆုပ္ကိုင္လိုက္ၿပီး ႏွစ္သိမ့္ေပးလိုက္တယ္

" စိတ္မပူပါနဲ႕နာနီ ကိုယ္တို႔ ကေလးေတြကို ကယ္တင္နိုင္မွာပါ ကေလးေတြကိုေခၚထုတ္ၿပီး ကိုယ္တိုင္ျပန္ထြက္နိုင္မွာပါ "

နာနီက ေခါင္းကိုတဆက္ဆက္ညိမ့္ေနၿပီး မ်က္ရည္ကိုသုတ္လိုက္တယ္။

" ကေလးေတြကို ကယ္ၾကရေအာင္ေနာ္ "

" အင္း ကိုယ္တို႔ေတြကယ္ၾကတာေပါ့ "

" ခြန္စကိုင္း သူတို႔ေလးေတြက သတိလစ္ေနၾကတာဟုတ္တယ္မလားဟင္"

" အင္း ဟုတ္တယ္ မႏၱာန္ေၾကာင့္သတိလစ္ေနၾကတာ "

နာနီက စိတ္ကိုမနည္းျပန္စုစည္းရတယ္။နာနီ မီးအိမ္ရဲ႕မီးေတာက္ကိုၾကည့္မိေတာ့ လႈပ္ေနတာေၾကာင့္

" ခြန္စကိုင္း မီးေတာက္လႈပ္ေနတယ္၊ ေလဝင္ေပါက္ရွိေနတာပဲ၊ အဲ့တာဆို ဒါႀကီးကိုဖြင့္ၾကရေအာင္ေလ ခြန္စကိုင္း "

နာနီက သံေလွာင္အိမ္ႀကီးကို လက္ညိုးထိုးျပေလတယ္။  စကိုင္းလည္း ေဘးပတ္ပတ္လည္ကိုရွာၾကည့္လိုက္ေတာ့ ေသာ့အိမ္ေလးကိုေတြ႕ရတယ္။

" နာနီ ဒီမွာ ေသာ့အိမ္ရွိတယ္ ကိုယ္တို႔ဒါကိုဖြင့္ဖို႔ ေသာ့အတံလိုတယ္ "

နာနီလည္းစကိုင္းနားကိုသြားလိုက္ၿပီး ေသာ့အိမ္ေလးကိုကိုင္ၾကည့္လိုက္တယ္။

" ခြန္စကိုင္း နာနီတို႔ ဒီေသာ့အိမ္ကိုဖ်က္ဆီးဖို႔လိုတယ္၊ ထုရိုက္လို႔ရမယ့္ ခပ္မာမာအရာတစ္ခု ရွာေပး "

စကိုင္းလည္း နာနီရွာခိုင္းတဲ့အရာကို ပတ္၍ရွာၾကည့္ေတာ့ ေက်ာက္တုံးအႂကြင္းအစေတြကိုသာေတြ႕တယ္ ၿပီးေတာ့ သစ္သားေခ်ာင္းေတြကိုပုံထားတာေၾကာင့္ တစ္ခုကိုယူလာလိုက္တယ္။

" နာနီ ဒီမွာ ကိုယ္ဒီႏွစ္ခုပဲေတြ႕တယ္ "

နာနီက စကိုင္းေပးတဲ့ ေက်ာက္တုံးနဲ႕သစ္သားတုတ္ႀကီးကိုလွမ္းယူၿပီး ေသာ့အိမ္ကို ေက်ာက္တုံးနဲ႕ အရင္ထုရိုက္ၾကည့္တယ္။ အရာေတာင္မယြင္းေပ။ နာနီ သစ္သားတုတ္နဲ႕ထပ္ရိုက္ၾကည့္တယ္။ထပ္တူပဲ ပုံစံပင္မပ်က္။

ေသာ့အိမ္က တကယ္ကိုေဆြးေနတဲ့ပုံစံနဲ႕ လက္နဲ႕ဖ်က္ရင္ေတာင္ပ်က္မယ့္ပုံစံရွိေနေပမယ့္ လုံးဝကိုဖ်က္ဆီးပစ္လို႔ေတာင္မရေပ။နာနီတစ္ခုကိုသတိရသြားၿပီး

" ခြန္စကိုင္း နာနီ႕ကို အဲ့မီးအိမ္ေပးပါ "

" မီးအိမ္နဲ႕လား နာနီ "

" ဟုတ္တယ္ ခြန္စကိုင္း နာနီတို႔ ဒီကိုဝင္လာထဲက လုံးဝ ပုံစံမယြင္မပ်က္စီးပဲျဖစ္ေနတာ ဒီမီးအိမ္တစ္ခုပဲရွိေနခဲ့တာေလ "

နာနီေျပာကာမွ စကိုင္းလည္းသတိထားမိသြားတယ္။ တံခါးအတြင္းထဲမဝင္ခင္ထဲက မီးအိမ္ကခနခနျပဳတ္က်ေနေပမယ့္ မီးေတာက္ေလးေတာင္ယိုင္သြားျခင္းမရွိခဲ့ဘူး။

နာနီက စိတ္ကိုဆုံးျဖတ္ကာ မီးအိမ္ရဲ႕ ေအာက္ေျခနဲ႕ ေသာ့အိမ္ကို ေျဖးေျဖးသာသာေလးပဲထိလိုက္တာ သံေလွာင္အိမ္က ႐ုတ္တရက္ေပ်ာက္ကြယ္သြားၿပီး ကေလးေတြကပါ လႈပ္လႈပ္ရွားရွားျဖစ္လာတယ္။

နာနီမီးအိမ္ရဲ႕ေအာက္ေျခကိုလွန္ၾကည့္မိေတာ့ ေသာ့ပုံစံေရးဆြဲထားတာကိုေတြ႕လိုက္ရတယ္။

" နာနီ မီးေတာက္က ဘယ္ဘက္ကိုယိမ္းေနတာဆိုေတာ့ ညာဘက္ျခမ္းကေလတိုက္လို႔ပဲ ကိုယ္တို႔ေတြအဲ့ဘက္ကိုသြားရင္ ထြက္ေပါက္ေတြ႕နိုင္မယ္ထင္တယ္ "

ကေလးေတြက သတိရလာၾကၿပီး နာနီတို႔ကိုျမင္ေတာ့ ေထာင့္ေတြကိုကပ္သြားၾကတယ္။

" ကေလးေတြ မေၾကာက္ၾကပါနဲ႕ အစ္ကိုတို႔က မင္းတို႔ကိုကယ္ဖို႔လာတာ ဒုကၡေပးဖို႔မဟုတ္ဘူး "

ကေလးေတြကေၾကာက္ေပမယ့္ နားလည္ေနသလိုသေဘာေတာ့ရွိေနတယ္။

" သားတို႔ကို အိမ္ကိုျပန္ေခၚသြားေပးမွာလားဟင္ "

" အင္း အစ္ကိုတို႔က ကေလးေတြကို အိမ္ကိုျပန္ေခၚသြားေပးမွာ စိတ္မပ်က္ေစရဘူး အစ္ကိုတို႔ကိုယုံၿပီးလိုက္ခဲ့ေပးေနာ္ "

ကေလးေတြက အခ်င္းခ်င္းၾကည့္လိုက္ၾကၿပီး ေခါင္းကိုအလ်င္အျမန္ၿငိမ့္လာၾကတယ္။

" ေကာင္းၿပီ အဲ့တာဆိုအတူထြက္ၾကမယ္ ဒါေပမယ့္ ဟိုမွာေတြ႕လား အဲ့သစ္သားေခ်ာင္းေတြကိုယူ ဟိုနတ္ဆရာေတြနဲ႕ေတြ႕ခဲ့ရင္လုံးဝမေၾကာက္နဲ႕ ျပန္တိုက္နိုင္ရမယ္ ဟုတ္ၿပီလား "

စကိုင္းက ကေလးေတြကိုျပန္တိုက္ခိုက္ဖို႔သင္ေပးေနျခင္းျဖစ္တယ္။

" အခ်ိန္မရွိဘူး ျမန္ျမန္သြားၾကရေအာင္ "

နာနီက ညာဘက္လမ္းကိုသြားမယ္အလုပ္ ကေလးမေလးတစ္ေယာက္က

" ကိုကို အဲ့ဘက္ကိုမဟုတ္ဘူး ဒီဘက္ကိုသြားရမွာ "ဆိုၿပီး ဘယ္ဘက္ျခမ္းကိုလက္ညိုးၫႊန္ျပတယ္။

" ဒါေပမယ့္ ေလက ဒီဘက္ျခမ္းက တိုက္ေနတာေလ "

" ဟုတ္တယ္ကိုကို သမီးတို႔ထြက္ေျပးဖူးပါတယ္ အဲ့ဘက္က လုံးဝပိတ္ထားတာ သမီးကိုယုံပါ သူတို႔ေတြ ဝင္လာၿပီး ဒီဘက္ကပဲျပန္သြားၾကတာ "

နာနီနဲ႕စကိုင္းတစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္မိတယ္။

" ေကာင္းၿပီ အဲ့တာဆိုဒီဘက္ကပဲ သြားၾကတာေပါ့ ကေလးေတြ "

နာနီတို႔ ကေလးမေလးေျပာတဲ့လမ္းတစ္ေလွ်ာက္ထြက္လာၾကတယ္။ ေတာ္ေတာ္ေလွ်ာက္ယူရတယ္။ ေနာက္ဆုံးေတာ့ မီးအိမ္ရဲ႕အလင္းေၾကာင့္မဟုတ္ဘဲ ေနရဲ႕အလင္းေၾကာင့္လင္းေနတဲ့ေနရာကိုျမင္ေနရၿပီး ဂူေပါက္ဝကိုေတြ႕လိုက္ရတယ္။

" ျမန္ျမန္သြားၾကရေအာင္ "

ကေလးေတြကလည္းအလြန္ေပ်ာ္သြားၿပီး ေျပးလႊားၾကတယ္။

" ဟမ့္ အဲ့ေလာက္လြယ္တယ္ထင္ေနၾကတာလား သခင္ေလးတို႔ "

အေနာက္ကေန အသံနက္ႀကီးထြက္လာတာမို႔နာနီေက်ာျပင္တစ္ေလွ်ာက္ခ်မ္းတက္သြားတယ္။အေနာက္လွည့္ၾကည့္လိုက္ေတာ့ နတ္ဆရာျဖစ္တယ္နဲ႕ အတူ သူ႕တပည့္ႏွစ္ေယာက္သာျဖစ္တယ္။

" ဟိုေကာင္ေတြအထဲကိုျပန္ဝင္ၾက "ကေလးေတြကိုအမိန႔္ေပးေနတာမို႔ နာနီက ကေလးေတြရဲ႕အေရွ႕မွ ရပ္ကာ

" သူေျပာတိုင္းလုပ္စရာမလိုဘူး မင္းတို႔အခါလႊတ္ဖို႔လမ္းေတြေနၿပီ ေျပးၾကေတာ့ "

နာနီေျပာေတာ့ နတ္ဆရာက နာနီ႕အနားကို႐ုတ္တရက္ေရာက္လာၿပီး နာနီ႕ရဲ႕လည္ပင္းကိုညွစ္ထားတယ္။

" ေျပး...ေတာ့ "

နာနီက ကေလးေတြကိုေျပးခိုင္းေတာ့ ကေလးေတြက ေျပးသြားၾကတာေၾကာင့္ ကေလးေတြကထြက္ေျပးၾကတယ္။ စကိုင္းကေတာ့ နတ္ဆရာရဲ႕ တပည့္ေတြနဲ႕တိုက္ေနရတယ္။

" ဟက္..အခု ခင္ဗ်ားရဲ႕..အစ္.. အစီအစဥ္ေတြ အား လုံး.. ပ်က္ၿပီ ဟက္ဟက္ "

နာနီကေလွာင္ရယ္ေတာ့ နတ္ဆရာကေဒါသစိတ္နဲ႕ နာနီ႕လည္ပင္းကိုပိုတိုးလို႔ညွစ္လာတယ္။ နာနီအသက္ရႈလို႔ပင္ မရေတာ့ဘဲ မြန္းက်ပ္လာၿပီး ေနာက္ဆုံး လုံးဝအေမွာင္က်သြားေတာ့တယ္။ ဒုတိယအႀကိမ္ေသျခင္းဆိုတာမ်ိဳးကိုခံစားလိုက္ရတာပဲ။

နာနီ ေနာက္ဆုံးသတိရွိစဥ္ စကိုင္းရဲ႕စိုးရိမ္တႀကီးနဲ႕ေအာ္ေခၚတဲ့ * နာနီ* ဆိုတဲ့ ေခၚသံေလးကိုေတာ့ၾကားလိုက္ရတယ္။

///////

နာနီ ေခါင္းေတြအုံခဲေနတယ္။ နာက်င္မႈကိုခံစားနိုင္ေသးတာဆိုေတာ့ မေသေသးဘူးေပါ့။ နာနီ စာအုပ္ရဲ႕အျပင္ဘက္ကိုေရာက္လာတာလားဟုေတြးမိရင္း မ်က္လုံးကိုအသည္းအသန္ဖြင့္မိလိုက္တယ္။

ေတာ္ေသးတာေပါ့ အခုထိစာအုပ္ကမၻာထဲမွာျဖစ္ေနတုန္း။

*ဟင္ ခြန္စကိုင္းေရာ*

နာနီေဘးပတ္ကိုေခါင္းေစာင္းၾကည့္မိေတာ့ ကေလးေတြနဲ႕အတူမိဘေတြေရာ၊ မင္းသားဒ်ဴးေရာ၊ စကိုင္းေရာ၊ လီနာေရာ အိုက္ကန္ေရာအကုန္လုံးရွိေနၾကတယ္။

နာနီ ထထိုင္လိုက္ေတာ့ စကိုင္းက ဝမ္းသာအားရစြာၿပဳံးရင္း

" ကဲ အားလုံး ခုနကေျပာထားသလိုလုပ္ၾကမယ္ "

စကိုင္းရဲ႕စကားအဆုံး ႐ြာကလူေတြက လက္ခလယ္ေတြေထာင္ၾကရင္း

" သခင္ေလးနာနီကိုအရမ္းေက်းဇူးတင္ပါတယ္ အားလုံးကိုအျမင္မွန္ရေအာင္လုပ္ေပးလို႔တကယ္ေက်းဇူးတင္ပါတယ္ေနာက္ၿပီး သခင္ေလးနာနီက ေဖာ့ခ္ယူပါဗ် "

နာနီစကိုင္းကိုၾကည့္မိေတာ့ သူကၿပဳံးရယ္ေနၿပီး လက္ခလယ္ကိုႏွစ္ဖက္ေတာင္ေထာင္ထားေသးတာ။ မွတ္သားေလာက္စရာေက်းဇူးတရားကိုေဖာ္ျပနည္းပဲ။

ကိုယ္ထိုက္နဲ႕ကိုယ္ကံပဲ ခံေပအုံးေပါ့နာနီေရ။

////////////

ကြၽန္မတို႔ကေလးေလးသနားဖို႔ေကာင္းလြန္းေနၿပီ 😭

There are no comments yet. Log in to be the first to leave a review!

Similar stories