Ep 20
18:14, 21 October 2023Jungkook ကjimin ကလေးကိုချီပြီးထွက်သွားပြီးကတည်းက တစ်မနက်လုံးဂျီမင်တို့အားလိုက်ရှာနေခဲ့သည်။
"ပတ်ဂျီမင်... "
"ဂျွန် ဂျွန်ဂျောင်ကု"
"ပတ်ဂျီမင်.."
"ဘာ.."
"မင်္ဂလာပွဲဖျက်လိုက်.."
"မပြန်ပါဘူးကွာ..ည၇နာရီတောင်ရှိနေပြီ..ရေသွားချိုးညစာပြင်ထားမယ်...အပေါ်ထပ်ဘီရိုမှာအင်္ကျီရှိတယ်"
"ဟင့်အင်း..ညစာပြင်ထား "
"အိုး..ကျွတ် ကျွတ်.."
"ဂျွန်ဂျောင်ကု "
"ဘာလဲ ရင်ခုန်လို့လား"
"ဘာလုပ်မလို့လဲ"
"ရူးနေပြီပဲ "
"ရားးး ပတ်ဂျီမင်းးး"
"အဲ့တော့ ဘာဖြစ်တုန်း..''
"ကုကု လက်ထပ်ရအောင်လေ"
"ကုကု ကုကု "
"လက်ထပ်မှာလား "
"မထပ်ဘူး"
"ဘာ ဘာလုပ်မလို့လဲ "
"ရေချိုးမလို့လေ မင်းလုပ်တာ ငါရေပြန်ချိုးမှရတော့မယ်.."
"ထမင်းကျွေးမလို့လေ "
"ကလေးက ၃လခွဲပဲမင်းပါးစပ်ထဲက ထမင်းကျွေးစရာလား..နို့ပဲတိုက်ရတာ..''
"အခုမှကလေးက 6လတောင်မရှိသေးဘူး..ဘယ်လိုလုပ်ထမင်းကျွေးမှာလဲ..မကျွေးရဘူးမင်းဗဟုသုတမရှိဘူးလား..ရွံစရာ "
"ငါကတော့ ရွံတယ်.."
Unicode
Jungkook ကjimin ကလေးကိုချီပြီးထွက်သွားပြီးကတည်းက တစ်မနက်လုံးဂျီမင်တို့အားလိုက်ရှာနေခဲ့သည်။
တောက်စ် ပတ်ဂျီမင်..ဂျောင်ကုဒေါသကြီးစွာ ကြိမ်းဝါးလိုက်သည်။
သူတကယ် ဂျီမင်ကိုဒေါသထွက်မိသည်။ဘာလို့ကလေးကို ခေါ်ပြီးထွက်ပြေးရတာလဲ..ကလေးကလနုနုလေးရှိသေးတယ် တကယ်လို့ တစ်ခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲ။သူထားခဲ့ပြီးမှ ဘာလို့ဒီလိုလုပ်ရပ်မျိုးလုပ်ရတာလဲ..။
တစ်ဖက်မှာတော့ ကျန်တဲ့သူတွေနဲ့ဖြစ်သမျှကိစ္စတွေကိုစိတ်မဝင်စားတော့ဘဲ။ကလေးလေးကိုချီကာ ကုန်တိုက်သို့သွားကာလိုအပ်တဲ့ပစ္စည်းတွေဝယ်ပြီး ဂျောင်ကုပေးထားသည့် အပန်းဖြေစံအိမ်တွင်နေနေသည်။
တစ်မနက်လုံးကလေးနှင့်ဆော့နေပြီးပုံပြင်တွေပြောပြလိုက် အရုပ်လေးပြကာကလေးနှင့်ဆော့သည်။ကဗျာ လေးတွေဖတ်ပြတော့ မျက်လုံးဝိုင်းဝိုင်းလေးငြိမ်ငြိမ်နားထောင်သည်။ဒီမျက်လုံးလေးတွေက ဂျွန်ဂျောင်ကုနှင့်သိပ်တူတယ်။ကလေးကငိုတာလည်း သိပ်မရှိပဲ လိမ္မာလှသည်။
"မင်မင် ရေ သားနို့သောက်မလား"
နို့ဗူးလေးအား လှုပ်ပြတော့ လက်လေးဆန့်သာမမျက်နှာလေးရှုံပြသည်။
"အယ်..သားသားရေ မငိုရဘူး..ပါးပါးကတိုက်မှာပေါ့.."
နို့တိုက်တော့အားရပါးရသောက်သည့်ကလေးကိုကြည့်ကာ..ဂျီမင်ကြည်နူးနေမိသည်။
"မင်မင်လေးက ချစ်စရာလေး.."
ထိုအချိန်... အိမ်ရှေ့ကတံခါးမှ တစ်ယောက်ယောက်တွန်းဖွင့်သကဲ့သို့အသံကျယ်လောင် စွာ ပွင့်ထွက်လာသည်။ဂျီမင်လည်း လန့်သွားတာကြောင့်ကလေးအားကောက်ပွေ့လိုက်သည်။
"ပတ်ဂျီမင်... "
"ဂျွန် ဂျွန်ဂျောင်ကု"
ဂျီမင်အလန့်တကြား ဖြစ်သွားပြီး..လက်ထဲကကလေးအား လုယူသွားမည့်အလား တင်းကြပ်စွာပွေ့ဖက်ထားသည်။ဟင့်အင်း မပေးလိုက်နိုင်ဘူး သားကိုမခွဲနိုင်ဘူးမင်မင်လေးကိုအရမ်းချစ်တယ်။ဂျွန်ဂျောင်ကု ကိုပြန်မပေးလိုက်နိုင်ဘူး..။
"ပတ်ဂျီမင်.."
ဂျောင်ကု အော်လိုက်တာကြောင့်..ကြောက်လန့်စွာ ဂျီမင်ကိုယ်လေးတုံတက်သွားခဲ့သည်။ဂျောင်ကု ဒီလောက် ဒေါသထွက်နေတာသူတစ်ခါမှမမြင်ဖူးပေ။
"ပတ်ဂျီမင် မင်းရူးနေလား ဟမ်ငါဘယ်လောက်စိတ်ပူနေလဲ မင်းသိလားကလေးက..လနုနုလေးပဲရှိသေးတယ်တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ...မင်းကွာ တောက်စ် "
ဂျီမင် ပုခုံးကိုတင်းကြပ်စွာဆုပ်ကိုင်ကာဂျောင်ကု ဒေါသကြီးစွာပြောလိုက်သည်။
"သား..သားကို ကျွန်တော့်ကို ပေးပါ လား"
"ဘာ.."
"မင်းရူးနေလား ပတ်ဂျီမင်"
"ကျွန်တော်သားကိုမခွဲနိုင်ဘူး...သားကိုချစ်တယ်"
မထုံထက်သေး ပုံစံဖြင့် မျက်ဝန်းတို့မှမျက်ရည်တို့လွှမ်းလျက် ရှိသည့်မျက်နှာထားတို့ဖြင့်ဆိုလာသည့်က ဂျောင်ကုဒေါသကိုပိုစနေသယောင်ပင်။ဂျီမင် အကျႌစကိုဆွဲကိုင်ကာ...
"ငါမင်းကိုထိုးမိတော့မယ် ပတ်ဂျီမင်..မင်းကိုယ်တိုင်ထားပစ်ခဲ့တဲ့ကလေးကိုအခုမှပြန်လိုချင်လို့ရမလား ဟမ်...မင်းသားကိုထားပြီး မင်းအကောင်ထယ်ယောင်းဆီကိုပြန်တော့..မင်းအခုလိုရုပ်လား ဟမ်..လူစိတ်မရှိတဲ့မင်းကို...ချစ်မိတဲ့ငါကမှားတာမင်းသားကိုမခွဲနိုင်သလို ငါလည်းမခွဲနိုင်ဘူး.."
"တောင်း..တောင်းပန်ပါတယ်.."
"ငါမင်းကို ချစ်လွန်းလို့ သည်းခံနေတာ..ပတ်ဂျီမင် မင်းငါ့ဘက်စဉ်းစားပေးဖူးလားဟမ် မင်းရက်စက်သမျှသည်းခံနေလို့..အခုသားကိုပါခေါ်ထုတ်သွားပြီး ရက်စက်ဦးမလို့လား ဟမ်..ငါဘယ်လောက်တောင်နာကျင်နေခဲ့လဲသိလား ငါသိပ်ချစ်တဲ့မင်းက ငါနဲ့ရတဲ့ကလေးကိုငါ့ဆီမှာပစ်သွားပြီး...မိဘစိတ်မရှိတဲ့မင်းက မင်းအကောင်ထယ်ယောင်းဆီပြန်သွားခဲ့တယ်လေ..မင်းလုပ်ရပ်ကိုမင်းပြန်တွေးကြည့်စမ်း..မင်းများအမြင်မှန်ပြန်ရမလားဆိုပြီး...လမ်းဖောက်ပေးခဲ့တာတောင်မင်းထယ်ယောင်းဆီပြန်တယ်မဟုတ်လားမင်းအရမ်းရက်စက်ခဲ့တာ..အရင်ကနာကျင်ရတာနဲ့လုံလောက်ပြီအခုလည်း ထပ်ပြီးမနာကျင်ပါရစေနဲ့.."
"တောင်း..တောင်းပန်ပါတယ်.. ကျွန်တော်မခွဲနိုင်ဘူး..သားကိုသိပ်ချစ်လို့ပါ''
"အဲ့ဒါဆိုငါကရော ငါကရော..မင်းလုပ်သမျှသည်းခံနေရတဲ့ငါကရော..မင်းသိပ်ချစ်တယ်ပေါ့ ကလေးကို..မင်းသိပ်ချစ်သလို ငါလည်းချစ်တယ်မင်းကလေးကို ခေါ်သွားချင်လား...အေးရတယ်ငါသေရင်တော့ ရမယ်...အခုငါမင်းကိုမချစ်တော့ဘူး ပတ်ဂျီမင်..ငါလည်း ကိုယ့်ဘဝနဲ့ ကိုယ်နေတော့မှာ... အရင်ကမင်းကိုသိပ်ချစ်ခဲ့ပြီးရက်စက်သမျှသည်းခံနေခဲ့တဲ့ငါမဟုတ်တော့ဘူး..နားလည်လား..အခုငါပြန်ပြောမယ် မင်းငါ့ဘဝကိုလာမနှောက်ယှက်နဲ့..."
"ခင်းဗျားတွေးဖူးလား..အနာဂတ်မှာ..ကလေးက သူ့အဖေမရှိဘဲနေဖြစ်နေမဲ့ဘဝ"
"ဟက် ဘာအဖေဟုတ်လား မင်းလိုအဖေမျိုးရှိ နေတာထက်စာရင်..မရှိတာပိုကောင်းတယ် ပတ်ဂျီမင်"
"ကျွန်တော်လက်ထပ်မယ်လေ..ကျွန်တော်ခင်ဗျားကို လက်ထပ်မယ်.."
"ဟက်..ပတ်ဂျီမင် မင်းငါ့ဒေါသလာမစွနဲ့..ငါလည်း ယောကျာ်းတစ်ယောက်ပါကွ..မာနရှိတယ်..အခုမင်းလုပ်ချင်တိုင်းလုပ်ပေးရအောင်ငါ့ကိုဘာလို့ထင်နေလဲ..မင်းစေလိုရာလိုက်လုပ်ပေးတဲ့နွား..မဟုတ်ဘူး..မင်းကိုအရင်ကအရမ်းချစ်ခဲ့လို့..အခုတော့မဟုတ်တော့ဘူး..ငါမင်းကိုမချစ်တော့ဘူး..မင်းပြောခဲ့တဲ့စကားကိုပြန်ပြောလိုက်မယ်..ငါလည်းငါမချစ်တဲ့သူနဲ့လက်မထပ်ဘူး"
"ကျွန်တော်လည်း ယောကျာ်းတစ်ယောက်ပါခင်ဗျား ကြောင့်ညဘက်တွေတောင်မိန်းမနေရာရောက်ခဲ့ရတာ..ခင်းဗျားကြောင့်ပဲကျွန်တော်မိန်းမတစ်ယောက်လို ကလေးမွေးပြီးပြီပဲ..ကျွန်တော်မာနတွေကရောဘယ်နားမှာထားမလဲ..ဟမ်"
"မင်းကို ငါတာဝန်မကျေခဲ့လို့လား..တာဝန်မကျေခဲ့တာရှိလို့လား..ငါမင်းကို လက်ထပ်မယ်လို့မပြောခဲ့ဘူးလား..မင်းဘာသာမင်း..ကင်ထယ်ယောင်းကိုသိပ်ချစ်လွန်းလို့ငြင်းခဲ့တာလေ..ကလေးမွေးတာကလည်း မင်းသဘာဝကြောင့်..ငါတာဝန်မယူခဲ့လို့လား...မင်းကိုအခြားကောင်ဆိုရင်ပစ်သွားလိမ့်မယ်..ငါမင်းကိုပစ်မသွားတာဝန်မယူခဲ့လို့ဟမ်..ငါဆက်ပြောရင်..မင်းမကောင်းရှိတော့မယ်ပတ်ဂျီမင်..မင်းသွားလိုက်တော့.."
"မသွားဘူး..ကလေးကိုလည်းမပေးဘူး..ခင်ဗျား လက်ထပ်မှာလား..လက်မထပ်ဘူးလား"
"ပတ်ဂျီမင်..မင်းအခုဘာလုပ်နေလဲသိလား..အခုငါနဲ့ဟိုဆော့ လက်ထပ်ပွဲအတွက်ဖိတ်စာတွေတောင်ဝေပြီး ပြီ...မင်းပြောတာနောက်ကျသွားပြီ..ပတ်ဂျီမင်.."
"မင်္ဂလာပွဲဖျက်လိုက်.."
"မဖျက်နိုင်ဘူး..နှစ်ဖက်မိဘတွေအကုန်လုံး..မျက်နှာပျက်ရလိမ့်မယ်... ပေး..ကလေးငါ့ကိုပေး..ပြီးရင်သွားတော့. မင်းထယ်ယောင်းဆီသာသွားတော့.."
"မသွားဘူးဗျာ..ခင်ဗျား ဘာလုပ်ချင်လဲ..လုပ်ချင်တာသာလုပ်..ကလေးလည်းမပေးဘူး သွားလည်းမသွားဘူး.."
တစ်ယောက်နှင့်တစ်ယောက် ရန်ဖြစ်နေရာမှ..ညအချိန်တောင် ရောက်သွားခဲ့သည်။
ဂျောင်ကု တစ်ယောက် သူနှင့်မျက်နှာချင်းဆိုင်တွင်ထိုင်နေသော..ဂျီမင်အားကြည့်နေသည်မှာအတော်ပင်ကြာနေပြီ..။သူ့အားပေစောင်းစောင်းကြည့်ကာကလေးနှင့် ဆော့နေလေသည်။ပေးဆိုတော့လည်းမပေး သွားဆိုတော့လည်းမသွား..တကယ်ကိုလက်ပေါက်ကပ်သည်။
ဂျောင်ကုလည်း ဆံပင်ကိုတစ်ချက်ဖွကာ..ကုတ်အကျႌကိုလက်ကကိုင်ပြီး..အိမ်ပေါ်သို့တက်သွားသည်။အတန်ကြာတဲ့အထိ..ပြန်ဆင်းမလာသေးတာကြောင့် ဂျီမင်လည်းဆိုဖာပေါ် ကလေးအားဖက်လျက်သား အိပ်ပျော်သွားသည်။
"ပတ်ဂျီမင် ပတ်ဂျီမင်.. ထရေသွားချိုး"
ဂျီမင် လည်း သူ့အားလှုပ်နှိုးလာသည့်ဂျောင်ကုကြောင့်နိုးသွားသည်။နိုးနိုးချင်း သူ့အနီအနားတွင်ရှီနေတဲ့..ဂျောင်ကုကြောင့်.ချက်ချင်းကလေးအားကောက်ပွေ့လိုက်သည်။
"ရေသွားချိုး..ကလေးကိုပေးခဲ့"
"ဟင့်အင်း မပေးဘူးလို့ လုံးဝမပေးဘူး"
"ငါထိန်းထားပေးမယ် မင်းရေသွားချိုးလိုက်..ပြန်လာရင်ပြန်ပေးမယ်''
"ဟင့်အင်း ခင်ဗျား ကပြန်သွားလိမ့်မယ် "
"မပြန်ပါဘူးကွာ..ည၇နာရီတောင်ရှိနေပြီ..ရေသွားချိုးညစာပြင်ထားမယ်...အပေါ်ထပ်ဘီရိုမှာအကျႌရှိတယ်"
"ဟင့်အင်း..ညစာပြင်ထား "
ဟုပြောကာ ကလေးအားချီကာ အိမ်ပေါ်သို့ထပ်သို့တက်သွားသည်။ဥစ္စာခြောက်နေသေးတယ် သူကလေးကငါ့ကလေးမဟုတ်တဲ့အတိုင်းပဲ။တကယ်လည်း ကလေးကိုခေါ်ပြီးထွက်သွားချင်စိတ်မရှိပါဘူး..အဲ့လိုလုပ်ရင်ပတ်ဂျီမင် အရူးတစ်ပိုင်း ဖြစ်မယ်ဆိုတာကြိုသိနေတယ် ။ဂျီမင် ကကလေးကိုတကယ်သံယောဇဉ်တွယ်နေတာမို့..ပြန်လည်းခေါ်မသွားရက်ပေ။
ခနကြာတော့ အိမ်အပေါ်ထပ်က ကလေးငိုသံထွက်ပေါ်လာတာကြောင့်..ချက်ချင်း..ညစာချက်နေရင်းကနေ မီးဖိုမီးပိတ်ကာအိမ်ပေါ်သို့ပြေးတက်ရသည်။အဲ့ကောင်လေးဟာလေ ကလေးကိုခေါ်ပြီးအိမ်ခန်းထဲထားပြီး ရေချိုးခန်းထဲရေချိုးနေသည်နေမှာပေါ့။
"အိုး..ကျွတ် ကျွတ်.."
အိပ်ယာပေါ်မှကလေးအား နိုးဘူးလေးတိုက်ကာချော့မြူနေရသည်။ဒုန်းးး တံခါးကဒုန်းကနဲ ပွင့်ထွက်သွားတာကြောင့်..ဂျောင်ကုလည်းလန့်သွားပြီး..နောက်သို့လှည့်ကြည့်တော့..တစ်ကိုယ်လုံး ဆပ်ပြာတွေခေါင်းကဆံပင်ကလည်း ထိုးထောင်ကာထွက်နေသည်။ခေါင်းလျှော်ရင်တန်းလန်းနဲ့ထွက်လာသည်ထင်တယ်...
"ဂျွန်ဂျောင်ကု "
"ငါမယူပါဘူး ကလေးငိုနေလို့..လာချော့တာကိုယ်တုံးလုံးကြီးနဲ့ထွက်မလာနဲ့"
ထိုသို့ပြောတော့ ကျွန်တော့်နားသို့တစ်လှမ်းတိုးလာပြီး..နားနားသို့ကပ်ပြောသည်။
"ဘာလဲ ရင်ခုန်လို့လား"
ကလေးဖြင့်မွေးပြီးနေပြီး လာမြူစွယ်နေသေးတယ်သူ့ကိုယ်လုံးတွင် မတွေ့ဘူး တဲ့နေရာမရှိပေ။
"မင်းကိုယ်လုံးမှာ ဘယ်နေမှာက ဘာရှိတယ်ဆိုတာ အကုန်သိတယ် ကလေးတောင်မွေးပြီးနေပြီ ရင်ခုန်လားလာမေးမနေနဲ့..သွား အအေးပတ်မယ်ရေသွားချိုး"
"မချိုးနိုင်ပါဘူး ခင်ဗျား ကလေးကိုခေါ်သွားရင် ဘယ်လိုလုပ်မလဲ"
ပတ်ဂျီမင် တကယ်အရှက်မရှိတော့ဘူးပဲ။သူရှေ့မှာကိုယ်တုံးလုံး ရပ်နေသည့်ဂျီမင်အားကြည့်ပြီး ခေါင်းရမ်းသက်ပြင်းချလိုက်သည်။ဂျီမင် တစ်ယောက် ဂျောင်ကုလက်အားဆွဲကာရေချိုးခန်းထဲ အားခေါ်လာခဲ့သည်။
"ဘာလုပ်မလို့လဲ"
"ခေါင်းလျှော်ပေး "ရေဇလုံထဲခပ်တည်တည် ဝင်စိမ်ကာသူ့အားခေါင်းလျှော်ခိုင်းနေသည့်ပတ်ဂျီမင်ကိုဖြတ်ရိုက်ပစ်ချင်သည်။
"ရူးနေပြီပဲ "
ဂျောင်ကုအပြင်သို့ပြန်ထွက်မည်လုပ်တော့..ဂျီမင်ကနောက်ကနေလှမ်းအော်သည်။
"အေးနော် မလျှော်ပေးဘူးလား တစ်ညလုံးရေကန်ထဲထိုင်နေမှာနော်"
ဂျီမင်အော်ပြောလိုက်တော့ ဂျောင်ကုကနောက်သို့ပြန်လှည့်လာပြီး..ခုံအသေးတစ်လုံးယူကာ ခေါင်းရင်းဘက်နားသွားထိုင်ပြီး ဂျီမင်အားခေါင်းလျှော်ပေးနေရသည်။
ခေါင်းအား သေချာလျှော်ပေးပြီး ထွက်သွားမယ်လုပ်ပြန်တော့..
"အော်ဟော ဘယ်သွားမလို့လဲ ကျွန်တော်ရေချိုးပြီးတဲ့အထိစောင့်နေ မဟုတ်ရင် ရေကန်ထဲမှာတစ်ညလုံးနေနေမှာနော် "
"ပတ်ဂျီမင် မင်းလွန်လွန်းလာပြီနော် "
ရေဇလုံနားလာသော ဂျောင်ကုအားခါးကိုဖက်ကာ ရေဇလုံထဲသို့ဆွဲချလိုက်သည့်ဂျီမင်။
"ရားးး ပတ်ဂျီမင်းးး"
တစ်ကိုယ်လုံး ရေတွေစိုရွှဲသွားသည့်ဂျောင်ကုအားကြည့်ပြီးဂျီမင်က ရယ်နေသည်။
"ပတ်ဂျီမင် ငါရေချိုးပြီးပြီကွ"
"အဲ့တော့ ဘာဖြစ်တုန်း..''
Jungkook ပေါ်ကိုတက်ထိုင်ပြီး အုပ်မိုးလိုက်ကာ ဂျောင်ကုနှုတ်ခမ်းအား နူးညံ့စွာနမ်းနေသည်။ဂျောင်ကုလည်း ဂျီမင်ပြုသမျှနုနေသည်။တဖြည်းဖြည်း ကြမ်းတမ်းလာပြီးနမ်းလာတာကြောင့် ဂျောင်ကုကဆွဲခွာလိုက်ကာ..
"လုပ်လို့မဖြစ်ဘူး မင်းကလေးမွေးပြီးတာတစ်လတောင်မပြည့်သေးဘူး.."
"ကုကု လက်ထပ်ရအောင်လေ"
နှုတ်ခမ်းလေး ဆူကာ ကျွန်တော့်ဗိုက်ကိုလက်ညိုှးလေးနဲ့ ထိုးကာပြောလာသည့်ဂျီမင်ကြောင့် ဂျောင်ကုကြက်သေသေသွားသည်။ဆံစတွေက ရေတွေစီးကျနေပြီး..ရေချိုးထားတာကြောင့် ဖြူဖွေးနေသည့်မျက်နှာလေးပေါ်မှာ ဆေးမဆိုးနီနီရဲရဲနှုတ်ခမ်းဖူးဖူးတို့က ဆူထွက်နေသည်။
ဂျီမင်ရဲ့ပုံစံမှာ ဂျောင်ကုတံတွေးခနခနမြိုချနေသည်။ကြွေနေလိုက် ဂျွန်ဂျောင်ကု ကြွေနေလိုက်။ကို်ယ့်ကိုကိုယ် ပြန်ပြောရင်း ဂျောင်ကုမျက်နှာအားတခြားတစ်ဖက်သို့လွှဲလိုက်သည်။
"ကုကု ကုကု "
"လက် လက်မထပ်နိုင်ပါဘူး မင်းအဲ့လိုလုပ်နေလဲမကြွေဘူး ပတ်ဂျီမင်"
"လက်ထပ်မှာလား "
"မထပ်ဘူး"
"အေးနော် အနုနည်းနဲ့ မရရင်အကြမ်းနည်းနဲ့လုပ်မှာနော်"
ဂျီမင်စကားကြောင့် ဂျောင်ကု တစ်ချက်ရယ်လိုက်သည်။ဘာတဲ့ အကြမ်းနည်းဆိုပဲ..။ဂျောင်ကု ကသူ့အကျႌအားချက်ချင်းဆွဲချွတ်လိုက်သည်။အကျႌဆွဲချွတ်လိုက်တာကြောင့် ဂျီမင်မျက်လုံးများပြူးကျယ်သွားသည်။
"ဘာ ဘာလုပ်မလို့လဲ "
"ရေချိုးမလို့လေ မင်းလုပ်တာ ငါရေပြန်ချိူးမှရတော့မယ်.."
"အော် အော် ရေပြန်ချိုးမလို့လား "
"အေးလေ ထင်ချင်ရာလျှောက်ထင်မနေနဲ့ ဆင်း ငါ့ပေါ်က.."
ဟွန့် နည်းနည်းလေးတောင် စိတ်မယိုင်တော့ဘူးလား ။တွေ့ပါများသွားလို့လားမဖြစ်ဘူး သူသေချာပေါက်လက်ထပ်လာအောင်လုပ်ရမယ်။ဂျီမင်လည်း တဘက်ကိုဆွဲကာ ရေချိုးခန်းမှစောင့်အောင့်ကာထွက်သွားသည်။အနောက်ကကျန်ခဲ့သည့် ဂျောင်ကုလည်းရေပြန်ချိုးကာ ရေချိုးခန်းမှပြန်ထွက်လာသည်။
======================ညစာစားရင်း သူ့အားမျက်စောင်းတထိုးထိုးလုပ်နေသော ဂျီမင်က ကလေးအားဥစ္စာခြောက်ပြီး ပေါင်ပေါ်မှာတင်ထားသေးသည်။ထမင်းအားဝါးပြီး ပါးစပ်ထဲထုတ်ကာ ကလေးအားပြန်ကျွေးရန်လုပ်နေသည့် ဂျီမင်ကိုဂျောင်ကုတွေ့သွားတော့..ထအော်တော့သည်။
"ရား ပတ်ဂျီမင် ဘာလုပ်နေတာလဲ "
"ထမင်းကျွေးမလို့လေ "
"ကလေးက အခုတစ်လတောင်မရှိသေးဘူးမင်းပါးစပ်ထဲက ထမင်းကျွေးစရာလား..အထိနို့ပဲတိုက်ရတာ..''
"ဟ အရင်ခေတ်ကဖြည့်စွက်စာမရှိသေးခင်အဲ့လိုကြွေးကြတာကြည့်ပဲ"
"အခုမှကလေးက တစ်လတောင်မရှိသေးဘူးလေ..ဘယ်လိုလုပ်ထမင်းကျွေးမှာလဲ..မကျွေးရဘူးမင်းဗဟုသုတမရှိဘူးလား..ရွံစရာ "
ဂျောင်ကု၏စကားကြောင့် ဂျီမင်ဝမ်းနည်းစိတ်တို့ဖြစ်လာသည်။သူကအဖေဖြစ်ဖို့..တကယ်ကိုအသုံးမကျတဲ့သူပဲ..။ကလေးနဲ့ပက်သက်တာတစ်ခုမှမသိတဲ့အပြင်..အဖေတစ်ယောက်ဖြစ်ဖို့အများကြီးလိုသေးတယ်။
"အာ..အဲ့လိုလား..အဟမ်း..ကျွန်တော် နည်းနည်းမှားသွားတယ်အော်..နေဦးဘာ ရွံစရာဟုတ်လား..ဒီရွံစရာ ပါးစပ်ကိုခင်ဗျားပဲ အငမ်းမရနမ်းခဲ့လို့ ကလေးတောင်ရလာပြီပဲ"
အစကမှားမှန်းသိ၍ ငြိမ်နေပေမယ့်ရွံစရာ ဆိုသည့်စကားကြောင့် ဂျီမင်ဒေါသထွက်ကာ ဂျောင်ကုအားအော်ပြောလိုက်သည်။ဂျီမင်ပြောလိုက်သည့် စကားကြောင့် ဂျောင်ကုက ထမင်းနင်တောင်နင်သွားသည်။
"အဲ့တာက ဘယ်တူမလဲ အဲ့တုန်းကအဲ့လိုပဲအခုကအခုမင်းမရှက်ဘူးလား "
"ဘာကိုရှက်ရမှာလဲ ကလေးတောင်ရပြီးနေပြီပဲ"
"ငါကတော့ ရွံတယ်.."
ဂျီမင်လည်း ဒေါသထွက်ကာကြက်ဥအား ပါးစပ်ထဲသို့ကောက်ထည့်လိုက်ပြီးပေါင်ပေါ်က ကလေးအားထိုင်ခုံပေါ်သို့ချခဲ့သည်။ ဂျောင်ကုပါးအားကိုင်ကာ နှုတ်ခမ်းချင်းတေ့ကပ်ပြီးဂျောင်ကုပါးစပ်ထဲအား ကြက်ဥကြော်အားထိုးထည့်လိုက်သည်။
"ခင်ဗျား လည်းစားလိုက်ပြီလေ..ကျွန်တော်ဝပြီပန်းကန်ဆေးခဲ့"
============Upပေးလိုက်ပြီနော် အရှည်ကြီးရေးပေးထားတယ်ဒါဒါတို့ရေVoteလေးပေးခဲ့ကြပါဦး..အဆွီလေးတွေရေးထားတာနော်
There are no comments yet. Log in to be the first to leave a review!
![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)