Ep- 19
10:33, 20 October 2023"Omma!!''
"သား ေဂ်ာင္ကုအမေလး သားကေလျပန္လာတာေတာင္ အေမ့ကိုဖုန္းႀကိဳမဆက္ဘူး"
အိမ္တံခါးဖြင့္ဖြင့္ ခ်င္း သူမေဂ်ာင္ကုအားေတြ႔လိုက္ရတာေၾကာင့္..အလြန္ပင္ေပ်ာရႊင္သြားၿပီး ေျပးဖက္ကာသူမအားဖုန္းမဆက္ည္ကို စိတ္ဆိုး၍ေျပာလိုက္သည္။
"သားေတာင္းပန္ပါတယ္..သားအလုပ္ေတြနဲ႔႐ႈပ္ေနလို႔"
သူမအခုမွ သတိထားမိသည္..သား၏ရင္ခြင္ထဲ၌ ေပြ႔ထားသည့္အႏွီးထုတ္ေလးနဲ႔ကေလးကဘယ္သူပါလိမ့္။
"သားဒီကေလးက.."
သူ့အေမ၏ေမးခြန္းေၾကာင့္ ေဂ်ာင္ကုကလက္ထဲက ကေလးကိုျပန္ၾကည့္လိုက္ၿပီးသူ႔အေမအားျပံဳးျပလိုက္သည္။
"အရင္ဆံုး အထဲဝင္ရေအာင္ေလ သားအထဲေရာက္ရင္ေျပာျပပါ့မယ္"
"ေအးေအး.."
ေဂ်ာင္ကုႏွင့္သူ႔အေမက မ်က္ႏွာခ်င္းဆိုင္ ေတြေနရာယူကာထိုင္လိုက္သည္။
"သားေျပာပါဦး
"သားရဲ႕ကေလးပါ..."
"ဘယ္လို သားရယ္ကေလးေမြးစားလာတာလား"
သူ႔အားကေလးေမြးစားခဲ့သည္ထင္ေနေသာအေမ့အား ေဂ်ာင္ကုျပံဳး၍သာျပန္ေျပာလိုက္သည္။
"သားရဲ႕ေသြးသားအရင္းပါ.."
"ဘယ္လို.."
အလြန္အံျသသြားသည့္ အမူအရာကအေမ့မ်က္ႏွာအထင္သားပင္။
"အေမ့ကို ေသခ်ာ႐ွင္းျပပါဦး.."
"ကြၽန္ေတာ့္သားပါ...သူ႔ရဲ႕အေမက ကေလးကိုေမြးၿပီးၿပီးခ်င္းပဲ ဆုုံုးသြားတာ.."
"သား မင္းဟာေလ ဘာေၾကာင့္အဲ့လိုလုပ္ရတာလဲ ဟမ္အေမတို႔ေပးစားမွာေပါ့ ေကာင္မေလးရဲ႕မိဘေတြကေရာ"
"သူကတစ္ေကာင္ႂကြက္ပါ"
"ေပးပါဦး...အေမ့ေျမးေလးကို"
အေမ့အားကြၽန္ေတာ့္လက္ထဲကသားေလးအားေပးလိုက္ေတာ့ အေမကမ်က္ရည္က်လ်က္ျပံဳးေနသည္။အေမ့အား သားေလးကိုသိပ္ခ်စ္ပံုရတယ္။
"အေမ့ေျမးေလး ခ်စ္ဖို႔ေကာင္းလိုက္တာ..ေယာက်ာ္းေလးပဲ Aigoo ေဂ်ာင္ကုသားေတာင္ မိဘတစ္ေယာက္ျဖစ္လာၿပီပဲ...ငါ့ေျမးေလးကအဲ့ဒီမိန္းကေလးနဲ႔တူတာျဖစ္လိမ့္မယ္..အင္း အေမ့ေခြၽးမေလးသာ႐ွိရင္ေကာင္းမွာပဲသားအေမ့ကိုသူ႔ဓာတ္ပံု႐ွိရင္ ျပပါလား အေမေတြ႔ဖူးခ်င္လို႔"
"ဗ်ာ...ဟို...ဟို"
သူေျပာခဲ့တာေတြအကုန္လံုးကလိမ္စဥ္ေတြမဟုတ္လား...။႐ုတ္တရက္ ဓာတ္ပံုေတာင္းသည့္အေမေၾကာင့္ေဂ်ာင္ကုဘာလုပ္ရမွန္းမသိ ျဖစ္သြားသည္။
"ဂြၽန္ေဂ်ာင္ကု..."
"ဗ်ာ.."
"မင္းကိုငါစိတ္ပ်က္မိတာေတာ့ အမွန္ပဲ...နည္းနည္းေလး လႊတ္ေပးလိုက္တာနဲ႔တစ္ႏွစ္အတြင္းကို ျဖစ္ခ်င္ရာျဖစ္လာတာပဲအခုမင္းကို ေဂ်ာင္ဟိုေဆာ့နဲ႔ေပးစားဖို႔စဥ္းစားထားတယ္ျငင္းမယ္မၾကံနဲ႔ မင္းေၾကာင့္ငါတို႔သိကၡာမက်ခ်င္ဘူး..ဂြၽန္ေဂ်ာင္ကု ..."
"ကြၽန္ေတာ္ ျငင္းမလို႔ပါပဲ ဒါေပမယ့္ အခုမျငင္းေတာ့ပါဘူး ကြၽန္ေတာ္နဲ႔အေပးအယူလုပ္ရေအာင္အေဖကြၽန္ေတာ္ အေဖစီစဥ္တာကိုလက္ခံပါတယ္..လက္ထပ္ၿပီးရင္ ကြၽန္ေတာ္ကေနဒါမွာအေျခခ်ခ်င္ပါတယ္"
"သား..ကိုရီးယားမွာဘာျဖစ္လို႔တုန္း"
ကြၽန္ေတာ္ရဲ႕ေတာင္းဆိုခ်က္ၾကားၿပီး...အေမကျပန္ေမးလာသည္။
"ကြၽန္ေတာ္ ကေနဒါေအးေအးခ်မ္းခ်မ္းေနခ်င္လို႔ပါ..ကြၽန္ေတာ္ေက်ာင္းထြက္ၿပီး အေဖ့အလုပ္ကိုဦးေဆာင္ေပးပါ့မယ္"
အစကအရမ္းတင္းမာေနတဲ့ မ်က္ႏွာထားကေနေျပေလ်ာ့သြားသေယာင္။
"ဟုတ္ၿပီ ငါသေဘာတူတယ္"
"သားလည္းခရီးပန္းလားမွာေပါ့ ေရသြားခ်ိဳးျပီးနားေလ..အေမကေလးထိန္းထားလိုက္ပါ့မယ္ ကေလးနာမည္ကိုေရာ ဘယ္လိုေပးဖို႔..စဥ္းစားထားလဲ"
"Minjung..."
"ဂြၽန္မင္ေဂ်ာင္..အေမကေတာ့ ကုကုလို႔ပဲေခၚမယ္ကြယ္ "
"အေမႀကိဳက္သလိုေခၚပါ..သားေရသြားခ်ိဳးလိုက္ဦးမယ္ေနာ္..."
"ေအးေအးသား"
ေဂ်ာင္ကု အိမ္ေပၚသို႔တက္သြား..ေလွကားကေနေအာက္သို႔ျပန္ၾကည့္လိုက္သည္။အေမက ခုနကေတာ့မၾကည္သည့္ပံုျဖစ္ေပမယ့္..ကုကုေလးကိုေတာ့ခ်စ္သား။
ေဂ်ာင္ကုသူ႕အေဖက ကေလးႏွင့္ေဆာ့ကာ..ကေလးကလည္းတခစ္ခစ္..ရယ္ေနတာကိုၾကည့္ၿပီးျပံဳးလိုက္သည္။ေဂ်ာင္ဟိုေဆာ့နဲ႔ ေတြ႔ၾကည့္ဦးမွျဖစ္မယ္။သက္ျပင္း ခပ္ေငြ႔ေငြ႔သာ ခ်လိုက္ၿပီး..ေရခ်ိဳးရန္ျပင္ဆင္လိုက္သည္။
=====================
"ဂ်ီမင္ စားေလ ဘာလဲ ဗိုက္မစာဘူးလား"
ေလဆိပ္ကအျပန္ ဂ်ီမင္ႏွင့္ကြၽန္ေတာ္ ေန႔လည္စာစားရန္ ဆိုင္တစ္ဆိုင္၌ဝင္ရပ္လိုက္သည္။ထမင္းေတြမွာၿပီး မစားဘဲအျပင္ကိုေငးေနေသာဂ်ီမင္ကိုၾကည့္ၿပီး ထယ္ေယာင္းကေျပာသည္။ထယ္ေယာင္းစကားေၾကာင့္ ဂ်ီမင္က..
"အင္း ကြၽန္ေတာ္ဗိုက္သိပ္မစာဘူး.."
"အင္းပါ အခ်ိဳပြဲစားလိုက္ေလ..''
"ဟုတ္ ဒါနဲ႔ေလ ဟိုေမြးခါစ ကေလးေတြကအရမ္းငိုလားဟင္"
ဂ်ီမင္ ေမးသည့္ေမးခြန္းေၾကာင့္ ထယ္ေယာင္းမ်က္ႏွာပ်က္သြားေပမယ့္ ဂ်ီမင္မျမင္ေအာင္.အတတ္ႏိုင္ဆံုးျပန္ထိန္းလိုက္ၿပီး..
"အင္း..ႏို႔စာရင္ေတာ့ငိုမွာေပါ့ "
"အာ "
ဂ်ီမင္က ကေလးေပၚမွာစိတ္႐ွိေသးတာပဲ။ကိုယ္ဘယ္လိုလုပ္ရမလဲ ဂ်ီမင္..မင္းကိုလက္မလႊတ္ႏိုင္ဘူး ။မင္းငါ့ဆီကထြက္သြားမွာကို တုန္လႈပ္ေနမိတယ္။မင္းေၾကာင့္ ကိုယ္ေဂ်ာင္ကုကိုပိုမုန္းမိေနၿပီ။
"ဂ်ီမင္ စိတ္ညစ္စရာ႐ွိလို႔လား.. "
စိုရိမ္တႀကီးေမးလာသည့္ ေဟ်ာင္းေၾကာင့္ဂ်ီမင္ေတြးေနသည့္ အေတြးေတြကိုေဖ်ာက္လိုက္ၿပီးထယ္ေယာင္းအားျပံဳးျပကာ ျပန္ေျဖလိုက္သည္။
"ဟင့္အင္း မ႐ွိပါဘူး.."
အခု ပစၥဳပၸန္မွာပဲ ေပ်ာ္ေအာင္ေနသင့္ၿပီထင္တယ္..သူ႔အတြက္က်န္တာေတြေမ့ေပ်ာက္လို႔ရေပမယ့္..ကေလးရဲ႕ငိုသံေလးက နားထဲမွာျပန္ၾကားေယာင္ေနတုန္းပဲ။သူအခုလမ္းေပ်ာက္ေနၿပီ သူတကယ္ဂြၽန္ေဂ်ာင္ကုနဲ႔ကေလးကိုထားခဲ့ၿပီးထယ္ေယာင္းေဟ်ာင္းဆီျပန္လာမွန္ရဲ႕လား။ေၾကာက္ေနမိတယ္ ထယ္ေယာင္းေဟ်ာင္းသာအရာရာကိုသိသြားရင္.ၿပီးေတာ့အဲ့ကေလးေလးႀကီးလာရင္ေရာ။အဲ့တာ သူကိုယ္တိုင္ေမြးခဲ့တဲ့ကေလး...ငါသာသူ႔ကိုထားခဲ့တာဆိုတာသူသိသြားရင္သိပ္ခံစားေနရမွာ ။သူအခုေနာက္ျပန္လွည့္လို႔ ရေသးတယ္ဒါေပမယ့္ ထယ္ေယာင္းေဟ်ာင္းကေရာ..။
"ေဟ်ာင္း ကြၽန္ေတာ္ေတာင္းပန္ပါတယ္...အရာအားလံုးအတြက္ "
"ဘာလို႔ ေတာင္းပန္ေနတာလဲ ဂ်ီမင္ဘာပဲလုပ္ခဲ့လုပ္ခဲ့ေဟ်ာင္းခြင့္လႊတ္ေပးပါတယ္"
သူရဲ႕လက္အား တင္းၾကပ္စြာဆုပ္ကိုင္ၿပီးလွပစြာျပံဳးျပလာသည့္ ေဟ်ာင္းေၾကာင့္ကြၽန္ေတာ္ပိုၿပီး လမ္းေပ်ာက္ေနမိၿပီ။
======================
"Hoseok shi..''
"Arr..စီနီယာေဂ်ာင္ကု ကြၽန္ေတာ္လည္းေတြ႔ခ်င္ေနတာနဲ႔အေတာ္ပဲ"
ႏွစ္ေယာက္သားေတြ႔ဆံုဖို႔အတြက္..ေဂ်ာင္ကုက ဟိုေဆာ့အားေတာင္းဆိုခဲ့တာေၾကာင့္ေကာ္ဖီဆိုင္တစ္ခုမွာေတြ႔ျဖစ္ၾကသည္။
"ကြၽန္ေတာ္ေတာင္းပန္ပါတယ္ ဟိုေဆာ့အမရဲ႕ကိစၥအတြက္..."
"ဒါေတြကၿပီးခဲ့ၿပီပဲ ထားပါေတာ့.."
"ဟို..လာရင္းကိစၥက"
"ကြၽန္ေတာ္အရင္ေျပာပါရေစ ကြၽန္ေတာ္စီနီယာရဲ႕အေၾကာင္းေတြလည္းၾကားၿပီးပါၿပီ လက္ထပ္ဖို႔အတြက္လက္ခံပါတယ္"
"ဟို..ငါေျပာတာကိုတစ္မ်ိဳးမထင္ပါနဲ႔..ဟိုေဆာ့အဆင္ေျပမွပါ..ကြၽန္ေတာ္ကသိတဲ့အတိုင္းကေလးတစ္ေယာက္အေဖမလား..အဲ့တာေၾကာင့္.."
"ကြၽန္ေတာ္တို႔ကိုလက္ထပ္ဖို႔ အေမကဘာေၾကာင့္ကမ္းလွမ္းလဲဆိုတာစီနီယာသိေလာက္မွာပါ ကြၽန္ေတာ့္ဘက္ကဖိအားေတြ႐ွိေနတယ္..ဘာပဲျဖစ္ျဖစ္ ကြၽန္ေတာ္ကေဂ်ာင္ကုနဲ႔အိမ္ေထာင္က်ေတာ့မွာမဟုတ္လား အိမ္ေထာင့္တာဝန္ကိုေက်ပြန္ေအာင္ထမ္းေဆာင္မွပါ"
သူထင္တဲ့အတိုင္းဟိုေဆာ့အေၾကာင္းကိုအေၾကာင္းျပခ်က္သက္သက္ေပးၿပီး..အဓိကကသူတို႔ကုမၼဏီအတြက္ပါပဲ။
မနက္ကတင္ ကုမၼဏီထူထူေထာင္ေထာင္ျပန္ျဖစ္ေအာင္ ဆိုၿပီးကြၽန္ေတာ့္ကို စီနီယာနဲ႔အတင္းလက္ထပ္ခိုင္းသည့္အေမ့နဲ႔အေဖ့ရဲ႕ပံုရိပ္ကိုျပန္ေတြးၿပီးစိတ္နာစြာရယ္မိသည္။
"ငါေျပာတာ အဲ့လိုသေဘာမဟုတ္ပါဘူး..အထင္မလြဲပါနဲ႔ ''
"ကြၽန္ေတာ္နားလည္ပါတယ္.. ၿပီးေတာ့ေဂ်ာင္ကုရဲ႕သားေလးက ကြၽန္ေတာ့္သူငယ္ခ်င္းရဲ႕ကေလးမဟုတ္လားကြၽန္ေတာ္ေမတၱာထားၿပီး ေစာင့္ေ႐ွာက္မွာပါ"
"ဗ်ာ ဘယ္လို ဘယ္လိုလုပ္ၿပီး"
တအံတျသ ျဖစ္သြားသည့္ ေဂ်ာင္ကုကိုဟိုေဆာ့ကေတာ့ျပံဳး၍သာျပန္ေျဖလိုက္သည္။
"ကြၽန္ေတာ္လြန္ခဲ့တဲ့ ၅လေလာက္ကအေမရိကားကိုေရာက္ျဖစ္တယ္ မထင္မွတ္ပဲ ေတြ႔လိုက္တာပါ"
"ကြၽန္ေတာ္ေတာင္းဆိုပါရေစ အေမတို႔ကိုဒီအေၾကာင္းျပန္မေျပာပါနဲ႔..ဂ်ီမင္လည္း သူ႔ဘဝသူေနေနၿပီမဟုတ္လား.."
"ကြၽန္ေတာ္ေမးစရာ႐ွိတယ္..ဂ်ီမင္ကိုျပန္မလာေစခ်င္ဘူးလား "
"ဂ်ီမင္ကကြၽန္ေတာ့္ကိုမခ်စ္ဘူး သူ႔ဘဝနဲ႔သူေနပါေစ"
ျပတင္းေပါက္ကိုခပ္ေတြေတြေငးရင္း ျပန္ေျဖသည့္စီနီယာကကြၽန္ေတာ့္္မ်က္စိထဲမွာေတာ့ စီနီယာ က တကယ့္ကိုေယာက်ာ္းေကာင္းတစ္ေယာက္။ေသခ်ာေပါက္ တစ္ခ်ိန္ၾကရင္ျဖစ္လာမွာ။
××××××××××××××××××××××
ဂ်ီမင္လည္း တစ္ပတ္ေလာက္ေနေတာ့..ေက်ာင္းျပန္တက္ျဖစ္ခဲ့သည္။ေက်ာင္းဝန္းထဲ ဝင္ဝင္ခ်င္း လူတိုင္းကတီးတိုးတီးတိုးေျပာေနၾကတာေၾကာင့္ဂ်ီမင္လည္း ဘာအေၾကာင္းလဲသိခ်င္၍ထယ္ေယာင္းအားေမးရန္ တတိယႏွစ္ဘက္သို႔လွမ္းလာခဲ့သည္။
"ေဟ်ာင္း "
အခန္းထဲ ၌သူငယ္ခ်င္းေတြနဲ႔စကားေျပာေနသည့္ထယ္ေယာင္းအား ဂ်ီမင္လွမ္းေခၚလိုက္ေတာ့ထယ္ေယာင္းကစကားစျဖတ္ကာ ဂ်ီမင္ဆီသို႔လာသည္။
"ဂ်ီမင္ ဘာျဖစ္လို႔လဲ"
"ဘာမွမျဖစ္ပါဘူး ဒီတိုင္း ေဟ်ာင္းကိုလာေတြ႔တာ "
"ေအာ္.."
"ဂ်ီမင္ မေတြ႔ရတာေတာင္ၾကာၿပီ ''
ႏႈတ္ဆက္စကားသံေၾကာင့္ ေနာက္သို႔လွည့္လိဳက္ေတာ့ ကေလးတစ္ေယာက္ကိုေပြ႔သည့္ ဟိုေဆာ့။ဟိုေဆာ့လာသည္ကိုေတြ႔ေတာ့ ထယ္ေယာင္းကမ်က္ႏွာပ်က္သြားသည္။ဂ်ီမင္ကဝမ္းသာအားရျပန္ႏႈတ္ဆက္လိုက္သည္။
"ဟိုေဆာ့ "
"ေရာ့ မင္းကိုဖိတ္စာလာဖိတ္တာ ငါ့မဂၤလာေဆာင္ကို လာခဲ့ေနာ္စီနီယာထယ္ေယာင္းလည္း ေသခ်ာေပါက္လာခဲ့ေနာ္ "
"အိုး ဟိုေဆာ့စြန္လွခ်ီလား သတို႔သားကဘယ္သူလဲဟင္"
ဂ်ီမင္က ရႊတ္ေနာက္ေနာက္ ေမးလိုက္ေတာ့ဟိုေဆာ့က ရယ္ကာျပန္ေျဖလိုက္သည္။
"ဂြၽန္ေဂ်ာင္ကုနဲ႔ေလ စီနီယာ ဂြၽန္ ေဂ်ာင္ ကု"
သူ႔မ်က္လံုးအားေသခ်ာစိုက္ၾကည့္ကာ ဆိုလာသည့္ ဟိုေဆာ့ေၾကာင့္ ဂ်ီမင္လန္႔သြားသည္။
"ဂြၽန္.. ဂြၽန္ ...ေဂ်ာင္.. ကု"
"အင္းေလ မင္းမသိေသးဘူးလား..သူကအေမရိကားကေနျပန္လာေတာ့..ကေလးေလးေတာင္ပါလာေသးတယ္ဒါသူ႔ကေလးေလးေလ"
ဂ်ီမင္ အံ့ျသတႀကီး ျဖစ္သြားၿပီး ဟိုေဆာ့လက္ေပၚကကေလးဆီသို႔ အၾကည့္မ်ားက်ေရာက္သြားသည္။
"ဟို ဟိုေဆာ့..ငါ..ငါ့ကို..ေပး..ေပးခ်ီ..ပါ..လား"
ဂ်ီမင္က မ်က္ရည္ၾကည္ေလးေတြ ဝဲကာမ်က္လံုးမ်ားကေၾကကြဲမႈအထင္းသားႏွင့္ဟိုေဆာ့အားေျပာသည္။
"အင္း.... ေရာ့"
ဟို႔ေဆာ့လက္ထဲမွ ကေလးကိုခ်ီလိုက္ၿပီးကေလးရဲ႕မ်က္ႏွာကိုေသခ်ာၾကည့္လိုက္မိသည္။ကေလးကသူ႔လက္ထဲေရာက္ေတာ့..အင္း အဲ..ျဖင့္ႏိုးလာကာ သူ႔ကိုေတြေတာ့မ်က္လံုးဝိုင္းဝိုင္းေလးၾကည့္ေနသည္။ခ်စ္ဖို႔ေကာင္းလိုက္တာ ဒီကေလးကိုသူမထားသြားရက္ေတာ့ဘူး။
ဂ်ီမင္ မ်က္ဝန္းမွ မ်က္ရည္မ်ားစီးက်လာၿပီး.ကေလးရဲ႕ပါးေလးအားနစ္ဝင္ေအာင္နမ္းလိုက္သည္။ ကေလးက အဲ အဲဟုခၚကာလက္ေသးေသးျဖင့္ ဂ်ီမင္မ်က္ႏွာအားမမွီတမွီလွမ္းကိုင္ေနသည္။ဂ်ီမင္ မ်က္ႏွာကိုေ႐ွ႕တိုးေပးေတာ့..ကိုင္လို႔မွီသြားသျဖင့္ မ်က္လံူးေလးေတြမွိတ္က်သြားေအာင္ရယ္ေတာ့သည္။ဂြၽန္ေဂ်ာင္ကု ေျပာသည့္အတိုင္းသူႏွင့္ေတာ္ေတာ္ေလးကိုတူသည္။
"ကေလးက မင္းကိုသေဘာက်တဲ့ပံုပဲမင္ေဂ်ာင္ေလးရဲ႕ အေမကေမြးၿပီးၿပီးခ်င္းဆံုးသြားတယ္လို႔စီနီယာကေျပာတယ္..ဟိုမွာစီနီယာေတာင္လာၿပီ"
ဟိုေဆာ့အေျပာေၾကာင့္ ဂ်ီမင္ျပန္ေမာ့ၾကည့္လိုက္ေတာ့ သူတို႔ဆီတည့္တည့္မတ္မတ္ေလ်ွာက္လာသည့္ေဂ်ာင္ကုကိုေတြ႔လိုက္ရသည္။
"ဟိုေဆာ့ ျပန္ၾကရေအာင္"
Jungkook ဂ်ီမင္ရဲ႕လက္ထဲက ကေလးကိုယူမယ္ဟူ၍ လက္လွမ္းလိုက္ေပမယ့္ ဂ်ီမင္ကတစ္ဖက္သို႔ေစာင္းကာ ေ႐ွာင္လိုက္သည္။
"ခန ခနေလာက္ခ်ီထားခ်င္လို႔ပါ"
"ငါျပန္ေတာ့မွာ ဂ်ီမင္ ေပးေတာ့.''
လက္ထဲကကေလးကိုတင္းတင္းၾကပ္ၾကပ္ပိုက္ထားသည့္ ဂ်ီမင္ရဲ႕မ်က္ဝန္းေတြကိုၾကည့္မိလိုက္ေတာ့..မ်က္ရည္ေတြရစ္သိုင္းေနသည္။
"ဟင့္အင္း..''
ဟုေျပာကာ ခ်က္ခ်င္းဆိုသလို ကေလးကိုခ်ီကာထြက္ေျပးသြားသည္။
"ပတ္ဂ်ီမင္.."ေဂ်ာင္ကုကလည္း ဂ်ီမင္ေနာက္သို႔အျမန္ေျပးလိုက္သြားသည္။
"ဂ်ီမင္ ''
Taehyung လိုက္ရန္ေျခလွမ္းလိုက္ေပမယ့္ဟိုေဆာ့ကထယ္ေယာင္းရဲ႕လက္ကို ဆြဲကာျပံဳးျပၿပီး ေခါင္းရမ္းျပသည္။
Unicode
"Omma!!''
"သား ဂျောင်ကုအမလေး သားကလေပြန်လာတာတောင် အမေ့ကိုဖုန်းကြိုမဆက်ဘူး"
အိမ်တံခါးဖွင့်ဖွင့် ချင်း သူမဂျောင်ကုအားတွေ့လိုက်ရတာကြောင့်..အလွန်ပင်ပျောရွှင်သွားပြီး ပြေးဖက်ကာသူမအားဖုန်းမဆက်ည်ကို စိတ်ဆိုး၍ပြောလိုက်သည်။
"သားတောင်းပန်ပါတယ်..သားအလုပ်တွေနဲ့ရှုပ်နေလို့"
သူမအခုမှ သတိထားမိသည်..သား၏ရင်ခွင်ထဲ၌ ပွေ့ထားသည့်အနှီးထုတ်လေးနဲ့ကလေးကဘယ်သူပါလိမ့်။
"သားဒီကလေးက.."
သူ့အမေ၏မေးခွန်းကြောင့် ဂျောင်ကုကလက်ထဲက ကလေးကိုပြန်ကြည့်လိုက်ပြီးသူ့အမေအားပြုံးပြလိုက်သည်။
"အရင်ဆုံး အထဲဝင်ရအောင်လေ သားအထဲရောက်ရင်ပြောပြပါ့မယ်"
"အေးအေး.."
ဂျောင်ကုနှင့်သူ့အမေက မျက်နှာချင်းဆိုင် တွေနေရာယူကာထိုင်လိုက်သည်။
"သားပြောပါဦး
"သားရဲ့ကလေးပါ..."
"ဘယ်လို သားရယ်ကလေးမွေးစားလာတာလား"
သူ့အားကလေးမွေးစားခဲ့သည်ထင်နေသောအမေ့အား ဂျောင်ကုပြုံး၍သာပြန်ပြောလိုက်သည်။
"သားရဲ့သွေးသားအရင်းပါ.."
"ဘယ်လို.."
အလွန်အံသြသွားသည့် အမူအရာကအမေ့မျက်နှာအထင်သားပင်။
"အမေ့ကို သေချာရှင်းပြပါဦး.."
"ကျွန်တော့်သားပါ...သူ့ရဲ့အမေက ကလေးကိုမွေးပြီးပြီးချင်းပဲ ဆုံးသွားတာ.."
"သား မင်းဟာလေ ဘာကြောင့်အဲ့လိုလုပ်ရတာလဲ ဟမ်အမေတို့ပေးစားမှာပေါ့ ကောင်မလေးရဲ့မိဘတွေကရော"
"သူကတစ်ကောင်ကြွက်ပါ"
"ပေးပါဦး...အမေ့မြေးလေးကို"
အမေ့အားကျွန်တော့်လက်ထဲကသားလေးအားပေးလိုက်တော့ အမေကမျက်ရည်ကျလျက်ပြုံးနေသည်။အမေ့အား သားလေးကိုသိပ်ချစ်ပုံရတယ်။
"အမေ့မြေးလေး ချစ်ဖို့ကောင်းလိုက်တာ..ယောကျာ်းလေးပဲ Aigoo ဂျောင်ကုသားတောင် မိဘတစ်ောက်ဖြစ်လာပြီပဲ...ငါ့မြေးလေးကအဲ့ဒီမိန်းကလေးနဲ့တူတာဖြစ်လိမ့်မယ်..အင်း အမေ့ချွေးမလေးသာရှိရင်ကောင်းမှာပဲသားအမေ့ကိုသူ့ဓာတ်ပုံရှိရင် ပြပါလား အမေတွေ့ဖူးချင်လို့"
"ဗျာ...ဟို...ဟို"
သူပြောခဲ့တာတွေအကုန်လုံးကလိမ်စဉ်တွေမဟုတ်လား...။ရုတ်တရက် ဓာတ်ပုံတောင်းသည့်အမေကြောင့်ဂျောင်ကုဘာလုပ်ရမှန်းမသိ ဖြစ်သွားသည်။
"ဂျွန်ဂျောင်ကု..."
"ဗျာ.."
"မင်းကိုငါစိတ်ပျက်မိတာတော့ အမှန်ပဲ...နည်းနည်းလေး လွှတ်ပေးလိုက်တာနဲ့တစ်နှစ်အတွင်းကို ဖြစ်ချင်ရာဖြစ်လာတာပဲအခုမင်းကို ဂျောင်ဟိုဆော့နဲ့ပေးစားဖို့စဉ်းစားထားတယ်ငြင်းမယ်မကြံနဲ့ မင်းကြောင့်ငါတို့သိက္ခာမကျချင်ဘူး..ဂျွန်ဂျောင်ကု ..."
"ကျွန်တော် ငြင်းမလို့ပါပဲ ဒါပေမယ့် အခုမငြင်းတော့ပါဘူး ကျွန်တော်နဲ့အပေးအယူလုပ်ရအောင်အဖေကျွန်တော် အဖေစီစဉ်တာကိုလက်ခံပါတယ်..လက်ထပ်ပြီးရင် ကျွန်တော်ကနေဒါမှာအခြေချချင်ပါတယ်"
"သား..ကိုရီးယားမှာဘာဖြစ်လို့တုန်း"
ကျွန်တော်ရဲ့တောင်းဆိုချက်ကြားပြီး...အမေကပြန်မေးလာသည်။
"ကျွန်တော် ကနေဒါအေးအေးချမ်းချမ်းနေချင်လို့ပါ..ကျွန်တော်ကျောင်းထွက်ပြီး အဖေ့အလုပ်ကိုဦးဆောင်ပေးပါ့မယ်"
အစကအရမ်းတင်းမာနေတဲ့ မျက်နှာထားကနေပြေလျော့သွားသယောင်။
"ဟုတ်ပြီ ငါသဘောတူတယ်"
"သားလည်းခရီးပန်းလားမှာပေါ့ ရေသွားချိုးပြီးနားလေ..အမေကလေးထိန်းထားလိုက်ပါ့မယ် ကလေးနာမည်ကိုရော ဘယ်လိုပေးဖို့..စဉ်းစားထားလဲ"
"Minjung..."
"ဂျွန်မင်ဂျောင်..အမေကတော့ ကုကုလို့ပဲခေါ်မယ်ကွယ် "
"အမေကြိုက်သလိုခေါ်ပါ..သားရေသွားချိုးလိုက်ဦးမယ်နော်..."
"အေးအေးသား"
ဂျောင်ကု အိမ်ပေါ်သို့တက်သွား..လှေကားကနေအောက်သို့ပြန်ကြည့်လိုက်သည်။အမေက ခုနကတော့မကြည်သည့်ပုံဖြစ်ပေမယ့်..ကုကုလေးကိုတော့ချစ်သား။
ဂျောင်ကုသူ့အဖေက ကလေးနှင့်ဆော့ကာ..ကလေးကလည်းတခစ်ခစ်..ရယ်နေတာကိုကြည့်ပြီးပြုံးလိုက်သည်။ဂျောင်ဟိုဆော့နဲ့ တွေ့ကြည့်ဦးမှဖြစ်မယ်။သက်ပြင်း ခပ်ငွေ့ငွေ့သာ ချလိုက်ပြီး..ရေချိုးရန်ပြင်ဆင်လိုက်သည်။
=====================
"ဂျီမင် စားလေ ဘာလဲ ဗိုက်မစာဘူးလား"
လေဆိပ်ကအပြန် ဂျီမင်နှင့်ကျွန်တော် နေ့လည်စာစားရန် ဆိုင်တစ်ဆိုင်၌ဝင်ရပ်လိုက်သည်။ထမင်းတွေမှာပြီး မစားဘဲအပြင်ကိုငေးနေသောဂျီမင်ကိုကြည့်ပြီး ထယ်ယောင်းကပြောသည်။ထယ်ယောင်းစကားကြောင့် ဂျီမင်က..
"အင်း ကျွန်တော်ဗိုက်သိပ်မစာဘူး.."
"အင်းပါ အချိုပွဲစားလိုက်လေ..''
"ဟုတ် ဒါနဲ့လေ ဟိုမွေးခါစ ကလေးတွေကအရမ်းငိုလားဟင်"
ဂျီမင် မေးသည့်မေးခွန်းကြောင့် ထယ်ယောင်းမျက်နှာပျက်သွားပေမယ့် ဂျီမင်မမြင်အောင်.အတတ်နိုင်ဆုံးပြန်ထိန်းလိုက်ပြီး..
"အင်း..နို့စာရင်တော့ငိုမှာပေါ့ "
"အာ "
ဂျီမင်က ကလေးပေါ်မှာစိတ်ရှိသေးတာပဲ။ကိုယ်ဘယ်လိုလုပ်ရမလဲ ဂျီမင်..မင်းကိုလက်မလွှတ်နိုင်ဘူး ။မင်းငါ့ဆီကထွက်သွားမှာကို တုန်လှုပ်နေမိတယ်။မင်းကြောင့် ကိုယ်ဂျောင်ကုကိုပိုမုန်းမိနေပြီ။
"ဂျီမင် စိတ်ညစ်စရာရှိလို့လား.. "
စိုရိမ်တကြီးမေးလာသည့် ဟျောင်းကြောင့်ဂျီမင်တွေးနေသည့် အတွေးတွေကိုဖျောက်လိုက်ပြီးထယ်ယောင်းအားပြုံးပြကာ ပြန်ဖြေလိုက်သည်။
"ဟင့်အင်း မရှိပါဘူး.."
အခု ပစ္စုပ္ပန်မှာပဲ ပျော်အောင်နေသင့်ပြီထင်တယ်..သူ့အတွက်ကျန်တာတွေမေ့ပျောက်လို့ရပေမယ့်..ကလေးရဲ့ငိုသံလေးက နားထဲမှာပြန်ကြားယောင်နေတုန်းပဲ။သူအခုလမ်းပျောက်နေပြီ သူတကယ်ဂျွန်ဂျောင်ကုနဲ့ကလေးကိုထားခဲ့ပြီးထယ်ယောင်းဟျောင်းဆီပြန်လာမှန်ရဲ့လား။ကြောက်နေမိတယ် ထယ်ယောင်းဟျောင်းသာအရာရာကိုသိသွားရင်.ပြီးတော့အဲ့ကလေးလေးကြီးလာရင်ရော။အဲ့တာ သူကိုယ်တိုင်မွေးခဲ့တဲ့ကလေး...ငါသာသူ့ကိုထားခဲ့တာဆိုတာသူသိသွားရင်သိပ်ခံစားနေရမှာ ။သူအခုနောက်ပြန်လှည့်လို့ ရသေးတယ်ဒါပေမယ့် ထယ်ယောင်းဟျောင်းကရော..။
"ဟျောင်း ကျွန်တော်တောင်းပန်ပါတယ်...အရာအားလုံးအတွက် "
"ဘာလို့ တောင်းပန်နေတာလဲ ဂျီမင်ဘာပဲလုပ်ခဲ့လုပ်ခဲ့ဟျောင်းခွင့်လွှတ်ပေးပါတယ်"
သူရဲ့လက်အား တင်းကြပ်စွာဆုပ်ကိုင်ပြီးလှပစွာပြုံးပြလာသည့် ဟျောင်းကြောင့်ကျွန်တော်ပိုပြီး လမ်းပျောက်နေမိပြီ။
======================
"Hoseok shi..''
"Arr..စီနီယာဂျောင်ကု ကျွန်တော်လည်းတွေ့ချင်နေတာနဲ့အတော်ပဲ"
နှစ်ယောက်သားတွေ့ဆုံဖို့အတွက်..ဂျောင်ကုက ဟိုဆော့အားတောင်းဆိုခဲ့တာကြောင့်ကော်ဖီဆိုင်တစ်ခုမှာတွေ့ဖြစ်ကြသည်။
"ကျွန်တော်တောင်းပန်ပါတယ် ဟိုဆော့အမရဲ့ကိစ္စအတွက်..."
"ဒါတွေကပြီးခဲ့ပြီပဲ ထားပါတော့.."
"ဟို..လာရင်းကိစ္စက"
"ကျွန်တော်အရင်ပြောပါရစေ ကျွန်တော်စီနီယာရဲ့အကြောင်းတွေလည်းကြားပြီးပါပြီ လက်ထပ်ဖို့အတွက်လက်ခံပါတယ်"
"ဟို..ငါပြောတာကိုတစ်မျိုးမထင်ပါနဲ့..ဟိုဆော့အဆင်ပြေမှပါ..ကျွန်တော်ကသိတဲ့အတိုင်းကလေးတစ်ယောက်အဖေမလား..အဲ့တာကြောင့်.."
"ကျွန်တော်တို့ကိုလက်ထပ်ဖို့ အမေကဘာကြောင့်ကမ်းလှမ်းလဲဆိုတာစီနီယာသိလောက်မှာပါ ကျွန်တော့်ဘက်ကဖိအားတွေရှိနေတယ်..ဘာပဲဖြစ်ဖြစ် ကျွန်တော်ကဂျောင်ကုနဲ့အိမ်ထောင်ကျတော့မှာမဟုတ်လား အိမ်ထောင့်တာဝန်ကိုကျေပွန်အောင်ထမ်းဆောင်မှပါ"
မနက်ကတင် ကုမ္မဏီထူထူထောင်ထောင်ပြန်ဖြစ်အောင် ဆိုပြီးကျွန်တော့်ကို စီနီယာနဲ့အတင်းလက်ထပ်ခိုင်းသည့်အမေ့နဲ့အဖေ့ရဲ့ပုံရိပ်ကိုပြန်တွေးပြီးစိတ်နာစွာရယ်မိသည်။
"ငါပြောတာ အဲ့လိုသဘောမဟုတ်ပါဘူး..အထင်မလွဲပါနဲ့ ''
"ကျွန်တော်နားလည်ပါတယ်.. ပြီးတော့ဂျောင်ကုရဲ့သားလေးက ကျွန်တော့်သူငယ်ချင်းရဲ့ကလေးမဟုတ်လားကျွန်တော်မေတ္တာထားပြီး စောင့်ရှောက်မှာပါ"
"ဗျာ ဘယ်လို ဘယ်လိုလုပ်ပြီး"
တအံတသြ ဖြစ်သွားသည့် ဂျောင်ကုကိုဟိုဆော့ကတော့ပြုံး၍သာပြန်ဖြေလိုက်သည်။
"ကျွန်တော် လွန်ခဲ့တဲ့နှစ်လလောက်အမေရိကားကိုရောက်ဖြစ်တယ် မထင်မှတ်ပဲ တွေ့လိုက်တာပါ"
"ကျွန်တော်တောင်းဆိုပါရစေ အမေတို့ကိုဒီအကြောင်းပြန်မပြောပါနဲ့..ဂျီမင်လည်း သူ့ဘဝသူနေနေပြီမဟုတ်လား.."
"ကျွန်တော်မေးစရာရှိတယ်..ဂျီမင်ကိုပြန်မလာစေချင်ဘူးလား "
"ဂျီမင်ကကျွန်တော့်ကိုမချစ်ဘူး သူ့ဘဝနဲ့သူနေပါစေ"
ပြတင်းပေါက်ကိုခပ်တွေတွေငေးရင်း ပြန်ဖြေသည့်စီနီယာကကျွန်တော့််မျက်စိထဲမှာတော့ စီနီယာ က တကယ့်ကိုယောကျာ်းကောင်းတစ်ယောက်။သေချာပေါက် တစ်ချိန်ကြရင်ဖြစ်လာမှာ။
××××××××××××××××××××××
ဂျီမင်လည်း တစ်ပတ်လောက်နေတော့..ကျောင်းပြန်တက်ဖြစ်ခဲ့သည်။ကျောင်းဝန်းထဲ ဝင်ဝင်ချင်း လူတိုင်းကတီးတိုးတီးတိုးပြောနေကြတာကြောင့်ဂျီမင်လည်း ဘာအကြောင်းလဲသိချင်၍ထယ်ယောင်းအားမေးရန် တတိယနှစ်ဘက်သို့လှမ်းလာခဲ့သည်။
"ဟျောင်း "
အခန်းထဲ ၌သူငယ်ချင်းတွေနဲ့စကားပြောနေသည့်ထယ်ယောင်းအား ဂျီမင်လှမ်းခေါ်လိုက်တော့ထယ်ယောင်းကစကားစဖြတ်ကာ ဂျီမင်ဆီသို့လာသည်။
"ဂျီမင် ဘာဖြစ်လို့လဲ"
"ဘာမှမဖြစ်ပါဘူး ဒီတိုင်း ဟျောင်းကိုလာတွေ့တာ "
"အော်.."
"ဂျီမင် မတွေ့ရတာတောင်ကြာပြီ ''
နှုတ်ဆက်စကားသံကြောင့် နောက်သို့လှည့်လိုက်တော့ ကလေးတစ်ယောက်ကိုပွေ့သည့် ဟိုဆော့။ဟိုဆော့လာသည်ကိုတွေ့တော့ ထယ်ယောင်းကမျက်နှာပျက်သွားသည်။ဂျီမင်ကဝမ်းသာအားရပြန်နှုတ်ဆက်လိုက်သည်။
"ဟိုဆော့ "
"ရော့ မင်းကိုဖိတ်စာလာဖိတ်တာ ငါ့မင်္ဂလာဆောင်ကို လာခဲ့နော်စီနီယာထယ်ယောင်းလည်း သေချာပေါက်လာခဲ့နော် "
"အိုး ဟိုဆော့စွန်လှချီလား သတို့သားကဘယ်သူလဲဟင်"
ဂျီမင်က ရွှတ်နောက်နောက် မေးလိုက်တော့ဟိုဆော့က ရယ်ကာပြန်ဖြေလိုက်သည်။
"ဂျွန်ဂျောင်ကုနဲ့လေ စီနီယာ ဂျွန် ဂျောင် ကု"
သူ့မျက်လုံးအားသေချာစိုက်ကြည့်ကာ ဆိုလာသည့် ဟိုဆော့ကြောင့် ဂျီမင်လန့်သွားသည်။
"ဂျွန်.. ဂျွန် ...ဂျောင်.. ကု"
"အင်းလေ မင်းမသိသေးဘူးလား..သူကအမေရိကားကနေပြန်လာတော့..ကလေးလေးတောင်ပါလာသေးတယ်ဒါသူ့ကလေးလေးလေ"
ဂျီမင် အံ့သြတကြီး ဖြစ်သွားပြီး ဟိုဆော့လက်ပေါ်ကကလေးဆီသို့ အကြည့်များကျရောက်သွားသည်။
"ဟို ဟိုဆော့..ငါ..ငါ့ကို..ပေး..ပေးချီ..ပါ..လား"
ဂျီမင်က မျက်ရည်ကြည်လေးတွေ ဝဲကာမျက်လုံးများကကြေကွဲမှုအထင်းသားနှင့်ဟိုဆော့အားပြောသည်။
"အင်း.... ရော့"
ဟို့ဆော့လက်ထဲမှ ကလေးကိုချီလိုက်ပြီးကလေးရဲ့မျက်နှာကိုသေချာကြည့်လိုက်မိသည်။ကလေးကသူ့လက်ထဲရောက်တော့..အင်း အဲ..ဖြင့်နိုးလာကာ သူ့ကိုတွေတော့မျက်လုံးဝိုင်းဝိုင်းလေးကြည့်နေသည်။ချစ်ဖို့ကောင်းလိုက်တာ ဒီကလေးကိုသူမထားသွားရက်တော့ဘူး။
ဂျီမင် မျက်ဝန်းမှ မျက်ရည်များစီးကျလာပြီး.ကလေးရဲ့ပါးလေးအားနစ်ဝင်အောင်နမ်းလိုက်သည်။ ကလေးက အဲ အဲဟုခါ်ကာလက်သေးသေးဖြင့် ဂျီမင်မျက်နှာအားမမှီတမှီလှမ်းကိုင်နေသည်။ဂျီမင် မျက်နှာကိုရှေ့တိုးပေးတော့..ကိုင်လို့မှီသွားသဖြင့် မျက်လူံးလေးတွေမှိတ်ကျသွားအောင်ရယ်တော့သည်။ဂျွန်ဂျောင်ကု ပြောသည့်အတိုင်းသူနှင့်တော်တော်လေးကိုတူသည်။
"ကလေးက မင်းကိုသဘောကျတဲ့ပုံပဲမင်ဂျောင်လေရဲ့ အမေကမွေးပြီးပြီးချင်းဆုံးသွားတယ်လို့စီနီယာကပြောတယ်..ဟိုမှာစီနီယာတောင်လာပြီ"
ဟိုဆော့အပြောကြောင့် ဂျီမင်ပြန်မော့ကြည့်လိုက်တော့ သူတို့ဆီတည့်တည့်မတ်မတ်လျှောက်လာသည့်ဂျောင်ကုကိုတွေ့လိုက်ရသည်။
"ဟိုဆော့ ပြန်ကြရအောင်"
Jungkook ဂျီမင်ရဲ့လက်ထဲက ကလေးကိုယူမယ်ဟူ၍ လက်လှမ်းလိုက်ပေမယ့် ဂျီမင်ကတစ်ဖက်သို့စောင်းကာ ရှောင်လိုက်သည်။
"ခန ခနလောက်ချီထားချင်လို့ပါ"
"ငါပြန်တော့မှာ ဂျီမင် ပေးတော့.''
လက်ထဲကကလေးကိုတင်းတင်းကြပ်ကြပ်ပိုက်ထားသည့် ဂျီမင်ရဲ့မျက်ဝန်းတွေကိုကြည့်မိလိုက်တော့..မျက်ရည်တွေရစ်သိုင်းနေသည်။
"ဟင့်အင်း..''
ဟုပြောကာ ချက်ချင်းဆိုသလို ကလေးကိုချီကာထွက်ပြေးသွားသည်။
"ပတ်ဂျီမင်.."ဂျောင်ကုကလည်း ဂျီမင်နောက်သို့အမြန်ပြေးလိုက်သွားသည်။
"ဂျီမင် ''
Taehyung လိုက်ရန်ခြေလှမ်းလိုက်ပေမယ့်ဟိုဆော့ကထယ်ယောင်းရဲ့လက်ကို ဆွဲကာပြုံးပြပြီး ခေါင်းရမ်းပြသည်။
There are no comments yet. Log in to be the first to leave a review!


![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)



