Fanfics

I T Y - 14

11:18, 6 December 2024

ဂျီမင် ယွန်းဂီနှင့်တွေ့ပြီးအပြန်Alcoholတွေအသောက်များသွားပြီးကားAccidentဖြစ်တော့သည်။

ဆော့ဂျင် ဂျီမင့်ဖုန်းထဲကနေ လူတစ်ယောက်ဖုန်းဆက်လာပြီး ဖုန်းပိုင်ရှင်ရဲ့မိသားစုဝင်လားဟုမေးကာ ဖုန်းပိုင်ရှင်ကားAccidentဖြစ်လို့သူတို့ဆေးရုံပို့ပေးထားပါတယ်ဟုပြောလာခဲ့တော့သည်။

ကြား"ချင်း ဆော့ဂျင်မျက်လုံးတွေပြာဝေသွားခဲ့တော့သည်။သူအစက ပတ်ဂျီမင်ဖုန်းနံပါတ်မလို့မကိုင်ဘူးလုပ်ထားခဲ့ပေမယ့် သူ့လက်ကအလိုလိုကိုင်မိသွားခဲ့တော့သည်။ဘယ်လောက်ပဲမုန်းတယ်ပြောခဲ့ပေမယ့်လည်း....

သူအခုဆေးရုံကိုလိုက်လာခဲ့တာဖြစ်သည်။Accidentဖြစ်သူရဲ့အခန်းနံပါတ်ကိုမေးကာသူပြေးတက်လာခဲ့လိုက်တော့သည်။

သူအခန်းရှေ့လည်းရောက်သွားရော အခန်းအတွင်းဝင်ဖို့တွန့်ဆုတ်နေမိတော့သည်။ဘာမှတော့ကြီး"မား"မဖြစ်ဘူးမဟုတ်လား။

ထိုအချိန်....

အခန်းတခါးပွင့်လာခဲ့ပြီး Nurseလေးတစ်ယောက်ထွက်လာကာ သူ့ကိုမြင်တော့ မိသားစုဝင်လားဟုမေးလာခဲ့တော့သည်။

သူလည်းဟုတ်ပါတယ်လို့ပြောလိုက်မိတော့...လူနာသတိရပါပြီ ဝင်သွားလိုက်ပါဟုပြောလာခဲ့တော့သည်။

သူလည်းကျေးဇူးတင်ကြောင်းပြောကာအခန်းအတွင်းသို့ချီတုံချတုံဖြင့်ဝင်လာခဲ့လိုက်တော့သည်။

တံခါးဖွင့်သံကြားတော့ ကုတင်ပေါ်မှိန်းနေသူကမျက်စိပွင့်လာခဲ့တော့၏။

သူ့ကိုလည်းမြင်ရော အံ့အားသင့်ကာထထိုင်ဖို့ကြိုးစားလေသည်။ခေါင်းမှာပတ်တီးအဖွေးသားဖြင့်။

" babe...babeကဘယ်လိုဖြစ်ပြီး?...."

ဆော့ဂျင်အနေားလျှောက်သွားလိုက်ပြီး....

" မင်းဖုန်းကနေတစ်ဆင့်ငါ့ကိုဆက်သွယ်လာလို့ မင်းAccidentဖြစ်တယ်ဆိုပြီး..."

သူပြောတော့ ရှေ့ကကောင်ကပြုံးသွားကာ....

" Accidentဖြစ်ရကျိုးနပ်လိုက်တာ...babeစိတ်ပူသားပဲမောင့်ကို...."

ထိုကောင့်စကားကြောင့်.....

" မင်းဘာမှမဖြစ်ဘူးမလား အဲဆိုငါပြန်ပြီ..."

" မပြန်ပါနဲ့...မောင်အခုခေါင်းတွေအရမ်းမူးနေလို့ပါ...တော်ကြာဘာဖြစ်မလဲဘယ်သူမှမပြောနိုင်ဘူးလေနော်..."

" မင်း! ကူလီကူမာလုပ်နေတာမလား!.."

" မောင့်ခေါင်းကပတ်တီးကသက်သေလေ...အား...ကျွတ် ကျွတ်..."

" ဆ ဆရာဝန်ခေါ်ပေးရမလား..."

" နေပါစေ...ကိုယ့်အတွက်နဲ့တပါးသူကိုအလုပ်မရှုပ်စေချင်ပါဘူး...babeမောင့်အနားလေးခဏလောက်ထိုင်နေပေးလို့ရမလားဟင်..ကျွတ်ကျွတ်..."

" ငါ...ငါယွန်းဂီကိုခေါ်လိုက်မယ်..."

" သူ့ကိုခေါ်ရင်မောင့်ကိုလာသတ်လှည့်ပါလို့ပြောနေသလိုပဲ...သူကbabeအနားမှာမောင့်ကိုမြင်ရရင်သတ်ပစ်မယ်တဲ့လေ...မောင့်ဘဝကလည်း ချစ်ရသူကသတ်ချင်လိုက်သူငယ်ချင်းဖြစ်သူကသတ်ချင်လိုက်နဲ့..."

" ဒါတော့မင်းသောက်ပြစ်မင်းသိလေ...ငါအခုလာပေးတာတောင်......."

" အားး..ကျွတ်..ကျွတ်...ကျွတ်...ခေါင်းကအရမ်းမူးတာပဲ..."

ထိုစဉ်...အခန်းတံခါးပွင့်ပြီး ဆရာဝန်နှင့်Nurseလေးတစ်ယောက်ဝင်လာကာ....

" ဪ...လူနာရှင်ရောက်နေပြီပဲ..."

" ဟုတ်ကဲ့...Doctor လူနာကခဏတိုင်းခေါင်းမူးတယ်ပြောနေလို့ပါ...အဲဒါတစ်ချက်လောက်ကြည့်ပေးပါဦး..."

" အော်...ဒဏ်ရာကသိပ်မပြင်းပါဘူး...ခေါင်းမူးတာကလည်း လူနာကAlcoholတွေသောက်ထားတာမလို့အရှိန်မပြေသေးတာနေမှာပါ..."

ဆော့ဂျင် ဂျီမင့်ကိုမျက်ထောင့်နီနဲ့ကြည့်လိုက်တော့.....

" ကျွန်တော်အများကြီးသောက်မထားပါဘူး...မူးတာကခေါင်းထိမိပြီး....."

" ကျွန်တော်ကဆရာဝန်ပါ...ဆေးမှတ်တမ်းနဲ့ပြောတာပါ...ဒီကလူနာကလည်းလူကြီးလူကောင်းတစ်ယောက်ပါပဲ...အရက်သောက်ထားရင်ကားမမောင်းသင့်ဘူးဆိုတာသိမှာပါ..."

" ဟုတ်ကဲ့...ကျွန်တော်အဲဒီအတွက်လည်းဒဏ်ကြေးဆောင်ပြီးထိုက်သင့်တဲ့အပြစ်ခံယူမှာပါ..."

" ဟုတ်ကဲ့ပါ..."

Ring....Ring...📱

ဆော့ဂျင် သူ့ဖုန်းသံမြည်လာတော့ အပြင်ခဏထွက်လာခဲ့လိုက်သည်။ဂျွန်အိမ်တော်ကဆက်တာပဲ။ဘာလို့ပါလိမ့်?

" Hello..."

📞: သခင်လေး...ဦးလေးမင်ပါ...သခင်ကြီးအိမ်ပြန်ရောက်နေပါတယ်...ကုမ္ပဏီမှာခေါင်းမူးနေလို့အိမ်ပြန်လာတာပါ..."

" ဟင်...ဟုတ်လား...ဆရာဝန်မခေါ်ဘူးလား..ကျွန်တော်အခုပြန်ခဲ့ပါ့မယ်..."

📞: ဟုတ်ကဲ့သခင်လေး...ဆရာဝန်တော့လာသွားပါပြီ...သခင်လေးသိအောင်ဦးလေးမင်ကလှမ်းဆက်တာပါ.."

" ဟုတ်ပြီ..ဟုတ်ပြီ...ကျွန်တော်အခုလာခဲ့မယ်..."

ဟူးးး...မူးပြန်ပြီနောက်တစ်ယောက်......

~~~~~~~~~~{}{}{}{}{}~~~~~~~~~~

ပတ်ဂျီမင်လည်းဘာမှမဖြစ်ဘူးဆိုတော့ သူလည်းဆေးရုံမှာဆက်နေစရာမလိုတော့ပေ။

ဒါတောင်သကောင့်သားကကူလီကူမာနဲ့ဟိုနားနာတယ်ဒီနားကိုက်တယ်လုပ်နေသေးသည်။သူလည်း အဲဒါကဆရာဝန်အလုပ်ငါ့အလုပ်မဟုတ်ဘူးငါလည်းကုမပေးတတ်ဘူးဟုပြောပြီးထွက်လာခဲ့လိုက်တော့သည်။***သူအိမ်တော်ရောက်သွားတော့ ဂျွန်ဂျောင်ကုကကအခန်းထဲမှာနားနေသည်ဟုပြောသည်။

သူလည်းအပေါ်တက်သွားပြီး တံခါးကိုအသာဖွင့်ကြည့်လိုက်တော့...ထိုသူက ကုတင်ခေါင်းရင်းကိုကျောမှီထားပြီးနဖူးပေါ်လက်တင်ကာမှေးနေလေသည်။

တံခါးဖွင့်သံကြားသွားတော့ ထိုသူ့မျက်လုံးတွေကပွင့်လာခဲ့ကာ သူ့ကိုကြည့်လာသည်။

" ခင်ဗျားနေမကောင်းလို့ပြန်လာတာဆို...ဘယ်လိုဖြစ်တာလဲ...."

ဆော့ဂျင် အနားလျှောက်သွားလိုက်ပြီးအနီးနားကခုံကိုဆွဲယူကာထိုင်ရင်းမေးလိုက်တော့သည်။

" အင်း...အလုပ်တွေနည်း"ပိပြီးအိပ်ရေးပျက်များသွားလို့ပါ...ဆရာဝန်ဆေးလာထိုးပေးပြီးသွားပါပြီ..."

" ဖြစ်မှာပေါ့...ခင်ဗျားကနေ့မနားညမနားနဲ့ဘယ်နှစ်ဘဝစာရှာနေမှန်းမှမသိတာ..."

" ရှာရမယ်လေကွာ...ကိုယ့်မှာမင်းနဲ့ဂျီဟူရှိတယ်လေ...မင်းတို့အတွက်တွေပဲပေါ့..."

မသိ သူရုန်းကန်နေသမျှက သူနဲ့ဂျီဟူဖြုန်းပါပေါ့။

" အခုသက်သာတယ်မလား...ကျွန်တော်အပြင်ရောက်နေတာ ဦးလေးမင်လှမ်းပြောလို့သိတာ..."

" အင်း...အပြင်တွေအရမ်းထွက်တာပဲ...ကိုယ်သက်သာပါတယ်..."

ဆော့ဂျင် သူဘာဆက်ပြောရမှန်းမသိတော့.....

" ဟို...ခေါင်းမူးနေတာဆို...သံပုရာရည်ချဉ်"လေးသောက်ချင်လား..."

" ဂျင်ကိုယ်တိုင်ဖျော်ပေးမလို့လား...."

" အင်းလေ...ကျွန်တော်ဖျော်ပေးမလို့..."

" အင်း...အဲလိုဆိုရင်တော့သောက်မယ်လေ..."

" အဲဆိုခဏလေး ကျွန်တော်သွားဖျော်လိုက်မယ်..."

~~~~~~~~

တစ်အောင့်နေတော့ ဆော့ဂျင်သံပုရာရည်ခွက်လေးကိုင်ကာပြန်ရောက်လာသည်။

" ရပြီသံပုရာရည်....ကျွန်တော်ခင်ဗျားကိုပြောစရာရှိတယ်..."

ဆော့ဂျင်ကပြောစရာရှိတယ်ဆို၍ ဂျောင်ကုကသံပုရာရည်ကိုမသောက်သေးဘဲစားပွဲပေါ်ပြန်တင်လိုက်သည်။

" ပြောလေ...ဘာပြောချင်လို့လဲကိုယ့်ကို..."

" တခြားတော့မဟုတ်ပါဘူး...ကျွန်တော်လည်းအိမ်မှာဒီတိုင်းကြီးမလို့လေခင်ဗျားအလုပ်ထဲနည်း"ပါး"ဝင်ကူပေးမလားလို့ပါ...အဲဒါ ကုမ္ပဏီမှာအဆင်ပြေမယ့်နေရာတစ်ခုလောက်ကျွန်တော့်ကိုထည့်ပေး..."

ဂျောင်ကုကအံ့ဩသွားပြီး......

" ဂျင်ကတကယ်လုပ်ချင်လို့လား..."

" အင်းလေ...ကျွန်တော်ကူပေးတော့ ခင်ဗျားလည်းအရင်လိုဉာဉ့်နက်တဲ့အထိမလုပ်ရတော့တာပေါ့..."

" ဂျင့်ဘက်ကအဲလိုဆန္ဒရှိရင်ကိုယ်ကအတိုင်းထက်အလွန်ပေါ့...ကိုယ့်ရဲ့အတွင်းရေးမှူးနေရာမှာဝင်လုပ်လေ..."

" အတွင်းရေးမှူးဆိုတော့ အတွင်းရေးမှူးကမရှိလို့လား..."

" ရှိတယ်လေအတွင်းရေးမှူးက..."

" ဒါဖြင့်သူ့ကိုအလုပ်ထုတ်မလို့လား..."

" အဲလိုတော့မဟုတ်ဘူးလေဂျင်ရဲ့....သူကတော့သူ့အလုပ်သူလုပ်မှာပေါ့...ဂျင်ကကိုယ့်အနားမှာနေပြီး ကိုယ့်ကိုကူပေးလေ..."

" အော်...အဲ့ကိုလို...ဒါဖြင့် ကျွန်တော်ကဘယ်နေ့အလုပ်စဆင်းရမလဲ..."

" မနက်ဖြန်ပဲလိုက်ခဲ့တော့လေ...."

" ဟမ်! မနက်ဖြန်?ဘာမှလည်းမပြင်ဆင်ရသေးဘဲနဲ့..."

" လိုမှမလိုတာဂျင်ရဲ့...ဂျင်အလုပ်ဝင်မှာတခြားမှာမှမဟုတ်တာ..."

" ပြီးရောလေအဲလိုဆိုတော့လည်း...လစာတော့အပြည့်ပေးရမှာနော်...."

" လစာဘာလို့ယူနေမှာလဲ...ကိုယ့်cardတွေယူထားလိုက်လေ..."

" အဲလောက်ကြီးလည်းမလိုပါဘူး...လာရွဲ့နေတာလားလူကို..."

သဒ္ဓါတွေလွန်နေသူကြောင့် ဆော့ဂျင်စူပုပ်ပုပ်ဖြင့်ပြောတော့....

" မရွဲ့ပါဘူး...ကိုယ်ပိုင်တာတွေကဂျင်ပိုင်တာပဲလေကွာ...မဟုတ်ဘူးလား..."

ဆော့ဂျင် မျက်စောင်းထိုးလိုက်ပြီး....

" သံပုရာရည်ကမသောက်တော့ဘူးလား...စေတနာနဲ့လည်းဖျော်လာပေးရသေး..."

" သောက်မှာပေါ့...ဂျင်နဲ့စကားပြောနေလို့လေ..."

ဂျောင်ကုက သံပုရာရည်ကိုတစ်ငုံ,ငုံလိုက်တော့...

" ကောင်းတယ်မဟုတ်လား...ကျွန်တော်သေချာဖျော်လာပေးတာ...မေမေကပြောတယ် သံပုရာရည်ဖျော်ရင်ဆားလေးတစ်ပွင့်လောက်ထည့်ရတယ်တဲ့...အဲဒါမှလေး"ပင်"ရှိပြီး သံပုရာရည်ရဲ့အရသာကပိုပေါ်လွင်စေတာတဲ့လေ..."

" အင်း..ကောင်းပါတယ်...ဒါပေမယ့် ဂျင်မြည်းကြည့်မလာဘူးထင်တယ်..."

" ဟုတ်တယ် မြည်းကြည့်မလာခဲ့ရဘူး...ဘာလို့လဲ မကောင်းဘူးလား...ပေး ကျွန်တော်သောက်ကြည့်မယ်..."

ဆော့ဂျင်ကပြော"ဆို"နဲ့ယူသောက်ကြည့်လိုက်တော့...

ဆွေခုနစ်ဆက်မျိုးခုနစ်ဆက်တောင်မေ့သွားရကာသူပါးတွေတောင်,တောင်သွားတော့သည်။

သူဂျောင်ကုကိုမအီမလည်နဲ့ပြုံးပြလိုက်ပြီး....

" ဟို..ဆားထည့်ဖို့မေ့မှာစိုးတာနဲ့ပဲ...သကြားထည့်ဖို့မေ့သွားတယ်...."

သူ့ကိုမအီမလည်နဲ့ပြောနေတဲ့ဆော့ဂျင်ကြောင့်ဂျောင်ကုကရယ်လေတော့သည်။

" ပေးပါ..စေတနာနဲ့တိုက်ရင်သေဆေးတောင်သောက်ကြရသေးတာပဲ...သံပုရာရည်သကြားမပါတာဘာဖြစ်လဲ ဟုတ်ဘူးလား..."

ဂျွန်ဂျောင်ကုက ပြော"ဆို"နဲ့သူ့လက်ထဲကခွက်ကိုပြန်ယူကာ မော့သောက်ပစ်တော့သည်။

သူကတော့ပါးတွေတောင်ပြီးစကားတောင်ဆက်မပြောနိုင်တော့.....

~~~~~~~~~~{}{}{}{}{}~~~~~~~~~~~

ဒီနေ့က ဆော့ဂျင်ကုမ္ပဏီစလိုက်သည့်နေ့....

သပ်"ရပ်"လေးဖြစ်သွားအောင် ဆံပင်ကိုကေတိုလေးညှပ်လိုက်တော့ ခေါင်းလုံး"နဲ့ပုံစံတစ်မျိုးလေးဖြစ်ကာချစ်စရာကောင်းနေပြန်သည်။

သူက သူ့ကိုယ်သူ,မလိုက်ဘူးထင်နေပေမယ့်ဂျွန်ဂျောင်ကုကအရမ်းကြည့်ကောင်းပြီး အရမ်းချောတယ်ဟုပြောသည်။

ဆော့ဂျင် သူစာရင်းဖိုင်တွေထဲခေါင်းနစ်နေအောင်ကြည့်ပေမယ့်လည်း ဘာတစ်ခုမှနားမလည်ချေ။ဂျွန်ဂျောင်ကုပြန်ရောက်လာမှ သေချာရှင်းပြ၊သင်ပြခိုင်းရမည်။

Ring...Ring...📱

သူ့ဖုန်းကလာနေ၍ ဆော့ဂျင်ထုတ်ကြည့်လိုက်တော့ ယွန်းဂီပင်။

" ယွန်းဂီ..ပြော..."

🤳🏻: ပြောလုပ်မနေနဲ့...ဒီရက်တွေထဲငါ့ဆီလည်းရောက်မလာဘူး...ဘယ်တွေသဝေထိုးပြီးသောင်းကျန်းနေလဲ..."

" မင်းလည်းနော်...ငါ့ကိုဆိုအကောင်းကိုမပြောဘူး..ဘယ်မှသဝေမထိုးဘူး...မင်းရဲ့ဂျွန်ဂျောင်ကုကငါ့ကိုအလကားတင်ကျွေးမထားနိုင်တော့ဘူးဆိုလို့အခုသူ့ရဲ့ကုမ္ပဏီမှာအတွင်းရေးမှူးဝင်လုပ်နေရတယ်..."

🤳🏻: ဘယ်လို..ဘယ်လို?..."

" အေး ဟုတ်တယ်...ငါ့မှာယားရင်တောင်မှနေရာမှတ်မထားနိုင်ဘူး...ဘာလို့လဲသိလား...မကုတ်အားလို့ဟေ...မကုတ်အားလို့သိပြီလား..အောက်ခြေသိမ်းအလုပ်တွေကအစအကုန်သိမ်းကျုံးပြီးလုပ်နေရတာပါကွာ...သူ့ရုံးခန်းထဲတံမြက်စည်းကအစ ငါပဲ လှည်း ပေး နေ ရ....."

ဆော့ဂျင် ဆုံလည်ခုံမှာထိုင်ပြီးဖုန်းပြောနေရင်းတစ်ဖက်သို့လှည့်လာလိုက်တော့......

အခန်းဝမှာကော်ဖီခွက်နှစ်ခွက်ကိုင်ကာရပ်နေသည့်ဂျွန်ဂျောင်ကုကိုတွေ့လိုက်ရသည်။

" ဟို...ယွန်းဂီ...ငါမအားတော့ဘူးသိလား..နောက်မှပြန်ဆက်လိုက်တော့မယ်နော်..ကြားလား..."

ဆော့ဂျင်ပြောပြီး တစ်ဖက်ကပြန်ဖြေသံတောင်မစောင့်တော့ဘဲ ဖုန်းကိုတန်းချပစ်လိုက်တော့သည်။

" ဟို...ဟိုလေ...ဘာများကြားသွားသေးလားဟင်..."

" အော်...ဘာမှမကြားပါဘူး...ကိုယ်ကော်ဖီဖျော်လာပေးတယ် သောက်လိုက်ဦး...အလုပ်တွေခဏထားလိုက်ပါ တံမြက်စည်းကြီးလည်းချထားလိုက်ပါဦး...ပြီးမှအကုန်သိမ်းကျုံးပြီးဆက်လုပ်ပေါ့ ဟုတ်ဘူးလား..."

" ဟမ်..."

" ယားတဲ့နေရာရှိလည်းကိုယ့်ပြောပေါ့...ဒီတိုင်းကြီးတော့မနေပါနဲ့ ဂျင်မှအလုပ်မအားတာ ကိုယ်ကုတ်ပေးမှာပေါ့..."

" ခင်ဗျားနော်...အဲ..အဲဒါကယွန်းဂီကိုစနေတာ..အထက်လူကြီးဖြစ်ပြီး ကိုယ့်ဝန်ထမ်းဖုန်းပြောတာကိုခိုးနားထောင်တယ်...တော်ပြီအလုပ်ထွက်တော့မယ်..."

" ဟာ..ခိုးနားထောင်တာမဟုတ်ပါဘူး...ကိုယ်ကစတာလေကွာ..."

ဆော့ဂျင်က ပြော"ဆို"နဲ့အခန်းအပြင်ထွက်ဖို့လုပ်တော့ဂျောင်ကုကော်ဖီနှစ်ခွက်ကိုစားပွဲပေါ်အမြန်ချလိုက်ကာဂျင့်လက်ကိုလှမ်းဆွဲလိုက်တော့....အရှိန်လွန်သွားပြီး သူ့ရင်ခွင်ထဲမျက်နှာချင်းဆိုင်ရောက်သွားတော့သည်။ဂျောင်ကုရဲ့ကျန်လက်တစ်ဖက်ကလည်းဂျင့်ခါးပေါ်သို့......

နှစ်ယောက်စလုံး ထိုအတိုင်းသာရပ်နေကြပြီးတစ်ယောက်အသက်ရှူသံတစ်ယောက်ကြားနေရတော့သည်။

ဂျောင်ကုက အနီးကပ်မြင်နေရသည့်ဆော့ဂျင်မျက်နှာလေးကိုရွှန်း"စား"စိုက်ကြည့်နေခဲ့တော့သည်။

ဆော့ဂျင်သည်လည်း ထိုအနေအထားကိုရှောင်ရမှာဖြစ်ပေမယ့် သူကျောက်ရုပ်ကြီးသဖွယ်ဖြစ်နေခဲ့တော့သည်။

" ဂျင်...."

ဂျောင်ကုက နှစ်လိုဖွယ်အသံဖြင့်ဆော့ဂျင်အမည်ကိုခေါ်လေသည်။ဆော့ဂျင်ကတော့ ဂျောင်ကုကိုမော့လည်းမကြည့်သလို ပြန်လည်းမထူးချေ။

" ဘာလို့များ ဒီလောက်အထိအသည်းယားဖို့ကောင်းနေရတာလဲ..."

သူ့ကို နှစ်ကိုယ်ကြားလေသံလေးဖြင့်ပြောလာသူကြောင့်ဆော့ဂျင် ထိုသူနှင့်မျက်ဝန်းချင်းဆုံအောင်ကြည့်မိသွားတော့သည်။

ထိုသူက သူ့မျက်ဝန်းတွေကနေတစ်ဆင့် သူ့နှုတ်ခမ်းတွေဆီသို့အကြည့်ပြောင်းကာ တဖြည်း"ချင်းတိုးကပ်လာခဲ့တော့.....

ဆော့ဂျင် သူခြေဖျားလက်ဖျားတွေအေးစက်လာခဲ့တော့သည်။

" ကော်..ကော်ဖီတွေအေးကုန်လိမ့်မယ်..."

~~~~~~~~~~~{}{}{}{}{}~~~~~~~~~~~

ကတိအတိုင်းလာတင်ပေးတာပါ။

Happy Jinday🩷Happy Birthday Kim SeokJin🩵နေ့ရက်တိုင်းပျော်ရွှင်အေးချမ်းပြီး အထိအခိုက်အရှအနာကင်းပါစေ။စစ်မှန်သောချစ်ခြင်းတရားများနှင့်သာဆုံစည်းရပါစေ။memberတွေနှင့်အတူ ထာဝရပျော်ရွှင်စွာနေထိုင်နိုင်ပါစေ။ကုကုရဲ့ထာဝရအချစ်ဆုံးလေးဖြစ်ပါစေ💜🩷

There are no comments yet. Log in to be the first to leave a review!

Similar stories