Fanfics

I T Y - 13

14:57, 2 December 2024

ဆော့ဂျင် သူပျင်းပျင်းနဲ့......

ဩဇီကနေမှာထားသည့်ပန်းမျိုးစိတ်ရောင်စုံတွေကိုခွဲနေသည့်အိမ်တော်ထိန်းကြီးအနား သူရောက်တတ်ရာရာတွေမေးမြန်းကြည့်နေတော့သည်။

" ဒါနဲ့...ဂျီဟူ့နာမည်ကရောဘယ်သူပေးတာလဲHyungလား...ဂျွန်ဂျောင်ကုလား..."

" သခင်လေးရဲ့မေမေ ကင်မ်အိမ်တော်ကသခင်မကြီးပေးတာပါသခင်လေး...ဂျီဟူဆိုတဲ့အဓိပ္ပါယ်က ယုံကြည်စိတ်ချရမှုကိုဖော်ပြပြီးခေတ်စကားနဲ့ပြောရမယ်ဆို စမတ်ကျစေတဲ့နာမည်ပါသခင်လေး..."

" ဟုတ်လား...ဒါဖြင့်ကျွန်တော့်လည်းဘာအဓိပ္ပါယ်နဲ့ကင်မ်ဆော့ဂျင်လို့ပေးတာလဲဆိုတာအိမ်တော်ရောက်မှမေမေ့ကိုမေးကြည့်ရမယ်..."

ထိုအခါအိမ်တော်ထိန်းကြီးကရယ်လေသည်။

" ဒါနဲ့လေ...ဂျွန်ဂျောင်ကုဆိုတဲ့လူကအမြဲတမ်းအဲလိုအေးတိအေးစက်ကြီးပဲလား...သူ့ဘဝကြီးကြည့်ပြီးပျင်းစရာကောင်းလိုက်တာ...မွေးချင်းမောင်နှမတွေရောမရှိကြဘူးလား..."

" သခင်ကြီးကငယ်ငယ်ကအဲလိုတော့မဟုတ်ခဲ့ပါဘူးသခင်လေးပြုံး"ရွှင်"နဲ့ပျော်"နေတတ်တဲ့သူပါ...မိသားစုပြဿနာကြောင့် အခုလိုမျိုးအေးစက်သွားခဲ့တာပါ..."

" မိသားစုပြဿနာကြောင့်ဆိုတာ?..."

" သခင်ကြီးရဲ့မိဘတွေကြောင့်ပါ...အင်း...သခင်လေးကလည်းတခြားလူမဟုတ်တော့ ဦးလေးမင်ပြောပြပါ့မယ်..."

" ကိစ္စအရင်းအမြစ်က သခင်ကြီးဖေဖေဂျွန်သခင်ကြီးကနေစတယ်ပြောရမှာပေါ့...သခင်ကြီးရဲ့ဖေဖေက...အလုပ်ကိစ္စနဲ့ခရီးထွက်ရင်းအမျိုးသမီးတစ်ယောက်နဲ့ငြိစွန်းမိသွားခဲ့တယ်လေ...အဲဒီအမျိုးသမီးမှာက သခင်ကြီးဖေဖေရဲ့ရင်သွေးကိုလွယ်ထားခဲ့ရလေတယ်...ထိုကိစ္စတွေသခင်ကြီးမေမေသိသွားခဲ့တော့ပြဿနာတွေအကြီးအကျယ်တက်ခဲ့ကြတယ်ပေါ့...နောက်ဆုံးကွဲမယ်ကွာမယ်လုပ်ခဲ့ပေမယ့်သခင်ကြီးဖေဖေကလက်မခံခဲ့ဘူးလေ...သူ့အပြစ်တွေအတွက်ဝန်ချတောင်းပန်ခဲ့ပြီး ဟိုအမျိုးသမီးကိုလည်းဒီခေါ်မလာခဲ့ဘူးဒါပေမယ့် တာဝန်တော့သခင်ကြီးဖေဖေကအပြည့်အဝယူပေးခဲ့တယ်..."

" ဘယ်လိုပဲအပြစ်ဝန်ခံခဲ့တယ်ပြောပြောစိတ်လုံခြုံမှုမရခဲ့တော့တဲ့သခင်ကြီးမေမေကအဲဒီစိတ်နဲ့ပဲလုံးပါး,ပါးပြီးဆုံးသွားခဲ့တော့တယ်...သခင်ကြီးမေမေဆုံးပြီးနောက်တော့....သခင်ကြီးဖေဖေက ဟိုမှာရှိတဲ့အမျိုးသမီးကိုဒီကိုမခေါ်ခဲ့ပေမယ့် အဲဒီအမျိုးသမီးကမွေးတဲ့ သခင်ကြီးရဲ့အဖေတူအမေကွဲညီလေးလို့ပြောရမှာပေါ့...ထိုကောင်လေးကိုတော့ ဂျွန်အိမ်တော်ကိုအလည်ခဏတိုင်းခေါ်ခဲ့တယ်..."

" အဲဒါဆို ဂျွန်ဂျောင်ကုကရော အဲဒါကိုလက်ခံခဲ့လား..."

ဆော့ဂျင် အိမ်တော်ထိန်းကြီးပြောပြတာတွေကိုနားထောင်နေရင်း သူသိချင်တာကိုဖြတ်မေးလိုက်တော့သည်။

" ဘယ်လက်ခံပါ့မလဲသခင်လေးရယ်...အကုန်လုံးကိုအနာကြည်းကြီးနာကြည်းပစ်ခဲ့ပြီးဩဇီမှာရှိတဲ့သခင်ကြီးမေမေရဲ့အစ်မဆီမှာသွားနေခဲ့တော့တာလေသခင်ကြီးက..."

" ဪ...."

" နောက် သခင်ကြီးအသက်25လောက်ရောက်တော့သခင်ကြီးဖေဖေကကျန်းမာရေးဖောက်လာခဲ့တယ်သူ့လုပ်ငန်းတွေကိုသခင်ကြီးဆီကိုပဲလက်လွှဲခဲ့ချင်တာမလို့ သခင်ကြီးကိုတောင်း"ပန်"နဲ့ပြန်ခေါ်ခဲ့တယ်...အစကတော့ သခင်ကြီးကိုဘယ်လိုမှပြန်ခေါ်လို့မရခဲ့ပေမယ့်ဩဇီမှာရှိတဲ့သခင်ကြီးအဒေါ်ဖြစ်သူကနားချခဲ့တယ်လေအဖေဟာအဖေပဲဖြစ်ပြီး နှောင်းမှနောင်တရတာမျိုးသခင်ကြီးကိုမဖြစ်စေချင်တာမလို့ဩဇီနဲ့ဒီကိုအကူးအသန်းလုပ်ဖို့ပြောခဲ့တယ်...အဲအချိန်ကတည်းကပါပဲ သခင်ကြီးကလုပ်ငန်းတွေအားလုံးကိုတာဝန်ယူခဲ့ရတယ်...အရယ်အပြုံးကတော့ နည်းသွားခဲ့တော့တာပေါ့..."

" ဪ...အဲလိုတွေကြောင့်ကို....ဒါဖြင့်hyungနဲ့ကရော ဘယ်လိုဆုံခဲ့ကြတာလဲ...hyungအပေါ်မှာရော အဲလိုအေးတိအေးစက်ကြီးပဲလား...ကျွန်တော်သိထားတာတော့ သူတို့တွေချစ်လို့လက်ထပ်ခဲ့ကြတာလို့သိထားတာ..."

" ဘယ်လိုဆုံခဲ့ကြလဲတော့ ဦးလေးမင်လည်းမသိပေမယ့်သခင်ကြီးကအဲဒီ့အချိန်တုန်းကအလုပ်တွေအရမ်းပိခဲ့တာရယ်...နောက်ပြီး အလုပ်ကိုသာဦးစားပေးတဲ့သူဖြစ်တာကြောင့်အခု သခင်လေးကိုဂရုစိုက်ပေးသလိုမျိုးတော့ဂရုမစိုက်ပေးဖြစ်ခဲ့ပါဘူး..."

" ကျွန်တော့်ကိုလည်းစိတ်ရင်းနဲ့ဂရုစိုက်တာမဟုတ်ပါဘူး...သူ့လက်ထဲနောက်တစ်ယောက်ထပ်သေသွားရင်သူ့အပြစ်ဖြစ်မှာစိုးလို့နေမှာပေါ့..."

" အဲလိုမပြောပါနဲ့သခင်လေးရယ်...သခင်ကြီးသာကြားရင်စိတ်မကောင်းဖြစ်သွားပါ့မယ်...သခင်လေးကိုဆို သခင်ကြီးကစိတ်ရင်းနဲ့ဂရုစိုက်တာကျွန်တော်တို့အားလုံးအမြင်ပါပဲ..."

" ထားပါတော့...အဲ့အကြောင်းတွေအစပြန်မဖော်ချင်တော့ပါဘူး...ဒါနဲ့...ဂျွန်ဂျောင်ကုရဲ့အဖေတူညီလေးဆိုတာကရော...သူကအခုဘယ်မှာလဲ...."

" အဲဒါက...အဲဒီကောင်လေးကအခု......"

" ဦးလေးမင်!!..."

သူရော အိမ်တော်ထိန်းကြီးရော အသံကြားရာကိုလှည့်ကြည့်လိုက်မိ၏။

" သခင်ကြီး...."

" ဒီအိမ်တော်မှာမလိုအပ်တဲ့စကားတွေမပြောဖို့ကျွန်တော်မှာထားတယ်မဟုတ်လား..."

" တောင်းပန်ပါတယ်သခင်ကြီး...သခင်လေးကလည်းတခြားသူ,မဟုတ်တော့...."

" နောက်ဆိုစကားအပိုတွေမပြောမိပါစေနဲ့ဦးလေးမင်..."

ဂျွန်ဂျောင်ကုက သူ့ကိုတစ်ချက်သာကြည့်သွားပြီး ဘာမှမပြောဘဲအပေါ်သို့တက်သွားခဲ့သည်။မျက်နှာကတော့မာထန်နေခဲ့တော့သည်။

ထိုလူ့အပြုအမူကြောင့်.....ဆော့ဂျင် သူရင်ထဲဝမ်းနည်းမိသလိုဖြစ်သွားခဲ့တော့သည်။သူ့မိသားစုအကြောင်းကိုယ့်ကိုမသိစေချင်ဘူးဘဲ။ဒါနဲ့များ။ သူနဲ့ပိုရင်းနှီးချင်တယ်ဆိုတာဘာကိုပြောခဲ့တာလဲ။ အဟက်!သူ့ကိုဂရုစိုက်ပေးတာစိတ်ရင်းနဲ့တဲ့ ဟာသပဲ။

" ခဏလေး..."

သူ့ခေါ်သံကြောင့် ထိုလူ့ရဲ့ခြေလှမ်းတွေရပ်တန့်သွားခဲ့တော့သည်။

" Sorryပဲ...ကိုယ်နဲ့မဆိုင်တဲ့သူများကိုယ်ရေးကိုယ်တာကိုဝင်စပ်စုမိသလိုဖြစ်သွားခဲ့လို့...နောက်ဆိုအများကြီးဆင်ခြင်ပြီးနေပေးပါ့မယ်...ကျွန်တော်ကဒီအိမ်မှာဂျီဟူကလွဲပြီးပတ်သက်တဲ့သူ,မရှိဘူးဆိုတာကိုမေ့သွားခဲ့တယ်...ဘောင်ကျော်သလိုဖြစ်သွားခဲ့တဲ့အတွက်အဲဒီအတွက်ခင်ဗျားကိုတောင်းပန်တယ်..."

ဆော့ဂျင်ပြောပြီး"ချင်း ထိုသူ့ကိုကျော်ကာအပေါ်သို့ပြေးတက်သွားခဲ့တော့သည်။

သူအခန်းအတွင်းလည်းရောက်ရော ကျလုလုဖြစ်နေခဲ့သည့်မျက်ရည်တွေကို သူမျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ကာသိမ်းလိုက်တော့သည်။

သူကဘာလို့ဝမ်းနည်းနေမိခဲ့တာလဲ။ဒါကထို့လူပုံစံအစစ်အမှန်ပဲမဟုတ်လား။ဒီရက်တွေထဲသူ့အပေါ်မှာနူးညံ့ပြနေခဲ့လို့ သူအခုလိုဖြစ်သွားခဲ့တာလား။

အဟက်! ကင်မ်ဆော့ဂျင်မင်းလည်းအရူးပဲအပေါ်ယံဆိုတာကိုမေ့သွားရတယ်လို့။

ဒေါက်! ဒေါက်! ဒေါက်!!

" ဂျင်...ကိုယ်ဝင်လာခဲ့မယ်နော်..."

ထိုလူ့အသံ။ ထိုလူကပြောပြီးသူ့အခန်းအတွင်းဝင်လာခဲ့တော့ ဆော့ဂျင်မျက်နှာတစ်ဖက်သို့လှည့်ပစ်လိုက်သည်။

ထိုလူကသူ့အနားလျှောက်လာပြီး သူ့ကုတင်ဘေးစွန်းနားဝင်ထိုင်လာသည်။

" ဂျင်...ကိုယ့်ကိုစိတ်ဆိုးသွားတာလား...ကိုယ်ပြောတာကိုဂျင်ကအထင်လွဲသွားတာပါ.."

ဘာကိုအထင်လွဲတာလဲ။ အခုနကလိုလေသံမာနဲ့ပြောလေ။ ဘာလို့အခုမှလာပျော့ပြနေတာလဲ။

" ကိုယ်ပြောတဲ့မလိုအပ်တဲ့စကားဆိုတာက ကိုယ့်အတွက်ဒီလောကမှာဆွေမျိုးဆိုတာမရှိတော့ဘူး...ကိုယ့်အမေ၊ကိုယ့်အဖေ၊နောက်ပြီးဩဇီမှာရှိတဲ့ကိုယ့်အဒေါ် အားလုံးကလောကကြီးထဲမှာမရှိကြတော့ဘူးလေ...အဲဒါကြောင့် ကိုယ်ကတစ်ကောင်ကြွက်,မလို့တခြားကိုယ်နဲ့မသက်ဆိုင်တဲ့သူတွေရဲ့အကြောင်းကိုမပြောစေချင်တာပါ..."

".........."

" ကိုယ်ဒေါသသံပါမိသလိုဖြစ်သွားတာကလည်းကိုယ်အလုပ်မှာနည်း"ပင်ပန်းလာခဲ့လို့ပါ...ဂျင်အထင်လွဲသွားစေတဲ့အတွက် ကိုယ်တောင်းပန်တယ်လေနော်...ကိုယ့်ကိုစိတ်ဆိုးပြေမယ်မဟုတ်လား..နော်ဂျင်..."

" တော်စမ်းပါ...ခင်ဗျားကိစ္စတွေကိုဝင်စွက်ဖက်တာမကြိုက်ဘူးမလား..."

" ကြိုက်ပါတယ်...အခုဂျင်ဘာသိချင်လဲ...ကိုယ်အကုန်ပြောပြမယ်လေ...နော်..."

" မပြောနဲ့...ခင်ဗျားအစောကလူကိုမျက်လုံးကြီးပြူးပြီးကြည့်သွားတာလေ...အင့်..."

ငိုချင်ရက်လက်တို့ဆိုသလိုပဲ။ ချော့ကာမှကင်မ်ဆော့ဂျင်တို့မျက်ရည်တွေကျကာငိုချတော့သည်။

" မဟုတ်တာ ကိုယ့်မျက်လုံးကအစကတည်းကဝိုင်းတယ်လေကွာနော်..."

" မသိဘူး...ခင်ဗျားမျက်လုံးအဝိုင်းလားတြိဂံလားကြည့်မနေဘူး..."

" ဟုတ်ပါပြီ...ကိုယ်ကတောင်းပန်တယ်လေနော်...တော်ကြာဂျီဟူဝင်လာရင်မရှက်ဘူးလား ကလေးမဟုတ်ဘဲငိုနေတာ..."

" ကလေးမှငိုရမယ်လို့ထုတ်ထားတဲ့ဥပဒေရှိနေလို့လား..."

" မရှိပါဘူး...ကိုယ်ကမင်းရှက်မလားလို့ပါ..."

" မရှက်ဘူး...ရှက်ကြိုးနဲ့ချက်ကြိုးကိုအမေမွေးကတည်းကမှားဖြတ်လာပြီးသား..."

" အင်းပါ...အင်းပါ..."

ထိုစဉ်.....

" ပါပါး..."

ဂျီဟူ့အသံလည်းကြားရော အစောကချက်ကြိုးမှားဖြတ်လာသူလေးက ဟိုဘက်လှည့်ကာမျက်ရည်တွေအတင်းကရောသုတ်ချနေတော့သည်။

ထိုအပြုအမူတွေကိုကြည့်ပြီး ဂျောင်ကုပြုံးနေမိတော့သည်။

" ဂျီဟူပြန်ရောက်ပါပြီခင်ဗျ..."

ကုတင်ပေါ်အတင်းကုပ်တက်နေသည့်ဂျီဟူ့ကိုဂျောင်ကုကပွေ့ပြီးတင်ပေးလိုက်တော့သည်။

" ဂျီဟူလေးတောင်ပြန်ရောက်လာပြီပဲ..."

" ဟုတ်တယ်ပါပါးရဲ့...ဂျီဟူကျောင်းမှာပါပါးကိုစာသင်ရင်းလွမ်းနေတာ..."

အတတ်ကလေးကသူ့ကိုလာဖက်ကာစကားနဲ့ခြွေနေတော့ ဆော့ဂျင်ပါးလေးကိုဆွဲညှစ်လိုက်ပြီးထိုပါးဖောင်း"လေးကိုမွှေးကြူလိုက်တော့သည်။

တစ်ယောက်ကိုတစ်ယောက်အပြန်အလှန်မွှေးကြူနေကြသည့်အရှေ့ကပေါက်စနှစ်ယောက်။ဂျွန်သခင်ကြီးကိုတော့ရှိတယ်လို့တောင်မထင်ကြ။တစ်ယောက်ကလည်း အစောကရန်တွေ့နေတာနဲ့များတခြားစီ။

" ဒယ်ဒီ...ဒယ်ဒီ့ကိုရောဂျီဟူနဲ့ပါပါးနဲ့အာဘွားပေးရမလား..."

" ဟမ်!..."

ရုတ်တရက်သူ့ဒယ်ဒီ့ဘက်လှည့်ကြည့်လာပြီးမေးနေသူဂျီဟူ့ကြောင့် ဂျောင်ကုလည်းကြောင်အသွားရသလို ဆော့ဂျင်သည်လည်းမျက်နှာတစ်ခုလုံးရဲတက်သွားတော့ကာ....

" ပါး ပါပါးကမပေးဘူးနော်...ပေးချင်ဂျီဟူ့ဖာသာပေး...."

" ပါပါးကမပေးချင်ဘူးလား...အဲလိုဆို ဒယ်ဒီကရောပေးချင်လား...."

ဆော့ဂျင်ပိုပြီးတော့တောင်မျက်လုံးပြူးသွားရကာမျက်နှာတင်မက လည်ပင်းတွေနားရွက်တွေပါရဲတက်လာခဲ့တော့သည်။ ဒီကောင်လေးကတော့။

" ဒယ်ဒီကပေးချင်ပါတယ်...ဒါပေမယ့်ဂျီဟူ့ပါပါးကမကြိုက်လောက်ဘူး..."

" ခင်ဗျား!!..."

" ကလေးစိတ်ချမ်းသာအောင်ကိုယ်ကပြောတာပါ..."

စကားကိုဘယ်လိုတွေတောင်။ ဘယ်တုန်းကများဂျီဟူစိတ်ချမ်းသာဖို့တွေးပေးသွားတတ်သည်မသိ။

" ဟုတ်လားပါပါး...ပါပါးကအဲဒါလည်းမကြိုက်ဘူးလား..ဒါဆိုဂျီဟူပေးတာလည်းမကြိုက်ဘူးပေါ့နော်..."

သူ့ကိုမျက်လုံးဝိုင်းလေးတွေဖြင့်ကြည့်ကာမေးလာသည့်ဂျီဟူ့ကြောင့်......

" ပါပါးကဂျီဟူပေးတာကိုကြိုက်ပါတယ် မိကျောင်းသားလေးရယ်...ကျောင်းအဝတ်အစားတွေသွားလဲချေတော့သွား..."

ဆော့ဂျင် ဂျီဟူ့ကိုအခန်းအပြင်အမြန်ထုတ်မှကိုက်မည်။ မဟုတ်လျင်ဂျွန်ဂျီဟူ့ကျေးဇူးကြောင့်သူလည်းခရမ်းချဉ်သီးလုံးလုံးဖြစ်ရတော့မည်။

" ကိုယ့်သားပါ...."

ထိုလူ့ဆီကစကားသံကြောင့် ဆော့ဂျင်မျက်စောင်းထိုးကြည့်လိုက်တော့ သူ့ကိုမသိချင်ယောင်ဆောင်နေတော့သည်။

" ဂျီဟူ...အဝတ်အစားသွားလဲချေ...ဒယ်ဒီမင်းတို့သားအဖကိုအပြင်လိုက်ပို့ပေးမယ်..."

" တကယ်လားဒယ်ဒီ..."

" အင်း...အမြန်သွားလဲချေ...."

" ရေးးးး...."

ဆော့ဂျင် သူဘာမှတောင်မပြောလိုက်ရ။ပျော်ပြီးအခန်းအပြင်ပြေးထွက်သွားသည့်ဂျီဟူ့ကြောင့် သူဘယ်လိုတောင်ငြင်းရတော့မှန်းမသိ။

" အဝတ်အစားလဲတော့နော်...ပေတူးလေးဖြစ်နေရင်ကိုယ်ကမခေါ်ဘူး..."

ထိုလူကပြောပြီးထွက်သွားတော့ ဆော့ဂျင်ဒေါသတွေအလိပ်လိုက်ဖြင့်ကျန်နေခဲ့တော့သည်။

ဘယ်သူကလိုက်မယ်ပြောနေလို့လဲ။

~~~~~~~~~~{}{}{}{}{}~~~~~~~~~~~

အပြင်မလိုက်ချင်သူလေးက ရေခဲမုန့်ဆိုင်လည်းသူရှေ့ဆုံးက။ ကစားကွင်းဝင်ဆော့တော့လည်းသူထိပ်ဆုံးက။

ဂျွန်ဂျောင်ကုတို့ သားနှစ်ယောက်ကိုထိန်းနေရတော့သည်။အခုလည်းသရဲအိမ်ဝင်ချင်လို့ဆိုပြီးဂျီနေပြန်တော့သည်။

" ဂျင်...အဲလိုဖနှောင့်တွေပေါက််မနေနဲ့လေကွာ..နဂိုကမှ ကိုယ်ကမင်းထက်အသက်ကြီးပါတယ်ဆို ကိုယ်တို့ကိုသားအဖလို့ထင်သွားကြလိမ့်မယ်လေလူတွေက..."

" ထင်"ပေါ့ ဘာဖြစ်လဲ..."

" အဲလိုတော့မကောင်းဘူးလေဂျင်ရဲ့..."

" ဒယ်ဒီကလည်း ပါပါးသွားချင်နေတာကိုလိုက်ပို့ပေးလိုက်ပါ...ဂျီဟူရေခဲမုန့်ဆိုင်မှာငြိမ်"လေးထိုင်စောင့်နေမယ်လေ..."

မွေးထားတဲ့သားကပြောရမခက်ပါဘဲ ယူထားတဲ့ယောကျာ်းကပြောရခက်နေတော့ ဂျွန်သခင်ကြီးခမျာခေါင်းစားနေရတော့သည်။သူကဒီလိုနေရာတွေသွားတတ်သည်မဟုတ်။ဂျင်စိတ်ဆိုးလို့သာအခုလိုလိုက်ပို့ပေးခြင်းဖြစ်သည်။

ရှေ့ကကောက်ချိတ်နေတော့သည့်ကလေးဆိုးကြီးကြောင့် ဂျောင်ကုလိုက်ပို့ပေးဖို့သာတွေးလိုက်ရတော့သည်။ဂျီဟူ့ကိုတော့ ရေခဲမုန့်ဆိုင်ပိုင်ရှင်ဆီမှာခဏအပ်ခဲ့လိုက်ရတော့သည်။***ဝင်ချင်တုန်းကလည်းသူပါပဲ အတင်းကောက်ချိတ်ကာပူဆာခဲ့ပြီးအခုကျပြန်ထွက်မယ်ချည်းတကဲကဲလုပ်နေတော့ပြန်သည်။အသံပေါင်းစုံတွေလည်းထွက်ကာ ပါးစပ်ကလည်းပေါက်ကရတွေအကုန်လျှောက်အော်နေတော့သည်။

လမ်းတစ်ဝက်လည်းကျိုးလာရော ကင်မ်ဆော့ဂျင်တို့မျက်ရည်တွေဝိုင်းစပြုလာတော့သည်။

" မကြောက်ပါနဲ့...ကိုယ်ရှိတယ်လေ..."

ခေါင်းတွေယမ်းပြီး ဂျောင်ကုရင်ခွင်ထဲဝင်ကာခါးတွေကိုလည်းအတင်းဖက်ထားလေတော့သည်။

" ချွေးတွေတောင်ရွှဲနေပြီပဲ...မျက်လုံးမှိတ်ထားလိုက်လေနော်...ကိုယ်ထိန်းခေါ်သွားပေးမယ်...ကိုယ်တို့ဒီကနေအမြန်ဆုံးထွက်ကြတာပေါ့..."

မကြောက်တတ်လို့ဒီထဲဝင်ချင်တယ်ထင်ထားမိလိုက်တာ။အခုတော့ဖြင့် သူ့ကိုကျစ်နေအောင်ဖက်ထားပြီးအသံကိုထွက်မလာတော့ချေ။

" လမ်းလျှောက်လို့အဆင်ပြေရဲ့လားဂျင်...ကိုယ်ချီရမလား..."

အဲလိုကျလည်းမဟုတ်ပြန်။ လူကိုသာအတင်းတွယ်ကပ်ထားတော့သည်။

နောက်ဆုံးတော့ ဂျင့်ကိုခဲရာခဲဆစ်ထိန်းခေါ်လာပြီး သူတို့အပြင်သို့ရောက်လာခဲ့ကြတော့ပြီ။

ဂျောင်ကု ချွေးတွေရွှဲနေသည့်ဂျင့်မျက်နှာတစ်ဝိုက်ကို tissueဖြင့်သေချာသုတ်ပေးလိုက်တော့သည်။

" ကိုယ်တို့ပြန်ကြရအောင်နော်...ဂျီဟူလေးလည်းဝင်ခေါ်ရဦးမယ်လေ..."

~~~~~~~~

ကားမောင်းနေသည့်ဂျောင်ကုမျက်နှာသည်မှုန်ကုပ်ပြီးတည်တင်းနေခဲ့တော့သည်။

အကြောင်းကတော့ ဂျီဟူလေးကိုသွားခေါ်ရင်းရေခဲမုန့်ဆိုင်ပိုင်ရှင်က သားနှစ်ယောက်စလုံးကအချောလေးတွေပဲနော်ဟုချီးကျူးလိုက်ခြင်းကြောင့်ဖြစ်သည်။

ထင်လည်းထင်ချင်စရာပါပင်။ ဂျောင်ကုက ဆံပင်ကိုလှန်တင်ထားပြီးlong coatအရှည်အနက်ရောင်ဝတ်စုံအပြည့်ဖြင့်။ဆော့ဂျင်ကတော့ ဂျီဟူနှင့်အပြိုင် ခရမ်း၊အပြာ၊ပန်းရောင်ရောစပ်ထားသည့်ဆွယ်တာခေါင်းစွပ်လေးကို ဂျင်းအဖြူလေးဖြင့်တွဲ၍ဝတ်ဆင်ထားတော့သည်။ ဆံပင်အရှည်ခပ်အုပ်အုပ်ကလေးနဲ့က တကယ့်ကိုဆယ်ကျော်သက်လေးပမာ။

ဒီကြားထဲ တစ်ယောက်လက်ကိုတစ်ယောက်ဆွဲရင်းပြေးလွှားဆော့ကစားနေကြသည့်နှစ်ယောက်ကြောင့် ဂျောင်ကုမှာလိုက်ထိန်းနေရတော့သည်။

သားနှစ်ယောက်ကိုကစားကွင်းလိုက်ပို့ပေးသည့်ဖခင်နှင့်တူသွားတာလည်းမဆန်းပေ။

~~~~~~~~~~~{}{}{}{}{}~~~~~~~~~~

ကော်ဖီဆိုင်တွင်.......

" ဘယ်လိုဖြစ်တာလဲမင်ယွန်းဂီ...အာရုံနောက်လို့ဇယားလာမရှုပ်နဲ့ဆို...အခုတော့မင်းငါ့ကိုချိန်းလို့ပါ့လား..."

" သောက်ပိုတွေမပြောနဲ့ပတ်ဂျီမင်...မင်းဘာရည်ရွယ်ချက်နဲ့ဆော့ဂျင်ကိုနှောက်ယှက်နေတာလဲ..."

" မင်းစကားကိုဆင်ခြင်ပြီးပြောရင်ကောင်းမယ်ငါ့ချစ်သူကိုငါကနှောက်ယှက်သတဲ့လား..."

" ဟက်! ချစ်သူတဲ့လား..သစ္စာမရှိတဲ့ကောင်ကလေ..."

" တော်လိုက်တော့မင်ယွန်းဂီ!!!ငါရှင်းပြဖို့ကြိုးစားလည်းမင်းတို့လက်မခံဘူးမဟုတ်လား...ငါဘယ်တုန်းကမှbabeအပေါ်သစ္စာမဖောက်ဘူး.."

" အေး!သစ္စာဖောက်"မဖောက်"အဲဒါမင်းသောက်ကြောင်း...အခုအချိန်မှာဆော့ဂျင်ကလက်ထပ်ပြီးသွားပြီမင်းကဘာလုပ်ချင်သေးလို့လဲ!သူ့အတွက်ငယ်ရွယ်မှုတစ်ခုလုံးမင်းစိတ်နဲ့ရေစုန်မျောခဲ့ရပြီးပြီ...မင်းဒီလောက်နဲ့သူ့ကိုလွှတ်ပေးလိုက်တော့..."

" ငါမလုပ်နိုင်ဘူး...မင်းငါ့ကိုထိုးချင်ရင်လည်းထိုးလိုက်...ငါbabeကိုအဆုံးအရှုံးမခံနိုင်ဘူး...babeလက်ထပ်တယ်ဆိုတာလည်း အချစ်ပါလို့မှဟုတ်မနေတာ...ဒါကိုမင်းလည်းသိမှာပါ...အဲဒီအတွက် ငါဘယ်လိုနည်းဖြင့်မဆိုbabeကိုရအောင်ပြန်ယူမှာ...ဒီကိစ္စမှာမင်းမျက်ကွယ်ပြုထားပေး..."

" မင်း! ဆော့ဂျင်ဘက်ကိုဘာလို့ပြန်မကြည့်ရတာလဲမင်းချစ်တယ်ဆိုတာဘာလဲ! သူ့ကိုမဟုတ်ဘဲမင်းကိုယ်မင်းချစ်တာလားဆိုတာလည်းပြန်သုံးသပ်ကြည့်လိုက်ဦးပတ်ဂျီမင်..."

ယွန်းဂီက ထိုစကားတွေပြောပြီးထပြန်မလို့လုပ်ပြီးကာမှ.....

" ဆော့ဂျင်သာမျက်ရည်ထပ်ကျရရင် ငါမျက်ကွယ်ပြုနေမှာမဟုတ်ဘူး မင်းငါ့လက်နဲ့အသေပဲ..."

ယွန်းဂီကပြောပြီးလှည့်ထွက်သွားခဲ့တော့သည်။

ကိုယ်ချစ်ရတဲ့သူကိုလူတိုင်းကတော့ပိုင်ဆိုင်ချင်ကြတာပဲမဟုတ်လား။ပိုင်ဆိုင်ခွင့်မရနိုင်မှသာလျင် မပိုင်ဆိုင်ချင်ပါဘူးလို့မုသားသုံးကြတာမဟုတ်လား။သူများအပိုင်ကိုသူ့လုယူနေတာမဟုတ်ဘူး။သူ့အပိုင်ကိုသူပြန်လိုချင်ရုံလေးပဲ။

သူတို့နှစ်ယောက်ကသိပ်ကိုချစ်ခဲ့ကြတဲ့ချစ်သူတွေပဲမဟုတ်လား...

အကယ်၍...အကယ်၍သာပေါ့...babeသာသူ့အပေါ်မှာစိတ်မရှိတော့ဘူးဆိုရင်တော့......

~~~~~~~~~~{}{}{}{}{}~~~~~~~~~~~

🤍အားလုံးပဲ ကျန်းမာရေးဂရုစိုက်ကြပါ။မိန်းကလေးတွေဖြစ်တဲ့အလျောက် ရေမိုးချိုးဆင်ခြင်ပါလို့ပိုပြီးပြောပါရစေ။ရာသီဥတုကပိုပိုပြီးအေးလာတာမလို့ ညနေပိုင်းတွေခေါင်းသိပ်မလျှော်ကြပါနဲ့ ။ ဆံပင်တွေအခြောက်မမြန်ရင်ခေါင်းအုံတတ်ပါတယ်။dryerကလည်းသုံးတိုင်းမကောင်းဘူးလေနော်....

ကိုယ်တော့ ခေါင်းကိုက်ပြီးဖျားတာအတော်အီသွားတယ်😁အခုတော့သက်သာသွားပါပြီ။ စိတ်ပူပေးကြတဲ့တစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်🫶🏻😘

နေမကောင်းဖြစ်သံမကြားချင်ပါဘူး....လိမ္မာရင် Seokjinieမွေးနေ့မှာ တစ်ပိုင်းထပ်လာခဲ့ပါ့မယ်...အဲကျ ချိုချိုချဉ်ချဉ်လေးတွေပါချင်ပါမှာပေါ့🍬😚

There are no comments yet. Log in to be the first to leave a review!

Similar stories