I T Y - 15
15:43, 7 December 2024ဆော့ဂျင် sofaပေါ်တွင်ကျ"န"ထိုင်ကာ မျက်ဝန်းတွေကလည်းစူးစိုက်ကြည့်နေသလို လက်ချောင်းလေးတွေဟာလည်းလှုပ်"ရှား"ဖြင့်...
အလုပ်,လုပ်နေသည်တော့မဟုတ် ဂိမ်းဆော့နေခြင်းဖြစ်သည်။
ဂျွန်ဂျောင်ကုကတော့Meetingထိုင်နေလေသည်။သူ့ကိုလိုက်ခဲ့မလားမေးပေမယ့် သူက အလုပ်စဆင်းသည့်ရက်မှာပဲ ရင်ခုန်သံတွေဖရိုဖရဲဖြစ်ကာ ဘာကိုမှအာရုံစူးစိုက်၍မရတော့သဖြင့် မလိုက်ချင်ကြောင်းငြင်းလိုက်တော့သည်။
ထိုသူကလည်းဇွတ်အတင်းတော့မခေါ်ချေ။ထို့ကြောင့် သူပျံ့လွင့်နေသည့်အာရုံတွေကိုပြန်လည်စုစည်းရန် ဂိမ်းဆော့နေလိုက်ခြင်းဖြစ်သည်။
အတတ်နိုင်ဆုံး သူဂျွန်ဂျောင်ကုနှင့်မျက်နှာချင်းဆိုင်စရာလည်းမလိုတော့သလို စကားလမ်းစရှာပြီးပြောစရာလည်းမလိုတော့ပေ။
ရုံးဆင်းသည်အထိ ထိုသူကလည်းသူ့အလုပ်သူလုပ်နေသလိုသူသည်လည်း သူ့ဂိမ်းသူသာဆော့မြဲဆော့နေလိုက်တော့သည်။***ရုံးဆင်းပြီး အိမ်တော်ပြန်ရောက်လာတော့....
အိမ်တော်ကသူတွေက အအေးဖျော်ထားပြီးစောင့်သူကစောင့်ဟင်းအမယ်အစုံချက်သူကချက်ဖြင့် အလုပ်ရှုပ်နေကြတော့သည်။အဘယ်ကြောင့်ဆိုသော် သခင်လေးကဒီနေ့ပင်"ပန်း"ရုံးစဆင်းသည့်ရက်မဟုတ်လား.....
" သခင်လေး...ပင်ပန်းလာပြီလား...သခင်ကြီးကလျှော့"ပေါ့"ရောခိုင်းပါရဲ့လား..."
" မပင်ပန်းပါဘူးအိမ်တော်ထိန်းကြီးရဲ့...ကျွန်တော်နေ့စဉ်လုပ်နေကျအရာပဲဟာ..."
ဆော့ဂျင်ကပြောပြီး အိမ်တော်ထဲဝင်သွားခဲ့တော့သည်။အိမ်တော်ထိန်းကြီးကတော့ သခင်လေးပြောသွားသည့်စကားလုံးတွေကိုနားမလည်၍ ကြောင်ပြီးရပ်ကျန်နေခဲ့တော့သည်။
ထို့နောက် သခင်ကြီးသည်လည်း ပြုံး၍သာအိမ်တော်ထဲဝင်သွားခဲ့တော့သည်။
~~~~~~~~~
ဆော့ဂျင် ညရောက်တော့ သူအိပ်ရာထဲလှဲကာအတွေးများနေမိတော့သည်။
နေ့ခင်းကအဖြစ်အပျက်တချို့ကအကယ်၍သာ သူသာစကားလမ်းကြောင်းမလွှဲခဲ့ပါလျင်ထိုသူ,သူ့ကိုဘာများဆက်လုပ်မလို့ပါလဲ?
သူကရော ထိုအပြုအမူတွေမှာဘာလို့များငြိမ်နေမိပါလိမ့်.....
Ring...Ring...📱
ဖုန်းမြည်သံကြောင့် သူ့အတွေးအစတွေပျက်သွားတော့ကာ....ဖုန်းနံပါတ်မကြည့်ဘဲကောက်ကိုင်လိုက်တော့သည်။
" Hello..."
🤳🏻: babeကနေနိုင်လိုက်တာ...မောင့်ကိုသက်သာရဲ့လားလေးတောင်တစ်ချက်မေးဖော်မရဘူးနော်..."
ဟုတ်သည်။ သူပတ်ဂျီမင့်ကိုမေ့သွားခဲ့သည်။ဘယ်လိုဖြစ်တာပါလိမ့်? ဆယ်နှစ်လုံးလုံးအနားမှာမရှိတာတောင် သူတစ်ရက်မှမေ့မရခဲ့ပေ။လွမ်းစရာကိုနာစရာနဲ့ဖြေခဲ့၍သာ သူနေနိုင်ခဲ့ခြင်းဖြစ်သည်။
အခုသူ့စိတ်တွေက ချစ်ခြင်းမုန်းခြင်းမရှိတော့တာလား?သူ့အပေါ်မှာလုပ်ရက်ခဲ့ပါ့လားဆိုပြီးလည်း သူ့စိတ်ကနာကြည်းခြင်းမရှိတော့ပေ။
ဒါက...ဒါက...သူခွင့်လွှတ်လိုက်တာလား?
🤳🏻: babe..."
" အ အင်း...သက်သာရဲ့လား..."
🤳🏻: သက်သာပါတယ်...babeမျက်နှာလေးမြင်ရရင်တော့ပိုပြီးသက်သာလိမ့်မယ်ထင်တယ်..."
" မင်းအဲလိုပေါက်ကရတွေပြောရင်ငါဖုန်းချမှာ..."
🤳🏻: တကယ်လွမ်းနေခဲ့တာပါ...babeကိုလေ မောင်အရမ်းရှင်းပြချင်နေခဲ့တာပါ...babeနားထောင်ပေးရင်သိပ်ကောင်းမှာပဲမောင်အပြစ်မလုပ်ခဲ့ပေမယ့် babeကျေနပ်တဲ့အထိမောင်တောင်းပန်ချင်တယ်...အဲဒီနေ့ကbabeမြင်ခဲ့တာ......."
" ငါ...ငါနားမထောင်ချင်ဘူး...ကျေးဇူးပြုပြီးအဲအကြောင်းတွေအစပြန်မဖော်ပါတော့နဲ့လား...အခုချိန်မှာအမှန်တရားသိတော့ရော...ငါက...ငါကလက်ထပ်ပြီးသွားပြီလေ...ဒါတွေသိရတော့ရော ငါ့အတွက်ဘာအကျိုးရှိတော့မှာလဲ...ငါကအိမ်ထောင်သည်ဖြစ်သွားပြီမဟုတ်လား..."
ဆော့ဂျင်ပြောရင်းဆို့နင့်လာခဲ့တော့သည်။
🤳🏻: babeကသူ့ကိုချစ်လို့လား..."
" ငါ..ငါသူ့ကိုမချစ်ဘူး...မချစ်ပေမယ့်...."
🤳🏻: babeတူလေးကြောင့်လား...babeသာမောင့်ဆီပြန်လာပါ မောင်ဂျွန်ဂျောင်ကုနဲ့ထိပ်တိုက်ရင်ဆိုင်မယ်...မောင်မင်းကိုသိပ်ချစ်တာပါ...babeလည်းမောင့်ကိုချစ်တယ်မဟုတ်လား..."
" ......."
သူမသိတော့ဘူး။ သူအရင်ကသူ့တစ်ယောက်တည်းကိုပဲရူး"မူး"ချစ်တယ်ထင်ထားခဲ့တာ။အခုသူ့စိတ်တွေထွေပြားနေခဲ့တော့သည်။
🤳🏻: babeဖြေရခက်နေရင်မဖြေပါနဲ့...မောင်ကbabeကိုစိတ်ရှုပ်အောင်လုပ်မယ့်သူ,မဟုတ်ပါဘူး...မောင့်အချစ်ကbabeပျော်ရွှင်ဖို့အတွက်ပဲ...babeမပျော်ရင်မောင်လည်းမပျော်တာမလို့babeအဆင်သင့်ဖြစ်တဲ့အထိမောင်စောင့်နေပါ့မယ်...အခုတော့ဘာမှမတွေးတော့ဘဲအိပ်လိုက်တော့နော်မောင့်ရဲ့babeလေး...good night my love "
ဆော့ဂျင် သူဖုန်းချသွားတော့ ငူ"ငိုင်"ကြီးကျန်နေခဲ့တော့သည်။အချစ်ဦးဆိုတဲ့ရိုက်ချက်ကတကယ်ကိုပြင်းထန်လွန်းလှသည်။မေ့ပျောက်ချင်ပေမယ့် မေ့မရခဲ့တာကအချစ်ဦးတွေများလား....
အခုသူ့အဖြစ်က ယှဉ်ပြီးရွေးရမယ်ဆိုရအောင်လည်းတစ်ဖက်ကလူကသူ့ကိုချစ်နေသူ,မဟုတ်။သူ့အပေါ်ကောင်းပေးတယ်ဆိုပေမယ့် ဒါဟာလည်းဂျီဟူလေးကြောင့်မဟုတ်လား။ဂျီဟူလေးကြောင့်ပဲသူတို့လက်ထပ်ခဲ့ကြတာမဟုတ်လား။သူကရော တကယ်ပဲတစ်သက်လုံးဒီလိုနေနိုင်မှာလား။
အခုသူ့စိတ်တွေဒွိဟဖြစ်နေတာကရော တကယ်ပဲဂျီဟူလေးကြောင့်ပဲလား.....
ဆော့ဂျင်မသိလိုက်သည်က အခန်းတံခါးလေးဟာ ပွင့်မလိုနဲ့ပြန်ပိတ်သွားခဲ့သည်ဆိုတာပါပဲ။
~~~~~~~~~~{}{}{}{}{}~~~~~~~~~~
ရုံးခန်းထဲတွင် ဘေးချင်းကပ်လျက်ခိုင်ကာဂျောင်ကုရှင်းပြနေသည့်စာရင်းဇယားတွေကို ဆော့ဂျင်သေ"ချာ"လေးဂရုတစိုက်နားထောင်နေခဲ့တော့သည်။
" နားလည်ရဲ့လားဂျင်...နားမလည်လည်းဘာမှမဖြစ်ဘူးနော်...ကိုယ်ကဂျင်ကူချင်တယ်ဆိုလို့သာရှင်းပြပေးနေတာ...အရမ်းကြီးစိတ်ရှုပ်မခံနဲ့..."
" စိတ်မရှုပ်ပါဘူး...ကျွန်တော်တကယ်စိတ်ဝင်စားပါတယ်...နားမလည်တာရှိရင်မေးမယ်လေ..."
ဂျင်ကအရင်လိုခပ်ဆိုး"ခပ်ဂျစ်"ကလေး,မဟုတ်တော့ဘဲရင့်ကျက်ကာလိမ္မာနေသည့်ပုံစံပေါက်နေတော့လည်း ဂျောင်ကုတစ်ခုခုလိုနေသလိုပင်။ဂျင်က တကယ်ဆိုခပ်ဆိုး"ခပ်ဂျစ်"ပုံစံလေးနဲ့ပိုလိုက်ဖက်သည်။
" ဂျင်..."
အလုပ်ထဲစိတ်နှစ်ကာလေ့လာနေသည့်ဂျင့်ကိုဂျောင်ကုခေါ်လိုက်တော့....
" ဟုတ်ကဲ့..."
သူ့ကိုအလုပ်ကိစ္စပြောမယ်ထင်ပြီး ယဉ်ကျေးစွာပြန်ထူးနေသည့်ဂျင့်ကြောင့် ဂျောင်ကုရယ်လိုက်မိတော့သည်။ လိုက်ရောညီထွေစွာကိုနေနေတာပဲ။
" ဘာရယ်တာလဲ..."
" မဟုတ်ပါဘူး...ကိုယ်တစ်ခါမှမမြင်ဘူးတဲ့ပုံစံလေးဖြစ်နေတော့ တစ်မျိုးလေးဖြစ်နေလို့ပါ..."
" အော်...ကျွန်တော်ကကိုယ့်အထက်လူကြီးကိုဘာလဲပြောလို့ပြောရမှာလား..."
" အထက်လူကြီး?...အဲလိုကြီးတော့မသတ်မှတ်ထားပါနဲ့လား...ဂျင်ကူချင်တယ်ဆိုလို့သာကိုယ်ကရှင်းပြပေးနေတာဂျင်ကကိုယ့်ဝန်ထမ်းမှမဟုတ်တာလေ..."
" ဟွန်း..ဦးလေးမင်ပြောပြတာနဲ့များတခြားစီခင်ဗျားကအလုပ်နဲ့ပတ်သက်ရင်စည်းကမ်းကြီးပြီးနည်း"မှအမှားမခံဘူးဆို...အခုကျဘယ်လိုဖြစ်တာလဲ..."
" ဘယ်လိုဖြစ်တာလဲဆိုတော့ ဂျင်ဖြစ်နေလို့ပေါ့.."
" ကျွန်တော်ဖြစ်တာနဲ့ဘာဆိုင်လို့လဲ..."
" ဂျင်ကကိုယ်နဲ့လက်ထပ်ထားတဲ့ကိုယ့်အမျိုးသားလေးလေ...ကိုယ့်ဝန်ထမ်းမှမဟုတ်တယ်...ကိုယ်သတ်မှတ်ထားတဲ့စည်းမျဉ်းစည်းကမ်းတွေကို တရားဝင်ဖောက်ဖျက်ခွင့်ရှိတဲ့တစ်ဦးတည်းသောသူလေ..."
" Hyungကိုရော...Hyungကိုကျတော့ရော..."
သူ့မျက်ဝန်းတွေကိုစိုက်ကြည့်ပြီး လက်ထပ်ထားသည့်အမျိုးသားဟုပြောလာသည့်သူကြောင့်...သူ့အတွေးထဲhyungပေါ်လာခဲ့တော့သည်။ယှဉ်ပြီးမေးတာမျိုးတော့မဟုတ်ပေမယ့် hyungအပေါ်မှာဘယ်လိုသဘောထားခဲ့ဖူးလဲသူသိချင်မိသည်။
မထင်မှတ်ထားသည့်သူ့အမေးကြောင့် ထိုသူက လည်စလုပ်တစ်ချက်သာလှုပ်သွားပြီး တခြားအမူအရာတော့မပြ။
" ဂျင်သိလား...တစ်ချို့အကြောင်းတရားတွေကကိုယ်တို့လုပ်ယူလို့မရဘူး...မဖြစ်ချင်တာတွေလည်းဖြစ်ခဲ့ရသလို ဖြစ်ချင်တာတွေလည်းဖြစ်ခွင့်မရခဲ့ဘူး...ကိုယ့်ဘဝကကိုယ်မထင်မှတ်ထားတာတွေချည်းအများကြီးဖြစ်ပျက်ခဲ့တာ...ဒါပေမယ့်ကိုယ့်ဘယ်သူ့မှအပြစ်မတင်ပါဘူး...ကိုယ်တို့တွေကံကြမ္မာကိုရှောင်လွှဲလို့မရကြဘူးလေ..."
သူ့မျက်နှာကိုကြည့်ပြီးအလေးအနက်ပြောလာသူကြောင့်.....
" Hyungကို...Hyungကိုတကယ်ချစ်ခဲ့ရဲ့လား..."
သူမေးတော့ သူ့ကိုအမည်မဖော်နိုင်သည့်မျက်ဝန်းတွေဖြင့်ကြည့်နေခဲ့တော့သည်။
သူဒီမျက်ဝန်းတွေကိုမဖတ်တတ်ဘူး။
ဒေါက်! ဒေါက်!!
" CEO ကျွန်တော်ပါ..."
ထိုအခါမှ သူတို့နှစ်ယောက်စလုံးမျက်နှာလွှဲဖြစ်ကြလေသည်။
" ဝင်ခဲ့..."
ထိုအခါ အတွင်းရေးမှူးဖြစ်သူကအခန်းထဲဝင်လာပြီး...
" CEO ဒီညForever groupရဲ့dinnerတက်စရာရှိပါတယ်...CEOကတက်မယ်ပြောလို့ မေ့သွားမှာစိုးလို့ကျွန်တော်လာသတိပေးတာပါခင်ဗျာ..."
ဂျောင်ကုလက်ကနာရီကိုကြည့်လိုက်ပြီး....
" ဟုတ်သားပဲ...ခဏနေရုံးဆင်းရတော့မှာပဲ...ဂျင်...ကိုယ်တို့ဒီညdinnerတက်စရာရှိတယ်နော်.."
" ကျွန်တော်ရောလား..."
" အင်းပေါ့...ဂျင်လည်းအတူတူတက်ရမှာလေ...ဒီတစ်ခါတော့ဂျီဟူလည်းပါမှာလားလို့မမေးတော့ဘူးမဟုတ်လား..."
သူ့ကိုပြုံးစစနဲ့လာမေးနေသည့်သူကို...ဆော့ဂျင် ပြန်ရန်တွေ့မလို့လုပ်ပြီးကာမှအရှေ့မှာရပ်နေသည့်အတွင်းရေးမှူးရှိတာကြောင့်သူဘာမှပြန်မဖြေတော့ဘဲ နှုတ်ခမ်းစူပြီးသာနေနေလိုက်တော့သည်။တော်ကြာကိုယ့်ကိုစွာတယ်လို့အထင်မခံနိုင်ပေါင်။
~~~~~~~~~~{}{}{}{}{}~~~~~~~~~~
dinnerပွဲတစ်လျှောက် ဂျောင်ကုကဆော့ဂျင်လက်ကိုဆုပ်ကိုင်ထားပြီး နာမည်ကြီးBrand Company CEOတွေနဲ့မိတ်ဆက်ပေးနေတော့သည်။တစ်နည်းပြောရရင် သူ၏အမျိုးသားချောလေးကိုပွဲထုတ်ပါသည်ပေါ့။
ထိုစဉ်.....
" CEO Park ရောက်လာပြီလား..."
" sorryပါဗျာ...ကျွန်တော်နည်း"နောက်ကျသွားတယ်..."
" နောက်မကျပါဘူးခင်ဗျာ..."
ဆော့ဂျင်နောက်လှည့်ကြည့်လိုက်တော့ သူ့ကိုစိုက်ကြည့်နေသည့်သူကြောင့် သူကြက်သေသေနေမိတော့သည်။ ပတ်ဂျီမင်!
" ဂျင်..."
ဂျွန်ဂျောင်ကုက တစ်ဖက်ကလုပ်ငန်းရှင်တွေနဲ့စကားပြောနေရင်း သူ့ဘက်လှည့်ကြည့်ကာခေါ်လာတော့.....
" CEO Jeon...မိတ်ဆက်ပေးရဦးမယ်...ဒါကျွန်တော်တို့Forever groupမှာရှယ်ယာအများဆုံးထည့်လိုက်တဲ့USAကJM Companyရဲ့CEO နာမည်ကPark Jiminတဲ့..."
" CEO Park...ဒါကကျွန်တော်တို့တောင်ကိုရီးယားနိုင်ငံရဲ့Top10စာရင်းဝင် J groupကိုပိုင်ဆိုင်ထားတဲ့ CEO Jeon JungKookပါ...ဒီဘက်ကတော့ CEO Jeonရဲ့အမျိုးသားလေးလေ နာမည်ကJeon Seokjinတဲ့...CEO Jeonကအရမ်းတွန့်တိုတာဗျာ သူ့အမျိုးသားလေးကိုဝှက်ထားတာဗျာ့..."
Forever groupရဲ့CEOက ရယ်"မော"ဖြင့်မိတ်ဆက်ပေးနေလေသည်။ထိပ်တိုက်တွေ့ကြသည့်နှစ်ယောက်၏မျက်နှာကပုံဖော်လို့မရပေမယ့် တစ်ယောက်သောသူလေးကတော့မလှုပ်မယှက်ဖြင့်သာ မရယ်နိုင်မပြုံးနိုင်တော့ပေ။
" တွေ့ရတာဝမ်းသာပါတယ်CEO Jeon..ကျွန်တော်Park Jiminပါ...CEO Jeonကစီးပွါးရေးလောကမှာအရမ်းကိုတိကျပြတ်သားပြီး သူများထက်နှာတစ်ဖျားသာတတ်သူလို့ကျွန်တော်သိထားပါတယ်..."
ဂျီမင့်ဘက်ကနေစပြီး မိတ်ဆက်စကားဆိုလိုက်တော့သည်။
" ကိုယ်လည်းတွေ့ရတာဝမ်းသာပါတယ်CEO Park..စီးပွါးရေးလောကမှာနှာတစ်ဖျားသာတယ်ဆိုတာကလည်း အရာရာကိုကြိုတင်တွက်ဆပြီးမှအစီအစဉ်ချတတ်တဲ့သူ,မလို့ပါ..."
" လေးစားပါတယ်ဗျာ...ဒါဖြင့် CEO Jeonလက်ထပ်ထားတဲ့သူလေးကိုရော...သေချာအစီအစဉ်တကျချမှတ်ပြီးမှလက်ထပ်ယူခဲ့တာပေါ့နော်..."
ဂျီမင့်ဘက်ကနေစပြီး စကားလုံးတွေဖြင့်ထိုးနှက်လာသည်ကြောင့် ဆော့ဂျင်နေရခက်လာတော့သည်။
" ကိုယ်ကစီးပွါးရေးနဲ့ကိုယ်ရေးကိုယ်တာကိုမရောထွေးတတ်ပါဘူး...Babyနဲ့ကဖူးစာပါလို့လည်းပေါင်းဖက်ခွင့်ရတာပါ..."
Babyတဲ့လား ဟက်!။ နောက်ပြီးသူနဲ့ဖူးစာပါတယ်လို့ပြောချင်တာလား ထိုစကားတစ်ခွန်းကြောင့် ဂျီမင်မျက်နှာတစ်ချက်ပျက်သွားပေမယ့်.....
" ဪ...CEO Jeonပြောချင်တာက ဖူးစားပါရင်အချစ်မပါလည်းသိပ်ပြီးကိစ္စမရှိဘူးလို့ပြောချင်တာထင်တယ်...ဟုတ်မှာပါလေ...CEO Jeonကလူကြီးလူကောင်းတစ်ယောက်ဆိုတော့ အချစ်ကိုဘယ်ကိုးကွယ်ပါ့မလဲ...အားကျပါတယ်ဗျာ...ကျွန်တော်ကတော့အချစ်ကိုကိုးကွယ်မိနေတုန်းပဲ..."
ဂျီမင်က ထိုစကားလုံးတွေကိုဆော့ဂျင်ကိုကြည့်ကာဆိုလေသည်။
" ကိုယ်ကတော့မကိုးကွယ်တတ်ဘူး...အချစ်ဆိုတာကိုးကွယ်ရမယ့်အရာမှမဟုတ်တာလေ..."
ထိုအခါ Forever groupရဲ့CEOက ရယ်သံစွက်ပြီး စကားစဖြတ်တော့သည်။
" CEO Jeonကတော့တကယ်ပါဗျာ...စီးပွါးရေးသမားပီသပါပေတယ်...ဒါကြောင့်လည်းJ groupဆို တော်ရုံမယှဉ်ရဲကြတာပေါ့..."
ဆော့ဂျင် သူ့စိတ်ကိုရော၊သူ့အမူအရာကိုတင်းခံထားလိုက်တော့သည်။လွန်လွန်းကြတယ်မထင်ဘူးလား။ သူ့ကိုအရှေ့မှာထားပြီး ဘယ်လိုစိတ်နဲ့များဒီလိုစကားတွေပြောထွက်နေကြတာ။
ပတ်ဂျီမင်ကဂျွန်ဂျောင်ကုသူ့အပေါ်မှာထားသည့်သဘောထားကို သက်သေပြချင်လို့တမင်ပြောနေတာဖြစ်သည်။ သူသိတာပေါ့။ထိုလူကတော့ သူ့စိတ်ရင်းအမှန်နဲ့ပြောနေတာ။လူတွေအရှေ့မှာတောင် သူ့အပေါ်ဟန်ဆောင်ပြီးတောင်မုသားမသုံးခဲ့ဘူး။သူ့ကိုနည်း"လေးမှတောင်အားမနာခဲ့ဘူး။
Ring..Ring...📱
သူ့ဆီကဖုန်းသံကြောင့် အားလုံးသူ့ဆီကိုအာရုံရောက်လာကြသည်။
" Hello..."
သူချက်ချင်းပဲဖုန်းကိုကောက်ကိုင်လိုက်တော့သည်။ ပုံမှန်ဆို လူ့ယဉ်ကျေးမှုအရဖုန်းကိုင်ဖို့ခွင့်တောင်းရမှာပေမယ့် သူခွင့်မတောင်းပေ။
🤳🏻: ဆော့ဂျင်...ငါမင်းရဲ့မျက်နှာချင်းဆိုင်မှာ...ငါလာခေါ်ရမလား...."
" ယွန်းဂီ...."
ဆော့ဂျင် ယွန်းဂီအမည်ကိုရွတ်လိုက်ပြီး မျက်လုံးကရှာကြည့်လိုက်တော့ သူ့ရှေ့နှစ်ဝိုင်းကျော်မှာယွန်းဂီရှိနေလေသည်။ သူ့ကိုလှမ်းကြည့်နေခဲ့တော့သည်။ယွန်းဂီကိုမြင်လိုက်ရတော့ သူပျော်မိသွားတော့သည်။ယွန်းဂီက ဘယ်တော့မဆိုသူ့အတွက်အဆင်သင့်ရှိနေတတ်သည်။
" ငါလာခဲ့မယ်ယွန်းဂီ..."
ဆော့ဂျင်ဖုန်းကိုချလိုက်တော့ပြီး.....
" ခွင့်ပြုကြပါဦး...ကျွန်တော့်သူငယ်ချင်းနဲ့စကားသွားပြောချင်လို့..."
~~~~~~~~~~~{}{}{}{}{}~~~~~~~~~~~
🤍Wpကလည်းတစ်ခါတစ်ခါကြောင်တယ်ရယ်။ တင်နေတာကြာပြီ တက်မလာဘူး😓
နောက်တစ်ပိုင်းဘာဆက်ဖြစ်မလဲဆိုတာ အရင်အပိုင်းတွေလိုSpoilerမပေးတော့ပါဘူး😝
မျှော်.....😉 စတာ....😁
There are no comments yet. Log in to be the first to leave a review!





