Fanfics

23

15:04, 18 May 2024

ဂျေးရဲ့ ကျန်းမာရေးဟာ တစ်နေ့ထက်တစ်နေ့ ပိုမိုကောင်းမွန်လာ၍ ဆေးရုံက ဆင်းရသည်မှာ ယခုဆို 3လ တောင် ရှိခဲ့ပြီ အရာရာတိုင်းဟာ အဆင်ပြေခဲ့လေသည် ထုံးစံအတိုင်း အပြုံးချိုချိုလေးအား ဆင်မြန်းကာ အနုပညာအလုပ်နဲ့ ဟိုတယ်အလုပ်ကို ဆက်လက်လုပ်ကိုင်နေ၏။

တစ်ခါတစ်လေ 'ဂျေး' ဟုသော အသံချိုချိုကြားချင်နေတဲ့ တစ်စုံတစ်ယောက်ရဲ့ ခေါ်သံကို အယောင်ယောင်အမှားမှားကြားရတာက လွဲလို့ အားလုံးအဆင်ပြေခဲ့ပါတယ်။

ယခုတွင်လဲ ဂျေး Vogue Korea magazine အတွက် shooting ရောက်နေတာဖြစ်သည် အရင်တုန်းက တစ်ဦးတည်းသော ဆောင်းဟွန်းသာ သူ့ရဲ့ အတွင်းရေးမှူးဖြစ်ခဲ့ပင်မဲ့ ယခုတွင်တော့ ထိုနေရာတွင် ဆောင်းဟွန်းအစား အတွင်းရေးမှူ ကောင်မလေးတစ်ယောက် အစားထိုးရ၏။

ကင်မရာမီးတို့ တစ်ချက်လတ်သွားတိုင်း ခပ်မိုက်မိုက် ပုံတို့ဟာ ထွက်လာစမြဲပင်။

ဂျေးဟာ အခု ဆံပင်အရှည်နဲ့ပင် mullet ကိုမှ အနည်းငယ်ရိတ်ထား သေးသည်။ အနည်းငယ်သာ မညှပ်ထားရင် သေချာပေါက် ponytail တောင် စည်းလို့ရလောက်သည်။

အသေလန်းသည့် ရူပါကြောင့် cornie လေးတွေ၏ နှလုံးသားတွေ လှုပ်ခါစေရန် model Jay Park ဟာ ပြန်လည်ရောက်ရှိလို့ လာပြီလေ။

ဒီကြားထဲ photo shoot အချို့နဲ့ ဟိုတယ်လုပ်ငန်းတွေကိုသာ အာရုံစိုက်ခဲ့တာကြောင့် runway ထက် ဂျေးအား မည်သူမှမမြင်ရသေးပေ။Comeback လဲဖြစ်ပြီး အကြာကြီးနေမှ စလျှောက်ဖြစ်သည့် runway ဖြစ်တာကြောင့် အနည်းငယ်တော့ စိတ်လှုပ်ရှားမိပါသည်။

" နားလို့ရပါပြီ ဂျေးရှီး "

" ဟုတ်ကဲ့ပါဗျ "

အတန်ကြာအောင် ရိုက်ခဲ့ရသည့် photo shoot သည်ပင်ပန်းရသည်နှင့် တန်အောင် results လှလှလေး ထွက်လာပါစေဟု ဆုတောင်းမိသည်။

မိတ်ကပ်ဖျက်ရန် အခန်းထဲသို့ အရောက်ဖုန်းအား ကောက်ကိုင်လိုက်ချိန် wallpaper ၌နေရာ ယူနေသော တစ်စုံတစ်ယောက်ကြောင့် ဂျေး ပြုံးမိသည် ၊ ပင်ပန်းမှုတွေဟာ စောင်ထဲ နစ်ဝင်ကာ ချစ်စဖွယ်အိပ်ပျော်နေသော ဆောင်းဟွန်းကြောင့် ပင်ပန်းမှုတွေဟာ တစ်ဝက် ပြေလျော့သွား‌လေသည်။

ဆက်လွမ်းနေရင် အချိန်‌တွေဟာ လင့်ကုန်မှာ စိုး၍ ဂျေးစိတ်မကောင်းစွာဖြင့် ထိုပုံလေးအား အကြည့်လွှဲကာ social media အားခနသုံး နေမိသည်။

မျက်ချောချောပေါ်တွင် ရှိသော မိတ်ကပ်တို့ဟာ ပြောင်ရှင်းသွားပြီးနောက် တိုက်ခန်းပြန်ရန် ပြင်ရပြန်သည် ၊ ညနေကြရင် ရှယ်ယာရှင်တစ်ယောက်ပိုင် hotel တွင် ပါတီရှိသည်မို့ သူမဖြစ်မနေတက်ရမည်ပင်။

ဆိုးလ်မြို့၏ လမ်းမပေါ်တွင် ပြေးလွှားနေသော ကားတစ်စီးအထဲတွင် ဂျေး နားကြပ်တပ်ရင်း သီချင်းတစ်ပုဒ်နားထောင်ရင်းသာ လိုက်ပါခဲ့လေသည်။

စိတ်ညစ်ပါတယ် အကြိုက်ဆုံး သီချင်းတွေရဲ့ စာသားတွေကို အခုမှ သေချာနားထောင်မိတော့ လွမ်းစိတ်တွေဟာ လောင်မြိုက်နေပြန်သည်။အလွမ်းတို့ လောင်မြိုက်နေတဲ့ နေ့ရက်တွေဟာ မည်မျှပင်ရှိခဲ့ ရှိခဲ့ အနာဟာ မကျက်ခဲ့ပေ။

MEETING YOU

" ဒါက ပါတီအတွက် ဟုတ်တယ်နော် "

" ဟုတ်ပါတယ်ရှင့် "

Plastic ဖြင့်ဖုံးထားသော အနောက်တိုင်းဝတ်ဆုံအား ဂျေးဟာ လက်မနှင့် လက်ညိုးသုံး၍ ပွတ်သပ်ကြည့်၏ ထို့နောက် ကျေနပ်ဟန် 'အင်း' ဟုတစ်ချက်ပြုရင်း ခေါင်းညိမ့်၏။

" အဆင်ပြေတယ် "

Party အား Met Gala နဲ့မှားနေဟန် ရတဲ့ ဂျေးဟာ suit အား လူတိုင်းရဲ့ အာရုံအားဖမ်းစားနိုင်သည့် ပုံစံမျိုးကို ပြင်ဆင်ထား၏။မျက်နှာ ရှစ်ခေါက်ချိုး ဂျေးဟာ အတွင်းရေးမှူးနဲ့ ကျန်သော လူတို့အား အခန်းထဲမှ ထွက်သွားရန် လက်ဟန်‌ခြေဟန် ပြလိုက်၏ ၊ တံခါးပိတ်သံ ကြားရပြီးနောက် ဂျေးဟာ လေဖြတ်မှာသည်ကိုလဲ မကြောက် bathrobe အား ရင်ဘတ်ဟရင်း ကုတင်ထက် ပြစ်လဲချလိုက်၏။

မျက်ဝန်းတို့အား မှိတ်ချခိုက် ပင်ပန်းမှုကြောင့် ခနအကြာတွင် အိပ်ပျော်သွားလေသည် ၊ ထုံးစံအတိုင်း အိမ်မက်ထဲတွင် သိပ်ကို ချစ်ရသော ကောင်လေးနဲ့ ပြန်တွေ့လေသည်။

MEETING YOU

တောင်ကိုရီးယားရဲ့ လေထုဟာ အေးစိမ့်လျက် ရှိနေ၏ ၊ ဆောင်းဟွန်း နောက်ဆုံးတွင်တော့ တောင်ကိုရီးယားသို့ ပြန်လည် ရောက်ရှိခဲ့လေပြီ မျက်နှာသို့ ‌တိုးဝှေ့တိုက်ခတ်သော လေအေးတို့အား ခပ်ပြုံးပြုံးဖြင့် လက်ခံလိုက်သည်။

ဒီကြားထဲ ဖြစ်ပျက်သွားတဲ့ အရာတို့ဟာ သိပ်ကို စမ်းကျယ်လှသည် ၊ အီတလီ ရောက်သည့် 5 လပြည့်သည့်နေတွင် ထူးဆန်းစွာဖြင့် အဖေနဲ့အမေ ရန်ဖြစ်ခဲ့သည် အမေသည် သူမရဲ့ ရှိသမျှ သတ္တိတို့ကို စုကာ အဖေ့ကို ပြန်လည် ချေပခဲ့ပြီး သူမတို့နှစ်ယောက်ရဲ့ အိမ်ထောင်သက်တမ်းကို ရပ်တန့်ဖြစ်ခဲ့သည်။

အမေကတော့ မိခင်ကောင်းတစ်ယောက် ဖြစ်ခဲ့ပြီး ဆောင်းဟွန်းကိုပါ သူမနဲ့အတူ swiss သို့ခေါ်လာခဲ့သည်။

သူတို့ထွက်သွားပြီး လအနည်းငယ် ကြာသည့်အချိန်တွင် ဖခင်ဖြစ်သူ၏ လုပ်ငန်းနှင့် သူ၏လက်ကျန် ဘဝတို့သည် ထောင်ထဲတွင်သာ နေရဖို့ အကြောင်းဖန်လာခဲ့လေသည်။

အချိန်မတန်သေး၍ swiss မှာပဲ အမေနဲ့အတူ သဘောကျတဲ့ အလုပ်တို့အား လုပ်ကိုင်ရင်း နေခဲ့သည်မှာ ယခုဆို နွေဦးသို့ တစ်ဖန် ပြန်လည်ရောက်‌လာတော့မည်ပင်။

သို့သော် .. ။

တောင်ကိုရီးယားသည် ရိုးရာမပျက် အေးနေစမြဲပင်။

" Hoonie အအေးမိမယ် သားငယ် အထဲဝင် "

အမေရဲ့ စကားအတိုင်း ဝရန်တာ ပြတင်းပေါက်အား ပိတ်ကာအထဲဝင်လိုက်သည်။ ဧည့်ခန်းတွင်တော့ အမေဟာ laptop တစ်လုံး ၊ စာရွက်အထပ်လိုက်နဲ့ အလုပ်ရှုပ်နေပြီး ဆောင်းဟွန်းကတော့ ဟူဒီတစ်ထည် ဘောင်းဘီရှည်နဲ့ ဒူးတွေအား ပိုက်ကာ tv ကိုသာ ကြည့်နေ၏။

အာရုံတွေဟာ ပျံ့နှံ့နေပြီး တစ်ယောက်ယောက်ဆီ ရောက်နေ၏ ဝေးကွာခဲ့ရသည့် အတောတွင်းဂျေးကို တစ်ရက်လေူမှ မပျက် လွမ်းခဲ့ရသည် မည်သူနဲ့မှ အဆက်အသွယ်မရတဲ့အတွက် သူ့မှာ ဖခင်လက်ထဲက လွတ်တာတောင် ဆက်သွယ်လို့ မရခဲ့ပေ။

သေချာပေါက် ပြန်တွေ့ရင် အရာအားလုံးကို တောင်းပန်မယ် ပြန်အဆင်ပြေချင်တယ်လို့ ပြောမယ် ၊ ဂျေးက လက်ခံပါ့မလား။

" ဟဲ့သား! ဟော်တော် ခေါ်နေတယ်လေ "

" ဗျ ဗျာ? မကြားလိုက်ဘူး "

" ဒီည မေမေ ပါတီတစ်ခုသွားရမှာ သားလိုက်ရမယ်နော် "

" သားက ငြင်းဖူးလို့လား "

" ဟုတ်ပါပြီတော် မေမေ့အတွင်းရေးမှုးကို သားအတွက် အဝတ်အစား ပြင်ခိုင်းလိုက်မယ် "

" ဟုတ် "

သေချာပေါက်တော့ အဲ့ပါတီမှာ ပြန်တွေ့ချင်မိတယ် ခများရယ် .. ။

MEETING YOU

‌ကျယ်ပျံ့လှသည့် အိပ်ခန်းထဲတွင် ဂျေးနှင့်အတူ အတွင်းရေးမှူးမလေး ၊ stylist, hairstylist, makeup artist တို့နဲ့အတူ နီခီ ဆောနူ ဂျိတ်ခ်နဲ့ အီသန်တို့ဟာ ရှိနေလေသည်။

ဘယ်ပွဲပဲတက်တက် အတူတူရောက်လာကြတဲ့ ထိုငါးယောက်သည် မသိရင် idol တွေနဲ့ ထူးမခြားနားပေ။

မျက်နှာပေါ် ကျရောက်လာသော cream အေးအေးအား ခံစားရင်း ဂျေးဟာ မျက်လွှာတို့အား ချထား၏ ၊ ဂျေး၏ ညာဘက်တွင် ဂျိတ်ခ်နှင့် ‌ဘယ်ဘက်တွင် ဆောနူတို့ဟာလဲ ရူပါအား ပိုလန်းအောင် မိတ်ကပ်ပြင်နေလေသည်

မျက်ခွံပေါ်၌ ကျရောက်လာသော eyeshadow ခပ်ဖျော့ဖျော့ ၊ ပတ်ခ်ဆောင်းဟွန်း သိပ်ကြိုက်သော နှုတ်ခမ်းလေးပေါ်သို့ ကျရောက်လာသည့် ချယ်ရီရောင် နှုတ်ခမ်းနီ ၊ ၎င်းတို့အား ပို၍ တောက်နေစေရန် lip gloss အား အနည်းငယ် ထပ်ဆိုးလိုက်သည့်အခါ ပြီးပြည့်စုံသွားလေသည်။

Makeup artist ဟာ မပြည့်စုံဟန်ဖြစ်နေသော ဂျေး၏ ညာဘက် မျက်လုံးအောင်တွင် glitter ဖြင့် ကြယ်အသေးစားလေး ဆွဲပေးလိုက်သည်။

ထို့နောက် stylist ပြင်ပေးထားသော အကျီအားဝတ်လိုက်ပြီး ဆံပင်ပြင်ရန် ပြုလုပ်ရပြန်သည်။

အနက်ရောင် ဆံသားရှည်ရှည်တို့သည် အနောက်သို့ ဂျယ်ဖြင့် သပ်တင်ခံလိုက်ရပြီး နှဖူးကျယ်ကျယ်အား ပေါ်လွင်စေသည်။ ဆံသားတို့ဟာ အနည်းငယ်တော့ ကျနေပင်မဲ့ အဆင်ပြေသည် ဘာလို့လဲဆိုတော့ တစ်မိုးအောက်က ဂျေးပတ်ခ်ဟာ သေလောက်အောင် ချောနေလို့ပင်။

Suit သည် အတော်ကို အနုစိတ်လှသည် .. ။

အရှေ့ပိုင်းတွင် ဒီအတိုင်းဖြစ်ကာ ပုခုံးမှစ၍ ခါးအထိ အဝတ်တစ်ခုအား ဆက်နွယ်ထားပြီး ထိုအဝတ်သည် ပုခုံးအနောက်တွင် တံကောက်ကွေးအထိ သွားကာ ရှေ့ခြမ်းတွင်တော့ ဒူးအထိ ရှည်သည် ၊ နောက်ကျောသည် အဟဖြစ်ကာ တစ်လတ်လတ် တောက်ပနေသော စိန်ကြိုးတို့ဖြင့် ဆက်နွယ်ထားပြီး ဆေးရုံက ဆင်းဆင်းခြင်း ထိုးထားသည့် မြေခွေးတစ်ကောင်ဟာ အပြာရောင်မီးတွေကြားထဲ အကြည့်စူးစူးဖြင့် စိုက်ကြည့်နေသော tattoo ဟာထင်းလျက်။

ဂျေးသည် ထို tattoo နှင့်ပတ်သတ်၍ ဘယ်သောအခါမှ ထုတ်ပြခြင်း မရှိခဲ့သောကြောင့် ထို tattoo အားမြင်မြင်ခြင်း သေချာပေါက် မူးမေ့မတတ် သဘောကျကျလိမ့်မည်ပင်။

Style pants အနက်တစ်ထည်တွင် ‌ခါး၌ ဈေးကြီးကြီး ခါးပတ်တစ်ခုကို ဆင်မြန်းထားကာ ဘောင်းဘီ၏ ချုပ်ရိုးနားမှ ဇာအမဲများဖြင့် ပြင်ဆင်ထားသည်မှာ လှပလျက်။လက်ကောက်ဝတ်ဖြူဖြူထက် အမဲရောင်ဒိုင်ခွက် Rolex နာရီတစ်လုံး လက်ချောင်းများတွင်တော့ ကျော့ရှင်းရှင်း လက်စွပ်များ။

ဆောနူ ဂျိတ်ခ်နဲ့ ဂျေးတို့သည် အပြိုင်အဆိုင်ပင် လှပနေကြသည်။

ဇိမ်ခံကား အရှည်အနက်၏ အထဲတွင် ရယ်မောသံများဖြင့် party ကျင်းပသော နေရာသို့ ထွက်ခွာခဲ့လေသည်။

" ‌ကိုကိုက လှလိုက်တာ aigoo! မဖြစ်ဘူး! ဒီလောက်လှနေတဲ့ ကိုကိုသာ social media ပေါ်ရောက်သွားရင် ဝိုင်းကြူးကြတော့မှာ ကားပေါ်က ဆင်းရင်ထုံးစံအတိုင်း မောင့် လက်ကိုချိတ်ထား "

အကဲပိုလှသော နီခီအား ဂျေးတစ်ချက် ဆောင့်ကန်ချင်သည်။

" ဒီကောင်ကွာ အကဲကိုပိုလွန်းတယ် "

" အီသန်ဟျောင်းကတော့ မရှိတာလဲ မဟုတ်ပဲနဲ့ မနာလိုနေပြန်ပြီ "

ထိုအခါ အီသန်ဟာ သက်ပြင်းချကာ .. ။

" မနာလိုဖြစ်တာ ဘာလို့လဲဆိုတော့ မင်းတို့ရဲ့ ဂျယ်ယွန်းဟျောင်းက ငါ့ကို စိတ်ကောက်နေလို့ဟေး "

ထိုအခါမှ နှုတ်ခမ်းကို ဆူထားဟန်ရတဲ့ ဂျိတ်ခ်ကို သတိထားမိသွားတဲ့ သုံး‌ယောက်က ခွက်ထိုးခွက်လန် ‌ရယ်မောလေသည်။

" ဘာလို့စိတ်ကောက်တာလဲ လဲမပြောဘူး ငါကဘာချော့ရမှာလဲ "

တကယ်တမ်းဝန်ခံရရင် ဂျိတ်ခ်ကိုယ်တိုင်လဲ မသိပါ သူစိတ်ကောက်ချင်တာပဲ သိပါသည် ဒါကြောင့် လိမ့်ကောက်နေသည်မှာ မိတ်ကပ်ပြင်ထဲကပင်။

" မိန်းကလေးဆိုလဲ အချိန်ရောက်လို့ စိတ်အခြေအနေမမှန်တာ ဆိုပြီး နားလည်လို့ရသေးတယ် အခုကြ "

" ဘာလဲ ငြိုငြင်နေတာလား?!! "

ဟိန်းထွက်လာသော ဂျိတ်ခ်ရဲ့ အသံကြောင့် ကားရဲ့ လေထုဟာ တိခနဲတိတ်သွားလေသည် ၊ ရန်ပွဲရနံ့ရနေသော ဂျေးတို့သုံးယောက်သည် ထိုအခြေအနေအား စောင့်ကြည့်နေကြ၏။

တင်းနေသော အီသန့်ရဲ့မျက်နှာထားဟာ ချက်ချင်းပြေလျော့သွားပြီး ‌ဂျိတ်ခ်ရှေ့ ဒူးထောက်ထိုင်ချ၏။ရုတ်တရက် ဆန်လှသည်မို့ အကုန်လုံးဟာ အူကြောင်ကြား။

" Sweetheart ‌ကျေနပ်တဲ့အထိ ဒီလိုနေပေးမယ် ဟုတ်ပြီလား "

တမိုးအောက်က နှစ်ယောက်မရှိတဲ့ အီသန်လီ (ခ) အီဟီဆွန်းရဲ့ ဒူးထောက်ခြင်းအား ခံရသူမှာ SJ group ရဲ့ တစ်ဦးတည်းသော သားလေး ရှင်းမ်ဂျယ်ယွန်းသာဖြစ်ပေသည်။

" အဲ့လိုထိုင်နေမဲ့အစား လာနမ်းပါလား "

ဂျိတ်ခ်ရဲ့ စကားအား ကြားတော့ ဂျေး ဆောနူနဲ့ နီခီဟာ အလိုက်သတိ မျက်နှာလွှဲပေး၏။ ထိုအခါ အီသန်ဟာ ဒူးထောက်ထားရာမှ ထကာ ဂျိတ်ခ်ရဲ့ မေးဖျားလေးကို သူ့ဘက်လှည့်ရင်း lip gloss ဆိုးထားသော နှုတ်ခမ်းထူထူလေးအား စုပ်ယူလိုက်သည်။

" အင့်! "

အီသန်ပေါင်ပေါ် ရောက်သွားသော ဂျိတ်ခ်ဆီမှ အသံသေးသေးလေးဟာ ထွက်ပေါ်လာသည် သေချာပေါက် နှုတ်ခမ်းသား‌တို့ဟာ ယောင်ရမ်းနေလိမ့်မယ် ၊ ဆိုးထားတဲ့ lip gloss တို့ဟာလဲ အခြားနေရာ ပျံ့နှံ့နေလိမ့်မယ်။

ဒါပင်မဲ့ ရှင်းမ်ဂျိတ်ခ်တို့ဟာ ဘာကိုမှ ဂရုမစိုက်ခဲ့ပါ။

" လူဆိုးလေး "

နှာ‌ဖျားလေးကို လက်ညိုးဖြင့် တို့ကာ ပြောသော အီသန်ရဲ့ စကားအား ဂျိတ်ခ်ဟာ ရှက်ရမ်းရမ်းကာ ရယ်သည်။

" အဟမ်း! အဟင်း! အဟွတ်! "

" ရောက်ပြီပဲ "

ထိုအခါမှ ဂျိတ်ခ်ဟာ အီသန့်ပေါင်ပေါ်က ‌ဆင်းကာ ဟန်မပြတ် lip gloss ပြန်ဆိုးသည်။ တတ်လဲ တတ်နိုင်ပါ့။

Red carpet သို့ လျှောက်လှမ်းလာပြီးနောက် ကင်မ်မရာ မီးတို့ဟာ တစ်ဖြတ်ဖြတ်ဖြင့် လျှောက်လှမ်းလာသော လူငါးယောက်ရဲ့ ပုံတို့အား မှတ်တမ်းတင်ကြသည် ၊ ပါတီတစ်ခုထဲကိုတောင် ယခုလို မိမိုက်နေအောင် ဝတ်လာသည့် ဂျေးအားလူအချို့ရဲ့ ချီးကျူးမှုကြောင့် Cornie လေးတွေဟာ မျက်နှာရစေသည်။

Flash တွေကြောင့် ဂျေး၏ ညာဘက် မျက်လုံးအောက်က glitter ဖြင့်ဆွဲထားသော ကြယ်လေးမှာ ညကောင်းကင်ယံတွင် တောက်ပသလိုမျိုး။

အပြုံးတောက်ပပဟာ ညကောင်းကင်ယံထက် ထိန်ထိန်သာနေသော လမင်းကြီးသဖွယ်။

သေချာပေါက် ကျောပေါ်က tattoo ကတော့ အတော်ကိုပင် နာမည်ကြီးနိုင်သည်။

" ဂျေး ရောက်လာပြီပဲ "

ဂျေးရောက်တော့ ပွဲ၏ အဓိကပုဂ္ဂိုလ်သည် ဂျေးအား လှိုက်လှိုက်လှဲလှဲ ကြိုဆို၏။ ပွဲထဲမှ မိန်းကလေးအချို့၏ အကြည့်များသည် သိပ်ကို မိမိုက်နေသော ဂျေး၏ fashion နှင့် ဂျေးဆီမှာပင် ဖြစ်သည်။

ခရီးက ပြန်လာထဲက ဂျေးနဲ့ သူ့ကောင်လေးဟာ တွဲမတွေ့ရတော့ပေ ၊ ဒါဟာ သဘောထားမတိုက်ဆိုင်လို့လား ဒါမှမဟုတ် တစ်ခုခုကြောင့်လား။

" Hello Jay "

ဆွဲဆောင်မှုရှိရှိ မိန်းကလေးတစ်‌ယောက်၏ လေသံသည် ဂျေး၏ ညာဘက်နားစည်အား တိုက်ခတ်သည် ၊ ကိုရီးယားလူမျိုး ဖြစ်သော်ညား သူမတွင် ရိုးရှင်းသော American accent ကိုပိုင်ဆိုင်ထားသည်။

" အရမ်းကြည့်ကောင်းနေရော "

ဂျေးဟာ သူမရဲ့ စကားအား အသိမှတ်ပြုဟန် ခေါင်းညှိမ့်ပြ၍ ရှန်ပိန်ကို တစ်ငုံသောက်၏။

" Jay စိတ်မရှိရင် ကျွန်မရဲ့ dance partner ဖြစ်ပေးပါလား "

ဂျေးဟာ ခေါင်းခါသည်။

သူ့ပုခုံး ၊ သူ့လက်ဖဝါး ၊ သူ့မျက်ဝန်းတို့ကို တစ်စုံတစ်ယောက်မှ လွဲပြီး ဘယ်သူမှ ထိတွေ့တာ မကြိုက်သလို ဘယ်သူမှ ကြည့်ရှု့တာလဲ မကြိုက်ပေ။

" ကိုယ့်ရဲ့ မျက်ဝန်းတွေကို တစ်ယောက်သောသူကလွဲပြီး ကျန်တဲ့လူကြည့်တာ မကြိုက်ဘူး "

" ပြန်မလာတော့တဲ့လူကို စောင့်နေတုန်းပေါ့လေ အကို "

စကားတစ်ခွန်း ဆိုသော်ညား ဂျေးအား ဒေါသအလိပ်လိုက်ထွက်စေသည် ၊ ထိုဒေါသဟာ ဂျေးတစ်ယောက်ထဲအတွက် မဟုတ် ၊ ဆောနူနဲ့ ဂျိတ်ခ် အတွက်ပါ ထွက်ရသည်မို့ အီသန်နဲ့ နီခီဟာ ဒီနားမှ လူသတ်ပွဲသာ ဖြစ်ခဲ့ရင် ဆွဲရန် ဟန်ပြင်နေရလေသည်။

ဂျေးရဲ့ လည်ပင်းအကြောတွေဟာ သိသိသာသာ ထောင်လာပြီး သက်ပြင်းတစ်ချက်ချ၏။

ထို့နောက် မကြည့်ချင်သော သူမ၏ မျက်ဝန်းတို့ဟာ ခက်ထန်နေဟော သိမ်းငှက် မျက်ဝန်းတို့ဖြင့် စုံလေသည်။

" ငါ့ဂုဏ်ကို ထိန်းထားလို့သာနော် နောက်ပြီး မင်းက မိန်းကလေးတစ်ယောက်ဖြစ်နေလို့ဆိုတဲ့ အသိကြောင့်သာ မင်းဆေးရုံမရောက်ဘူးလို့ မှတ်လိုက် "

အေးစက်ကာ ‌တစ်ပါးသူအား ကြောက်ရွံ့စေရန် စေခိုင်းမှူဟာ အပြည့်ပေ။ ထို့နောက် ဂျေးဟာ သူမ အား အထက်အောက် စုံစန်ချီအောင် ကြည့်လိုက်ရင်း နှာတစ်ချက် ရှု့ခြင်းသည် အတော့်ကို ရိုင်းသည့် အပြုအမူဖြစ်သော်ညား သူများ privacy မကြည့် ဘာမကြည့်တဲ့ သူမအတွက်တော့ ဒါဟာ ထိုက်တန်လေသည်။

" ဘယ်လိုတောင် စကားပြောမ‌ဆင်ခြေလိုက်တဲ့ မိန်းကလေးလဲ "

ဂျေးဟာ သူမကြားအောင် တမင်တကာပြောရင်း ရှန်ပိန်အား အရသာခံပြန်သောက်နေလိုက်သည် ၊ သူမကတော့ အရှိုက်ထိသွားဟန် ဂျေးအနားမှ ထွက်သွားလေသည်။

သူမ မျက်ဝန်းတွေနဲ့ အကြည့်ချင်းစုံလိုက်ရတဲ့ သူ့မျက်စိအား အိမ်ပြန်ရောက်ရင် သေချာပေါက် မျက်စင်းခတ်ရလိမ့်မည်။

" ဂျေး ဒါက ဦးလေးအမျိုးသမီးရဲ့ သူငယ်ချင်းကွယ့် Designer Mi လေ "

ခန့်မှန်းခြေ အသက် 40 ခန့်ရှိနေသော သူမသည် နုပျိုနေဆဲပင် ၊ အပြုံးနုနုအား ဆင်မြန်းထားသော သူမကြောင့် ဂျေးဟာလဲ လှိုက်လှိုက်လှဲလှဲ ကြိုဆို၏။

" တွေ့ရတာ ဝမ်းသာပါတယ် ဂျေး "

" ကျွန်တော်လဲ တွေ့ရတာ ဝမ်းသာပါတယ် Miss Mi "

" ငါတို့ဂျေးက မနက်ဖြန် runway မှာ အန်တီ့ရဲ့ fashion ကိုဝတ်မှာဆိုတော့ အန်တီက ပျော်နေတာ "

ဂျေးကတော့ ဝမ်းသာဟန်ဖြင့် ရယ်သည်။

တကယ်တမ်းပြောရရင် မနက်ဖြန် runway ကျရင် ဘယ်သူ့ design ကိုဝတ်ရမှန်း မသိသေးပေ ၊ သို့သော် ဂျေးကြားဖူးသည်က designer Mi ၏ design များသည် သိပ်ကို ပွဲလည်တင့်ကာ လူကြိုက်များပေသည်။

" သေချာပေါက် သန်ဘက်ခါမှ တွေ့ကြတာပေါ့နော် "

" ဟုတ်ကဲ့ပါဗျ "

လှည့်ထွက်သွားသော သူမသည် ပွဲ၏ အဓိကပုဂ္ဂိုလ်ဖြင့် စကားစအား မပြတ်ပြန်သည်။

MEETING YOU

ဆောင်းဟွန်း တစ်ရေးနိုး၍ နာရီအား အသဲအသန်ကြည့်လိုက်တော့ ပွဲစချိန်မှာ 20 မိနစ်တောင် ကျော်လွန်နေသည် ၊ အိပ်ပျော်နေချိန် 'အနောက်ကပဲလိုက်ခဲ့တော့နော်' ဟူသော အမေ့အသံကို ကြားသော်ညား သူပြန်အိပ်ပျော်သွားသည်မှာ ယခုအချိန်ထိပေ။

ဝတ်စရာ ရှိတာတွေ ကောက်ဝတ်ကာ ကားဖြင့်သာ အမြန်မောင်းလာခဲ့တော့သည်။ ဖရိုဖရဲဖြစ်နေသော ဆံသားတို့ဟာ ချောမောခြင်းကို မနှောက်ယှက်ခဲ့ပေ။

Sleeveless အဖြူအား အပေါ်၌ M brand ၏ ဈေးကြီးကြီး blazer နှင့်အတူ လိုက်ဖက်စေရန် style pants တစ်ထည်အား ဈေးကြီးကြီး ခါးပတ်တစ်ခုဖြင့် ပတ်ထားလေသည်။လည်ပင်းတွင်လဲ Tiffany and Co ရဲ့ ဆွဲကြီးတစ်ခုနှင့်အတူ လက်ကောက်ဝတ်ဖြူဖြူပေါ်တွင်လဲ ဈေးကြီးကြီး Tiffany and Co လက်ကောက်ကိုပဲ ဝတ်ဆင်ထားသေးသည်။

ရှည်လျားလှသော ခြေတံပိုင်ရှင် ပတ်ခ်ဆောင်းဟွန်းသည် အလွန်ကိုပင် အလျှင်လိုနေဟန်ရှိ၏။

" ပွဲက ဘယ်မှာလုပ်နေတာလဲ "

" ဟိုဘက်မှာ နေအုံး! "

သွားဖို့ဟန်‌ပြင်နေတဲ့ ဆောင်းဟွန်းဟာ ချက်ချင်းဆိုသလို တာဝန်ရှိသူ၏ တားဆီးခြင်း ခံလိုက်ရပါသည်။

" မသက်ဆိုင်တဲ့လူတွေ ဝင်လို့မရဘူး "

အထက်စီးဆန်လှသည့် ‌လေသံကြောင့် ‌ဆောင်းဟွန်းရဲ့ မျက်ခုံးနက်နက်များဟာ တွန့်ကြိုးလျက် ထို့နောက် ပါးစောင်အား လျှာဖြင့်ထိုးရင်း .. ။

" ဒီမှာ! ကျွန်တော်က Designer Mi ရဲ့တစ်ဦးတည်းသော သားပါနော် "

ထိုအခါ လုံခြုံရေး နှစ်‌ယောက်ဟာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း ရယ်၏ ၊ ဆောင်းဟွန်းမှာ ဒေါသထွက်လွန်းလို့ လက်သီးကိုသာ ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။

" မင်းပြောတိုင်း ယုံရမှာလား "

" မယုံရင် designer Mi ကိုသွားခေါ်ပြီး မေးလိုက်လေ "

ထို့စကားကြောင့် လုံခြုံရေးဟာ အင်တင်တင်ဖြစ်သွားကာ .. ။

" ဆောင်းဟွန်ရှီး.. ဒါက ကျွန်မတို့ရဲ့ သူဌေး Mi ရဲ့သားပါရှင် "

" အော် ဟုတ်လား မသိလို့ ဝင်ပါဗျ "

မေမေ့၏ အတွင်းရေးမှူးမလေးကြောင့် ဆောင်းဟွန်း ထို လုံခြုံရေးဂိတ်အား ဖြတ်ကျော်လို့ရနိုင်ခဲ့လေသည်။ ပတ်ခ်ဆောင်းဟွန်း ပီပီ ထိုလုံခြုံရေး နှစ်ယောက်အား မျက်စောင်းထိုးခဲ့လေသည် ၊ ဂုဏ်မောက်နေတယ် ပြောလဲ သူဂရုမစိုက်။

အကယ်လို့ ဂျေးသာ သူ့ကို နောက်တစ်ခါ မျက်စောင်းမထိုးဖို့ ပြောရင်တော့ 'ဟုတ်ကဲ့ကိုကို' ပေါ့နော်။

" လာပါအုံး အမလေး ! "

မာတာမိခင်၏ အသံကြောင့် အနားသာရောက်ရင် အတီးခံရမယ်ဆိုတာ ဂျေး တစ်ခါထဲ ရိပ်မိလိုက်လေသည်။သေချာပေါက် ဗေဒင်တွက်ရင်တောင် လွဲအုံးမယ် အနားရောက်တာနဲ့ Sae-Mi ရဲ့ လက်ဖဝါးဟာ ဆောင်းဟွန်း၏ ကျောပြင်နှင့် တသားထဲပေ။

*ဘုန်း!

" အ့! အိုမား "

" ဘာမှ အိုမားမနေနဲ့ သေချာပေါက် ပါတီသွားရမယ်လို့ ပြောထားတာကို မင်းဘာသာ ဆိုဂျူတွေ လှိမ့်သောက်ပြီးတော့! တော်ပြီ! မင်းကို နောက်တစ်ခါ ဆိုဂျူမတိုက်ဘူး "

" ဟာ! အိုမားကလဲ မသောက်တာကြာလို့ သောက်တာကို မလုပ်ပါနဲ့ "

အရက်နဲ့ ပတ်သတ်ရင် အတော်ကို အထိမခံတဲ့ ဆောင်းဟွန်းအား Miss Mi သည် မျက်စောင်းထိုးလိုက်သည်။

" ရော့! မင်းအတွက် မေမေ ရှန်ပိန်ယူထားပေးတယ် "

ဆောင်းဟွန်းအရှေ့သို့ ရောက်လာသည့် ရှန်ပိန်ခွက်လေးသည် တချိုက်ထဲ မော့ချင်းကို ခံလိုက်ရ၏။

" ဂိုမာဝေါ အိုမား ~~ "

ညချမ်းသည် အတော်ကိုပင် ပျော်ရွှင်ခဲ့ရသည် ရှန်ပိန်အား တစ်ခွက်ပြီး တစ်ခွက်သောက်ကာ ဝိုင်တို့အား ဂုန်းဆင်းထားတဲ့ ဆောင်းဟွန်းတစ်ယောက် လက်ချောင်းတွေပင် မသယ်နိုင်တော့ကာ မျက်လုံးတောင် ဖွင့်ဖို့ အနိုင်နိုင်ပင်။

အိမ်သာသွားရန် တယိန်းတယိုင်နဲ့ပင် ထလာတော့သည်။ အနည်းငယ် ဝေးလှသည့် အိမ်သာသို့ သူဘယ်လိုရောက်ခဲ့လဲ သူမသိခဲ့။

ခေါင်းတောင် မမော့နိုင်တဲ့ ဆောင်းဟွန်း ဘေဇင်ဘောင်၌ လက်ထောက်ရင်း ထိုးအန်မည့် အချိန်ကိုစောင့်နေ‌တုန်း ရင်းနှီးသော အငွေ့သက်ဟာ သူ့ဘေးနားမှ ဖြတ်ပြေးသွားလေသည်။ရင်းနှီးသော အငွေ့အသက် ၊ ချစ်ရသူ စွတ်လေ့ရှိတဲ့ perfume ရနံ့ဟာ လေထုအတွင်း ပျံ့နှံ့ကာ ဆောင်းဟွန် နှာခေါင်းထဲတိုးဝင်သည်။

ခေါင်းအား အားယူကာ လှည့်ကြည့်လိုက်တော့ ထိုလူဟာ ထွက်သွားခဲ့လေပြီပင်။

ဂျေးအိမ်သာထဲက ထွက်လာတုန်း ဘေဇင်‌ ဘောင်အား လက်ထောက်ကာ ခေါင်းအား ဘေဇင်ထဲ ဝင်မတတ် ငုံ့ထားသော လူငယ်ကြောင့် ခပ်လှမ်းလှမ်းတွင်သာ လက်ဆေးကာ ပြန်ထွက်လာခဲ့တော့သည်။ သို့သော် ထိုလူငယ်၏ အချိုးအစား တို့ဟာ ဆောင်းဟွန်းနဲ့ ဆင်လှလေသည်။

လူမှားခေါ်မိရင်လဲ အရှက်ကွဲမှာ ဆိုး၍ ဂျေးမြန်မြန်သာ ပြန်ထွက်လာခဲ့တော့လေသည်။

နီးနီးလေးနဲ့ ဝေးခဲ့လေပြီ .. ။

MEETING YOU

18.4.2024

Hello

There are no comments yet. Log in to be the first to leave a review!

More by o-carolwolf

Similar stories